သီတဂူစတား

သီတဂူစတား

08 July 2012

မဟာဗောဓိအသံ (The voice of Mahabodhi)

မဟာဗောဓိအသံ
(The voice of Mahabodhi)
စာမိတ်ဆက်
မဟာဗောဓိပင်အောက်က ဘ၀ဂ်ညံတဲ့ အသံတွေ ဂီတဉ္စလီအသံတွေ အသံအမျိုးစုံ ဟန်အမျိုးစုံ အသွင်အမျိုးစုံနဲ့ စည်ကားလျက်ရှိသည်။ ယခုအခုအချိန် ဗုဒ္ဓဂယာရဲ့ ဆောင်းရာသီသည် အသည်းခိုက်အောင်အေးသည် သို့သော် တဖွဲဖွဲကျလာတဲ့နှင်းဖွေးဖွေးက အအေးဒဏ်ကို ကာကွယ်ပေးနေသည်။ မနက်မိုးလင်းတာနဲ့ ဂယာရဲ့ဆောင်းရာသီကို အံတုပြီး မဟာဗောဓိဘုရားရှင်ဆီသို့ ဦးတည်သွားကြသော လူအမျိုးမျိုးကိုလည်း မြင်တွေ့နေရသည်။ သူတို့တတွေ ဘယ်သူတွေလဲ ဘာလုပ်သွားကြတာလဲ?
အသွင်အမျိုးစုံ ကာလာအစုံ ယုံကြည်ချက်အမျိုးနဲ့ နိုင်ငံပေါင်းစုံက သူတို့တတွေရဲ့ စိတ်ထဲမှာ တူညီသော ယုံကြည်ချက် ပိုင်ဆိုင်ထားကြသည်။ အဲဒီယုံကြည်ချက်ကတော့ ‘‘ဤမဟာဗောဓိပင်အောက်မှာ ဘုရားရှင်သည် မာရ်ငါးပါးကို အောင်ပြီး ဘုရားဖြစ်ခဲ့ခြင်းနှင့် ဘုရားဖြစ်ပြီးချင်း ဤမဟာဗောဓိပင်၏ ၀န်းကျင်က ၇ ဌာနမှ ၇ ရက်စီ ၄၉ ရက်တိုင်တိုင် နေခဲ့သည်၊ ဘုရားဖြစ်ရာ ဤနေရာ (The Buddha was born here)’’ဟုပင်တည်း။ ထို့ ဤနေရာကို the Holiest Place အမြတ်ဆုံးနေရာဟု ဆိုသည်။
(တိပိဋကရွတ်ဖတ်ပွဲ ဖွင့်ပွဲတွင် ဖူးမြင်ရသော ရွှေကျင်ဆရာတော်ကြီးနှင့် သီတဂူဆရာတော်)

ဘာသာပေါင်းစုံက သူတော်စဉ်တွေ ထိုမြေမြတ်မဟာ (the Holiest Place) မှာ လာရောက် စုဝေးကာ မိမိတို့ ယုံကြည်ချက်အသီးသီးဖြင့် ထိုမြေမြတ်မဟာကို ဂါရ၀ပြုကြသည်၊ ထေရ၀ါဒ မဟာယာန ဇင် ဟိန္ဒူ တိဗက် စသည်ဖြင့် ၀ါဒတွေကွဲနေပေမဲ့ မြတ်ဗုဒ္ဓကို လေးစား ကြည်ညိုကြတာခြင်းတော့ တူညီကြသည်၊ မဇ္ဈိမဒေသမှာ မြတ်ဗုဒ္ဓဟောသည့် မဇ္ဈိမပဋိပဒါသည်လည်း ထိုဝါဒကွဲများ၏ တစ်ခုတည်းသော တူညီသည့် လမ်းကြောင်းဖြစ်သည်။ ထို့ကြောင့် အသွင်မတူ ကာလာမတူ ပုံစံ မတူပေမဲ့ မြတ်ဗုဒ္ဓ မဇ္ဈိမပဋိပဒါတည်းဟူ ပုခက်ထဲမှာ အတူကြီးပြင်းလာကြသည့် သွေးချင်းနီး ညီအစ်ကို မောင်နှမများ ဖြစ်ကြသည်။ မြတ်ဗုဒ္ဓ၏သာသနာ တိုးတက်ရန်နှင့် ခိုင်မာရန်အတွက် ကျွန်ုပ်တို့တတွေဟာ မတူတာတွေ ဘေးဖယ်ထားပြီး တူတာလေးတွေနဲ့ ပေါင်းစုပြီး ခရီးလျှောက်ကြရန် ဖြစ်ပါသည်။
(ဆရာတော်ကြီးအား လာရောက်ဖူးမြင်သော ဒကာတစ်ယောက်)

မဟာဗောဓိအသံ
မဟာဗောဓိပင်၏ အရပ်လေးမျက်နှာမှ မြတ်ဗုဒ္ဓ၏ ၄၅ နှစ်တိုင်တိုင်ဟောကြားခဲ့သော ၀ါကျပေါင်း ရှစ်သောင်း လေးထောင် (၈၄၀၀၀) ပါဝင်သည့် ပိဋကတ်သုံးပုံ အသံများ ဖြစ်သည်။ မဟာဗောဓိပင်ဝန်းကျင်တွင် ဗုဒ္ဓအသံများဖြင့် လွမ်းမိုးလျက်ရှိသည်မှာ ကြည်နူးစရာ ကောင်းလှသည်။
ဒီဇင်ဘာလ ၂ ရက် မှ ၁၂ ရက်နေ့ အထိ ၁၀ ရက်တိုင်တိုင် ထူးခြားသည့် ပူဇော်ပွဲကြီးကတော့ နိုင်ငံတကာ တိပိဋက ရွတ်ဆိုပွဲကြီး (International Tipitaka Chanting)ဖြစ်သည်။ ယခုအကြိမ်သည် (၇) ကြိမ်မြောက်ဖြစ်သည်။ မဟာဗောဓိပင်အောက်မှာ နိုင်ငံပေါင်းစုံက မဏ္ဍပ်များရှိသည်၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဗောဒီယား၊ သီရိလင်္ကာ၊ ဗီယတ်နမ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါစသည်ဖြင့် ထေရ၀ါဒဗုဒ္ဓဘာသာမဏ္ဍပ်တွေ အပြင် မဟာယာန တိဗတ် စသော မဏ္ဍပ်များစွာကိုလည်း တွေ့ရသည်။ ထိုပွဲကြီးကို စပွန်ဆာပေးသည့် အလှူရှင်မှာ အမေရိကန်နိုင်ငံက ဗုဒ္ဓဘာသာ အမေရိကန်မိသားစုဖြစ်သည်။ ထိုမိသားစုသည်လည်း စိတ်ဝင်စားစရာကောင်းသည်၊ စီမံခန့်ခွဲရေးတာဝန်ကိုတော့ နိုင်ငံတကာက အလှည့်ကျ တာဝန်ယူ ဆောင်ရွက်ရသည်။ အလွန်ကြီးကျယ်သည့် ပွဲဖြစ်သဖြင့် တာဝန်လဲ အလွန်ကြီးပါသည်။ အလှည့်ကျသည့် နိုင်ငံက ကိုယ်စွမ်းနိုင်သလောက် လူအင်အား ငွေအင်အား ဥာဏ်အင်အားတို့ဖြင့် အပြိုင်အဆိုင် ထုတ်သုံးကြသည်။

ဒါနပြိုင်ပွဲကြီး
စာရေးသူလည်း မဏ္ဍပ်ပေါင်းစုံကို လေ့လာသည်၊ နိုင်ငံတကာ မဏ္ဍပ်အသီးအသီးမှရှိသော သူတွေရဲ့ လှုပ်ရှားမှုတွေကိုလဲ ဂရုထားမိသည်။ သူတို့တတွေဟာ မဏ္ဍပ်တစ်ခုနှင့် တစ်ခု ပြိုင်နေကြသလိုပဲ။ မပြိုင်ပါဘူးလို့ ပြောနေရင်တောင် ရင်ထဲမှာတော့ ကြိတ်ပြီးပြိုင်နေကြမှာ အမှန်ပင်၊ စာရေးသူပင် ကိုယ့်မဏ္ဍပ်က သူများမဏ္ဍပ်ထက် အပြင်အဆင်နှင့် ဘုရားရှင်အား ပူဇော်ပုံတွေကို ကြည့်ပြီး ဂုဏ်ယူနေမိသည်၊ ဘုရားရှင်ကို ပန်း ဆီမီး သစ်သီးစုံ စသည်တို့ဖြင့် ပူဇော်ထားသည်မှာ မြန်မာကို မှီသည့် နိုင်ငံမရှိဟု တွေးပြီး ပီတိတွေ ဖြစ်နေမိသည်။ မြန်မာမဏ္ဍပ်ကို မဂဓရှိ တာဝန်ရှိမြန်မာကျောင်းသား ရဟန်းများနှင့် မြန်မာကျောင်းသားများ၏ ကျောင်းအမကြီးတို့ ပြင်ဆင်ထားသည်။ မြန်မာပြည်အနှံ့အပြားမှာ ပူဇော်နေကြတဲ့ ပဋ္ဌာန်းပွဲများ အပြင်အဆင်နှင့်တူသည်၊ ပဋ္ဌာန်း ၂၄ ပစ္စည်းကို ပုံဖော်သောအားဖြင့် အသီးစုံကန်တော့ပွဲ ၂၄ခု ပြင်ဆင်ထားသည်။ ထိုပုံစံမျိုး မြန်မာမဏ္ဍပ်ကလွဲရင် ဘယ်မဏ္ဍပ်မှ မတွေ့ရ။ ရဟန်းပရိသတ်အင်းအားဘက်က ကြည့်ပြန်ရင်လဲ မြန်မာက ထိပ်ဆုံးက ဖြစ်သည်၊ အသွင်အပြင်မှာ ရော ရွတ်ဖတ်သည့် အသံမှာရော မြန်မာက ပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင် ရှိသည်ဟု ထင်သည်။
(မဟာဗောဓိပင်အောက် မြန်မာမဏ္ဍပ်တွင် မြန်မာရဟန်းတော်များ)
(မြန်မာမဏ္ဍပ်ရှေ့မှာ အမှတ်တရ စာရေးသူနှင့်မဂဓကျောင်းသား)

မြန်မာလိုပဲ ထိုင်းနိုင်ငံက မဏ္ဍပ်သည်လည်း ကြည့်လို့ကောင်းသည်၊ ရဟန်းပရိသတ် မြန်မာလောက် မရှိပေမဲ့ လူဝတ်ကြောင်ပရိသတ် အများဆုံးဖြစ်သည်၊ ဟိုတယ်မှာ ပိုက်ဆံ အများကြီး ပေးပြီး တိပိဋ လာရွတ်ကြသည့် ထိုင်း အမျိုးသား အမျိုးသမီးများကိုလဲ အထူးလေးစားမိသည်၊ စာရေးသူတို့ မြန်မာ မဏ္ဍပ်မှာတော့ လူဝတ်ကြောင် အနည်းငယ်မျှသာ ရှိသည်။ လာမည့် ၂၀၁၂ ခုနှစ်မှာ မြန်မာပြည်က ဦးဆောင် တာဝန်ယူကြရမည် ဖြစ်သဖြင့် လူအင်အား ငွေအင်အား များစွာ အသုံးပြုရပေလိမ့်မည်၊ ထို မြန်မာပြည်က ကုသိုလ်ရှင်များ ကြိုတင် ပြင်ဆင်ထားသင့်သည်။

မြန်မာမဏ္ဍပ်ကို ထိုင်းတွေ ဗီယက်နမ်တွေ ထိုင်ဝမ်တွေ လာရောက်လေ့လာ လှူဒါန်းကြသည်၊ ဒါတွေကိုလဲ အတုယူရလိမ့်မည်၊ ဒီနှစ် ဦးဆောင်တာဝန်ယူရသည့် နိုင်ငံမှာ လာအိုနိုင်ငံနှင့် ဘင်္ဂလားဒေရှ်နိုင်ငံ ဖြစ်သည်၊ အင်အားနည်းသဖြင့် ထိုင်းနိုင်ငံက ပံ့ပိုးသည်။ စာရေးသူ ထိုင်းနိုင်ငံကို အားကျသည်မှာ အလှူအတန်းပင်ဖြစ်သည်။ အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာရှိသည့် နေရာတိုင်းမှာ ထိုင်းနိုင်ငံအမှတ်အသားတွေ့ရသည်၊ ဂယာလေဆိပ်မှာပင် ထိုင်းပုံစံ ရုပ်ပွားဆင်းတုတော်ကြီးကို တွေ့ရသည်၊ နေရာတိုင်းမှာ ထိုင်းနိုင်ငံရှိသည်ဟု မပြောသော်လည်း သိနေကြရသည်။ ကိုယ့်မဏ္ဍပ်ရှိ ရွတ်ဖတ် ပူဇော်နေကြသော ရဟန်းများကိုသာ လှူတန်းသည်မဟုတ် တခြားနိုင်ငံ မဏ္ဍပ်များရှိ ရဟန်းများကိုလည်း သွားရောက် လှူတန်းသည်၊ ဒါလေးတွေလဲ စာရေးသူ ရင်ထဲမှာ ထိုင်းနိုင်ငံသူနိုင်ငံသားတွေကို အလိုအလျောက် အမှတ် ပေးနေမိသည်။

အလားတူ ဗီယက်နမ်မှ သီလရှင်နှင့် ဒကာဒကာမတွေကလဲ မဏ္ဍပ်တိုင်းရှိ ရွတ်ဖတ် ပူဇော်နေကြသော အဖွဲ့ဝင်အားလုံးကို ဆွမ်းစားရာ မဏ္ဍပ်မှာပင် အလှူငွေများ လှူနိုင်သည်မှာလည်း လေးစားစရာ၊ လာမည့်နှစ်မှာ စာရေးသူတို့ မြန်မာနိုင်ငံက ဦးဆောင်ရမည် ဖြစ်သဖြင့် ဒါလေးတွေက အစ လေးလေးနက်နက် စဉ်းစားပြီး တတ်နိုင်တဲ့အလှူရှင်များက ထွက်လာပြီး နေရာယူသင့်သည်။
(မြန်မာမဏ္ဍပ်တွင် မြန်မာရဟန်းတော်များအား လာရောက်လှူဒါန်းကြသော အလှူရှင်များ)

ဒါနဆိုတာ ပြိုင်သင့်
အလှူဒါနပြုရာဝယ်သော်၎င်း၊ ကောင်းတာလုပ်ရာဝယ်၎င်း ပြိုင်ဆိုင်သင့်သည်။ သူ့ထက် သာအောင် လှူနိုင်ရမည်၊ သူ့ထက်သာအောင် ကောင်းတာ ပိုလုပ်နိုင်ရမည်ဟူသော သူတစ်ပါးကို မထိခိုက်စေသော အနုပဟစ္စဒါနမျိုးကိုကား ပြိုင်ကောင်းသည်။

ဘုရားလက်ထက်တော်က ကောသလမင်းကြီးနှင့် ပြည်သူတွေ အလှူဒါနပြိုင်ကြသည်၊ ဘုရင်က သာလိုက်၊ ပြည်သူတွေက ပြန်သာသွားလိုက်၊ ၆ ကြိမ်တိုင်တိုင် အလှူဒါန ပြိုင်ကြရာဝယ် ပြည်သူတွေရဲ့ အလှူဒါန စီမံရာမှာ ဘာဆို ဘာမှ ဟာကွက်မရှိ လိုအပ်ချက်မရှိ၊ လုံးဝ ပြည့်စုံနေသဖြင့် ဘုရင်ကြီး အရှုံးကြီးရှုံးကာ လက်မှိုင်ချပြီး စိတ်ဓာတ်ကျနေသည်၊ ထက်မြက်သည့် မလ္လိကာ မိဘုရားရဲ့ အကူညီကြောင့် ဘုရင်ကြီး၏ အလှူသည် ပြိုင်ဘက်မရှိ အသဒိသဒါနဖြစ်လာရသည်။ ထိုဇာတ်လမ်းအရ အမျိုးသမီးများ ဦးဆောင်နိုင်သည်ဟုပင် ဖြစ်သည်။ ယခု ပိဋကတ်သုံးပုံ ရွတ်ဖတ်ပူဇော်ပွဲကြီးမှာ ရဟန်းကလွဲရင် အများစုက အမျိုးသမီးများက ဦးဆောင်နေသည်။ စပွန်ဆာပေးသည့် အမေရိကန်က အလှူရှင်တို့သည်ပင် အမျိုးသမီးက အဓိက ဖြစ်နေသည်။ နောက်ဆုံးရက် ၁၃ ရက်နေ့မှာ နှစ်စဉ် အစီအစဉ်အတိုင်း တစ်နေရာစီသော ဌာနများကို ပါဝင် ရွတ်ပွားသူများကို ဘုရားဖူးပို့ပေးသည်၊ ဒီနှစ်မှာတော့ ဗာရာဏသီကို ပို့ပေးသည်၊ လိုက်သွားကြသည့် သီတင်းသုံးဖော်တွေကတော့ ထိုစပွန်ဆာ ပေးသည် မစ်စ်ဝမ်းမိုးနဲ့ သူ၏ မိသားစု၊ ညီမ၊ မိဘတို့အကြောင်းကို အာဘောင်အာရင်း သန်သန် ပြောပြပါတော့သည်၊ အလွန်တော်သည့် မိသားစုဖြစ်ကြောင်း တစ်ယောက်တမျိုး ပြောသည်ကို ကြားရသဖြင့် ပီတိဖြစ်မိသည်။ အမျိုးသမီးများ ဦးဆောင်သည့် ပွဲဖြစ်သည်။

စာရေးသူတို့ မြန်မာပြည်ကတော့ ဘယ်သူတွေ ဦးဆောင်မလဲ၊ ဗုဒ္ဓဂယာမြေမြတ်မဟာသို့ ဘုရားဖူးရောက်လာကြသည့် အဖွဲ့တိုင်းမှာ အမျိုးသမီးက ၉၀ ရာခိုင်နှုံးပါနေသည်။ အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် အားလုံး ၂၀၁၂ ခုနှစ် မြန်မာပြည်သူ ပြည်သားတွေ ကိုယ်စား ဤမြေမြတ်မဟာဝယ် လာရောက် ပေါင်းစုပြီး ကောင်းမှုပါရမီပြုကြရင်း စေတနာ သဒ္ဓါအားပြိုင်ပွဲကြီးမှာ ပါဝင်ကြပါရန်ပါ ထပ်လောင်းပြီး နှိုးဆော်လိုက်ပါသည်။
(ထိုင်းနိုင်ငံမဏ္ဍပ်တွင် တွေ့မြင်ရသော ပိဋကတ်ရွတ်ဖတ်ပူဇော်သူများ)

ရည်ရွယ်ချက်နှင့် အခွင့်လမ်း
ဤကဲ့သို့ တိပိဋက ပါဠိတော်တွေ စုပေါင်းရွတ်ဆိုခြင်းဖြင့် ဘာအကျိုးရှိအံ့နည်းဟု မေးဖွယ်ရှိသည်။ တကယ်တော့ လက်တွေ့ အကျိုးကျေးဇူးကတော့ နိုင်ငံပေါင်းစုံက ဗုဒ္ဓဘာသာအချင်းချင်း ချစ်ခင်ရင်းနှီးမှုရရှိသည်၊ ထိုသို့ ဗုဒ္ဓဘာသာအချင်းချင်း မေတ္တာ ကရုဏာတွေ ဖလှယ်ခြင်းဖြင့် ညီညွတ်မှုတစ်ခုကို ကောင်းကောင်း တည်ဆောက်ထားနိုင်ခြင်းကြောင့် သာသနာတော်၏ ဗဟိဒ္ဓဘေးရန်တွေကို အလွယ်တကူ ပူပေါင်း ကာကွယ်နိုင်သည်။ ဗုဒ္ဓဘာသာ၏အင်အားစု စည်းလုံးမှုနှင့် ငြိမ်းချမ်းသော ဘာသာတစ်ခုကို တကမ္ဘာလုံးကို မိတ်ဆက်ပေးရာလည်း ရောက်ပါသည်။ နိုင်ငံအသီးသီးက ကိုယ်စွမ်းနိုင်တဲ့ဘက်ကနေ အပြိုင်အဆိုင် မိတ်ဆက်ပေးနေကြသည်မှာလဲ ဗုဒ္ဓဘာသာရဟန်းတစ်ပါးအနေနဲ့ အလွန်ဝမ်းသာစရာပင်။

ပါဠိစာပေကို ရွတ်ဆိုခြင်း နာကြားခြင်းဖြင့် ဘုရားနှင့်တွေ့ တရားအနှစ်နဲ့တွေ့ အရှင်မဟာကဿပ အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလာန် စသော ဘုရားသားတော်များနှင်တွေ့ရသဖြင့် ဗုဒ္ဓါနုဿတိ ဓမ္မာနုဿတိ သံဃာနုဿတိများ ပွားများရာရောက်သည်။ ပါဠိဘာသာရွတ်ဆိုခြင်းဖြင့် ဘုရားဟော ပါဠိပိဋက အထုံလည်းရနိုင်ပါသည်၊ ထိုအထုံက ပဋိသမ္ဘိဒါဥာဏ်ကို အထောက်အပံ့ပေးပါသည်။ ရွတ်သူ နာသူတို့မှာ ပါဠိဘာသာဖြင့် ရွတ်ဆိုသော ဘုရားဟောပါဠိတော်များကို နားမလည်သော်လည်း အဘိဓမ္မာကို နာကြားလိုက်ရသော လင်းနှို့သား ငါးရာတို့ကဲ့သို့ အကျိုးထူးလည်း ရနိုင်ပါသည်။ ရွတ်ပွားသရဇ္ဈာယ်သော အရှင်မြတ်များအနေနဲ့ မတွေ့ဖူးသော စာပေ၏အရသာကို ခံစားရခြင်း၊ တွေ့ဖူးပြီး စာပေကိုလည်း ပြန်လည်ဆန်းစစ်နိုင်ခြင်းများလဲ ရနိုင်ပါသည်။

မြန်မာ့တာဝန်
ဒီကနေ့ ရွတ်ဖတ်ပူဇော်ပွဲ နောက်ဆုံးနေ့မှာပဲ မြန်မာအဖွဲ့ Chanting ဦးဆောင်ဖြစ်သည့် ဆရာတော်က ‘‘၂၀၁၂ နှစ်မှာ တပည့်တော်တို့ မြန်မာက ဦးဆာင်ဦးရွက် (Chief Organizer) လုပ်ဖို့ တာဝန်ယူထားကြောင်း၊ ဒီတာဝန်ကိုလည်း မြန်မာနိုင်ငံကိုယ်စား မြန်မာ့ဂုဏ်ဆောင်အနေနဲ့ မဖြစ်မနေ ယူရကြောင်းနှင့် လာမည်နှစ် မြန်မာ အဓိက ဦးဆောင်တာဝန်ယူရမည်ဟု ကြေငြာသောအခါ ထိုင်းတွေက ရယ် (ရီ)သတဲ့၊ မြန်မာက သူတို့ထက် ငွေကြေးအားဖြင့် နိမ့်ကျနေသောကြောင့် သူတို့စိတ်ထဲမှာ မြန်မာက ဒီလိုပွဲမှာ ဦးမဆောင်နိုင်ဟု သဘောပင်။ သို့သော်လည်း မြန်မာကျောင်းသားများသည် တိပိဋကစာပေအပိုင်းကရော ဘာသာသာစကားဘက်ကပါ သူတို့ထက် ပေါက်တာတော့ အမှန်ပင်ဖြစ်ကြောင်း’’ဟု ပြော။ မှန်ပါသည်၊ စာရေးသူတို့ မြန်မာကျောင်းသားများသည် သူတို့လောက် ငွေကြေးမသုံးနိုင်စေကာမူ အတတ်ပညာ အသိပညာပိုင်းမှာတော့ သူတို့ထက် မညံ့။ ထို့ကြောင့် သူတို့တောင် လုပ်နေသေးတာပဲ ကိုယ်က ဘာလို့ မလုပ်နိုင်ရမှာလဲ ဟုသော ရှိသင့်သောမာန (သေ၀ိတဗ္ဗမာန) ထားရမည်။

ယခု စာရေးနေတဲ့အခိုက်မှာပင် ဒီသတင်းကို ကြားသိကြသော မြန်မာနိုင်ငံမှာ သိန်းတစ်ရာ (၁၀၀) အလှူရှင်များ ၅ ဦး သိန်း ၅၀၀ ထွက်ပေါ်လာခဲ့သည်။ သဒ္ဓါတရားနှင့် စေတနာပိုင်းမှာ စာရေးသူတို့ မြန်မာကို မှီမည်မထင်၊ ဘယ်နေရာမှာ ဘယ်လို လှူရမလဲဆိုတာ သိအောင် ပြောပြပေးဖို့ပဲ လိုသည်၊ နောက်က လိုက်လာကြမည်မှာ မလွဲ။

သီတဂူဆရာတော်နှင့် တိပိဋက ရွတ်ပွဲ
သီတဂူဆရာတော်ကြီးသည် နှစ်စဉ်နီးပါး ဤ နိုင်ငံတကာ တိပိဋက ရွတ်ဆို ပူဇော်ပွဲကြီးမှာ တက်ရောက်လေ့ရှိသည့်အတွက် အလှူရှင် မစ်စ် ၀မ်းမိုးနှင့်လဲ ရင်းနှီးအကျွမ်းဝင်ပြီး ဖြစ်သည်၊ ဒီနှစ်မှာလဲ ဆရာတော်ကြီးသည် ဖွင့်ပွဲမှာတက်ရောက်၍ မိန့်ခွန်းပြောသွားခဲ့သေးသည့်အပြင် ညပိုင်းမှာလဲ ဗောဓိပင်အောက် တရားပွဲ ဟောသွားခဲ့သေးသည်၊ ပရိသတ်များ ကျေနပ်ကြသည်။ လာမည့်နှစ်မှာလဲ သီတဂူဆရာတော်ကြီးလည်း အဓိက အခန်းကဏ္ဍကနေ ဦးဆောင် ပါဝင်မည်ဟု သိရသည်။ ဒီနှစ်မှာ ထူးခြားသည့် အချက်တစ်ချက်ကတော့ မြန်မာနိုင်ငံ ရွှေကျင်သံဃာ့ရာဇာ ၀ါဆိုဆရာတော်ကြီးနှင့် သက်တော်ရှည် လာအို သံဃာ့ရာဇာတို့ တက်ရောက်သည်။

လာမည့်နှစ် ၂၀၁၂ နှစ်အတွက် ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသလောက် ပါဝင်နိုင်ကြစေရန် သတင်းကောင်း ပါးလိုက်ရပါသတည်း။။။

မှတ်ချက်။ ။ ဒီမဟာဗောဓိအသံ ပို့စ်သည် ပြီးခဲ့တဲ့ ဒီဇင်ဘာက ရေးထားသည့် ပိဋကတ်ရွတ်ဖတ်ပူဇော်ပွဲ နှိုးဆော် လက်ကမ်းစာစောင်အတွက် ဖြစ်သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၁၂-၂၀၁၁

0 comments:

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes