
Monday, November 03, 2014

sitagustar
No comments
သီတဂူအဖွဲ့ နီပေါလ်နိုင်ငံသို့ ခရီးဆက်ခြင်း
နီပေါလ်နိုင်ငံ၊ ၂၀၁၄၊ ခုနှစ်
နိုဝင်ဘာလ၊ ၁၅-၁၆-၁၇ ရက်များတွင် ကျင်းပမည့် လုမ္ဗိနီ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ
ထိပ်သီး အစည်းအဝေးသို့ ကြွရောက်ကြမည့် သီတဂူဆရာတော် ဦးဆောင်သော သီတဂူအဖွဲ့တို့သည်
(နိုဝင်ဘာလ ၆ ရက်နေ့ တစ်ဖွဲ့၊ နိုဝင်ဘာလ ၇ ရက်နေ့=နံနက်၊ ညနေ နှစ်ဖွဲ့)
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စတင်ထွက်ခွါကြမည်ဖြစ်သည်။
ကမ္ဘာ့ယဉ်ကျေးမှု
အမွေအနှစ်ဖြစ်သည့် မြတ်ဗုဒ္ဓဖွားမြင်ရာ ဒေသသည် ယခုအခါ သဘာဝပတ်ဝန်းကျင်
ထိခိုက်ခြင်းအခြေအနေနှင့် ရင်ဆိုင်နေရသည် ဖြစ်သည်။ ထိုဒေသကို ကာကွယ်
စောင့်ရှောက်ဖို့ရန် နီပေါလ်နိုင်ငံ အစိုးရမှာသာ တာဝန်ရှိသည်မဟုတ်၊
ဗုဒ္ဓဘာသာနိုင်ငံအားလုံးမှာ တာဝန်ရှိသလို ယဉ်ကျေးမှုအမွေအနှစ်ကို ချစ်မြတ်နှိုးကြသော
ပညာရှင်များမှာလည်း တာဝန်ရှိနေပါသည်။
တာဝန်ရှိသည့်အားလျှော်စွာ ထိုဒေသကို
ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ၊ ယဉ်ကျေးမှု
တွေ့ဆုံ ဆွေးနွေးပွဲကြီး ဖြစ်မြှောက်အောင် သီတဂူဆရာတော်ကြီးနှင့် နီပေါလ်နိုင်ငံ
ထေရ၀ါဒတက္ကသိုလ် ဆရာတော် အရှင်ဥာဏပုဏ္ဏိကတို့ ဦးဆောင် ကမကထပြုလုပ်သည်။
သီတဂူဆရာတော်ကြီးနှင့် သီတဂူသာသနာပြုအဖွဲ့က ထိုအစည်းအဝေးကြီး၏
ကုန်ကျစရိတ်အားလုံးကို စပွန်ဆာပေးသည်။ အမေရိကန်ဒေါ်လာ နှစ်သိန်းဝန်းကျင်
ခန့်မှန်းထားသည်။
မြန်မာနိုင်ငံမှ သမ္မတကြီးသ၀ဏ်လွှာနှင့် သာသနာရေးဝန်ကြီးဌာန၊
ယဉ်ကျေးမှုဝန်ကြီးဌာနမှ ၀န်ကြီးများနှင့် တာဝန်ရှိသူများ၊ ပညာရှင်များ
တက်ရောက်ကြမည်၊ နိုင်ငံပေါင်းစုံမှ ပညာရှင်များက စာတမ်းပေါင်း ( )ကို တင်သွင်း
ဖတ်ကြားကြမည် ဖြစ်သည်။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း)
သုံးခုမှ ပါမောက္ခများ၊ ကထိကများလည်း ထိုအစည်းအဝေးကြီး၏ အလုပ်အမှုဆောင်အဖွဲ့တွင်
ပါဝင်သဖြင့် ကြိုတင်၍ သွားရခြင်းဖြစ်သည်။
မှတ်ချက်။ ။ ထိုအစည်းအဝေးကြီသို့
စာရေးသူ သီတဂူစတားလည်း တက်ရောက်မည် ဖြစ်ပါ၍ ၆-၁၁-၂၀၁၄ နေ့ ညနေတွင် ရန်ကုန်မှ
စတင်ထွက်ခွါမည်
ဖြစ်ပါကြောင်း..။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂-၁၁-၂၀၁၄
Sent at 2:12 PM
Posted in: အစည်းအဝေးများ
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဖေ့ဘုတ်အပေါ်က လူအကြိုက်များဆုံး ဓာတ်ပုံ တစ်ပုံ စာမိတ်ဆက် စာရေးသူ၏ ဖေ့ဘုတ်တွင် ပုံများစွာတင်ထားသည်။ ရောက်လေရာရာနေရာတွေက အမှတ်တရပုံတွေကော ဆရာေ...
-
အင်ဒိုနီးရှာကျောင်းသားများ ပြပွဲမှာ တိုးဝှေ့ပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ စာရေးဆရာမဟုတ်သော သီတဂူစတား ဒီကနေ့ ဘာပို့စ်တင်ရမလဲ စဉ်းစ...
-
ဆရာကောင်း နည်းကောင်း တွေ့ဖို့လိုတယ် အဲဒီမှာ ဘုန်းကြီး ချက်ချင်း စဉ်းစားမိတယ်။ ''ဒီဥရောပတိုက်သား အမေရိကတိုက်သား လူတွေဟာ ဗုဒ္ဓ ဘာသာ...
-
သိကြားမင်းရဲ့လျှောက်ထားချက် အသားမည်းတဲ့ ဒီရသေ့ဟာ မည်းတဲ့မြေကွက် ပေါ်မှာ နေနေတယ်။ မည်းတဲ့အဝတ်ကိုဝတ်တယ်။ မည်းတဲ့ အစားအစာကို စားတယ်။ ဒီတော့ ...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်ရှိ ပူနေးမြို့ ပူနေးတက္ကသိုလ်ကြီးသည် လွန်ခဲ့သော ၈ နှစ်ကထဲက စပြီး အရှိန်အဟုန်နှင့် ကျော်ကြားလာခဲ့ရာ၊ ပြည်တွင်းပြည်...
-
သီတဂူဆရာတော် ဂျေရုစလင် မိန့်ခွန်း *********** Your Venerable Your Excellency Mr. President / Prime Minister of Israel Excellencies ...
-
သီတဂူ Study Tour အင်ဒိုနီးရှား ********** သီတဂူ ၂၀၁၆ နိုဝင်ဘာလ ၆ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ တပည့် စာချ ဆရာတော်များနှင...
0 comments:
Post a Comment