
Friday, October 26, 2012

sitagustar
No comments
မိန်းမအား ငါးပါး အပိုင်း (၂)
(၂) အမျိုးသ္မီးတို့၏
အသံ၊အသံသည်လည်း အမျိုးသမီးများ၏ စွမ်းအားတစ်ခုဖြစ်သည်၊ ထိုအသံလှိုင်း
ရိုက်ခက်ခံရသူ ဆန့်ကျင်ဘက် ပုရိသတို့ ပြိုလှဲကြရသည်။ အမျိုးသမီး၏ အသံကွန်ယက်ထဲသို့
ကျရောက်သူ ပုရိသတို့ ရုန်းထွက်ဖို့ရန် ခက်ခဲလိမ့်မည်။
ဘုရားရှင်ကို ဖူးမျှော်ရန်
မျက်မမြင် မထေရ်ကြီးတစ်ပါးသည် လမ်းပြအဖြစ် တူတော်မောင် ကိုရင်လေးကို လက်ကိုင်
တောင်ဝှေးကို ဆွဲစေကာ ဘုရားရှင်ရှိရာ အရပ်သို့ သွားသည်။ လမ်းခုလပ်
တောအုပ်ကြီးထဲရောက်တော့ သီချင်းလေးတကျော်ကျော်နဲ့ ထင်းခွေ ထင်းခုတ်နေတဲ့ အမျိုးသမီး
အသံလေးကို ကြားတော့ ကိုရင်လေး မနေနိုင် မထိုင်နိုင်ဖြစ်သည်၊ ထိုအမျိုးသမီးလေ၏
အသံ၏ဆွဲငင်အားသည် ကိုရင်လေး နားသောတမှ တဆင့် နှလုံးသားစီသို့ ဆွဲဆန့်သိမ်းကြုံးယူကာ
ကိုရင်လေးလဲ ထိုအသံ၏ကွန်ယက်ထဲမှာ ရုန်းမထွက်နိုင်အောင် ဖြစ်နေတော့သည်။
ဦးရီးတော်ကို တစ်ပတ်ရိုက်ကာ ခဏလေး အခင်းကြီးသွားအုန်းမယ်ဆိုပြီး ထွက်သွားလိုက်တာ...

Tuesday, October 23, 2012

sitagustar
No comments

သီတဂူဆရာတော် ဘန်ကောက်တရားပွဲ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးများ၏ အဓိပတိ
ဒေါက်တာအရှင်ဥာဏိဿရ သည် ယခုနှစ် ၁၃၇၄ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် (၃)ရက်မှ စ၍
ထိုင်းနိုင်ငံ တွင် အောက်ပါ အစီအစဉ်အတိုင်း တရားဓမ္မများ ဟောကြားမည်
ဖြစ်ပါသည်။
(တရားပွဲကြော်ငြာ)
ပထမည
(က) သီတင်းကျွတ်လပြည့်ကျော် (၃)ရက်၊ (၂-၁၁-၂၀၁၂) သောကြာနေ့ည
(၈)နာရီအချိန်၊ ၀ပ်ကျာဒဲလ်ကျောင်းတိုက်၊ ဘန်ကောက်မြို။
ဒုတိယ၊ တတိယ ညများ
(ခ)
သီတင်းကျွတ်လပြည့်ကျော် (၄-၅)ရက်၊ (၃-၄-၁၁-၂၀၁၂) စနေနှင့် တနင်္ဂနွေနေ့ည
(၉)နာရီအချိန်၊ ထိုင်းနိုင်ငံတောင်ပိုင်း၊ ကော့သောင်းကျွန်း။
စတုတ္ထ၊
ပဉ္စမညများ
(ဂ) (သီတင်းကျွတ်လပြည့်ကျော် (၆-၇)ရက်၊ (၅-၆-၁၁-၂၀၁၂) တနင်္လာနေ့ညနှင့်
အင်္ဂါနေ့ည (၉) အချိန်၊ ထိုင်းနိုင်ငံတောင်ပိုင်း၊...

Saturday, October 20, 2012

sitagustar
1 comment

သီတဂူအာယုဒါနဆေးရုံတော် အထူးကုအစီအစဉ်များ
(ကချင်ပြည်နယ် ပူတာအို မျက်စိ အထူးကု အစီအစဉ် ဓာတ်ပုံ)
(က) ၂၂-၁၀-၁၂ နေ့ မှ ၂၆-၁၀-၁၂ အထိ
ဂျာမနီနိုင်ငံမှ နှုတ်ခမ်းကွဲ အာခေါင်ကွဲ အထူးကုနှင့် နား နှာခေါင်း လည်ချောင်း
အထူးကုအဖွဲ ။
(ခ) ၂၉-၁၀-၁၂ မှ ၃-၁၁-၁၂ အထိ အမေရိကန်နိုင်ငံမှ အထွေထွေအထူးကု၊
ခွဲစိပ်အထူးကု၊ ဦးနှောက်နှင့်အာရုံကြောအထူးကု၊ ကလေးအထူးကု၊ အမျိုးသမီးအထူးကု၊
တံတောင်ဆစ်အောက် လက်တုတပ်ဆင်ခြင်း အထူးကုအဖွဲ့ များ လာရောက်ကြမည်ဖြစ်ပါသည်။
ashinkovida ဖေ့ဘုတ်မှ ကူးယူဖော်ပြသည်။
(ကချင်ပြည်နယ် ပူတာအို မျက်စိ အထူးကု အစီအစဉ် ဓာတ်ပုံ)
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၀-၁၀-၂၀၁...

Thursday, October 18, 2012

sitagustar
No comments
အမျိုးသမီးအား
ငါးပါး
စာမိတ်ဆက်INGO နိုင်ငံတကာ NGO မှာ အမှုထမ်းနေတဲ့
သူတစ်ယောက်နဲ့တွေ့ဖြစ်သည်။ တစ်နေ့တော့ သူက အနောက်နိုင်ငံတစ်ခုမှာ Gender in
Buddhism (ဗုဒ္ဓဘာသာမှာ အမျိုးသား အမျိုးသမီးခွဲခြားမှု) ပတ်သက်ပြီး စာတမ်းဖတ်မှာ
ဖြစ်သည်။ စာရေးသူအား ဗုဒ္ဓဘာသာတွင် ကျား-မ ခွဲခြားမှု၊ ကျား-မ
အခွင့်ရေးနှင့်ဆက်စပ်သော အကြောင်းအရာများကို မေးသည်၊ ဆွေးနွေးသည်၊ စာရေးသူလဲ
အင်တာနက်ကနေ ဗုဒ္ဓဘာသာတွင် အမျိုးသမီးနှင့်ဆက်စပ်၍ ရေးသားထားသော ဆောင်းပါး
ပို့စ်များကို ရှာဖွေပေးလိုက်သည်၊ ထိုထဲတွင် စာရေးသူကိုယ်တိုင် ရေးထားသည့်
အမျိုးသမီးများနှင့်ဘုန်းကံ ဆိုတဲ့ ပို့စ်လဲပါသည်။ ထိုသို့ဆွေးနွေးရာမှ သူလဲ
ဘယ်ဝက်ဘဆိုက်တွေကို ကြည့်ပြီး ပြောလဲမသိ၊ အမျိုးသမီးနဲ့ဆက်သော သုတ္တန်တွေကို
စာရေးသူအား ပြသည်၊ သုတ္တန်များကို Roman အက္ခရာဖြင့် ရေးပေးရန် အကူညီတောင်းသည်။
စာရေးသူလဲ သူပေးသော သုတ္တန်များကို မူရင်းပါဠိတော်များတွင် ရှာဖွေကြည့်ရာ...

Saturday, October 13, 2012

sitagustar
2 comments

ချစ်ခြင်းကို မခွဲပါနဲ့
စာမိတ်ဆက်
ခေါင်းစဉ်က ကလက် (frivolous)နေပါတယ်၊
တချို့က ခေါင်းစဉ်ကလက်တာကို မကြိုက်ကြသလို စာရေးဟန် ကလက်နေရင်လဲ ပေါ့ပျက်ပျက်
ဖြစ်နေသည်ဟု ထင်မြင်ချက်ပေးကြသည်။ ဥပမာ-နာမည်ကြီး ဓမ္မကထိက စာရေးဆရာ၏ စာအုပ်များသည်
အမည် ကလက်လွန်း၍ ဝေဖန်တာတွေလဲ ရှိနေသည်။ စာရေးသူ၏ အနီးအနားက သူတွေတောင် ဝေဖန်တာကို
ကိုယ်တိုင်ကြားသိရသည်။ သို့သော်လည်း သူ၏စာအုပ်များသည် သို့မဟုတ် သူ၏စာရေးဟန်တို့သည်
ယနေ့ ခေတ်လူ လူငယ်များနှင့် လူလတ်ပိုင်းများကို ဆွဲဆောင်မှုပေးနိုင်သည်။ သူပြောသည့်
စကားတွေသည် ယနေ့ လူငယ်တွေ ရင်ဘက်ထဲ စွဲကျန်စေသည်။ ဤနည်းဖြင့် လူငယ်တွေရဲ့ ရင်ထဲ
မြတ်ဗုဒ္ဓ၏အဆုံးအမတွေကို အရောက်ပို့နိုင်ခြင်းသည်လည်း သူ၏စွမ်းရည်ပင် ဖြစ်သည်၊
ကောင်းနေသည်ဟု ဆိုရမည်။
အမည်ပေး...

Monday, October 08, 2012

sitagustar
1 comment

ညီညွှတ်ကြီးပွားလမ်းစဉ် (သို့) သာရဏီယ တရား
စာမိတ်ဆက်“ဖေ့စ်ဘုတ်မှာ
သာရဏီယတရား ၆ ပါးနှင့် ထင်ရှား ပြည့်စုံသူများ”ဟုသော ခေါင်းစဉ်အောက်မှာ
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်
ဦးသန့်နှင့် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့
သုံးယောက်ကို ပြထားတာ တွေ့ရတယ်။ မြန်မာကို ကမ္ဘာ့အသိုင်းအ၀ိုင်းနဲ့
မိတ်ဆက်ပေးသူများဟူ၍လဲ ရေးထားသည်။ ထိုအောက်မှ ကွန့်မန့်တွေ ဖတ်ရင်း
စိတ်ဝင်စားစရာလဲတွေ့ရ ရယ်စရာတွေ့၍လဲ ရယ်မိသည်။ တချို့လဲ အကောင်းမြင်ဝါဒဖြင့်
ချီးမွမ်းထောမနာ ပြုထားကြသည်၊ တချို့ကတော့ ဘယ်သူကိုတော့ ဘာလို့မထည့်လဲဆိုပြီး
နာမည်ကိုပါ ထည့်၍ မန့်ထားသည်။ စာရေးသူလဲ ဖေ့စဘုတ်ဂျိုးဖြစ်နေမှန်းမသိ ဖြစ်နေသည်၊...

Tuesday, October 02, 2012

sitagustar
No comments

မဟတ္တမဂန္ဒီ၏ ၁၄၃
ကြိမ်မြောက်မွေးနေ့ သီတဂူဆရာတော် တက်ရောက် မိန့်ခွန်းပြော
အိန္ဒိယနိုင်ငံ၏ငြိမ်းချမ်းရေး ခေါင်းဆောင်တစ်ဦးဖြစ်သည့် မဟတ္တမဂန္ဒီ၏ ၁၄၃
ကြိမ်မြောက်မွေးနေ့ အထိမ်းအမှတ်ပွဲကို “နိုင်ငံတကာအကြမ်းမဖက်ရေးနေ့”ဟု ကုလသမဂ္ဂမှ
သတ်မှတ်ထားသည်။ ထိုနေ့အတွက် ယနေ့(အောက်တိုဘာ ၂ ရက်နေ့) တွင် ရန်ကုန်မြို့ရှိ၊
အိန္ဒိယသံရုံးတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် သီတဂူဆရာတော်
ဒေါက်တာအရှင်ဥာဏိဿရက မဟတ္တမဂန္ဒီသည် ဗုဒ္ဓဘာသာဝင်တစ်ဦးမဟုတ်သော်လည်း
ဗုဒ္ဓဘာသာ၏အခြေခံအချက်များဖြစ်သည့် ပါရမီ ၁၀ ပါးကိုကျင့်သုံးကြောင်းကို
ဂန္ဒီ၏ဘ၀အတွေ့အကြုံ ဖြတ်သန်းမှုများနှင့်ယှဉ်ကာ “Life of Mahatama Gandhi &
Buddhist Principles”
ခေါင်းစဉ်ဖြင့်ဟောပြောခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးဒေါက်တာဗီလာဆွန်ဒါရာရာဂျမ်...
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
ဒီနေ့ သင်တန်းစတင်ပိတ် ********* ၂၀၁၆ B.A နောက်ဆုံးနှစ် ကျောင်းသားများနှင့် အမှတ်တရ။ (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်) မကြာမီ နေရာအသီး...
-
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
သီတဂူ Study Tour အင်ဒိုနီးရှား ********** သီတဂူ ၂၀၁၆ နိုဝင်ဘာလ ၆ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ တပည့် စာချ ဆရာတော်များနှင...
-
ဗိုလ်ချုပ်မှူးကြီး သီတဂူအဓိပတိအား လာရောက် ဖူး ********** သီတဂူ ၂၀၁၆ သြဂုတ် ၂၁ မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြ...
-
ဖွင့်ပွဲအခမ်းအနားသို့ကြွရောက်လာသော ဆရာတော်ကြီးများ အမှတ်တရ ပေးစဉ် သံဃာ့ရာဇာဆရာတော်ကြီးက ဖဲကြိုးဖြတ်ဖွင့်ပေးစဉ် လင်းဇာနည်းဇော်၊ အဆိုတော် စိမ်...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
“ကမ္ဘာ့ကိုးကွယ်ရာဘာသာကြီးများ၏ နိဒါန်း” စာအုပ် ထွက်ပြီ ************************ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ သီတဂူအဓိပတိဆရ...
-
အစ္စရေးနိုင်ငံ သမ္မတအိမ်တော်ရောက် သီတဂူအဓိပတိ *********** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၂ အစ္စရေးနိုင်ငံရောက် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရာြး...
-
တွေ့ဆုံမေးမြန်းဓမ္မလမ်း မကြာမီထွက်မည် ********** အောက်ပါအလှူရှင်များဖြင့် မကြာမီ သီတဂူစတား စာစဉ် (၄)စာအုပ်ကလေး တစ်အုပ်ထွက်မ...