သီတဂူစတား

သီတဂူစတား

05 March 2010

အမျိုးသမီးစွမ်းဆောင်ရှင်

သီတဂူသာသနာပြုအဖွဲ့ကြီး၏ အမျိုးသမီးစွမ်းဆောင်ရှင်များ



အမျိုးသမီးစွမ်းဆောင်ရှင် (အပိုင်း-၁၂)

အစေခံဖြစ်ကြောင်း
ဘဝတစ်ခု ကဿပဘုရား လက်ထက်မှာ သူဋ္ဌေးသမီးပါ၊ ကဿပဘုရားရဲ့ သာသနာတော်မှာ ဘိက္ခုနီမကလေးတွေ သာမဏေမလေးတွေ သူ့အိမ်မှာဆွမ်းခံကြွလာ၊ ဆွမ်းမကျက်သေးဘူးဆိုပြီးတော့ ဘိက္ခုနီမလေးတွေ သာမဏေမလေးတွေကို မိဖိုးခန်းထဲခေါ်ပြီးတော့ ပုဂံဆေးခိုင်း၊ ဆန် ဖွတ်ခိုင်း၊ ငရုပ်သီးထောင်းခိုင်းဆို၊ အဲဒါခိုင်းတာ သာသနာ့ဝန်ထမ်း ရှင် ရဟန်းကို လူဒါယကာ ဒါယိကာမက အဲဒီလိုခိုင်းခြင်း စေခြင်းဟာ ဘဝအဆက် ဆက် ကျေးကျွန်ဖြစ်တတ်တယ်၊ အဲဒါခုဇ္ဇုတ္တရာ ကျေးကျွန်ဖြစ်ခြင်းဟာ အဲဒါပဲ။
ကိုရင်မလေးတွေ ရဟန်းမလေးတွေ ဘာလုပ်သလဲ။
ခိုင်းလို့ပါဘုရား။

ခိုင်းလို့ ဆွမ်းလေးတစ်ခွက်ကလေး မရဘူးဆိုပြီးတော့ မိဖိုးထဲဝင်ပြီးတော့ ထင်ခွေလို့၊ ရေခတ်လို့ ပုဂံဆေးလို့ ဒီလိုတွေလုပ်ပေးရတယ်၊ ပြီးတော့မှ ဆွမ်းကလေး ကျက်ပြီးတော့မှ ခူးခပ်ပြီး ပြန်သွားကြတယ်။ တချို့ လည်းပဲ အိမ်တွေမှာ သီလရှင်လေးတွေ ဒီလိုအခိုင်းခံနေတယ်၊ တစ်ခါတစ်ခါ တွေ့နေရတယ်၊ သတိပြုရမယ်နော်။

ခါးကုန်းဖြစ်ကြောင်း
နောက်တစ်ခုကတော့ ခါးကုန်းတယ်၊ အဲဒါလဲ ဗာရာဏသီပြည်မှာပဲ သူဋ္ဌေးသမီးဖြစ်တဲ့ဘဝ၊ ပစ္စေကဗုဒ္ဓါတွေ အိမ်ရှေ့ ဆွမ်းခံတန်းပြီးတော့ ကြွ၊ ထွက်ပြီးတော့ အမျိုးသမီးလေးတွေ ဆွမ်းထွက်လောင်း၊ နောက်ဆုံး ပစ္စေကဗုဒ္ဓါ ကိုယ်တော်လေးက ခါးကုန်းလေး၊ အဲဒါကို ကောင်မလေး ခပ်ငယ်ငယ် ဆွမ်းလောင်းပြီးတော့ သူကနောက်ဆုံး ကိုယ်တော်ကို လောင်းလိုက်ပြီးတော့ ကြည့်ပြီးတော့ ဟာ ကိုယ်တော်လေးက ခါးကုန်းနေတယ်၊ သူနဲ ဆွမ်းလောင်းတဲ့ ကောင်မလေးတွေကို အဲဒီလို ကုန်းပြပြီးတော့ အိမ်ထဲဝင်သွားတယ်၊ ခွက်ကလေးကိုင် ခါးကုန်းတဲ့ပစ္စေကဗုဒ္ဓါကိုလှောင်တာနော်။

ဥာဏ်ထက်ကြောင်း
အဲဒါ သူကဘဝအဆက်ဆက် ခါးကုန်းဖြစ်တယ်၊ အဲဒါလှောင်ခြင်း ပြောင်ခြင်းရဲ့အပြစ်ပေါ့နော်၊ ဥာဏ်ထက်ပြီးတော့ တစ်ခါတည်း ပဋိသမ္ဘိဒါ ဥာဏ်လေးပါးရတာကတော့ ပစ္စေကဗုဒ္ဓါတစ်ပါးကို အဲဒါ ယာဂုဆန်ပြုတ် လောင်း၊ ဆန်ပြုကလည်းအလွန်ပူတယ်၊ သပိတ်ထဲထည့်ထား၊ ပူလွန်းလို့ သပိတ်ကြီးကို မလိုက် ချလိုက်နဲ့ စားလို့မဖြစ်ဘူး၊ အဲဒါနဲ့ မိန်းကလေးက ဆွမ်းလောင်းပြီးတော့ ကိုယ်တော်မြတ်ကြီးကို ကြည့်ပြီးတော့ သနားသွားတာနဲ့ အရှင်ဘုရား ဟောဒီသပိတ်ခြေလေး အလှူခံပါဆိုပြီး သူ့လက်ကောက်ချွတ်ပြီးတော့ သပိတ်ခြေလုပ်ဖို့လှူလိုက်တာ၊ လက်ကောက်ကတော် တော်ကြီးတဲ့လက်ကောက်ဖြစ်မှာပေါ့။

စိန်လက်ကောက်ကြီး

အဲဒါလက်ကောက် သပိတ်ခြေလေးပေါ်မှာ တင်ပြီးတော့ ပစ္စေကဗုဒ္ဓါ က ယာဂုသောက်၊ ပြီးတော့မှ သပိတ်ဆေးပြီးတော့ ပြန်ခါနီးတော့ လက်ကောက်ကြီးကို ကြည့်တယ်၊ ဟိုကိုယ်တော်ကြီးက ဟာ လက်ကောက်ကြီးက ကျောက်စိမ်းလက်ကောက်ကြီးပဲ၊ အကြီးကြီးပဲ၊ လက်မလောက်အလုံးကြီးရှိတယ်ပေါ့၊ သပိတ်ခြေလုပ်ဖို့လဲတယ်ကောင်း၊ ကြည့်လိုက် ဟိုမိန်းကလေး ကြည့်လိုက်၊ လက်ကောက်ကြည့်လိုက် ပြန်ပေးရမလား၊ ယူသွားရမလားဆိုတဲ့ အဓိပ္ပါယ်ပေါ့။

ဆုတောင်း
အဲဒါ မိန်းကလေးက အရှင်ဘုရား ယူသာသွားလိုက်ပါတော့ဘုရား လှူလိုက်ပါတယ်ဘုရားနော်၊ နာနာစိုက်ကြည့်ရင် လိုချင်လို့ပဲမှတ်ထား။ ''ဣမိ နာ ပုညကမ္မေန - ဟောဒီ သပိတ်ခြေအတွက် လက်ကောက်တစ်ကွင်းကို လှူရတဲ့ဒီကောင်းမှုကြောင့်။ တုမှေ - အရှင်ဘုရားတို့တစ်တွေသည်။ ဒိဋ္ဌ ဓမ္မေ - သိတော်မူ မြင်တော်မူ ရတော်မူ ရောက်တော်မူ ဆိုက်တော်မူတဲ့ သစ္စာလေးပါးတရားကို။ စတူဟိ ပဋိသမ္ဘိဒါဟိ - ပဋိသမ္ဘဒါအပြား ဥာဏ် လေးပါးတို့နှင့်။ သဟ - အတူတကွ။ ဒိဋ္ဌေယံ - သိမြင်သည်ကိုဖြစ်ရပါလို ၏ဟု။ ပတ္ထနံ - ဆုတောင်းတဲ့အမှုကို။ အကာသိ - ကောင်းစွာမသွေ ပြု တော်မူလိုက်ပါပေသတည်း။
သာဓု သာဓု သာဓုပါဘုရား။

သပိတ်ခြေလက်ကောက်ကိုလှူပြီးတော့ အရှင်ဘုရားတို့သိတော်မူသော သစ္စာလေးပါးကို အရှင်ဘုရားတို့သိတဲ့အတိုင်း ပဋိသမ္ဘိဒါဥာဏ်တွေနဲ့သိရပါလို၏ အဲဒီဆုတောင်ပါပဲတဲ့။
သပိတ်ခြေကို လှူထားတဲ့ ကောင်းမှုမဟုတ်လား၊ အဲဒီကောင်းမှုသည် ကောင်းတာကိုပဲဖြစ်စေပြီးတော့၊ မကောင်းမှုသည် မကောင်းတာကို ဖြစ်စေတယ်၊ နိယာမ ဘယ်သူမှပြောင်းပြန်လှန်လို့မရဘူး။ မကောင်းတာတွေလုပ်ပြီးတော့ ကောင်းတာတွေဖြစ်ပါစေ မရဘူး၊ ဒီနိယာမကို နတ်ရော ဗြဟ္မာရော ပြောင်းပြန်လှန်လို့မရဘူး။
အဲဒါကြောင့် ခုဇ္ဇုတ္တရာ ခါးလည်းကုန်းတယ်၊ အစေအပါးအမျိုးမှာလည်းဖြစ်တယ်၊ သို့သော် ပရိသတ်ရေ ဥာဏ်ထက်တယ် ဗဟုသုတဓမ္မကထိက ဧတဒဂ်ရ အမျိုးသမီးစွမ်းဆောင်ရှင် ခုဇ္ဇုတ္တရာ အစအဆုံးအကုန်လုံး ပြီးပါပြီး။
ကိုင်း အားလုံးအမျှဝေဖို့ လိုက်၍ဆိုလိုက်ကြ။

အမျှဝေ

ဣဒံ မေ ပုညံ ဗောဓိဥာဏဿ ပစ္စယော ဟောတု။
အရှင်ဘုရား ဘုရားတပည့်တော်တို့၏ ဓမ္မဒါန ဓမ္မပူဇာ ဓမ္မဿ ဝန ဓမ္မဒေသနာ ဤကောင်းမှုသည် သစ္စာလေးတန် တရားမှန်ကို ပိုင်းခြား ထင်ထင် သိမြင်နိုင်သော ဗောဓိÓဏ်၏ အထောက်အပံ့ဖြစ်ပါစေသတည်း။ဤကောင်းမှု ကုသိုလ်အဖို့ကိုြ<ွကရောက်လာသော ပရိသတ်ကိုအစပြု၍ ဘုံသုံးဆယ့်တစ် ဖြစ်ဖြစ်များစွာ သတ္တဝါအနန္တတို့အား အညီအမျှ ဝေငှပါ ကုန်၏၊ ထိုထိုများစွာ သတ္တဝါတို့သည် ဤကောင်းမှုအဖို့ကို ကြားသိကြ၍ အမျှရ၍ ဝမ်းသာကြသည် ချမ်းသာကြသည် ဖြစ်ပါစေသော်။ အမျှ အမျှ အမျှယူတော်မူကြပါကုန်သော်။ သာဓု သာဓု သာဓုပါဘုရား။
အမျိုးသမီးစွမ်းဆောင်ရှင် ဤတွင်ပြီးဆုံးပါပြီး
ကျေးဇူးအထူးတင်ပါတယ်။

သီတဂူစတား
၅-၃-၂၀၁၀




03 March 2010

စီဘောက်က ဆွေးနွေးချက် (၃)

ထွန်းလင်းကျော်: သီတဂူစတား ကိုယ်တော်ဘုရား တပည့်တော်အသက်၂၂နှစ်ရှိပါပြီဘုရား. တပည့်တော်ခုထိ သာသနာ့အကျိုးအတွက် ဘာမှ မဆောင်ရွက်သေးဖူးပါ၊ ကိုကျိုးအတွက်သာ ဆောင်ရွက်နေဆဲပါ ဒါကြောင့်သာသနာ့အကျိုးကို မည်သို့ လုပ်ဆောင်ရမည်ကိုရှင်းပြပါ။

ကျေးဇူးတင်ခြင်း
မောင်ထွန်းလင်းကျော်ရေ ရှေးဦးစွာ ကျေးဇူးတင်ပါတယ်၊ မောင်ရင်တို့လို လူငယ်တွေ သာသနာပြုဆိုတဲ့ စကားတွေ ပြောဆိုနေခြင်း၊ ဘာသာရေးနှင့်ပတ်သက်တဲ့ အတွေးအခေါ်လေးတွေရှိနေခြင်းနှင့် သာသနာပြုလိုတဲ့ စိတ်ဆန္ဒလေးတွေ ရှိနေတာကိုက အလွန်ကျေနပ်စရာကောင်းနေပါတယ်။ ယနေ့ခေတ်လူငယ်တွေသည် ဘာသာရေးနှင့် တဖြေးဖြေး ဝေးလာနေသလိုဖြစ်နေပါတယ်၊ ရှေးယခင်က လူငယ် လူလတ်အများစုသည် ဘုန်းတော်ကြီးကျောင်းတွေမှာ ပညာသင်ကြားကြခြင်း၊ ဝေယျာဝေစ္စကုသိုလ်တွေ လုပ်နေကြခြင်းဖြင့် ဘုန်းတော်ကြီးများနှင့် နီးနီးစပ်စပ်ရှိလှသည်။ ယခုခေတ်မှာတော့ ဘုန်းတော်ကြီးကျောင်းတွေနှင့် အလှမ်းဝေးလာသလို ခံစားမိပါသည်။ ထို့ကြောင့် လူငယ် လူလတ်တွေ အတွက် သီရိလင်္ကာနိုင်ငံကဲ့သို့ အစိုးရ၏ အထောက်အပံ့ဖြင့် သို့မဟုတ် လွတ်လပ်သော ဆန်းဒေစကူး (Sun Day) ကဲ့သိုသော ဘာသာရေးကျောင်းများ များများ ပေါ်ပေါက်လာဘို့ မျော်လင့်နေမိပါသည်။ စီးပွားရေးကြောင့်ပဲလား၊? ခေတ်ကာလရဲ့ အပြောင်းအလဲတွေကြောင့်ပဲလား? မပြောတက်ပါ။ တိုးတက်နေတာလား? ဆုတ်ယုတ်နေတာလား? ဘုန်းဘုန်းတို့က Economic, politic points ကနေမကြည့်လိုပါဘူး spiritual or mental progressive စိတ်ပိုင်းဆိုင်ရာ တိုးတက်၊ဆုတ်ယုတ်မှုကိုပဲ ပြောလို့ရပါသည်။ အသက် ၂၂ နှစ်သာရှိသေးတဲ့ မောင်ထွန်းလင်ကျော်က ယခုလို အတွေးလေးရှိနေတာကိုက သာသနာအတွက် ကျေးဇူးတင်စရာဖြစ်ပါတယ်။

သာသနာဆိုတာ
မောင်ထွန်းလင်းကျော်ရေ- ဦးစွာ သာသနာဆိုတာ ဘာလဲဆိုတာ သိဘို့လိုပါတယ်၊ သာသနာနှင့်ပတ်သက်ပြီး အယူအဆ များစွာရှိပါတယ်။ ဒါပေမဲ့ တူညီပြီး အလွယ်ဆုံးနှင့် အတိုဆုံးပြောရရင် မြတ်စွာဘုရား၏ အဆုံးအမ၊ သြ၀ါဒ၊ ဆိုလိုပါတယ်၊ မြတ်ဗုဒ္ဓရဲ့ အဆုံးအမသည်လည်း ရှင်းလင်းပြီး လွယ်ကူပါတယ်၊ လိုက်နာဘို့ရန်သာ လိုအပ်ပါတယ်။ အကျဉ်းဆုံးနှင့် အလွယ်ဆုံး မြတ်ဗုဒ္ဓ၏ အဆုံးအမလေးကို မှတ်သားထားလိုက်ပါ။ အချက် ၃ ခုကိုသာ မှတ်ပြီး လက်တွေ့ဘ၀မှာ လုပ်နိုင်စွမ်းရှိသလောက် အကောင်အထည်ဖော်လိုက်ပါ။

၁။ သဗ္ဗပါပဿ အကရဏံ- မကောင်းတာ မှန်သမျှ အကုန်ရှောင်
၂။ ကုသလဿ ဥပသမ္ပဒါ- ကောင်းတာမှန်သမျှ အကုန်လုပ်
၃။ သစိတ္တပရိယောဒပနံ- စိတ်ကို ဖြူစင်အောင်ထား။
ဧတံ ဗုဒ္ဓါန သာသနံ။ ဤသည်ပင်လျင် မြတ်ဗုဒ္ဓ၏ အဆုံးအမ။
မကောင်းမှုရှောင် ကောင်းမှုဆောင် စင်ကြယ်စိတ်ထားပါ၊ ဆူဆူဗုဒ္ဓ ဟော်ဖော်ရ ဆုံးမသာသနာ။
မှတ်ချက်။ ။ သာသနာရဲ့ အဓိပ္ပါယ်သည်လည်း ကျယ်ဝန်းလှပါသည်။ ဤမျှလောက်ဖြင့် ထက်မြတ်သူတွေအတွက် လုံလောက်မည် ထင်ပါသည်။

သာသနာပြု
သာသနာပြုဆိုတဲ့ စကားလုံးက အလွန်ကြီးကျယ်နေပါတယ်၊ စကားလုံးက ကြီးကျယ်တော့ အလုပ်ကလဲ အကြီးအကျယ် လုပ်ရမယ်လို့ ထင်နေတက်ပါတယ်။ တကယ်တော့ အလွန်လွယ်ကူတဲ့ အလုပ်ပါ၊ ကိုယ်သာသနာပြုနေတာကို သာသနာပြုမှန်းမသိကြခြင်းသည် စကားလုံး၏ ကြီးကျယ်ခြင်းကြောင့်လည်းပါတယ် ထင်ပါတယ်။ သာနာပြု ဆိုသည်မှာ အလွယ်ဆုံးကတော့ စိတ်ကောင်းနှစ်လုံးကောင်း ပေါ်ပေါက်လာတဲ့အလျောက် ကာယကံမြောက် ပြုလုပ်လိုက်ခြင်းပင် ဖြစ်သည်ဟူ၍လည်း မှတ်သားနိုင်ပါတယ်။ သာသနာပြုနည်းတွေမှာလဲ အမျိုးမျိုးရှိပါတယ်၊ ဘုန်းဘုန်း လက်လှမ်းမီသလောက်ပဲ ပြောပါ့မယ်၊ လိုရင်းပေါ့ အများကြီးပြောဘို့လဲ မလိုဘူးထင်ပါတယ်။ ကိုယ့်ကိုယ်ကို သာသနာပြုခြင်းနှင့် သူတပါးအတွက် သာနာပြုခြင်း ဆိုပြီး ၂ မျိုးရှိပါတယ်။ ကိုယ့်ကိုယ်ကို သာသနာပြုတယ်ဆိုတာ အထက်ဖော်ပြပါ အချက် ၃ ရပ်ကို လက်တွေ့ကျကျ ကျင့်သုံးခြင်းဖြစ်ပါတယ်။ သူတပါးအတွက် သာသနာပြုတယ်ဆိုတာ၊ အလွန်ကျယ်ပြန့်ပါတယ်၊ အထက်ပါ အချက်များသည်ပင်လျင်လဲ သူတပါးအတွက် သာသနာပြုခြင်းမည်ပါတယ်။

အထင်အရှားဆုံး သာနာပြုနည်းတွေကတော့ ရဟန်းတော်များလို မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေကို ဟောပြောခြင်း၊ ပို့ချခြင်း၊ ကိုယ်သိတာ မှတ်ထားတာလေးတွေကို သူတပါးအား ဝေငှခြင်း၊ စသည်ဖြင့် နည်းမျိုးစုံနှင့် သူတပါးတို့အား ပညာတွေ ပေးဝေခြင်းသည်လည်း သာသနာပြုခြင်းမည်ပါသည်။ မိမိက ရဟန်းတော်များကဲ့သို့ ဟောပြောနိုင်စွမ်းမရှိ၊ ပို့ချနိုင်စွမ်းမရှိရင်တောင် ထိုရဟန်းတော်များ သို့မဟုတ် ဟောပြောဆရာ ဆရာမများ အတွက် တဘက်တလမ်းကနေ ကူညီနေခြင်းသည်လည်း သာနာပြုခြင်းမည်ပါတယ်။ ယနေ့ မြန်မာနိုင်ငံမှာ ပရဟိတအသင်းအဖွဲ့တွေ ဘာသာရေးအသင်းအဖွဲ့တွေ၊ လူမှုရေးအဖွဲ့အစည်းတွေ အမြောက်အမြားရှိပါတယ်၊ ထိုအဖွဲ့အစည်းများသည် သာသာပြုနေကြတယ်လို့ခေါ်ပါတယ်။

မြတ်ဗုဒ္ဓမိန့်ခွန်း
မြတ်ဗုဒ္ဓ ဘုရားဖြစ်ပြီး များမကြာမီမှာဘဲ ပဉ္စ၀ဂ္ဂီ၊ယသအမှူးရှိသော ရဟန်းတော်များကို သာသနာပြု စေလွတ်ရာမှာ မိန့်လိုက်တဲ့ စကားကို ကြည့်လိုက်ပါ၊ ‘‘စရထ ဘိက္ခဝေ စာရိကံ ဓမ္မံဒေသေထ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ’’ တဲ့၊ များစွာသော သတ္တ၀ါတွေရဲ့ အကျိုးစီးပွားနှင့် ချမ်းသာရေးအတွက် (ကိုယ် စိတ်အကျိုးစီးပွား) အတွက် ဟောကြ ပြောကြ ပို့ချကြ ဆိုပြီး မိန့်တော်မူထားတာ ရှိပါတယ်။ ဆိုလိုတာက အများအကျိုးအတွက် အလုပ်လုပ်နေရင် သာသနာပြုရာရောက်ပါတယ်။ တိုက်ရိုက် သာသနာပြုနည်းပေါ့၊ သွယ်ဝိုက်ပြီးတော့ သာနာပြုခြင်းမည်သည် တိုက်ရိုက် သာသနာပြုနေကြတဲ့ အဖွဲ့အစည်း၊ အသင်းအဖွဲ့၊ တစ်ကိုယ်တော် စသည်တို့အတွက် တဖက်တလမ်းကနေ အကျိုးပြုနေရင်လဲ သာသနာပြုရာရောက်ပါတယ်။ ဥပမာ-တိုက်ရိုက်သာနာပြုနေကြတဲ့ ပရိယတ်စာသင်တိုက်ကြီးတွေ ဗုဒ္ဓတက္ကသိုလ်ကြီးတွေ ပဋိပတ်ဌာနကြီးတွေမှာ လိုနေတာ ဟာနေတာလေးတွေ ဖြည့်ပေးနေရင်လဲ သာသနာပြုရာ မည်ပါသည်။ သာသနာတော်အတွက် အုတ်တစ်ချပ် သဲတစ်ပွင့် အနေနှင့် ပါဝင်နေခြင်းကိုပင် သာသနာပြုခြင်းဖြစ်ပါသည်။

ကိုယ်ဘာလုပ်နိုင်သလဲ?
သာသနာပြုတာနှင့် ပတ်သက်ပြီး ဘုန်းဘုန်းရဲ့ ဆိုဒ်ထဲမှာပဲ သီတဂူဆရာတော်ကြီး၏ ပူနေးသြ၀ါဒကို ဖတ်စေလိုပါသည်။ Missionary and Ministry သာသနာပြုနည်း ၂ မျိုးအကြောင်း အပိုင်းခွဲကာ တင်ပြီးဖြစ်ပါသည်။ သာသနာပြုလိုသော ပုဂ္ဂိုလ်များ ရင်းနှီးမြုတ်နှံရမည့် အရည်အသွေး ၂ရပ်ပါဝင်ပါသည်။ အများအကျိုးအတွက် ကိုယ် ဘာလုပ်ပေးနိုင်သလဲ? ဘာစိတ်ကူးတွေ ရှိနေလဲ? ကိုယ့်မှာ မျက်စိ နား နှာ စသည်တို့ဖြင့် လေ့လာ မှတ်သားထားတွေ ရှိနေပါလိမ့်မယ်၊ အကောင်း အဆိုးကို ခွဲခြားနိုင်တဲ့ အသိဥာဏ် ရှိနေပါလိမ့်မယ်၊ ဒါ့ပြင် သူတော်ကောင်းစိတ် (စေတနာ) လဲ လူတိုင်းမှာ ရှိနေပါလိမ့်မယ်လို မျော်လင့်ထားမိပါသည်၊ ထိုအရည်သွေးတွေများကို လက်နက်အဖြစ် အသုံးချကာ လူသားတွေအတွက် တဒေါင့်တကွေ့ကနေ ပါဝင်အကျိုးပြုနိုင်ပါလိမ့်မည်။ ဒါဆိုရင် သာနာပြုတယ်ဆိုတာ အလွယ်ကလေးပါလား လို့ မှတ်သားနိုင်ပါလိမ့်မည်ဟု မျော်လင့်မိပါသည်။ သီတဂူဆရာတော်ကြီး မိန့်တော်မူတဲ့ four M သည်လည်း သာသနာပြုနေသူများအတွက် မရှိမဖြစ်လိုအပ်ပါသည်၊ ထိုလေးမျိုးမှာ ၁။ Man power လူအင်အား ၂။ money power ငွေအင်အား။ ၃။ material power ပစ္စည်းများ၊ သာသနာပြုရာဝယ် လိုအပ်သည့် ရုပ်ဝတ္ထုပစ္စည်းများ။ ၄။ mind power စိတ်ဓာတ် အင်အား။ နောက်ဆုံး ပါဝါ အင်အားသည် အရေးအကြီးဆုံးဖြစ်ပါသည်။

ကဲ-မောင်ထွန်းလင်းကျော်ရေ- မောင်ရင်ရဲ့ စိတ်ဆန္ဒအတိုင်း ကာယကံမြောက် အထမြောက် လက်တွေ့ဘ၀ အကောင်အထည် ဖော်ပေတော့။ သီတဂူစတားသည် စာရေးဆရာမဟုတ်သည် အတွက်ကြောင့်၎င်း ပြည့်စုံစွာ ဖော်မပြနိုင်သည့်အတွက်တို့ကြောင့်၎င်း အမှားများ လိုအပ်ချက်များ များစွာ ပါပါလိမ့်မည်၊ ထို့ကြောင့်----------------

လိုဖြည့် ပိုဖျက် အမှားပြင် စနစ်ဖြင့် ဖတ်ရှုနိုင်ကြပါစေ။


သီတဂူစတား
၂-၃-၂၀၁၀

01 March 2010

ပါဠိဌာန လုပ်ရှားမှုတစ်ရပ်


အဘိဓမ္မာသင်တန်း

အဘိဓမ္မာသင်တန်းကို ပူးနေးမြို့ ပူးနေးတက္ကသိုလ် ပါဠိဋ္ဌာနတွင် ၂၅ ရက် ဇန်န၀ါရီလ ၂၀၁၀ မှ ၂၅ ဖေဖော်ဝါရီ ၂၀၁၀ အထိ ဖွင့်လှစ်သင်ကြားခဲ့သည်။ သင်ကြားပို့ချသည့် ဆရာတော်မှာ ချက်ကိုစလိုဗက်နိုင်ငံမှ အရှင်ဓမ္မဒီပဖြစ် သည်။ ဆရာတော်သည် ပဋိစ္စသမုပ္ပါဒ်နှင့် ပဋ္ဌာန်း ၂၄ ပစ္စည်းကို အဘိဓမ္မတ္ထ သင်္ဂဟကျမ်းစာကို အခြေခံ၍ သင်ကြားပြခဲ့ရာ သင်တန်းသူ သင်တန်းသားများ အကြိုက်တွေ့ခဲ့ကြသည်။

သင်တန်းဆရာတော်

ဆရာတော်သည် သီရိလင်္ကာနိုင်ငံတွင် ရဟန်းဖြစ်ခဲ့ပြီး မြန်မာနိုင်ငံ ဖားအောက် တောရတွင် သုံးနှစ် သီတင်းသုံးတော်မူ၍ အဘိဓမ္မာနှင့် ၀ိပဿနာတရားကို စာတွေ့လက်တွေ့ သင်ကြားတတ်မြောက်ခဲ့သည်။ ဆရာတော်သည် သင်ကြား သောအခါ ထေရ၀ါဒကျမ်းစာကို အဓိကမဏ္ဍိုင်ပြုလျက် အခြားဘာသာများမှ လာသော အကြောင်းအရာများကိုလည်း ညှိနှိုင်းတိုင်ဆိုင်လျက် သင်ကြား ပို့ချ ပေးသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ ပိဋကတ်သင်ကြား ပို့ချနည်းအတိုင်း သင်ကြားပေးသည်။ ဆရာတော်သည် ဘာသာ ရပ် ၁၈ မျိုး တတ်မြောက် ကြောင်းသိရသည်။


သင်တန်းချိန်

သင်တန်းချိန်မှာ နံနက် ၉း၃၀ မှ ၁၁း၀၀ အထိ ဖြစ်သည်။ သင်တန်းသို့ တက္ကသိုလ်ဆရာ ဆရာမများ စိတ်ပါဝင်စားသူများတက်ရောက်သင်ယူကြသည်။ သင်တန်းကာလအတွင်း မေးခွန်းများကို မေးကြ ဖြေကြသည်။ အထူးသဖြင့် သင်တန်း နောက်ဆုံးရက်ဖြစ်သည့် ၂၅ ဖေဖေါ်ဝါရီလ ၂၀၁၀ နေ့သည် သင်တန်း ပို့ချချက်နှင့် ပတ်သက်၍ စားပွဲဝိုင်း ဆွေးနွေးခန်းဖြစ်သည်။

ဂျပန်သူလေးများလည်း စိတ်ဝင်တစား မေးမြန်း

ဆွေးနွေးချက် အချို့

ကိုရီးယားနိုင်ငံမှ မဟာယာန ရဟန်းတော် စောလွင် က စတင်ဆွေးနွေးသည်။ သူ၏ မေးမြန်းချက်မှာ သက်မဲ့(စားပွဲခုံ)သည် ဒုက္ခဖြစ်သည် မဖြစ်သည် ရှင်းလင်း ပေးပါရန်။


ဆရာတော်က စားပွဲသည် ဒုက္ခဖြစ်သည် ဟုဖြေသည်။ စားပွဲခုံမှာ စိတ်ခံစားချက် မရှိသဖြင့် ဒုက္ခမဖြစ်နိုင်ပါကြောင်း ပြန်လည်ပြောသည်။ ဆရာတော်က ဒုက္ခသည် ဒုက္ခဒုက္ခ၊ သင်္ခါရဒုက္ခ၊ ၀ိမရိဏာမဒုက္ခဟူ၍ သုံးမျိုးရှိကြောင်း။ ထို့ကြောင့် စားပွဲခုံသည် ဒုက္ခသုံးမျိုးတွင် ပါဝင်သဖြင့် ဒုက္ခပင် ခေါ်ဆိုရကြောင်း မိန့်ဆိုသည်။ ထိုတွင် ကိုရီးယားရဟန်းတော်က မြတ်စွာဘုရားသည် သဗ္ဗေသင်္ခါရာ ဒုက္ခာ ဟုဟောတော်မူခဲ့ရာ ဓမ္မပဒအဋ္ဌကထာက ပဉ္စက္ခန္ဓာ ဒုက္ခာဟု ဖွင့်ဆိုခဲ့ပါကြောင်း။ ထို့ကြောင့် စားပွဲခုံသည် ဒုက္ခမဖြစ်နိုင်ပါကြောင်း ပြောဆိုသည်။ ကိုရီးယား ရဟန်းတော်၏ အယူအဆမှာ စားပွဲခုံသည် ခန္ဓာငါးပါးတွင် မပါဝင်။ ထို့ကြောင့် ၄င်းစားပွဲသည် ဒုက္ခမဖြစ်ဟု ပြောနိုင်ကြောင်း စသည်ပြောဆိုသည်။


ထို့နောက် ထိုင်ဝမ်သီလရှင်က သဗ္ဗံရူပံ အဟေတုကံ သာသ၀ံ ဟုပြောထားရာ ရုပ်သည် အဘယ်ကဲ့သို့ အဟေတုက၊ သာသ၀ဖြစ်ပါသနည်း ဟုမေးမြန်းသည်။

ထို့ပြင် မြန်မာရဟန်းတော် အရှင်သုဇနက ဝေဒနာ သညာတို့သည် တစ်ပါး စီပင်ဖြစ်ပါလျက် အဘယ်ကြောင့် ခန္ဓာဟု ဆိုရပါသနည်း ဟုမေးမြန်းသည်။

မြန်မာရဟန်းတော် အရှင်ကုသလ က စိတ္တ၀ီထိတွင် စက္ခုဝိညာဉ်သည် ရူပါရုံကို မြင်သည်ဟုဆိုရာ ပုံစံကို မြင်ပါသလော သို့မဟုတ် အရောင်အဆင်းကို မြင်ပါသလော ဟုမေးမြန်းသည်။ အရောင်ကိုသာ မြင်သည်ဟု ဖြေကြားသည်။

ထိုင်းနိုင်ငံမှာ မစ်စတာ ဥဒါန်းက ထေရ၀ါဒနှင့် ၀ဇိရာယာနတို့၏ ထူးခြားချက်ကို မေးမြန်းသည်။


ဆွတ်ဆလန်နိုင်ငံမှ အမျိုးသမီးတစ်ဦးက ပါဠိ၊ ဆန်စရစ်၊ ထေရ၀ါဒများကို မသိမတတ်ပါကြောင်း၊ သို့သော် သင်တန်းသို့ တက်ရောက်ခွင့်ရသဖြင့် စိတ်ကျေ နပ်မှု ရပါကြောင်း၊ အရှင်သည် စာတွေ့လက်တွေ့ သိထားသူဖြစ်၍ သင်တန်းကို ကောင်းစွာ သင်ကြားနိုင်ခဲ့ပါကြောင်း။ ကျေးဇူးများစွာလည်း တင်ရှိပါကြောင်း ပြောဆိုသည်။

ဂျပန်နိုင်ငံမှ PH.d ကျောင်းသူ ယူမီက ထေရ၀ါဒလာ ဗောဓိသုံးမျိုးအကြောင်းကို မေးမြန်းသည်။

အရှင်ကုသလက (ကောင်းမွန်) ဗောဓိဥာဏ်ကို ရပြီးနောက် ဤလောကသို့ ပြန်လာမည်ဆိုသည်မှာ ဖြစ်နိုင်မဖြစ်နိုင်နှင့် မိမိတို့၏ နေ့စဉ်ဘ၀ထဲတွင် အဘိဓမ္မာကို မည်ကဲ့သို့ အသုံးချနိုင်ပါသနည်းဟု မေးမြန်းသည်။

အီရန်နိုင်ငံမှ ကျောင်းသားတစ်ဦးက ရှေ့ဘ၀ နောက်ဘ၀ရှိသည်ကို အဘယ်ကဲ့ သို့ သိနိုင်ပါသနည်း မေးမြန်းသည်။

သင်တန်းသိမ်းပွဲ

ယနေ့ သင်တန်းပြီးဆုံးသည့်နေ့ဖြစ်၍ ကျောင်းသားများစုံညီတက်ရောက်လာကြ သည်။ ပါဠိဌာနမှ သင်တန်းတာဝန်ခံ ဆရာ ဥဇ္ဇောကုမာရ က သင်တန်းပြီး ဆုံးခြင်း အထိန်းအမှတ်အဖြစ် ဆရာတော်အား ပန်းစည်းနှင့် လှူဒါန်းဘွယ်များကို ဆက်ကပ်သည်။ ထို့နောက် ကျေးဇူးတင်စကား ပြောဆိုသည်။ ဆရာတော်ကလည်း ကျေးဇူးတင်စကား ပြန်လည်ပြောဆိုသည်။ ပန်းစည်းနှင့် လှူဒါန်းဘွယ်ရာများ ဆက်ကပ် ကျေးဇူးတင်စကား ပြောဆိုပြီးလျှင် ဆွေးနွေးပွဲကို ပြန်လည် စတင်သည်။ မကြာမီ ထမင်းကြော်နှင့် ကျရည်တစ်ခွက်စီချပေးသဖြင့် စား သောက်ရင်း စကားပြောဆိုကြသည်။ အဘိဓမ္မာသင်တန်းကို ငြိမ်းအေးမှု ကျေနပ်မှု ပျော်ရွှင်မှုများဖြင့် အဆုံးသတ်လိုက်ကြသည်။

ပျော်ရွှင်မှုတကာတို့တွင် တရားဖြင့် ပျော်ရွှင်မှုသည် အသာလွန်ဆုံးဖြစ်သည်။ အရသာတကာတို့တွင် တရားအရသာသည် အသာလွန်ဆုံးဖြစ်သည်။
(ဗုဒ္ဓ)

ကောင်းမွန် တင်ပြသည်
ကိုကောင်းမွန်ရေ-- ကျေးဇူးတင်ပါတယ်၊

သီတဂူစတား
၁-၃-၂၀၁၀

27 February 2010

ပူနေး မွေးနေ့ပွဲ


ဒီကနေ့ တပေါင်းလပြည့်
လတပေါင်းသို့ ရောက်လာပြန်ပါပြီ။ နှစ်စဉ်နှစ်တိုင်း သီတဂူလမင်းကြီးရဲ့ မွေးနေ့ပွဲအတွက် ပြင်ကြဆင်ကြ သန့်ရှင်းရေးတွေလုပ်နေကြတဲ့ သီတဂူလမင်းကြီးရဲ့ တပည့်သား၊ သမီးတွေရဲ့ ပုံရိပ်တွေကို ပြေးမြင်မိတယ်။ အခုလောက်ဆို မနက်မိုးလင်းလို့ စည်တော်ကြီး၏ စည်သံမောင်းသံတွေလဲ ကြားရောင်နေမိတယ်။ သီတဂူဂီတဉ္ဇလီရဲ့ ဓမ္မတေးသွားနှင့်အတူ သံဃာ ၁၀၀၀ ဆွမ်းလောင်းဟန်နှင့် စာရေးတံမဲဖောက်နေတဲ့ နံက် မိုးသောက်ယံအချိန်လေးကိုလဲ အမှတ်ရနေမိတယ်။ ဒီနေ့ဆိုရင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးရဲ့ ၀န်း အတွင်းမှာ သံဃာ ၁၀၀၀ ကျော် သီလရှင် ၁၀၀၀၊ သီတဂူကျောင်းဒကာ ကျောင်းအမတို့ဖွဲ့နှင့် ရပ်ဝေးရပ်နီးမှကြွရောက်လာကြသော သီတဂူသာသနာပြုအဖွဲ့တွေဖြင့် စည်းကားနေသည်။

ပြည်ပ မွေးနေ့ပွဲ
ပြည်ပမှာရောက်ရှိနေကြတဲ့ ဆရာတော်၏ တပည့်များကလဲ အလားတူ ဆရာတော်ကြီးအတွက် မွေးနေ့ပွဲများ လုပ်ပေးလေ့ရှိကြပါသည်။ ဗာရာဏသီ B.H.U တက္ကသိုလ်မှ Ph.D ကျောင်းသားများကလဲ ကျောင်းတက်နေကြသော မြန်မာ သံဃာတော်များကို ပင့်ဖိတ်၊ ဆွမ်းခဲဘွယ်များ ကပ်လှူခြင်းများ ပြုလုပ်နေသည်ဟု သိရပါသည်၊ အခြားဌာနတွေမှာလဲ ထိုနည်းတူစွာ ပြုလုပ်ကြပါလိမ့်မည်။

ပူနေး မွေးနေ့ပွဲ
အခုအချိန်မှာတော့ သီတဂူဆရာတော်ကြီးတပည့် အများစုသည် ပူနေးတက္ကသိုလ်မှာ ပိုများလာသည်၊ ဟိုတ်ဒရာဘက်၊ ဒေလီ၊ ဘုံဘေ စသည့် တက္ကသိုလ်ကြီးတွေမှာလဲ သီတဂူကျောင်းသားများရှိပါသည်၊ သို့သော်လည်း ကျောင်းသားအရေအတွက်နဲနေသဖြင့် ကျောင်းသားများသော ပူနေးတက္ကသိုလ်ကျောင်းသားများအဖွဲ့ထံကိုပဲ စိတ်ဆန္ဒဖြင့် (စိတ္တသာမဂ္ဂီ) ပူးပေါင်းပါဝင်ကြောင်း တယ်လီဖုန်း၊ အီးမေးလ် စသည်တို့ကနေပြီးပို့ကြပါသည်။
သီတဂူကျောင်းသားများနှင့် သတင်းသုံးဖော်တို့ ငှါးရမ်းထားသော အိမ်သည် ကျယ်ဝန်းပါသည်၊ အဆောင်မှာကျင်းပဘို့ သိပ်အဆင်မပြေနိုင်သဖြင့် အများစု စုဝေးနိုင်ရန် အိမ်မှာပဲ ပြုလုပ်ဘို့ဆုံးဖြက်လိုက်ကြသည်။

ကိုယ်တိုင်ချက် ကိုယ်တိုင်ကပ်


မွေးနေ့ပွဲ
မွေးနေ့ပွဲလေးက ရိုးရိုးလေးပါပဲ၊ သီတဂူဆရာတော်ကြီး၏ တပည့်တွေ စုပေါင်းပြီး ပူနေးမြန်မာကျောင်းသား အားလုံးပင့်ဖိတ်ပြီး ဆွမ်းဟင်းမျိုးစုံတို့ဖြင့် ကိုယ်တိုင်ချက်ပြုတ် ဆက်ကပ်တဲ့ ပွဲလေးပါပဲ။ ဤကဲ့သို့သော ပွဲမျိုးလုပ်ဖြစ်မှပဲ ပူနေးရှိ မြန်မာကျောင်းသားများ မျက်နှာစုံညီ ဖူးတွေ့ရခြင်း၊ စကားများစွာပြောဖြစ်ခြင်း၊ ဆွေးနွေးခြင်းများစသည့် အခွင့်အလမ်းများရရှိကြပါသည်။ ဤကဲ့သို့ ကာယသာမဂ္ဂီ၊ စိတ္တသာမဂ္ဂီ ပူပေါင်းဆောင်ရွက်ခြင်း၊ စည်းလုံးညီညွတ်ခြင်းဖြင့် ဆရာတော်ဘုရားကြီးရဲ့ သက်တော် ၇၃ နှစ်ပြည့်မွေးနေ့ကို ပူဇော်လိုက်ကြပါသည်။ မြတ်စွာဘုရား မိန့်မှာသည်မှာ ငါ့ဘုရားကို ပူဇော်လိုက ငါ့ဘုရားဟောသည့် ဓမ္မအတိုင်း ကျင့်ကြံအားထုတ်ခြင်းဖြင့်သာ အကောင်းဆုံး ပူဇော်နည်းဖြစ်ပါတယ်။ မွေးနေ့ပွဲသို့ ပူနေးရှိ မြန်မာရဟန်းတော်များ ၂၀ ကျော် တက်ရောက်ကြပါသည်။



စီဘောက်က ပီတိစကားလေးတွေပါ


ဝိသုတ ဟိုက်ဒရာဘတ်: ဦးကောရေ မွေးနေ့ပွဲတက်ချင်ပါတယ်. ဒါပေမဲ့.--------- အဝေးကဘဲ ဆရာဘုရားရဲ့မွေးနေ့ပွဲကို အာရုံပြုဆုတောင်းလိုက်ပါတယ်။

ဘုန်းသြ: သီတဂူစတားရေ ကိုယ်လည်း ပူနေးမြန်မာကျောင်းသားတွေ အိမ်မှာကျင်းပတဲ့ ဆရာတော်ဘုရားရဲ့ မွေးနေ့ပွဲ တက်ရောက်ချင်လိုက်တာ ဒီမှာ ကိုယ်တစ်ပါးတည်းပဲ သီးသန့်ကျင်းပလိုက်တယ်။ လမင်းဘုရား သက်တော် ရာကျော် ရှည်ပါစေ။

ထွန်းလင်းကျော်: အရှင်ဘုရား--၂၇ ရက်နေ့မှာကျရောက်မယ့်မွေးနေ့မှာ အရှင်ဘုရားသက်တော်ရှည်ပါစေ...သာသနာ့အကြိုးကို ယခုထက်မက သယ်ပိုးနိုင်ပါစေလို့----အရှင်ဘုရားအား ဆုတောင်းပေးပါတယ်ဘုရား။

ဂျာမဏီ သဟာယော: ကြည်ညိုသဒ္ဓါပွါးပြီး လာပြီး နွှဲလိုက်ချင်ရဲ့ .... ဒီပွဲမျိုး။

ဦးကောဝိဒ: ပြည်ပမှာလည်း ဆရာတော်မွေးနေ့ပွဲ ကျင်းပတဲ့အတွက် ၀မ်းမြောက်ဂုဏ်ယူပါတယ်ဘုရား။

ပန်းကမ္ဘာ:ေ၇ာက်လာပြီး မုဒိတာပွားသွားပါတယ် ဦးကောရေ။

မော်ကွန်းသစ်: အရှင်ဘုရား ၀မ်းသာပါတယ်။ ဆွမ်းစားဝိုင်းလေးကို ထပ်တူခံစားမိပါတယ်ဘုရား ကျန်းမာပါစေ။

ဘုန်းသြ: အော် သီတဂူစတားရေ ဒီနေ့ဆိုယင် ဆရာတော်ဘုရား သက်တော် (၇၃) နှစ်ပြည့်သွားပြီနော်။ အားသစ်မာန်သစ်တွေနဲ့ နောင်နှစ်ပေါင်းများစွာ လူသားတို့ အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူနေမှာ မြင်ယောင်နေမိပါတယ်။

သီတဂူဆရာတော်ဘုရားကြီး သက်တော်ရာကျော် ရှည်ပါစေ။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူစတား
၂၇-၂-၂၀၁၀

25 February 2010

ဗဟုသုတဓမ္မကထိက အကယ်ဒမီ


အမျိုးသမီးစွမ်းဆောင်ရှင် (အပိုင်း-၁၁)

ခုဇ္ဇုတ္တရာ ဟောပုံ
ဘုရားလည်းကြွခွင့်မရဘူး၊ အရှင်အာနန္ဒာလည်း ကြွခွင့်မရဘူး။ ဒီမိန်းကလေး ခါးကုန်းမလေး ခုဇ္ဇုတ္တရာ နေ့တိုင်းဟောနေတာ ရွှေနန်းတော်မှာ တရားပွဲမစဲဘူး ပရိသတ်ရေ။ ခုဇ္ဇုတ္တရာဟောတဲ့ တရားတွေ စစချင်းတည်ဆောက်တဲ့ ဝါကျကို မမေ့နဲ့၊ 'ဣတိ ဝုတ္တံ ဘဂဝတာ' အဆုံးသပ်တော့လဲ ဒါပဲ၊ ဣတိ ဝုတ္တံ ဘဂဝတာ - မြတ်စွာဘုရား ဤသို့ဟောတော်မူပါသည်၊ စ လိုက်တာ အဆုံးလည်းဒါပဲ။

မှတ်တမ်းတင်သူ
ဒီတော့ ခုဇ္ဇုတ္တရာရဲ့ အဲဒီလိုပြန်ပြန်ဟောတဲ့ ဟောပြောချက်တွေ အကုန်လုံးကို အရှင်အာနန္ဒာကမှတ်ထား၊ မှတ်ထားပြီးတော့ စာရင်းလုပ်ထားတာ၊ အရှင်အာနန္ဒာစာရင်းပြုစုပြီးတော့ မှတ်တမ်းတင်ထားတာ သုတ္တန် ပေါင်း(၁၁၂)သုတ်ရတယ်၊ ဘယ်လောက်များသလဲ၊ ခုဇ္ဇုတ္တရာဟောတဲ့သုတ္တန် ပေါင်းဘယ်လောက်လဲ။
၁၁၂ သုတ်ပါဘုရား။

ဣတိဝုတ္တက သုတ္တန်များ
နည်းတဲ့သုတ်တွေမဟုတ်ဘူး။ အဲဒီတော့ စစချင်း ဘာနဲ့စ၊ ဣတိ ဝုတ္တံ ဘဂဝတာ၊ ဆုံးတော့လည်းပဲ ဣတိ ဝုတ္တံ ဘဂဝတာ၊ အဲဒါကြောင့် အဲဒီသုတ္တန်(၁၁၂)သုတ် အကုန်လုံးကို ဣတိဝုတ္တက သုတ္တန်များလို့ အရှင်အာနန္ဒာကစုပြီးတော့ ဘုရားပရိနိဗ္ဗာန်စံပြီးတဲ့အခါ ရာဇဂြိုဟ်မြို့မှာ ပထမသင်္ဂါယနာတင်တော့ အရှင်အာနန္ဒာက သံဃာငါးရာအစည်းအဝေးမှာ ဒါတွေကို လျှောက်တယ်။
ခုဇ္ဇုတ္တရာခါးကုန်းမလေးက သာမာဝတီကို ဒီသုတ်တွေဟောသွားပါတယ်ဘုရား၊ သံဃာငါးရာတို့က သဘောတူလျှင်အတည်ပြုပြဋ္ဌာန်းပေးတော်မူကြပါဘုရား၊ အရှင်အာနန္ဒာကလျှောက်တယ်၊
အရှင်မဟာကဿပခေါင်းဆောင်တဲ့ ရဟန္တာကြီးငါးရာက ခုဇ္ဇုတ္တရာဟောထားတာသည် ဘုရားဟောတာနဲ့ တစ်ထပ်တည်းပဲရယ်လို့ အကုန်လုံးအတည်ပြု၍ ဘာလုပ်လိုက်သလဲ သင်္ဂါယနာတင်တော်မူလိုက်ကြတယ်။ အနှစ်နှစ်ထောင်ငါးရာခရီးမှာ သင်္ဂါယနာခြောက်တန်စလုံး ခုဇ္ဇုတ္တရာရဲ့သုတ်တွေကို အကုန်လုံးအတည်ပြု သင်္ဂါယနာခြောက်တန်ဝင်ကျမ်းကြီးတစ်ခု ဖြစ်သွားတယ်။
အဲဒါသူဟောတဲ့ကျမ်းကိုမှတ်တော့ ဣတိဝုတ္တကပါဠိတော်၊ ဘာလဲ။
ဣတိဝုတ္တကပါဠိတော်ပါဘုရား။
အဲဒီလောက်စွမ်းတဲ့မိန်းကလေးတစ်ယောက်ကို ဘုရားက ဘာဘွဲ့ တွေပေးသလဲ -

''ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဗဟုဿုတာနံ ဓမ္မကထိကာနံ ဥပါသိကာနံ ယဒိဒံ ခုဇ္ဇုတ္တရာ''
ဘိက္ခဝေ - ရဟန်းတို့။ မမ သာသနေ - ငါဘုရားရှင်ကိုယ်တော် မြတ်ရဲ့သာသနာတော်မှာ။ ယဒိဒံ ယာ ဧသာ ခုဇ္ဇုတ္တရာ - ခုဇ္ဇုတ္တရာဆိုတဲ့ အကြင်အမျိုးသမီးသည်။ အတ္ထိ - ရှိပါပေ၏။ ဧတံ ဧသာ ခုဇ္ဇုတ္တရာ - ထို ခုဇ္ဇုတ္တရာဆိုတဲ့ အမျိုးသမီးငယ်သည်။ မမ သာဝိကာနံ - ငါဘုရားရဲ့အဆုံး အမစကားကိုလိုက်နာကြပေကုန်သော။ ဗဟုဿုတာနံ - သုံးပုံ ပိဋကတ် တရားမြတ်မှာ ဗဟုသုတများကြကုန်သော။ ဘယ်မှာဗဟုသုတများသလဲ၊ သုံးပုံပိဋကတ် တရားမြတ်မှာ အလွန်ဗဟုသုတများတယ်တဲ့၊ ဒါ ဗဟုသုတတွေကို ပြန်ပြီးတော့ တရားဟောတဲ့နေရာမှာလည်းပဲ စွမ်းဆောင်နိုင်တယ်၊ မိန်းမငါးရာ သောတာပန်တည်တယ်၊ အဲဒါကြောင့် ဓမ္မကထိကာနံ - တရား စကားတွေကို ဟောပြောတော်မူကြကုန်သော။ ဥပါသိကာနံ - ဒါယိကာမ အပေါင်းတို့တွင်။ အဂ္ဂံ အဂ္ဂါ - အမြတ်ဆုံး အတော်ဆုံး အသာဆုံးသည်။ ဟောတိ - ဖြစ်ပေ၏လို။ သတ္ထာ - လူနတ်တို့၏ဆရာ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်သည်။ ခုဇ္ဇုတ္တရံ နာမ ဥပါသိကံ - ခုဇ္ဇုတ္တရာခေါ်တဲ့ဒါယိကာမငယ်ကို။ ဗဟုဿုတဓမ္မကထိကဧတဒဂ္ဂဋ္ဌာနေ - ဗဟုသုတ ဓမ္မကထိက ဧတဒဂ်ရာထူး၌။ ဌပေသိ - ကောင်းစွာမသွေ ချီးမြှောက်တော်မူခဲ့ပါပေသတည်း။
သာဓု သာဓု သာဓုပါဘုရား။

ဗဟုသုတဓမ္မကထိက အကယ်ဒမီ
ပရိသတ်ရေ ဧတဒဂ်ရပြီတဲ့၊ ဗဟုသုတဓမ္မကထိကဧတဒဂ်ဘွဲ့၊ ဘာရသလဲ။
ဗဟုသုတဓမ္မကထိကဧဒတဂ်ဘွဲ့ပါဘုရား။
သာမာဝတီရလိုက်တာက မေတ္တာဝိဟာရီဧတဒဂ် ဟုတ်လား။
မှန်ပါ့ဘုရား။
ဟော ဘုရင်ကြီးက ဟို မာဂဏ္ဍီရဲ့ရန်တိုက်မှုတွေကို တစ်ဘက်သတ် အကုန်လုံးယုံပြီးတော့ သာမာဝတီနှင့်တကွသောမိန်းမငါးရာကို တည့်တည့်ကြီးတန်းပြီးတော့ စီပြီးတော့ အကုန်လုံးမတ်တတ်ရပ်ခိုင်းတာ၊ မတ်တတ် ရပ်ခိုင်းပြီးတော့ လေးပေါ်မှာမြှားတင်ပြီးတော့ မြှားတစ်ချက်ထဲနဲ့ ငါးရာလုံးပေါက်အောင်အကုန်လုံး ပစ်သတ်မယ်ဆိုပြီးတော့ ဒီလိုလုပ်တာ။

မေတ္တာစွမ်းရည်
သာမာဝတီအတ္ထုပ္ပတ္တိကျမ်းမှာအပြည့်အစုံပြောမှာ၊ အဲဒါကို သာမာဝတီကနောက်မှာရှိတဲ့မိန်းမငါးရာ ခုဇ္ဇုတ္တရာလည်း အဲဒီထဲမှာပါတယ်၊ ဟော သူငယ်ချင်းမတို့ ဒီကနေ့တော့ သေပေါက်သေဝရောက်ပြီ၊ အဲဒီသေဘးကို တို့မေတ္တာနဲ့တားမြစ်မယ်၊ ဘာနဲ့တားမြစ်မလဲ။
မေတ္တာနဲ့တားမြစ်မှာပါဘုရား။
တို့အပေါ်မှာ အကြီးအကျယ် အာဃာတရှိတဲ့မာဂဏ္ဍီ၊ တို့အပေါ်မှာ သတ်မယ်လို့ကြံစည်နေတဲ့ ရှင်ဘုရင်ကြီး ဒီနှစ်ယောက်သားရဲ့အပေါ်မှာ လုံးဝအမျက်မထားဘဲနဲ့ မေတ္တာပွားကြ၊ သာမာဝတီကညွန်ကြားတယ်။ တစ်ယောက်ထဲပွားတဲ့မေတ္တာမဟုတ်ဘူး၊ ဘယ်နှစ်ယောက်စုလဲ။
ငါးရာအစုပါဘုရား။
ငါးရာသောမိန်းမတွေ စုပို့တဲ့မေတ္တာက ထိရှတယ်၊ လေးပေါ်မှာ တင်ထားတဲ့မြှား ပရိသတ်ရေ ပစ်လို့မရဘူး၊ မထွက်ဘူး၊ ဘယ်လိုပဲ လက်ညှိုး ဆွဲနေစေကာမူ မောင်းမပြုတ်ဘူး၊ အဲဒီတော့ ဘုရင်ကြီး ချွေးတီးတီးကျပြီးတော့ မြားကိုပြန်ဖြုတ်၊ ပြန်ဖြုတ်လို့လည်းမရ၊ ပစ်လို့လည်းမရ၊ ဒီလိုဖြစ်နေတော့ မင်းတရား ပင်ပန်းတော်မူပြီလား
သာမာဝတီ ပင်ပန်းတော်မူတယ်။

ဘုရင်ကြီး မိန်းမခြေဖမိုးပေါ်
ဘေးကိုလွှဲပြီးပစ်လိုက်စမ်းပါ၊ မထင်မှတ်ဘဲ ထွက်သွားတယ်၊ နောက်တစ်ခါ ပြန်တင်ပစ်လို့မရဘူး၊ အဲဒီတော့ သုံးခါစီပစ်တာ ပစ်လို့မရတော့ ဥတေနရှင်ဘုရင်က သာမာဝတီရဲ့ခြေထောက်ဖက်ပြီးတော့ တောင်းပန်းတယ်၊ အသက်မရှိ စိတ်မရှိတဲ့မြှားကပင်လျှင် သာမာဝတီတို့ရဲ့ ဂုဏ်ကျေးဇူးကိုသိသေးတယ်၊ အသိစိတ်ရှိတဲ့ငါလိုမင်းတစ်ပါးက မသိတာ မိုက်မဲလေ ခြင်းဆိုပြီးတော့ ရှိခိုးလို့တောင်းပန်တယ်။

မေတ္တာအကယ်ဒမီ
အဲဒီမှာ သာမာဝတီကို ဘုရားက ''ဧတဒဂ္ဂံ ဘိက္ခဝေ မမသာဝိကာ နံ မေတ္တာဝိဟာရီနံ'' သူလည်းပဲ ရဟန်းမ မဟုတ်ဘူး၊ ရွှေနန်းတော်ထဲက မိဖုရားကြီးအဖြစ်နဲ့ရသွားတယ် မဟုတ်လား။ ''ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာ ဝိကာနံ မေတ္တာဝိဟာရီနံ ဥပါသိကာနံ ယဒိဒံ သာမာဝတီ'' ဘိက္ခဝေ - ရဟန်းတော်များအိုချစ်သားတို့။ မမ သာသနေ - ငါဘုရားရှင်ရဲ့သာသနာတော်၌။ ယဒိဒံ ယာဧသာ သာမာဝတီ - သာမာဝတီဆိုတဲ့ အကြင်အမျိုးသမီးသည်။ အတ္ထိ - ရှိပါပေ၏။ ဧတံ ဧသာ သာမာဝတီ - ထိုသာမာဝတီ ဆိုတဲ့အမျိုးသမီးသည်။ မေတ္တာဝိဟာရီနံ - မေတ္တာဈာန်ဝင်စားပြီးတော့နေ လေ့ရှိကြကုန်သော။ ဥပါသိကာနံ - ဒါယိကာမအပေါင်းတို့တွင်။ အဂ္ဂံ အဂ္ဂေါ - အမြတ်ဆုံး အတော်ဆုံး အသာဆုံးသည်။ ဟောတိ - ဖြစ်ပါပေ၏လို့။ သတ္ထာ - လူနတ်တို့၏ဆရာဖြစ်တော်မူသော ဘုရားရှင်ကိုယ်တော်မြတ်သည်။ သာမာဝတိံ - သာမာဝတီဆိုတဲ့မိဖုရားကြီးကို။ မေတ္တာဝိဟာရီဧတဒဂ္ဂဋ္ဌာနေ - မေတ္တာဝိဟာရီဧတဒဂ်ရာထူး၌။ ဌပေသိ - ကောင်းစွာမသွေ ချီးမြှောက်တော်မူခဲ့ပါပေသတည်း။
သာဓု သာဓု သာဓုပါဘုရား။

ပရိသတ်ရေ သာမာဝတီတဲ့၊ ဘာဘွဲ့ရတယ်။
မေတ္တာဝိဟာရီဧတဒဂ်ဘွဲ့ရပါတယ်ဘုရား။
ခုဇ္ဇုတ္တရာကရော။
ဗဟုသုတဓမ္မကထိကဧတဒဂ်ဘွဲ့ရပါတယ်ဘုရား။
လူ့ဘဝကတည်းကတွဲဖက်တယ်နော်၊ ဟိုအရပ်သားဘဝကတည်း တွဲဖက်တယ်၊ ရွှေနန်းတော်ကြီးရောက်ပြီးတော့လည်းပဲ တွဲဖက်ဖြစ်ပြီးတော့ ဘွဲ့တံဆိပ်နှစ်ခု တစ်ယောက်တစ်ခုစီ အသီးသီးရလိုက်ကြတယ်။ ဒီတော့ ပရိသတ်ရေ နိဂုံးမှာတော့ ဘုန်းကြီးတို့ ဘာပြောရဆိုတော့ ဒီလောက်ထူးချွန်ဘွဲ့ရတဲ့ ဒီခုဇ္ဇုတ္တရာဟာ ဘယ်နှယ်ကြောင့်ပရိသတ်ရေ အမျိုးညံ့မှာဖြစ်ရသလဲ ကျေးကျွန်ဘဝမျိုးဖြစ်ခဲ့သလဲဆိုတော့။

(အပိုင်း-၁၂)မျော်

သီတဂူစတား
၂၅-၂-၂၀၁၀

24 February 2010

မြန်မာဘလော့ဂ် အကယ်ဒမီ ဆုများ

၂၀၀၉ ခုနှစ်အတွက် အကောင်းဆုံး မြန်မာဘလော့ဂ် အကယ်ဒမီ ဆုများ

၁။ အကောင်းဆုံး သာသနာတော် အကျိုးပြု စာပေဘလော့ဂ်ဆု
သီတဂူစတား (http://www.sitagustar.net)

၂။ အကောင်းဆုံး နိုင်ငံအကျိုးပြု သတင်းနှင့်စာပေဆု ဘလော့ဂ်ဆု
စည်းလုံးခြင်းရဲ့ အင်အား (http://www.photayokeking.org)

၃။ အကောင်းဆုံး နည်းပညာ အကျိုးပြုစာပေဘလော့ဂ်ဆု

ညီနေမင်း (http://www.nyinaymin.com)

၎။ အကောင်းဆုံး လူမှုအကျိုးပြုပရဟိတ အသင်းအဖွဲ့ဘလော့ဂ်ဆု

စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း (http://www.everyoneit.com)

၅။ အကောင်းဆုံး ပညာပေး စာပေးဘလော့ဂ်ဆု
မြန်မာစာ မြန်မာစကား (http://myanmarsar.zaung.net)

၆။ အကောင်းဆုံး လူမှုဘ၀သရုပ်ဖော် စာပေဘလော့ဂ်ဆု
နှင်းနှင့်မာယာ (http://mysterysnow.blogspot.com)

၇။ အကောင်းဆုံး ရင်တွင်းဖြစ်ခံစားမှုစာစုများနှင့် ရသကဗျာ စာပေဘလော့ဂ်ဆု
မြစ်ကျိုးအင် (http://page-28.blogspot.com)

၈။ အကောင်းဆုံး အစုအဖွဲ့ ဘလော့ဂ်ဆု

ငပေါများဂေဟာ (http://www.crazyvilla.net)

၉။ အကောင်းဆုံး ဘာသာပြန်ရသ စာပေဘလော့ဂ်ဆု

ကိုပီတာရဲ့အတွေးပုံရိပ်များ (http://kopeter.blogspot.com)

၁၀။ အကောင်းဆုံး အထေထွေ ဘလော့ဂ်ဆု
Myanmar E-Books (http://burmesebooks.wordpress.com)
ဤအကောင်းဆုံး ဘလော့ဂ်အကယ်ဒမီဆုများကို သတ္တမနည်းပညာရပ်ဝန်းနှင့် မြန်မာဘလော်ဂါပရက်စ်တို့ စုစည်းစီစဉ်ဆောင်ရွက်၍ မြန်မာသတင်းသမဂ္ဂ၊ ပြင်သစ်နိုင်ငံအခြေစိုက် နယ်ခြားမဲ့ သတင်းထောက်များအသင်း RSF မှ ပေးအပ်ချီးမြင်သည်။ အသေးစိတ်ကို ဤနေရာမှာ ကြည့်နိုင်ပါသည်။ http://www.mmblogpress.org/for-regt-to-vote-for-vote/

သီတဂူစတား ဘလော့ဂ် ရမဲများ
ပယ်ဖျက်မဲအရေအတွက်--၃၉ မဲ
စုစုပေါင်း ရရှိသောမဲ------၁၃၀ မဲ


သီတဂူစတားအား အားပေးကြတဲ့ ဓမ္မညီအစ်ကို မောင်နှမများကို အထူးအထူး ကျေးဇူးတင်ရှိပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။


သီတဂူစတား
၂၃-၂-၂၀၁၀

23 February 2010

မွေးနေ့ မင်္ဂလာ ပူဇော်လွှာ


သီတဂူဆရာတော်ကြီး၏ မွေးနေ့ မင်္ဂလာ

ဗုဒ္ဓ၏ ထေရ၀ါဒ သာသနာတော် အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူနေသော ကျေးဇူးတော်ရှင် သီတဂူဆရာတော် အရှင်ဥာဏိဿရ ၏ ၁၃၇၁ခုနှစ် တပေါင်းလပြည့် (၂၇-၂-၂၀၁၀)နေ့တွင် သက်တော်(၇၃)နှစ်ပြည့် ၀ိဇာတ မွေးနေ့မင်္ဂလာ ၌ တပည့်တော် ရိုသေစွာ ရှိခိုး ကန်တော့လျှက် ချီးကျုး ပူဇော်ပါသည် ဘုရား………။

-သူတော်ကောင်း တစ်ယောက် ထွန်းပေါ်ပေါက် သူ့နောက်ဆွယ်ကျုံး၊ တစ်နယ်လုံးသည် ဘုန်းဆင့်လျှောက်၊ အမြင့်ရောက်၏။

-ပုဂ္ဂိုလ်တွက်ရေ၊ ရာကုဋေတွင် ၊ရှာဖွေပတ်နှောက်၊ သဒ္ဓါပေါက်သည်၊ တစ်ယောက် ရဲရဲထွက်နိုင်ခဲ၏။

-ဤ ပုဂ္ဂိုလ်ကား ၊လွန်စွာရှား၏ များပြားနေရာ မဖြစ်ပါဘဲ၊ ဖြစ်လာပြန်မူ၊ ထိုသူဖြစ်ရာ ၊ ရပ်ရွာအမျိုး၊ ချမ်းသာတိုး၏………။


ဟုသော ပညာရှိများ၏ စကားအတိုင်း သီလဂုဏ် ၊ သမာဓိဂုဏ် ၊ ပညာဂုဏ်တို့ဖြင့် ပြည့်စုံတော်မူသော သာသနာတော်အတွက် အားထားကိုးစားရာ ဖြစ်သော ဆရာတော်ဘုရားအား ဂုဏ်ပြုချီးကျူးခွင့်ရတဲ့အတွက် ရွှင်ပြုံးကြည်သာ ပီတိဖြာခဲ့ရပါသည်။ ချီးကျုးဂုဏ်ပြုလွှာ ရေးသားခွင့်ပေးသော အရှင်ကောဝိဒသိရီ (သီတဂူစတား) ပူနေး အရှင်ဘုရားအားလည်း ကျေးဇူးတင်ပါသည်။

ဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်းစဉ်များ

အပြည်ပြည်ဆိုင် သီတဂူ ၀ိပဿနာ ကမ္မဋ္ဌာန်းဌာန (စစ်ကိုင်း) SITAGU INTERNATIONAL VIPASSANA ACADEMY (SAGAING) သီတဂူသာသနာပြုအဖွဲ့ကြီး၏ ဦးစီးပဓာနဖြစ်တော်မူသော သီတဂူဆရာတော် ဘုရားကြီးသည်.....

၁။ စစ်ကိုင်းတောင် ရေအလှူတော်စီမံကိန်း
၂။ သီတဂူအာယုဒါန ဆေးရုံတော်
၃။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)နှင့်
၎။ သီတဂူ ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
၅။ သီတဂူ ဗုဒ္ဓတက္ကသိုလ် (မန္တလေး)
၆။ နာဂစ်အလှူတော်များနှင့် စာသင်ကျောင်း၊ ဆေးရုံအလှူတော်များ နှင့်
၇။ သီတဂူဗုဒ္ဓ၀ိဟာရ (အမေရိက) အစရှိသော ပရဟိတ စီမံကိန်းကြီးများကို ပြည်တွင်း ပြည်ပ အလှူရှင်များ၏ ထောက်ပံ့လှူဒါန်းမှုဖြင့် အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ပြီ။ စစ်ကိုင်းတောင်သည် သမိုင်းအစဉ်အလာအရ ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဓသာသနာ ထွန်းကားခဲ့ရာနေရာဖြစ်ပါသည်။ ယခုအခါ ထိုမြေမြတ်မဟာဝယ် အပြည်ပြည်ဆိုင်ရာ သီတဂူ ၀ိပဿနာကမ္မဋ္ဌာန်းဌာနကြီးကို အကောင်အထည် ဖော်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

ဆရာတော်ကြီး၏ တရားများနှင့် ဆုံးမ သြ၀ါဒများ

ဆရာတော်ကြီး၏ တရားများနှင့် ဆုံးမ သြ၀ါဒများကို စတင်နာကြားခဲ့ရတာက တော့ အတွင်းမီးအပြင်မီး တရားတော် ဖြစ်ပါတယ်။ ဒုတိယအကြိမ်နာကြားခဲ့ရတာကတော့ ၃၈ဖြာမင်္ဂလာနှင့် ပတ်သက်တဲ့ တရားခွေဖြစ်ပါတယ်။ ၃၈ဖြာမင်္ဂလာ နဲ့ပတ်သက်ပြီး ဆရာတော်ကြီးဟောကြားထားတာ ၉၆ခွေရှိပါတယ်။ နားကြားနိုင်အောင် သတင်းကောင်းပါးတာပါ။ နာကြားခဲ့ရသမျှထဲမှ အလျဉ်းသင့်တုန်း ပြန်လည်ဖြန့် ဝေရရင်ဖြင့်….

အတ္တသမ္မာပဏိဓိစ မင်္ဂလာနဲ့ ပတ်သက်လို့ ဟောကြားရာမှာ- မစ္ဆရိယ တရားနဲ့ ပတ်သက်ပြီး အသေးစိတ်ရှင်းထားပါတယ်။ နေ့စဉ်လူမှုဘ၀ အထွေထွေမှာ ရှင်သန်နေရစဉ် လူအမျိုးမျိုးအဖုံး တွေ့ကြုံဆက်ဆံနေရ တဲ့ ကျမတို့အဖို့ အလွန်တန်ဖိုးရှိတဲ့ အဆုံးအမတွေပါ။

မစ္ဆရိယတရား ၅ပါး ရှိပါတယ်။
အာဝါသ မစ္ဆရိယ - နေရာထိုင်ခင်းကို ၀န်တိုခြင်း။
လာဘ်မစ္ဆရိယ - အစားအသောက်၊ အ၀တ်အထည်၊ ပစ္စည်း ဥစ္စာကို ၀န်တိုခြင်း။
ဝဏ္ဏ မစ္ဆရိယ - ရုပ်ဆင်းနဲ့ ကျော်စောသတင်းကို ၀န်တိုခြင်း။
ဓမ္မမစ္ဆရိယ - အသိပညာကို ၀န်တိုခြင်း။

ဝန်တိုခြင်း ၅မျိုးကြောင့်ရလာမယ့် ဆိုးကျိုးတွေကလည်း အလွန်ဆိုးဝါးပါတယ်။ နေစရာ ထိုင်စရာမရှိ၊ စားစရာ ၀တ်စရာရှားပါးပြီး၊ အခြွေအရံနဲသူတွေဟာ မစ္ဆရိယစိတ်နဲ့ အဲဒီစိတ်ကြောင့်မှားမိတဲ့ အမှားများရဲ့ ဆိုးကျိုးတွေဖြစ်ပါတယ်။

ဆရာတော်ဘုရားက ထို မစ္ဆရိယစိတ်ကို ပယ်သတ်နိုင်ဖို့ကိုလည်း နည်းလမ်းများ ပေးထားပါတယ်။ စာဂ ဆိုတဲ့ စွန့်ကြဲပေးကမ်းလ စိတ်၊ လှူဒါန်းပေးကမ်းလိုသော စိတ်ကို မွေးမြူရမယ်။ အမှားကိုပယ်ပြီး အမှန်ကို ဆောင်ရွက်နိုင်ဖို့ရာ မိမိကိုယ်ကိုယ် ဆောက်တည်တဲ့စိတ် မွေးမြူ ပေးရမယ်လို့ ဆိုပါတယ်။

မိမိကိုယ်ကို ဆောက်တည်နိုင်ဖို့ရာ သင့်တင့်လျောက်ပတ်သော ဒေသမှာ နေရပါ့မယ်။ ပညာရှိသူတော်ကောင်းများကို ဆည်းကပ်ရပါ့မယ်။ ပညာရှိသူတော်ကောင်းများရဲ့ ဟောပြောဆုံးမ မှုများကို နာယူမှတ်သား ကျင့်ကြံရပါမယ်။

အဲသည်လို ကျင့်ကြံဖို့ ကတော့ မိမိကိုယ်ကို သတိနဲ့ထိန်းပြီး ဆောင်ရွက်နိုင်မှ ဖြစ်နိုင်ပါ့မယ်။ ကိုယ် နှုတ် စိတ် ၃ ပါးစလုံးကို ကောင်းစွာ ဆောက်တည်ထားပြီး သီလ၊ သမာဓိ၊ ပညာ၊ စာဂ စတဲ့ ကုသိုလ်မှုများနဲ့ ပြည့်ဝအောင်ကြိုးစားရမယ်။ အဲဒီလိုကြိုးစားခြင်းအားဖြင့် အင်မတန် ကြောက်စရာကောင်းတဲ့ မစ္ဆရိယစိတ်ထား များ မပေါ်ပေါက်အောင် တားဆီးနိုင်မယ် ဖြစ်တယ် လို့ ဟောကြားထားပါတယ်။

လူ့ဘ၀ဆိုတာ ရခဲဘိခြင်း လို့ဆိုပေမယ့် လူဖြစ်ရုံလောက်သာ ဖြစ်ပြီး လူ့ဘ၀ဟာ ဒုက္ခဘုံပါပဲလို့ သိရုံလောက်သိ ပြီး ကုသိုလ်၊ အကုသိုလ် မှန်းမသိ သေဆုံးကြရင် သံသရာ ကြောမှာ မျောနေတတ်တဲ့ သူတွေကိုလည်း တွေ့ကြရတာပဲ။ ကိုယ်လည်း အသိတရားလက်ကိုင်မထား ရင် အဲဒီလူတွေထဲက လူတစ်ယောက်ဖြစ်သွားမှာပါဘဲ။ အဲဒီလို အမှာကြီးမှား သတိလက်လွတ် မကြုံရအောင် မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ရပါမယ်။

ဆရာတော်ကြီး၏ အလွန်ပြည့်စုံစွာ ဟောပြောဆုံးမ ၊နည်းပြမှုများ အတိုင်း ကျင့်ကြံအားထုတ်ကာ မိမိတို့ မကောင်းတဲ့ အတွေးအကြံနဲ့ အကျင့်များဖြစ်ပေါ်တော့မယ် ဆိုရင် သတိထားနိုင်ပြီး ရှောင်ကြဉ်နိုင်ကြမယ်ဖြစ်ပါတယ်။

သူတော်ဆည်းကပ် ၊မြတ်တရားနာ
လွန်စွာအားထုတ်၊ နာမ်နှင့် ရုပ်ကို
ဖြစ်ချုပ် ဥာဏ်မြင်၊ ဤငါးအင်
မှန်ပင်မဂ်ရကြောင်း။


သူတော်ကောင်းတို့၏ ရနံ့သည် ပိတ်ပင်တားဆီး၍မရ အရပ်ဆယ်မျက်နှာလုံး ရနံ့လှိုင်၏ အရောင်အပြည့် သာနေသော လမင်းသည် ကောင်းကင်၌ တင့်တယ်သကဲ့သို့ သာသနာ အင်ကြင်းတော၌ ဆရာတော် အရှင်မြတ်၏ ဘုန်းကျက်သရေတို့သည် ထွန်းလင်းတောက်ပ လျှက်ရှိ၏။

ဘုန်းကျက်သရေဆိုသည်မှာ- အသိပညာ အရင်းခံ၍ လုံ့လကြီးစွာဖြင့် ကောင်းကျိုးရအောင် ဆောင်ရွက် နေသူ၏ နောက်သို့သာ အရိပ်ပမာ ထပ်ကြပ်မကွာ လိုက်ပါနေမြဲဖြစ်သည်။

ပူဇော်ထိုက်သူများကို ပူဇော်ခြင်းသည် ကောင်းမြတ်သော မင်္ဂလာမည်ပါ၏ ဟူသော တရားတော်နှင့် အညီ အရိုအသေ အလေးအမြတ်ပြု၍ ပူဇော်ထိုက်သူ မှီဝဲ ဆည်းကပ်ထိုက်သူ ……… အရှင်သူမြတ်အား ကြည်ညို သဒ္ဓါပွားများစွာဖြင့် ပူဇော်ကန်တော့လိုက်ပါသည် ဘုရား…။

ညခင်းနှင့်လမင်း ပူဇော်သည်။

21 February 2010

နေ့စဉ်မှတ်တမ်းထဲက တစ်ပုဒ်



ကျောင်းသားအရေးတော်ပုံ
ဒီကနေ့ ၂၁-၂-၂၀၁၀ မနက် ၆-၃၀ လောက် အိပ်ယာထ ထူးထူးဆန်း သူငယ်ချင်းက မြန်မာ့ မုန့်ဟင်းခါးလုပ်ကပ်တယ်၊ စားနေစဉ်မှာပဲ All of Friends! Let's go ဆိုတဲ့ အသံကြားလိုက်ရတယ်။ ဘာရယ်မသိသေးပါ။ သူငယ်ချင်းတွေ မေးကြည့်တော့ ၁၃-၂-၂၀၁၀ ရက်နေ့က ပူနေးမြို့ ဂျာမန်မုံ့ဆိုင် ဗုံးပေါက်ကွဲမှုဖြစ်ပွဲ့ခဲ့ရာ ပြည်သူ ၁၀ ကျော် သေဆုံး၊ ၆၀ ကျော် ဒဏ်ရာရခဲ့၊ အခုအခါ ဒဏ်ရာရသူများထဲက ဆေးရုံမှာ သေတဲ့နှုန်းတိုးလာနေသည်ဟုသိရသည်။ အသက်ဆုံးရှုံးသူများတွင် ကျောင်းသားအများစုပါဝင်သည်၊ ပြည်ပကျောင်းသားမှာ အီတလီကျောင်းသား ၁၊ အီရန် ၁၊ ဆူရန် ၁ ၊နှင့် အခြားနိုင်ငံမသိပါ၊ အားလုံး ပြည်ပကျောင်းသား ၄ အသက်ဆုံးရှုံးခဲ့သည်။



ကောလိပ်ပေါင်းစုံ
ထို အသက်ကဆုံးရှုံးသွားသော ကျောင်းသားများအတွက်ရော နောင်မျိုးဆက်သစ်တွေအတွက်ပါ ရည်စူးပြီး ဒီကနေ့ ကျောင်းသားများ လှုပ်ရှားမှုတစ်ခုလုပ်ခဲ့သည်။ ထိုလှုပ်ရှားမှုတွင် ပူနေးတက္ကသိုလ်နှင့် ပူနေးမြို့ပေါ်ရှိ ကောလိပ်ပေါင်းစုံက ကျောင်းသားများ ပါဝင်သည်၊ နိုင်ငံခြားအဆောင်မှ ကျောင်းသား ၄၀ လောက်ပဲ ပါဝင်ကြသည်။ ပြည်တွင်းပြည်ပ ကျောင်းသားအင်အား ၁၀၀၀ ခန့်ရှိသည်ဟု ခန့်မှန်းရသည်။

မြန်မာကျောင်းသားများလဲပါဝင်
မြန်မာကျောင်းသားများမှ သီတဂူစတားနှင့် နောင်တော်ကြီး ၃ ပါး ပါဝင်ခဲ့သည်။ ကျောင်းသားအရေးအခင်း ဖြစ်သည်အတွက် မဖြစ်မနေ ပါလိုက်ရပါသည်။ ကျောင်းသားခေါင်းဆောင်က မြန်မာကျောင်းသား တစ်ပါး သို့မဟုတ် နှစ်ပါးလောက်တော့ ပါဝင်စေချင်သည်၊ တစ်နိုင်ငံ တစ်ယောက်တော့ အနည်းဆုံးပါဝင်စေချင်သည်တဲ့။ သီတဂူစတားလဲ သိတဲ့အတိုင်းပဲ လူကသာအေးတာ ဟိုနားစပ်စပ် ဒီနားစပ်စပ် ပါလေ့ရှိတယ်၊ ရုံးစုရုံးစုနဲ့ လူတွေရှိနေရင် ရောက်အောင်သွားပြီး စပ်စုလေ့ရှိတော့ အခုလဲ အလိုလို ကားပေါ်ရောက်သွားတယ်။ ကားပေါ်မှာ ကျောင်းသား ၄၀ ကျော်လောက် ရောက်နှင့်နေပြီ။

မြန်မာကျောင်းသားများ ကိုယ်စား

အစီအစဉ်
နံနက် ၈ နာရီ အဆောင်မှ စတင်ထွက်ခွါ၊ ပူနေးမြို့ရှိ ရှေးဟောင်း ခံတပ်ကြီးမှာပဲ လူစုပြီး အစီအစဉ်များကို ကြော်ညာသည်၊ ထိုပွဲတွင် ပူနေးတက္ကသိုလ်မှ vice chancellor, Director, Professor, များ အပြင် ကောလိပ်ပေါင်းစုံမှ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ ပါဝင်ကြသည်။ အစီအစဉ်ကတော့ စုရပ်မှ စတင် ထွက်ခွါပြီး ကောလိပ်တစ်ခုရဲ့ အားကစားကွင်းမှာ သွားစုကြသည်။ vice chancellor နှင့် Professor အချို့က အလှည့်ကျပြောလိုက်သည်မှာ ဒီကနေ့ လှုပ်ရှားမှုသည် သေးဆုံးသွားသော ပြည်သူနှင့် ကျောင်းသားများအတွက် ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများအား ဆန့်ကျင်ကြောင်း၊ လုံခြုံရေးအတွက် ကျောင်းသားအချင်းချင်း ကူညီပံ့ပိုးကြစေလိုကြောင်း စသည်များ ပြောကြားသည်။



မြို့ထဲလှည့်လည်
စုရပ်ကနေ စတင်ထွက်ခွါသည်၊ ကုလားတွေ အော်ကြသည်၊ ဘာတွေအောမှန်းမသိ၊ မာရတီလိုအော်သည်၊ သီတဂူစတားတို့ ငယ်ငယ်က ဖြစ်ရပ်ကလေးကို သတိရမိလိုက်သည်။ သီတဂူစတား သာမဏေသကျသီဟ တတိဆင့် စရောက်တဲ့နှစ်ကပေါ့ ၈၈ အရေးတော်ပုံကြီးဖြစ်ခဲ့ဘူးသည်၊ ယခုလဲပဲ ဆရာနှင့်ကျောင်းသားစုရဲ့ အင်အားထုကြီးကို တွေ့လိုက်ရတော့ ငယ်ကဘ၀ကို အောက်မေ့မိသည်။ စာတမ်းပါသော စာရွက်များကိုင်ဆောင်ခါ လှည့်လည်ကြသည်။ တချို့ကLife is precious! ပါသော စာတမ်း၊ အချို့ကတော့ we want justices တဲ့၊ အချို့တော့ killing is not notice of Human တဲ့ အားလုံးကတော့ terrorizing and Violence ကို ဆန့်ကျင်ကြခြင်းပင်ဖြစ်ပါသည်။ နောက်ဆုံး အားကစားကွင်းမှာပဲိသေဆုံးသွားသော ကျောင်းသားအားလုံးအတွက် အားလုံး ၅ မိနစ်ငြိမ်သက်ကာ ဆုတောင်း မေတ္တာပို့ကြသည်။



ဆိုင်ဘုတ်ကြည့်ရတာ

ဆိုင်းဘုတ်တွေကြည့်ပြီး သူတို့ရဲ့ ကော်လိပ်တွေကို ကြော်နေသလိုပင်၊ အိန္ဒိယကျောင်းသားတစ်ယောက်က သီတဂူစတားနား ကပ်လာပြီး ဘယ်ကလဲ? ထိုင်းကလား? နေပါလီကလား? စသည်မေးသည်၊ မဟုတ်ဘူးကွာ မြန်မာနိုင်ငံကပါ ပြောလိုက်တော့ နားမလည်ဖြစ်နေသည်။ ဘားမားဆိုမှ နားလည်သည်၊ တော်တော် အတဲ့ကုလားပဲ မြန်မာကို မသိရှားဘူး။ သူကလဲ သူ့ကောလိပ်အကြောင်းပြောပြ၊ အခုမှ စဖွင့်တာဖြစ်ကြောင်း၊ အစီအစဉ်အသစ်အဆန်းတွေနှင့် လှုပ်ရှားနေကြောင်း ကြွားသွားသေးသည်၊ တွေ့ပါပြီး သီတဂူစတားထက် ကြွားသန်သူ၊ ဒီကုလားနှင့်တွေ့မှ သီတဂူစတားကို လူကြွားလို့ စီဘောက်ကနေ အော်နေကြတဲ့ အသံတွေ မြင်ယောင်မိတော့ ရီချင်စိတ်တွေပေါက်လာတယ်၊ မနဲကိုထိန်းထားရတယ်၊ ဟားတိုက်ရီလိုက်ရင် သူ့ကို လှောင်သလိုဖြစ်သွားမယ်၊ ကိုယ်ကတော့ ကိုယ့်အတွေးနှင့်ကိုပေါ့။


ရုပ်သံဌာနမှ စည်းပွားရေးနှင့် Ph.D ကညာနိုင်ငံမှ ကျောင်းသားအား အင်တာဗျူး


ဘယ်လိုသေကြမလဲ?
ယခုလို မချိမဆန့် သေးဆုံးသွားသော ကျောင်းသားများရဲ့ သတင်းစကားတွေ ကြားရတော့ စိတ်မကောင်းဖြစ်မိသည်။ ကျွန်ုပ်တို့ ဘယ်ချိန် ဘယ်အခါ ဘယ်နေရာမှာ ဘယ်လိုပုံစံနှင့် သေကြရမလဲဆိုတာ ဘယ်သူမှ မသိနိုင်ကြဘူး၊ ဖြုတ်ခနဲ ဖြုတ်ခြည်းရုတ်ခြည်း၊ တဖြုတ်ဖြုတ်နဲ့ သေလိုက်ကြတာ ကိုယ့်ထက်ငယ်သူတွေရော အရွယ်တူတွေပါ ကြွေကျနေတာ မြင်တော့လဲ တဒဂ်သတိသံဝေ ရမိတယ်၊ ကျွန်ုပ်တို့တတွေ ဒါကိုမေ့နေကြပီး တောင်အော် မြောက်အော်နှင့် အော်နေကြတယ် ဆူနေကြတယ်၊ ဘာမှ အရေးမပါတာတွေကို အရေးတကြီးလုပ်ပြီး ဝေဖန်နေလိုက်ကြတာ မသေတော့မဲ့ သူတွေကျနေတာပဲ၊ ဘာမှလဲ အနှစ်သာရမပါ။ ကိုယ် ဘယ်လိုသေရမလဲဆိုတာ မေ့နေလိုက်ကျတာ၊ ပြုံးပြုံးလေးနှင့်သေမလား? အော်ဟစ်ဆူပူပြီး သေမလား? ဆိုတာ ကျွန်ုပ်တို့ သတိသံဝေ ရသင့်ပါသည်။ တောင်မြို့မဟာဂန္ဓာရုံဆရာတော်ကြီးလို သေချင်ပါတယ် ဆိုတဲ့ ဆရာတော်ကြီးတပါးရဲ့ အဆုံးအမလေးကို သတိရမိပြန်တယ်၊ နေ့စဉ် စာချလာတဲ့ ဆရာတော်ကြီးက မသေမီ တစ်ရက်အလိုမှာ သုတ်ပါထေယျ ပါဠိတော် ပို့ချနေစဉ်ပေါ့ ကဲ ဒီနေ့တော့ ဒီမှာပဲခဏ နားကြစို့ နောက်နေ့မှပဲ မသေးသေးရင်တော့ ဆက်ပို့ချသေးတာပေါ့တဲ့။ ကောင်းလိုက်တဲ့ သေခြင်းဖြစ်ပါတယ်၊ နောက်ဆုံးခန္ဓာချသွားသည်အထိ အလုပ်လုပ်သွားပါသည်၊ သေတော့လဲ ပြုံးပြုံးလေးပဲ။

မှတ်ချက်။ ။ ကျောင်းသားများရဲ့ နားရေးဖြစ်သောကြောင့် ရဟန်းတော်များ၏ ပါဝင်လှုပ်မှုသည် လူမှုရေးဘက်ကပဲဖြစ်ဖြစ် ဘာသာရေးဘက်ကပဲ ဖြစ်ဖြစ် ပါဝင်သင့်သည်ဖြစ်သောကြောင့် ရဟန်းတော်များပါသော ပုံတွေပါတင်လိုက်ရခြင်းဖြစ်ပါသည်။


သီတဂူစတား
၂၁-၂-၂၀၁၀

20 February 2010

စီဘောက်က ဆွေးနွေးချက် (၂)



Ashin: သိပ်မကြွားတာ အကောင်းဆုံးပဲ။ အရှိကို အရှိအတိုင်းပြောရင် ငြင်းခုံဖွယ် မလိုတော့ပါဘူး
ကိုယ်အပါအ၀င် ဗမာဘုန်းကြီးအများစုက အဆောက်အဦကြီးတာ ကျောင်းဝိုင်းကျယ်တာကို အောင်မြင်တယ်လို့ ထင်နေတာ။ ဒီဆရာတော်ဆိုဒ်ကို ကြည့်လိုက်ရင် အဆောက်အဦကြီးတွေ ကြွားထားတာ တွေ့ရတယ် ။


အခုတခါလဲ စီဘောက်က ဆွေးနွေးချက်ပဲ ပို့စ်တင်ရပါလိမ့်ည်။ အထက်ပါစာသားများသည် အရှင် ashin ဆိုသူ၏ ဝေဘန်စာသားများကို အပြောင်းအလဲမရှိ မူရင်းအတိုင်းတင်ထားပါသည်။

ကျေးဇူးတင်ခြင်း
ရှေးဦးစွာ အရှင် ashin ကို ကျေးဇူးတင်ပါတယ်။ သီတဂူစတား ဘလော့ဂ်မှာ လာလည်ခြင်း၊ ဝေဖန်ခြင်းတွေအတွက် ကျေးဇူးတင်ပါတယ်။ စာတွေကိုလဲ အသေအခြာ ဖတ်သွားတယ်ထင်ပါတယ်၊ ထို့အတွက်လဲ အထူးကျေးဇူးတင်ပါတယ်။

သဘောထားဆိုတာ ဘယ်ကလာ
ဒီအရှင် ashin ဆိုတာ ဘယ်သူလဲတော့ မသိပါဘူး၊ ဘုန်းကြီးလား လူလားမသိပါဘူး၊ အီးမေလ် ဖော်မပြခြင်းဖြစ်သည်အတွက် သက်သက် ဝေဖန်တာ မဟုတ်ဘဲ ရန်စနေတယ်လို့ အများက ယူစဖွယ်ရှိ၏။ သီတဂူစတားဆိုဒ်မှာ ဝေးဖန်သွားတာလေးတွေကို ၊ သီတဂူစတားက ၀မ်းသာနေပါတယ်၊ ဘယ်လိုပုံစံနဲ့ပဲ ဝေဖန်ဝေဖန်ပေါ့ သီတဂူစတားအတွက် ကုန်ကြမ်း သို့မဟုတ် သီတဂူစတားရဲ့ ဦးနောက်ကို သွေးပေးတယ်လို့ ယူဆကာ ၀မ်းမြောက်နေမိပါတယ်။ ဝေဖန်သူရဲ့ စိတ်ထဲမှာ ဘယ်လိုရှိတယ်ဆိုတာကိုတော့ သူကိုယ်တိုင်ပဲ ပို သိနိုင်ပါလိမ့်မယ်။ အပြင်လူတွေကော ဘယ်လိုသိနိုင်လဲ? အဘိဓမ္မာသဘောတရားအရ စကားဆိုတာကလဲ စိတ်မပါဘဲ ထွက်မလာပါဘူး၊ (၀ိညတ္တိ ဒွယံ စိတ္တဇမေ၀)၊ စိတ်ထဲကအတိုင်း ထွက်လာတာပါ။ အနောက်တိုင်း ဖီလိုဆိုဖာတွေရဲ့ အတွေးအခေါ်အရ စကား ဘာသာစကား Language ဆိုတာတွေက emotion, attitude စိတ်သဘောထားကို ဖော်ပြနေတာတဲ့။ အဲဒီတော့ ထို အရှင် ashin ရဲ့စကား language တွေကလဲ စိတ်ဆန္ဒက ထွက်လာ သို့မဟုတ် သူ၏ စိတ်သဘောထားကို ဖော်ပြလိုက်ခြင်းကြောင့် သူသည် ဘယ်လို ပုဂ္ဂိုလ်လဲဆိုတာ ပြောပြစရာပင် မလိုတော့ပေ၊ စာဖတ်သူတိုင်းသိနိုင်သည်။ ဒါတွေက သဘောတရားတွေပါ။ စာဖတ်သူတိုင်းသည် လူတစ်ယောက် အပြောအဆိုကို သုံးသပ်နိုင်စွမ်းရှိနေသည်ဖြစ်သောကြောင့် ကိုယ်ဘယ်လိုလူလဲ ဆိုတာ ကိုယ့်ရဲ့အပြော အရေးအသားတွေကို ထောက်ဆက အလွယ်တကူသိနိုင်ပါသည်။ သီတဂူစတားရဲ့ အရေးအသားနှင့် ဓာတ်ပုံ အဆောက်အဦးအစရှိသည့် အခြံအရံတွေကို ဖော်ပြနေခြင်းသည် ကြွားနေတယ်လို့ ယူဆရင်လဲ စိတ်မဆိုးပါဘုရား။ သီတဂူစတားရဲ့ ကိုယ်ပိုင်ဘလော့ဂ်ဖြစ်၍ သီတဂူစတား စိတ်ကြိုက်ဖော်ပြနေခြင်းသည်ပင် သီတဂူစတားရဲ့ လွတ်လပ်သော စိတ်ဖြစ်ပါသည်။

လက်တွေ့ပဓာန
သီတဂူစတားကလဲ ဒီအတိုင်းနေရင် ခေါင်းထဲက ဘာဆိုဘာမှကို ထွက်မလာဘူး၊ ပို့စ်တစ်ခုကို ဘယ်လိုတင်ရမလဲဆိုတာ စဉ်းစားလို့မရဘူးဗျ၊ အခုလို ဝေဖန်လိုက်တော့ ခေါင်းထဲက ပြောစရာတွေ စီထွက်လာတယ်၊ ကုန်ကြမ်းတွေရလာတယ်။ သီတဂူစတား ဦးနောက်ကလဲ အဲလို ပွတ်ပေးမှ အရောင်ထွက်တယ် ထင်ပါရဲ့။ ရေးစရာတော့ ရှိလာပြီပေါ့။ ဘာသာရေးဆိုဒ်ဆိုတော့ ဘာသာရေး စာပေတွေကိုပဲ ဦးစားပေးတင်မယ်စိတ်ကူးထားတယ်၊ သိသင့်သိထိုက်တာလေးတွေက ပေါ်လာတော့ ပေါ်လာတဲ့အတိုင်း ရေးလိုက်ရတာပါ။ သီတဂူစတားသည် စာရေးဆရာ မဟုတ်ကြောင်းကိုတော့ သီတဂူစတား စာတွေ ဖတ်ကြည့်တာနှင့် သိနိုင်ပါတယ်။ ၀ါသနာပါလို့သာ မျက်စိနှင့် တွေ့သမျှ၊ နားနှင့်ကြားသမျှ၊ ကိုယ်နှင့်တွေ့သမျှ၊ မည်သည့်အာရုံက မဆို တွေ့ထိတာမှန်သမျှတွေကို ရေးဖြစ် တင်ဖြစ်သွားတာ ဖြစ်သောကြောင့် empiricism (experience) လက်တွေ့ ၀ါဒ အတွေ့အကြုံ သဘောတရားများ အရ ဖြစ်သောကြောင့် ကြွားတယ်လို့ ထင်ရင်တော့ ထင်နိုင်ပါတယ်။

အရှိအရှိအတိုင်း
အရှိအရှိအတိုင်း ဖော်ပြရင် ငြင်းခုံဖွယ်ရမရှိတဲ့၊ သီတဂူစတားဆိုဒ်တွင် ဘယ်ညာတို့တွင် ယခုဖော်ပြထားသော အဆောက်အဦးများသည်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးဖြစ်ပါသည်။ ဒါက အရှိအရှိအတိုင်းမဟုတ်ဘူးလို့ ပြောရင်၊ လိမ်တယ်ပြောမလား၊ ဒါမှ မဟုတ်ကြွားတယ်လို့ ထင်နေတယ်ဆိုရင်တော့ ဘယ်သူ့စိတ်၊ ဘယ်လို စိတ်ထားမျိုးနှင့် တိုင်းတာ ပြောနေတယ်ဆိုတာ သီတဂူစတား နားမလည်တော့ပါ၊ ကိုယ့်စိတ်နှင့်ကို တိုင်းတာရင်တော့ လူတိုင်းကို အဲလို မထင်သင့်ဘူးထင်ပါတယ်။ လူတိုင်းမှာ မတူညီတဲ့အရည်အချင်းရှိသလို မတူညီတဲ့ ခံစားချက် ယူဆချက်တွေ ရှိကြပါတယ်။ တူညီတာလဲ ရှိနိုင်သလို မတူညီတာတွေလဲ အများကြီးရှိနေပါတယ်။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးသည် ကိုယ့်မြန်မာပြည်မှာ ထီးထီးမားမားနဲ့ ကမ္ဘာ့မျက်နှာပြင်သို့ ပေါ်ပေါက်လာတာကို မြန်မာလူမျိုးတစ်ယောက် အနေနှင့်သော်၎င်း၊ ဗုဒ္ဓဘာသာလူမျိုးတစ်ယောက် အနေနှင့်သော်၎င်း ၀မ်းသာဂုဏ်ယူရမည်ဖြစ်ပါသည်။ လူမူရေး social ရှုထောင့်ကနေပဲ ဖြစ်ဖြစ် ဘာသာရေးရှုထောင့်ကနေပဲ ဖြစ်ဖြစ် ၀မ်းမြောက်နုမော် သာဓုခေါ်နိုင်ရမှာဖြစ်ပါသည်။ နောက်တစ်ခုက အဆောက်ဦးတွေရဲ့ နောက်ကွယ်မှာ မမြင်နိုင်တဲ့ အဓိပ္ပါယ်တစ်မျိုးရှိပသေးတယ်။ အဆောက်အဦးကောင်းတွေကို ဖော်ပြလိုက်ခြင်းဖြင့်
မြန်မာပြည်သူတွေရဲ့ သာသနာတော်အပေါ် ယုံကြည်မှုနှင့် အထောက်အပံ့အားတွေကို ဂုဏ်ယူဝမ်းသာဖွယ်ရာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ သီတဂူစတားသည် ကိုယ်ပိုင်အစွမ်းအစ ဘာမှ မရှိပါဘူး၊ ကိုယ်စွမ်းနိုင်တဲ့ဘက်က အလုပ်လုပ်နေတယ်လို့ ယူဆပါတယ်ဘုရား။ ထို့ကြောင့် သီတဂူဆရာတော်ကြီးနှင့် သီတဂူတပည့်ဒကာ ဒကာမတွေအတွက်သော်၎င်း၊ သာသနာကို ချစ်ခင် ကြည်ညိုနေသူများအတွက်၎င်း ၀မ်းမြောက်နုမော် သာဓုခေါ်နိုင်ရန် ရည်ရွယ်၍ အဆောက်အဦးများကို တက်နိုင်သရွေ့ ဖော်ပြသွားပါမည်။ ဒါသည်ပင်လျင် သီတဂူစတားအတွက် အလုပ်တမျိုးလို့ ယူဆထားပါသည်။ သူများတွေ ၀မ်းသာစေချင်ပါသည်၊ စိတ်မအီမသာ မဖြစ်စေချင်ပါဘုရား။

ဓာတ်ပုံတိုင်းမှာ စကားလုံးပေါင်း ၁၀၀၀ စီပါဝင်
သီတဂူစတားဆိုဒ်တွင် အချို့ပုံများသည် အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ သာသနာတော်အတွက် ဂုဏ်ယူဝင့်ကြွားဖွယ်ရာများကို ဖော်ညွန်းရုံသာမက သီတဂူစတားရဲ့ ငယ်ဘ၀ကိုလဲ ထင်ဟပ်စေပါသည်။ ဓာတ်ပုံတစ်ပုံသည် စကားလုံးပေါင် တစ်ထောင်နှင့် ညီမျှသည်ဆိုရကား ထိုဓာတ်ပုံတစ်ပုံချင်းစီ၏နောက်မှာ စကားလုံးပေါင်း တစ်ထောင်စီ ပါဝင်နေပါသည်၊ ဖတ်နိုင်တဲ့သူတွေသာ ဖတ်နိုင်ပါလိမ့်မည်၊ မဖတ်နိုင်တဲ့သူတွေအတွက်က တော့ ကြွားတယ်လို့ ထင်နေပါဦးမည်။ မြင်နိုင်အောင်ကြည့်ပြီး ဘာသာပြန်စေလိုပါသည်။ ကိုယ့်ရဲ့ဘာသာပြန်သည် လည်း ကိုယ့်စိတ်နှင့် ထင်ဟပ်နေသည်ဆိုတာလဲ မမေ့စေလိုပါ။ သီတဂူစတားရဲ့ ငယ်ဘ၀ကို အဲဒီအဆောက်အဦးတွေက ဖော်ပြနေပါသည်။ ဒါဆိုရင် သီတဂူစတားက မိခင်စာသင်တိုက်ကြီးကို ကျေးဇူးဆပ်ခြင်းတမျိုးနှင့် ပေးဆပ်နေခြင်းဖြစ်ပါသည်။

သာသနှာနှင့် အဆောက်အဦး
အဆောက်အဦးသည် သာသနာအတွက် သိပ်အရေးမပါဟုအဆိုသည်လည်း အများစုလက်ခံကြပေမဲ့ သီတဂူစတားက လက်မခံနိုင်ပါ၊ ယနေ့ခေတ် သာသနာအတွက် အဆောက်အဦး ကောင်းကောင်း လိုအပ်သည်။ အိမ်သာမှ ဧည့်လာ၊ လူခင်မှ တရားမင် ဆိုတဲ့ စကားတွေဟာလဲ အလွန်ကျယ်ပျံ့ပါတယ်။ စာပေနှင့်အကျင့်ပဋိပတ်သာ သာသနာအတွက် အဓိကဆိုပေမဲ့ အဆောက်အဦးမရှိလျင် မဖြစ်ပါ။ ယနေ့ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်၊ တိုက်ဟောင်း၌ ၃၀၀၀ ကျော်သော စာသင်သားတွေရှိပါသည်၊ အဆောက်အဦးမရှိက အဲဒီလောက်မြားပြားသော သံဃာထု သည် မည်သို့ စာပေသင်ကြားနိုင်မည်နည်း၊ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်တွင်လည်း သံဃာ ၁၄၀၀ ကျော် စာသင်စာချ လုပ်ငန်းများကို ပြုလုပ်နေပါသည်။ ထိုကျောင်းတိုက်များတွင် သာသနာအတွက် အဆောက်အဦးမရှိက မည်သို့ ချမ်းသာစွာ သီးတင်းသုံးနေထိုင်နိုင်ပါဦးမည်နည်း။ ယနေ့ခေတ် ဗုဒ္ဓဘာသာ အခိုင်အမာရှိကြောင်းကို စာပေရော အဆောက်အဦး အထောက်အထားတွေကြောင့် ဗုဒ္ဓဘာသာနှင့် ဂေါတမဗုဒ္ဓ တကယ်ရှိခဲ့ပါလားဆိုတာ အခိုင်မာဆုံးသော အထောက်ထားဖြစ်ပါသည်။ သမိုင်းသည်လည်းအရေးပါကြောင်း။ ဗုဒ္ဓဂါယာရှိ အသောကမင်းကြီး၏ ကောင်းမှုများက သက်သေပြနေပါသည်။

အဆောက်အဦးနှင့် အောင်မြင်မှု
အောင်မြင်မှုဆိုတာ အဆောက်အဦးက ပဓာနမကျဘူးဆိုတာ မှန်ပါတယ်၊ ဒါပေမဲ့လဲ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက် နှင့် မစိုးရိမ်တိုက်သစ်တို့၌ရှိသော အဆောက်အဦးများသည် အောင်မြင်မှု၏ ရလာဒ်ဖြစ်ပါသည်၊ အဆောက်အဦးဖြင့် ဟန်ပြနေသည်ဟုတ် မဟုတ်ကို ကိုယ်တိုင်ကိုယ် လေ့လာစေလိုပါသည်။ ပညာရေးအခန်းကဏ္ဍမှာ အဆောက်အဦးသည် အရေးပါကြောင့် ယနေ့ခေတ်တက္ကသိုလ်ကြီးတွေ ပရိယတ္တိစာသင်တိုက်ကြီးတွေကို သုံးသပ်နိုင်ပါသည်။ တဲကုတ်နှင့်စာသင်တိုက်၊ ထန်ရွက်မိုး ထန်းရွက်ကာတဲ့ တက္ကသိုလ်ကြီးတွေကို ဘယ်သူတွေ စိတ်ဝင်စားနိုင်မလဲ။ ကိုယ်က သူများကို ပေးနေတာဖြစ်သောကြောင့်၊ ပညာကိုလဲ ပေး နေစရာကိုလဲ ပေး အစားအစာလဲ ကြွေးနေတဲ့ တက္ကသိုလ်ကြီးတွေဖြစ်ပါတယ်၊ ဘုန်းရှိ ကံရှိတဲ့သူတွေ တက်နိုင်ကြပါလိမ့်မည်။ သီတဂူစတားသည် ထို အဆောက်အဦးများကို ဖော်ပြခြင်းဖြင့် ထိုတက္ကသိုလ် ထိုစာသင်တိုက်ကြီးများကို ကျေးဇူးဆပ်နေပါသည်ဘုရား။

ကဲ အရှင် ashin ရေ ဒီလောက်ဆို တော်လောက်ပြီ၊ ပို့စ်လဲ ရှည်သွားပြီ။ အရှင့် ashin ကို တကယ်ကျေးဇူးတင်ပါတယ်။ ဒီနေ့ည ၁ နာရီးထိုးမှ အိပ်ယာဝင်ရပါတယ်။ သူငယ်ချင်းတွေကတော့ ပြန် မရေးတာ ကောင်းပါတယ်တဲ့ မခံချင်အောင် သက်သက် စနေတာတဲ့၊ ဒါပေမဲ့ သီတဂူစတားအတွက် စာအရေးအကျင့် ရသွားတယ်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူစတား
၁၉-၂-၂၀၁၀

15 February 2010

စီဘောက်က ဆွေးနွေးချက်


ကိုမောင်မောင်ရဲ့ စီဘောက်က ဆွေးနွေးချက်အရ ဒီပို့စ်ကို တင်ခြင်းဖြစ်ပါတယ်၊ ဘယ်သူကိုမှ မထိခိုက်လိုပါဘူး၊ ကိုယ့်ရဲ့ ကြိုးစားမှုနှင့် ကိုယ့်အရည်းအချင်းသည်သာ ပဓာန ဖြစ်ကြောင်းကိုသာ ရည်ရွယ်၍ ပို့စ်ကို တင်လိုက်ရပါသည်။ ဆိုလိုတာက တက္ကသိုလ် အဆင့်မီဘို့ထက် ကိုယ်အဆင့်မီနေဘို့က ပို၍ အရေးကြီးပါသည်။ စီဘောက်က ကိုမောင်မောင်၏ စာကို အရင်ဖတ်စေလိုပါသည်။

ကိုမောင်မောင်
ကိုမောင်မောင်ရေ ၊ ပူနေးတက္ကသိုလ်ကို ရောက်ဖူးစေချင်ပါတယ်။ ကိုမောင်မောင် ဘာရည်ရွယ်ချက်နဲ့ ပြောနေတယ်ဆိုတာ မသိပါ။ အိန္ဒိယမှာ ကျောင်းတက်နေတဲ့ ကျောင်းသားတွေရဲ့ အရည်အချင်းကို အထင်သေးသွားသလိုဖြစ်နေမလား။ သို့သော်လည်း အိန္ဒိယမှာရှိတဲ့ တက္ကသိုလ်အားလုံးကို မပြောသင့်ဘူးထင်ပါတယ်။ အချို့အချို့သော တက္ကသိုလ်တွေမှာ ကိုမောင်မောင် ပြောသလို M.A Ph.D တွေကို ရောင်းစားနေတယ်ဆို ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပိုက်ဆံက လူ့ရဲ့သည်းခြေဆိုတော့ အိန္ဒိယတင်မဟုတ်ပါဘူး ဘယ်နိုင်ငံမဆို ပိုက်ဆံနှင့် ဘွဲ့တွေ ၀ယ်နေတာရှိနေပါလိမ့်မယ်။ သီတဂူစတားသည် ပူနေးတက္ကသိုလ်မှာ ဒဿနိကဗေဒနှင့် အမ်အေတန်းတက်နေသူဖြစ်၍၊ ပူနေးတက္ကသိုလ်အကြောင်းကို ရေးဘို့ ပြောဘို့ တာဝန်ရှိပါတယ်။ အိန္ဒိယကျောင်းသားတစ်ယောက် အနေနဲ့ပဲဖြစ်ဖြစ် ပူးနေးကျောင်းတစ်ယောက် အနေနဲ့ပဲဖြစ်ဖြစ် sitagustar2010@gmail.com ကနေ သီတဂူစတားကို လာပြီး ဆွေးနွေးကြည့်လို့ရပါတယ်း။ အိန္ဒိယတက္ကသိုလ်တွေမှာ မြန်မာလူမျိုးအများစုထင်ကြတာက ရဟန်းတော်များသာ တက်ရတယ်လို့ အောင့်မေနေကြပါတယ်၊ ထင်လဲ ထင်ချင်စရာပါ၊ အများစုက ရဟန်းတော်များသာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပူနေးတက္ကသိုလ်၊ ဟိုက်ဒရာဘက်တက္ကလိုလ်၊ ဒေလီ၊ ဘုံဘေစတဲ့ တက္ကသိုလ်ကြီးတွေမှာတော့ မြန်မာနိုင်ငံက လွဲရင် ကမ္ဘာ့နိုင်ငံက ကျောင်းသားတွေ ရှိကြပါတယ်။ သီတဂူစတားက ပူနေးတက္ကသိုလ်မှာ ပညာသင်နေတာဆိုတော့ ပူနေးအကြောင်းကိုပဲ ပြောပြပါ့မယ်။

အာရှအသိအမှတ်ပြု
ကိုမောင်မောင် ပြောတဲ့ စင်္ကာပူ သြစတေးလျ စတဲ့ တက္ကသိုလ်ကြီးတွေနှင့် မယှဉ်လိုပါဘူး။ သို့သော် ပူနေးတက္ကသိုလ်အကြောင်းကိုတော့ ပြောပြရပါလိမ့်မည်၊ နဂိုကထဲက ရေးဘို့ အစီအစဉ်တော့ ရှိပြီးသားပါ။ ကိုမောင်မောင်ရဲ့ စီဘောက်က ဆွေးနွေးချက်က ရေးဘို့ အဆင်သင့်ဖြစ်သွားတာပေါ့။ ၂၀၀၉ ခုနှစ်က အာရှတက္ကသိုလ်များရဲ့ grade, level အဆင့်အတန်းများကို သတင်းစာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ အဲဒီအထဲမှာတော့ ဟောင်ကောင်တို့ စင်္ကာပူ စတဲ့ ချမ်းသာတဲ့ နိုင်ငံမှာ ရှိတဲ့ တက္ကသိုလ်တွေကတော့ ထိပ်ကပေါ့။ အဲဒီစာရင်းထဲမှာ အိန္ဒိယတက္ကသိုလ် ၅ ခုပါဝင်ပါတယ်၊ ၅ ခုထဲမှာတော့ ပူနေးတက္ကသိုလ်လဲ တစ်ခုအပါဝင်ပေါ့၊ ဒါပေမဲ့ မြန်မာနိုင်ငံက တက္ကသိုလ်တွေတော့ စာရင်းထဲမှာတောင် မတွေ့ရပါဘူး၊ ဘာကိုပြတယ်ဆိုတာတော့ အလွယ်တကူသိနိုင်ပါတယ်၊ ကိုယ့်နိုင်ငံက တက္ကသိုလ်တွေကို မနိမ်လိုပါဘူး၊ အမြဲတမ်းပဲ ဂုဏ်ယူနေပါတယ်။

လူတစ်ယောက်ရဲ့ အရည်အချင်း
ကျောင်းသားတစ်ယောက် အရည်အချင်းပြည့်ဝဘို့ဆိုတာ တက္ကသိုလ်ရဲ့ အရည်အချင်းအဆင့်တန်းက ၅ရာခိုင်နုန်းလောက်ပဲရှိပါတယ်၊ တကယ်တမ်းအရည်းအချင်း ပြည့်ဝဘို့က ကျောင်းသားတစ်ယောက်ရဲ့ ပင်ကိုယ်အရည်းအချင်းနှင့် ကြိုးစားမှုပေါ်မှာတည်နေတာက ၉၉ ရာခိုင်းနုန်းရှိပါတယ်။ ဒါကိုလဲ အားလုံးက လက်ခံပါလိမ့်မယ်။ သိပ်နာမည်ကြီးတဲ့ ဟားဗက်၊ ရေး၊ အောက်စ်ဖို့ဒ်စတဲ့ တက္ကသိုလ်ကြီးတွေက ကျောင်းပြီးပေမဲ့လို သူတို့မကြိုးစားရင် ဘာအရည်အချင်းမှ မရှိနိုင်ပါဘူး၊ အင်္ဂလိပ်စကားပြော နိုင်ငံတွေမှာနေရလို့ အင်္ဂလိပ်စကား ကောင်းရင် ကောင်းပါလိမ့်မယ်၊ ပညာအရည်အချင်းကတော့ ကိုယ့်ရဲ့ ကြိုးစားမှုပေါ်မှာ တည်ပါလိမ့်မယ်။ International အဆင့်မရှိဘူးဆိုတဲ့ တက္ကသိုလ်က ကျောင်းပြီးသွားတဲ့ ကျောင်းသားတွေ မြန်မာနိုင်ငံမှာ ပါမောက္ခချုပ်တွေ၊ ပါမောက္ခတွေ ဖြစ်နေကြတယ်ဆိုတာလဲ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ အဲဒီတက္ကသိုလ်တွေကို အထင်သေးလိုက်မယ်ဆိုရင် ထိုပါမောက္ခချုပ်တွေ ဘာဖြစ်သွားမလဲဆိုတာပါပဲ။ နိုင်ငံတကာ အဆင့်မရှိဘူးလို့ ထင်နေသူတွေကကော ဘယ်လိုအရည်အချင်း ရှိကြပါသလဲဆိုတာလဲ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ဘို့ အရေးကြီးပါတယ်၊ ပြီတော့ နိုင်ငံတကာအဆင့်ရှိ တက္ကသိုလ်ကပညာတွေနှင့် အဆင့်မရှိဘူးလို့ ထင်ရတဲ့ တက္ကသိုလ်လေးတွေက ပညာတွေ နှင့် ဘာတွေ အကျိုးပြုနေပါသလဲ ဆိုတာလဲ စဉ်းစားသင့်တဲ့ အချက်တစ်ခုပါပဲ။

ပူနေးတက္ကသိုလ်နှင့် မြန်မာပြည်က ကျောင်းသားများ
ပူနေးတက္ကသိုလ်ကြီးတွင် လွန်ခဲ့နှစ်ပေါင်းများစွာကထဲက (လွတ်လပ်ရေးရပြီးကာစ ဖြစ်ပါလိမ့်မယ်) မြန်မာပြည်က ကျောင်းသားတွေ တက်ရောက်ခဲ့ဖူးတယ်ဆိုတာ မြန်မာသံအမတ်သား (ပူနေးကျောင်းသား)က ပြောပြလို့သိရပါတယ်။ သူဟာ ရန်ကုန်တက္ကသိုလ်မှာ ပါမောက္ခချုပ်တာဝန် ထမ်းဆောင်သွားခဲ့ပါတယ်။ ယခု လက်ရှိ ၀န်ကြီးတစ်ယောက်လဲ ပူနေးတက္ကသိုလ် ကျောင်းသားဟောင်းဖြစ်ပါတယ်လို့ သိရပါတယ်။ (မှတ်ချက် နာမည်တွေကိုတော့ မထည့်လိုပါ သို့သော် စိတ်ဝင်စားက မိမိဘာသာ စုံးစမ်းနိုင်ပါတယ်)။ လက်ရှိအချိန်မှာတော့ မြန်မာပြည်က ကျောင်းသားတွေဟာ ရဟန်းတော်များ ၂၀ လောက်ရှိပါတယ်။ E-major ၂ ယောက်၊ Philosophy ၂ ယောက်၊ ကျန်သော ရဟန်းတော်များက ပါဠိဋ္ဌာနနှင့် ဆန်စကရစ် ဋ္ဌာနတို့တွင် M.A နှင့် Ph.D စာတမ်းများ ပြုစုလျက်ရှိပါသည်။ လူဝတ်ကြောင် ကျောင်းသားများကတော့ ၀န်ကြီး၊ စစ်ဗိုလ်များ သားသမီး အချို့လဲရှိနေပါသည်။ မြန်မာနိုင်ငံ အစိုးရ scholarship အစီအစဉ်နှင့် လာသူတွေကတော့ ကွန်ပျူတာနှင့် အနုမြူဌာနတို့မှာ ရှိနေပါသည်။

ပူနေးနှင့် ပြည်ပကျောင်းသားမျာ
ပူနေးတက္ကသိုလ်မှာတော့ ကိုမောင်မောင် ပြောတဲ့ သြစတေးလျကျောင်းသာ၊ အမေရိကကျောင်းသားတွေ အပြင် အဂ်လန် နယ်သာလန် ကနေဒါ စတဲ့ ကိုမောင်မောင် အထင်ကြီးလောက်တဲ့ နိုင်ငံသားတွေ အများကြီးရှိပါတယ်။ ၂၀၀၂ ခုနှစ်က ပြည်ပကျောင်းသား ၆၀၀၊ ၂၀၁၀ ခုနှစ်မှာတော့ နိုင်ငံပေါင်း ၆၆ ခုက ကျောင်းသားပေါင်း ၁၄၀၀၀ (တစ်သောင်း လေးထောင်) ကျော်ထိ ရောက်လာပါတယ်။ ပူနေးက ပြည်ပကျောင်းသားများ အားလုံးသည် မြန်မာနိုင်ငံက ကျောင်းသားတွေထက် ချမ်းသာသူများသာ ဖြစ်တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါ၊ မြန်မာပြည်ကျောင်းသားအနဲစုကတော့ တက်နိုင်ကြပါသည်။ ပူနေးတက္ကသိုလ်သည် စင်္ကာပူစတဲ့ ချမ်းသာတဲ့တက္ကသိုလ်များထက် ဈေးသက်သာသည်ကားတော့ မငြင်းလိုသော်လဲ အိန္ဒိယမှာတော့ ဈေးအကြီးဆုံးတက္ကသိုလ်များစာရင်းတွင် ပါဝင်ပါသည်။

အိန္ဒိသတင်းစာရဲ့ ၂၀၀၂ နှင့် ၂၀၁၀ တို့ရဲ့ တိုးတက်မှုနုန်းများ
Pune Univesity
Campus Area---------------------411 acre
Budgets (2000-(Rs- 62-52 crore (ကုဋေ)/ 2010 (Rs-339.79 crore (ကုဋေ)
Faculties:--------------13
Department----------------42
Affiliated Colleges 300 (2002) / 523 (2010)
Recognized institutes: 153 (2002)/342 (2010)
Foreign Students on campus:-------600 (2002)/ 14000 (2010)
Foreign Students in Affiliated Colleges; 8000 from 66 countries/ from 104 countries
Hostel:-------------8 for boys and 7 for girls.

From Friday 12, Feb, 2010 Time City News paper.


ကုန်ကျစရိတ်
အမ်အေ M.A သာမန်ဘာသာရပ် ဒဿနိက ဗေဒလို ဌာနမျိုးမှာတောင် ဒေါ်လာ ၅၀၀၀ အနဲဆုံးကုန်ရပါတယ်၊ ဒါဟာ သီတဂူစတား အသုံးစရိတ်အနေနှင့်တွက်တာပါ၊ သီတဂူစတား ဘယ်လိုသုံးတယ်ဆိုတာ သိရင် အံ့သြနိုင်ပါတယ်။ သူများတွေ တစ်လ ဒေါ်လာ ၂၀၀ လောက် သုံးနေတဲ့အချိန်မှာ သီတဂူစတားက ၅၀ လောက်ပဲ သုံးနေလို့ပဲ။ အဲလောက်ခြွေတာစွာ သုံးစွဲနေတာတောင် ၅၀၀၀ ၀န်ကျင်လောက်ကုန်ပါတယ်။ အခြား စီးပွားရေးဘာသာရပ်၊ သိပ္ပံဆိုင်ရာ ဘာသာရပ် နှင့် နည်းပညာဘာသာရပ်တွေမှာ ဒေါ်လာ သောင်းနှင့်ချီကုန်ကျတာပါ၊ အိန္ဒိယမှာ စင်္ကာပူတို့လို အလုပ်လုပ်ရင်း ကျောင်းတက်မယ်ဆိုတဲ့ ကျောင်းသားတွေအတွက်က လုံးဝမဖြစ်နိုင်ပါဘူး။ လူဦးရေများတဲ့နိုင်ငံဖြစ်သည်အတွက် သူ့လူနှင့်သူတောင် နေရာမလောက်ပါဘူး။

ပူနေးနှင့်အင်္ဂလိပ်စာ
ပူနေးမြို့သည် အိန္ဒိယပြည်ရဲ့ ချမ်းသာဆုံး ပညာတက်ပေါများဆုံး ဖြစ်တဲ့ မဟာရဋ္ဌပြည်တွင် ရှိပါတယ်၊ တောင်ပေါ်မြို့ဖြစ်ပါသည်၊ ဘုံဘေမြို့နှင့် မိုင် ၁၅၀ နီးပါးလောက်ရှိသည်။ Educated city, Green city, clean city, East Oxford ဟု တင်စားကာ အိန္ဒိယသတင်းစာများတွင် မကြာမကြာ တွေ့ရပါလိမ့်မယ်။ ပူနေးမြို့သည် မာရတီစကား ပထမဖြစ်၍ အင်္ဂလိပ်စကားသည် ဒုတိယ စကားဖြစ်သည်။ ၅ တန်းကျောင်းသားသည်ပင် အင်္ဂလိပ်စကား ကောင်းကောင်းပြောတက်သည်၊ သီတဂူစတား ဒီမလာခင် အင်္ဂလိပ်စာ ၁၀ နှစ်သင်ခဲ့သော်လည်း ရောက်ခါစက ထို ၅ တန်း ၇ တန်း ကျောင်းသားတွေလောက် မပြောနိုင်ခဲ့ပါ။
ဒီလောက်ဆိုရင် ပူနေးတက္ကသိုလ် အနေအထား သိလောက်မည် ထင်ပါသည်။ အရည်အချင်းက ပိုအရေးကြီးတယ်ဆိုတာလဲ ဤမျှလောက်ဖြင့် လုံလောက်မည်ထင်ပါသည်။ ကဲ ကိုမောင်မောင်ရေ ကျေးဇူးတင်ပါတယ်။

ဒီပို့စ်ကို တင်ချင်နေတာ ကြာပါပြီ၊ ဘယ်လိုရေးရမလဲ ဆိုတာ စဉ်းစားနေတာ၊ ကိုမောင်မောင်ရဲ့ ဆွေးနွေးချက်ကြောင့် ပူနေးနှင့်အခြားဗဟုသုတွေ ပေးနိုင်တာ ကျေးဇူတင်နေပါတယ်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူစတား
၁၅-၂-၂၀၁၀

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes