
Monday, March 17, 2014

sitagustar
No comments
ထူးခြားသည့်မွေးနေ့ပွဲ အစီအစဉ်များ
ဒီနှစ် ၇၇ နှစ်ပြည့် သီတဂူဆရာတော်ကြီး၏
မွေးနေ့ပူဇော်ပွဲကြီးမှာ သံဃာတစ်ထောင်ကျော်၊ သီလရှင်တစ်ထောင်ကျော်
အမျိုးစုံးလောင်းလှူပွဲကြီးနှင့် ပြည်တွင်းပြည်ပ အရပ်လေးမျက်နှာမှ ကြွရောက်လာကြသော
အလွှာအမျိုးစုံ ပရိသတ်ထောင်ပေါင်းများစွာတို့အား အစားအစာအမျိုးစုံတို့ဖြင့်
ကျွေးမွေးသည့် အစီအစဉ်များအပြင် ထူးခြားသည့် အစီအစဉ်နှစ်များကိုလည်း
ပါဝင်စေလာသည်။
၁။ သီတဂူဆရာတော်ကြီး၏ ၇၇နှစ်ပြည့် မွေးနေ့ ဂုဏ်ပြုပူဇော်ပွဲအတွက်
ကြွရောက်လာသော အရပ်လေးမျက်နှာမှ ပရိသတ်အပေါင်းတို့အား ညစဉ် သီတဂူဓမ္မကထိကများက
တရားတော်များ ဟောကြားပေးခြင်း။
၂။ စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်ရှိ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် တက်ရောက်နေကြသော Ph.D, M.A, B.A, Diploma
ကျောင်းသားများနှင့် ဗုဒ္ဓဓမ္မ အခြေခံကျောင်းသားများက သီတဂူဆရာတော်ကြီးကို
ပူဇော်ကန်တော့ကြသည်၊ ဆရာတော်ကြီးထံမှ သြ၀ါဒတရား နာယူကြသည်၊ ထိုပွဲတွင် စစ်ကိုင်း၊
မန္တလေး၊ ရန်ကုန်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သုံးခုမှ တာဝန်ရှိသူများက တစ်နှစ်စာ
ပညာရေး အစီအရင်ခံစာ အကျဉ်းချုပ်များကို တင်သွင်းကြသည်။
၃။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တွင် တက်ရောက် သင်ကြားနေကြသော ဗုဒ္ဓဓမ္မ
အခြေခံကျောင်းသားများက ဆရာများအား ကန်တော့ကြသည်။ ထိုအစီအစဉ် သုံးရပ်ကို ထူးခြားစွာ
ပါဝင်လာသည်ကို တွေ့ရသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၇-၃-၂၀၁၄
Posted in: မွေးနေ့
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဆရာကောင်း နည်းကောင်း တွေ့ဖို့လိုတယ် အဲဒီမှာ ဘုန်းကြီး ချက်ချင်း စဉ်းစားမိတယ်။ ''ဒီဥရောပတိုက်သား အမေရိကတိုက်သား လူတွေဟာ ဗုဒ္ဓ ဘာသာ...
-
အင်ဒိုနီးရှာကျောင်းသားများ ပြပွဲမှာ တိုးဝှေ့ပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ စာရေးဆရာမဟုတ်သော သီတဂူစတား ဒီကနေ့ ဘာပို့စ်တင်ရမလဲ စဉ်းစ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
ဗုဒ္ဓဘာသာသည် religion မဟုတ် ဒါကြောင့် ဘုန်းကြီးတို့ နယူးဒေလီတရားပွဲမှာ ဒကာတစ်ယောက်က ''အရှင်ဘုရား ဗုဒ္ဓဘာသာကို religion (ရီးလီးဂ...
-
သီတဂူဆရာတော်၏ သက်တော်(၇၃)နှစ်ပြည့် ၀ိဇာတ မွေးနေ့မင်္ဂလာ ဖိတ်ကြားလွှာ ဖိတ်ကြားအပ်ပါသည် ကျေးဇူးတော်ရှင် သီတဂူဆရာတော်၏ သက်တော်(၇၃)နှစ်ပြည်...
-
အီရန်နိုင်ငံအစည်းဝေးမှတ်တမ်းနှင့် အစည်းဝေးထုတ်ပြန်ချက် သီတဂူဆရာတော်ကြီးသည် နောက်ပါ တပည့်များဖြစ်သည့် အရှင်ဥက္ကံသ၊ အရှင်ဝိသု...
-
မဟာစည်းခုံကြီးစေတီတော် ညစဉ် သီတဂူကမ္ဘာ့တက္ကသိုလ် သံဃာများ အနေကဇာတင် ပရိတ်ရွတ်ပွား ပထမဘုံ ထီးတော်တင်လှူနေပုံ သံဃာတော်များ ထီးတော်တင်လှူနေစဉ် စေ...
-
MRTV4 အင်တာဗျူး ****** ဒီနေ့ ၁၉-၈-၂၀၁၆ သဲကုန်းအသင်း ဝါဆိုသင်္ကန်းကပ် အလှူမှာ mrtv4 ရုပ်သံက ဝါဆိုသင်္ကန်းနှင့်ပက်သက်ပြီး ၅မိနစ်လောက် အမ...
-
အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်ရှိ ပူနေးမြို့ ပူနေးတက္ကသိုလ်ကြီးသည် လွန်ခဲ့သော ၈ နှစ်ကထဲက စပြီး အရှိန်အဟုန်နှင့် ကျော်ကြားလာခဲ့ရာ၊ ပြည်တွင်းပြည်...
0 comments:
Post a Comment