သီတဂူစတား

သီတဂူစတား

23 February 2010

မွေးနေ့ မင်္ဂလာ ပူဇော်လွှာ


သီတဂူဆရာတော်ကြီး၏ မွေးနေ့ မင်္ဂလာ

ဗုဒ္ဓ၏ ထေရ၀ါဒ သာသနာတော် အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူနေသော ကျေးဇူးတော်ရှင် သီတဂူဆရာတော် အရှင်ဥာဏိဿရ ၏ ၁၃၇၁ခုနှစ် တပေါင်းလပြည့် (၂၇-၂-၂၀၁၀)နေ့တွင် သက်တော်(၇၃)နှစ်ပြည့် ၀ိဇာတ မွေးနေ့မင်္ဂလာ ၌ တပည့်တော် ရိုသေစွာ ရှိခိုး ကန်တော့လျှက် ချီးကျုး ပူဇော်ပါသည် ဘုရား………။

-သူတော်ကောင်း တစ်ယောက် ထွန်းပေါ်ပေါက် သူ့နောက်ဆွယ်ကျုံး၊ တစ်နယ်လုံးသည် ဘုန်းဆင့်လျှောက်၊ အမြင့်ရောက်၏။

-ပုဂ္ဂိုလ်တွက်ရေ၊ ရာကုဋေတွင် ၊ရှာဖွေပတ်နှောက်၊ သဒ္ဓါပေါက်သည်၊ တစ်ယောက် ရဲရဲထွက်နိုင်ခဲ၏။

-ဤ ပုဂ္ဂိုလ်ကား ၊လွန်စွာရှား၏ များပြားနေရာ မဖြစ်ပါဘဲ၊ ဖြစ်လာပြန်မူ၊ ထိုသူဖြစ်ရာ ၊ ရပ်ရွာအမျိုး၊ ချမ်းသာတိုး၏………။


ဟုသော ပညာရှိများ၏ စကားအတိုင်း သီလဂုဏ် ၊ သမာဓိဂုဏ် ၊ ပညာဂုဏ်တို့ဖြင့် ပြည့်စုံတော်မူသော သာသနာတော်အတွက် အားထားကိုးစားရာ ဖြစ်သော ဆရာတော်ဘုရားအား ဂုဏ်ပြုချီးကျူးခွင့်ရတဲ့အတွက် ရွှင်ပြုံးကြည်သာ ပီတိဖြာခဲ့ရပါသည်။ ချီးကျုးဂုဏ်ပြုလွှာ ရေးသားခွင့်ပေးသော အရှင်ကောဝိဒသိရီ (သီတဂူစတား) ပူနေး အရှင်ဘုရားအားလည်း ကျေးဇူးတင်ပါသည်။

ဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်းစဉ်များ

အပြည်ပြည်ဆိုင် သီတဂူ ၀ိပဿနာ ကမ္မဋ္ဌာန်းဌာန (စစ်ကိုင်း) SITAGU INTERNATIONAL VIPASSANA ACADEMY (SAGAING) သီတဂူသာသနာပြုအဖွဲ့ကြီး၏ ဦးစီးပဓာနဖြစ်တော်မူသော သီတဂူဆရာတော် ဘုရားကြီးသည်.....

၁။ စစ်ကိုင်းတောင် ရေအလှူတော်စီမံကိန်း
၂။ သီတဂူအာယုဒါန ဆေးရုံတော်
၃။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)နှင့်
၎။ သီတဂူ ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
၅။ သီတဂူ ဗုဒ္ဓတက္ကသိုလ် (မန္တလေး)
၆။ နာဂစ်အလှူတော်များနှင့် စာသင်ကျောင်း၊ ဆေးရုံအလှူတော်များ နှင့်
၇။ သီတဂူဗုဒ္ဓ၀ိဟာရ (အမေရိက) အစရှိသော ပရဟိတ စီမံကိန်းကြီးများကို ပြည်တွင်း ပြည်ပ အလှူရှင်များ၏ ထောက်ပံ့လှူဒါန်းမှုဖြင့် အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ပြီ။ စစ်ကိုင်းတောင်သည် သမိုင်းအစဉ်အလာအရ ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဓသာသနာ ထွန်းကားခဲ့ရာနေရာဖြစ်ပါသည်။ ယခုအခါ ထိုမြေမြတ်မဟာဝယ် အပြည်ပြည်ဆိုင်ရာ သီတဂူ ၀ိပဿနာကမ္မဋ္ဌာန်းဌာနကြီးကို အကောင်အထည် ဖော်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

ဆရာတော်ကြီး၏ တရားများနှင့် ဆုံးမ သြ၀ါဒများ

ဆရာတော်ကြီး၏ တရားများနှင့် ဆုံးမ သြ၀ါဒများကို စတင်နာကြားခဲ့ရတာက တော့ အတွင်းမီးအပြင်မီး တရားတော် ဖြစ်ပါတယ်။ ဒုတိယအကြိမ်နာကြားခဲ့ရတာကတော့ ၃၈ဖြာမင်္ဂလာနှင့် ပတ်သက်တဲ့ တရားခွေဖြစ်ပါတယ်။ ၃၈ဖြာမင်္ဂလာ နဲ့ပတ်သက်ပြီး ဆရာတော်ကြီးဟောကြားထားတာ ၉၆ခွေရှိပါတယ်။ နားကြားနိုင်အောင် သတင်းကောင်းပါးတာပါ။ နာကြားခဲ့ရသမျှထဲမှ အလျဉ်းသင့်တုန်း ပြန်လည်ဖြန့် ဝေရရင်ဖြင့်….

အတ္တသမ္မာပဏိဓိစ မင်္ဂလာနဲ့ ပတ်သက်လို့ ဟောကြားရာမှာ- မစ္ဆရိယ တရားနဲ့ ပတ်သက်ပြီး အသေးစိတ်ရှင်းထားပါတယ်။ နေ့စဉ်လူမှုဘ၀ အထွေထွေမှာ ရှင်သန်နေရစဉ် လူအမျိုးမျိုးအဖုံး တွေ့ကြုံဆက်ဆံနေရ တဲ့ ကျမတို့အဖို့ အလွန်တန်ဖိုးရှိတဲ့ အဆုံးအမတွေပါ။

မစ္ဆရိယတရား ၅ပါး ရှိပါတယ်။
အာဝါသ မစ္ဆရိယ - နေရာထိုင်ခင်းကို ၀န်တိုခြင်း။
လာဘ်မစ္ဆရိယ - အစားအသောက်၊ အ၀တ်အထည်၊ ပစ္စည်း ဥစ္စာကို ၀န်တိုခြင်း။
ဝဏ္ဏ မစ္ဆရိယ - ရုပ်ဆင်းနဲ့ ကျော်စောသတင်းကို ၀န်တိုခြင်း။
ဓမ္မမစ္ဆရိယ - အသိပညာကို ၀န်တိုခြင်း။

ဝန်တိုခြင်း ၅မျိုးကြောင့်ရလာမယ့် ဆိုးကျိုးတွေကလည်း အလွန်ဆိုးဝါးပါတယ်။ နေစရာ ထိုင်စရာမရှိ၊ စားစရာ ၀တ်စရာရှားပါးပြီး၊ အခြွေအရံနဲသူတွေဟာ မစ္ဆရိယစိတ်နဲ့ အဲဒီစိတ်ကြောင့်မှားမိတဲ့ အမှားများရဲ့ ဆိုးကျိုးတွေဖြစ်ပါတယ်။

ဆရာတော်ဘုရားက ထို မစ္ဆရိယစိတ်ကို ပယ်သတ်နိုင်ဖို့ကိုလည်း နည်းလမ်းများ ပေးထားပါတယ်။ စာဂ ဆိုတဲ့ စွန့်ကြဲပေးကမ်းလ စိတ်၊ လှူဒါန်းပေးကမ်းလိုသော စိတ်ကို မွေးမြူရမယ်။ အမှားကိုပယ်ပြီး အမှန်ကို ဆောင်ရွက်နိုင်ဖို့ရာ မိမိကိုယ်ကိုယ် ဆောက်တည်တဲ့စိတ် မွေးမြူ ပေးရမယ်လို့ ဆိုပါတယ်။

မိမိကိုယ်ကို ဆောက်တည်နိုင်ဖို့ရာ သင့်တင့်လျောက်ပတ်သော ဒေသမှာ နေရပါ့မယ်။ ပညာရှိသူတော်ကောင်းများကို ဆည်းကပ်ရပါ့မယ်။ ပညာရှိသူတော်ကောင်းများရဲ့ ဟောပြောဆုံးမ မှုများကို နာယူမှတ်သား ကျင့်ကြံရပါမယ်။

အဲသည်လို ကျင့်ကြံဖို့ ကတော့ မိမိကိုယ်ကို သတိနဲ့ထိန်းပြီး ဆောင်ရွက်နိုင်မှ ဖြစ်နိုင်ပါ့မယ်။ ကိုယ် နှုတ် စိတ် ၃ ပါးစလုံးကို ကောင်းစွာ ဆောက်တည်ထားပြီး သီလ၊ သမာဓိ၊ ပညာ၊ စာဂ စတဲ့ ကုသိုလ်မှုများနဲ့ ပြည့်ဝအောင်ကြိုးစားရမယ်။ အဲဒီလိုကြိုးစားခြင်းအားဖြင့် အင်မတန် ကြောက်စရာကောင်းတဲ့ မစ္ဆရိယစိတ်ထား များ မပေါ်ပေါက်အောင် တားဆီးနိုင်မယ် ဖြစ်တယ် လို့ ဟောကြားထားပါတယ်။

လူ့ဘ၀ဆိုတာ ရခဲဘိခြင်း လို့ဆိုပေမယ့် လူဖြစ်ရုံလောက်သာ ဖြစ်ပြီး လူ့ဘ၀ဟာ ဒုက္ခဘုံပါပဲလို့ သိရုံလောက်သိ ပြီး ကုသိုလ်၊ အကုသိုလ် မှန်းမသိ သေဆုံးကြရင် သံသရာ ကြောမှာ မျောနေတတ်တဲ့ သူတွေကိုလည်း တွေ့ကြရတာပဲ။ ကိုယ်လည်း အသိတရားလက်ကိုင်မထား ရင် အဲဒီလူတွေထဲက လူတစ်ယောက်ဖြစ်သွားမှာပါဘဲ။ အဲဒီလို အမှာကြီးမှား သတိလက်လွတ် မကြုံရအောင် မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ရပါမယ်။

ဆရာတော်ကြီး၏ အလွန်ပြည့်စုံစွာ ဟောပြောဆုံးမ ၊နည်းပြမှုများ အတိုင်း ကျင့်ကြံအားထုတ်ကာ မိမိတို့ မကောင်းတဲ့ အတွေးအကြံနဲ့ အကျင့်များဖြစ်ပေါ်တော့မယ် ဆိုရင် သတိထားနိုင်ပြီး ရှောင်ကြဉ်နိုင်ကြမယ်ဖြစ်ပါတယ်။

သူတော်ဆည်းကပ် ၊မြတ်တရားနာ
လွန်စွာအားထုတ်၊ နာမ်နှင့် ရုပ်ကို
ဖြစ်ချုပ် ဥာဏ်မြင်၊ ဤငါးအင်
မှန်ပင်မဂ်ရကြောင်း။


သူတော်ကောင်းတို့၏ ရနံ့သည် ပိတ်ပင်တားဆီး၍မရ အရပ်ဆယ်မျက်နှာလုံး ရနံ့လှိုင်၏ အရောင်အပြည့် သာနေသော လမင်းသည် ကောင်းကင်၌ တင့်တယ်သကဲ့သို့ သာသနာ အင်ကြင်းတော၌ ဆရာတော် အရှင်မြတ်၏ ဘုန်းကျက်သရေတို့သည် ထွန်းလင်းတောက်ပ လျှက်ရှိ၏။

ဘုန်းကျက်သရေဆိုသည်မှာ- အသိပညာ အရင်းခံ၍ လုံ့လကြီးစွာဖြင့် ကောင်းကျိုးရအောင် ဆောင်ရွက် နေသူ၏ နောက်သို့သာ အရိပ်ပမာ ထပ်ကြပ်မကွာ လိုက်ပါနေမြဲဖြစ်သည်။

ပူဇော်ထိုက်သူများကို ပူဇော်ခြင်းသည် ကောင်းမြတ်သော မင်္ဂလာမည်ပါ၏ ဟူသော တရားတော်နှင့် အညီ အရိုအသေ အလေးအမြတ်ပြု၍ ပူဇော်ထိုက်သူ မှီဝဲ ဆည်းကပ်ထိုက်သူ ……… အရှင်သူမြတ်အား ကြည်ညို သဒ္ဓါပွားများစွာဖြင့် ပူဇော်ကန်တော့လိုက်ပါသည် ဘုရား…။

ညခင်းနှင့်လမင်း ပူဇော်သည်။

0 comments:

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes