သီတဂူဆရာတော် အိန္ဒိယနိုင်ငံသို့ကြွ
--------------------
၂၀၁၅ခုနှစ်၊ အောက်တိုဘာလ (၁၃)ရက်
သီတဂူဆရာတော်ဘုရားကြီးနှင့် ကပ္ပိယ ကိုဘာဘူ၊ ဗိသုကာပညာရှင် တမ္ပ၀တီ ဦးဝင်းမောင်၊ ကိုချိုဇော်မင်းတို့သည် ယနေ့ (၁၃-၁၀-၂၀၁၅) နေ့လည် လေယာဉ်ဖြင့် အိန္ဒိယနိုင်ငံသို့ ကြွရောက်ပါသည်။
အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဂယာမြို့ရှိ မဟာဗောဓိစေတီတော်တွင် မင်းတုန်းမင်းကြီး လှူဒါန်းထားသော သမိုင်းဝင် မှတ်တမ်းကျောက်စာ ပြန်လည်ပြုပြင်ရန်အတွက် အိန္ဒိယနိုင်ငံသို့ ကြွရောက်ခြင်းဖြစ်သည်။
အိန္ဒိယအစိုးရအဖွဲ့၏ခွင့်ပြုချက် ရရှိပြီဖြစ်သောကြောင့် ပြုပြင်ရန် ပထမအကြိမ်သွားရောက် ကြည့်ရှုကြခြင်းဖြစ်ပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ“
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၁၀-၂၀၁၅
www.sitagustar2020.net

Tuesday, October 13, 2015
sitagustar

Posted in:
0 comments:
Post a Comment