
Saturday, November 08, 2014

sitagustar
No comments
သီတဂူဆရာတော် ခတ္တမန္ဒုရောက်
သီတဂူဆရာတော်ကြီးနှင့်အဖွဲ့သည် နီပေါလ်နိုင်ငံ၊
ခတ္တမန္ဒုမြို့သို့ ဒီကနေ့ (၈-၁၁-၂၀၁၄) နေ့လည်ပိုင်းက ရောက်ရှိလာပါပြီ။ မနက်ဖန်
မနက်စောစောမှာ 15-11-2014 နေ့မှ 18-11-2014 နေ့အထိ ကျင်းပမည့် လုမ္ဗိနီ နိုင်ငံတကာ
ဗုဒ္ဓဘာသာအစည်းအဝေးကြီးအတွက် ကြိုတင်ပြင်ဆင်ရန် ကြွရောက်လာခြင်းဖြစ်သည်။
မနေ့က
ရောက်နှင့်သော စာရေးသူတို့ သီတဂူအလုပ်အမှုဆောင်အဖွဲ့တို့သည် ခတ္တမန္ဒုမြို့ပေါ်ရှိ
အထင်ကရ နေရာများသို့ လေ့လာကြသည်။ ခတ္တမန္ဒုတွင် နာမည်ကြီးဆုံး စေတီနှစ်ဆူမှာ
ဗုဒ္ဓနာထစေတီတော်နှင့် သယမ္ဘူစေတီတော်ဖြစ်သည်၊ ထိုစေတီတော်များသည်
တိဘတ်ဘုန်းတော်ကြီးများ၏ သာသနာအောက်တွင် ရှိနေပုံရသည်။
ခတ္တမန္ဒုတွင် ဗုဒ္ဓဘာသာ ၂၀
ရာခိုင်နှုန်းရှိသည်ဟု သိရသည်။ ရဟန်း၊ သာမဏေ၊ သီလရှင်တို့သည် မြန်မာပြည်က
ပုံစံအတိုင်းထပ်တူဖြစ်ကြသည်၊ အ၀တ်အစားကအစ မြန်မာသာသနာကို ပုံတူ၊ အတုယူနိုင်သော
နိုင်ငံလည်းဖြစ်သည်။ မြန်မာစကား ကောင်းကောင်းတတ်ကြသည်၊ မြန်မာပြည်မှာ
မနေခဲ့ဘူးသူများလည်း မြန်မာစကား ပြောနိုင်ကြသည်မှာ
အံ့သြစရာပင်ဖြစ်သည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၈-၁၁-၂၀၁၄
Posted in: အစည်းအဝေးများ
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဖေ့ဘုတ်အပေါ်က လူအကြိုက်များဆုံး ဓာတ်ပုံ တစ်ပုံ စာမိတ်ဆက် စာရေးသူ၏ ဖေ့ဘုတ်တွင် ပုံများစွာတင်ထားသည်။ ရောက်လေရာရာနေရာတွေက အမှတ်တရပုံတွေကော ဆရာေ...
-
အင်ဒိုနီးရှာကျောင်းသားများ ပြပွဲမှာ တိုးဝှေ့ပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ စာရေးဆရာမဟုတ်သော သီတဂူစတား ဒီကနေ့ ဘာပို့စ်တင်ရမလဲ စဉ်းစ...
-
ဆရာကောင်း နည်းကောင်း တွေ့ဖို့လိုတယ် အဲဒီမှာ ဘုန်းကြီး ချက်ချင်း စဉ်းစားမိတယ်။ ''ဒီဥရောပတိုက်သား အမေရိကတိုက်သား လူတွေဟာ ဗုဒ္ဓ ဘာသာ...
-
သိကြားမင်းရဲ့လျှောက်ထားချက် အသားမည်းတဲ့ ဒီရသေ့ဟာ မည်းတဲ့မြေကွက် ပေါ်မှာ နေနေတယ်။ မည်းတဲ့အဝတ်ကိုဝတ်တယ်။ မည်းတဲ့ အစားအစာကို စားတယ်။ ဒီတော့ ...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်ရှိ ပူနေးမြို့ ပူနေးတက္ကသိုလ်ကြီးသည် လွန်ခဲ့သော ၈ နှစ်ကထဲက စပြီး အရှိန်အဟုန်နှင့် ကျော်ကြားလာခဲ့ရာ၊ ပြည်တွင်းပြည်...
-
သီတဂူဆရာတော် ဂျေရုစလင် မိန့်ခွန်း *********** Your Venerable Your Excellency Mr. President / Prime Minister of Israel Excellencies ...
-
သီတဂူ Study Tour အင်ဒိုနီးရှား ********** သီတဂူ ၂၀၁၆ နိုဝင်ဘာလ ၆ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ တပည့် စာချ ဆရာတော်များနှင...
0 comments:
Post a Comment