သီတဂူသာသနာပြုအဖွဲ့အောက်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ ပညာရေးကဏ္ဍတွင် လူဝတ်ကြောင်အများအတွက် အထူး ဗုဒ္ဓဓမ္မသင်တန်းလည်း စစ်ကိုင်းမှ စတင်ကာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူသာသနာပြုအဖွဲ့အောက်ရှိ သီတဂူကျောင်းများတွင်လဲ နွေရာသီဗုဒ္ဓဓမ္မသင်တန်းတွေကို ဖွင့်လှစ်သင်ကြားခဲ့သည်မှာ ကြာပြီဖြစ်သည်။ ယခုနှစ်မှာတော့ ၂၀၁၁/၂၀၁၂ ပညာသင်နှစ်က စပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) တွင် လူဝတ်ကြောင်များအတွက် အထူးသင်တန်းများ စတင်ခဲ့သည်၊ သီတဂူဆရာတော်ကြီး ကိုယ်တိုင် အချိန်ရသလောက် ၀င်ရောက် သင်ကြားပေးခဲ့သည်။ သီတဂူတပည့် ဒေါက်တာအရှင်မြတ်များကလဲ ဘာသာရပ်အလိုက် တာဝန်ယူကာ ၀င်ရောက် ပို့ချသည်ဟု ကြားသိရသည်။
ယခုနှစ်မှာလဲ တိုးချဲ့ပြီး နွေရာသီ ဗုဒ္ဓဓမ္မသင်တန်းများကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) တွင် စတင်ပို့ချနေပြီ ဖြစ်ပါသည်။ စာရေးသူသည် ထိုသင်တန်းနှင့်ပတ်သက်ပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) တွင် ပညာရေးတာဝန်ခံ ဖြစ်သော ဒေါက်တာအရှင်ပညာသီဟာလင်္ကာရအား မေးလျှောက်ခဲ့သည်။ သူက အောက်ပါအတိုင်း စနစ်တကျအစီအစဉ်များကို ပြောပြသည်။
ဗုဒ္ဓဓမ္မသင်တန်း ရည်ရွယ်ချက်
သီတဂူ နွေရာသီဗုဒ္ဓဓမ္မသင်တန်းကို အောက်ပါရည်ရွယ်ချက်တွေနဲ့ ၁၃၇၄-ခုနှစ်၊ တကူးလကွယ်၊ သောကြာနေ့၊ (ဧပြီလ ၂၀-ရက်၊ ၂၀၁၂-ခုနှစ်၊) နေ့လည်-၁-နာရီအချိန်မှာ ၄၀-ရက်သင်တန်း ဖွင့်ခဲ့ပါတယ်ဘုရား။၁။ အခြေခံလူ့ကျင့်ဝတ်စည်းကမ်းကို နားလည်လိုက်နာစေခြင်း၊
၂။ ဘာသာကြီးလေးရပ်တို့ကို နားလည်သဘောပေါက်စေခြင်း၊
၃။ ခေတ်အဆက်ဆက်က ပညာရှင်တို့၏အဆိုအမိန့်များကို ပြန်လည်သုံးသပ်ဝေဘန်တတ်စေလိုခြင်း၊
၎။ တကိုယ်ရေတကာယ သန့်ရှင်းစေပြီး ကျန်းမာရေးကို ဂရုစိုက်တတ်စေလိုခြင်း၊
၅။ မူးယစ်ဆေးဝါးများနှင့်မှုခင်းများအကြောင်းကို နားလည်စေပြီးရှောင်ရှားတတ်စေလိုခြင်း၊
၆။ လူမှုရေး၊ ဘာသာရေး၊ ပညာရေးပိုင်းတို့ကို လေ့လာရေးခရီးထွက်ပြီး လေ့လာဆည်းပူးစေလိုခြင်း၊
၇။ အင်္ဂလိပ်စာကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်စေလိုခြင်း-တို့ဖြစ်ပါတယ်ဘုရား။
အတန်းလိုက် သင်တန်းများ
ကလေးများကို ငါးတန်းကနေ ဘွဲ့ရပြီးသည်အထိ လက်ခံပါတယ်။ စာသင်ခန်းများကိုတော့ အခန်းခြောက်ခန်းခွဲပြီးသင်ပေးပါတယ်က) ငါးတန်းတစ်ခန်း
ခ) ခြောက်တန်းတစ်ခန်း
ဂ) ခုနှစ်တန်းတစ်ခန်း
ဃ) ရှစ်တန်းတစ်ခန်း
င) ကိုးတန်း-ဆယ်တန်း-ဘွဲ့ရတစ်ခန်း
စ) ဘုန်းကြီးများအတွက်တစ်ခန်း
အခုလာမည့် ကဆုန်လပြည့်ဗုဒ္ဓနေ့မှာ စာစီစာကုံးပြိုင်ပွဲနဲ့ ပန်းချီပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပပေးမှာဖြစ်ပါတယ်ဘုရား။
ကလေးများရဲ့ သင်တန်းမှတ်တမ်းကို တစ်ပတ်တစ်ခါ သူတို့ရဲ့ မိဘများထံ ပို့ပေးပါတယ်။ မိဘတွေ့ လက်မှတ်ထိုးပြီး ပြန်ပို့ပေးရတယ်ဘုရား။ လိုအပ်ရင် မိဘတွေနဲ့တွေ့ပြီး ကလေးအတွက် ဆွေးနွေးပေးပါတယ်ဘုရား။
အမှတ်ပေးစည်းမျဉ်းကိုတော့
၁။ အတန်းတက်မှန်ခြင်း - ၁၀-မှတ်၂။ စာရိတ္တကောင်းခြင်း - ၁၀-မှတ်
၃။ အိမ်စာပြုလုပ်ခြင်း၊ အတန်းထဲတွင်ပါဝင်ဆွေးနွေးခြင်းတို့အတွက် - ၁၀-မှတ်
၎။ စာစီစာကုံးနှင့်ပန်းချီအတွက် - ၁၀-မှတ်
၅။ တကိုယ်ရေတကာယသန့်ရှင်းခြင်း၊ စည်းကမ်းလိုက်နာခြင်းအတွက် - ၁၀-မှတ်
၆။ အင်္ဂလိပ်စာ အရေး၊ အပြော၊ အဖတ်၊ နားထောင်နိုင်ခြင်းအတွက်-၁၀-မှတ်။
၇။ နောက်ဆုံးစာမေးပွဲ၌ပေးမှတ်-၄၀-
စုစုပေါင်း ၁၀၀-မှတ်သတ်မှတ်ထားပါတယ်ဘုရား။
စုစုပေါင်းကျောင်းသားကျောင်းသူဦးရေ ၂၅၀-ရှိပါတယ်ဘုရား။
ဒေါက်တာအရှင်ပညာသီဟာလင်္ကာရ ပေးပို့သော သတင်းအတိုင်းဖြစ်ပါသည်။ စာရေးသူလဲ အလွန်ဝမ်းသာမိသည်။ သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် တပည့်ဒေါက်တာများက စိတ်ပါဝင်စားစွာ သင်ကြားပေးနေသည်ကို ၀မ်းသာ ပီတိဖြစ်မိသည်။ တချိန်က စာရေးသူလဲ ဓမ္မစကူးလ် (Dhamma School) ဆန်းဒေ စကူးလ် (Sunday School) သင်တန်းမျိုးကို မျှော်လင့်နေမိခဲ့သည်။ ယခုအခါ မိမိတို့ တက္ကသိုလ်က အထူးသင်တန်းတစ်ရပ်အနေနဲ့ အစီအစဉ်များရေးဆွဲပြီး ဆောင်ရွက်နေသည်အတွက် ၀မ်းသာ ပီတိဖြစ်ရပါတော့သတည်းးးးးးးးးးးးးးးးးးးးးးး။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁-၅-၂၀၁၂
0 comments:
Post a Comment