သီတဂူစတား

သီတဂူစတား

22 March 2014

သီတဂူ မျက်စိအလှူ-ခိုလန် (ရှမ်းတောင်)

သီတဂူ မျက်စိအလှူ-ခိုလန် (ရှမ်းတောင်)
ရှမ်းပြည်တောင်ပိုင်း၊ ခိုလန်မြို့၊ ကုတင် (၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှာ သီတဂူဆရာတော်ကြီးနှင့်အဖွဲ့တို့သည် မျက်စိအလှူတော်များ ပေးဝေနေသည်မှာ ၂၁-၃-၂၀၁၄ ရက်နေ့ဆို ၄ ရက်မြောက်နေ့ဖြစ်ပါသည်။
(၄) ရက်မြောက်နေ့အထိ မျက်စိဝေဒနာရှင်ပေါင်း (၁၃၁၆)ဦးကို စမ်းသပ်စစ်ဆေးသည်၊ မျက်စိဝေဒနာရှင်ပေါင်း (၁၈၃)ဦးကို ခွဲစိပ်ပေးသည်။ မျက်စိဝေဒနာရှင်များစွာထဲက လွန်ခဲ့တဲ့ (၉)နှစ်လောက်ကထဲက မွေးရာပါ မျက်လုံးတိမ်ပါလာသူ ပအိုးတိုင်းရင်းသူ မအီနေ၊ အသက် (၁၀)နှစ်၊ မက်မွန်လောင်ရွာ၊ ခိုလန်မြို့သူသည် သီတဂူမျက်စိအထူးကုအဖွဲ့၏ ခွဲစိပ်မှုကို ခံယူပြီး အလင်းရောင်များ၊ ပတ်ဝန်းကျင်ကို မြင်နိုင်သဖြင့် သူမရော သူမ၏အဖေပါ ၀မ်းသာမဆုံးဖြစ်နေကြသည်။

ဓာတ်ပုံသတင်း- သီတဂူထိန်လင်း

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၂-၃-၂၀၁၄
www.thesitagu.org

21 March 2014

သီတဂူကျန်းမာရေးစောင့်ရှောက်အဖွဲ့ ရှမ်းပြည်တောင်ပိုင်း ရောက်ရှိ

သီတဂူကျန်းမာရေးစောင့်ရှောက်အဖွဲ့ ရှမ်းပြည်တောင်ပိုင်း ရောက်ရှိ
သီတဂူဆရာတော်ဦးဆောင်သော သီတဂူသာသနာပြု မျက်စိအထူးကုအဖွဲ့သည် စစ်ကိုင်းမြို့မှ ၁၇-၃-၂၀၁၄ ရက် နံနက် ၆နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့သို့ စတင်ထွက်ခွာခဲ့သည်။
ညနေ ၄-၃၀ မိနစ်တွင် ပင်လုံမြို့သို့ရောက်ရှိသည်၊ ပြည်မ-တောင်တန်း ပူးပေါင်းရေးစာချုပ်အတွက် အမှတ်တရ ပင်လုံကျောက်တိုင်ကိုလည်း ရောက်ရှိခဲ့သည်။ ထိုနေ့ ညပိုင်းတွင် မဟာရဋ္ဌာဘိသာမဂ္ဂီစေတီတော်မြတ်ကြီးတွင် တရားတော်များ ဟောကြားတော်မူခဲ့သည်။

၁၈-၃-၂၀၁၄ နေ့မှာ လွိုင်လင်မြို့တွင် ညအိပ်နားသည်၊ ထိုနေ့ နံနက် ၆ နာရီခွဲတွင် ရှမ်းပြည်တောင်ပိုင်း ခိုလန်မြို့သို့ ခရီးဆက်ကြသည်။ ခိုလန်မြို့တွင် ကမ္ဘောဇဘဏ်မှ ဆောက်လုပ်လှူဒါန်းထားသော ကုတင် (၁၀၀)ဆန့် ဆေးရုံတွင် မျက်စိခွဲအစီအစဉ်အတွက် ဝေဒနာရှင်များကို စမ်းသပ် စစ်ဆေးသည်။
မျက်စိကုသမှုအစီအစဉ်တွင် မျက်စိအထူးကု ပါမောက္ခ အငြိမ်းစား သီတဂူ ဒေါက်မြအောင် ဦးဆောင်ကာ မျက်စိဝေဒနာရှင်ကို စမ်းသပ်စစ်ဆေးပေးခဲ့ရာမှာ ၁၈-၃-၂၀၁၄မှ ၂၀-၃-၂၀၁၄ရက်နေ့အထိ မျက်စိဝေဒနာရှင် (၁၀၄၈)ဦးကို စမ်းသပ်စစ်ဆေးခဲ့သည်၊ ထိုစစ်ဆေးပြီး မျက်စိဝေဒနာရှင်များမှ လူနာပေါင်း ၁၂၂ ယောာက်ကို ခွဲစိပ်သည်၊ အလင်းရောင်များ ရရှိသွားကြသည်။ ထိုမျက်စိဝေဒနာရှင်များတွင် မွေးရာပါ မျက်လုံးနှစ်လုံး တိမ်စွဲနေသော ဝေဒနာရှင်တစ်ဦး ထူးထူးခြားခြား ပါဝင်သည်။ မျက်လုံး နှစ်လုံးကို တပြိုင်နက်တည်း ခွဲစိပ်ခဲ့ရပါသည်။
သီတဂူ အခြေံပညာမူလတန်းကျောင်း
သီတဂူသာသနာပြုအဖွဲ့သည် ကျန်းမာရေးစောင့်ရှောက်မှုအပြင် ပညာရေးအတွက်ပါ ဆောင်ရွက်လျှက်ရှိသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလန်မြို့မှာပဲ အခြေခံပညာမူလတန်းကျောင်းကို သီတဂူ သာသနာပြုအဖွဲ့မှ ဦးအောင်သောင်း (ထရန်စဖော်မာ)နှင့် ဦးကျော်မိုးနိုင် (Krislite) မိသားစုတို့က ကျပ်သိန်း ၂၅၀ မတည် လှူဒါန်း ခဲ့ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၃-၂၀၁၄
www.thesitagu.org

17 March 2014

ယခုနှစ် ထူးခြားသည့်မွေးနေ့ပွဲ အစီအစဉ်များ

ထူးခြားသည့်မွေးနေ့ပွဲ အစီအစဉ်များ
ဒီနှစ် ၇၇ နှစ်ပြည့် သီတဂူဆရာတော်ကြီး၏ မွေးနေ့ပူဇော်ပွဲကြီးမှာ သံဃာတစ်ထောင်ကျော်၊ သီလရှင်တစ်ထောင်ကျော် အမျိုးစုံးလောင်းလှူပွဲကြီးနှင့် ပြည်တွင်းပြည်ပ အရပ်လေးမျက်နှာမှ ကြွရောက်လာကြသော အလွှာအမျိုးစုံ ပရိသတ်ထောင်ပေါင်းများစွာတို့အား အစားအစာအမျိုးစုံတို့ဖြင့် ကျွေးမွေးသည့် အစီအစဉ်များအပြင် ထူးခြားသည့် အစီအစဉ်နှစ်များကိုလည်း ပါဝင်စေလာသည်။
၁။ သီတဂူဆရာတော်ကြီး၏ ၇၇နှစ်ပြည့် မွေးနေ့ ဂုဏ်ပြုပူဇော်ပွဲအတွက် ကြွရောက်လာသော အရပ်လေးမျက်နှာမှ ပရိသတ်အပေါင်းတို့အား ညစဉ် သီတဂူဓမ္မကထိကများက တရားတော်များ ဟောကြားပေးခြင်း။

၂။ စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် တက်ရောက်နေကြသော Ph.D, M.A, B.A, Diploma ကျောင်းသားများနှင့် ဗုဒ္ဓဓမ္မ အခြေခံကျောင်းသားများက သီတဂူဆရာတော်ကြီးကို ပူဇော်ကန်တော့ကြသည်၊ ဆရာတော်ကြီးထံမှ သြ၀ါဒတရား နာယူကြသည်၊ ထိုပွဲတွင် စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သုံးခုမှ တာဝန်ရှိသူများက တစ်နှစ်စာ ပညာရေး အစီအရင်ခံစာ အကျဉ်းချုပ်များကို တင်သွင်းကြသည်။

၃။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တွင် တက်ရောက် သင်ကြားနေကြသော ဗုဒ္ဓဓမ္မ အခြေခံကျောင်းသားများက ဆရာများအား ကန်တော့ကြသည်။ ထိုအစီအစဉ် သုံးရပ်ကို ထူးခြားစွာ ပါဝင်လာသည်ကို တွေ့ရသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၇-၃-၂၀၁၄

16 March 2014

ကမ္ဘာ့အကြီးဆုံး မွေးနေ့ပွဲကြီး

ကမ္ဘာ့အကြီးဆုံး မွေးနေ့ပွဲကြီး
၁၃-၃-၂၀၁၄ ကနေစပြီး ၁၄-၁၅ ရက်နေ့များအထိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်းတွင် လူ ထောင်ပေါင်းများစွာ ၀င်ထွက်လျက်ရှိသည်။ နေ့စဉ် ထိုတက္ကသိုလ်အတွင်းမှာ ပြည်တွင်း ပြည်ပ ရပ်ဝေးမှ ညအိပ်အဖြစ် လာရောက်နေသူများမှာလည်း ၁၅၀၀ ကျော် ၂၀၀၀ ခန့်ရှိနေသည်။ ညအိပ်သူရော ညမအိပ်ဘဲ ၀င်ထွက်နေသူရော ၄၀၀၀ (လေးထောင်) ကျော်ရှိနိုင်သည်။

ထိုထောင်ပေါင်းများစွာသော သူတွေကို နေ့စဉ် တစ်နေ့တစ်မျိုး မရိုးရအောင် မနက်၊ နေ့လည်၊ ညနေစာတို့ဖြင့် ကျွေးမွေးနေသည်မှာလည်း ဝေဿန္တရာမင်းကြီး၏ ထမင်းရည် ချောင်းတိုက် စတုဒိသာအလှူကြီး၊ ကောသလမင်းကြီး၏ ထမင်းရည် ချောင်းစီး အသဒိသဒါနကြိးများ အလား ထင်ရပေသည်။
သီတဂူဆိုတဲ့အသံ ကြားတာနဲ့ လှူဖို့ ပေးဖို့ အရန်သင့် ဖြစ်နေကြသည့် သီတဂူချစ်ခင် သာသနာမာမကတွေကလည်း နေရာတိုင်း ဒေသတိုင်းမှာ ရှိနေသည်။ ထို ထောင်ပေါင်းများစွာသော သီတဂူတပည့်များအတွက် တစ်နေ့ မနက်စာ၊ နေ့စာ၊ ညစာများအပြင် လှူလို့ ရသည့်နေရာမှ လှူကြမည်ဟူသော တပည့် ဒကာ ဒကာမတွေကလည်း ရွှေတောင်ခေါက်ဆွဲ၊ ဒံပေါက်၊ ခိုတောင်မုံ့တီ၊ မြန်မာ့ ကျေးလက်ဒေသ အစားအစာများ၊ ဘူးသီးကြော်၊ မုံ့ပြားသလပ်၊ မုန့်ပေါင်း၊ လက်ဖက်သုပ်၊ စတဲ့ အမျိုးစုံတို့ဖြင့် လာသမျှပရိသတ်တွေကို ကျွေးမွေးနေကြသည်မှာလည်း ကြက်သီးမွှေးပင် ထမိသည်။
၁၄-၃-၂၀၁၄ ရက်နေ့ (တပေါင်းလဆန်း-၁၄) မနက်စောစောမှာ သီလရှင် တစ်ထောင်ကျော်၊ တပေါင်းလပြည့်နေ့ညမှာတော့ သံဃာတော် အပါးတစ်ထောင်ကျော်တို့အား ၀တ်စရာ၊ စားစရာ၊ ကျောင်းသုံးအဆောင်၊ ဆေးပစ္စည်းများ အပြင် လိုတရ သုံးနိုင်ရန် န၀ကမ္မ ၀တ္ထုကျပ်ငွေများကို လောင်းလှူပူဇော်ကြီးကလည်း ကမ္ဘာ့အကြီးဆုံး မွေးနေ့ပွဲ အလှူကြီးဖြစ်သည်။ တစ်းပါးလျှင် ပလပ်စတစ် ဆာလာအိပ်ကြီး လေးလုံစာ လောင်းလှူကြသဖြင့် ရဟန်းအပါးတိုင်း၏ နောက်မှာ လူလေးယောက်လောက်က ကပ္ပိယအဖြစ်လိုက်ပေးကြရသည်၊ မွေးနေ့ပွဲကို အာမိသဒါနဖြင့် ပူဇော်ဇော်ကြသည့် အလှူရှင်များအပြင် ထောင့်စေ့ နေရာစေ့အောင် ပြုလုပ်နိုင်ကြသည့် လုပ်အားဒါနဖြင့် ကုသိုလ်ပြုကြသော အနယ်နယ်အရပ်ရပ်မှ သီတဂူအထောက်ကူပြုအဖွဲ့များကလည်း ပြေးလွှားလှုပ်ရှားနေကြသည်။

ဤပူဇော်ပွဲကြီးကား သီတဂူဆရာတော်ကြီး၏ ၇၇ နှစ်ပြည့် မွေးနေ့ပွဲကြီး ဖြစ်သည်။
ပေ-တစ်ထောင် ပေ-ကိုးရာ ကျယ်ဝန်းသော သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း ၀န်းကြီးထဲမှာ အလှူပေး အလှူခံတို့ဖြင့် ပြည့်လျှံထွက်၊ ညံထွက်နေသည်။ တစ်နှစ်ထက် တစ်နှစ် ဤမွေးနေ့ပူဇော်ပွဲ အလှူကြီးကား ကြီးကျယ်သထက် ကြီးကျယ်လာနေသည်၊ ကျယ်သထက် ကျယ်လာသည့်အတွက် နောင်နှစ်များအတွက် ဤမျှလောက်ကျယ်ဝန်းသော နေရာသည်ပင် အခက်အခဲ ရှိလာနိုင်ဖွယ်ရှိသည်။ ယခုနှစ်မှာပင် နေစရာ အခက်ခဲကြောင့် လူပေါင်း ၃၀၀ ကျော်လောက်ကို နီးစပ်ရာနေရာတွေမှာ နေရာပေးကြရသည်။
ဤမျှလောက်ကြီးကျယ်သော မွေးနေ့ပူဇော်ပွဲမျိုး မတွေ့ဖူး၊ မမြင်ဖူး၊ မကြားဖူး၊ ကမ္ဘာ့အကြီးဆုံးမွေးနေ့ ပူဇော်ပွဲကြီးဟု ဆိုရမလောက်ဖြစ်သည်။ ထိုကမ္ဘာ့အကြီးဆုံးမွေးနေ့ ပူဇော်ပွဲကြီးမျိုးကို ဘုန်းကံရှိသူတို့သာ ပြုလုပ်နိုင်ပါသည်။ “အလုပ်ဟူသည် ဘုန်းကံ၊ ကုသိုလ်ကံဟူသည် ဘုန်းကံ”ဆိုသည့်အတိုင်း သီတဂူဆရာတော်ကြီးသည် အလွန့်အလွန်ကို အလုပ်လုပ်သည့် ဆရာတော်ကြီးဖြစ်သည်။ ထို့ကြောင့် ဘုန်းကံကြီးမားသော ဆရာတော်ကြီးဖြစ်ပါတော့သည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၆-၃-၂၀၁၄

07 March 2014

ဒုတိယအကြိမ် သီတဂူစက္ခုဒါန အလှူတော် (သဲကုန်း)

ဒုတိယအကြိမ် သီတဂူစက္ခုဒါန အလှူတော် (သဲကုန်း)

၂၀၁၄ ဇန္န၀ါရီလ (၁၃၇၅-တပိုတွဲလပြည့်)နေ့က သဲကုန်းမြို့ သီတဂူရွှေဥရာစုသစ် စက္ခုဒါနဆေးရုံကို ဖွင့်လှစ်ပြီး ပထမအကြိမ် မျက်စိကုသမှုများ ပြုလုပ်ခဲ့ရာ စမ်းသပ် လူနာပေါင်း ၅၀၀၀ (ငါးထောင်) ကျော်နှင့် ခွဲစိပ်ပြီး အလင်းရသူများ ၅၉၃ ယောက်ရှိသည်။
ပထမအကြိမ်တွင် ဆရာဝန်များ အနားပေးခြင်း၊ လူ ၂၀၀၀ကျော် နေ့စဉ်သုံးသည့် ရေချိုးခန်း၊ အိမ်သာများ၊ နေရာများ သန့်ရှင်းရေးအတွက် ပြုလုပ်ခြင်းများ လိုအပ်သည့်အတွက် ပထမအကြိမ် ၅၀၀၀ ကျော်သော လူနာများ စမ်းသပ်ပြီး ဒုတိယအကြိမ်အတွက် ပြင်ဆင်ရန် အနားပေးကြရသည်။

ဒုတိယအကြိမ်
ဒုတိယအကြိမ်ကို ၄-၃-၂၀၁၄ နေ့က စပြီး ယနေ့အထိ လူနာပေါင်း ၇၇၉ စမ်းသပ်ပြီး လူနာ ၈၀ ခွဲစိပ်ပြီးဖြစ်သည်၊ မနက်ဖန်တွင် လူနာ ၁၀၀ ကျော် ခွဲစိပ်ဖို့ ပြင်ဆင်ထားသည်။ ၈-၃-၂၀၁၄ နေ့အထိ အထူးကုဆရာဝန်ကြီးများက နေ့မအား ညမအား စမ်းသပ်ခြင်းများ၊ ခွဲစိပ်ခြင်းများ ပြုလုပ်ပေးနေသည့်အတွက် စမ်းသပ်လူနာပေါင်း ၁၅၀၀ကျော်နှင့် ခွဲစိပ်လူနာ ၄၀၀ ကျော် မျှော်မှန်းထားကြောင်း သီတဂူအာယုဒါန ဒု-ဆေးရုံအုပ် ဒေါက်တာမိမိခင်က ပြောပါသည်။ နှစ်ကြိမ်ပေါင်း ခွဲစိပ်လူနာ (မျက်စိအလင်းရသူ) ၁၀၀၀ (တစ်ထောင်) ကျော်နိုင်သည်ဟုလည်း ပြောပါသည်။

ဒုတိယအကြိမ် မျက်စိအလင်းအလှူများတွင် အငြိမ်းစား ပါမောက္ခ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာ မြအောင်၊ အငြိမ်းစားပါမောက္ခ ဒေါက်တာမြင့်ခိုင်၊ ဒေါက်တာ လှအောင်ဒင်၊ ဒေါက်တာ စဂျေလွင်၊ ဒေါက်တာပွင့်ဦး၊ ဒေါက်တာ တင့်ဇော်ဦးနှင့် အထူးပြု သူနာပြုများ၊ စစ်ကိုင်း သီတဂူအာယုဒါနဆေးရုံတော်မှ ဒု-ဆေးရုံအုပ် ဒေါက်တာမိမိခင်နှင့် သူနာပြုများ၊ ဒေသခံမှ သူနာပြုများက အထူးတာဝန်ယူလုပ်ဆောင်ကြသည်။

သီတဂူအထောက်ကူပြု အဖွဲ့များ၊ ဒေသခံလုပ်အားပေးအဖွဲ့များ၊ စေတနာရှင်များက အင်တိုက် အားတိုက် လုပ်အားဒါနပြုကြသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၆-၃-၂၀၁၄

www.thesitagu.org

01 March 2014

သီတဂူဆရာတော်ကြီး သက်တော်(၇၇)နှစ်ပြည့် မွေးနေ့အလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ

သီတဂူဆရာတော်ကြီး သက်တော်(၇၇)နှစ်ပြည့်
မွေးနေ့အလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ
သီတဂူဆရာတော်ကြီးသက်တော်(၇၇)နှစ်ပြည့် မွေးနေ့ပူဇော်ပွဲကို ၁၃၇၅-ခု၊ တပေါင်းလဆန်း (၁၃)(၁၄)(၁၅) ရက်နေ့များတွင် စစ်ကိုင်းတောင်ရိုး၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပါ သည်။
 (၁) တပေါင်းလဆန်း(၁၄)ရက်နေ့တွင် သီလရှင် အပါး(၁၀၀၀)တို့အား အရုဏ်ဆွမ်း ရွှေတောင်
ခေါက်ဆွဲကျွေးမွေး၍ သီလရှင်ဝတ်စုံ၊ အုန်းထမင်း၊ ဟင်းငါးမျိုးနှင့် လှူဖွယ် မျိုးစုံလောင်းလှူပါမည်။

(၂) တပေါင်းလပြည့်နေ့တွင် ပင့်သံဃာအပါး (၁၀၀၀)တို့အား ခိုတောင် မုန့်တီလက်သုပ်ဆွမ်း ဆက်
ကပ်၍ သင်္ကန်း၊ သပိတ်၊ ဒံပေါက်ဆွမ်း၊ ဟင်းငါးမျိုး၊ သစ်သီးများ၊ မုန့်မျိုးစုံများနှင့် လှူဖွယ်ပစ္စည်း
မျိုးစုံတို့ ကို လောင်းလှူမည်ဖြစ်ပါသည်။
ဖျော်ဖြေ ရေးအစီအစဉ်များ ------
(က) တပေါင်းလဆန်း (၁၃) (၁၄)ရက်ညတွင် မြန်မာပြည်ကျောက်စိမ်းဆိုင်းအဖွဲ့။

(ခ) လပြည့်နေ့ညတွင် သီတဂူဂီတဉ္ဇလီ(အလင်္ကာဝတ်ရည်) တေးဂီတအဖွဲ့။

(ဂ) တပေါင်းလပြည့်ကျော် (၁)(၂)ရက်ညများတွင် မင်းသား ဖိုးချစ်ဇာတ်သဘင် အဖွဲ့တို့က ဖျော်ဖြေ တင် ဆက်ကြပါမည်။

သီတဂူကို ကြည်ဖြူကြသည့် ပြည်သူအားလုံးကို ဖိတ်ကြားအပ်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁-၃-၂၀၁၄

27 February 2014

၂၀၁၃-၂၀၁၄ နှစ်လည် ကျောင်းသားမဂ္ဂဇင်း (သံဃာ့အသံ) စာအုပ်ထွက်ပြီ

၂၀၁၃-၂၀၁၄ နှစ်လည် ကျောင်းသားမဂ္ဂဇင်း (သံဃာ့အသံ)
စာအုပ်ထွက်ပြီ
နိုင်ငံတကာတွင် ဟောကြားအပ်သော သီတဂူဆရာတော်ကြီး၏ မိန့်ခွန်းများ၊ သုတေသန စာတမ်းများ၊ သီတဂူသာသနာပြုအဖွဲ့၏ သာသနာပြုလုပ်ငန်းများ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ကျောင်းသား ကျောင်းသူများ၏ ကဗျာ၊ ကာတွန်း၊ ဆောင်းပါး၊ ၀တ္ထုတို့ဖြင့် ဝေေ၀ဆာဆာ တန်ဆာစဉ်ထားသော သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သံဃာ့အသံ (နှစ်ပတ်လည်) ကျောင်းသားမဂ္ဂဇင်းစာအုပ် ထွက်ရှိလာပါပြီ။
ရနိုင်သော ဌာန- ပြန်ကြားရေးရုံး၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်
တန်ဖိုး- ၃၀၀၀ (သုံးထောင်)ကျပ်
စာမျက်နှာ- ၂၅၈၊ Art Paperနှင့် စာရွက်ကောင်းများဖြင့် ထုတ်ဝေထားသည်။

မှတ်ချက်။ ။ ထိုမဂ္ဂဇင်းတွင် ပါဝင်ရေးသားကြသော စာရေးသူများသည် စီမံအုပ်ချုပ်ရေး ရုံးခန်းတွင် တစ်အုပ် အလှူခံနိုင်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၇-၂-၂၀၁၄

24 February 2014

သီတဂူ နောက်ဆုံးစာမေးပွဲကျင်းပ (၂၀၁၃-၂၀၁၄ ပညာသင်နှစ်)

သီတဂူ နောက်ဆုံးစာမေးပွဲကျင်းပ (၂၀၁၃-၂၀၁၄ ပညာသင်နှစ်)
ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များတွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် နောက်ဆုံး စာမေးပွဲများ ကျင်းပ။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အသီးအသီးတွင် ပညာသင်ကြားနေကြသော ဘီအေ၊ ဒီပလိုမာ ကျောင်းသား ကျောင်းသူများ ၈၀၀ ကျော်တို့ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း စာဖြေဆိုကြရသည်။ ထိုစာမေးပွဲများကို၂၄-၂-၂၀၁၄ မှ ၂၈-၂-၂၀၁၄ အထိ ၅ ရက်တိုင်တိုင်ကျင်းပသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

20 February 2014

သီတဂူဆရာတော် အင်္ဂလန်-အာဖရိက ခရီးစဉ်ဖျက်

သီတဂူဆရာတော် အင်္ဂလန်-အာဖရိက ခရီးစဉ်ဖျက်
သဲကုန် သီတဂူရွှေဥရာစုသစ် စက္ခုဒါန ဆေးရုံတွင် ပထမအကြိမ် လူ ၂၀၀ သာ ခွဲစိပ်ဖို့ မျှော်မှန်းထားသော်လည်း လူ ၂၀၀၀ (နှစ်ထောင်) ကျော် ခွဲစိပ်ဖို့ လာရောက်ကြသဖြင့် ဒုတိယအကြိမ် မတ်လ (၄)နေ့ကို ထပ်မံစီစဉ်လိုက်ရပါသည်။

၂၀၁၄ မတ်လ (၄) ရက်နေ့မှ စပြီး သဲကုန်းမြို့ သီတဂူစက္ခုဒါနဆေးရုံတော်တွင် မျက်စိဝေဒနာရှင်များ လာရောက် စစ်ဆေးမှုများ ခံယူနိုင်ပါသည်။

ယခင် ၂၀၁၄ မတ်လ အင်္ဂလန်နိုင်ငံနှင့် အာဖရိကနိုင်ငံများသို့ အစည်းအဝေးများ ဓမ္မဒူတခရီးစဉ် ကြွဖို့ အစီအစဉ်ဆွဲထားသော်လည်း၊ ပြည်ခရိုင် သဲကုန်းမြို့ သီတဂူရွှေဥရာစုသစ် စက္ခုဒါန ဆေးရုံတွင် ဒုတိယအကြိမ် မျက်စိပ် အလင်းအလှူများ ပြုလုပ်ရန်ရှိသောကြောင့် အင်္ဂလန်-အာဖရိက ခရီးစဉ်ကိုလည်း ဖျက်လိုက်ရပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၀-၂-၂၀၁၄
www.thesitagu.org

17 February 2014

သီတဂူ ရွှေဥရာစုသစ် စက္ခုဒါန ဆေးရုံတော် ဖွင့်လှစ်ပွဲကြီး

သီတဂူ ရွှေဥရာစုသစ် စက္ခုဒါန ဆေးရုံတော် ဖွင့်လှစ်
ပြည်ခရိုင် သဲကုန်းမြို့တွင် ၁၃၇၅ခုနှစ် တပိုတွဲလပြည့်နေ့ (၁၄-၂-၂၀၁၄)က သီတဂူရွှေဥရာစုသစ် စက္ခုဒါန ဆေးရုံတော်ဖွင့်ပွဲကို ခမ်းနားထည်ဝါစွာ ကျင်းပခဲ့သည်။

ထိုဆေးရုံးဖွင့်ပွဲသို့ သီတဂူအဓိပတိဆရာတော်ကြီးအမှူးပြုသော ပြည်၊ သဲကုန်းဒေသမှ ဆရာတော် သံဃာတော်များ၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥိးလှထွန်းအမှူးပြုသော အရာရှိများ၊ ဒေသခံမြို့မှ သီတဂူအထောက်ကူအဖွဲ့များ၊ အထက်-အောက် မြန်မာပြည်ရှိ သီတဂူကပ္ပိယများ၊ ဆေးရုံတော် အလှူရှင် ရွှေဥရာစုသစ် ရတနာရွှေဆိုင်ပိုင်ရှင် ဒေါ်ရွှေဥနှင့် ဖိတ်ကြားထားအပ်သော ဧည့်သည်တော်များ၊ ဒေသခံပြည်သူ ထောင်ပေါင်းများစွာတို့ စည်းကားစွာ တက်ရောက်ကြသည်။

ထိုဆေးရုံကြီးဖွင့်ပွဲအခမ်းအနားမှာပဲ သဲကုန်းမြို့ ပြည်သူ့ဆေးရုံအတွက် လိုအပ်သော ဆေးရုံးသုံးပစ္စည်းများကိုလည်း သီတဂူသာသနာပြုအဖွဲ့က လှူဒါန်းသည်။
ဆေးကုသခြင်း
၁၂-၂-၂၀၁၄ ရက်နေ့မှ ယနေ့ ၁၆-၂-၂၀၁၄ နေ့အထိ မျက်စိဝေဒနာရှင်ပေါင်း ၂၅၀၀ ကျော်တို့ကို စမ်းသပ် စစ်ဆေးပေးသည်။ ၃၀၀ ကျော်သော လူနာများကိုတော့ ခွဲစိပ်ကုသပြီး အလင်းရောင်းများ ပေးလှူခဲ့သည်။ ၂၀-၂-၂၀၁၄ နေ့အထိ ခွဲစိပ်ကုသပေးမည်ဖြစ်သည်။ လူနာရှင်များမှာ ပုတီးကုန်း၊ အင်းမ၊ ရွှေတောင်၊ သက်ပုပ်၊ ပေါင်းတည် စသော အနီးတစ်ဝိုက်မြို့နယ်များ၊ မင်းလှ၊ နတ်တလင်း၊ ဇီးကုန်း၊ ကြို့ပင်ကောက်၊ အုပ်ဖိုစသောမြို့နယ်များအပြင် ရခိုင်၊ သထုံ၊ မကွေး၊ အောင်လံ၊ ရေး၊ အဆင် စသော ဝေးလံသော မြို့နယ်များမှ လူနာများ လာရောက် ကုသကြပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၆-၂-၂၀၁၄

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes