
Monday, February 25, 2013

sitagustar
4 comments

ဗုဒ္ဓဘာသာအဖြစ် ခံယူပွဲကြီး
၂၄-၀၂-၂၀၁၃ နေ့အိန္ဒိယ နိုင်ငံ၊ ဘုံဘေမြို့၊
ကလယန်းနယ်မှ ၂၄ ရက်နေ့က အိန္ဒိယနိုင်ငံဖွား ဘာသာခြား ၂၀ တို့၏ ဗုဒ္ဓဘာသာအဖြစ်
ခံယူပွဲကို ခမ်းနားထည်ဝါစွာ ကျင်းပခဲ့သည်။ ထိုနေရာသည်၊ စာရေးသူတို့နေရာ
စောမယကောလိပ်နဲ့ ၁ နာရီကျော်ကြာ ကားမောင်းရသည်။
(ဗုဒ္ဓဘာသာအဖြစ် ခံယူပွဲ အခမ်းအနား)
စာရေးသူတို့ မြန်မာရဟန်းတော် ၅
ပါးကို ဘုံဘေတက္ကသိုလ်၊ ပါဠိဌာန ဆရာများ၏ အဆက်သွယ်ဖြင့် ထိုအခမ်းအနားသို့
တက်ရောက်ရန် ပင့်ဖိတ်သည်။ ၀ါတော် အတော်ကြီးရင့်ပြီ ဖြစ်သော အိန္ဒိယဆရာတော်ကြီး
အပါဝင် အိန္ဒိယ ရဟန်းတော် ၅ပါးလဲ
ပါဝင်သည်။
အခန်းအစီအစဉ်
မနက်ပိုင်းအဖြူရောင် မျက်နှာကြပ်တို့ဖြင့် လှပစွာ
တန်ဆာ ဆင်ထားသော ပဏ္ဍပ်ကြီးတွင် ပရိသတ် ၂၀၀၀ (နှစ်ထောင်)...

Saturday, February 23, 2013

sitagustar
No comments

ခါတပေါင်း ကျောင်းသီတဂူမောင်စံ (သီတဂူ)
“Ladies and gentlemen, Welcome
a board......”အော် လေယာဉ်တက်တော့မှာပါလား၊ လေယာဉ်မယ်က ခရီးသည်တွေကို
လေယာဉ်မထွက်မီ လုံခြုံရေး ကြေညာချက်တွေပြုလုပ်ပေးနေပြီ။ ဒီနေ့ ခရစ္စမတ်နေ့
ခရီးသွားသူသိပ်မရှိ၊ မိမိ ခုံတန်းမှာဆို ထိုင်ခုံသုံးခုံလုံးမှာ မောင်စံ
တစ်ယောက်တည်း၊ ကောင်းလိုက်တာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးပဲ။ လက်ပတော့လေး
ဆွဲထုတ်ပြီး သီတဂူ ဆရာတော်ကြီးရဲ့ (၇၆) နှစ်မြောက်မွေးနေ့ပူဇော်ပွဲအတွက်
ဆောင်းပါးလေးရေးဘို့ စလိုက်တယ်။ လေယာဉ်က (၃) နာရီလောက်စီးရမှာဆိုတော့
အချိန်ရတယ်လေ။ ပျင်းလည်းမပျင်းတော့ဘူးပေါ့။
မောင်စံက မီနီဆိုးတား သီတဂူဓမ္မဝိဟာရ
ပဋ္ဌာန်းပွဲကို သွားနေတာ။ Dallas မှာတထောက်တော့ နားရမယ်၊...

Monday, February 18, 2013

sitagustar
No comments

ဘွဲ့နှင်းသဘင် ဖိတ်ကြားလွှာ
ဖိတ်ကြားအပ်ပါသည်။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
သုံးနှစ်အတွင်း
B.A, M.A, Ph.D Degree ကို အောင်မြင်ပြီးသူများအား ဘွဲ့လက်မှတ်
ပေးအပ် ချီးမြှင့်မည် ဖြစ်ပါ၍ ၂၀၀၉/၂၀၁၀ခုနှစ် B.A အောင်ပြီး (၁၅)ဦး၊ ၂၀၁၀/၂၀၁၁
ခုနှစ်၌ B.A အောင်ပြီး (၁၅)ဦး၊ ၂၀၁၁/၂၀၁၂ခုနှစ်၌ B.A အောင်ပြီး (၁၁) ဦး
စုစုပေါင်း ကျောင်းသား/သူ (၄၁)ဦးနှင့် ၂၀၁၃ ခုနှစ် M.A အောင်ပြီး (၂) ဦး၊ Ph.D
အောင်ပြီးသူ (၁)ဦးတို့အား ဘွဲ့လက်မှတ် အပ်နှင်းမည် ဖြစ်သည်။
ဘွဲ့လက်မှတ်
အပ်နှင်းသည့် အခမ်းအနားကို
၁၃၇၄ ခုနှစ် တပေါင်းလဆန်း (၁၅)ရက်၊ ၂၆-၀၃-၂၀၁၃
ရက်နေ့၊ နံနက် ၈း၀၀ နာရီအချိန်တွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
ဘွဲ့နှင်းသဘင် ခမ်းမကြီးအတွင်း၌ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စီမံအုပ်ချုပ်ရေးအဖွဲ့က...

Wednesday, February 13, 2013

sitagustar
No comments

ဗုဒ္ဓအလိုကျ ပိုက်ဆံ ဘယ်လိုရှာမလဲ
အရှင်ဘုရား၊တပည့်တော်
ကျော်ကျော်အောင်ပါဘုရား။ ပထမဆုံးအကြိမ် အရှင်ဘုရားဆီ စာရေးသားခြင်းဖြစ်သောကြောင့်
အမှားပါရင်တပည့်တော်အား ခွင့်လွှတ်ပါဘုရား။ တပည့်တော် သိချင်တာလေးတစ်ခုလောက်
မေးခွင့်ပြုပါ။ ပိုက်ဆံကိုအကျိုးရှိရှိ အသုံးချတာနဲ့ပတ်သက်၍
မြတ်စွာဘုရားဘယ်လိုမျိုး ဆုံးမခဲ့ပါသလဲ ဘုရား?ဥပမာ၊ ပိုက်ဆံကို ဘယ်လို save၊
ဘယ်လို ခွဲခြမ်းသုံးရမယ် အစရှိသဖြင့် ဘယ်လို
ဆုံးမခဲ့ပါသလဲဘုရား?သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာအရှင်ဉာဏိဿရ
တရားဟောတော်မူခဲ့တာ ရှိပါလားဘုရား? တပည့်တော်အား သနားသောအားဖြင့်
ဆုံးမဟောပြောတော်မူပါ
အရှင်ဘုရား။
ဒကာကျော်ကျော်အောင်
+++++++++
ဒကာကျော်အောင်ဒကာတော်ရေ-ရှေးဦးစွာ
ကျေးဇူးတင်ပါတယ်၊ မောင်ရင်မေးတာကို...

Wednesday, February 06, 2013

sitagustar
No comments

စွဲငြိသွားပြီ
စာမိတ်ဆက်
စာတွေ ဖတ်ရင်းက အနိတ္ထိဂန္ဓအကြောင်း ဖတ်ရင်း
သံသဂ္ဂ (စွဲငြိသွားပြီ) ဆိုတဲ့ အကြောင်းလေးတွေ ဖတ်ပြီး အတွေးပေါ်လာသည်။
စွဲသွားပြီလို့ပြောမလား၊ ငြိသွားပြီးလို့ပဲပြောမလား ဒါမှမဟုတ် စွဲငြိသွားပြီလို့ပဲ
ပြောမလား၊ Heart ထိသွားပြီလို့ပြောမလား သံသဂ္ဂပဲ ဖြစ်သည်။ ယနေ့ခေတ် အင်တာနက်ခေတ်၊
တယ်လီဖုန်းခေတ်လေးတွေ ဖြစ်လာတော့ သံသဂ္ဂဖြစ်ဖို့ရာ ပိုနီးစပ်လာသည်။ ပို
အဖြစ်များလာသည်ကို တွေ့ရသည်။ ထိုခေတ်တွေက တစ်ဖက်က အရေးအကြောင်း သတင်းမီဒီယာအတွက်
ကောင်းသလို တစ်ဖက်ကလဲ ၀ိသဘာဂ မတူကွဲပြားတဲ့ ဖို+မတို့အတွက် တစ်ယောက်နဲ့တစ်ယောက်
စွဲငြိစေဖို့ လက်နက်တစ်ခု ဖြစ်လာသည်။ ထိုအကြောင်းရာနဲ့စပ်လျှင်းပြီး
အနိတ္ထိဂန္ဓအမျိုးသားလေးအကြောင်း ဖတ်ရင်း သံသဂ္ဂ (စွဲငြိသွားပြီ)...

Friday, February 01, 2013

sitagustar
1 comment

မြတ်စွာဘုရားဖွားတော်မူသည့် လုမ္ဗိနီကို
ကယ်တင်ပေးကြပါ------------------------------------
(၂၀၁၂-ဒီဇင်ဘာက ဂီတဉ္စလီအဖွဲ့နှင့် လုမ္ဗိနီ အမှတ်တရ)
ဗုဒ္ဓအမွေအနှစ်များ
ထိန်းသိမ်းကာကွယ်ကြပါ .....။
မြို့ပြဖွံ့ဖြိုးတိုးတက်ရေး
“ငြိမ်းချမ်းကမ္ဘာသစ်မြို့တော်´´ စီမံကိန်းကြောင့် ကမ္ဘာ့ဗုဒ္ဓဘာသာ အမွေအနှစ်ဖြစ်သော
ဗုဒ္ဓဘုရားရှင် ဖွားတော်မူရာဌာန လုမ္ဗိနီမှာ
အန္တရာယ်နှင့်ရင်ဆိုင်နေရပါပြီ။
ထိုကြောင့် မြတ်ဗုဒ္ဓရဲ့အမွေအနှစ်ကို
ကာကွယ်ရန်အတွက် ကျေးဇူးပြု၍ အောက်ပါ လင့်ခ်မှ အသနားခံလွှာတွင်
လက်မှတ်ထိုးကြရန်ဖြစ်ပါသည်။
(Please sign the Petition) http://www.save-buddhist-heritage.org/Lumbini/sign-pettion/burmese-petition/
SIGN PETTION
ကမ္ဘာ့
ရှေးဟောင်းယဉ်ကျေးမှုအမွေနှစ်
ဗုဒ္ဓဘုရားရှင်ဖွားတော်မူရာ...
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
ဒီနေ့ သင်တန်းစတင်ပိတ် ********* ၂၀၁၆ B.A နောက်ဆုံးနှစ် ကျောင်းသားများနှင့် အမှတ်တရ။ (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်) မကြာမီ နေရာအသီး...
-
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
သီတဂူ Study Tour အင်ဒိုနီးရှား ********** သီတဂူ ၂၀၁၆ နိုဝင်ဘာလ ၆ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ တပည့် စာချ ဆရာတော်များနှင...
-
ဗိုလ်ချုပ်မှူးကြီး သီတဂူအဓိပတိအား လာရောက် ဖူး ********** သီတဂူ ၂၀၁၆ သြဂုတ် ၂၁ မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြ...
-
ဖွင့်ပွဲအခမ်းအနားသို့ကြွရောက်လာသော ဆရာတော်ကြီးများ အမှတ်တရ ပေးစဉ် သံဃာ့ရာဇာဆရာတော်ကြီးက ဖဲကြိုးဖြတ်ဖွင့်ပေးစဉ် လင်းဇာနည်းဇော်၊ အဆိုတော် စိမ်...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
“ကမ္ဘာ့ကိုးကွယ်ရာဘာသာကြီးများ၏ နိဒါန်း” စာအုပ် ထွက်ပြီ ************************ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ သီတဂူအဓိပတိဆရ...
-
အစ္စရေးနိုင်ငံ သမ္မတအိမ်တော်ရောက် သီတဂူအဓိပတိ *********** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၂ အစ္စရေးနိုင်ငံရောက် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရာြး...
-
တွေ့ဆုံမေးမြန်းဓမ္မလမ်း မကြာမီထွက်မည် ********** အောက်ပါအလှူရှင်များဖြင့် မကြာမီ သီတဂူစတား စာစဉ် (၄)စာအုပ်ကလေး တစ်အုပ်ထွက်မ...