စာမိတ်ဆက်
ဓားမ,ဟာ မသွေး မခုတ်ဘဲ ပစ်ထားလျှင် သံချေးတက်၍ အသုံးမ၀င်သော ဓားတုံးပဲ ဖြစ်မည်၊ မိမိ ဦးနှောက်၊ အတွေး၊ အသိပညာများကို အသုံးမချဘဲ ပစ်ထားလျှင် သီတဂူဆရာတော်ကြီးပြောသလို Idea to Action မဖြစ်ဘူးဆိုလျှင် ဦးနှောက် ချေးတက်သွားနိုင်သည်၊ စမ်းရေ ချောင်းရေတို့သည် တသွင်သွင် စီးလျှက် လှုပ်ရှားနေမှသာလျှင် ကြည်လင်သော ရေဖြစ်နိုင်မည်၊ အလားတူပင် များများတွေး များများ ရေးပြီး ဦးနှောက်ကို များများ အလုပ် ပေးနေမှသာလျှင် အသိပညာများလည်း ကြည်လင်ပြတ်သားပြီး အတွေးသစ် အမြင်သစ်များ တီထွင် ဖန်တီးနိုင်မှာ ဖြစ်သည်။ ထို့ကြောင့် မိမိ၏ ကလောင်ဓားကို သွေးလိုသော မိမိ၏ ဦးနှောက်ကို လှုပ်ရှားမှုများ ပေးလိုသော ကလောင်ရှင်များကို အောက်ပါ စာစောင်ဖြစ်မြောက်ရေးအဖွဲ့က ကြိုဆိုနေပါသည်။အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ မြန်မာကျောင်းသားများ ကျောင်းဆောင်
စာစောင်ဖြစ်မြာက်ရေး
အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့ MMWAI (Myanmar Monk’ students Welfare Association of India)၏ ဒွါဒသမ (၁၂ကြိမ်မြောက်)နှစ်၊ နှစ်ပတ်လည် အထိမ်းအမှတ်စာစောင် ဖြစ်မြောက်ရေးအဖွဲ့ဆက်သွယ်လိပ်စာများ
မြန်မာစာမူ = vicittajoti@gmail.comမြန်မာစ/English စာမူ= info@mmwai.org
English စာမူ = အရှင်ဇ၀န yebawgyi.masoeyein@gmail.com
နောက်ဆုံးထားပို့ပေးရန်
စာမူများကို မတ်လ (March) ၁၅-ရက် နောက်ဆုံးထားပြီး အထက် အီးမေးလ် Email သို့ ရေးပို့နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၁-၁-၂၀၁၂


Wednesday, January 11, 2012
sitagustar
Posted in:
2 comments:
တပည့်တော်က ကဗျာ သမားဆိုတော့
စာမူ ဆိုတာ ကဗျာပါသလားဘုရား
မဂ္ဂဇင်းဆိုတော့ ဆောင်းပါး၊ ၀တ္ထုတို၊ ကဗျာ၊ ဟာသကာတွန်း၊ သုတ၊ ရသ အကုန်ပါပေါ့ဘုရား။ အားပေးလိုက်ပါဘုရား။
Post a Comment