
Friday, March 21, 2014

sitagustar
No comments
သီတဂူကျန်းမာရေးစောင့်ရှောက်အဖွဲ့ ရှမ်းပြည်တောင်ပိုင်း
ရောက်ရှိ
သီတဂူဆရာတော်ဦးဆောင်သော သီတဂူသာသနာပြု မျက်စိအထူးကုအဖွဲ့သည်
စစ်ကိုင်းမြို့မှ ၁၇-၃-၂၀၁၄ ရက် နံနက် ၆နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်တောင်ပိုင်း
လွိုင်လင်မြို့သို့ စတင်ထွက်ခွာခဲ့သည်။
ညနေ ၄-၃၀ မိနစ်တွင်
ပင်လုံမြို့သို့ရောက်ရှိသည်၊ ပြည်မ-တောင်တန်း ပူးပေါင်းရေးစာချုပ်အတွက် အမှတ်တရ
ပင်လုံကျောက်တိုင်ကိုလည်း ရောက်ရှိခဲ့သည်။ ထိုနေ့ ညပိုင်းတွင်
မဟာရဋ္ဌာဘိသာမဂ္ဂီစေတီတော်မြတ်ကြီးတွင် တရားတော်များ
ဟောကြားတော်မူခဲ့သည်။
၁၈-၃-၂၀၁၄ နေ့မှာ လွိုင်လင်မြို့တွင် ညအိပ်နားသည်၊ ထိုနေ့
နံနက် ၆ နာရီခွဲတွင် ရှမ်းပြည်တောင်ပိုင်း ခိုလန်မြို့သို့ ခရီးဆက်ကြသည်။
ခိုလန်မြို့တွင် ကမ္ဘောဇဘဏ်မှ ဆောက်လုပ်လှူဒါန်းထားသော ကုတင် (၁၀၀)ဆန့် ဆေးရုံတွင်
မျက်စိခွဲအစီအစဉ်အတွက် ဝေဒနာရှင်များကို စမ်းသပ်
စစ်ဆေးသည်။
မျက်စိကုသမှုအစီအစဉ်တွင် မျက်စိအထူးကု ပါမောက္ခ အငြိမ်းစား သီတဂူ
ဒေါက်မြအောင် ဦးဆောင်ကာ မျက်စိဝေဒနာရှင်ကို စမ်းသပ်စစ်ဆေးပေးခဲ့ရာမှာ ၁၈-၃-၂၀၁၄မှ
၂၀-၃-၂၀၁၄ရက်နေ့အထိ မျက်စိဝေဒနာရှင် (၁၀၄၈)ဦးကို စမ်းသပ်စစ်ဆေးခဲ့သည်၊
ထိုစစ်ဆေးပြီး မျက်စိဝေဒနာရှင်များမှ လူနာပေါင်း ၁၂၂ ယောာက်ကို ခွဲစိပ်သည်၊
အလင်းရောင်များ ရရှိသွားကြသည်။ ထိုမျက်စိဝေဒနာရှင်များတွင် မွေးရာပါ
မျက်လုံးနှစ်လုံး တိမ်စွဲနေသော ဝေဒနာရှင်တစ်ဦး ထူးထူးခြားခြား ပါဝင်သည်။ မျက်လုံး
နှစ်လုံးကို တပြိုင်နက်တည်း ခွဲစိပ်ခဲ့ရပါသည်။
သီတဂူ
အခြေံပညာမူလတန်းကျောင်း
သီတဂူသာသနာပြုအဖွဲ့သည် ကျန်းမာရေးစောင့်ရှောက်မှုအပြင်
ပညာရေးအတွက်ပါ ဆောင်ရွက်လျှက်ရှိသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလန်မြို့မှာပဲ
အခြေခံပညာမူလတန်းကျောင်းကို သီတဂူ သာသနာပြုအဖွဲ့မှ ဦးအောင်သောင်း
(ထရန်စဖော်မာ)နှင့် ဦးကျော်မိုးနိုင် (Krislite) မိသားစုတို့က ကျပ်သိန်း ၂၅၀
မတည် လှူဒါန်း ခဲ့ပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ
ရှိကြပါစေ”
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
Posted in: သီတဂူဆေးရုံများ
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဖေ့ဘုတ်အပေါ်က လူအကြိုက်များဆုံး ဓာတ်ပုံ တစ်ပုံ စာမိတ်ဆက် စာရေးသူ၏ ဖေ့ဘုတ်တွင် ပုံများစွာတင်ထားသည်။ ရောက်လေရာရာနေရာတွေက အမှတ်တရပုံတွေကော ဆရာေ...
-
အင်ဒိုနီးရှာကျောင်းသားများ ပြပွဲမှာ တိုးဝှေ့ပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ စာရေးဆရာမဟုတ်သော သီတဂူစတား ဒီကနေ့ ဘာပို့စ်တင်ရမလဲ စဉ်းစ...
-
သိကြားမင်းရဲ့လျှောက်ထားချက် အသားမည်းတဲ့ ဒီရသေ့ဟာ မည်းတဲ့မြေကွက် ပေါ်မှာ နေနေတယ်။ မည်းတဲ့အဝတ်ကိုဝတ်တယ်။ မည်းတဲ့ အစားအစာကို စားတယ်။ ဒီတော့ ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်ရှိ ပူနေးမြို့ ပူနေးတက္ကသိုလ်ကြီးသည် လွန်ခဲ့သော ၈ နှစ်ကထဲက စပြီး အရှိန်အဟုန်နှင့် ကျော်ကြားလာခဲ့ရာ၊ ပြည်တွင်းပြည်...
-
ဆရာကောင်း နည်းကောင်း တွေ့ဖို့လိုတယ် အဲဒီမှာ ဘုန်းကြီး ချက်ချင်း စဉ်းစားမိတယ်။ ''ဒီဥရောပတိုက်သား အမေရိကတိုက်သား လူတွေဟာ ဗုဒ္ဓ ဘာသာ...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
သီတဂူဆရာတော် ဂျေရုစလင် မိန့်ခွန်း *********** Your Venerable Your Excellency Mr. President / Prime Minister of Israel Excellencies ...
-
သီတဂူ Study Tour အင်ဒိုနီးရှား ********** သီတဂူ ၂၀၁၆ နိုဝင်ဘာလ ၆ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ တပည့် စာချ ဆရာတော်များနှင...
0 comments:
Post a Comment