
Wednesday, August 17, 2011

sitagustar
No comments
မိုင်ပေါင်းများစွာဝေးသော နေရာမှ အလှူရှင်
KFC ဆိုင်အတွင်း
စောမယကျောင်းသားများ အလှူ
ဒီကနေ့ သူငယ်ချင်းတစ်ပါးက ကျောင်းသားအားလုံးကို ၀မ်းမြောက်ရအောင် ကြော်ညာသည်၊ အမေရိကမှာ သတင်းသုံးနေသော ဓမ္မကထိက စာဆိုတော် တစ်ပါးက အိန္ဒိယနိုင်ငံ ဘုံဘေမြို့ရှိ စောမယကောလိပ်တွင် ဆန်စခရစ်ဌာနနှင့် ပါဠိဌာန နှစ်ခုမှာ ဒေါက်တာဘွဲ့အတွက် စာတမ်းပြုစုနေကြသော Ph.D ကျောင်းသား (ယခုလက်ရှိ အဆောင်နေ တပေါင်းတည်းစား) ၂၀ တို့အတွက် ဆွမ်းစရိတ် အဖြစ် အမေရိကန် ဒေါ်လာ ၅၀၀ လှူလိုက်ပါသည်၊ ထိုအလှူသည် ကျောင်းသား ၂၀ အတွက် နေ့စဉ် ပုံမှန် အစားအစာများကို ရက်ပေါင်း ၂၀ တော့ အနည်းဆုံး ကပ်နိုင်ပါသည်။ အလှူရှင်၏ဆန္ဒ အထူးကပ်ချင်သောကြောင့် အထူးချက်ပြီး ကပ်ပေးသည့် အပြင် တခါတရံ KFC ကဲ့သို့သော နာမည်ကြီးဆိုင်းတစ်ဆိုင်မှာ ပင့် ကပ်သည်၊ ယနေ့လဲ အလှူရှင်၏ဆန္ဒအရ နာမည်ကြီးစားသောက်ဆိုင်ဖြစ်သည့် KFC ဆိုင်မှာ သွားဘုန်းကြသည်။ ထိုကဲ့သို့ အနယ်နယ် အရပ်ရပ် တစ်စုတစ်ဝေးတည်း တစ်မိသားစု စနစ်ဖြင့် အတူစားနေကြသော Ph.D ကျောင်းသားများအား ဆွမ်းစရိတ် အလှူဒါနပြုသော ဓမ္မကထိကစာဆိုတော် အရှင်ရာဇိန္ဒ (ရဝေနွယ်၊ အင်းမ) အား အထူးကျေးဇူးတင်ပါသည်။
နောက်တစ်ဦး အလှူရှင်ကတော့ ဘုံဘေမြို့တွင် ရေနံအင်ဂျင်နီယာ မြန်မာ ဒကာလေး မောင်သန်းထိုက်ဖြစ်သည်။ ဒုတိယအကြိမ်အလှူဖြစ်သည်။ ဆွမ်းစရိတ်အတွက် ရူပီး တစ်သောင်း (10000 Rs=$ 250) လှူသွားသည့် ဒကာလေး မောင်းသန်းထိုက် အလှူအတွက် အထူးသာဓုခေါ်ပါသည်။
နောက် တတိယ အလှူရှင်ကတော့ ဘုံဘေမြို့ လေယာဉ်အင်ဂျင်နီယာ မြန်မာ မိသားစု ဖြစ်သည့် ဒကာ ဦးကျော်ဆွေ+ဒကာမ ဒေါ်သန်းသန်းဌေးတို့ မိသားစုဖြစ်သည်။ ထိုမိသားစုသည် ဆွမ်းဟင်းများ လှူသည့်အပြင် ဆန် ဆီနှင့် အခြား အစားစာများ မကြာမကြာ လာလှူလေ့ရှိသည်။ အထက်ပါ အလှူရှင် မိသားစုများအား ကျောင်းသား အားလုံးကလဲ မေတ္တာပို့သနေပါသည်၊ သာသနာတော်အတွက် ယခုလို လူစွမ်းကောင်းများအဖြစ်နဲ့ သက်ရှည်ကျန်းမာ သာသနာပြုနိုင်ပါစေကြောင်း ဆုတောင်း မေတ္တာပို့သကြပါသည်။
ဆရာတော်နှင့် အလှူရှင်များ၏ အလှူဒါနအားလုံးကို သာဓုခေါ်နိုင်ရန် ပတ္တိဒါန ပြုလိုက်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၇-၈-၂၀၁၁
Posted in: မှတ်မှတ်ရရ
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
ဒီနေ့ သင်တန်းစတင်ပိတ် ********* ၂၀၁၆ B.A နောက်ဆုံးနှစ် ကျောင်းသားများနှင့် အမှတ်တရ။ (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်) မကြာမီ နေရာအသီး...
-
-
ဖွင့်ပွဲအခမ်းအနားသို့ကြွရောက်လာသော ဆရာတော်ကြီးများ အမှတ်တရ ပေးစဉ် သံဃာ့ရာဇာဆရာတော်ကြီးက ဖဲကြိုးဖြတ်ဖွင့်ပေးစဉ် လင်းဇာနည်းဇော်၊ အဆိုတော် စိမ်...
-
ဗိုလ်ချုပ်မှူးကြီး သီတဂူအဓိပတိအား လာရောက် ဖူး ********** သီတဂူ ၂၀၁၆ သြဂုတ် ၂၁ မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြ...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
အစ္စရေးနိုင်ငံ သမ္မတအိမ်တော်ရောက် သီတဂူအဓိပတိ *********** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၂ အစ္စရေးနိုင်ငံရောက် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရာြး...
-
“ကမ္ဘာ့ကိုးကွယ်ရာဘာသာကြီးများ၏ နိဒါန်း” စာအုပ် ထွက်ပြီ ************************ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ သီတဂူအဓိပတိဆရ...
-
မေတ္တာ၏အကျိုးကျေးဇူးများ စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်… (၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။ (၂) ကိုယ်မှာ ဖေ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
ဤပို့စ်လေးသည် ကိုဝိမုတ္တိသုခ၏ ဒီလိုလေးလုပ်ကြည့်ရင် ကောင်းမလား ဆိုတဲ့ ပို့စ်ကို အကြံပြုသည့် စာတမ်းဖြစ်ပါသည်။ ပူရင်းပို့စ်ကို ဤနေရာတွင် ကြည့်န...
0 comments:
Post a Comment