Monday, November 25, 2013
sitagustar
No comments
သီတဂူဆရာတော်ကြီး ဘာသာရေးနှင့် ငြိမ်းချမ်းရေး အကြောင်း
မိန့်ခွန်းပြော
သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ (Austria Vienna) (၂၀-၁၁-၂၀၁၃)မှ
(၂၃-၁၁-၂၀၁၃)ရက်နေ့အထိ ၄ ရက်တိုင်တိုင် ကျင်းပခဲ့သည့် ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များ
ညီလာခံတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြု
အဖွဲ့၏ ပဓာနဥသျှောင် သီတဂူဆရာတော်ကြီးသည် ဘာသာရေးနှင့် ငြိမ်းချမ်းရေး အကြောင်း
မိန့်ခွန်းပြော၊ ၀င်ရောက် ဆွေးနွေးခဲ့သည်။
သီတဂူစန်းလပမာ
ချမ်းမြသာယာရှိကြပါစေ
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၁၁-၂၀၁၃
www.thesitagu.org
Thursday, November 21, 2013
sitagustar
No comments
တိုက်တိုက်ဆိုင်ဆိုင် တန်ဆောင်တိုင် သာမညဖလ
(သီတဂူစတား စာတို ပေတို)
တကယ့်ကို
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ သာမညဖလ အခါတော်လမှာပဲ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
ဘီအေ ပထမနှစ်တန်း (ဒုတိယနှစ်ဝက်)အတွက် သာမညဖလသုတ်ကို သင်ပေးနေသည်။ ဥတု၏ပြည့်ခြင်း၊
လ၏ ပြည့်ခြင်း၊ နှစ်၏ပြည့်ခြင်းတို့ ပြည့်စုံတဲ့ တန်ဆောင်မုန်းလပြည့်နေ့၊ မြတ်ဗုဒ္ဓ
သာမညဖလသုတ် ဟောတဲ့အချိန်မှာတော့ သာမညဖလသုတ် သင်ပေးနေတာ
တစ်ဝက်ကျော်လာပါပြီ။
သာမညဖလသုတ် ဖြစ်ပေါ်လာပုံ၊ သာမညဖလ- ရဟန်းဘ၀၏ လက်တွေ့ဘဝ
အခွင့်လန်းများကို မြတ်ဗုဒ္ဓက တိတိကျကျ ကွက်တိ ဖြေဆိုထားသည့်အပြင် ထိုခေတ်က ဘုရားဟု
ထင်ရှား ကျော်ကြားနေကြသော တိတ္ထိဆရာကြီး (အယူဝါဒကို စတင်တည်ထောင်သူ)များ၏ တလွဲတချော်
အဖြေများ အတွေးများကိုလဲ လေ့လာရသည်။ သူတို့၏ ထူးဆန်းသော အတွေးအခေါ်များကိုလည်း
ဗဟုသုတအဖြစ် လေ့လာခဲ့ကြသည်။
သာမညဖလသုတ်ကို
လေ့လာလိုက်သည့်အခါ----------
ဖခင်ကို သတ်ခဲ့သည့် အပြစ်ကြီးကို ကျူးလွန်ခဲ့သော
အဇာတသတ်တစ်ယောက် သာမညဖလသုတ်ကို နာကြားရလိုက်သဖြင့် အ၀ီစိငရဲအထိ မကျတော့ဘဲ နှစ်များ
လျှော့ရက်များနှင့်အတူ ငရဲအသေးတစ်ခုမှာပဲ ကျရတော့သည်။ အကယ်၍သာ သူသည် အဖေကို
သတ်ခဲ့တဲ့ အပြစ်ကြီး မရှိဘူးဆိုရင် ထိုနေရာမှာပဲ သောတာပန် အရိယာ
ဖြစ်သွားနိုင်သည်။
ယခုအခါ အဖေကို သတ်ခဲ့သော အဇာတသတ်သည် သာမညဖလသုတ်တော်ကို နားကြားရသဖြင့် ငရဲ လျှော့ရက်များနှင့်
နောင်တချိန် ပစ္စေကဗုဒ္ဓါဖြစ်မည်ဟု သေချာသော ကတိ၊ ဗျာဒိတ်၊ နိယတိဂတိ၊
ပန်းတိုင်တစ်ခုကို ရရှိပြီးဖြစ်သည်။
စာရေးသူတို့ဗုဒ္ဓဘာသာဝင်တွေ အများစု
အပြစ်တစ်ခု ကျူးလွန်လျှင် အဇာတသတ်၊ အဇာတသတ်ဂိုဏ်းဟု အပြစ်ပြောလေ့ရှိသည်။
တကယ်တန်းစဉ်းစားကြည့်လျှင် သူသည် စာရေးသူတို့အထက် သာလွန်သော အချက် များစွာ
ရှိနေသည်။
၁။ ဘုရားရှင်အား ကိုယ်တိုင်ကိုယ်ကျ ဖူးမျှော်ခွင့်ရရှိခြင်း၊
(စာရေးသူတို့ ဖူးခွင့်ရခဲ့သလား တတ်အပ် မပြောနိုင်)
၂။ ထူးခြားတဲ့ သာမညဖလသုတ်ကို
ဘုရားထံမှ နားခွင့်ရခြင်း (စာရေးသူတို့ ဘုရားရှင်ထံမှာ ဘာတရားများ
နာခွင့်ရကြသနည်း)
၃။ မြတ်ဗုဒ္ဓသာသနာ့ဒါယကာ (ပထမ သင်္ဂါယနာတင် ဒါယကာ)အဖြစ်
သာသနာ့မှတ်တိုင် ကျန်ရှိနေခြင်း (စာရေးသူတို့ သူ့လို ဘာများ ကျန်ရှိခဲ့သနည်း)
၎။
နောင်တချိန်မှာ ပစ္စေကဗောဓိဥာဏ် ရရှိပြီး ဘ၀ဇာတ်ပြတ်မည်ဟူသော ပန်းတိုင် ရရှိပြီး
(စာရေးသူတို့ဘ၀ သံသရာ ဘယ်လောက်ထိ နေရအုံးမလဲ မသိနိုင်သေး)
၅။ အဖေအပေါ်
အပြစ်ကြီးကျူးလွန်မိခြင်းကြောင့် ဒီလို အပြစ်မျိုးခံရမည်ဟု သမိုင်းသက်သေ
ပြသခဲ့နိုင်ခြင်း၊ (စာရေးသူ၏ ကြံဖန်ပြီး ဂုဏ်တင်ခြင်း)
၆။
သာမညဖလသုတ်ကိုနာကြားပြီး မြတ်ဗုဒ္ဓသာသနာအပေါ် အသက်ကိုအပ်နှင်းပြီး ပုံအောပြိး
ကြည်ညိုနိုင်ခဲ့ခြင်းကြောင့် ဒီလိုအကျိုးများ ရရှိတယ်ဆိုတာကိုလဲ ဘုရင် အဇာတသတ်
ပြသွားသည်။ (စာရေးသူတို့ သူ့လောက် ဘာတွေ လုပ်နိုင်ခဲ့သနည်း)
ဤကဲ့သို့ဆိုလျှင်
သာမညဖလသုတ်သည် အလွန်ထူးခြားသည့် သုတ် တစ်ခုဖြစ်သည်ကို ကြည်ညိုမိသည်။ ထိုနေ့ ထိုအခါ
တန်ဆောင်မုန်းလရောက်တိုင်း ဤသုတ်တော်ကို အမှတ်ရကြသည်အတွက် မြတ်ဗုဒ္ဓကို ကြည်ညိုမိမှာ
အမှန်ပင်ဖြစ်သည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၀-၁၁-၂၀၁၃
Sunday, November 17, 2013
sitagustar
No comments
သီတဂူဆရာတော်ကြီး ကမ္ဘာ့ဘာသာရေးခေါင်းဆောင်
ထိပ်သီးအစည်းဝေး တက်ရောက်
မိန့်ခွန်းပြော
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ သီတဂူအပြည်ပြည်ဆိုင်ရာ
သာသနာပြု အဖွဲ့၏ ပဓာနဥသျှောင် သီတဂူဆရာတော်ကြီးသည် (၁၈-၁၁-၂၀၁၃) ရက်နေ့တွင် ရန်ကုန်
အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွါပြီး (၁၉-၁၁-၂၀၁၃)ရက်နေ့တွင် သြစတြီးယားနိုင်ငံ
ဗီယင်နာမြို့ (Austria Vienna) သို့ ရောက်ရှိကာ (၂၀-၁၁-၂၀၁၃)မှ
(၂၃-၁၁-၂၀၁၃)ရက်နေ့အထိ ၄ ရက်တိုင်တိုင် ကျင်းပမည့် ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များ
ငြိမ်းချမ်းရေး ညီလာခံတွင် ဘာသာပေါင်းစုံ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး
စကားပြောကြားမည် ဖြစ်သည်။
အဆိုပါ ညီလာခံသို့ နိုင်ငံပေါင်း (၁၀၀)ကျော်၊
အဖွဲ့အစည်းပေါင်း (၉၀)ကျော်နှင့် ကမ္ဘာ့ဘာသာရေးခေါင်းဆောင် (၇၀၀)ကျော်တို့
တက်ရောက်ကြမည် ဖြစ်သည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၇-၁၁-၂၀၁၃
www.thesitagu.org
Friday, November 15, 2013
sitagustar
1 comment
ရန်ကုန်မြို့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ရဟန်း သီလရှင်များအတွက် ဘီအေတန်း၊ ဒီပလိုမာတန်းများ အပြင်
လူဝတ်ကြောင်များအတွက် ဗုဒ္ဓဓမ္မဒီပလိုမာအတန်းများကိုလည်း
သင်ကြားပေးလျက်ရှိသည်။
လူဝတ်ကြောင်များအတွက် ကိုယ်နှုတ် နှစ်ပါးကို ထိန်းသည့်
နည်းဥပဒေများဖြစ်သည့် ၀ိနည်း၊ ကိုယ်နှုတ်စိတ် သုံးပါးလုံးကို ထိန်းသည့် သုတ္တန်၊ လောက
သဘာဝဓမ္မပါဝင်သည့် အဘိဓမ္မာ၊ သံသရာလွတ်လမ်းကို ပေးသည့် ၀ိသုဒ္ဓိမဂ် အစရှိသည့်
ဗုဒ္ဓစာပေများကို သဒ္ဓါတရား၊ အသိပညာ ဗဟုသုတများ တိုးပွားရေးကို ရည်စိတ်သန်လျက်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သင်ကြားပေးလျက်ရှိသည်။
ယခုအခါ ၆
လလုံးသင်ကြားထားသည့် ဗုဒ္ဓစာပေများကို ပထမ ၆ လပတ် (နှစ်သက်) စာမေးပွဲအဖြစ်
ဖြေဆိုကြရသည်။ ကျောင်းသား ကျောင်းသူ ၃၀၀ (သုံးရာ) ကျော် ၀င်ရောက်
ဖြေဆိုကြသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ
ရှိကြပါစေ”
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၅-၁၁-၂၀၁၃
www.thesitagu.org
www.sitagustar2020.net
Thursday, November 14, 2013
sitagustar
No comments
သံဃာ့အသံ (The Voice Of Samgh)
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်ကြီး၏ မွေးနေ့တိုင်း
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် ပညာသင်ယူနေကြသော ကျောင်းသား ကျောင်းသူတို့၏ အတွေးအခေါ်၊
ကလောင်သွား၊ စားသားများ ထက်မြတ်၊ သွက်လတ်စေရန် ရည်စိတ်သန်၍ တက္ကသိုလ်ကြီး (၃)ခုမှ
ဗုဒ္ဓအသံမဂ္ဂဇင်း၊ ဓမ္မအသံမဂ္ဂဇင်းနှင့် သံဃာ့အသံမဂ္ဂဇင်း သုံးခုကို ထုတ်ဝေလျှက်ရှိသည်။
ယခုနှစ် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၏ နှစ်လည် (၅)ကြိမ်မြောက် “သံဃာ့အသံ” (The
Voice of Samgha) မဂ္ဂဇင်းအတွက် စာမူများကို နတ္တော်လပြည့် (ဒီဇင်ဘာ ၁၇ရက်နေ့)
နောက်ဆုံးထား ပို့ပေးရန် ဖိတ်ခေါ်ပါသည်။
၁။ လေးမျက်နှာထက် မကျော်လွန်သော
(က)
ဆောင်းပါး (ခ) ၀တ္ထု
မှတ်ချက်။ ။ အင်္ဂလိပ်၊ မြန်မာ ကြိုက်နှစ်ရာ
၂။ တစ်မျက်နှာထက်
မကျော်လွန်သော
(က) ကဗျာ (ခ) ဟာသ၊ ကာတွန်း
၃။ စည်းမျည်းများ
(က) မည့်သည့် ဌာနကမှ
ထည့်သွင်းထားခြင်း မရှိခြင်း
(ခ) ကိုယ်ပိုင်မူ ဖြစ်ခြင်း
(ဂ) သဒ္ဓါတရား၊ စာပေအသိ၊
အထွေထွေဗဟုသုတများကို တိုးပွားစေခြင်းတို့ကို ရည်ရွယ်ပါသည်။ မှတ်ချက်။ ။
ဆောင်းပါးများကို Soft Copy/ Hard Copyနှင့် မိမိတို့ဆောင်းပါးနှင့် သင့်တော်သည့်
ဓာတ်ပုံများ ထည့်လိုက တပါးတည်း “နတ္တော်လပြည့် (ဒီဇင်ဘာ ၁၇ရက်နေ့) နောက်ဆုံးထား”
ပို့ပေးရန်။
ပို့ပေးရန်ဌာန-----------
မဂ္ဂဇင်းဖြစ်မြောက်ရေးအဖွဲ့= ကွန်ပြူတာခန်း၊
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်
အီးမေးလ် sitagustar2010@gmail.com/
thesitagu@gmail.com
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၄-၁၁-၂၀၁၃
www.thesitagu.org
Tuesday, November 12, 2013
sitagustar
No comments
ဧရာဝတီတိုင်း သီတဂူမျက်စိအလှူတော်
သီတဂူ မော်လမြိုင်ကျွန်း မျက်စိအထူးကု
ခရီး
သီတဂူဆရာတော်နှင့် ပစ္ဆိမာရုံဆရာတော်တို့ တွဲဖက်ဦးဆောင်၍ တည်ဆောက်ထားသော
မော်လမြိုင်ကျွန်းမြို့ရှိ သီတဂူလှဆန်းယဉ် စက္ခုဒါနဆေးရုံတော်၌ ဒုတိယအကြိမ် အခမဲ့
မျက်စိခွဲစိပ်ခြင်း စက္ခုဒါန အစီအစဉ်ကို (၂၃-၁၀-၂၀၁၃)မှ (၂၇-၁၀-၂၀၁၃)အထိ
ဆောင်ရွက်ခဲ့သည်။
သီတဂူမိုဘိုင်လ် Eye Clinic အဖွဲ့တွင် ပါမောက္ခ ဒေါက်တာ
ဒေါ်မြင့်မြင့်ခိုင်၊ ဒေါက်တာ ဒေါ်ခင်အုံးဟန်၊ ဒေါက်တာ စဂျေလွင်နှင့်
သီတဂူအာယုဒါနဆေးရုံမှ ဒေါက်တာ မိမိခင် ဦးဆောင် သူနာပြုဝန်ထမ်းများ
ပါဝင်ခဲ့သည်။
မော်လမြိုင်ကျွန်း ပြည်သူ့ဆေးရုံမှ ဆရာဝန်၊ ဆရာမများ
လုပ်အားဒါနကုသိုလ် ပါဝင်ခဲ့ကြသည်။ (၂၃-၁၀-၂၀၁၃)မှ (၂၇-၁၀-၂၀၁၃)အထိ (၅)ရက်အတွက်
လာရောက် စမ်းသပ်စစ်ဆေးကုသခြင်း ခံယူကြသော အပြင်ပလူနာပေါင်း (၆၉၄)ဦး၊
ခွဲစိပ်ကုသခြင်းခံယူပြီး မျက်စိအလင်းရသွားသူ လူနာပေါင်း (၂၄၅)ဦးတို့
ဖြစ်ကြသည်။
ကဒုံကနိ၊ ပြင်စလူကျွန်း သီတဂူမျက်စိအလှူတော်
ပြင်စလူကျွန်း၊
မော်လမြိုင်ကျွန်းတို့မှ ဆက်၍ သီတဂူဆရာတော်နှင့် အဖွဲ့သည် ရွှေစင်ကြယ်သင်္ဘောဖြင့်
ကဒုံကနိကျွန်းသို့ ဆက်လက်၍ ကြွရောက်တော်မူသည်။ ကဒုံကနိကျွန်းပေါ်ရှိ
ကျန်းမာရေးဝန်ကြီးဌာန၊ တိုက်နယ်ဆေးရုံ၌ ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေးဝန်ကြီး၏
ကူညီစောင့်ရှောက်မှုဖြင့် ကုသိုလ်ဖြစ် အခမဲ့မျက်စိခွဲစိပ် ကုသခြင်းတို့ကို
ဆောင်ရွက်ခဲ့သည်။ ခွဲစိပ်ကုသခြင်း စက္ခုဒါနအစီအစဉ်ကို (၂၈-၁၀-၂၀၁၃)မှ
(၃၁-၁၀-၂၀၁၃)အထိ ဆောင်ရွက်ခဲ့သည်။
စမ်းသပ်စစ်ဆေး၍ အပြင်လူနာအဖြစ်ခံယူ
ကုသမှုခံယူသွားကြသူပေါင်း (၆၂၀)၊ ခွဲစိပ်ကုသမှုခံယူပြီး မျက်စိအလင်းရရှိသွားကြသော
လူနာပေါင်း (၁၆၅)ဦးတို့ ရှိခဲ့သည်။
အလှူရှင်များ
မော်လမြိုင်ကျွန်း ခွဲစိပ်
စက္ခုဒါနအလှူတော်ကို သီတဂူ ဦးမြင့်စိန်+ဒေါ်လှလှအေး (လှဆန်းယဉ်)နှင့် သား
သီတဂူဦးမြင့်အောင်+ဒေါ်စိုးမိုးကြည် မိသားစုမှလည်းကောင်း၊ ကဒုံကနိစက္ခုဒါန
အလှူတော်ကို သီတဂူ ဦးမောင်သောင်း+ဒေါ်-------နှင့် သီတဂူဦးတင်အေး+ဒေါ်သန်းသန်းအေး
မိသားစုတို့မှ အလှူဒါနပြုကြသည်။
မော်လမြိုင်ကျွန်းနှင့် ကဒုံကနိကျွန်းတို့ပေါ်၌
တညတာစီ တရားဓမ္မချီးမြှင့်၍ အမျှအတန်းပေးဝေခဲ့သည်။ မကြာခင်အချိန်၌
ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းသို့ သီတဂူစက္ခုဒါနခရီးစဉ်ကို ကြွချီရန်
စီစဉ်လျှက်ရှိသည်။
သီတဂူစန်းလပမာ
ချမ်းမြသာယာရှိကြပါစေ
Sunday, November 10, 2013
sitagustar
No comments
သီတဂူ နာဂတောင်တန်း သာသနာပြုခရီး
၂၀၁၄ခုနှစ် နှစ်ဦး ဇန္န၀ါရီ (၁၀)ရက်နေ့တွင်
သီတဂူသာသနာပြု အဖွဲ့နှင့် ဘယ်လ်ဂျီယံနိုင်ငံမှ ဆရာဝန် (၃၀)ပါသော အဖွဲ့တို့
ကျန်းမာရေးနှင့် ပညာရေးအတွက် အထူးခရီးစဉ်အဖြစ် နာဂတောင်တန်းသို့
သွားရောက်ကြမည်ဖြစ်သည်။
သီတဂူစန်းလပမာ ချမ်းမြ သာယာ ရှိကြပါစေ
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၀-၁၁-၂၀၁၃
Friday, November 08, 2013
sitagustar
No comments
သီတဂူမေတ္တာ စက္ခုဒါန (သံတွဲ) ဆေးရုံ
သီတဂူသာသနာပြုအဖွဲ့နှင့် သံတွဲအဖွဲ့တို့
ပူးပေါင်းပြီး သီတဂူမေတ္တာ စက္ခုဒါန (သံတွဲ) ဆေးရုံကို ၂၀၁၃ခုနှစ် ဒီဇင်ဘာ
(၂၁)ရက်နေ့တွင် ဖွင့်လှစ်မည်။
ထိုဆေးရုံတွင် လူမျိုးမရွေး ဘာသာမရွေး
ကုသမှုခံယူနိုင်ပါသည်။ ထို့ပြင် အောက်ပါ ဆေးရုံများကိုလည်း ဆက်တိုက်ဖွင့်လှစ်မည်။
(က) ဟုမ္မလင်း သီတဂူစက္ခုဒါန ဆေးရုံကို ၂၀၁၄ နှစ်ဦးပိုင်း ဇန္န၀ါရီလ (၄)ရက်နေ့တွင်
လည်းကောင်း၊ (ခ) သဲကုန် သီတဂူအာရောဂျဒါနဆေးရုံကို ယခုနှစ်
တပိုတွဲလပြည့်နေ့တွင်လည်းကောင်း ဖွင့်လှစ်မည် ဖြစ်သည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ
ရှိကြပါစေ
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၈-၁၁-၂၀၁၃
Wednesday, November 06, 2013
sitagustar
No comments
သီတဂူ နှုတ်ခမ်းကွဲအာခေါင်ကွဲ အထူးကုအစီအစဉ်များ (၂၀၁၃)
(၁) အဖွဲ့ Belgium
Team
(၅၊ ၁၊ ၂၀၁၃) မှ (၁၀၊ ၁၊ ၂၀၁၃) နေ့အထိ Prof: De Mey (Belgium Team)
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ (၄၄) ဦးခွဲစိတ်ဆရာဝန်များ Prof: De Mey မေ့ဆေးဆရာဝန်၊
Dr. Andree De Villeနှင့် သီတဂူအာယုဒါန ဆေးရုံမှ ဆရာဝန်ကြီးများ အထူးသူနာပြုများ
ပါဝင်သည်။
(၂)အဖွဲ့ Belgium Team
(၂၇၊ ၁၊ ၂၀၁၃) မှ (၁၊ ၂၊ ၂၀၁၃) နေ့အထိ Dr.
Nasser Nadjmi (Belgium Team)မှ . Dr. Nasser Nadjmi မေ့ဆေးဆရာဝန်၊ ခွဲစိပ်ဆရာဝန်
Dr. Kris Vermeylen၊ ခွဲစိပ်ဆရာဝန် Dr. David Jules Emiel တို့ ဦးဆောင်သော
သီတဂူဆရာဝန်များအဖွဲ့မှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ (၄၅) ဦးကို ကုသပြီး
အလှပြင်ပေးနိုင်ခဲ့သည်။
(၃) အဖွဲ့ Belgium Team
(၁၉၊ ၃၊ ၂၀၁၃) မှ (၂၂၊ ၃၊
၂၀၁၃) နေ့အထိ Dr. Bob De Frene (Belgium Team)မှ ခွဲစိတ်ဆရာဝန် Dr. Bob De Frene၊
Dr. Fabrice မေ့ဆေးဆရာဝန်၊ Dr. Verstraete Rik၊ Dr. Guido Ingels
ဘယ်လ်ဂျီယံဆရာဝန်ကြီးများက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ (၃၇) ဦးကို
အလှဆင်နိုင်ခဲ့သည်။
(၄) အဖွဲ Belgium Team
(၁၄၊ ၁၀၊ ၂၀၁၃) မှ (၁၈၊ ၁၀၊ ၂၀၁၃)
နေ့အထိ Dr. Julia Berkei (Belgium Team)
ဘယ်လ်ဂျီယံနိုင်ငံမှ ဆရာဝန်ကြီးများက
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ (၆၆) ဦးကို အလှပြင်ပေးနိုင်ခဲ့သည်။
ပါဝင်သောခွဲစိတ်ဆရာဝန်များ Dr. Julia Berkei 2. Dr. Barun Sarkar 3. Dr. Klaus
Exner 4. Dr. Philipp 5. Dr. Farzin 6. Dr. Naja Bluto 7. Dr. Bianca Baicanနှင့်
မေ့ဆေးဆရာဝန်များဖြစ်ကြသော 1. Dr. Daniel Heise 2. Dr. Martin Bauer 3. Dr. Kunits
Evgenyတို့ဖြစ်သည်။
သီတဂူအထွေထွေခွဲစိတ်ခြင်းနှင့် နှုတ်ခမ်းကွဲ၊
အာခေါင်ကွဲခွဲစိတ်ခြင်းအစီအစဉ်
Hawai U.S.A Team
(၂၊ ၁၁၊ ၂၀၁၃) မှ (၅၊ ၁၁၊
၂၀၁၃) နေ့အထိ Aloha Medical Mission (Hawai
U.S.A Team) အဖွဲ့မှ ခွဲစိတ်ဆရာဝန်
1. Dr. Carl Lum 2. Dr. Dirk Noyes မေ့ဆေးဆရာဝန် 1. Dr. Aung Gyi 2. Dr. Steven
Garon 3. Dr. Jan Birnie အထွေထွေခွဲစိတ်လူနာ (၄၆) ဦးကို ခွဲစိပ်ကုသပေးပြီး
ဖြစ်သည်။ ဆရာဝန်ကြီး Dr. Fergurgurက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ (၁၅) ဦး
ကို
ခွဲစိပ်ကုသပေးပြီးဖြစ်သည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ
ရှိကြပါစေ
ရွှင်လန်းချမ်းမြေ့ပါစေ
Tuesday, November 05, 2013
sitagustar
No comments
၂၀၁၃နှစ် သီတဂူအာယုဒါနဆေးရုံ
(စစ်ကိုင်း)တွင် ပြည်ပမှ မျက်စိအထူးကုအဖွဲ့၊ နှုတ်ခမ်းကွဲအဖွဲ့များ ပါဝင်သော အဖွဲ့
(၅)ဖွဲ့ ရောက်ရှိလာပြီး ဖြစ်သည်။
(၁)အဖွဲ့ Lion Club Team
(U.S.A)
(22-1-2013) မှ (25-1-2013)နေ့အထိ Lion Club Team (U.S.A) အဖွဲ့မှ 1.
Dr. Robert Sullivan 2. Dr. Arvind Saini 3. Dr. Kevin Wienkers
ဆရာဝန်ကြီးများနှင့် သီတဂူအာယုဒါနဆေးရုံ ဆရာဝန်ကြီးများ၊ အထူးသူနာပြုများက
မျက်စိဝေဒနာရှင် (၅၃) ဦး ခွဲစိပ်ပြီး အလင်းရောင်ပေးလှူနိုင်ခဲ့သည်။
(၂) အဖွဲ့
U.S.A
(၂၆-၁-၂၀၁၃) မှ (၂၇-၁-၂၀၁၃) နေ့အထိ တစ်ရက်အတွင်း Dr. San Aye (U.S.A)
အဖွဲ့ မျက်စိဝေဒနာရှင် (၁၂) ဦးကို ခွဲစိပ် လှူဒါန်းနိုင်ခဲ့သည်။
(၃)အဖွဲ့
U.K
(၂၈၊ ၁၊ ၂၀၁၃) မှ (၃၁၊ ၁၊ ၂၀၁၃) နေ့အထိ မျက်စိခွဲစိတ်လူနာ (၇၇) ဦး
အောင်မြင်စွာ ကုသနိုင်ခဲ့သည်။ Daw Khin May Htwe Team (U.K) အဖွဲ့မှ
မျက်စိဆရာဝန်များဖြစ်ကြသော 1. Dr. Rolf Raimann 2. Dr. Rene Moya 3. Dr. Rene
Rodrigo 4. Dr. Steven Harsum တို့ဖြစ်ပြီး သီတဂူအာယုဒါနဆေးရုံမှ ဆရာဝန်ကြီးများ
အထူးသူနာပြုများက ၀ိုင်းဝန်းပံ့ပိုးသည်။
(၄) အဖွဲ့ Belgium Team
(၄-၂-၂၀၁၃)မှ
(၁၀-၂-၂၀၁၃) နေ့အထိ Belgium Team အဖွဲ့မှ 1. Dr. Paul Jonckheere 2. Dr. Bleyen
Isabel 3. Dr. Leysen တို့ ဦးဆောင်ပြီး သီတဂူအာယုဒါနဆေးရုံတော်မှာ ဆရာဝန်ကြီးများ
အထူးသူနာပြုများ ပါဝင်လျှက် လူနာ (၄၇) ဦးကို မျက်စိခွဲစိပ်ပြီး
အလင်းပေးနိုင်ခဲ့သည်။
(၅) အဖွဲ့ Dr. San Aye Team
(၁၅-၈-၂၀၁၃) မှ (၂၀-၈-၂၀၁၃)
နေ့အထိ Dr. San Aye Team အဖွဲ့မှ 1. Dr. San Aye2. Dr. Erik Tu တို့က
မျက်စိဝေဒနာရှင် (၃၅) ဦးကို ခွဲစိပ်လှူဒါန်းပေးခဲ့သည်။
အာခေါင်ကွဲ နှုတ်ခမ်းကွဲ
ကုသမှု အစီအစဉ်များကို ဆက်လက်
ဖော်ပြမည်။
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
ဖွင့်ပွဲအခမ်းအနားသို့ကြွရောက်လာသော ဆရာတော်ကြီးများ အမှတ်တရ ပေးစဉ် သံဃာ့ရာဇာဆရာတော်ကြီးက ဖဲကြိုးဖြတ်ဖွင့်ပေးစဉ် လင်းဇာနည်းဇော်၊ အဆိုတော် စိမ်...
-
သီတဂူစတား သြ၀ါဒကထာချီးမြင့် (TTC ရန်ကုန်) -------------------- ၂၀၁၅ခုနှစ်။ အောက်တိုဘာ (၇)ရက် ဒီကနေ့ (၇-၁၀-၂၀၁၅)နေ့ နံနက်ပိုင်း၊ေ...
-
သီတဂူရေဘေးအလှူတော် ချင်းပြည်နယ်အတွက် စတင် ---------------------- ၂၀၁၅ခုနှစ်၊ စက်တင်ဘာ ၁ရက် (၃၀-၈-၂၀၁၅)နေ့ညက သီတဂူဆရာတော်ကြီးသည် ချင်းပြည်...
-
မေတ္တာ၏အကျိုးကျေးဇူးများ စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်… (၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။ (၂) ကိုယ်မှာ ဖေ...
-
ဤပို့စ်လေးသည် ကိုဝိမုတ္တိသုခ၏ ဒီလိုလေးလုပ်ကြည့်ရင် ကောင်းမလား ဆိုတဲ့ ပို့စ်ကို အကြံပြုသည့် စာတမ်းဖြစ်ပါသည်။ ပူရင်းပို့စ်ကို ဤနေရာတွင် ကြည့်န...
-
MRTV4 အင်တာဗျူး ****** ဒီနေ့ ၁၉-၈-၂၀၁၆ သဲကုန်းအသင်း ဝါဆိုသင်္ကန်းကပ် အလှူမှာ mrtv4 ရုပ်သံက ဝါဆိုသင်္ကန်းနှင့်ပက်သက်ပြီး ၅မိနစ်လောက် အမ...
-
၂ ခုမြောက် ရဟန်းပြုရကျိုး မြတ်စွာဘုရား ထိုထက်အဆင့်မြင့်သော ရဟန်းပြုခြင်းရဲ့အကျိုး ကျေးဇူးကို မိန့်ကြားတော်မူပါအုံး ဆိုတော့ ပရိသတ်ရေ အလွန်ရှ...
-
သီတဂူဆရာတော်ကြီး ဗုဒ္ဓဂယာရောက် သီတဂူဆရာတော်ကြီး ဒီဇင်ဘာ (၁)ရက်နေ့က ဗုဒ္ဓဂယာသို့ ရောက်ရှိလာသည်။ နိုဝင်ဘာ (၃၀)ရက် ည ရန်ကုန် တရားပွဲ...
-
သီတဂူဆရာတော်ကြီး သက်တော်(၇၇)နှစ်ပြည့် မွေးနေ့အလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ သီတဂူဆရာတော်ကြီးသက်တော်(၇၇)နှစ်ပြည့် မွေးနေ့ပူဇော်ပွဲကို ၁၃၇၅-...
-
စာနိဒါန်း စာဖတ်ရတာ လွယ်သလောက် စာရေးရတာ မလွယ်ပါလားနော်။ စာရေးသူဖြစ်ဖို့ဆိုတာမလွယ်ဘူးလေ။ ရေးတဲ့အချိန်တွေ၊ စဉ်းစားဖို့အချိန်တွေပေးရပါတယ်။ ဖတ်...