
Monday, January 21, 2013

sitagustar
No comments
သီတဂူဆရာတော်ကြီး၏ မွေးနေ့ပို့စ်
ဖိတ်ကြားခြင်း
စာရေးသူသည် ဘလော့ဂ်စတင်ရေးခဲ့သည့်နှစ်မှ စ၍ စာရေးသူ၏
သီတဂူစတားဆိုက်တွင် ကျေးဇူးရှင် သီတဂူဆရာတော်ကြီး၏ မွေးနေ့ပို့စ်များကို နှစ်စဉ်
ဖိတ်ခေါ်၍ ပူဇော်လျှက်ရှိသည်။
ယခုနှစ် ၁၃၇၄ခု၊ တပေါင်းလပြည့်နေ့ (၂၀၁၃ မတ်လ
၂၆ရက်၊)တွင် သီတဂူဆရာတော်ကြီးသည် ၇၆ နှစ်ပြည့် မွေးနေ့ပူဇာ ဖြစ်ပါသည်။
ဆရာတော်ကြီးသည် မိမိခန္ဓာ ကျန်းမာသရွေ့ လူမျိုးဘာသာ သာသနာအတွက် ရေအလှူတော်များ၊
ဆေးရုံအလှူတော်များ၊ တက္ကသိုလ်အလှူတော်များ၊ ပညာရေးအလှူတော်များ၊
ကျန်းမာရေးအလှူတော်များ၊ သဘာဝဘေးဒဏ်အတွက် အလှူတော်များ စသည် စသည်အားဖြင့်
ပြုလုပ်အားထုတ်ခဲ့သည်မှာ သက်တော် ၇၆ နှစ်ပင် ရှိလာပြီဖြစ်သည်။
သို့ဖြစ်ပါ၍
သီတဂူဆရာတော်ကြီး၏ လူမျိုး ဘာသာ သာသနာပြုလုပ်ငန်းများကို ကြည်ညိုလေးစားကြသော တပည့်အပေါင်းတို့သည် ထိုမွေးနေ့ပူဇာအတွက်
ပို့စ်များကို မိမိတို့၏ သဒ္ဓါ ပညာ ၀ီရိယတို့ဖြင့် ရေးသားပူဇော်နိုင်ပါသည်။
သီတဂူစတားဆိုက်တွင် ပူဇော်ပေးမည် ဖြစ်ပါသည်၊ ၀က်ဘဆိုက်၊ ဘလော့ဂ်ရေးသားသူများလဲ
မိမိတို့ဆိုက်မှာလည်း ပူဇော်နိုင်ပါကြောင်း
တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
ထိုကဲ့သို့ ပူဇော်ရာတွင် မြန်မာ၊
အင်္ဂလိပ်ဘာသာတို့ဖြင့် ကဗျာ၊ ဆောင်းပါး၊ ပို့စ်၊ စသည်အားဖြင့် ကြိုက်နှစ်သက်ရာ
ပူဇော်နိုင်ပါသည်။
ပေးပို့ရန် အီးမေးလ်
sitagustar2010@gmail.com နှင့်
sitagustar.0073@gmail.com
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၈-၀၁-၂၀၁၃
Posted in: မွေးနေ့
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဆရာကောင်း နည်းကောင်း တွေ့ဖို့လိုတယ် အဲဒီမှာ ဘုန်းကြီး ချက်ချင်း စဉ်းစားမိတယ်။ ''ဒီဥရောပတိုက်သား အမေရိကတိုက်သား လူတွေဟာ ဗုဒ္ဓ ဘာသာ...
-
အင်ဒိုနီးရှာကျောင်းသားများ ပြပွဲမှာ တိုးဝှေ့ပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ စာရေးဆရာမဟုတ်သော သီတဂူစတား ဒီကနေ့ ဘာပို့စ်တင်ရမလဲ စဉ်းစ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
ဗုဒ္ဓဘာသာသည် religion မဟုတ် ဒါကြောင့် ဘုန်းကြီးတို့ နယူးဒေလီတရားပွဲမှာ ဒကာတစ်ယောက်က ''အရှင်ဘုရား ဗုဒ္ဓဘာသာကို religion (ရီးလီးဂ...
-
သီတဂူဆရာတော်၏ သက်တော်(၇၃)နှစ်ပြည့် ၀ိဇာတ မွေးနေ့မင်္ဂလာ ဖိတ်ကြားလွှာ ဖိတ်ကြားအပ်ပါသည် ကျေးဇူးတော်ရှင် သီတဂူဆရာတော်၏ သက်တော်(၇၃)နှစ်ပြည်...
-
အီရန်နိုင်ငံအစည်းဝေးမှတ်တမ်းနှင့် အစည်းဝေးထုတ်ပြန်ချက် သီတဂူဆရာတော်ကြီးသည် နောက်ပါ တပည့်များဖြစ်သည့် အရှင်ဥက္ကံသ၊ အရှင်ဝိသု...
-
မဟာစည်းခုံကြီးစေတီတော် ညစဉ် သီတဂူကမ္ဘာ့တက္ကသိုလ် သံဃာများ အနေကဇာတင် ပရိတ်ရွတ်ပွား ပထမဘုံ ထီးတော်တင်လှူနေပုံ သံဃာတော်များ ထီးတော်တင်လှူနေစဉ် စေ...
-
MRTV4 အင်တာဗျူး ****** ဒီနေ့ ၁၉-၈-၂၀၁၆ သဲကုန်းအသင်း ဝါဆိုသင်္ကန်းကပ် အလှူမှာ mrtv4 ရုပ်သံက ဝါဆိုသင်္ကန်းနှင့်ပက်သက်ပြီး ၅မိနစ်လောက် အမ...
-
အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်ရှိ ပူနေးမြို့ ပူနေးတက္ကသိုလ်ကြီးသည် လွန်ခဲ့သော ၈ နှစ်ကထဲက စပြီး အရှိန်အဟုန်နှင့် ကျော်ကြားလာခဲ့ရာ၊ ပြည်တွင်းပြည်...
0 comments:
Post a Comment