သီတဂူစတား

သီတဂူစတား

28 November 2011

သီတဂူဆရာတော် ဂယာသို့ရောက်

၂၆-၁၁-၂၀၁၁ နေ့ မနက်ပိုင်း ၁၁-၃၀ လောက်က သီတဂူဆရာတော်ကြီးသည် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ပါမောက္ခ၊ အုပ်ချုပ်ရေး၊ သင်ကြား ဆရာများနှင့် သီတဂူသာသနာပြုအဖွဲ့ အတွင်းရေးမှူးများ၊ မန္တလေးသီတဂူကျောင်းအမကြီး ပါဝင်လျှက် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ ရောက်ရှိသည်။ ဒီတစ်ခေါက် ထူးခြားသည်မှာ သက်တော် ၉၀ ကျော်ရှိ ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ကြီး ပါလာခြင်းဖြစ်သည်။တိပိဋက ပူဇော်ပွဲ အလှူရှင် ဆရာတော်ကြီးအား လာရောက် ကြိုဆိုဂယာလေဆိပ်ဂယာလေဆိပ်သည် ပုံမှန်အားဖြင့် ပြည်တွင်း အရေးပေါ်လေယာဉ်ဆင်းသက်ရာဌာန ဖြစ်သလို ပြည်တွင် လေယာဉ်အချို့သာ တခါတရံပဲ ဆင်းသည်ဟု ထင်ပါသည်။ ယခုလို ဆောင်းရာသီ ဘုရားဖူးအချိန်အခါမှာတော့ ဗုဒ္ဓဘာသာနိုင်ငံများဖြစ်ကြသော မြန်မာ သီရိလင်္ကာ ထိုင်းစတဲ့ နိုင်ငံများက...

26 November 2011

ဂယာသို့ အမှတ်တရ

စာမိတ်ဆက်သီတဂူစတား ခရီးသွားနေသည်။ အိန္ဒိယနိုင်ငံရဲ့ ခရီးအတွေ့ကြုံ၊ စာရေးသူ၏ ခရီးသွားမှတ်တမ်းလေး တစ်ပုဒ်ဖြစ်ပါတယ်။ ၂၆-၁၁-၂၀၁၁ နေ့ ဂယာသို့ ကြွလာမည့် သီတဂူဆရာတော်ကြီးကို ကြိုရန် ဂယာသို့ အမှတ်တရ ခရီးသွား ပို့စ်ဖြစ်ပါသည်။ စာရေးသူက ခရီးသွားဝါသနာပါသည်၊ ကင်မရာတစ်လုံးနဲ့ ခရီးသွားနေရရင် ပျော်နေတတ်သည်။ ထက်ထက်မိုးဦးပြောသလို ပိုက်ဆံများရှိလို့ကတော့ ကမ္ဘာပတ်ပြစ်လိုက်မည်၊ စိန်တော့ မစီချင်ပါ။ ခရီးသွားခြင်းဖြင့် အဖိုးမဖြတ်နိုင်တဲ့ လောကအတွေ့အကြုံများစွာ ရသည်၊ လူတွေရဲ့ ဘ၀ စရိတ်ကို လူတွေထဲကပဲ ရနိုင်သည်။ ထို့ကြောင့် လောကကြီးသည် သင်ယူလို့ မကုန်နိုင်တဲ့ ကမ္ဘာ့တက္ကသိုလ်ကြီးဖြစ်သည်။ရထားကြီးနဲ့စာရေးသူ၂၀-၁၁-၂၀၁၁ နေ့က တစ်ယောက်တည်း ခရီးမသွားစဖူး သွားခဲ့ရသည်။ အိန္ဒိယနိုင်ငံသည်...

20 November 2011

သီတဂူစတား ခရီးသွားနေသည်

သီတဂူစတား ခရီးသွားနေသည်သီတဂူစတား ၂၀-၁၁-၂၀၁၁ တနင်္ဂနွေနေ့ ညပိုင်း ရထားဖြင့် အိန္ဒိယနိုင်ငံ အနောက်ပိုင်းရှိ ဘုံဘေမြို့မှ အရှေ့ပိုင်းရှိ ဗုဒ္ဓဂယာဘက်သို့ သွားသည်။ ကီလိုမီတာ ၁၇၁၉ ရှိသဖြင့် ရထားပေါ်မှာပဲ ၂ ညအိပ် ၃ရက်ရှိနေမည်။(၂၀၀၉ ခုနှစ် ပူနေးတက္ကသိုလ်မှာ ဆရာတော်ကြီးမိန့်ခွန်းပြောအပြီး ပူနေးတက္ကသိုလ် ပါဠိဌာနမှဆရာများ၊ ဖီလိုဆိုဖီဌာနမှ ဆရာမများ၊ ဆန်စခရစ်ဌာနမှ ဆရာ ဆရာမများနှင့် အမှတ်တရ)သီတဂူဆရာတော်ကြီးသီတဂူဆရာတော်ကြီး ၂၆-၁၁-၂၀၁၁ တွင် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ စတင်ရောက်ရှိမည်ဖြစ်သည်။ ဆရာတော်ကြီးသည် နှစ်စဉ်နီးပါး၊ တစ်ခါတရံ ၂ ကြိမ် အိန္ဒိယနိုင်ငံသို့ ဘာသာရေး၊ လှုမှုရေး၊ စသည့်ကိစ္စတွေကြောင့် ကြွလေ့ရှိသည်။ ယခုနှစ်မှာလဲ အစီအစဉ်သုံးရပ်ဖြင့် ကြွလာခြင်း ဖြစ်သည်။၁။ ဆရာတော်ကြီးသည်...

18 November 2011

ကုမုဒြာတွေပွင့်တဲ့ည အပိုင်း (၈)

ကုမုဒြာတွေပွင့်တဲ့ည နောက်ဆုံးပိုင်းဖခင်သက်ကို သတ်မိ၍ တောင်းပန်သူရတနာသုံးရပ်ကို ဆည်းကပ်ကိုးကွယ်သူပါဘုရားလို့ ကြေညာလိုက်တယ် ပရိသတ်ရေ၊ ''ဥပါသကတ္ထ ပဋိဝေဒနာ'' အဲဒီလိုရတနာသုံးပါးဆည်း ကပ်သူရယ်လို့ ကြေညာလည်းပြီးရော ဆက်ပြီးတော့ ဘာပြောသလဲဆိုတော့ ''အစ္စယော မံ ဘန္တေ အစ္စဂမာ ယထာဗာလံ ယထာမူဠှံ ယထာအကုသလံ'' စသည်ဖြင့် သူလျှောက်ပြန်တယ်။သာသနာတော်ကိုကျေးဇူးများတဲ့ ဖခင်သောတာပန်မင်းတရား သတ်မိတဲ့အတွက်ကြောင့် ''အစ္စယော မံ ဘန္တေ အစ္စဂမာ'' တပည့်တော် အပေါ်မှာအပြစ်တွေ ဖိစီလွှမ်းမိုးနေပါတယ်၊ ဘာဖြစ်လို့ ဒီအပြစ်တွေရောက် သလဲ၊ ''ယထာဗာလံ ယထာမူဠှံ'' မသိလို့ ''ယထာအကုသလံ'' မလိမ္မာလို့ အဲဒါ ဖခင်ကိုသတ်မိတဲ့အတွက် တပည့်တော်အပြစ်ကြီးစွာရောက်ပါတယ်၊ အဲဒီအပြစ်တွေကို - တဿ မေ ဘန္တေ ဘဂဝါ အစ္စယံ...

17 November 2011

ဘုန်းဘုန်းထံပေးစာ (၁၂)

ဘုန်းဘုန်းထံပေးစာဆရာတော်ကြီးနဲ့အတူ လိုက်ပါသွားသော ကျောင်းအမတစ်ယောက်၏ ၁၂ စောင်မြောက် ပေးစာဖြစ်သည်။ ပေးစာများကို ဖတ်ရခြင်း သဒ္ဓါ ပီတိ မုဒိတာ များဖြစ်မိမှာ အမှန်ပင်ဖြစ်သည်။ ထိုကျောင်းအမ ပို့လိုက်သော ဓာတ်ပုံများကိုတော့ သီတဂူအာရောဂျဒါန (မြိုင်ကြီးငူ) ဆေးရုံ ပို့စ်တွင် တင်ပြီးဖြစ်သည်။++++++++‘‘နာမကျန်းသူတို့အား ပြုစုစောင့်ရှောက်ခြင်းသည် ငါဘုရားရှင်အား ပြုစုစောင့်ရှောက်ခြင်းမည်သည်’’ ဟူသော ဘုရားရှင်၏ ဆုံးမစကားနဲ့အညီ သီတဂူဆရာတော်ကြီးဦးဆောင်မှု့ဖြင့် သီတဂူသာသနာပြု အဖွဲ့၏ ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းဖြစ်သော စက္ခုဒါနနှင့် အာရောဂျဒါနဆိုတဲ့ လုပ်ဆောင်နေမှု့ကို တင်ပြပေးချင်ပါသည်ဘုရား။ပြည်နယ်နှင့်တိုင်းဒေသများတွင် သီတဂူအာရောဂျဒါနနှင့် သီတဂူစက္ခုဒါန အမည်တပ်ကာ ဆေးရုံတွေ ဖွင့်လှစ်ပြီး ဖွင့်လှစ်ဆဲဖြစ်ပါသည်ဘုရား။ ဤနည်းအားဖြင့် ကျန်းမာရေး စောင့်ရှောက်မှု့တွေကို ပြုလုပ်ပေးနေသည်မှာ အခုဆိုလျှင် မြန်မာနိုင်ငံရှိ...

16 November 2011

ထပ်ဆင့်အလှူ

ထပ်ဆင့်အလှူဘုရားလက်ထက်တော်ကထဲက အနာထပိဏ်သူဋ္ဌေးတို့ ၀ိသာခါတို့သည် သူတို့ရှာဖွေလို့ရလာတဲ့ စီးစိမ်ဥစ္စာများကို ကိုယ်ချည်းပဲ မသုံးဘဲ သာသနာတော်အတွက်ပါ ဝေစားမျှစား လုပ်တတ်သူ ဖြစ်သည်။ ယခုလဲ စင်္ကာပူမှ ဒကာမလေးတစ်ယောက်သည် သူမ၏ ချွေးနဲ့စာဖြင့် တတိယအကြိမ် သွေးလှူတဲ့ အထိမ်းအမှတ်ဖြင့် ဘုံဘေမြို့ စောမယကောလိပ်ရှိ Ph.D မြန်မာကျောင်းသား (၂၀) တို့အတွက် ဆွမ်းအလှူအဖြစ် လှူဒါန်းသည်။ အရင်တစ်ခါလဲ အလှူကြီးတစ်ခုလုပ်ခဲ့ပြီး ဖြစ်သည်။ဒီကနေ့အလှူသည် မိမိ၏ အသက် အစိတ်ပိုင်းတစ်ခုဖြစ်တဲ့ သွေးအလှူအပေါ် ထပ်လောင်းပြီး သံဃိကဒါန အလှူပါ လှူတဲ့ ထပ်ဆင့်အလှူဖြစ်သည်။ အလှူရှင်ကပြောသေးတယ်၊ လှူတာကတော့ ဘယ်မှာလှူလှူ ဖြစ်ပေမဲ့ အရှင်ဘုရားတို့လို ပုဂ္ဂိုလ်မျိုးတွေ တစ်စုတဝေးတည်း လှူခွင့်ရဖို့ဆိုတာ မလွယ်ဘူးဘုရားတဲ့။အလှူရှင်ရေးလိုက်သော ‘စာ’ဘုန်းဘုန်း မင်္ဂလာနံနက်ခင်းပါဘုန်းဘုန်းကို အလုပ်ပိုပေးလိုက်ပြန်ပြီ။ ဘုန်းဘုန်း ရိုရိုသေသေ လေးလေးစားစား အကူညီတောင်းပါတယ်။...

15 November 2011

သီတဂူအာရောဂျဒါန ဆေးရုံ (မြိုင်ကြီးငူ)

ဆေးရုံတော်ကြီး မြင်ကွင်း /* Style Definitions */ table.MsoNormalTable {mso-style-name:"Table Normal"; mso-tstyle-rowband-size:0;...
Page 1 of 22412345Next

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes