
Friday, August 19, 2011

sitagustar
No comments
ကျေနပ်အားရတော်မူကြသည်
ဒီနေ့အလှူရှင်
ဒီနေ့-၁၉-၈-၂၀၁၁ သောကြာနေ့ အိန္ဒိယနိုင်ငံ ဘုံဘေမြို့ရှိ စောမယကောလိပ်တွင် မြန်မာ Ph.D ကျောင်းသားများအတွက် နေ့ဆွမ်း အလှူရှင်က အမေရိကရောက် စာဆိုတော် ဓမ္မကထိက အရှင်ရာဇိန္ဒ (ရဝေနွယ်၊ အင်းမ) ဖြစ်ပါသည်၊ ၁၇ ရက်နေ့ကလဲ KFC ဆိုင်မှာ ပင့်ကပ်ခဲ့သည်။ ဒီနေ့မှာတော့ ဟင်းချက်အလှည့်ကျ စာဖိုမှူးကြီး အရှင်သိရိန္ဒ (Ph.D Thesis) ၏ လက်ရာများဖြင့် သံဃာများအား ကပ်သည်။ စားရခဲမျှ ဆိပ်သား၊ ငါးကြော်ချက်နှင့် အရံဟင်းများ၊ ထောပတ်ထမင်းများ၊ အသီးအနှံများ၊ အဖျော်များဖြင့် စုံစုံလင်လင်ကပ်သည်။ တခါတရံ အလှူရှင် ရှိရင်တော့ ယခုလို မွန်မွန်မြတ်မြတ် စားခွင့်ရကြသည်။ စောမယကောလိပ် မြန်မာရဟန်းတော်များကလဲ အံ့သြလောက်အောင်ကို ဟင်းချက်ကောင်းကြတယ်။ တစ်ပတ်တစ်လှည့်ချက်စားကြရတော့ တစ်ပတ် လက်ရာတစ်မျိုးစားကြရသဖြင့် မရိုးနိုင်ဘဲ ရှိကြသည်။ ဒီကနေ့ စာဖိုမှူးကြီးကလဲ စိတ်ပါပါ စေတနာပါပါ ချက်ထားတော့ သံဃာများ ကျေနပ်အားရတော်မူကြတယ်။
စားကြမယ်ကောင်းကောင်း
စာဖိုမှူးကြီး၏ လက်ရာများ
ဟိန္ဒူကြားက အသားဟင်း
တကယ်တော့ ဤကောလိပ်အတွင်းမှာ အသားဟင်းများ ချက်ခွင့် စားခွင့်ကို တင်းတင်းကျပ်ကျပ် တားမြစ်ထားသည်။ ဟိန္ဒူဘာသာဝင်များသာ နေသော အဆောင်ဖြစ်သည့်အားလျှော်စွာ ငါးအရိုး ကြက်ရိုးတစ်ချောင်းလောက် အမှိုက်ထဲမှာ တွေ့ရှိပါက အကြီးအကျယ်ပြဿနာရှာတော့သည်။ မြန်မာရဟန်းတော်များနှင့် ကုလားအကြား မကြာမကြာ ပြဿနာဖြစ်ရသည်။ ယခုတော့ မြန်မာရဟန်းတော်များ ကြိုစားမှုဖြင့် အသားဟင်းချက်လို့ရနေသည်။ သို့သော်လည်း တရားဝင်ကား မဟုတ်၊ အရိုးများကို သီးသန့်အိပ်မှာထည့်ပြီး အပြင်ဈေးဝယ်အလှည့်ကျသူက ဈေးဝယ်သွားရင်း ထို အရိုးထုပ်ကိုပါ သယ်ပြီး လမ်းဘေးက အမှိုက်ပုံးမှာ ပြစ်ရသည်။ တခါတရံ အမှိုက်ပုံးနားမှာ ဘေးမဲ့လွတ်ထား နွားနက်များရှိနေသည်၊ စာရေးသူက အနီရောင် တစ်ခါတရံဝတ်တော့ ကျွဲတို့ နွားနှောက်တို့က အနီးရောင်တွေ့ရင် လိုက်ခွေ့သတ်တယ်ဆိုတာ ကြားတော့ အမှိုက်ပစ်ရမှာ လှန့်နေသည်။ ဤကား ဟိန္ဒူကြားက အသားဟင်းစားရတဲ့ ဒုက္ခပင်ဖြစ်သည်။ သို့သော်လည်း အသားဟင်းများကိုတော့ တခါတရံမှ ချက်စားကြသည်၊ ယနေ့လို အလှူရှင်ရှိရင်တော့ Special Food ဖြင့် ချက်စားကြသည်။
အလှူရှင် စာဆိုတော် ဓမ္မကထိက အရှင်မြတ်အား သက်ရှည်ကျန်းမာစွာဖြင့် အောင်မြင်စွာ သာသနာပြုနိုင်ပါကြောင်း ဆုတောင်းမေတ္တာ ပွားကြပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၉-၈-၂၀၁၁
Posted in: မှတ်မှတ်ရရ
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
ဒီနေ့ သင်တန်းစတင်ပိတ် ********* ၂၀၁၆ B.A နောက်ဆုံးနှစ် ကျောင်းသားများနှင့် အမှတ်တရ။ (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်) မကြာမီ နေရာအသီး...
-
-
ဖွင့်ပွဲအခမ်းအနားသို့ကြွရောက်လာသော ဆရာတော်ကြီးများ အမှတ်တရ ပေးစဉ် သံဃာ့ရာဇာဆရာတော်ကြီးက ဖဲကြိုးဖြတ်ဖွင့်ပေးစဉ် လင်းဇာနည်းဇော်၊ အဆိုတော် စိမ်...
-
ဗိုလ်ချုပ်မှူးကြီး သီတဂူအဓိပတိအား လာရောက် ဖူး ********** သီတဂူ ၂၀၁၆ သြဂုတ် ၂၁ မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြ...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
အစ္စရေးနိုင်ငံ သမ္မတအိမ်တော်ရောက် သီတဂူအဓိပတိ *********** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၂ အစ္စရေးနိုင်ငံရောက် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရာြး...
-
“ကမ္ဘာ့ကိုးကွယ်ရာဘာသာကြီးများ၏ နိဒါန်း” စာအုပ် ထွက်ပြီ ************************ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ သီတဂူအဓိပတိဆရ...
-
မေတ္တာ၏အကျိုးကျေးဇူးများ စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်… (၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။ (၂) ကိုယ်မှာ ဖေ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
ဤပို့စ်လေးသည် ကိုဝိမုတ္တိသုခ၏ ဒီလိုလေးလုပ်ကြည့်ရင် ကောင်းမလား ဆိုတဲ့ ပို့စ်ကို အကြံပြုသည့် စာတမ်းဖြစ်ပါသည်။ ပူရင်းပို့စ်ကို ဤနေရာတွင် ကြည့်န...
0 comments:
Post a Comment