သီတဂူစတား

သီတဂူစတား

18 November 2011

ကုမုဒြာတွေပွင့်တဲ့ည အပိုင်း (၈)



ကုမုဒြာတွေပွင့်တဲ့ည နောက်ဆုံးပိုင်း


ဖခင်သက်ကို သတ်မိ၍ တောင်းပန်သူ
ရတနာသုံးရပ်ကို ဆည်းကပ်ကိုးကွယ်သူပါဘုရားလို့ ကြေညာလိုက်တယ် ပရိသတ်ရေ၊ ''ဥပါသကတ္ထ ပဋိဝေဒနာ'' အဲဒီလိုရတနာသုံးပါးဆည်း ကပ်သူရယ်လို့ ကြေညာလည်းပြီးရော ဆက်ပြီးတော့ ဘာပြောသလဲဆိုတော့ ''အစ္စယော မံ ဘန္တေ အစ္စဂမာ ယထာဗာလံ ယထာမူဠှံ ယထာအကုသလံ'' စသည်ဖြင့် သူလျှောက်ပြန်တယ်။
သာသနာတော်ကိုကျေးဇူးများတဲ့ ဖခင်သောတာပန်မင်းတရား သတ်မိတဲ့အတွက်ကြောင့် ''အစ္စယော မံ ဘန္တေ အစ္စဂမာ'' တပည့်တော် အပေါ်မှာအပြစ်တွေ ဖိစီလွှမ်းမိုးနေပါတယ်၊ ဘာဖြစ်လို့ ဒီအပြစ်တွေရောက် သလဲ၊ ''ယထာဗာလံ ယထာမူဠှံ'' မသိလို့ ''ယထာအကုသလံ'' မလိမ္မာလို့ အဲဒါ ဖခင်ကိုသတ်မိတဲ့အတွက် တပည့်တော်အပြစ်ကြီးစွာရောက်ပါတယ်၊ အဲဒီအပြစ်တွေကို - တဿ မေ ဘန္တေ ဘဂဝါ အစ္စယံ အစ္စယတော ပဋိဂ္ဂ ဏှာတု အာယတိံ သံဝရာယ'' ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား အဲဒီ ဘုရားတပည့်တော်ပြစ်မှားထားမိတဲ့ အပြစ်မှန်သမျှကို အပြစ်အတိုင်း သည်းခံစေကြောင်း ခွင့်လွှတ်ဖို့ရာ သနားတောင်းပန်ပါတယ် မြတ်စွာဘုရား။ ''အာယတိံ သံဝရာမိ'' နောက် ဒီအပြစ်မျိုးကို မလွန်ကျူးမိအောင် တပည့် တော်စောင့်ရှောက်ပါမည်။ ဒါမှ သိပ်ချစ်ဖို့ကောင်းသွားတယ်၊ အပြစ်တွေ ကို ကျူးလွန်တော့ ကျူးလွန်မိပါပြီ၊ သည်းခံပါ၊ သူ့မှာအပြစ်ရှိတယ်ဆိုတော့ အဲဒါတစ်ပိုင်း။

အာယတိံ သံဝရ ဆိုတာနောင် မလွန်ကျူးမိအောင် စောင့်ရှောက်ပါမယ်၊ ဒါကတစ်ပိုင်း၊ ဒီကနေ့ ဘုန်းကြီးတို့ ပရိသတ်အများစု အပြစ်တွေ လွန်ကျူးမိပါတယ်၊ အဲဒါကို သည်းခံစေကြောင်းခွင့်တောင်းပါတယ်၊ အဲဒီမှာ ရပ်ရပ်သွားတယ်။ နောင်မလွန်ကျူးမိအောင် စောင့်ရှောက်ပါ့မယ်ဆိုတဲ့ ကတိဝန်ခံချက်မပါကြတာ များတယ်ဗျာ၊ အဲဒါလည်း အဇာတသတ်မင်းရဲ့ ကျင့်ထုံးက ချစ်စရာကြည်ညိုစရာကောင်းလွန်းလို့ ပရိသတ်တွေ လိုက်နာကျင့်သုံးဖို့ကောင်းတယ်။

လွန်ကျူးမိတဲ့အပြစ်ကို ဝန်ခံပြီးရင် နောင်မလွန်ကျူးမိအောင် ဘာလုပ်ရမလဲ၊ စောင့်ရှောက်ပါ့မယ်တဲ့၊ ဒါလေးတော့ထည့်လိုက်ကြနော်။
မှန်ပါ့ဘုရား။

သြကာသ သြကာသ ဆိုတဲ့ကန်တော့ကျိုး နေ့တိုင်းသြကာသနဲ့ ကန်တော့ရင် နောက်တစ်ခါ အပြစ်မရအောင် စောင့်ရှောက်ပါ့မယ်လို့ ဒါလေးနောက်ကထည့်ထားရင် ဟုတ်လား၊ ပိုပြီးတော့ ကိုယ့်စိတ်ကိုယ်ထိန်းပြီးသားဖြစ်တယ်။

လူလိမ္မာအစစ်
အဲဒီတော့ ဒီမှာဘာဖြစ်သလဲဆိုတော့ -
ယော ဗာလော မညတိ ဗာလျံ၊ ပဏ္ဍိတော ဝါပိ တေန သော။
လူတစ်ယောက်ဟာ ကိုယ်မိုက်တာကို မိုက်မှန်းသိလို့ မိုက်မိပါပြီ လို့ပြောလိုက်တဲ့အချိန်မှာ အဲဒီပြောလိုက်တဲ့စကားကြောင့်ပဲတဲ့ သူသည် ပဏ္ဍိတပြန်ဖြစ်တယ်တဲ့၊ နားလည်ရဲ့လား။
နားလည်ပါတယ်ဘုရား။
ဗာလ ဆိုတဲ့ပုဂ္ဂိုလ်သည် မိုက်ပြစ်တွေကို လွန်ကျူးမိလို့ သူမိုက်မိ ပါတယ်၊ လွန်ကျူးမိပါတယ်၊ နောင်မလွန်ကျူးတော့ပါဘူးလို့ ဒီလိုကြေညာ လိုက်လို့ရှိရင် အဲဒီပုဂ္ဂိုလ် ဗာလအဖြစ်က လွတ်ပြီးတော့ ဘာလဲ ပဏ္ဍိတ နော်၊ လူမိုက်စာရင်းကနေ လွတ်ထွက်သွားပြီးတော့ သူတော်ကောင်းစာရင်း သူဝင်သွားတယ်။ အဲဒီလိုမှ မဟုတ်ဘဲနဲ့ ကိုယ်ကဗာလဖြစ်နေလျက်နဲ့ကိုယ့် ကိုယ်ကို ပဏ္ဍိတလို့ထင်နေလို့ရှိရင်တဲ့၊ အဲဒီပုဂ္ဂိုလ်က ပိုပြီးတော့ မိုက်ဦးမယ်တဲ့၊ ပရိသတ်ရေ ဒါနားလည်ရဲ့လား။
နားလည်ပါတယ်ဘုရား။

ဗာလနဲ့ပဏ္ဍိတ ဗာလဆိုတာ လူမိုက်၊ ပဏ္ဍိတဆိုတာက သူတော်ကောင်း ကိုယ်လူမိုက်ဖြစ်ရင် မိုက်မိရင် မိုက်ပြစ်ရှိရင် မှတ်မိပါတယ်၊ အပြစ်ရှိပါတယ်၊ သည်းခံကြပါ၊ နောင်ဒီအမိုက်မျိုးကို ထပ်မမိုက်တော့ပါဘူးလို့ဆိုရင် သူဘာဖြစ်လဲ ပဏ္ဍိတ ပညာရှိသူတော်ကောင်းဖြစ်တယ်။ မိုက်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်က မိုက်တာလေးကိုဖုံးထားပြီးတော့ ကိုယ့်ကိုယ်ကို ပညာ ရှိသူတော်ကောင်းလို့ထင်နေရင် ပညာရှိသူတော်ကောင်းယောင်ဆောင်နေ ရင် ဒီပုဂ္ဂိုလ်ဟာ ပိုပြီးတော့မိုက်တာတဲ့ ပရိသတ်ရေ။

ရိုးသားသူ

ဒါဟာ Honesty လို့ခေါ်တယ်၊ ရိုးသားတာ၊ မေတ္တသုတ်ကိုဖတ် ကြည့်ပေါ့၊ ''သက္ကော ဥဇု စ သုဟုဇု စ'' ဟုတ်လား၊ ဥဇုဆိုတာ ဖြောင့်မတ်တယ်၊ သုဟုဇုဆိုတာ ကောင်းကောင်းကြီးဖြောင့်မတ်တယ်၊ ကိုယ်နဲ့နှုတ် ဖြောင့်မတ်တယ်၊ စိတ်ပါဖြောင့်မတ်တယ်၊ သုဟုဇု အဇာတသတ်မင်းတရား သုဟုဇု ဖြောင့်မတ်တယ်၊ အဲဒီတော့ ဘုန်းကြီးတို့ပရိသတ် အဲဒီရာဇဂြိုဟ် မြို့ရဲ့အနောက်နားက ဂင်္ဂါမြစ်ကမ်းမှာ သခွတ်ပင်တွေ ပေါက်နေတဲ့ရွာက လေးတစ်ရွာရှိတယ်၊ အဲဒီသခွတ်တောကြီးကို ရှင်းလင်းပြီးတော့ မြို့ကြီးတစ် မြို့တည်ခဲ့တယ်၊ အဇာတသတ်ဟာ အဲဒီမြို့က ပါဋလိဆိုတဲ့ရွာကိုမြို့တည်တာမို့လို့၊ ဒီမြို့ဟာနောင်သောအခါ ပါဋလိပုတ်ဆိုတာဖြစ်လာတယ်။
အဲဒီပါဋလိပုတ်ဆိုတဲ့ အဇာတသတ်မင်း တည်ဆောက်ခဲ့တဲ့ဒီမြို့ဟာ ဘုရားပရိနိဗ္ဗာန်စံပြီး နှစ်နှစ်ရာ့တစ်ဆယ်ရှစ်နှစ် ကြာတဲ့အခါမှာ သီရိဓမ္မာအသောကမင်း နန်းစိုက်ခဲ့တာ၊ ပါဋလိပုတ်မှာပဲ သီရိဓမ္မာအသောကဆိုရင် တတိယသင်္ဂါယနာတင်ပြီး ကျောင်းပေါင်းရှစ်သောင်းလေးထောင်၊ စေတီ ပေါင်းရှစ်သောင်းလေးထောင်၊ ကိုးတိုင်းကိုးဌာန သာသနာပြုတွေစေလွှတ်တော့ သာသနာ့သမိုင်းမှာ သိပ်ကျေးဇူးကြီးတဲ့မင်းတစ်ပါး။ အဲဒီအသောက မင်းတရားသည် သူနန်းစိုက်၍သွားခဲ့တဲ့ ပါဋလိပုတ်မြို့ဟာ ဘယ်သူတည် ဆောက်ပေးခဲ့သလဲဆိုရင် အဇာတသတ်မင်းကြီး တည်ဆောက်ပေးခဲ့တာတဲ့၊ ကျေးဇူးအဆက်ဆက် ပရိသတ်ရေ ဒီလိုကြီးတယ်နော်။
မှန်ပါ့ဘုရား။

ပြီးတော့ အဇာတသတ်မင်းတရားက မြတ်စွာဘုရားကို ယခုလို ရှိခိုးပြီးတဲ့အခါ သရဏဂုံဆောက်တည်ပြီးတဲ့အခါ ငါးပါးသီလဆောက်တည် ပြီးတဲ့အခါ၊ ဥပါသကာအဖြစ် ကြော်ငြာပြီးတဲ့အခါ၊ အပြစ်တွေကိုဝန်ချ တောင်းပန်ပြီးတဲ့အခါ စိတ်ထဲမှာ အစဉ်ထာဝရ ကြည်နူးသွားတဲ့အတွက် ပုထုဇဉ် ရှင်ဘုရင်တွေထဲမှာတော့တဲ့၊ မြတ်စွာဘုရားအပေါ်မှာ ချစ်တဲ့ကြည်ညိုတဲ့အထဲမှာ အဇာတသတ်မင်းလောက် ချစ်သော ကြည်ညိုသော မင်းဟာ တခြားမရှိဘူးတဲ့။

မြတ်စွာဘုရားပရိနိဗ္ဗာန်စံတဲ့နေ့တုန်းက ပရိနိဗ္ဗာန်စံပြီဆိုတဲ့ သတင်းကို သူ့ကို ချက်ချင်းမပြောရဲဘူး၊ ရွှေတလားကြီးတွေထဲမှာ ပရိသတ်ရေ ထောပတ်တွေအပြည့်ထည့်ထားတယ်၊ ရွှေတလားသုံးလုံး အဇာတသတ် မင်းကြီးကို ပြောတော့မယ်ကြံတော့ အဆင်သင့်ပြင်ထားပြီးတော့၊ မင်းကြီး မြတ်စွာဘုရားပရိနိဗ္ဗာန်စံပါပြီလို့ သူ့ကိုသွားပြောတာ၊ ဟာ သောကတွေ ဖြစ်လွန်းလို့ တစ်ကိုယ်လုံး ပူလိုက်တာ ရှိန်ရှိန်နဲ့ မီးလောင်သလိုပူတာ၊ မင်းတရားကြီးကိုယ်ကိုပွေ့ချီပြီးတော့ ခုနက ထောပတ်တလားထဲကို ထည့်လိုက်တယ်။
ထောပတ်တွေက ရှဲကနဲဆိုအကုန်အရည်ပျော်သွားတယ်၊ ပြီးတော့မှ ထောပတ်တလားတစ်ခုစီ တစ်ခုစီ ပြောင်းတော့မှ တဖြည်းဖြည်း သူ့ရင်ထဲကအေးသွားတယ်၊ ဒီလောက် ဘုရားအပေါ်မှာချစ်တဲ့ ကြည်ညိုတဲ့ မင်းဟာ အဇာတသတ်မင်းဖြစ်တယ်၊ အဲဒါကြောင့် မြတ်စွာဘုရားပရိနိဗ္ဗာန် စံပြီးသုံးလအကြာ ရာဇဂြိုဟ်ဝေဘာရတောင်ခြေရင်းမှာ အရှင်မဟာကဿ ပခေါင်းဆောင်တဲ့ သံဃာတော်အရှင်မြတ်ငါးရာတို့က သင်္ဂါယနာတင်မယ် ဆိုတော့ ပစ္စည်းလေးပါး ဒါယကာဟာ ဒီမင်းတရားပဲ၊ မဟုတ်လား။
မှန်ပါဘုရား။

သင်္ဂါယနာတင်ပွဲ ဆင်နွှဲကြတဲ့ သံဃာတော်အရှင်မြတ်တို့ ချမ်းသာ စွာနေဖို့ ကျောင်း ဆွမ်း သင်္ကန်း ဆေး လေးပါးသောပစ္စည်းထောက်ပြီး တော့သင်္ဂါယနာတင်ပွဲကြီး အထောက်အကူပေးခဲ့တာ ဒီအဇာတသတ်မင်းတရားဖြစ်တယ်။ နောင်သောအခါ နှစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာတဲ့အခါ ဘယ်လောက်ကြာမလဲ။
နှစ်အသင်္ချေနဲ့ကမ္ဘာတစ်သိန်းပါဘုရား။

အဇာတသတ် ပစ္စေကဗုဒ္ဓါ ဖြစ်မည်

ဝိဇီတာဝီ ဆိုတဲ့ ပစ္စေကဗုဒ္ဓါအဖြစ်နဲ့ နိဗ္ဗာန်ဝင်မယ်တဲ့။ အဇာတသတ်ဟာ ပစ္စေကဗုဒ္ဓါအလောင်းမဟုတ်လား။
မှန်ပါဘုရား။
မိတ်ကောင်းတစ်ယောက်ရဲ့ကျေးဇူးဟာ လမ်းကြောင်းဖြောင့်သွား တယ်နော်။
မှန်ပါ့ဘုရား။
မိတ်ကောင်းတစ်ယောက်ရဲ့ကျေးဇူးကြောင့် အဝီစိဆင်းမယ့်ပုဂ္ဂိုလ်သည် အဝီစိမသွားဘဲနဲ့ လောဟကုမ္ဘိငရဲလောက်မှာပဲနေရတယ်၊ လောဟကုမ္ဘိငရဲမှာ အနှစ်ခြောက်သောင်းခံပြီးလို့ လွတ်တဲ့အခါမှာ ပစ္စေကဗုဒ္ဓါအကျင့်ကိုကျင့်ပြီးတော့ ဘာ ပစ္စေဗုဒ္ဓါဖြစ်မလဲ၊ ဝိဇီတာဝိ ဒီလိုဖြစ်ဦး မယ်တဲ့။

ဆရာဇီဝကရဲ့ကျေးဇူးတွေက ဆပ်လို့မကုန်အောင်ကြီးပါတယ်၊ ဟုတ်လား၊ အဲဒါကြောင့် မိတ်ကောင်းတစ်ယောက်၊ စိတ်ကောင်းကောင်းနဲ့ စောင့်ရှောက်မယ်ဆိုလို့ရှိရင် ဘဝလမ်းကြောင်းဟာ ဒီလိုဖြောင့်တယ်။ အေး မိတ်ဆွေယုတ်တို့ရဲ့နောက်ကို ယုတ်မာတဲ့စိတ်နဲ့လိုက်မိပြီဆိုလို့ရှိရင်လည်းပဲ အဇာတသတ်ရဲ့ဘဝခရီးကိုသာ ကြည့်တော့ ဟုတ်လား။
အဲဒါကြောင့် မင်္ဂလသုတ္တန်ဟာ ဘယ်လောက်ကျေးဇူးကြီးလဲ ''အသေဝနာ စ ဗာလာနံ'' ဗာလကိုပေါင်းသင်းက ဘဝတစ်ခုလုံး ဆုံးရှုံး နိုင်တယ်တဲ့၊ ''ပဏ္ဍိတာနဉ္စ သေဝနာ'' ပဏ္ဍိတပုဂ္ဂိုလ်ကို ပေါင်းသင်းဆက်ဆံ ရင် ဘဝလမ်းကြောင်း ဘာဖြစ်လဲ ဖြောင့်မှန်လာလိမ့်မယ်၊ ဒီလိုမဟုတ်လား။
မှန်ပါ့ဘုရား။
ဒီတော့ ကောမုဒိယာ - ကုမုဒြာကြာတွေပွင့်ပြီးတော့နေတဲ့။ စာတု မာသိနိယာ - မိုးလေးလကုန်ဆုံးလို့နေနေတဲ့။ ပုဏ္ဏာယ - မိုးဥတုပြည့်တဲ့။ ပုဏ္ဏမာယ - လပြည့်ဝန်းလည်းပြည့်ပြည့်ဝန်းဝန်း ထွန်းလင်းလို့နေနေတဲ့ ယခုလို တန်ဆောင်မုန်းလပြည့်နေ့ ညချမ်းကာလမှာ ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်အဇာတသတ်ကို ဘုရားရှင်ကိုယ်တော်မြတ်က ဘာသုတ္တန်ဟောတုံးဆိုလို့ရှိရင် ပရိသတ်ရေ သာမညဖလသုတ္တန်၊ ဘာသုတ္တန်လဲ။
သာမညဖလသုတ္တန်ပါဘုရား။
ဒါကြောင့် ဒီကနေ့ကိုခေါ်တယ်၊ သာမညဖလအခါတော်နေ့ ဘာ နေ့ခေါ်သလဲ။
သာမညဖလအခါတော်နေ့ပါဘုရား။
ဘန္တေ - ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား။ အဇ္ဇတဂ္ဂေ ပါဏုပေတံ - ဒီကနေ့မှစ၍ အသက်ရှည်နေသမျှကာလပတ်လုံး။ ရတနတ္တ ယံ - ဘုရား တရား သံဃာရတနာသုံးပါးကို။ သရဏံ သရဏံဣတိ - ကိုး ကွယ်ရာဟူ၍။ ဂစ္ဆာမိ - ဘုရားတပည့်တော် ယုံကြည်သိမှတ် ဆည်းကပ်ပါ ပြီ မြတ်စွာဘုရား။ ဘဂဝတော - ဘုရားရှင်ကိုယ်တော်မြတ်ရဲ့။ ဓမ္မံ - တရားတော်သည်။ နိက္ကုဇ္ဇိတံ ဝါ ဥက္ကုဇ္ဇေယျ - မှောက်ထားတဲ့အိုးကိုလှန် ပြသလိုပါပဲ။ ပဋိစ္ဆန္နံ ဝါ ဝိဝရေယျ - ဖုံးလွှမ်းထားတာတွေကို ဖွင့်ပြသလို ပါပဲ။ မူဠှဿ ဝါ မဂ္ဂံ အာစိက္ခေယျ - လမ်းမှားလျှောက်နေတဲ့လူတစ်ယောက် ကို လက်ကိုကိုင်ဆွဲ ဒီလမ်းကိုသွားလို့ သေသေချာချာ ညွှန်ကြားလိုက်သလို ပါပဲ။ အန္ဓကာရေ ဝါ တေလပဇ္ဇေတံ ဓာရေယျ စက္ခုမန္တေ ရူပါနိ ဒက္ခန္တတီ တိ - ညအမှောင်ကြီးထဲမှာ မျက်စိကောင်းတဲ့သူတို့အတွက် ဆီမီတန်ဆောင် တွေကို ညှိထွန်းထောင်ပြသလိုပါပဲ။ ဧဝမေဝ - အဲဒီနည်းအတိုင်း။ ဘဂဝ တော - ဘုရားရှင်ကိုယ်တော်မြတ်သည်။ အဟံ - တပည့်တော်အဇာတ သတ်ကို။ အနေကပရိယာယေန - နည်းပေါင်းများစွာနဲ့။ ဓမ္မော ပကာသိ တော - တရားတွေကို ပြလိုက်ပါတော့သည်မြတ်စွာဘုရား။
ဘန္တေ ဘဂဝါ - ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား။ အဟံ တပည့်တော်သည်။ အဇ္ဇတဂ္ဂေ ပါဏုပေတံ - ဒီကနေ့မှစ၍အသက်ရှင်နေ သမျှကာလပတ်လုံး။ ရတနတ္တယံ - ရတနာသုံးပါးကို။ သရဏံ သရဏံဣတိ ကိုးကွယ်ရာဟူ၍။ ဂစ္ဆာမ - ဆည်းကပ်ပါ၏။ ဘဂဝါ - ဘုရားရှင်ကိုယ် တော်မြတ်ကလည်း။ မံ - တပည့်တော်ကို။ ရတနတ္တယံ သရဂတံ - ရတနာ သုံးပါးကို ဆည်းကပ်နေတဲ့။ ဥပါသကန္တိ - ဥပါသကာယောက်ျားတစ်ယောက် ရယ်လို့။ ဓာရေတု - အသိအမှတ်ပြုတော်မူပါမြတ်စွာဘုရားလို့။ ဘဂဝန္တံ ဘုန်းတော်ခြောက်ပါးသခင် ဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ်ကို။ အဝေါစ - ရွှေနားတော်ကြားအောင်လျှောက်ထားရှာလေသတည်း။
သာဓု သာဓု သာဓုပါဘုရား။

သြော် ကုမုဒြာတွေပွင့်တဲ့ည
ပရိသတ်ကြီးပြီးသွားပြီနော်၊ ဒီတရားနားကြားတဲ့သူတော်ကောင်း တွေ မိမိတို့၏ဘဝခရီးဖြောင့်ဖြူစေဖို့ ရေရှည်သတိပြုစရာအချက်နှစ်ခုက တော့ Association and Environment အပေါင်းအသင်းနှင့်ပတ်ဝန်းကျင် ကောင်းစွာသတိပြုပြီးတော့ ဘဝလမ်းကြောင်းအားလုံးဖြောင့်ဖြူအောင် နိဗ္ဗာန်အထိလျှောက်နိုင်ကြပါစေလို့ ဆုတောင်းပြီးတော့ နိဂုံးချုပ်ပါတယ်။
ကိုင်း အားလုံး အမျှဝေဖို့လိုက်၍ဆိုလိုက်ကြ။
ဣဒံ မေ ပုညံ ဗောဓိÓဏဿ ပစ္စယော ဟောတု။
အရှင်ဘုရား ဘုရားတပည့်တော်တို့၏ ဓမ္မဒါန ဓမ္မပူဇာ ဓမ္မဿ ဝန ဓမ္မဒေသနာ ဤကောင်းမှုသည် သစ္စာလေးတန် တရားမှန်ကို ပိုင်းခြား ထင်ထင် သိမြင်နိုင်သော ဗောဓိÓဏ်၏ အထောက်အပံ့ဖြစ်ပါစေသတည်း ဤကောင်းမှု ကုသိုလ်အဖို့ကို ကြွရောက်လာသော ပရိသတ်ကိုအစပြု၍ ဘုံသုံးဆယ့်တစ် ဖြစ်ဖြစ်များစွာ သတ္တဝါအနန္တတို့အား အညီအမျှ ဝေငှပါ ကုန်၏။ ထိုထိုများစွာ သတ္တဝါတို့သည် ဤကောင်းမှုအဖို့ကို ကြားသိကြ၍ အမျှရ၍ ဝမ်းသာကြသည် ချမ်းသာကြသည် ဖြစ်ပါစေသော်။
အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော
သာဓု သာဓု သာဓု ပါဘုရား။

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။
သီတဂူစတား
၁၈-၁၁-၂၀၁၀

0 comments:

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes