အီရန်ရောက် သီတဂူဆရာတော် (၃)
၃၁-၁၂-၂၀၁၄ နေ့က အီရန်နိုင်ငံသို့ရောက်နေသော
သီတဂူဆရာတော်ကြီးသည် အီရန်နိုင်ငံရဲ့ ရှေးဟောင်းမြို့တစ်မြိုဖြစ်တဲ့ Qom ၏
ဘာသာရေးတက္ကသိုလ်တစ်ခုသို့ သွားရောက်လေ့လာသည်။ ထိုတက္ကသိုလ်သည်
ဘာသာရေးတက္ကသိုလ်ဖြစ်သည့်အားလျှော်စွာ ဗုဒ္ဓစာပေများလည်းသင်ပေးသည်။
သီတဂူဆရာတော်ကြီးသည် ထိုတက္ကသိုလ်ရောက်ခိုက် ကျောင်းဆရာများနှင့် ကျောင်းသားများကို
ယနေ့ခေတ်သစ်လူ့ဘောင်အဖွဲ့မှာ ဘာသာရေးသည် အလွန်အရေးပါ အရာရောက်ကြောင်း
မိန့်သည်။
ထို့နောက် အီရန်နိုင်ငံ၏ဘာသာရေးတက္ကသိုလ် ပါမောက္ခများက ဆရာတော်ကြီးကို မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာနှင့်ပက်သက်ပြီး အနှစ်ချုပ် မိန့်ကြားရန် လျှောက်ထားကြသည်။
On Dec 31, Sitagu Sayadawgyi visited University of Religions and denominations at the ancient city of Qom, Iran. It is the only university in Iran that teaches all major religions including Buddhism. Sayadawgyi give a lecture to teachers and students of that university on the importance of religion in modern society. Furthermore upon the request of a Buddhist Professor religious University of Iran to give a brief account of Buddhist teaching and Buddhism in Myanmar, Sayadaw briefly elaborated the essence of Buddhist teachings which he emphasized Sila, Samadhi and Panna, finally he went on Buddhism in Myanmar.
ထိုနေ့ ညနေပိုင်းမှာတော့ ထိုတက္ကသိုလ်၏ ဌာနမှူးများ၊ ပါမောက္ခများနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိ သီတဂူဆရာတော်ကြီးတို့သည် တက္ကသိုလ်နှစ်ခု၏ ဆရာ၊ ကျောင်းသားများ အပြန်အလှန် အလဲအလှယ် အစီအစဉ်ကို ဆွေးနွေးကြသည်။ ပါဠိစာပေ ပါမောက္ခများကို အီရန် Ph.D ပါရဂူကျောင်းသားများအား သင်တန်းပေးရန်အတွက် လွတ်ပေးဖို့လည်း လျှောက်ထားကြသည်။ အီရန်ပါမောက္ခဆရာကြီး၏ ပါရှားဘာသာဖြင့် ပြန်ဆိုထားသော ဗုဒ္ဓစာပေစာအုပ်များဖြစ်သော ဣတိဝုတ်စကျမ်းစာနှင့် နောင်ပွင့်တော်မူမည့် အရိမေတ္တေယျအကြောင်း စာအုပ်တို့ကို သီတဂူဆရာတော်ကြီးအား လက်ဆောင်ပေးကြသည်။
ထို့နောက် သီတဂူဆရာတော်ကြီးနှင့် အခြားသော ဘာသာရေးခေါင်းဆောင်အဖွဲ့တို့သည် သဘောတူလက်မှတ်ရေးထိုးကြသည်။
At afternoon secession, Professors, Heads of University of religions and denominations at Qom, Iran, discussed with Sitagu Sayadawgyi the possibilities of Students and Teachers exchange program between Sitagu International Buddhist Academy and University of Religions of Iran. They requested Sayadawgyi to send Pali Professors to train Iranian Ph.D students. After discussing many Books on Buddhism in Persian language are gifted to Sayadawgyi. Among them two books are interesting, one Book is Itivuttaka and the other is about Arimetteya, the future Buddha. They are written in Persian Language by Iranian Professors.
Finally Sitagu Sayadawgyi, other members of the conference, signed statement.
Note/ a detailed statement will be issued soon.
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁-၁-၂၀၁၅
www.thesitagu.org
0 comments:
Post a Comment