ကလောင်စမ်းသပ်လိုသော
ဆရာတော်ကြီးကို ကြည်ညိုလေးစားသော
မည်သူမဆို အားလုံးကို ဖိတ်ခေါ်ပါသည်။
သီတဂူဆရာတော်ကြီးသည် ယခုနှစ် ၂၀၁၂ မတ်လ (၇) တပေါင်းလပြည့်နေ့မှာ ၇၅ နှစ် ပြည့်မည် ဖြစ်ပါသည်။ ထိုမွေးနေ့အတွက် မိမိ ဥာဏ်အား စေတနာ ဆန္ဒတို့အလျောက် စာပေကလောင်သွားဖြင့် ပူဇော်နိုင်ရန် သီတဂူးစတား ဆိုက်က ဖိတ်မန်ပါသည်။ သီတဂူစတားဆိုက်တွင် တင်ပေးမည်ဖြစ်ပါသည်။
စာရေးနိုင်ရန် ဆရာတော်ကြီးနဲ့ ပတ်သက်သော အောက်ပါအကြောင်းအရာများကို သီတဂူစတား၏ဆိုက်တွင်၎င်း၊ သီတဂူစတား ဆိုက်တွင် လင့်ခ်ထားသော သီတဂူဆိုက်များတွင်၎င်း လေ့လာနိုင်ပါသည်။
ဆရာတော်ကြီး ဦးဆောင်သော သီတဂူသာသနာပြု အဖွဲ့၏ လုပ်ငန်းစဉ် အကြမ်းပျင်းများ
၁။ သီတဂူရေအလှူတော် (စစ်ကိုင်းတောင်)၂။ သီတဂူအာယုဒါန ဆေးရုံ (စစ်ကိုင်း)
၃။ သီတဂူဆေးရုံတော်များ (မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးများ ယနေ့အထိ အမှတ်စဉ် ၁၅ ခု ဖွင့်လှစ်ပြီး)
၎။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်)
၅။ သီတဂူကျောင်းတော်များ (အမေရိက)
၆။ သီတဂူကျောင်းတော်များ (မြန်မာပြည်)
၇။ လူမှုကယ်ဆယ်ရေး (နာဂစ်ကဲ့သို့သော သဘာဝဘေဒဏ်များ၊ သီဟိုဠ်ရောက်မြန်မာ ကိုရင် သီလရှင်၊ ကဲ့သို့သော ကယ်ဆယ်ရေး၊)
၈။ ပညာရေးအလှူတော်များ (အိန္ဒိယရောက် မြန်မာရဟန်းတော်များ၊ သီတဂူတပည့်များ)
စသည်စသည်အားဖြင့် သာသနာရေးတင်မက လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် ပရဟိတ လုပ်ငန်းတွေကိုပါ အင်တိုက်အားတိုက် လှုပ်ဆောင်နေခြင်း ဖြစ်သည်။
စာရေးနိုင်ရန်မှာ
သီတဂူဘာသာရေး၊ သီတဂူပညာရေး၊ သီတဂူကျန်းမာရေး သီတဂူလူမှုရေးတင်မက အခြားခြား အကျိုးပြုနှင့်ဆက်စပ်သော ပို့စ် ၊ စောင်းပါး၊ ကဗျာ၊ ၀တ္တု ပုံစံမျိုးစံနဲ့ ရေးနိုင်ပါသည်၊ ၇၅ နှစ်ပြည့် ဆရာတော်ကြီး၏ မွေးနေ့ပူဇော်ပွဲကိုပဲ ရည်ညွှန်းရန် ဖြစ်သည်။ဆက်သွယ်ရန်
သီတဂူစတားSitagustar.0073@gmail.com
Sitagustar2010@gmail.com
တို့တွင် ဆက်သွယ် ပေးပို့နိုင်ပါသည်၊ တပေါင်းလပြည့်နေ့ (မတ်-၇) အထိ ရေးနိုင်သည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၂-၁-၂၀၁၂
0 comments:
Post a Comment