သီတဂူစတား

သီတဂူစတား

31 July 2012

ဥပဒေစိုးမိုးသော ငရဲပြည်

ဥပဒေစိုးမိုးသော ငရဲပြည် သို့မဟုတ် ယမမင်း၏ ကယ်ဆယ်ရေးစာမိတ်ဆက်စာရေးသူက ဘာရယ်မဟုတ် ရောက်တက်ရာရာ အွန်လိုင်းကနေ တရားဟောလေ့ရှိတယ်၊ ဟောသူ တစ်၊ နာသူတစ်နဲ့ တရားပွဲက စည်စည်ကားကားပဲ။ တရားနာသူ တစ်ကလဲ ဘာဟောဟော နာမည့်သူ၊ တရားနာ အလွန်ဝါသနာပါသူ၊ တရားနာရရင် ပြီးတာပဲ ဘာတရားပဲ နာရနာရ၊ စာရေးသူလဲ အသံကွဲ အသံဗြဲနဲ့ဆိုတော့ ကိုယ့်အသံကို ကိုယ်ပြန်ကြားရမှာ ကြောက်လွန်း ရှက်လွန်းလို့ နားကျပ်နဲ့ ပိတ် ဟောရတာ။ ဘာပဲ ဖြစ်ဖြစ် သူ့ကို ဟောနေရလို့ပဲ စာပြန်ကြည့်ဖြစ်သည်၊ အတွေးမျိုးမျိုးဝင်သည်။ ဒီနေ့တော့ ဒေ၀ဒူတသုတ်ကို ဟောခဲ့သည်။ ငယ်ငယ်က ထိုသုတ်ကို သာမန်မျှ နားလည်ခဲ့သည်။ တကယ်တော့ အလွန်စိတ်ဝင်စားဖွယ်ကောင်းသည့် သုတ်တစ်သုတ်ဖြစ်သည်။ ထိုသုတ်ကို ဟောရင်းကနေ အတွေးတစ်ခုဝင်လာတာက စာအဖြစ်ဖန်တီးလိုက်ရင်...

27 July 2012

နှလုံးရောဂါအတွက် (၂)

နှလုံးရောဂါအတွက် နည်းလမ်းကောင်းသင် ယနေ့ နှလုံး တိုက်ခိုက် ခံရရင် (Heart Attack) လွန်ခဲ့တဲ့ ဆယ်စု တစ်ခု ဒါမှမဟုတ် နှစ်ခုမှာ ထက် သင်အသက်ရှင်ဖို့ အလားအလာ ပိုများပြီး မစွမ်းမသန် အထိ ထိခိုက်ခြင်းမျိုး ပိုနည်းပါး ပါလိမ့်မယ်။ ဒါက အမေရိကန်မှ နှလုံးတိုက်ခိုက်ခံ ရခြင်း အချက်အလက်များ အပေါ် ကြည့်ပြီး အထင်ကရ လေ့လာမှုကြီး ၂ခုက ကောက်ချက် ချခဲ့တာပဲဖြစ် တယ်။သေဆုံးမှုနှုန်း ကျဆင်းခြင်း အတွက် သင်က နည်းပညာဆေးဝါး ကုသမှု၊ ဆေးရုံတွင်းပြုစု စောင့်ရှောက် မှုနှင့် ကြိုတင်ကာကွယ်ရေးနည်း လမ်းများ ဘက်မှ တိုးတက်မှုများကို ကျေးဇူးတင်ရလိမ့်မယ်။ သင်က သွေးတိုးနှင့် ကိုလက် စထရောလ်ပမာဏမြင့်မားမှုအတွက် ကုသမှုခံယူနေသူဆိုရင် နှလုံးတိုက် ခိုက်ခံရမှုကြောင့် သေဆုံးဖို့ရာအလား အလာ နည်းပါးသွား...

17 July 2012

မောင်မယ်သစ်လွင် ကြိုဆိုကြိုပွဲ သ၀ဏ်လွှာ

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်၏မောင်မယ်သစ်လွင် ကြိုဆိုကြိုပွဲ သ၀ဏ်လွှာ၃၀-၆-၂၀၁၂ နေ့က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး) ၏ ကျောင်းသားသစ် ကြိုဆိုပွဲတွင် ပေးပို့သော သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်၏ သ၀ဏ်လွှာဖြစ်သည်။ စာရေးသူ တတ်သလောက်လေးနဲ့ ဘာသာပြန်ဆိုထားသည်။ချစ်ခင်ရပါသော တပည့်တို့ -------၃၀-၆-၂၀၁၂ နေ့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး) ၏ ကျောင်းသားသစ် ကြိုဆိုပွဲတွင် သ၀ဏ်လွှာပေးပို့ခွင့်ရတဲ့အတွက် အလွန်ပဲ ၀မ်းသာမိပါတယ်။တပည့်တော်တို့တတွေဟာ ဘုရားရှင်၏ မွန်မြတ်သော သား သမီးတွေ ဖြစ်ကြပါတယ်။ ဘုရားသားတော် သမီးတော်များ ဖြစ်ကြတဲ့ ဘုရားတပည့်တော်တို့တတွေမှာ မဖြစ်မနေ တာဝန်ထမ်းဆောင်ရမည့် မြတ်ဗုဒ္ဓက လမ်းညွှန်ထားတဲ့ တာဝန်တွေရှိပါတယ်ဘုရား။ အဲဒီတာဝန်တွေကတော့...

11 July 2012

အောင်မြင်သောနေ့ကို အမှတ်ရခြင်း

အောင်မြင်သောနေ့ကို အမှတ်ရခြင်းစာမိတ်ဆက်အောင်မြင်သူတစ်ယောက်က မိမိရဲ့ အောင်မြင်မှု (စာမေးပွဲ၊ စီးပွားရေး၊ အလုပ်)အတွက် အမှတ်တရ ဖြစ်စေ၍ ကောင်းမှုတစ်ခု လုပ်တယ်၊ ထို့အတွက် ဂုဏ်ပြုပို့စ်ရေးတယ်။ အရင်က စာရေးသူ၏ဆိုက်ထဲမှာပဲ မေ ၁၆ ရဲ့မွေးနေ့အတွက် တစ်သက်စာ အမှတ်တရဖြစ်စေရမည့် အရာများတွင် မွေးနေ့ကိုလဲ တစ်သက်စာ အမှတ်ရစေရမည်ဟု ရေးထားခဲ့သည်၊ နောက်တစ်ခုက နှစ်လည်အမှတ်တရမှာလဲ တစ်သက်စာ အမှတ်ရစေရမည့် အရာများထဲက သေခြင်းတရားကို အမှတ်တရဖြစ်ပုံကိုလဲ ရေးခဲ့သည်။ ယခုတော့ တစ်သက်စာအမှတ်တရ ဖြစ်စေရမည့် အရာထဲက အောင်မြင်သောနေ့ တစ်နေ့ပေါ့။(ဒေါက်တာ အရှင်ဣန္ဒာဝုဓ သီတဂူစတားအား ဆွမ်းန၀ကမ္မ လှူစဉ်)ဒီပို့စ်လေးက အောင်မြင်သူတွေအတွက် ရည်ရွယ်ပြီး ရေးသားခြင်းဖြစ်ပါတယ်။ သတိရတုန်း ရေးထားသဖြင့်...

08 July 2012

မဟာဗောဓိအသံ (The voice of Mahabodhi)

မဟာဗောဓိအသံ(The voice of Mahabodhi)စာမိတ်ဆက်မဟာဗောဓိပင်အောက်က ဘ၀ဂ်ညံတဲ့ အသံတွေ ဂီတဉ္စလီအသံတွေ အသံအမျိုးစုံ ဟန်အမျိုးစုံ အသွင်အမျိုးစုံနဲ့ စည်ကားလျက်ရှိသည်။ ယခုအခုအချိန် ဗုဒ္ဓဂယာရဲ့ ဆောင်းရာသီသည် အသည်းခိုက်အောင်အေးသည် သို့သော် တဖွဲဖွဲကျလာတဲ့နှင်းဖွေးဖွေးက အအေးဒဏ်ကို ကာကွယ်ပေးနေသည်။ မနက်မိုးလင်းတာနဲ့ ဂယာရဲ့ဆောင်းရာသီကို အံတုပြီး မဟာဗောဓိဘုရားရှင်ဆီသို့ ဦးတည်သွားကြသော လူအမျိုးမျိုးကိုလည်း မြင်တွေ့နေရသည်။ သူတို့တတွေ ဘယ်သူတွေလဲ ဘာလုပ်သွားကြတာလဲ?အသွင်အမျိုးစုံ ကာလာအစုံ ယုံကြည်ချက်အမျိုးနဲ့ နိုင်ငံပေါင်းစုံက သူတို့တတွေရဲ့ စိတ်ထဲမှာ တူညီသော ယုံကြည်ချက် ပိုင်ဆိုင်ထားကြသည်။ အဲဒီယုံကြည်ချက်ကတော့ ‘‘ဤမဟာဗောဓိပင်အောက်မှာ ဘုရားရှင်သည် မာရ်ငါးပါးကို...

02 July 2012

ရခိုင်တိုင်းရင်းသားများအလှူ (အိန္ဒိယ)

ရခိုင်တိုင်းရင်းသားများအလှူ (အိန္ဒိယကျောင်းသားများ)“အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင် မြန်မာကျောင်းသား ရဟန်းတော်များ သာယာဖွံ့ဖြိုးရေး အဖွဲ့ကြီးမှ ရခိုင်ပြည်နယ်အတွင်း ဒုက္ခရောက်နေကြသော ဗုဒ္ဓဘာသာဝင်တို့အား မြန်မာကျပ်ငွေ ၂၆ သိန်း ၂ သောင်း တိတိကို ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှတဆင့် ဒေါက်တာ အရှင်ဥာဏိက၊ အရှင်သောပါက တို့က အဖွဲ့ကြီးကိုယ်စား ၃၀-၆-၂၀၁၂ နေ့တွင် လှူဒါန်းပါသည်။ ” ဟု အဖွဲ့ကြီး၏ အထွေထွေ အတွင်းမှူးဆရာတော်ထံမှ သတင်းရရှိသည်။ရွှင်လန်းချမ်းမြေ့ပါစေသီတဂူစတား၂-၇-၂...

01 July 2012

သီတဂူဓမ္မစကူးလ်

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သို့မဟုတ် သီတဂူဓမ္မစကူးလ်သီတဂူသာသနာပြုအဖွဲ့အောက်ရှိ ပညာရေးကဏ္ဍဖြစ်သည့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်သည် သာသနာ့နွယ်ဝင် ရဟန်းတော်၊ သာမဏေ၊ သီလရှင်များတို့အားသာ ပညာဒါန-ပညာရေးအလှူပေးသည်မဟုတ်၊ သာသနာတော်ကို ချီးမြှောက်ကြသည့် သာသနာ့ဒါယကာ ဒါယကာမများနှင့် ဗုဒ္ဓစာပေများကို စိတ်ဝင်စားသူတို့အားလဲပဲ ပညာရေး ကုသိုလ်များ ပေးလျှက်ရှိပါသည်။ အထူးသဖြင့် ဓမ္မကိုပေးရာ ဌာနဖြစ်သောကြောင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်သည် ဓမ္မစကူးလ် (Dhamma School) မည်သည်။သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (၃) ခုတို့တွင် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် အောက်ပါအတိုင်း သက်ဝင်လှုပ်ရှားလျှက်ရှိသည်။သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) တွင် ဒီပလိုမာ(Diploma)၊ ဘီအေ (B.A)၊ အမ်အေ (M.A)နှင့် ပီအိပ်ခ်ျ (Ph.D)တန်းများကို...
Page 1 of 22412345Next

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes