ရွှေကျင်ဂိုဏ်းလုံးကျွတ် အကြိုအစည်းအဝေး တက်ရောက်
၁၄-၁၂-၂၀၁၄ နေ့ မနက်ပိုင်းက
မှော်ဘီမြို့ ဓမ္မဒူတကျောင်းတိုက်သို့ ၁၃၇၆ခုနှစ် တပိုတွဲလဆန်း (၈-၉-၁၀) ၂၀၁၅ခုနှစ်
ဇန္န၀ါရီလ (၂၇-၂၈-၂၉)ရက်များတွင် ကျင်းပမည့် (၁၉)ကြိမ်မြောက်
ရွှေကျင်ဂိုဏ်းလုံးကျွတ်၏ အကြိုအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
စာရေးသူသည် ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့၊ ၁၅ ကြိမ်မြောက် ရွှေကျင်ဂိုဏ်းလုံးကျွတ် အကြိုအစည်းအဝေးတက်ရောက်ပြီး ထိုအစည်းအဝေးကြီးနဲ့ အလှမ်းကွားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။
ယခုတစ်ကြိမ် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကိုယ်စား ဒေါက်တာအရှင်ဝေဠုရိယဥာဏာလင်္ကာရနှင့် အတူတက်ရောက်ခဲ့သည်။ တောင်မြို့မဟာဂန္ဓာရုံမှာနေခဲ့စဉ်က စာချဆရာများကိုလည်း ဖူးမျှော်ခဲ့ရသည်။
အကြိုအစည်းအဝေးသို့ ရွှေကျင်ဂိုဏ်းကြီး၏ အထက်မြန်မာပြည် အောက်မြန်မာပြည် ဥပဥက္ကဋ္ဌဆရာတော်များ အလုပ်အမှုဆောင်ဆရာတော်များ တက်ရောက် ဆွေးနွေးကြသည်ကို ဖူးမျှော်ခဲ့ရသည်။
အစီအစဉ်အရ-၀ိဇ္ဇောတာရုံဆရာတော်က
အဖွင့်သြ၀ါဒနှင့် အပိတ်သြ၀ါဒမိန့်ကြားသည်။ (၁၉)ကြိမ်မြှောက်
ရွှေကျင်ဂိုဏ်းလုံးကျွတ်အစည်းအဝေး၏ အစီအစဉ်များ (၁၈)ကြိမ်မြှောက်က အစီအစဉ်အတိုင်းပဲ
သဘောတူကြသည်။ ပင့်သံဃာများကို ပင့်ရာဝယ် ရန်ကုန်တိုင်းနှင့် ပြည်ပမှ
ရွှေကျင်ဂိုဏ်းဝင် သံဃာတော် (၄၀၀) သက်မှတ်ပြီး ကျန် ၆၀၀ပါး စုစုပေါင်း ပင့်သံဃာ
(၁၀၀၀)ပါး သက်မှတ်ကြသည်။ ပြည်ပသံဃာများကိုပင့်ရာ ယခုအကြိမ်အတွက် ဂျာမနီနှင့်
ရုရှားနိုင်ငံများရှိ ရွှေကျင်သံဃာများကို တိုးပင့်မည်။ ပြည်ပသံဃာ ပင့်ဆောင်ရေးအတွက်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က
တာဝန်ယူသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၄-၁၂-၂၀၁၄


Monday, December 15, 2014
sitagustar
Posted in:
0 comments:
Post a Comment