
Friday, March 07, 2014

sitagustar
No comments
ဒုတိယအကြိမ် သီတဂူစက္ခုဒါန အလှူတော် (သဲကုန်း)
၂၀၁၄ ဇန္န၀ါရီလ
(၁၃၇၅-တပိုတွဲလပြည့်)နေ့က သဲကုန်းမြို့ သီတဂူရွှေဥရာစုသစ် စက္ခုဒါနဆေးရုံကို
ဖွင့်လှစ်ပြီး ပထမအကြိမ် မျက်စိကုသမှုများ ပြုလုပ်ခဲ့ရာ စမ်းသပ် လူနာပေါင်း ၅၀၀၀
(ငါးထောင်) ကျော်နှင့် ခွဲစိပ်ပြီး အလင်းရသူများ ၅၉၃ ယောက်ရှိသည်။
ပထမအကြိမ်တွင်
ဆရာဝန်များ အနားပေးခြင်း၊ လူ ၂၀၀၀ကျော် နေ့စဉ်သုံးသည့် ရေချိုးခန်း၊ အိမ်သာများ၊
နေရာများ သန့်ရှင်းရေးအတွက် ပြုလုပ်ခြင်းများ လိုအပ်သည့်အတွက် ပထမအကြိမ် ၅၀၀၀
ကျော်သော လူနာများ စမ်းသပ်ပြီး ဒုတိယအကြိမ်အတွက် ပြင်ဆင်ရန်
အနားပေးကြရသည်။
ဒုတိယအကြိမ်
ဒုတိယအကြိမ်ကို ၄-၃-၂၀၁၄ နေ့က စပြီး ယနေ့အထိ
လူနာပေါင်း ၇၇၉ စမ်းသပ်ပြီး လူနာ ၈၀ ခွဲစိပ်ပြီးဖြစ်သည်၊ မနက်ဖန်တွင် လူနာ ၁၀၀
ကျော် ခွဲစိပ်ဖို့ ပြင်ဆင်ထားသည်။ ၈-၃-၂၀၁၄ နေ့အထိ အထူးကုဆရာဝန်ကြီးများက နေ့မအား
ညမအား စမ်းသပ်ခြင်းများ၊ ခွဲစိပ်ခြင်းများ ပြုလုပ်ပေးနေသည့်အတွက် စမ်းသပ်လူနာပေါင်း
၁၅၀၀ကျော်နှင့် ခွဲစိပ်လူနာ ၄၀၀ ကျော် မျှော်မှန်းထားကြောင်း သီတဂူအာယုဒါန
ဒု-ဆေးရုံအုပ် ဒေါက်တာမိမိခင်က ပြောပါသည်။ နှစ်ကြိမ်ပေါင်း ခွဲစိပ်လူနာ
(မျက်စိအလင်းရသူ) ၁၀၀၀ (တစ်ထောင်) ကျော်နိုင်သည်ဟုလည်း ပြောပါသည်။
ဒုတိယအကြိမ်
မျက်စိအလင်းအလှူများတွင် အငြိမ်းစား ပါမောက္ခ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာ
မြအောင်၊ အငြိမ်းစားပါမောက္ခ ဒေါက်တာမြင့်ခိုင်၊ ဒေါက်တာ လှအောင်ဒင်၊ ဒေါက်တာ
စဂျေလွင်၊ ဒေါက်တာပွင့်ဦး၊ ဒေါက်တာ တင့်ဇော်ဦးနှင့် အထူးပြု သူနာပြုများ၊
စစ်ကိုင်း သီတဂူအာယုဒါနဆေးရုံတော်မှ ဒု-ဆေးရုံအုပ် ဒေါက်တာမိမိခင်နှင့်
သူနာပြုများ၊ ဒေသခံမှ သူနာပြုများက အထူးတာဝန်ယူလုပ်ဆောင်ကြသည်။
သီတဂူအထောက်ကူပြု
အဖွဲ့များ၊ ဒေသခံလုပ်အားပေးအဖွဲ့များ၊ စေတနာရှင်များက အင်တိုက် အားတိုက်
လုပ်အားဒါနပြုကြသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ
ရှိကြပါစေ”
Posted in: သီတဂူဆေးရုံများ
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
သီတဂူဗုဒ္ဓနေ့ပူဇာ ဖိတ်ကြားခြင်း *********** မနက်ဖန် သာသနာနှစ် ၂၆၀၀ မြန်မာနှစ် ၁၃၇၈ ကဆုန်လပြည့်နေ့ (၂၁-၅-၂၀၁၆) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (...
-
ဖေ့ဘုတ်အပေါ်က လူအကြိုက်များဆုံး ဓာတ်ပုံ တစ်ပုံ စာမိတ်ဆက် စာရေးသူ၏ ဖေ့ဘုတ်တွင် ပုံများစွာတင်ထားသည်။ ရောက်လေရာရာနေရာတွေက အမှတ်တရပုံတွေကော ဆရာေ...
-
အသားစားနည်း စနစ် နောက်စကားတစ်ခွန်း ဆက်မလို့ ဘုန်းကြီးက အားယူ နေတုန်း ချက်ချင်းကြားဖြတ်ပြီးတော့ သူပြောတယ်။ ဘုန်းကြီးပြောလိုက်တဲ့ စကားထဲမှ...
-
ဆရာကောင်း နည်းကောင်း တွေ့ဖို့လိုတယ် အဲဒီမှာ ဘုန်းကြီး ချက်ချင်း စဉ်းစားမိတယ်။ ''ဒီဥရောပတိုက်သား အမေရိကတိုက်သား လူတွေဟာ ဗုဒ္ဓ ဘာသာ...
-
မက္ခရာ ရွှေစည်းခုံ စေတီတော်ကြီးသည် မန္တလေးတိုင်း ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ဧည့်ဗျကျေးရွာအုပ်စုရှိ မက္ခရာမြို့ဟောင်း ကျေးရွာတွင် တည်...
-
အောင်မြင်သော ခရီးသည် ဘ၀သောတံ ဘေ၀၀ါဟံ၊ တိဏ္ဏော ပါရင်္ဂတော အဟု။ ဧတေန သစ္စ၀စ္စေန၊ ဂမနံ မေ သမိဇ္ဈတု။ မြတ်ဗုဒ္ဓသည် ဘ၀သံသရာတည်းဟု ရေပင...
-
စာမိတ်ဆက် တစ်နေ့က ဘုံဘေ (မွမ်ဘိုင်း) အိန္ဒိယကနေ ပြန်လာတော့ ရန်ကုန်မှာ နေရာတကျဖြစ်တဲ့ အချိန် ရွာက ဆရာသမားရယ် မွေးသမိခင် အမေရယ်၊ ဆွေတော်အပေ...
-
အီရန်ရောက် သီတဂူဆရာတော် (၃) ၃၁-၁၂-၂၀၁၄ နေ့က အီရန်နိုင်ငံသို့ရောက်နေသော သီတဂူဆရာတော်ကြီးသည် အီရန်နိုင်ငံရဲ့ ရှေးဟောင်းမြို့တစ်မြို...
-
သီတဂူရေဘေးအလှူတော် ၁၃-၈-၂၀၁၅ am ------------------ သီတဂူရဲ့ ရေဘေးကယ်ဆယ်ရေးလှုပ်ရှားမှုတို့သည် ရေဘေးသင့်ဒေသများဆီ သို့ အလုံးစုံ ရောက်ပြီး...
0 comments:
Post a Comment