
Monday, December 16, 2013

sitagustar
No comments
အမြတ်မရကြောင်း ၆ ပါး
(သီတဂူစတား စာတိုပေတို)
(၁) ကုသိုလ်ကောင်းမှု အရာပဲ ဖြစ်ဖြစ်၊
စီးပွားရေးအကျိုးအမြတ်အရာပဲ ဖြစ်ဖြစ် အလိုကြီးရင်၊ လိုချင်အားကြီးလျှင်
မရတတ်။
(၂) အမျက်ဒေါသ ကြီးလျှင်လဲ မရတတ်ဖြစ်သည်၊ ဒီဟာကို ရကို ရစေရမည်၊ မရလျှင်
သိစေရမည်ဟုသော ဒေါသကြီးလျှင် လိုချင်တာ မရတတ်ဖြစ်သည်။
(၃) အပျင်းကြီးလျှင်လဲ
လိုချင်တာ မရတတ်၊ ဘယ်အရာမဆို ၀ီရိယရှိနေရမည်၊ ၀ီရိယမရှိ ထိနမိဒ္ဓဖြစ်နေလျှင်
ရသင့်ရထိုက်သည့် အခွင့်အလမ်းများ ဆုံးရှုံးမည်။
(၄) စိတ်ယောက်ယက်ခက်ပြီး
မတည်မငြိမ် ဖြစ်နေလျှင်လည်း ရသင့်ရထိုက်သည့် အခွင့်အလမ်းများ မရတတ်။ ၀ိပဿနာ၊ ဈာန်၊
မဂ်ဖိုလ်ကိုပဲ ဖြစ်ဖြစ်၊ လောကကြီးပွားရေးကိုပဲ ဖြစ်ဖြစ် စိတ်မတည်ငြိမ်ပါက
မရတတ်။
(၅) သို့လော သို့လော သံသယဖြစ်နေလျှင်လည်း မရတတ်၊ ချီတုံချတုံ ဖြစ်နေသည်၊
ဆုံးဖြတ်ချက်ကို မချနိုင်ပါက ရသင့်ရထိုက်သည့် အခွင့်အရေးများနဲ့
လွဲသွားတတ်သည်။
(၆) အမှား-အမှန် မသိက မရတတ်။ အမှားကို အမှန်ထင်၊ အမှန်ကို
အမှားထင်နေပြန်ရင်လည်း ထိုထိုသော ကောင်းကျိုးများနှင့် လွဲတတ်သည်။
(နီဝရဏ (၆)ပါး
ကို အဓိပ္ပါယ်ဖွင့်ဆိုသည်၊ နီဝရဏ ဟူသည် အခွင့်အလမ်းများ၏ အပိတ်အပင် အတားအဆီးများ
ဖြစ်သည်။)
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၈-၀၂-၂၀၁၃
Posted in: စာတို ပေတို
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဒီနေ့ သင်တန်းစတင်ပိတ် ********* ၂၀၁၆ B.A နောက်ဆုံးနှစ် ကျောင်းသားများနှင့် အမှတ်တရ။ (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်) မကြာမီ နေရာအသီး...
-
ဗိုလ်ချုပ်မှူးကြီး သီတဂူအဓိပတိအား လာရောက် ဖူး ********** သီတဂူ ၂၀၁၆ သြဂုတ် ၂၁ မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြ...
-
ဖွင့်ပွဲအခမ်းအနားသို့ကြွရောက်လာသော ဆရာတော်ကြီးများ အမှတ်တရ ပေးစဉ် သံဃာ့ရာဇာဆရာတော်ကြီးက ဖဲကြိုးဖြတ်ဖွင့်ပေးစဉ် လင်းဇာနည်းဇော်၊ အဆိုတော် စိမ်...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
“ကမ္ဘာ့ကိုးကွယ်ရာဘာသာကြီးများ၏ နိဒါန်း” စာအုပ် ထွက်ပြီ ************************ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ သီတဂူအဓိပတိဆရ...
-
အစ္စရေးနိုင်ငံ သမ္မတအိမ်တော်ရောက် သီတဂူအဓိပတိ *********** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၂ အစ္စရေးနိုင်ငံရောက် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရာြး...
-
မေတ္တာ၏အကျိုးကျေးဇူးများ စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်… (၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။ (၂) ကိုယ်မှာ ဖေ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
ဤပို့စ်လေးသည် ကိုဝိမုတ္တိသုခ၏ ဒီလိုလေးလုပ်ကြည့်ရင် ကောင်းမလား ဆိုတဲ့ ပို့စ်ကို အကြံပြုသည့် စာတမ်းဖြစ်ပါသည်။ ပူရင်းပို့စ်ကို ဤနေရာတွင် ကြည့်န...
0 comments:
Post a Comment