သံဃာ့အသံ (The Voice Of Samgh)
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်ကြီး၏ မွေးနေ့တိုင်း
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် ပညာသင်ယူနေကြသော ကျောင်းသား ကျောင်းသူတို့၏ အတွေးအခေါ်၊
ကလောင်သွား၊ စားသားများ ထက်မြတ်၊ သွက်လတ်စေရန် ရည်စိတ်သန်၍ တက္ကသိုလ်ကြီး (၃)ခုမှ
ဗုဒ္ဓအသံမဂ္ဂဇင်း၊ ဓမ္မအသံမဂ္ဂဇင်းနှင့် သံဃာ့အသံမဂ္ဂဇင်း သုံးခုကို ထုတ်ဝေလျှက်ရှိသည်။
ယခုနှစ် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၏ နှစ်လည် (၅)ကြိမ်မြောက် “သံဃာ့အသံ” (The
Voice of Samgha) မဂ္ဂဇင်းအတွက် စာမူများကို နတ္တော်လပြည့် (ဒီဇင်ဘာ ၁၇ရက်နေ့)
နောက်ဆုံးထား ပို့ပေးရန် ဖိတ်ခေါ်ပါသည်။
၁။ လေးမျက်နှာထက် မကျော်လွန်သော
(က)
ဆောင်းပါး (ခ) ၀တ္ထု
မှတ်ချက်။ ။ အင်္ဂလိပ်၊ မြန်မာ ကြိုက်နှစ်ရာ
၂။ တစ်မျက်နှာထက်
မကျော်လွန်သော
(က) ကဗျာ (ခ) ဟာသ၊ ကာတွန်း
၃။ စည်းမျည်းများ
(က) မည့်သည့် ဌာနကမှ
ထည့်သွင်းထားခြင်း မရှိခြင်း
(ခ) ကိုယ်ပိုင်မူ ဖြစ်ခြင်း
(ဂ) သဒ္ဓါတရား၊ စာပေအသိ၊
အထွေထွေဗဟုသုတများကို တိုးပွားစေခြင်းတို့ကို ရည်ရွယ်ပါသည်။ မှတ်ချက်။ ။
ဆောင်းပါးများကို Soft Copy/ Hard Copyနှင့် မိမိတို့ဆောင်းပါးနှင့် သင့်တော်သည့်
ဓာတ်ပုံများ ထည့်လိုက တပါးတည်း “နတ္တော်လပြည့် (ဒီဇင်ဘာ ၁၇ရက်နေ့) နောက်ဆုံးထား”
ပို့ပေးရန်။
ပို့ပေးရန်ဌာန-----------
မဂ္ဂဇင်းဖြစ်မြောက်ရေးအဖွဲ့= ကွန်ပြူတာခန်း၊
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်
အီးမေးလ် sitagustar2010@gmail.com/
thesitagu@gmail.com
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၄-၁၁-၂၀၁၃
www.thesitagu.org


Thursday, November 14, 2013
sitagustar
Posted in:
0 comments:
Post a Comment