သီတဂူစတား

သီတဂူစတား

16 December 2013

အမြတ်မရကြောင်း ၆ ပါး

အမြတ်မရကြောင်း ၆ ပါး
(သီတဂူစတား စာတိုပေတို) 

(၁) ကုသိုလ်ကောင်းမှု အရာပဲ ဖြစ်ဖြစ်၊ စီးပွားရေးအကျိုးအမြတ်အရာပဲ ဖြစ်ဖြစ် အလိုကြီးရင်၊ လိုချင်အားကြီးလျှင် မရတတ်။

(၂) အမျက်ဒေါသ ကြီးလျှင်လဲ မရတတ်ဖြစ်သည်၊ ဒီဟာကို ရကို ရစေရမည်၊ မရလျှင် သိစေရမည်ဟုသော ဒေါသကြီးလျှင် လိုချင်တာ မရတတ်ဖြစ်သည်။

(၃) အပျင်းကြီးလျှင်လဲ လိုချင်တာ မရတတ်၊ ဘယ်အရာမဆို ၀ီရိယရှိနေရမည်၊ ၀ီရိယမရှိ ထိနမိဒ္ဓဖြစ်နေလျှင် ရသင့်ရထိုက်သည့် အခွင့်အလမ်းများ ဆုံးရှုံးမည်။

(၄) စိတ်ယောက်ယက်ခက်ပြီး မတည်မငြိမ် ဖြစ်နေလျှင်လည်း ရသင့်ရထိုက်သည့် အခွင့်အလမ်းများ မရတတ်။ ၀ိပဿနာ၊ ဈာန်၊ မဂ်ဖိုလ်ကိုပဲ ဖြစ်ဖြစ်၊ လောကကြီးပွားရေးကိုပဲ ဖြစ်ဖြစ် စိတ်မတည်ငြိမ်ပါက မရတတ်။

(၅) သို့လော သို့လော သံသယဖြစ်နေလျှင်လည်း မရတတ်၊ ချီတုံချတုံ ဖြစ်နေသည်၊ ဆုံးဖြတ်ချက်ကို မချနိုင်ပါက ရသင့်ရထိုက်သည့် အခွင့်အရေးများနဲ့ လွဲသွားတတ်သည်။

(၆) အမှား-အမှန် မသိက မရတတ်။ အမှားကို အမှန်ထင်၊ အမှန်ကို အမှားထင်နေပြန်ရင်လည်း ထိုထိုသော ကောင်းကျိုးများနှင့် လွဲတတ်သည်။

(နီဝရဏ (၆)ပါး ကို အဓိပ္ပါယ်ဖွင့်ဆိုသည်၊ နီဝရဏ ဟူသည် အခွင့်အလမ်းများ၏ အပိတ်အပင် အတားအဆီးများ ဖြစ်သည်။)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၈-၀၂-၂၀၁၃

12 December 2013

ရန်ကုန်သီတဂူ- ပုဂံညောင်ဦး လေ့လာရေး ခရီးအဖွဲ့ (၂၀၁၃)

သီတဂူ-ပုဂံလေ့လာရေး ခရီးပြီးဆုံး
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ကျောင်းသား ကျောင်းသူများ အဖွဲ့သည် ၇-၁၂-၂၀၁၃-ရက်နေ့ ညနေပိုင်းက စတင်ထွက်လာရာ ၉-၁၂-၂၀၁၃ ရက် ညနေပိုင်း ပြီးဆုံး။ ၁၀-၁၂-၂၀၁၃ ရက်နေ့ မနက်ပိုင်း ရန်ကုန်ပြန်ရောက်။

အညာမြေ လတန်ဆောင်ရဲ့ ရာသီကလဲ နွေးနွေးထွေးထွေး ရှိလှသည်။ စာရေးသူတို့ လေ့လာရေးအဖွဲ့သည် ၈ ရက်နေ့ မနက်စောစော ပုပ္ပါးတောင်ခြေက စွယ်တော်မိုးကုတ်ဝိပဿနာရိပ်သာတွင် ခေတ္တနားခိုသည်၊ မျက်နှာသစ်၊ ကိုယ်လက်သုတ်သင်ပြီး မနက်စာကို ထိုရိပ်သာမှ ဆရာတော်ကြီးနှင့်တပည့်များက ကပ်လှူသဖြင့် ထိုနေ့မနက်စာအတွက် အဆင်ပြေသွားသည်။ ဆရာတော်ကြီးများကလည်း နွေးနွေးထွေးထွေးကို ကြိုဆိုပြီး အနာဂတ် အမျိုးဘာသာ သာသနာအတွက် အညွှန့်တလူလူ တိုးထွက်လာသည့် ကြုံရခဲမျှသော ကျောင်းသားသံဃာများနှင့် သီလရှင်ဆရာလေးများကို ဆွမ်းကပ်ခွင့်ရသည်။ ပုပ္ပါးတောင်ပေါ်သို့ တက်ရောက် လေ့လာကြသည်။ “အတက်ဒူးကွေး အဆင်းဒူးတုန်” ဆိုတဲ့အတိုင်း ခြေတောက်တွေ မသယ်ချင်လောက်အောင် မောပန်းလှသည်။ သိပ်လှပတဲ့ ပုပ္ပါးတောင်တော်နှင့် ၀န်းကျင် တောတောင်တို့မှ ဖြတ်တိုက်ခက်လာသော လေနုနုတို့သည် စာရေးသူတို့ အမောကို ပြေစေသည်၊ တုန်ရီနေတဲ့ ဒူးတွေ ခြေသလုံးကြွက်သားတွေလည်း လန်းဆန်းလာစေသည်၊ အားအင်တွေ ပြည့်လာစေသည်။
စာရေးသူသည် ပုပ္ပါးတောင်ပေါ်သို့ ၂ ကြိမ်မြောက် ရောက်ခြင်းဖြစ်သည်။ ထိုနှစ်ကြိမ်တို့သည် နှစ်ကွာခြားသည်နှင့် အနေအထားလဲ ကွဲကွာသွားသည်၊ ၂၀၀၇-၂၀၀၈ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) ပညာသင်နှစ် ဘီအေ နောက်ဆုံးနှစ်ဖြစ်သလို ပထမဆုံးသော ဘီအေဘွဲ့ရ အသုတ်ဖြစ်သည်။ ထိုနှစ်မှာပဲ ဘီအေနောက်ဆုံးနှစ် ကျောင်းသားအဖြစ် ပထမအကြိမ် ပုဂံ-ညောင်ဦး-ပုပ္ပါး လေ့လာရေးခရီးအဖြစ် လာရောက်ခဲ့ဖူးသည်။ ယခုအကြိမ်မှာတော့ အမ်အေ (ဒဿနိကဗေဒ)အပြီး၊ ပါရဂူတန်းအတွက် စာတန်းတင်ပြီး၍ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၏ ကထိကအဖြစ်၊ ဦးဆောင်အဖြစ်နှင့် ဤလေ့လာရေး ခရီးကို စတင်သည်။ နောက်လိုက်အဖြစ် လိုက်ခဲ့တုန်းက အသာလေး အများသွားသည့်နေရာ မကြောင်းမကြ မတောင်းမတ လေ့လာရသဖြင့် သက်သောင့်သက်သာ ရှိလှသည်။
သို့သော်လည်း ဦးဆောင်သူတစ်ယောက် အဖြစ်နဲ့ကတော့ တစ်ချိန်လုံး တစ်လမ်းလုံး ပူပန်ရသည်၊ ခရီးစဉ်အဆင်ပြေဖို့၊ တည်းဖို့ခိုဖို့ နေရာထိုင်ခင်း အဆင်ပြေဖို့၊ အများနှင့်သွားရသဖြင့် ရေချိုးခန်း အိမ်သာက အစ အဆင်ပြေဖို့ ပူပန်ရသည်၊ ငှါးရမ်းထားသည့် ကားများ အချိန်မီ မရောက်လာပါကလဲ စိတ်ပူရ၊ ဒေါသတွေ ထွက်ရ ပြောရဆိုရသဖြင့်လည်း ပူပန်နေရသည်။ လမ်းခရီး ကားများ တစ်ခုခု အဆင်မပြေဖြစ်ပါကလဲ ပူပန်ရပြန်သည်။ ခရီးစဉ်ဆုံးသွားမှတော့ပဲ စိတ်အေးရတော့သည်။ ပူပန်မည့်သာ ပူနေရတာ တကယ်တော့ ကျောင်းသား ကျောင်းသူတွေရဲ့ ဘုန်းကံကြောင့်ပဲ ဖြစ်မည်၊ အရာအားလုံး အဆင်ပြေခဲ့သည်။ ၀ိုင်းဝန်း အကျိုးဆောင်ပေးကြသည့် ပုဂ္ဂိုလ်များကို အထူးပဲ ကျေးဇူးတင်ရှိပါသည်။ ငြိမ်းချမ်းစွာဖြင့် လေ့လာရေးခရီးတွင် ပါဝင်ခဲ့ကြသော တပည့်အပေါင်းအားလည်း အထူးကျေးဇူးတင်ရှိပါသည်။
ပုပ္ပါးတောင်ပေါ်မှ နေ့လည် ၈နာရီဝန်းကျင်လောက်မှ ညောင်ဦးမြို့၊ သိမ်းမဆည်းဂိတ်ကျောင်း (ရွှေစည်းခုံဘုရားအနီး) တွင် တည်းခိုရန် ဆင်းလာခဲ့ကြသည်၊ ရောက်ရောက်ချင်း အသီးအသီး နေရာယူပြီး နေ့လည်စာ စားကြသည်မှာလည်း ပျော်စရာကောင်းလှသည်။ ကျောင်းသား ကျောင်းသူများ၏ ကာယသာမဂ္ဂီ စိတ္တသာမဂ္ဂီ (ကိုယ်ရော စိတ်ပါ ညီညွတ်ခြင်း)တို့ကို တွေ့ရသည်။ နေ့လည်စာအတွက် မခိုမကပ်ဘဲ ကိုယ့်အသိစိတ်ကလေးနဲ့ နေရာထိုင်ခင်းကျင်းကြခြင်း၊ စားပွဲများအတွက် ပြင်ဆင် ချက်ပြုတ်၊ ဆေးကြောခြင်း စတဲ့ ဝေယျာဝစ္စပြုလုပ်နေကြသည်ကို မြင်ရပြန်တော့ စိတ်အေးရသည်၊ ကြည်နူးရသည်။ ဤသို့အားဖြင့် ခရီးသွားခြင်းကလည်း ချစ်ခြင်းနှင့် ညီညွတ်ခြင်းကို ဖြစ်စေသည်။
ထို သိမ်းမဆည်းဂိတ်ကျောင်းမှာ တည်းခိုပြီး ပုဂံ-ညောင်ဦးမြို့ပေါ်ရှိ ထင်ရှားကျော်ကြားစေတီ ပုထိုးတော်များ၊ မထင်မရှား စေတီပုထိုးတော်များနှင့် စွယ်တော်လေးဆူတွင် တစ်ဆူအပါဝင်ဖြစ်သည့် တန့်ကြည်တောင်စေတီတော်ကို ပျော်ပျော်ကြီး လေ့လာခဲ့ရသဖြင့် ခရီးပန်းပေမဲ့ အားလုံး ကျေနပ်အားရကြလိမ့်မည် ထင်ပါသည်။ ဘုရားဖူးရင်း ဘုရားဒကာ ကျောင်းဒကာများလည်း ဖြစ်ခဲ့ကြသည်။ ဘုရားစောင်းတန်းရှိ အလှူခံဌာနတွေမှာ မိမိအဖွဲ့မှ ဘုရားဒကာ ကျောင်းဒကာ ၀င်လုပ်သူတွေကိုလည်း တွေ့ခဲ့ကြရသည်၊ တည်းခိုခဲ့သည့် မပြည့်စုံသေးသော နေရာများအတွက် ကျပ်၂ သိန်းကျော်ကိုလည်း မိမိတို့ လမ်းစရိတ်ထဲမှ စုပေါင်း၍လည်း ကျောင်းဒကာအဖြစ် အားလုံး ပါဝင်ခဲ့ကြသေးသည်။ ထိုကျောင်းတိုက်ဆရာတော်ကြီး၏ အဆုံးအမကိုလည်း နာကြားခွင့်ရသည်၊ “ငါ့ရှင်တို့က အညွှန့်တလူလူတက်နေတဲ့ ကျောင်းသားတွေ၊ ကိုယ့်အညွှန့်ကို ကိုယ်ကိုယ်တိုင် မဖျက်ဆီးပစ်ကြနဲ့”ဟု အမိန့်ရှိသည်။ ဤသို့အားဖြင့် ဘုရားဖူးရင်း လိပ်ဥမတူးကြဘဲ ရွှေဥတွေပဲ တူးခဲ့ကြသည်။

လေ့လာရေးခရီးစဉ်အားလျှော်စွာ ပုဂံရာဇ၀င်ကို ကျွမ်းကျင်နိုင်နှင်းသည့် လမ်းညွှန်ဂိုက်ကိုလည်း ငှါးရမ်းထားသဖြင့် အဆင်ပြေသည်။ ယနေ့ တွေ့မြင်နေရသော ပုဂံဘုရားများနှင့် နန်းတော်ရာ၊ ကျောင်းတော်ရာများက ရှေးမြန်မာများ၏ လူနေမှုဘ၀ပုံရိပ်၊ ဘာသာ သာသနာယုံကြည်မှု၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်မှုတို့ကို မိမိတို့ ရင်ထဲ စွဲကျန်စေခဲ့သည်။ ရှေးမြန်မာများ၏ အနုစိတ်သော ဗိသုကာပညာများ၊ စာပေများက သူတို့၏ ဘ၀ပုံရိပ်နှင့် စိတ်နေစိတ်ထားများကို ဖော်ပြသဖြင့် ရှေးမြန်မာများ၊ မိမိတို့၏ ဘိုးအေများ၏ စိတ်ဓာတ်များကို လေ့လာခံစားခွင့်ရကြသည်။ တွေ့မြင်ခဲ့ရသော ပုဂံပုံရိပ်များက မိမိတို့နှလုံသားဝယ် ဘာသာ သာသနာနှင့် မျိုးချစ်စိတ်တို့ကို ခိုင်မာစေခဲ့သည်။ ဤသို့အားဖြင့် လေ့လာစရာတွေ ထုနဲ့ဒေးရှိနေပေမဲ့ ရရှိသည့် အချိန်လေးဖြင့် ဤမျှလောက် လေ့လာခွင့်ရသည်ကိုပဲ ကျေနပ်အားရမိကြမည် ထင်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၁-၁၂-၂၀၁၃

11 December 2013

ကာတာနိုင်ငံရောက် သီတဂူဆရာတော်

 
သီတဂူဆရာတော်ကြီးသည် ၁၀-၁၂-၂၀၁၃ ရက်နေ့က အာရပ်ဗ်စော်ဘွားနိုင်ငံများမှ တစ်ခုအပါဝင်ဖြစ်သော ကာတာနိုင်တွင် ကျင်းပပြုလုပ်သည့် “World Innovation Summit for Health in Qatar” သို့ တက်ရောက်ခဲ့သည်။

 ထိုပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့သည်။

 Sitagu Sayadaw is attending World Innovation Summit for Health in Qatar at the respectful invitation of Daw Aung San Suu Kyi and lord Ara Darzi, an English and an executive chair of World Innovation Summit For Health who later will offer 4 millions USD to Daw Aung San Suu Kyi to renovate Yangoon General Hospital. Detailed information regarding the health forum will be coming shortly.
 ဓာတ်ပုံသတင်း (အရှင်ဝိသုတ)

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
 ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၁-၁၂-၂၀၁၃

02 December 2013

သီတဂူဆရာတော် အိန္ဒိယရောက်


သီတဂူအဓိပတိဆရာတော်ကြီး အနောက်နိုင်ငံသာသနာပြုမှ အပြန် ဘန်ကောက်တရားပွဲသို့ကြွခဲ့၊ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ မငြိမ်သက်မှုကြောင့် ထိုတရားပွဲ မကျင်းပဖြစ်ခဲ့၊ ဘန်ကောက်မှ အိန္ဒိယနိုင်ငံ မြေမြတ်မဟာ မဟာဗောဓိပင်သို့ ကြွရောက်သည်။

ထိုမဟာဗောဓိပင်အောက်တွင် အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံမှ ရဟန်း ရှင် လူများက နှစ်စဉ်နှစ်တိုင်း တိပိဋကသုံးပုံး ရွတ်ဖတ်ပူဇော်ပွဲကို (၁၀)ရက်တိုင်တိုင် ကျင်းပကြသည်။

ပြီးခဲ့သည့်နှစ်က တစ်ကြိမ်နှင့် ဒီနှစ်အတွက်ကို မြန်မာနိုင်ငံမှ အလှူရှင်အဖြစ် တာဝန်ယူ ဆောင်ရွက်သည်။ ထိုပွဲကို သီတဂူအဓိပတိဆရာတော်ကြီး နှစ်စဉ် ကြွရောက်သည်၊ ထိုပွဲရဲ့ အဓိကအလှူရှင်အဖြစ်အနေနဲ့လည်း ပါဝင်ခဲ့သည်။

ဓာတ်ပုံများကို အရှင်ကုမုဒ ဗောဓိတစ်ထောင် စာမျက်နှာမှ ကူးယူဖော်ပြသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂-၁၂-၂၀၁၃

www.thesitagu.org

25 November 2013

သီတဂူဆရာတော်ကြီး ဘာသာရေးနှင့် ငြိမ်းချမ်းရေး အကြောင်း မိန့်ခွန်းပြော

သီတဂူဆရာတော်ကြီး ဘာသာရေးနှင့် ငြိမ်းချမ်းရေး အကြောင်း မိန့်ခွန်းပြော

သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ (Austria Vienna) (၂၀-၁၁-၂၀၁၃)မှ (၂၃-၁၁-၂၀၁၃)ရက်နေ့အထိ ၄ ရက်တိုင်တိုင် ကျင်းပခဲ့သည့် ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များ ညီလာခံတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြု အဖွဲ့၏ ပဓာနဥသျှောင် သီတဂူဆရာတော်ကြီးသည် ဘာသာရေးနှင့် ငြိမ်းချမ်းရေး အကြောင်း မိန့်ခွန်းပြော၊ ၀င်ရောက် ဆွေးနွေးခဲ့သည်။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၁၁-၂၀၁၃
www.thesitagu.org

21 November 2013

အဇာတသတ်ကို လေးစားသူ

တိုက်တိုက်ဆိုင်ဆိုင် တန်ဆောင်တိုင် သာမညဖလ
(သီတဂူစတား စာတို ပေတို)

တကယ့်ကို တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ သာမညဖလ အခါတော်လမှာပဲ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဘီအေ ပထမနှစ်တန်း (ဒုတိယနှစ်ဝက်)အတွက် သာမညဖလသုတ်ကို သင်ပေးနေသည်။ ဥတု၏ပြည့်ခြင်း၊ လ၏ ပြည့်ခြင်း၊ နှစ်၏ပြည့်ခြင်းတို့ ပြည့်စုံတဲ့ တန်ဆောင်မုန်းလပြည့်နေ့၊ မြတ်ဗုဒ္ဓ သာမညဖလသုတ် ဟောတဲ့အချိန်မှာတော့ သာမညဖလသုတ် သင်ပေးနေတာ တစ်ဝက်ကျော်လာပါပြီ။

သာမညဖလသုတ် ဖြစ်ပေါ်လာပုံ၊ သာမညဖလ- ရဟန်းဘ၀၏ လက်တွေ့ဘ၀ အခွင့်လန်းများကို မြတ်ဗုဒ္ဓက တိတိကျကျ ကွက်တိ ဖြေဆိုထားသည့်အပြင် ထိုခေတ်က ဘုရားဟု ထင်ရှား ကျော်ကြားနေကြသော တိတ္ထိဆရာကြီး (အယူဝါဒကို စတင်တည်ထောင်သူ)များ၏ တလွဲတချော် အဖြေများ အတွေးများကိုလဲ လေ့လာရသည်။ သူတို့၏ ထူးဆန်းသော အတွေးအခေါ်များကိုလည်း ဗဟုသုတအဖြစ် လေ့လာခဲ့ကြသည်။

သာမညဖလသုတ်ကို လေ့လာလိုက်သည့်အခါ----------
ဖခင်ကို သတ်ခဲ့သည့် အပြစ်ကြီးကို ကျူးလွန်ခဲ့သော အဇာတသတ်တစ်ယောက် သာမညဖလသုတ်ကို နာကြားရလိုက်သဖြင့် အ၀ီစိငရဲအထိ မကျတော့ဘဲ နှစ်များ လျှော့ရက်များနှင့်အတူ ငရဲအသေးတစ်ခုမှာပဲ ကျရတော့သည်။ အကယ်၍သာ သူသည် အဖေကို သတ်ခဲ့တဲ့ အပြစ်ကြီး မရှိဘူးဆိုရင် ထိုနေရာမှာပဲ သောတာပန် အရိယာ ဖြစ်သွားနိုင်သည်။

ယခုအခါ အဖေကို သတ်ခဲ့သော အဇာတသတ်သည် သာမညဖလသုတ်တော်ကို နားကြားရသဖြင့် ငရဲ လျှော့ရက်များနှင့် နောင်တချိန် ပစ္စေကဗုဒ္ဓါဖြစ်မည်ဟု သေချာသော ကတိ၊ ဗျာဒိတ်၊ နိယတိဂတိ၊ ပန်းတိုင်တစ်ခုကို ရရှိပြီးဖြစ်သည်။

စာရေးသူတို့ဗုဒ္ဓဘာသာဝင်တွေ အများစု အပြစ်တစ်ခု ကျူးလွန်လျှင် အဇာတသတ်၊ အဇာတသတ်ဂိုဏ်းဟု အပြစ်ပြောလေ့ရှိသည်။ တကယ်တန်းစဉ်းစားကြည့်လျှင် သူသည် စာရေးသူတို့အထက် သာလွန်သော အချက် များစွာ ရှိနေသည်။

၁။ ဘုရားရှင်အား ကိုယ်တိုင်ကိုယ်ကျ ဖူးမျှော်ခွင့်ရရှိခြင်း၊ (စာရေးသူတို့ ဖူးခွင့်ရခဲ့သလား တတ်အပ် မပြောနိုင်)

၂။ ထူးခြားတဲ့ သာမညဖလသုတ်ကို ဘုရားထံမှ နားခွင့်ရခြင်း (စာရေးသူတို့ ဘုရားရှင်ထံမှာ ဘာတရားများ နာခွင့်ရကြသနည်း)

၃။ မြတ်ဗုဒ္ဓသာသနာ့ဒါယကာ (ပထမ သင်္ဂါယနာတင် ဒါယကာ)အဖြစ် သာသနာ့မှတ်တိုင် ကျန်ရှိနေခြင်း (စာရေးသူတို့ သူ့လို ဘာများ ကျန်ရှိခဲ့သနည်း)

၎။ နောင်တချိန်မှာ ပစ္စေကဗောဓိဥာဏ် ရရှိပြီး ဘ၀ဇာတ်ပြတ်မည်ဟူသော ပန်းတိုင် ရရှိပြီး (စာရေးသူတို့ဘ၀ သံသရာ ဘယ်လောက်ထိ နေရအုံးမလဲ မသိနိုင်သေး)

၅။ အဖေအပေါ် အပြစ်ကြီးကျူးလွန်မိခြင်းကြောင့် ဒီလို အပြစ်မျိုးခံရမည်ဟု သမိုင်းသက်သေ ပြသခဲ့နိုင်ခြင်း၊ (စာရေးသူ၏ ကြံဖန်ပြီး ဂုဏ်တင်ခြင်း)

၆။ သာမညဖလသုတ်ကိုနာကြားပြီး မြတ်ဗုဒ္ဓသာသနာအပေါ် အသက်ကိုအပ်နှင်းပြီး ပုံအောပြိး ကြည်ညိုနိုင်ခဲ့ခြင်းကြောင့် ဒီလိုအကျိုးများ ရရှိတယ်ဆိုတာကိုလဲ ဘုရင် အဇာတသတ် ပြသွားသည်။ (စာရေးသူတို့ သူ့လောက် ဘာတွေ လုပ်နိုင်ခဲ့သနည်း)

ဤကဲ့သို့ဆိုလျှင် သာမညဖလသုတ်သည် အလွန်ထူးခြားသည့် သုတ် တစ်ခုဖြစ်သည်ကို ကြည်ညိုမိသည်။ ထိုနေ့ ထိုအခါ တန်ဆောင်မုန်းလရောက်တိုင်း ဤသုတ်တော်ကို အမှတ်ရကြသည်အတွက် မြတ်ဗုဒ္ဓကို ကြည်ညိုမိမှာ အမှန်ပင်ဖြစ်သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၀-၁၁-၂၀၁၃

17 November 2013

သီတဂူဆရာတော်ကြီး ကမ္ဘာ့ဘာသာရေးခေါင်းဆောင် ထိပ်သီးအစည်းဝေး တက်ရောက် မိန့်ခွန်းပြော

သီတဂူဆရာတော်ကြီး ကမ္ဘာ့ဘာသာရေးခေါင်းဆောင်
ထိပ်သီးအစည်းဝေး တက်ရောက် မိန့်ခွန်းပြော
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြု အဖွဲ့၏ ပဓာနဥသျှောင် သီတဂူဆရာတော်ကြီးသည် (၁၈-၁၁-၂၀၁၃) ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွါပြီး (၁၉-၁၁-၂၀၁၃)ရက်နေ့တွင် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ (Austria Vienna) သို့ ရောက်ရှိကာ (၂၀-၁၁-၂၀၁၃)မှ (၂၃-၁၁-၂၀၁၃)ရက်နေ့အထိ ၄ ရက်တိုင်တိုင် ကျင်းပမည့် ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များ ငြိမ်းချမ်းရေး ညီလာခံတွင် ဘာသာပေါင်းစုံ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး စကားပြောကြားမည် ဖြစ်သည်။

အဆိုပါ ညီလာခံသို့ နိုင်ငံပေါင်း (၁၀၀)ကျော်၊ အဖွဲ့အစည်းပေါင်း (၉၀)ကျော်နှင့် ကမ္ဘာ့ဘာသာရေးခေါင်းဆောင် (၇၀၀)ကျော်တို့ တက်ရောက်ကြမည် ဖြစ်သည်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၇-၁၁-၂၀၁၃
www.thesitagu.org

15 November 2013

သီတဂူ ဗုဒ္ဓဓမ္မဒီပလိုမာ စာမေးပွဲ ကျင်းပ (ရန်ကုန်)

ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ရဟန်း သီလရှင်များအတွက် ဘီအေတန်း၊ ဒီပလိုမာတန်းများ အပြင် လူဝတ်ကြောင်များအတွက် ဗုဒ္ဓဓမ္မဒီပလိုမာအတန်းများကိုလည်း သင်ကြားပေးလျက်ရှိသည်။
 လူဝတ်ကြောင်များအတွက် ကိုယ်နှုတ် နှစ်ပါးကို ထိန်းသည့် နည်းဥပဒေများဖြစ်သည့် ၀ိနည်း၊ ကိုယ်နှုတ်စိတ် သုံးပါးလုံးကို ထိန်းသည့် သုတ္တန်၊ လောက သဘာဝဓမ္မပါဝင်သည့် အဘိဓမ္မာ၊ သံသရာလွတ်လမ်းကို ပေးသည့် ၀ိသုဒ္ဓိမဂ် အစရှိသည့် ဗုဒ္ဓစာပေများကို သဒ္ဓါတရား၊ အသိပညာ ဗဟုသုတများ တိုးပွားရေးကို ရည်စိတ်သန်လျက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သင်ကြားပေးလျက်ရှိသည်။

ယခုအခါ ၆ လလုံးသင်ကြားထားသည့် ဗုဒ္ဓစာပေများကို ပထမ ၆ လပတ် (နှစ်သက်) စာမေးပွဲအဖြစ် ဖြေဆိုကြရသည်။ ကျောင်းသား ကျောင်းသူ ၃၀၀ (သုံးရာ) ကျော် ၀င်ရောက် ဖြေဆိုကြသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၅-၁၁-၂၀၁၃

www.thesitagu.org
www.sitagustar2020.net

14 November 2013

ကျောင်းသားစာစောင် စာမူဖိတ်ခေါ်ခြင်း

သံဃာ့အသံ (The Voice Of Samgh) 
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်ကြီး၏ မွေးနေ့တိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် ပညာသင်ယူနေကြသော ကျောင်းသား ကျောင်းသူတို့၏ အတွေးအခေါ်၊ ကလောင်သွား၊ စားသားများ ထက်မြတ်၊ သွက်လတ်စေရန် ရည်စိတ်သန်၍ တက္ကသိုလ်ကြီး (၃)ခုမှ ဗုဒ္ဓအသံမဂ္ဂဇင်း၊ ဓမ္မအသံမဂ္ဂဇင်းနှင့် သံဃာ့အသံမဂ္ဂဇင်း သုံးခုကို ထုတ်ဝေလျှက်ရှိသည်။ 

ယခုနှစ် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၏ နှစ်လည် (၅)ကြိမ်မြောက် “သံဃာ့အသံ” (The Voice of Samgha) မဂ္ဂဇင်းအတွက် စာမူများကို နတ္တော်လပြည့် (ဒီဇင်ဘာ ၁၇ရက်နေ့) နောက်ဆုံးထား ပို့ပေးရန် ဖိတ်ခေါ်ပါသည်။ 

၁။ လေးမျက်နှာထက် မကျော်လွန်သော 
(က) ဆောင်းပါး (ခ) ၀တ္ထု 
မှတ်ချက်။ ။ အင်္ဂလိပ်၊ မြန်မာ ကြိုက်နှစ်ရာ 

၂။ တစ်မျက်နှာထက် မကျော်လွန်သော 
(က) ကဗျာ (ခ) ဟာသ၊ ကာတွန်း 

၃။ စည်းမျည်းများ 
(က) မည့်သည့် ဌာနကမှ ထည့်သွင်းထားခြင်း မရှိခြင်း 
(ခ) ကိုယ်ပိုင်မူ ဖြစ်ခြင်း 
(ဂ) သဒ္ဓါတရား၊ စာပေအသိ၊ အထွေထွေဗဟုသုတများကို တိုးပွားစေခြင်းတို့ကို ရည်ရွယ်ပါသည်။ မှတ်ချက်။ ။ ဆောင်းပါးများကို Soft Copy/ Hard Copyနှင့် မိမိတို့ဆောင်းပါးနှင့် သင့်တော်သည့် ဓာတ်ပုံများ ထည့်လိုက တပါးတည်း “နတ္တော်လပြည့် (ဒီဇင်ဘာ ၁၇ရက်နေ့) နောက်ဆုံးထား” ပို့ပေးရန်။ 

ပို့ပေးရန်ဌာန----------- 
မဂ္ဂဇင်းဖြစ်မြောက်ရေးအဖွဲ့= ကွန်ပြူတာခန်း၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန် 
အီးမေးလ် sitagustar2010@gmail.com/ thesitagu@gmail.com 

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၄-၁၁-၂၀၁၃
www.thesitagu.org

12 November 2013

ဧရာဝတီတိုင်း သီတဂူမျက်စိအလှူတော်

ဧရာဝတီတိုင်း သီတဂူမျက်စိအလှူတော်
သီတဂူ မော်လမြိုင်ကျွန်း မျက်စိအထူးကု ခရီး
သီတဂူဆရာတော်နှင့် ပစ္ဆိမာရုံဆရာတော်တို့ တွဲဖက်ဦးဆောင်၍ တည်ဆောက်ထားသော မော်လမြိုင်ကျွန်းမြို့ရှိ သီတဂူလှဆန်းယဉ် စက္ခုဒါနဆေးရုံတော်၌ ဒုတိယအကြိမ် အခမဲ့ မျက်စိခွဲစိပ်ခြင်း စက္ခုဒါန အစီအစဉ်ကို (၂၃-၁၀-၂၀၁၃)မှ (၂၇-၁၀-၂၀၁၃)အထိ ဆောင်ရွက်ခဲ့သည်။
သီတဂူမိုဘိုင်လ် Eye Clinic အဖွဲ့တွင် ပါမောက္ခ ဒေါက်တာ ဒေါ်မြင့်မြင့်ခိုင်၊ ဒေါက်တာ ဒေါ်ခင်အုံးဟန်၊ ဒေါက်တာ စဂျေလွင်နှင့် သီတဂူအာယုဒါနဆေးရုံမှ ဒေါက်တာ မိမိခင် ဦးဆောင် သူနာပြုဝန်ထမ်းများ ပါဝင်ခဲ့သည်။

မော်လမြိုင်ကျွန်း ပြည်သူ့ဆေးရုံမှ ဆရာဝန်၊ ဆရာမများ လုပ်အားဒါနကုသိုလ် ပါဝင်ခဲ့ကြသည်။ (၂၃-၁၀-၂၀၁၃)မှ (၂၇-၁၀-၂၀၁၃)အထိ (၅)ရက်အတွက် လာရောက် စမ်းသပ်စစ်ဆေးကုသခြင်း ခံယူကြသော အပြင်ပလူနာပေါင်း (၆၉၄)ဦး၊ ခွဲစိပ်ကုသခြင်းခံယူပြီး မျက်စိအလင်းရသွားသူ လူနာပေါင်း (၂၄၅)ဦးတို့ ဖြစ်ကြသည်။
 ကဒုံကနိ၊ ပြင်စလူကျွန်း သီတဂူမျက်စိအလှူတော်
ပြင်စလူကျွန်း၊ မော်လမြိုင်ကျွန်းတို့မှ ဆက်၍ သီတဂူဆရာတော်နှင့် အဖွဲ့သည် ရွှေစင်ကြယ်သင်္ဘောဖြင့် ကဒုံကနိကျွန်းသို့ ဆက်လက်၍ ကြွရောက်တော်မူသည်။ ကဒုံကနိကျွန်းပေါ်ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ တိုက်နယ်ဆေးရုံ၌ ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေးဝန်ကြီး၏ ကူညီစောင့်ရှောက်မှုဖြင့် ကုသိုလ်ဖြစ် အခမဲ့မျက်စိခွဲစိပ် ကုသခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ခွဲစိပ်ကုသခြင်း စက္ခုဒါနအစီအစဉ်ကို (၂၈-၁၀-၂၀၁၃)မှ (၃၁-၁၀-၂၀၁၃)အထိ ဆောင်ရွက်ခဲ့သည်။
စမ်းသပ်စစ်ဆေး၍ အပြင်လူနာအဖြစ်ခံယူ ကုသမှုခံယူသွားကြသူပေါင်း (၆၂၀)၊ ခွဲစိပ်ကုသမှုခံယူပြီး မျက်စိအလင်းရရှိသွားကြသော လူနာပေါင်း (၁၆၅)ဦးတို့ ရှိခဲ့သည်။
အလှူရှင်များ
မော်လမြိုင်ကျွန်း ခွဲစိပ် စက္ခုဒါနအလှူတော်ကို သီတဂူ ဦးမြင့်စိန်+ဒေါ်လှလှအေး (လှဆန်းယဉ်)နှင့် သား သီတဂူဦးမြင့်အောင်+ဒေါ်စိုးမိုးကြည် မိသားစုမှလည်းကောင်း၊ ကဒုံကနိစက္ခုဒါန အလှူတော်ကို သီတဂူ ဦးမောင်သောင်း+ဒေါ်-------နှင့် သီတဂူဦးတင်အေး+ဒေါ်သန်းသန်းအေး မိသားစုတို့မှ အလှူဒါနပြုကြသည်။

မော်လမြိုင်ကျွန်းနှင့် ကဒုံကနိကျွန်းတို့ပေါ်၌ တညတာစီ တရားဓမ္မချီးမြှင့်၍ အမျှအတန်းပေးဝေခဲ့သည်။ မကြာခင်အချိန်၌ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းသို့ သီတဂူစက္ခုဒါနခရီးစဉ်ကို ကြွချီရန် စီစဉ်လျှက်ရှိသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၂-၁၁-၂၀၁၃

www.thesitagu.org
www.sitagustar2020.ent

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes