
Wednesday, January 22, 2014

sitagustar
No comments
သီတဂူစတား တရားဟောပြီ
၁၇-၁-၂၀၁၄ နေ့က မြောက်ဒဂုံ၊ ၃၄ ရက်ကွက်မှာ ဟောသည်။
နယ်တွေမှာ အကြိမ်များစွာ ဟောခဲ့ဖူးပေမဲ့ ရန်ကုန်မြို့မှာတော့ ပထမဆုံးပဲ ဖြစ်သည်။
အသံနှင့် ဗီဒီယိုဖိုင် တင်မရဖြစ်နေသည်၊ ဓာတ်ပုံတွေပဲ တင်လိုက်ရပါသည်။ မြန်မာပြည်ရဲ့
အင်တာနက်က ဓာတ်ပုံတောင် resolution အောက်ဆုံးထိ လျှော့တင်ရင်တောင် တစ်နာရီ
အနဲဆုံးတင်ရသည်။ ဒါတောင် မိုးရွာ မိုးအုံ့ရင် လိုင်းတောင်
တက်မလာတော့။
“ဓာတ်ပုံလေးတွေနဲ့ပဲ ကြည်ညို အားရ
ကျေနပ်တော်မူကြပါကုန်။”
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၀-၂၀၁၄

Monday, January 20, 2014

sitagustar
No comments
ဘာသာရေးသည် ငြိမ်းချမ်းရေးအတွက် ဆွေးနွေး
၁၉-၁-၂၀၁၄ ရက်နေ့က “အပြန်အလှန်
ယုံကြည်မှုနှင့် မျက်နှာချင်းဆိုင် စကားပြောခြင်း၊ ဘာသာရေးသည် လူမှုကွန်ယက်ရဲ့
ညီညွတ်မှုဖြစ်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် Park Royal Hotel, Yangon တွင် ဘာသာကြီး
၎ဘာသာမှ ဘာသာရေး ခေါင်းဆောင်များ စာတမ်းဖတ်ခြင်း၊ ဆွေးနွေခြင်းများ
ပြုလုပ်သည်။
ထိုပွဲကို အမမေရိကန်နိုင်ငံ ကိုလံဘီယာတက္ကသိုလ်၊
လူ့အခွင့်ရေးဆိုင်ရာဌာနနှင့် မြန်မာနိုင်ငံ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ အစ္စလာမ်အဖွဲ့
ုမြန်မာ၊ Myanmar Institute of Theology, Judson Research Centre တို့ ပူးပေါင်း
ပြုလုပ်ကြသည်။ တက်ရောက်သူ ကိုယ်စားလှယ် ၇၀ ခန့်ရှိပြီး၊
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ ကိုလံဘီယာတက္ကသိုလ်မှ ပါမောက္ခ
Robert A.F Thurman, အလာဟာဂျီ ဦးအေးလွင်၊ ဒေါက်တာ စောလှိုင်ဘွား စာတမ်းဖတ်
ဦးဆောင်ဆွေးနွေးသည်။
ရဟန်းတော်များမှ မန္တလေး မစိုးရိမ်တိုက်သစ်မှ
အရှင်ဝိစိတ္တာဘိဝံသ (၀ီရသူ)၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး) မှ
ဒေါက်တာအရှင်ဝေဠုရိယာလင်္ကာရ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) မှ အရှင်ဥက္ကံသ (M.A
ဟာဝိုင်ယီ)၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှ ဒေါက်တာအရှင်ကောဝိဒသိရီ
(သီတဂူစတား)၊ အရှင်ဝိသုတ (M.A Philosophy) နှင့် သီးခြားပင့်ထားသော ဒေါက်တာ
အရှင်ဓမ္မပိယ (ထေရ၀ါဒတက္ကသိုလ်) နှင့် ဒေါက်တာအရှင်ဝိစိတ္တသာရ
(ဓမ္မဂင်္ဂါ)နှင့်သူ၏သူငယ်ချင်းတို့ တက်ရောက်ကြသည်။
ဆွေးနွေးပွဲကို နေ့လည်
(၁)နာရီမှစသည်၊ ညနေ (၆)နာရီတွင်ပြီးဆုံ၊ (၇)နာရီတွင် ပူးတွဲ ကြေညာချက်ထုတ်ခြင်းများ
ပြုလုပ်သည်။
သီတဂူဆရာတော်ကြီး၏ မိန့်ခွန်းကို သီခြား
ဖော်ပြပါမည်။

Thursday, January 16, 2014

sitagustar
No comments
သီတဂူသာသနာပြုအဖွဲ့၏ နာဂတောင်တန်း ဒေသ ကျန်းမာရေးစောင့်ရှောက်မှု အထူးအစီအစဉ်ဖြင့်
လဟယ်မြို့ ပြည်သူ့ဆေးရုံ၌ ၁၁/၀၁/၂၀၁၄ မှ ၁၃/၀၁/၂၀၁၄ နေ့ အထိ
၁။ မျက်စိအထူးကု
ဆရာဝန်ကြီး ပါမောက္ခဦးမြအောင် ခေါင်းဆောင်သောသီတဂူမျက်စိ အထူးကု အဖွဲ့မှ
ပြင်ပလူနာပေါင်း ၆၆၆ ဦးကို ကြည့်ရှုစစ်ဆေးပြီး မျက်စိဝေဒနာရှင်ပေါင်း ၆၉
ယောက်ကို ခွဲစိတ်ကုသကာ မျက်စိအလင်းဒါန ပြုခဲ့သည်။
၂။ ဘယ်လ်ဂျီယံနိုင်ငံမှ
အထူးကုဆရာဝန်ကြီးဒေါက်တာ ပက်ထရစ်တိုးနက် ဦးဆောင်သောဆရာဝန်/သူနာပြုအဖွဲ့က
နှုတ်ခမ်းကွဲဝေဒနာရှင်ပေါင်း ၄၃ ယောက်ကို ခွဲစိတ်ကုသပေးခဲ့သည်။
၃။ ဒေါက်တာ
ဦးကိုကိုခေါင်းဆောင်သော အင်္ဂလန်နိုင်ငံမှ သွားအထူးကုဆရာဝန်အဖွဲ့က
ပြင်ပလူနာပေါင်း ၃၉၈ ဦးကို ကြည့်ရှုစစ်ဆေးပြီး သွားဝေဒနာရှင်ပေါင်း ၁၂၂ ယောက်ကို
နှုတ်ခြင်း၊ ဖာထေးခြင်း စသည်ဖြင့် ကုသမှုပေးခဲ့သည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ
ရှိကြပါစေ”
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၆-၁-၂၀၁၄

Saturday, January 11, 2014

sitagustar
No comments
သီတဂူဆရာတော်၏ လက်တွေ့ကျသော အမှန်တရားနှင့် ငြိမ်းချမ်းရေး
၈-၁-၂၀၁၄ နေ့က အသက်
၇၅နှစ်အရွယ်ရှိ ရွာသားလယ်သမားကြီးတစ်ယောက် သူ၏ သားတစ်ယောက်ဖြင့်
သီတဂူကျန်းမာရေးစောင့်ရှောက်အဖွဲ့ ဟုမ္မလင်းသို့ ရောက်လာခြင်း၊
သီတဂူစက္ခုဒါနဆေးရုံကို ဖွင့်လှစ်ခြင်းတို့ကို ကြားသိရသဖြင့် ထော်လာဂျီဖြင့် ၂
ကြာစီးရသည့် ဟုမ္မလင်းမြို့နယ် ရွာတစ်ရွာမှ လာရသည်။
သူသည်
အစ္စလာမ်ဘာသာဝင်တစ်ယောက်ဖြစ်သည်၊ ဆရာတော်ကြီးသည် ပြတင်းပေါက်ကနေ ထိုသားအဖနှစ်ယောက်
စိတ်ရှည်စွာ မှတ်ပုံတင်ရန် စောင့်ဆိုင်းနေသည်ကို မြင်တွေ့ရသည်။ ဆရာတော်ကြီးသည်
မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာမြအောင်ကို ခေါ်ပြီး ဒီမွတ်ဆလင်ဒကာကြီးကို
ဒီအခွင့်ရေး လွတ်မသွားစေရန် ညွှန်ကြားတော်မူသည်။ သူ၏ ညာဘက်မျက်လုံးတွင်
ရေတိမ်များကို ဖယ်ရှား ကုသပေးသည်။ ၂၄ နာရီ ခွဲစိပ်ကုသပေးပြီး ထိုမွတ်ဆလင် ဦးသာဖို၏
မျက်ကြည်လွှာမှာ ပင်ကိုယ်ပကတိအတိုင်း ပြန်ဖြစ်သွားသည်။ သူ အမြင်အာရုံတို့သည်လည်း
အလွန်ကောင်မွန်သွားသည်။ ဆရာတော်ကြီးသည် သူ၏ ကုန်ကျစရိတ် အားလုံးကို
လှူဒါန်းလိုက်သည်။
မြဗုဒ္ဓ၏သားတော် ဖြစ်သည့် သီတဂူဆရာတော်ကြီးသည် ဘာသာရေးသည်
ငြိမ်းချမ်းရေးနှင့် အမှန်တရားအတွက် ဖြစ်သည် ဆိုတာကို ပြသလိုက်ခြင်းဖြစ်သည်။
အမှန်တရားနှင့် ငြိမ်းချမ်းရေးတို့သည် အစဉ် ယှဉ်တွဲလျှက်ရှိသည်။ ဗုဒ္ဓဘာသာတစ်ယောက်
မေတ္တာ ကရုဏာ အမှန်တရားတို့သည် လောကကြီးငြိမ်းချမ်းရေးနှင့်
အစဉ်ယှဉ်တွက်လျှက်ရှိနေသည်ကို ဒီကနေ့ စစ်ကိုင်းတိုင်းဒေသကြိး ဟုမ္မလင်းမြို့၊
သီတဂူကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့၏ Action Plan ပြလိုက်သည်။
“သီတဂူစန်းလပမာ
ချမ်းမြသာယာ ရှိကြပါစေ”
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၁-၁-၂၀၁၄

Wednesday, January 08, 2014

sitagustar
No comments
သီတဂူစက္ခုဒါနဆေးရုံ (ဟုမ္မလင်း)ဖွင့်လှစ်
သီတဂူသာသနာပြုအဖွဲ့၏ မြန်မာပြည်အနှံ့
တည်ဆောက်ပြီး ဆေးရုံများတွင် (၂၆)ရုံမြောက် ဆေးရုံးဖြစ်သော
သီတဂူစက္ခုဒါဆေးရုံတော်ကို စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့တွင် ၂၀၁၄၊ ဇန်န၀ါရီ
(၇)ရက်နေ့၊ နံနက် (၉)နာရီက ဖွင့်လှစ်လှူဒါန်းသည်။
ထိုဆေးရုံဖွင့်ပွဲသို့
သီတဂူအဓိပတိဆရာတော်၊ ယဉ်ကျေးမှု၊ အားကစားနှင့် ပြည်သူ့ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ သူရ
ဦးအေးမြင့်နှင့်အဖွဲ့၊ သီတဂူအလှူရှင်များ၊ သီတဂူသာသနာပြုအဖွဲ့ဝင်များ၊ သီတဂူဆရာဝန်
ဆရာမများ၊ အင်္ဂလန်၊ ဘယ်လ်ဂျီယံနိုင်ငံများမှ အထူးကုဆရာဝန်များနှင့် ဒေသခံပြည်သူများ
စုစုပေါင်း အင်အား (၅၀၀၀)ကျော် တက်ရောက်သည်။
ဆေးရုံတော်ကြီး၏ကုန်ကျစရိတ်မှာ
ကျပ်သိန်းပေါင်း (၃၀၀၀) သုံးထောင်ရှိပြီး၊ ဆေးရုံးသုံးပစ္စည်းများမှာ
ကျပ်သိန်းပေါင်း (၃၀၀၀) သုံးထောင်ရှိသည်။ သီတဂူဆရာတော်ကြီးနှင့် သီတဂူအလှူရှင်များက
လှူဒါန်းကြသည်။
ဒေသခံပြည်သူများက ရိုးရာယဉ်ကျေးမှု အဆို အကတို့ဖြင့် ဧည့်ခံ
ဖျော်ဖြေကြသည်။
၁-၁-၂၀၁၄မှ ၇-၁-၂၀၁၄ နေ့အထိ သီတဂူမျက်စိအထူးကုအဖွဲ့က
သီတဂူစက္ခုဒါနဆေးရုံတွင် မျက်စိဝေဒနာရှင်ပေါင်း (၃၄၃)ယောက်ကို
ခွဲစိပ်ကုသပေးပြီးဖြစ်သည်၊ ပြင်ပလူနာ (၁၀၀၀)ကျော်တို့ကိုလည်း
စမ်းသပ်ကုသပေးသည်။
ထို့ပြင် ဟုမ္မလင်း ကုတင် (၁၀၀)ဆန့် ခရိုင်ပြည်သူ့ဆေးရုံတွင်
သီတဂူ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ အထူးကုအဖွဲ့က လူနာပေါင်း ၁၃၄ ဦးကို
ခွဲစိပ်ကုသပေးပြီးဖြစ်သည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၇-၁-၂၀၁၄

Sunday, January 05, 2014

sitagustar
No comments
ဓမ္မမိတ်ဆွေ အပေါင်းတို့------
သီတဂူစတား ၏ ဒုတိယမြောက် သီတဂူစတားစာစဉ် (၂) ထွက်ရှိလာပြန်ပါပြီ၊
“ဗုဒ္ဓဘာသာတစ်ယောက်၏ ရင်တွင်းစကား”ဟု အမည်ပေးထားပါသည်။ ဤစာအုပ်ကို
ဖတ်လိုက်ရခြင်းဖြင့် ဗုဒ္ဓဘာသာတစ်ယောက်၏ စိတ်နေသဘောထားများကို
အမြင်ရှင်းရှင်း သိနိုင်ပါလိမ့်မည်။ စာမျက်နှာ ၁၉၅ ရှိသည်၊
ဓမ္မဒါနပြုနိုင်ပါသည်။
ပထမအကြိမ် ထွက်ရှိပြီး “အွန်လိုင်းဓမ္မရသစာစု” စာအုပ်ကိုလည်း ဒုတိယအကြိမ် ထပ်မံရိုက်ရှိထားပါသည်။
၁။ “ဗုဒ္ဓဘာသာတစ်ယောက်၏ ရင်တွင်းစကား”
၂။ “အွန်လိုင်းဓမ္မရသစာစု” (ဒု-အကြိမ်ရိုက်) ဓမ္မဒါန-တရားအလှူများ ပြုလုပ်နိုင်ပါသည်။
ရနိုင်သော ဌာနများ
၁။ မသီသီဆွေ မြိတ်မြို့၊ ဈေးတန်းရပ်၊ ဖုန်း-၀၉-၅၆၄၀၂၆၁
၂။ ကိုထွန်းမြင့်၊ အမရပူရမြို့၊ ဒန်တပင်ရပ်။ ဖုန်း-၀၉-၄၃၁၇၄၇၂၅။ ကိုကျော်ဆန်း ဖုန်း-၀၉- ၄၀၂၇၉၁၁၃၇
၃။ မထွေးထွေးခိုင်၊ စစ်ကိုင်း၊ အာလောင်ရွာ၊ ဖုန်း-၀၉-၂၅၆၀၅၈၈၁၄
၎။ ဒေါက်တာအရှင်ကောဝိဒသိရီ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖုန်း ၀၉-၃၁၆၆၆၁၁၁
ကျန်ရှိနေသေးသော ပို့စ်များကို စာအုပ်အဖြစ် ဓမ္မဒါန ပြုလုပ်နိုင်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၇-၁၂-၂၀၁၃

Monday, December 16, 2013

sitagustar
No comments
အမြတ်မရကြောင်း ၆ ပါး
(သီတဂူစတား စာတိုပေတို)
(၁) ကုသိုလ်ကောင်းမှု အရာပဲ ဖြစ်ဖြစ်၊
စီးပွားရေးအကျိုးအမြတ်အရာပဲ ဖြစ်ဖြစ် အလိုကြီးရင်၊ လိုချင်အားကြီးလျှင်
မရတတ်။
(၂) အမျက်ဒေါသ ကြီးလျှင်လဲ မရတတ်ဖြစ်သည်၊ ဒီဟာကို ရကို ရစေရမည်၊ မရလျှင်
သိစေရမည်ဟုသော ဒေါသကြီးလျှင် လိုချင်တာ မရတတ်ဖြစ်သည်။
(၃) အပျင်းကြီးလျှင်လဲ
လိုချင်တာ မရတတ်၊ ဘယ်အရာမဆို ၀ီရိယရှိနေရမည်၊ ၀ီရိယမရှိ ထိနမိဒ္ဓဖြစ်နေလျှင်
ရသင့်ရထိုက်သည့် အခွင့်အလမ်းများ ဆုံးရှုံးမည်။
(၄) စိတ်ယောက်ယက်ခက်ပြီး
မတည်မငြိမ် ဖြစ်နေလျှင်လည်း ရသင့်ရထိုက်သည့် အခွင့်အလမ်းများ မရတတ်။ ၀ိပဿနာ၊ ဈာန်၊
မဂ်ဖိုလ်ကိုပဲ ဖြစ်ဖြစ်၊ လောကကြီးပွားရေးကိုပဲ ဖြစ်ဖြစ် စိတ်မတည်ငြိမ်ပါက
မရတတ်။
(၅) သို့လော သို့လော သံသယဖြစ်နေလျှင်လည်း မရတတ်၊ ချီတုံချတုံ ဖြစ်နေသည်၊
ဆုံးဖြတ်ချက်ကို မချနိုင်ပါက ရသင့်ရထိုက်သည့် အခွင့်အရေးများနဲ့
လွဲသွားတတ်သည်။
(၆) အမှား-အမှန် မသိက မရတတ်။ အမှားကို အမှန်ထင်၊ အမှန်ကို
အမှားထင်နေပြန်ရင်လည်း ထိုထိုသော ကောင်းကျိုးများနှင့် လွဲတတ်သည်။
(နီဝရဏ (၆)ပါး
ကို အဓိပ္ပါယ်ဖွင့်ဆိုသည်၊ နီဝရဏ ဟူသည် အခွင့်အလမ်းများ၏ အပိတ်အပင် အတားအဆီးများ
ဖြစ်သည်။)
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၈-၀၂-၂၀၁၃

Thursday, December 12, 2013

sitagustar
No comments
သီတဂူ-ပုဂံလေ့လာရေး ခရီးပြီးဆုံး
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ကျောင်းသား
ကျောင်းသူများ အဖွဲ့သည် ၇-၁၂-၂၀၁၃-ရက်နေ့ ညနေပိုင်းက စတင်ထွက်လာရာ ၉-၁၂-၂၀၁၃ ရက်
ညနေပိုင်း ပြီးဆုံး။ ၁၀-၁၂-၂၀၁၃ ရက်နေ့ မနက်ပိုင်း ရန်ကုန်ပြန်ရောက်။
အညာမြေ
လတန်ဆောင်ရဲ့ ရာသီကလဲ နွေးနွေးထွေးထွေး ရှိလှသည်။ စာရေးသူတို့ လေ့လာရေးအဖွဲ့သည် ၈
ရက်နေ့ မနက်စောစော ပုပ္ပါးတောင်ခြေက စွယ်တော်မိုးကုတ်ဝိပဿနာရိပ်သာတွင်
ခေတ္တနားခိုသည်၊ မျက်နှာသစ်၊ ကိုယ်လက်သုတ်သင်ပြီး မနက်စာကို ထိုရိပ်သာမှ
ဆရာတော်ကြီးနှင့်တပည့်များက ကပ်လှူသဖြင့် ထိုနေ့မနက်စာအတွက် အဆင်ပြေသွားသည်။
ဆရာတော်ကြီးများကလည်း နွေးနွေးထွေးထွေးကို ကြိုဆိုပြီး အနာဂတ် အမျိုးဘာသာ
သာသနာအတွက် အညွှန့်တလူလူ တိုးထွက်လာသည့် ကြုံရခဲမျှသော ကျောင်းသားသံဃာများနှင့်
သီလရှင်ဆရာလေးများကို ဆွမ်းကပ်ခွင့်ရသည်။ ပုပ္ပါးတောင်ပေါ်သို့ တက်ရောက် လေ့လာကြသည်။
“အတက်ဒူးကွေး အဆင်းဒူးတုန်” ဆိုတဲ့အတိုင်း ခြေတောက်တွေ မသယ်ချင်လောက်အောင်
မောပန်းလှသည်။ သိပ်လှပတဲ့ ပုပ္ပါးတောင်တော်နှင့် ၀န်းကျင် တောတောင်တို့မှ
ဖြတ်တိုက်ခက်လာသော လေနုနုတို့သည် စာရေးသူတို့ အမောကို ပြေစေသည်၊ တုန်ရီနေတဲ့ ဒူးတွေ
ခြေသလုံးကြွက်သားတွေလည်း လန်းဆန်းလာစေသည်၊ အားအင်တွေ ပြည့်လာစေသည်။

စာရေးသူသည်
ပုပ္ပါးတောင်ပေါ်သို့ ၂ ကြိမ်မြောက် ရောက်ခြင်းဖြစ်သည်။ ထိုနှစ်ကြိမ်တို့သည်
နှစ်ကွာခြားသည်နှင့် အနေအထားလဲ ကွဲကွာသွားသည်၊ ၂၀၀၇-၂၀၀၈ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
(စစ်ကိုင်း) ပညာသင်နှစ် ဘီအေ နောက်ဆုံးနှစ်ဖြစ်သလို ပထမဆုံးသော ဘီအေဘွဲ့ရ
အသုတ်ဖြစ်သည်။ ထိုနှစ်မှာပဲ ဘီအေနောက်ဆုံးနှစ် ကျောင်းသားအဖြစ် ပထမအကြိမ်
ပုဂံ-ညောင်ဦး-ပုပ္ပါး လေ့လာရေးခရီးအဖြစ် လာရောက်ခဲ့ဖူးသည်။ ယခုအကြိမ်မှာတော့ အမ်အေ
(ဒဿနိကဗေဒ)အပြီး၊ ပါရဂူတန်းအတွက် စာတန်းတင်ပြီး၍ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၏
ကထိကအဖြစ်၊ ဦးဆောင်အဖြစ်နှင့် ဤလေ့လာရေး ခရီးကို စတင်သည်။ နောက်လိုက်အဖြစ်
လိုက်ခဲ့တုန်းက အသာလေး အများသွားသည့်နေရာ မကြောင်းမကြ မတောင်းမတ လေ့လာရသဖြင့်
သက်သောင့်သက်သာ ရှိလှသည်။
သို့သော်လည်း ဦးဆောင်သူတစ်ယောက် အဖြစ်နဲ့ကတော့
တစ်ချိန်လုံး တစ်လမ်းလုံး ပူပန်ရသည်၊ ခရီးစဉ်အဆင်ပြေဖို့၊ တည်းဖို့ခိုဖို့
နေရာထိုင်ခင်း အဆင်ပြေဖို့၊ အများနှင့်သွားရသဖြင့် ရေချိုးခန်း အိမ်သာက အစ
အဆင်ပြေဖို့ ပူပန်ရသည်၊ ငှါးရမ်းထားသည့် ကားများ အချိန်မီ မရောက်လာပါကလဲ စိတ်ပူရ၊
ဒေါသတွေ ထွက်ရ ပြောရဆိုရသဖြင့်လည်း ပူပန်နေရသည်။ လမ်းခရီး ကားများ တစ်ခုခု
အဆင်မပြေဖြစ်ပါကလဲ ပူပန်ရပြန်သည်။ ခရီးစဉ်ဆုံးသွားမှတော့ပဲ စိတ်အေးရတော့သည်။
ပူပန်မည့်သာ ပူနေရတာ တကယ်တော့ ကျောင်းသား ကျောင်းသူတွေရဲ့ ဘုန်းကံကြောင့်ပဲ
ဖြစ်မည်၊ အရာအားလုံး အဆင်ပြေခဲ့သည်။ ၀ိုင်းဝန်း အကျိုးဆောင်ပေးကြသည့်
ပုဂ္ဂိုလ်များကို အထူးပဲ ကျေးဇူးတင်ရှိပါသည်။ ငြိမ်းချမ်းစွာဖြင့် လေ့လာရေးခရီးတွင်
ပါဝင်ခဲ့ကြသော တပည့်အပေါင်းအားလည်း အထူးကျေးဇူးတင်ရှိပါသည်။

ပုပ္ပါးတောင်ပေါ်မှ
နေ့လည် ၈နာရီဝန်းကျင်လောက်မှ ညောင်ဦးမြို့၊ သိမ်းမဆည်းဂိတ်ကျောင်း
(ရွှေစည်းခုံဘုရားအနီး) တွင် တည်းခိုရန် ဆင်းလာခဲ့ကြသည်၊ ရောက်ရောက်ချင်း အသီးအသီး
နေရာယူပြီး နေ့လည်စာ စားကြသည်မှာလည်း ပျော်စရာကောင်းလှသည်။ ကျောင်းသား
ကျောင်းသူများ၏ ကာယသာမဂ္ဂီ စိတ္တသာမဂ္ဂီ (ကိုယ်ရော စိတ်ပါ ညီညွတ်ခြင်း)တို့ကို
တွေ့ရသည်။ နေ့လည်စာအတွက် မခိုမကပ်ဘဲ ကိုယ့်အသိစိတ်ကလေးနဲ့
နေရာထိုင်ခင်းကျင်းကြခြင်း၊ စားပွဲများအတွက် ပြင်ဆင် ချက်ပြုတ်၊ ဆေးကြောခြင်း စတဲ့
ဝေယျာဝစ္စပြုလုပ်နေကြသည်ကို မြင်ရပြန်တော့ စိတ်အေးရသည်၊ ကြည်နူးရသည်။ ဤသို့အားဖြင့်
ခရီးသွားခြင်းကလည်း ချစ်ခြင်းနှင့် ညီညွတ်ခြင်းကို ဖြစ်စေသည်။

ထို
သိမ်းမဆည်းဂိတ်ကျောင်းမှာ တည်းခိုပြီး ပုဂံ-ညောင်ဦးမြို့ပေါ်ရှိ
ထင်ရှားကျော်ကြားစေတီ ပုထိုးတော်များ၊ မထင်မရှား စေတီပုထိုးတော်များနှင့်
စွယ်တော်လေးဆူတွင် တစ်ဆူအပါဝင်ဖြစ်သည့် တန့်ကြည်တောင်စေတီတော်ကို ပျော်ပျော်ကြီး
လေ့လာခဲ့ရသဖြင့် ခရီးပန်းပေမဲ့ အားလုံး ကျေနပ်အားရကြလိမ့်မည် ထင်ပါသည်။
ဘုရားဖူးရင်း ဘုရားဒကာ ကျောင်းဒကာများလည်း ဖြစ်ခဲ့ကြသည်။ ဘုရားစောင်းတန်းရှိ
အလှူခံဌာနတွေမှာ မိမိအဖွဲ့မှ ဘုရားဒကာ ကျောင်းဒကာ ၀င်လုပ်သူတွေကိုလည်း
တွေ့ခဲ့ကြရသည်၊ တည်းခိုခဲ့သည့် မပြည့်စုံသေးသော နေရာများအတွက် ကျပ်၂
သိန်းကျော်ကိုလည်း မိမိတို့ လမ်းစရိတ်ထဲမှ စုပေါင်း၍လည်း ကျောင်းဒကာအဖြစ် အားလုံး
ပါဝင်ခဲ့ကြသေးသည်။ ထိုကျောင်းတိုက်ဆရာတော်ကြီး၏ အဆုံးအမကိုလည်း နာကြားခွင့်ရသည်၊
“ငါ့ရှင်တို့က အညွှန့်တလူလူတက်နေတဲ့ ကျောင်းသားတွေ၊ ကိုယ့်အညွှန့်ကို ကိုယ်ကိုယ်တိုင်
မဖျက်ဆီးပစ်ကြနဲ့”ဟု အမိန့်ရှိသည်။ ဤသို့အားဖြင့် ဘုရားဖူးရင်း လိပ်ဥမတူးကြဘဲ
ရွှေဥတွေပဲ တူးခဲ့ကြသည်။
လေ့လာရေးခရီးစဉ်အားလျှော်စွာ ပုဂံရာဇ၀င်ကို
ကျွမ်းကျင်နိုင်နှင်းသည့် လမ်းညွှန်ဂိုက်ကိုလည်း ငှါးရမ်းထားသဖြင့် အဆင်ပြေသည်။ ယနေ့
တွေ့မြင်နေရသော ပုဂံဘုရားများနှင့် နန်းတော်ရာ၊ ကျောင်းတော်ရာများက ရှေးမြန်မာများ၏
လူနေမှုဘ၀ပုံရိပ်၊ ဘာသာ သာသနာယုံကြည်မှု၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်မှုတို့ကို
မိမိတို့ ရင်ထဲ စွဲကျန်စေခဲ့သည်။ ရှေးမြန်မာများ၏ အနုစိတ်သော ဗိသုကာပညာများ၊
စာပေများက သူတို့၏ ဘ၀ပုံရိပ်နှင့် စိတ်နေစိတ်ထားများကို ဖော်ပြသဖြင့်
ရှေးမြန်မာများ၊ မိမိတို့၏ ဘိုးအေများ၏ စိတ်ဓာတ်များကို လေ့လာခံစားခွင့်ရကြသည်။
တွေ့မြင်ခဲ့ရသော ပုဂံပုံရိပ်များက မိမိတို့နှလုံသားဝယ် ဘာသာ သာသနာနှင့်
မျိုးချစ်စိတ်တို့ကို ခိုင်မာစေခဲ့သည်။ ဤသို့အားဖြင့် လေ့လာစရာတွေ
ထုနဲ့ဒေးရှိနေပေမဲ့ ရရှိသည့် အချိန်လေးဖြင့် ဤမျှလောက် လေ့လာခွင့်ရသည်ကိုပဲ
ကျေနပ်အားရမိကြမည် ထင်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၁-၁၂-၂၀၁၃

Wednesday, December 11, 2013

sitagustar
No comments

သီတဂူဆရာတော်ကြီးသည် ၁၀-၁၂-၂၀၁၃ ရက်နေ့က အာရပ်ဗ်စော်ဘွားနိုင်ငံများမှ
တစ်ခုအပါဝင်ဖြစ်သော ကာတာနိုင်တွင် ကျင်းပပြုလုပ်သည့် “World Innovation Summit for
Health in Qatar” သို့ တက်ရောက်ခဲ့သည်။

ထိုပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့သည်။
Sitagu Sayadaw is attending World
Innovation Summit for Health in Qatar at the respectful invitation of Daw Aung
San Suu Kyi and lord Ara Darzi, an English and an executive chair of World
Innovation Summit For Health who later will offer 4 millions USD to Daw Aung San
Suu Kyi to renovate Yangoon General Hospital. Detailed information regarding the
health forum will be coming shortly.
ဓာတ်ပုံသတင်း (အရှင်ဝိသုတ)

သီတဂူစန်းလပမာ
ချမ်းမြသာယာ ရှိကြပါစေ။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၁-၁၂-၂၀၁၃

Monday, December 02, 2013

sitagustar
No comments
သီတဂူအဓိပတိဆရာတော်ကြီး အနောက်နိုင်ငံသာသနာပြုမှ အပြန်
ဘန်ကောက်တရားပွဲသို့ကြွခဲ့၊ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ မငြိမ်သက်မှုကြောင့်
ထိုတရားပွဲ မကျင်းပဖြစ်ခဲ့၊ ဘန်ကောက်မှ အိန္ဒိယနိုင်ငံ မြေမြတ်မဟာ မဟာဗောဓိပင်သို့
ကြွရောက်သည်။
ထိုမဟာဗောဓိပင်အောက်တွင် အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံမှ
ရဟန်း ရှင် လူများက နှစ်စဉ်နှစ်တိုင်း တိပိဋကသုံးပုံး ရွတ်ဖတ်ပူဇော်ပွဲကို
(၁၀)ရက်တိုင်တိုင် ကျင်းပကြသည်။
ပြီးခဲ့သည့်နှစ်က တစ်ကြိမ်နှင့် ဒီနှစ်အတွက်ကို
မြန်မာနိုင်ငံမှ အလှူရှင်အဖြစ် တာဝန်ယူ ဆောင်ရွက်သည်။ ထိုပွဲကို
သီတဂူအဓိပတိဆရာတော်ကြီး နှစ်စဉ် ကြွရောက်သည်၊ ထိုပွဲရဲ့
အဓိကအလှူရှင်အဖြစ်အနေနဲ့လည်း ပါဝင်ခဲ့သည်။
ဓာတ်ပုံများကို အရှင်ကုမုဒ
ဗောဓိတစ်ထောင် စာမျက်နှာမှ ကူးယူဖော်ပြသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ
ရှိကြပါစေ
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂-၁၂-၂၀၁၃www.thesitagu.org
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဖေ့ဘုတ်အပေါ်က လူအကြိုက်များဆုံး ဓာတ်ပုံ တစ်ပုံ စာမိတ်ဆက် စာရေးသူ၏ ဖေ့ဘုတ်တွင် ပုံများစွာတင်ထားသည်။ ရောက်လေရာရာနေရာတွေက အမှတ်တရပုံတွေကော ဆရာေ...
-
အင်ဒိုနီးရှာကျောင်းသားများ ပြပွဲမှာ တိုးဝှေ့ပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ စာရေးဆရာမဟုတ်သော သီတဂူစတား ဒီကနေ့ ဘာပို့စ်တင်ရမလဲ စဉ်းစ...
-
ဆရာကောင်း နည်းကောင်း တွေ့ဖို့လိုတယ် အဲဒီမှာ ဘုန်းကြီး ချက်ချင်း စဉ်းစားမိတယ်။ ''ဒီဥရောပတိုက်သား အမေရိကတိုက်သား လူတွေဟာ ဗုဒ္ဓ ဘာသာ...
-
သိကြားမင်းရဲ့လျှောက်ထားချက် အသားမည်းတဲ့ ဒီရသေ့ဟာ မည်းတဲ့မြေကွက် ပေါ်မှာ နေနေတယ်။ မည်းတဲ့အဝတ်ကိုဝတ်တယ်။ မည်းတဲ့ အစားအစာကို စားတယ်။ ဒီတော့ ...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်ရှိ ပူနေးမြို့ ပူနေးတက္ကသိုလ်ကြီးသည် လွန်ခဲ့သော ၈ နှစ်ကထဲက စပြီး အရှိန်အဟုန်နှင့် ကျော်ကြားလာခဲ့ရာ၊ ပြည်တွင်းပြည်...
-
သီတဂူဆရာတော် ဂျေရုစလင် မိန့်ခွန်း *********** Your Venerable Your Excellency Mr. President / Prime Minister of Israel Excellencies ...
-
သီတဂူ Study Tour အင်ဒိုနီးရှား ********** သီတဂူ ၂၀၁၆ နိုဝင်ဘာလ ၆ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ တပည့် စာချ ဆရာတော်များနှင...