
Sunday, February 15, 2015

sitagustar
No comments
သပိတ်စခန်းများဆီသို့
ရောက်ခဲ့သည်
--------------------------------
ဆရာတော်ကြီး၏
မေတ္တာရပ်ခံစာများကို ပဲခူးမြို့နှင့် အုပ်ဖိုဖြို့ရှိ ကျောင်းသား
သပိတ်စခန်းများစီသို့ အရောက်သွားပေးပို့ခဲ့ပါသည်။ စာရေးသူရယ်၊ အရှင်ဝိသုတနှင့်
ကပ္ပိယ သီတဂူ ကိုနိုင်အေးရယ် အတူသွားကြသည်။
ကျောင်းသား ကျောင်းသူများကို
တလေးတစား အသိမှတ်ပြုတဲ့ သဘော၊ ဂုဏ်ပြုတဲ့သဘောနဲ့ စာများကို
ကျောင်းသားခေါင်းဆောင်တွေဆီ အရောက်ပို့ပေးခြင်းဖြစ်သည်။
ဆရာတော်ကြီးသည်
အလွန်မေတ္တာကြီးသလို အမျှော်အမြင်လည်း ကြီးပါသည်။ တကယ်ဆိုရင် “ကိုယ့်သွေးသားရင်းများ
မဟုတ်သလို ကိုယ်နဲ့လည်း ဘာမှ မဆိုင်၊ ကိုယ့်အကျိုးအတွက်လည်း ဘာမှမဟုတ်”ဟု
ကြောင်းကျမဲ့စွာ၊ မျက်နှာလွဲခဲပစ် နေလိုက နေနိုင်သည်။ သို့သော် ဆရာတော်ကြီးသည်
ကိုယ့်သား ကိုယ့်သမီး ကိုယ့်မြေးများ အရွယ်လောက်ရှိသေးသည့် ကျောင်းသား
ကျောင်းသူများကို မေတ္တာ ကရုဏာထားတော်မူသည်။ တလေးတစား အသိမှတ်ပြု ပြောဆိုသည်၊
လမ်းညွှန်သည်။ အောင်မြင်မှုအတွက်လည်း ဂုဏ်ပြုပေးသည်။
ထို့ပြင်
ကျောင်းသားများအတွက် ဖြစ်ပေါ်လာမည့်အရေးများစွာကို စိုးရိမ်တော်မူသည်။
အနာဂတ်မြန်မာအတွက် သားကောင်း သမီးရတနာများ အဖြစ် မြင်လိုသည်။ ဆရာတော်ကြီး၏
အသက်အရွယ်၊ ဖြတ်သန်းလာခဲ့သည့် အတွေ့အကြုံနှင့် ဘာသာ သာသနာအတွက် အလုပ်များကို
ကြည့်မည်ဆိုပါက ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတံ့တို့ကို ကိုယ်တိုင်ခံစား သိရှိ၍
အမျှော်မြင်ကြီးစွာ မေတ္တာစာများကို ကျောင်းသားတွေ လက်ထဲရောက်အောင် ပို့ခြင်း
ဖြစ်ပါလိမ့်မည်။
နေ့လည် ၁၁-၃၀ ထွက်သွားသည်။ ည-၁၀ နာရီကျော်မှ
ကျောင်းပြန်ရောက်သည်။
စာရေးသူ၏
ကိုယ်ပိုင်ခံစားချက်မျှသာ
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၅-၂-၂၀၁၅

Sunday, February 15, 2015

sitagustar
1 comment
သပိတ်မှောက်ကျောင်းသားများသို့ မေတ်္တာရပ်ခံခြင်း
၁၃၇၆ ခုနှစ်၊
တပို့တွဲလပြည့်ကျော်
(၁၂)ရက်
၁၅.၂.၂၀၁၅(တနင်္ဂနွေ)နေ့
သပိတ်မှောက်ကျောင်းသားအပေါင်းတို့-------
သားတို့သမီးတို့သည်
အမျိုးသားပညာရေးဥပဒေအတွက် ဒီမိုကရေစီစနစ်နှင့်အညီ စားပွဲဝိုင်း ပေါ်အထိ
တွေ့ဆုံဆွေးနွေး ညှိနှိုင်းလျက် အောင်မြင်စေရန် ဆောင်ရွက်ခဲ့ကြသည်ကို သိရှိရသဖြင့်
ဂုဏ်ယူမိပါသည်။
နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ NNER နှင့်
သပိတ်မှောက်ကျောင်းသားတို့၏ တွေ့ဆုံညှိနှိုင်းသဖြင့် ရရှိလာသော ရလဒ်တို့သည်လည်း
ကောင်းမွန်ကြမည်ဟု ယုံကြည်ပါသည်။ ထို့အပြင် စုပေါင်း လက်တွဲ၍
ဆက်လက်ညှိနှိုင်းဆောင်ရွက်ကြရဦးမည့် လုပ်ငန်းတာဝန်တို့ကိုလည်း ယခုကဲ့သို့ပင်
ရင်းနှီး ယုံကြည်စွာ ဆက်လက်၍ ညီညီညွတ်ညွတ် ဆောင်ရွက်ကြစေလိုပါသည်။ သားသမီးတို့၏
လိုအင်ဆန္ဒကို မိဘများက စွမ်းနိုင်သမျှ ဖြည့်ဆည်းပေးသလို အကိုကြီး အမကြီးတို့ကလည်း
ဝန်းရံအားပေးကြသည်ကိုလည်း တွေ့ရှိရပါသည်။
ယခုအခါ၌ မိမိတို့၏ အောင်မြင်မှုတို့ကို
ဂုဏ်ယူလျက် မိမိတို့ဆိုင်ရာ အရပ်ဒေသအသီးသီးရှိ မိဘဆရာသမားတို့၏ ရင်ခွင်သို့
အမြန်ဆုံး ပြန်လည်ခိုဝင်၍ အနာဂါတ်တိုင်းပြည်အတွက် ပညာရပ် များကို ဆက်လက်ဆည်းပူး
သင်ကြားကြပါရန် အထူးမေတ်္တာရပ်ခံလိုက်ပါသည်။
သားတို့ သမီးတို့ . . . . .
.
နိုင်ငံတော်အတွင်း အမျိုးမျိုး အဖုံဖုံ ပဋိပက်္ခဆူပူလှုပ်ရှားမှုများ၌
သားတို့သမီးတို့သည် ငြိမ်းချမ်းရေး တည်ဆောက်သူများ (Peace Maker)များအနေအားဖြင့်
နိုင်ငံတော်ကို ၀ိုင်းဝန်း ကူညီကြ၍ နိုင်ငံတော်၏လည်းကောင်း၊ သာသနာတော်၏လည်းကောင်း
သားလှရတနာ သမီးလှရတနာများအဖြစ် ဒို့များ အမြဲမြင်ချင်
လှပါသည်။
“သီတဂူစန်းလပမာ
ချမ်းမြသာယာရှိကြပါစေ”
သီတဂူဆရာတော်
ဒေါက်တာအရှင်ဉဏိဿရ
(Ph.D, D.Litt)
အဂ္ဂမဟာပဏ္ဍိတ၊
တွဲဖက်ရွှေကျင်သာသနာပိုင်(၄)
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိဆရာတော်

Saturday, February 14, 2015

sitagustar
No comments
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ
စာမေးပွဲကျင်းပ-------------------------
၂၀၁၄-၂၀၁၅ ပညာသင်နှစ် အတွက်
နောက်ဆုံးအကြိမ် စာမေးပွဲများကို ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းရှိ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များတွင် ၁၃-၂-၂၀၁၅ နေ့လည် (၂)နာရီက စပြီး တပြိုင်တည်း
ကျင်းပသည်။ ၁၇-၂-၂၀၁၅ နေ့အထိ ကျင်းပမည် ဖြစ်သည်။
ထိုစာမေးပွဲများကို
တက္ကသိုလ် (၃)ခုရှိ ကျောင်းသား ကျောင်းသူ (၈၀၀) ခန့်က
ဝင်ရောက်ဖြေဆိုကြသည်။
ဒီပလိုမာတန်း-----------------------
(က)
Elementary Level
(ခ) Intermediate Level
(ဂ) Advanced
Level
ဘီအေတန်း-------------------------
ပထမနှစ်၊ ဒုတိယနှစ်၊
တတိယနှစ်၊ စတုတ္ထနှစ်များ
(မှတ်ချက်။ ။ ရန်ကုန်နှင့် မန္တလေးတွင်
တတိယနှစ်အထိသာ)
“သီတဂူစန်းလပမာ ချမ်းမြသာယာ
ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.orgရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၂-၂၀၁၅

Tuesday, February 10, 2015

sitagustar
No comments
ထပ်ဆင့်အလှူတော် တစ်ခု
ဒေါက်တာ အရှင်ကောဝိဒသိရီ
(သီတဂူစတား)က မနေ့ည (၉-၂-၂၀၁၅) ရန်ကုန်၊ ကမာရွတ်မြို့နယ်၊ ဦးထွန်းလင်းခြံလမ်း၊
ဓမ္မသဘင်မှ ရရှိသော ဓမ္မပူဇာ အလှူငွေများမှ ငါးသိန်းကျပ် (၅၀၀၀၀၀)တိတိကို
ဦးထွန်းလင်းခြံလမ်း ဓမ္မာရုံ ၀ါတွင်း ၀ါပဆွမ်းလောင်းအသင်းအား လှူဒါန်းခဲ့သည်။
အားလုံး ကုသိုလ် အမျှဝေပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၀-၉-၂၀၁၅

Sunday, February 08, 2015

sitagustar
No comments
(၇၈)နှစ်မြောက် သီတဂူဆရာတော်ဘုရားကြီး၏
မွေးနေ့ပူဇာ
ဖိတ်ကြားလွှာ
သီတဂူအဓိပတိဆရာတော်ဘုရားကြီး၏ (၇၈)နှစ်မြောက်
မွေးနေ့အလှူတော်ကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါကြောင်း
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့က ဖိတ်ကြားပါသည်။
(က) ၂၀၁၅
မတ်လ (၃)ရက်နေ့၊ ၁၃၇၆ခု၊ တပေါင်းလဆန်း (၁၄)ရက်
သီလရှင် အပါး(၁၀၀၀) တစ်ထောင်
တို့အား ၀တ်စုံ (၁၀၀၀)နှင့် ဆွမ်း ဘောဇဉ်စသော ဒါတဗ္ဗ၀တ္ထုတို့ကို
လောင်းလှူပါမည်။
(ခ) ၂၀၁၅ မတ်လ (၄)ရက်နေ့၊ ၁၃၇၆ခု၊ တပေါင်းလဆန်း (၁၅)ရက်၊
လပြည့်နေ့
စစ်ကိုင်းတောင်ရိုးရှိ သံဃာ အပါး (၁၀၀၀) တစ်ထောင်တို့အား သင်္ကန်း၊
ဆွမ်း ခဲဘွယ်စသော ဒါတဗ္ဗ၀တ္ထုတို့ကို လောင်းလှူပါမည်။
(ဂ) ၂၀၁၅ မတ်လ (၅)ရက်နေ့၊
၁၃၇၆ခု၊ တပေါင်းလပြည့်ကျော် (၁)ရက်
ရန်ကုန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ မန္တလေး
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် မှ စာချ၊ ကထိက၊ စာသင်သား
သံဃာတော်၊ သီလရှင်များနှင့် အထူးပင့် သံဃာတော် (၁၀၀၀) တစ်ထောင်ခန့်တို့အား သင်္ကန်း၊
ဆွမ်း ခဲဘွယ်စသော ဒါတဗ္ဗ၀တ္ထုတို့ကို လောင်းလှူပါမည်။
သို့ဖြစ်ပါ၍ သီတဂူကို
ကြည်ဖြူကြသူ အများပြည်သူ အားလုံးတို့ကို ဤကြေညာစာဖြင့် မွေးနေ့ပူဇော်ပွဲကြီးသို့
တက်ရောက်ကြည်ညိုနိုင်ရန် ဖိတ်ကြားအပ်ပါသည်။
မှတ်ချက်။ ။သီးခြား ဖိတ်စာ
မပို့တော့ပါကြောင်းလည်း ကြေညာပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ
ရှိကြပါစေ”
စီမံအုပ်ချုပ်ရေးအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
စစ်ကိုင်း
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၈-၂-၂၀၁၅

Saturday, February 07, 2015

sitagustar
No comments
သီတဂူဆရာတော်ကြီးအားPh.D. ဘွဲ့ကပ်
(၆-၂-၂၀၁၅) နေ့လည် ကမ္ဘောဒီးယားနိုင်ငံစံတော်ချိန် ၂း၃၀မှ ၅း၀၀
နာရီအထိ သီတဂူဆရာတော်ဘုရားကြီးသည် " PEACE & HARMONY " ခေါင်းစဉ်ဖြင့်
Paññāsāstra University of Cambodia တွင်
ဟောပြောခဲ့ပါသည်။
တက်ရောက်နားထောင်သူများ၏ မေးခွန်းကို သီတဂူဆရာတော်ဘုရားကြီးက
၂နာရီခန့် ပြန်လည်ဖြေကြားပေးခဲ့သည်။
ဟောပြောပွဲအပြီးတွင်
သီတဂူဆရာတော်ဘုရားကြီးအား ထိုတက္ကသိုလ် က Ph.D စာပေပါရဂူ ဒေါက်တာဘွဲ့ကို
ဆက်ကပ်သည်။
သီတဂူဆရာတော်အား-
(က) ရန်ကုန်တက္ကသိုလ် (မြန်မာ)က D.Litt
ဘွဲ့
(ခ) မဟာချူလာလောင်ကွန်တက္ကသိုလ် (ထိုင်း) က Ph.D ဘွဲ့
(ဂ)
မဟာမကုဋ်ဗုဒ္ဓတက္ကသိုလ် (ထိုင်း) က Ph.D ဘွဲ့
(ဃ) နာလန္ဒာတက္ကသိုလ် (အိန္ဒိယ)က Ph.D
ဘွဲ့
(င) Paññāsāstra တက္ကသိုလ် (ကမ္ဘောဒီးယား)က Ph.D ဘွဲ့တို့ကို အသီးအသီး
ပူဇော်ဆက်ကပ်ပြီးဖြစ်သည်။
“သီတဂူစန်းလပမာ
ချမ်းမြသာယာရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.orgရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၇-၂-၂၀၁၅
www.sitagustar2020.net

Friday, February 06, 2015

sitagustar
No comments
သီတဂူစတား သီတဂူရေအလှူတော် တရားပွဲ
ရန်ကုန်၊ ကမာရွတ်မြို့နယ်၊
လှည်းတန်း၊ ဦးထွန်းလင်းခြံလမ်းက ဖေဖော်ဝါရီလ ၈-၉-၁၀ရက်နေ့များ
သုံးရက်တိုင်တိုင်ကျင်းပမည့် သီတဂူရေအလှူတော် အထူးတရားပွဲတွင် သီတဂူစတား
(၉)ရက်နေ့တွင် ဟောကြားမည်။
(နဂိုမူလ လက်ကမ်းစာစောင်များတွင် ကြော်ငြားထားသည်မှာ
(၈)ရက်နေ့ဖြစ်သည်။)
(၈)ရက်နေ့- ဒေါက်တာသီဟဥာဏာလင်္ကာရ
(၉)ရက်နေ့- ဒေါက်တာ
အရှင်ကောဝိဒသိရီ (သီတဂူစတား)
(၁၀)ရက်နေ့- သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ
တို့က ညစဉ် (၇)နာရီမှ စတင်ဟောကြားကြမည် ဖြစ်သည်။
သို့ဖြစ်ပါ၍ တရားချစ်ခင်
သူတော်စင်အပေါင်းတို့ တရားတော်နာ ကြွရောက်ကြပါရန်
ဖိတ်ကြားအပ်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၆-၂-၂၀၁၅

Wednesday, February 04, 2015

sitagustar
1 comment
သီတဂူဆရာတော် ကမ္ဘောဒီးယားနိုင်ငံ သြ၀ါဒပါတိမောက် တရားပွဲ
သီတဂူဆရာတော်ဘုရားကြီးသည် ၃-၂-၂၀၁၅ တပိုတွဲလပြည့်၊ သြ၀ါဒပါတိမောက် အခါတော်နေ့၊
ညချမ်းချိန်ခါ ၇း၃၀ ခန့်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၊ရှိ
ဝပ်လင်္ကာကျောင်းတိုက်၊ စုန်တက် မဟာအရိယာဝံသ၊ မဟာသဒ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ
စုန်ချန်တော (သုခန္တော) ဆရာတော်၏ တောင်းပန်ချက်၊ စီမံချက်ဖြင့် တရားဟောကြားသည်။
သံဃာတော် ၃၀၀ အပါအဝင် တရားနာပရိသတ် ၇၀၀ခန့် တက်ရောက်နာကြား ကြသည်။
ဆရာတော်က
အင်္ဂလိပ်ဘာသာဖြင့် ဟောကြားသည့် ဩဝါဒပါတိမောက် တရားတော်ကို ကမ္ဘောဒီးယားနိုင်ငံ
ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Say Amnann က
ကမ္ဘောဒီးယားဘာသာသို့ ဘာသာပြန်ပေးသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၎-၂-၂၀၁၅

Tuesday, February 03, 2015

sitagustar
No comments
မြန်မာ+ကမ္ဗောဒီးယား ချစ်ကြည်ရေး သာသနာပိုင်ဆရာတော် နှစ်ပါး
တွေ့ဆုံ
၁-၂-၂၀၁၅နေ့က ကမ္ဗောဒီးယားနိုင်ငံသို့ ရောက်ရှိနေသော ရွှေကျင်ဂိုဏ်း
ဒုတိယသာသနာပိုင် သီတဂူဆရာတော်ကြီးကို ကမ္ဗောဒီးယားနိုင်ငံ ဒုတိယသာသနာပိုင်
ဆရာတော်ကြီးက ကြိုဆိုဂါရ၀ပြုသည်။
သာသနာပိုင်ဆရာတော်ကြီးနှစ်ပါး
ချစ်ကြည်ရင်းနှီးစွာ သာသနာရေးကိစ္စများ ဆွေးနွေးသည်၊ အထူးဧည့်သည်တော်
မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။
ကမ္ဗောဒီးယားနိုင်ငံ ရှေးဟောင်
သာသနာတော်အမွေအနှစ်များကို လေ့လာ၊ မှတ်တမ်းတင်နိုင်ရန်
ကမ္ဗောဒီးယားသာသနာပိုင်ဆရာတော်ကြီးက စီမံပေးသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ
ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၂-၂၀၁၅

Monday, February 02, 2015

sitagustar
No comments
သီတဂူစတား ကျွန်းလှမြို့ ဓမ္မသဘင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊
ကျွန်းလှမြို့ လူငယ်များဖြင့် ဖွဲ့စည်းတည်ထောင်ထားသော “ဗုဒ္ဓရောင်ခြည်
ဘာသာရေးစာကြည့်အသင်း”၏ ၇နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဓမ္မပူဇာသဘင်ကြီးများကို ၅
ရက်တိုင်တိုင်တိုင် ကျင်းပသည်။
တတိယမြောက်နေ့ (၃၁-၁-၂၀၁၅)နေ့ညက ဒေါက်တာ
အရှင်ကောဝိဒသိရီ (သီတဂူစတား) တရားချီးမြှင့်သည်။
ဓမ္မကထိ တရားဟောဆရာတော်များအတွက်
တည်းခိုရန် ကျွန်းလှမြို့ သီတဂူစက္ခုဒါနတွင် ပြင်ဆင်ထားသည်၊ အလွန်အဆင်ပြေသည်။
နံနက်ဆွမ်း နေ့ဆွမ်းတို့ကိုလည်း ထိုဆေးရုံတော်တွင် လုပ်အားပေးကြသော ၀ိသာခါအဖွဲ့က
ပြုစုစောင့်ရှောက်ကြသဖြင့်လည်း ပို၍ အဆင်ပြေသည်။
ဗုဒ္ဓရောင်ခြည် ဘာသာရေး
စာကြည့်အသင်းသူ အသင်းသားများကလည်း လူငယ်များဖြစ်ပေမဲ့ တက်တက်ကြွကြွနဲ့ ကိုယ့်တာဝန်
သူ့တာဝန် ကျေပွန်အောင် ဆောင်ရွက်နေသည်ကလည်း အားရစရာဖြစ်သည်။
ဓမ္မကထိကများ
သက်သောင့်သက်သာ ဖြစ်အောင်လည်း စီမံပေးသည်၊ ဒေသတွင် လေ့လာစရာများကိုလည်း
လေ့လာခွင့်ရအောင် ဆောင်ရွက်ပေးသည်။ ကမ္ဘာကျော် သဖန်းဆိပ်ရေလှောင်တမံနှင့်
ရေအားလျှပ်စစ်ဌာနကိုလည်း
လေ့လာခွင့်ရစေသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂-၂-၂၀၁၅
www.sitagustar2020.net
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဖေ့ဘုတ်အပေါ်က လူအကြိုက်များဆုံး ဓာတ်ပုံ တစ်ပုံ စာမိတ်ဆက် စာရေးသူ၏ ဖေ့ဘုတ်တွင် ပုံများစွာတင်ထားသည်။ ရောက်လေရာရာနေရာတွေက အမှတ်တရပုံတွေကော ဆရာေ...
-
အင်ဒိုနီးရှာကျောင်းသားများ ပြပွဲမှာ တိုးဝှေ့ပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ စာရေးဆရာမဟုတ်သော သီတဂူစတား ဒီကနေ့ ဘာပို့စ်တင်ရမလဲ စဉ်းစ...
-
ဆရာကောင်း နည်းကောင်း တွေ့ဖို့လိုတယ် အဲဒီမှာ ဘုန်းကြီး ချက်ချင်း စဉ်းစားမိတယ်။ ''ဒီဥရောပတိုက်သား အမေရိကတိုက်သား လူတွေဟာ ဗုဒ္ဓ ဘာသာ...
-
သိကြားမင်းရဲ့လျှောက်ထားချက် အသားမည်းတဲ့ ဒီရသေ့ဟာ မည်းတဲ့မြေကွက် ပေါ်မှာ နေနေတယ်။ မည်းတဲ့အဝတ်ကိုဝတ်တယ်။ မည်းတဲ့ အစားအစာကို စားတယ်။ ဒီတော့ ...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်ရှိ ပူနေးမြို့ ပူနေးတက္ကသိုလ်ကြီးသည် လွန်ခဲ့သော ၈ နှစ်ကထဲက စပြီး အရှိန်အဟုန်နှင့် ကျော်ကြားလာခဲ့ရာ၊ ပြည်တွင်းပြည်...
-
သီတဂူဆရာတော် ဂျေရုစလင် မိန့်ခွန်း *********** Your Venerable Your Excellency Mr. President / Prime Minister of Israel Excellencies ...
-
သီတဂူ Study Tour အင်ဒိုနီးရှား ********** သီတဂူ ၂၀၁၆ နိုဝင်ဘာလ ၆ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ တပည့် စာချ ဆရာတော်များနှင...