
Thursday, June 07, 2012

sitagustar
1 comment
(ရွှေစည်းခုံစေတီတော်ကြီးအား ပူဇော်ရန် စိန်ဖူးတော်ကြီး)
(ရွှေစည်းခုံစေတီတော်ကြီး မှောင်ရီပျိုးစအချိန်နှင့် ညအချိန်)


သီတဂူဗုဒ္ဓ၀ိဟာရသို့ရောက်
သီတဂူသာသနာပြုအဖွဲ့၏အဓိပတိ သီတဂူဆရာတော်ကြီးသည် ၂-၆-၂၀၁၂ စနေနေ့ နေ့လည်(၂) နာရီ အချိန်တွင် အမေရိကန်နိုင်ငံ ဟူစတင်လေဆိပ်သို့ ဆိုက်ရောက်တော်မူသည်။ အမေရိကရှိ တပည့်များက သိုက်သိုက်ဝန်းဝန်း ကြိုဆိုကြပြီး တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့ရှိ သီတဂူဗုဒ္ဓ၀ိဟာရသို့ ပင့်ဆောင်လာခဲ့ကြသည်။
ဆရာတော်ကြီးသည် သက်တော် ၇၅ နှစ်ကျော်လာပေမဲ့ ခရီးရှည်ကြီး လေယာဉ်၊ ကားများ စီးလာခဲ့သော်လည်း ပင်ပန်းသည်ဟု တစ်ခါတလေမျှ မငြီး၊ လန်းလန်းဆန်းဆန်း တက်တက်ကြွကြွ ရှိလှသည်။ အော်စတင်မြို့ သီတဂူဗုဒ္ဓ၀ိဟာရကျောင်းသို့ ရောက်သည်နှင့် ဆရာတော်ကြီးသည် ရွှေစည်းခုံစေတီတော်နှင့် ဓမ္မဗိမာန်တော် တည်ဆောက်ပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ နယုန်လပြည့် တနင်္လာနေ့ စိန်ဖူးတော်တင်ရာတွင် လုပ်ဆောင်ရမည့် ကိစ္စများကို ညွှန်ကြားကာ တာဝန်အသီးသီး ချမှတ်တော်မူသည်။
(သီတဂူဓမ္မသဘာထဲတွင် ဘုရားဝတ်ပြုနေကြသော အမေရိကရှိ ဗုဒ္ဓဘာသာဝင်များ)စိန်ဖူးတော်တင်လှူခြင်း
သီတဂူဗုဒ္ဓ၀ိဟာရ (အမေရိက၊ တက္ကဆက်ပြည်နယ်၊ အော်စတင်)ရှိ တည်ထားကိုးကွယ်အပ်သော ရွှေစည်းခုံစေတီတော်ကြီး လုံးဝ ပြီးစီးသွားပြီဖြစ်၍ ၁၃၇၄ ခုနှစ် နယုလပြည့်နေ့ (၅-၆-၂၀၁၂) က သီတဂူဆရာတော်ကြီး ဦးဆောင်သော အမေရိကရှိ သံဃာတော်များ၊ အမေရိကရှိ သီတဂူတပည့်ဒကာ ဒကာမများက စည်ကားသိုက်မြိုက်စွာ စိန်ဖူးတော်ကြီးကို တင်လှူပူဇော်ခဲ့သည်။
(စိန်ဖူးတော်တင်အခမ်းအနားတွင်)
(မြန်မာဝတ်စုံနှင့် အမေရိကန်လူကြီးမင်း)
အောင်ပွဲအခမ်းအနား
အောင်ပွဲအခမ်းအနားအနေဖြင့် ရွှေစည်းခုံ စေတီတော်ကြီးဖွင့်ပွဲနှင့် အနေကဇာတင်ပွဲတော်ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ (တန်ဆောင်မုန်းလပြည့်နေ့)တွင် ကျင်းပရန် အမိန့်ရှိတော်မူသည်။
(Dear All,
You all are warmly invited to Final International Great Grand Opening Ceremony of Sitagu Shwe Si Khom Pagoda on Saturday & Sunday, November 24 & 25, 2012, 8 am to 9 pm.)
ဤနေရာ နှင့် သီတဂူဗုဒ္ဓ၀ိဟာရ တာဝန်ခံဆရာတော် ဒေါက်တာ အရိယဓမ္မတို့ အီးမေးလ် မှ ကိုးကား၍ ဖော်ပြသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၇-၆-၂၀၁၂
Posted in: ဘာသာရေး
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
1 comments:
the best blog for buddhist.
thanks you.
good luck.
www.thanzhtet.blogspot.com
Post a Comment