သီတဂူ+ထူးဖောင်ဒေးရှင်းတို့ မျက်စိအလှူ
သီတဂူအပြည်ပြည်ဆိုင်ရာ
သာသနာပြုအဖွဲ့နှင့် ထူးဖောင်ဒေးရှင်းတို့မှပူးပေါင်း၍ ကချင်ပြည်နယ်
ပူတာအိုခရိုင်အတွင်း မျက်စိဝေဒနာရှင်များအား တတိယအကြိမ်မြောက်
ဆေးကုသပေးခြင်းအစီအစဉ်ကို (၁၀.၇.၁၃)ရက်နေ့မှ (၁၃.၇.၁၃) ရက်နေ့အထိ
ပူတာအိုခရိုင်ဆေးရုံတွင် ဆောင်ရွက်ပေးခဲ့ကြပါသည်။
ဝေးလံခေါင်ဖျားဒေသများမှ ဆေးဝါးကုသရန်အခက်အခဲရှိသည့် မျက်စိဝေဒနာရှင်များကို သက်ဆိုင်ရာဒေသ တာဝန်ရှိသူများ အကူအညီဖြင့် ထူးဖောင်ဒေးရှင်းမှ လိုအပ်သည်များကို ပံ့ပိုးပေးခဲ့ပြီး သီတဂူအပြည်ပြည်ဆိုင်ရာဗုဒ္ဓသာသနာပြုအဖွဲ့မှ မျက်စိအထူးကုဆရာဝန်ကြီးများ၏ ကုသမှုဖြင့် ယခု တတိယအကြိမ်တွင် ပူတာအိုခရိုင်အတွင်း ရှိမြို့နယ်(၆)ခုတို့မှ မျက်စိဝေဒနာရှင်ပေါင်း (၉၇၁) ဦးကို လိုအပ်သော ဆေးဝါးကုသမှုများပေးနိုင်ခဲ့ပြီး၊ မျက်စိဝေဒနာရှင် ၁၂၅ ဦးတို့ကို ခွဲစိပ်ကုသပေးနိုင်ခဲ့ပါသည်။
ပထမအကြိမ်ကို ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလတွင် ပြုလုပ်ပေးခဲ့ပြီး မျက်စိဝေဒနာရှင် (၈၀၀)ကျော်ကို ကုသပေးနိုင်ခဲ့ကာ ဝေဒနာရှင် (၉၂)ဦးကိုခွဲစိပ်ကုသပေးနိုင်ခဲ့ပြီး။

ဒုတိယအကြိမ်အဖြစ် ၂၀၁၂ခုနှစ်၊
အောက်တိုဘာလတွင် ပြုလုပ်ခဲ့ကာ မျက်စိဝေဒနာရှင် (၁၀၇၆)ဦးကို ကုသပေးနိုင်ခဲ့ပြီး
ဝေဒနာရှင် (၁၄၈)ဦးကို
ခွဲစိပ်ကုသပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။
မျက်စိဝေဒနာရှင်များသည် ပူတာအိုခရိုင်အတွင်း ကားလမ်းမပေါက်သော ကျေးရွာများမှ လမ်းလျောက်လာကာ ဆေးဝါးကုသကြပြီး ထူးဖောင်ဒေးရှင်းမှ မော်တော်ဆိုင်ကယ်သွားလာ၍ ရသည့်နေရာများမှစတင်ကာ ကြို၊ပို့ယာဉ်များစီစဉ်ပေးခဲ့ကြပါသည်။ မျက်စိဝေဒနာရှင်များအတွက် မနက်၊ နေ့လည်စာဒန်ပေါက်နှင့် ညစာထမင်းဗူးများအပါအဝင် အခြားလိုအပ်ချက်အားလုံးကို ပါဖြည့်ဆည်းပေးခဲ့နိုင်ခဲ့ပါသည်။
အချို့ဝေဒနာရှင်များမှာ သားထောက်သမီးခံ
မရှိခြင်း၊ သွားလာ၍ ခက်ခဲခြင်းတို့ကြောင့်
လူနာတစ်ဦးတည်းလာရောက်ဆေးကုသခံယူခဲ့ကြပါသည်။ အဆိုပါဝေဒနာရှင်များအား
ထူးဖောင်ဒေးရှင်းမှ ဝန်ထမ်းများက လိုအပ်သည့် ကူညီစောင့်ရှောက်မှုများပေးခဲ့ပြီး
အိမ်အပြန်အတွက် သက်တောင့်သက်သာဖြစ်နိုင်စေရန်ကိုပါ
စီစဉ်ပေးနိုင်ခဲ့ပါသည်။
သီတဂူအပြည်ပြည်ဆိုင်ရာသာသနာပြုအဖွဲ့ကြီးမှ မျက်စိအထူးကုဆရာဝန်များ၏ မငြီးမငြူ စစ်ဆေးကုသမှုများနှင့် သူနာပြုဝန်ထမ်းများကို စေတနာနှင့်စောင့်ရှောက်မှုများကိုလည်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
ထူးဖောင်ဒေးရှင်းအနေဖြင့် တတိယအကြိမ်မျက်စိဝေဒနာရှင်များအား
ကုသပေးခဲ့ခြင်းအား ဝမ်းမြောက်ပီတိဖြစ်ရသကဲ့သို့ လိုအပ်သော ဆေးဝါးများမှစ၍
ခွဲစိပ်ခန်းသုံးပစ္စည်းများ၊ စားစရာပစ္စည်းများသယ်ဆောင်ရာတွင် ကူညီဆောင်ရွက်
ပေးခဲ့ကြသော Air Bagan လေကြောင်းလိုင်း၊ Asian Wings လေကြောင်းလိုင်း၊
တည်းခိုနေထိုင်နိုင်ရန်အတွက် ကူညီပေးခဲ့ကြသော Aureum Palace Hotelနှင့် Malikha
Lodge Hotel၊ အခြားလိုအပ်သည်များကို ပံ့ပိုးကူညီခဲ့ကြသော Htoo Group Of Companies
နှင့် AGD Bank တို့ကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
ထို့အပြင် မျက်စိဆေးကုသခြင်းအစီအစဉ်တွင် ထူးဖောင်ဒေးရှင်း Facebook
မှတဆင့်ဆက်သွယ်ကာ အလှူငွေကျပ် (၅၀၀၀၀)စီလာရောက်လှူဒါန်းပေးသော (ဦးကျော်မင်း) +
ဒေါ်မြင့်မြင့်သန်းမိသားစုနှင့် ဦးအောင်ထွန်း(ညွှန်/မှူး (ငြိမ်း)
၊အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန)+ဒေါ်နီလာမင်း
မိသားစုတို့ကိုလည်း ကျေးဇူးတင်ရှိပါသည်။
ထူးဖောင်ဒေးရှင် (https://www.facebook.com/HtooFoundation?fref=ts)
ဖေ့ဘုတ်မှ
ကူးယူဖော်ပြပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၂-၇-၂၀၁၃
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၂-၇-၂၀၁၃
0 comments:
Post a Comment