သီတဂူစတား

သီတဂူစတား

19 March 2011

သီတဂူဆရာတော်ကြီး၏ မွေးနေ့မင်္ဂလာ ပူဇော်လွာ

၁၃၇၂ ခုနှစ် တပေါင်းလပြည့်နေ့ (၁၉-၃-၂၀၁၁) နေ့တွင် သက်တော် (၇၄) နှစ်ပြည့်တော်မူသည့် ထေရ၀ါဒ ဗုဒ္ဓသာသနာတော်၏ အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူနေသော ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး ၏ ၀ိဇာတ မွေးနေ့မင်္ဂလာကို တပည့်တော် ရိုသေစွာ ရှိခိုးကန်တော့ ပူဇော်လိုက်ပါတယ်ဘုရား…
သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ဖြင့် ပြည့်စုံတော်မူသော ဆရာတော်ကြီးအား ဂုဏ်ပြုချီးကျူးရတာ တပည့်တော် အလွန်ဝမ်းသာ ပီတိဖြစ်ရပါတယ်။ ဆရာတော်ကြီး၏ ဂုဏ်ကျေးဇူးတွေကို တပည့်တော် စာတွေဘယ်လို သီကုံးဖွဲ့သီပါသော်လည်း မှီနိုင်မည်မဟုတ်ပါ။
ဆရာတော်ကြီးသည် သီတဂူအဓိဋ္ဌာန် ဖြစ်သည့်
ငါတို့ ဖြစ်ရ၊ ဤလောက၀ယ်၊
ဘ၀သမိုင်း၊ မရိုင်းစေရန်၊
စိတ်မန်မချ၊ မာနမပါ၊
ဒို့ စွမ်းရာဖြင့်၊ ဒို့ သာသနာ၊
ဒို့ ပြည့်ရွာကို၊ သာယာစေမှု၊
လုလ္လပြုအံ့။ ဟုဆိုသည့်အတိုင်း ဆရာတော်ကြီး ဦးဆောင်လျှက်
၁။ စစ်ကိုင်းတောင်ရေအလှူတော်
၂။ သီတဂူအာယုဒါန၊ စက္ခုဒါန ဆေးရုံအလှူတော်
၃။ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အလှူ ဟူ၍ အဓိက စီမံကိန်းကြီး (၃) ရပ်ကို ပင်မထားကာ ပြည်တွင်းပြည်ပ အလှူရှင်များ၏ ထောက်ပံလှူဒါန်းမှုဖြင့် ဘာဘာရေး၊ လူမှုကယ်ဆယ်ရေး နှင့် တခြားလူမှု အကျိုးပြုလုပ်ငန်းများကို မနားမနေ အင်တိုက်အားတိုက် ဆောင်ရွက်တော်မူခဲ့ပါတယ်။ သာသနာတော်ကြီး အဓွန့်ရှည် တည်တံခိုင်မြဲအောင်လည်း ပြည်တွင်း ပြည်ပ သာသနာပြု လုပ်ငန်းများကိုလည်း ဆောင်ရွက်တော်မူခဲ့ပါတယ်။
ဓမ္မပဒပါဠိတော် တွင်-
အပ္ပမတ္တော အယံ ဂန္ဓော၊ ယွာယံ တဂရစန္ဒနံ။
ယော စ သီလ၀တံ ဂန္ဓော၊ ၀ါတိ ဒေဝေသု ဥတ္တမော။
တောင်ဇလပ်ပန်း စန္ဒကူးပန်းတို့၏ အနံ့သည် အနည်းငယ်မျှသာ မွှေး၏။ သီလရှိသူတို့၏ သတင်း အနံ့သည် ထူးကဲ လွန်မြတ်သည်ဖြစ်၍ နတ်ပြည် ဗြဟ္မပြည်အထိ ပျံ့နှံ့ ကြိုင်လှိုင်၏။
Faint is the fragrance of tagara and sandal, but excellent is the Fragrance of the virtuous, wafting even amongst the gods.
ဟု ဆိုထားသည့်အတိုင်း ဆရာတော်ကြီး၏ ကြီးမားသည့် မေတ္တာကရုဏာ တရားတွေနဲ့ ဒုက္ခရောက်နေသူများကို ဒုက္ခဘေးမှ ကင်းဝေးအောင် ဆေးဝါကုသပေးခြင်း ကျောင်းများကိုလည်း ၀ိရိယစွမ်းအားနဲ့ တည်ဆောက်ပေးခြင်းတို့ဖြင့် အမျိုး၊ ဘာသာ၊ သာသနာတော်အတွက် အားကြိုးမာန်တက် ဆောင်ရွက်ပေးနေသော မေတ္တာ ကရုဏာတရားတွေသည် နေမင်းသည် နေ့အခါ အလင်းရောင်ပေးသကဲ့သို့ လပြည့်နေတွင် ပြည့်ဝန်းနေသော လမင်းသည် ကောင်းကင်၌ တင့်တယ်နေသကဲ့သို့ သူတော်ကောင်းတို့၏ မွှေးပျံ့သော ရနံ့သည် အရပ်ဆယ်မျက်နှာလုံး ပိတ်ပင်တားဆီးလို့မရ သင်းပျံ့မွှေးကြိုင်နေပြီး သီတဂူစန်းလပမာ ထွန်းလင်းတောက်ပလျှက် ရှိနေပါသည်။
ထိုကဲ့သို့ အမျိုး၊ ဘာသာ၊ သာသနာအတွက် မနေမနား ကြိုးပမ်းဆောင်ရွက်နေသော ဆရာတော်ကြီးသည် ပန်းကလေးတွေကို ဖူးပွင့်လာအောင် ရေလောင်းပေါင်းသင်ပေးသော ဥယျာဉ်မှူး တစ်ယောက်ကဲသို့ သာသနာတော်အတွက် အဖိုးထိုက်တန်သော သာသနာ ဥယျာဉ်မှုးတို့ ဂုဏ်တို့နှင့် ပြည့်စုံတော်မူသော သာသနာ့ ဥယျဉ်မှုးပင်ဖြစ်ပေသည်။ ဆရာတော်ကြီး၏ သာသာနာပြုလုပ်ငန်းများ အောင်မြင်မှုသည်လည်း အံမခန်း အောင်မြင်လျက်ရှိတာကို ဘုရားတပည့်တော်နှင့်တကွ သာသနာကိုချစ် သာသနာကို တန်ဖိုးထားသူတိုင်း လေးစားကြည့်ညိုလျက် ရှိပါတယ်ဘုရား။ တပည့်တော်တို့ ဒကာ၊ ဒကာမများအနေဖြင့်လည်း ဆရာအရှင်မြတ်၏ ကျေးဇူးဂုဏ်ကို နက်နက်ရှိုင်းရှိုင်း နားလည်သိရှိ၍ သာသနာပြုလုပ်ငန်းများ အစဉ်သဖြင့် တိုးတက်မြင့်မားနေအောင် လိုအပ်သမျှ ကိစ္စကြီးငယ်များအတွက် ပူးပေါင်းလက်ဖြင့် ဆက်လက်ဆောင်ရွက်သွားခြင်းသည်သာ ဆရာအရှင်မြတ်၏ ဂုဏ်ကို ပို၍ နက်ရှိုင်းစွာ ပူဇော်ရာ ရောက်မည် ဖြစ်ပါသည်။
ဆုံးမစာ
ဆရာတော်ကြီး ဟောကြားဆုံးမ လမ်းညွန်ပေးတဲ့ အဆုံးအမများစွာ ရှိသည့်အထဲမှ အဆုံးအမ အချို့ဖြစ်ပါတယ်ခင်ဗျာ။

နိဂုံးချုပ်အနေဖြင့် ဆရာတော် အရှင်ဇနကဘိဝံသ ၏
ကိုယ်တည်းတစ်ယောက် ချမ်းသာရောက်ဖို့
ခုလောက်ကျိုးကုတ် အားမထုတ်ဘူး၊
ဗုဒ္ဓမြတ်စွာ သာသနာ၏
ရှေးခါဘိုးဘ လက်ထက်ကပင်၊
ရသည့်တန်ဖိုး ထပ်မညှိးဖို့
အားကျိုးမာန်တက် ငါဆောင်ရွက်သည်
ဆက်လက်တည်တံ့ပါစေသော်...
ဟူသည့် လင်္ကာလေးအတိုင်း ဆရာတော်ကြီး ယခု သက်တော် (၇၄) နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာ အမျိုး၊ ဘာသာ၊ သာသနာအကျိုးကို ကျန်းမာချမ်းသာစွာဖြင့် မြန်မာမှာသာမက တကမ္ဘာလုံးတိုင်အောင် မြတ်ဗုဒ္ဓ၏ အေးမြသော ဓမ္မအလင်းရောင်များကို ပေးစွမ်းနိုင်ပါစေလို့ တပည့်တော် မွေးနေ့မှာ ဆုတောင်းပေးလိုက်ပါတယ်ဘုရား။

ဆရာတော်ကြီး ကျန်းမာချမ်းသာစွာဖြင့် သာသနာ့အကျိုးကို ဒီထက်မက အောင်မြင်စွာ ဆောင်ရွက်နိုင်ပါစေ။
လက်စုံမိုး၍ ရှိခိုးလျက်…
တောသားလေး

တောသားလေးအား ကျေးဇူးတင်ပါတယ်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၉-၃-၂၀၁၁

0 comments:

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes