သီတဂူစတား

သီတဂူစတား

12 January 2010

သီတဂူဆရာတော်သြ၀ါဒ အပိုင်း(၃)



ပူနေးတက္ကသိုလ် ပါဠိဌာနမှူး ဆရာတော်ကြီးအား ကြိုဆိုနေပုံ



နိဂုံး (conclusion)

နိဂုံးပိုင်းမှာ ဆရာတော်သည် အင်္ဂလိပ်လိုပဲ သက်သက် ပြောသွားပါသည်၊ ဘာသာပြန်နှင့် တွဲဘက်၍ ထည့်ပေးလိုက်ပါသည်၊ အသံဖိုင်သည် တချို့နေရာတွေမှာ မရှင်းပါ၊ သို့ပါ၍ အမှားပါက နားလည် ပေးစေလိုပါသည်။ နောက်တစ်ခု နားလည်ပေးဘို့က မြန်မာဝေါဟာရ မကျွမ်းကျင်သဖြင့် ဘာသာပြန် မချောမွေ့ပါကလည်း နားလည်ပေးစေလိုပါသည်၊ သက်ပုံသက်ညွန်းမှားက ပြင်၍ဖတ်ကြပါရန် မေတ္တာရပ်ပါသည်။

(1)
နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင်၊ မင်းတို့တတွေ လောကကြီးကို သီလနှင့်ပညာ ဟန်ချက်ညီညီနှင့် တိုင်းပြည်ကို အလှဆင်ရမယ်။ ပြီးတော့ မြတ်ဗုဒ္ဓသာသနာတော်မှာ သီလနှင့်ပညာဟန်ချက်ညီညီ Missionary နှင့် Ministry တာဝန် နှစ်ရပ်ကို ထမ်းဆောင်ရမည်။ ( I would like to conclude my speech. You must force the world peace with character and education and must be balance to do to the duty in the Buddha's dispensation Missionary and Ministry).

(2)

အိန္ဒိယနိုင်ငံ တတိယ ဘီစီ (3rd BC) အချိန်တုန်းက အသောကမင်းကြီး (ဓမ္မာသောက) (သီရီဓမ္မာသောက) စတဲ့ အလွန်မြင့်မားတဲ့ ဂုဏ်ထူးဘွဲ့ထူးတွေနှင့် မင်းကြီးသည် အိန္ဒိယအင်ပါယာ တစ်ခုလုံးကို ချုပ်ကိုင်နိုင်ခဲ့သည်။ မင်းကြီးသည် ဓမ္မာသောက သီရိဓ္မာသောက ဆိုတဲ့ ဘွဲ့ထူးမရခင်က သူ၏နာမည်သည် အသောက ဆိုတဲ့နာမည်မျှသာဖြစ်၏။ သူ၏ ဖခမည်တော်ကြီးဆုံးသွားသည့် နောက်ပိုင်းမှာ မင်းကြီးသည် သူ၏ ညီအစ်ကို ၀မ်းကွဲ (ဖအေတူ မအေကွဲ) ၉၉ ယောက်သော မင်းသားများကို သုတ်သင် သတ်ဖျက်လိုက်သည်။ အဲဒီခေတ်အခါက အိန္ဒိယနိုင်ငံကြီးမှာ များစွာသော ပဒေသရာဇ်မင်းတွေရှိခဲ့သည်။ ဒေသ ခရိုင်တစ်ခုမှာ မင်းတစ်ပါးရှိသည်၊ ဒါ့ကြောင့် တိပိဋကကျမ်းစာတွေထဲမှာ ရှစ်သောင်း လေးထောင်သော မင်းများရှိကြောင်း တွေ့နိုင်ပါသည်။ အထူးအားဖြင့် ဝေလာမသုတ်မှာ တွေ့နိုင်ပါသည်။
In India, 3rd BC, King Empire Asoka, Dhammasoka, Siridhammasoka Oh! Very high titles! He banded the whole of the world. Before he became Dhammasoka and Siridhammasoka, his name was very simple just Asoka. When his father was death, he killed his cousin brothers 99. In those days, in India there were Padesa Rajas, countless numbers of Kings about one Desa (district) one King governed it. Therefore, in Tipitakas you have read eighty four thousands Kings in specially Velama Sutta.

(3)
မြန်မာပြည်က ရှမ်းပြည်နယ်လိုပဲ။ ၁၉၆၂၊ မတိုင်မီက ၁၉၅၅ ခုနှစ်လောက်က ရှမ်းပြည်နယ်မှာ မဟာရာဇ (စော်ဖွား)တွေ များစွာရှိခဲ့သည်။ ၁၉၆၃ ခုနှစ်မှာတော့ ဗိုလ်ချုပ်ကြီးနေ၀င်း တက်လာပြီး ပြည်နယ်အားလုံး စုစည်းပြီ တစ်နိုင်ငံတည်း ပေါင်းစည်းခဲ့တယ်။ ထိုနည်းတူစွာ အနော်ရထာမင်း၊ အလောင်းဘုရား၊ ဗိုလ်ချုပ်အောင်ဆန်း တို့သည်လည်း တစ်နိုင်းငံတည်း စုစည်း ပေါင်းစည်းကာ organized လုပ်နိုင်ခဲ့သည်။ ယနေ့ခေတ်မှာလည်း မင်းတို့သိတဲ့အတိုင်းပဲ တချို့လူမျိုးစုတွေက ကိုယ်ပိုင် United ဖြစ်ဘို့ ကြိုးစားနေကြတယ်။ အလားတူပဲ ဘုရင်အသောကသည်လည်း များစွာသော ပဒေသရာဇ်မင်းနှင့် ၉၉ ယောက်သော ၀မ်းကွဲညီအစ်ကိုများကို သုတ်သင်ကာ အိန္ဒိယပြည်ကြီးတခုလုံး ဘုရင့်နိုင်ငံ တစ်နိုင်ငံတည်းဖြစ်အောင် လုပ်နိုင်ခဲ့သည်။ ဒါကြောင့် များစွားသော စာအုပ်တွေမှာ ရက်စက်သော မင်း (စဏ္ဍာသောက)ဟု ဖော်ပြကြသည်။ အာဏာကို အရူးအမူးဖြစ်နေသော စဏ္ဍာသောကသည် ပဒေသရာဇ်မင်း များစွာကို သတ်ဖျက်ကာ ကမ္ဘာမှာ ဘုရင်တစ်ဆူတည်းဖြစ်အောင် ကြိုးစားခဲ့သည်။ ဒါပေမဲ့ သူ့အဖေသည် ဂျိန်းဘာသာဝင်ဖြစ်တဲ့အတွက်ကြောင့် သူသည် ဂျိန်းဘုန်းကြီးတွေကို ကိုးကွယ်နေရတယ်။
It is look like our country Shan State. Before 1962, 1955 General Naywin nationalized everything. He organized to be united. In the same way, King Anorathar, King Alaungbhaya, and General Aung San united all. Now a day, as you know some nations, some races try to unite. In similarly King Empire Asoka tried to kill all of Padesa Rajas and he organized the whole all India to be one Kingdom. Therefore, in many books about King was mentioned as cruel King because he killed many Padesa Rajas, Many Maharajas, Many Sawbhwars, 99 brothers were killed by Asoka due to the power, the craving of power. Later he became Ekaraja. He is only one King the entire world but he worshiped Jaina Monks because his father was Jainism.

(4)
ဒါကြောင့် အသောကမင်သည် အဖရဲ့အမွေကို လက်ခံလာခဲ့တဲ့အတွက်ကြောင့် နေ့စဉ် ဂျိန်းဘုန်းကြီး ခြောက်သော် (၆၀၀၀၀) ကို နေ့လည်စာ လှူနေရတယ်။ ယခုအချိန်မှာတော့ ဂျိန်းဘုန်းတွေ အနည်းငယ်မျှသာ ကျန်တော့သည်။ မင်းတို့ အိန္ဒိယ မလာခင်က ဂျိန်းဘုန်းကြီးတွေကို မြင်းဖူးလား၊ ငါ နှစ်ကြိမ်တောင် မြင်ဖူးတယ်။ မင်းတို့ အိန္ဒိယမှာ ဘာတွေသင်နေတာလဲ၊ မင်းတို့တစ်တွေ စာအုပ်အသေးလေးတွေထဲကပဲ သင်နေကြတာပဲ။ လောကကြီးက မင်းတို့ရဲ့ဆရာပဲ။ နိုင်ငံကြီးတစ်ခုလုံးက မင်းတို့ရဲ့ ဆရာပဲ။ ငါ မင်းတို့ကို အနည်းငယ် တိုက်တွန်းလိုတယ်၊ လောကော သတ္တာန မာစေရော- လောကကြီးဟာ လူသားတွေရဲ့ ဆရာပဲ။ မင်းတို့တတွေက စာအုပ်ထဲကပဲ သင်ယူနေကြတယ်၊ အပြင်ထွက်ပြီးရှာ၊ အပြင်လောကကြီးဟာ မင်းတို့အတွက် စာအုပ်ကြီးပဲ။ ဒါကြောင့် ဂျိန်းဘုန်းကြီးတွေအများကြီးရှိခဲ့တယ် ဒါပေမဲ့ ယနေ့မှာတော့ အနည်းငယ်မျှသာ ကျန်တော့်တယ်။ မြတ်ဗုဒ္ဓလက်ထက်တော်က ဗုဒ္ဓနှင့်ခေတ်ပြိုင် မက္ခလိဂေါသာလ အစရှိသော ဘာသာရေးခေါင်းဆောင် ဆရာကြီး ၆ ယောက် ထင်ရှားခဲ့ဖုးတယ်။ အဲဒီ ၆ ယောက်ထဲက ငါးယောက်သော ဆရာကြီးတွေရဲ့ အတွေးအခေါ်တွေသည် ယနေ့ခေတ်မှာတော့ လုံးဝ ပျောက်သွားပြီ။ ဒါပေမဲ့ တစ်ခုပဲကျန်တော့တယ်။ အိန္ဒိယမှာ ယနေ့ခေတ် နိဂဏ္ဌနာဋပုတ္တ တည်ထောင်ခဲ့သော ဂျိန်းဘာသာတစ်ခုပဲကျန်တော့တယ်။ အိန္ဒိယပြည် အလယ်ပိုင်း အထူးအားဖြင့် တောင်ပိုင်း တောင်တန်းဒေသတွေမှာ တွေ့နိုင်တယ်။ တောင်နာမည်က ၀ိဇ္ဇျာဒေ၀ီ တောင်တန်းဖြစ်တယ် (နာမည်ကို အသံအတိုင်း မှန်းရေးထားသည်)။ မင်းတို့တတွေ သွားကြည့်ချင် ဥဇ္ဇေနီဒေသသို့ သွားသင့်တယ်၊ အသောမင်းကြီးရဲ့ မွေးရပ်မြေပဲ။ ငါနှစ်ကြိမ်တောင်ရောက်ဖူးတယ်၊ ဂျိန်းဘုန်းကြီးများကို တွေ့ဘို့ ဟိုတယ်တစ်ခုမှာ သုံးညလောက်အိပ်ပြီး စောင့်ခဲ့ရတယ်။
Therefore, the acceptance of father's heritage, he every day offered the lunch to the sixty thousand Jain Monks. Now a day, a few Jain Monks remain in India. Have you ever seen them? I have seen two times. HHH! What are you studying in India? You are studying only very small books. The whole world is your teacher. The whole country is your teacher. I just to encourage you "Lokosattana macero" the whole world is the teacher of the man. You are studying only in the books. You have to study outside many books. So Jain Priests or monks are many but now a day. At the time of the Buddha, six religious leaders such as Makkhaligosala etc appeared contemporary of the Buddha. The five views, perception, theories of five religious leaders totally disappeared but only one theory. Nigantthanataputta founded the Jainism. Only his theory exists now a day in India. You can see clergies, Jain Priests, middle of India especially south India mountain regions. What is name of it? Vaidhyadaivi Mountain. If you want to see, you should go to Ujjain (Ujjheni). It is the birth place of Asoka. I met two times. I stayed at one hotel for three nights to search for Jain Monks.

အပိုင်း(၄)ဆက်ပါဦးမည်
သီတဂူစတား
၁၁-၁-၂၀၁၀

10 January 2010

ပြည်ချစ်စိတ်ကလေးပါ


ပူနေးတက္ကသိုလ်ကြီးပုံ

ပြည်ချစ်စိတ်ကလေးပါ

ပြည်ပမှာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံအတွင်းမှာပဲ ဖြစ်ဖြစ် သူများနိုင်ငံနှင့်ယှဉ်ရင် ကိုယ့်နိုင်ငံက သာစေချင်တာ နိုင်စေချင်တာ မြန်မာပြည်သူများတိုင်းရဲ့ ချစ်စရာကောင်းတဲ့ ပြည်ချစ်စိတ်ကလေးပါ။

စီးပွားရေးမှာပဲ ဖြစ်ဖြစ် ပညာရေးဘက်မှာပဲ ဖြစ်ဖြစ် သူများနိုင်ငံကို မသာနိုင်တောင် အမီလိုက်စေချင်တာ ပြည်ချစ်စိတ်ကလေးပါ။ သီတဂူစတားတို့တက်ရောက်သင်ကြားနေသော ပူနေးတက္ကသိုလ်ကြီးသည် နိုင်ငံခြားသားကျောင်းသား အများဆုံးရှိသော တက္ကသိုလ်ကြီးဖြစ်၍ နိုင်ငံခြားကျောင်းသားများစွာနှင့် နေရသည်။ အတူနေရပြီဆိုကထဲက အရာရာတိုင်းကို စိတ်ထဲမှ ကြိတ်ပြီးပြိုင်ကြသည်။ မြန်မာနိုင်ငံကလွဲရင် အများစုနိုင်ငံက ကျောင်းသား ကျောင်းသူတွေသည် လူဝတ်ကြောင်တွေပဲ ဖြစ်ကြသည်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကသည်ပင် ကျောင်းသား ၃၀၀ ကျော် ပူနေးတက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားနေကြသည်။ ရဟန်းတော် ၂၀ ခန့်ပါဝင်သည်။ မြန်မာပြည်မှ အများစုသော ကျောင်းသားများသည် ရဟန်းတော်များသာ ဖြစ်သည်၊ ၂၀ ကျော်ရှိပါသည်၊ လူဝတ်ကြောင် ကျောင်းသားများ အနည်းငယ်မျှသာရှိပါသည်။ ဆိုလိုသည်မှာ မြန်မာကျောင်းသားများသည် သူများထက် ဥာဏ်ပိုကောင်းကြသည်၊ စာလည်းပိုကြိုးစားကြသည်။ ကိုယ်နဲ့ယှဉ်ရင် (ဌာနအတူကို ဆိုလိုပါသည်) ကိုယ့်ဘက်က သာတာများပါသည်။ ဥပမာ- ဒဿနိကဗေဒဌာနမှာ သီတဂူစတားနှင့်အတူ တက်နေသော ထိုင်းကျောင်းသားသည် သီတဂူစတားတို့ မြန်မာကျောင်းသားကို လုံးဝမမီပါ။ သူတို့က သာနေသည်မှာက ငွေရေးကြေးရေးများစွာ သုံးနိုင်ကြခြင်းပင်ဖြစ်သည်။ ထိုင်းနိုင်ငံက ကျောင်းသားတွေသည် ပိုက်ဆံချမ်းသာကြသည်။ အနောက်ဥရောပ တက္ကသိုလ်ကြီးတွေမှာလည်း ထိုင်းနိုင်ငံက ကျောင်းသားများစွာရှိကြသည်။ အိန္ဒိယလိုနိုင်ငံမှာတောင် ထိုင်းကြောင်းသားတွေ များစွာရှိသည်၊ အထူးသဖြင့် ဈေးအရမ်းကြီးသည့်တက္ကသိုလ်တွေမှာပဲ တက်လေ့ရှိကြသည်။ သီတဂူစတားသည် ရဟန်းတော်တပါးဖြစ်၍ ရဟန်းတော်များ အချင်းချင်းကိုပဲ နိုင်ယှဉ်လိုပါသည်။ ထိုင်ငံက ရဟန်းတော်များသည် မြန်မာနိုင်ငံက ပထမကြီးတန်းအဆင့်လောက်တောင် အဆင့်မရှိတဲ့ စာမေးပွဲ(အဆင့်-၉) အောင်သော ရဟန်းတော်များကို ထိုင်းဘုရင်က ထောက်ပံ့သည်၊ ထိုအထောက်အပံ့ဖြင့် ပြည်ပမှာ ကျောင်းတက်နိုင်သည်။ ဘာသာရေးကို အားပေးသည်ဆိုတဲ့ ပြယုတ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက ပူနေးတက္ကသိုလ်၏ ခန်းမဆောင်ကြီးထဲမှာ ထိုင်းနိုင်ငံက ကျောင်းသား ကျောင်းသူတွေ စုစည်းပြီးး ထိုင်းနိုင်ငံ၏ ဘာသာရေးကိုင်းရှိုင်းပုံနှင့် ရိုးရာယဉ်ကျေးမှုများကို သရုပ်ပြသွားသည် အားကျစရာပင်၊ ကိုယ့်ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအတွက် ဂုဏ်ယူမိပါသည်။ ထိုအပွဲအတွက် ထိုင်းသံရုံးက ရူပီး တစ်သိန်း (မြန်မာကျပ် ၂၃ သိန်းခန့်) ထောက်ပံ့သည်၊ ပညာရေးကိုလည်းအားပေးသည့် သဘောပင်။ ထိုင်းသံရုံးက သူ့နိုင်ငံသားတွေကို ဘယ်လိုအကူအညီ ပေးရမလဲဆိုတာကိုပဲ စောင့်ကြည့်နေပုံရသည်လို့ ထင်ရသည်။ အဲဒီလောက်အရာရာ ပြည့်စုံနေတဲ့ ထိုင်းကျောင်းသားတွေ မြန်မာပြည်သား ကျောင်းသားတွေရဲ့ ဥာဏ်ရည်ဥာဏ်သွေးကို မမီနိုင်။ အဲဒီအတွက်လည်း ကြံဖန်ပြီးတော့ ဂုဏ်ယူရသည်၊ ဒါလဲပဲ ပြည်ချစ်စိတ်ကလေးပါ။

ပူနေးအားကစား

၂၀၁၀ ခုနှစ် နှစ်ဦးကာလမှာ ပူနေးတက္ကသိုလ် နိုင်ငံတကာကျောင်းသား အားကစားများထဲတွင် ဘောလုံးပြိုင်ပွဲကို ဇန်န၀ါရီလ ၅ ရက်နေ့က စပြီးကျင်းပလာခဲ့ရာ ယနေ့ ၉ ရက်နေ့တွင် မြန်မာနိုင်ငံ ပူနေးကျောင်းသားများက ဗီယတ်နမ်နိုင်ငံ ပူနေးကျောင်းသားများ အသင်းကို ၄ ဂိုး ၁ ဂိုးဖြင့် အပြတ်အသက်နိုင်ခဲ့သည်၊ ၂ရက်နေ့က အီသီရိုပီးယားနိုင်ငံအသင်းကို အချိန်ပြည့်သော်လည်း တဘက်၁ ဂိုးစီ သရေဖြစ်ရာမှ ပင်နယ်လ်တီး ၄-၃ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဤအားကစားပွဲကို ပူနေးတက္ကသိုလ်အောက်ရှိ စင်ဘို့စ်ကောလိပ် (symbiosiscollege)က တာဝန်ယူကျင်းပေးခဲ့သည်။ ဤကဲ့သို့ မြန်မာပြည်သားများ ပညာတွင်သာ တော်သည်မဟုတ် အာကစားဘက်မှာလည်း တော်နေသည်ကို တွေ့ရသဖြင့် ၀မ်းသာလွန်း၍ ဒီပို့စ်လေးကို တင်လိုက်ရပါသည်။ ဒါလည်းပဲ ပြည်ချစ်စိတ်လေးပါ။
နှစ်ပွဲဆက်တိုက် အနိုင်ရသော ပူနေးမြန်မာကျောင်းသားများအား ဂုဏ်ပြုပါသည်။

ပြည်ချစ်စိတ်ကလေးနှင့်
သီတဂူစတား
၉-၁-၂၀၁၀

08 January 2010

အချိန်မဖြုန်းကြနဲ့



အမျိုးသမီး စွမ်းဆောင်ရှင်(အပိုင်း-၃)


အမျိုးသမီး စွမ်းဆောင်ရှင် ခုဇ္ဇုတ္တရာ


ဥတေနရဲ့ ရွှေနန်းတော်မှာ သာမာဝတီက ပရိသတ်ရေ နေ့နေ့ည ည လျောင်း, ထိုင်, ရပ်, သွား ဣရိယာပုတ် လေးပါးစလုံးမှာ မေတ္တာနဲ့နေတယ်။ အဲဒါကြောင့် မေတ္တာဝိဟာရီနံ - မေတ္တာနဲ့နေကြ ထိုင်ကြကုန်သော။ ဥပါသိကာနံ - ဒကာမအပေါင်းတို့တွင်။ အဂ္ဂံ အဂ္ဂေါ - အမြတ်ဆုံး အတော်ဆုံး အသာဆုံးပဲရယ်လို့။ ဘဂဝါ - ဘုရားရှင်က။ မေတ္တာဝိဟာရီဧတဒဂ္ဂဋ္ဌာနေ - မေတ္တာဝိဟာရီ ဧတဒဂ်ရာထူး၌။ ထပေသိ - ကောင်းစွာမသွေ ချီးမြှောက်တော်မူခဲ့ပါပေသတည်း။
သာဓု သာဓု သာဓုပါဘုရား။

ကမ္ဘာတစ်သိန်းလောက်က တောင်းခဲ့တဲ့ ဒီဆုတောင်း
ပရိသတ်ရေ တွဲဘက်ညီတဲ့ မိန်းမနှစ်ယောက်က သာမာဝတီနှင့် ခုဇ္ဇုတ္တရာ၊ လွန်လေပြီးသော ကမ္ဘာတစ်သိန်း ပဒုမုတ္တရာမြတ်စွာဘုရား လက်ထက်ထဲက သူတို့နှစ်ယောက် ဒီဆုကို တောင်းခဲ့ကြတာ။ အဲဒီဆုတောင်းဟာ ဂေါတမဘုရားလက်ထက်မှာ လာပြီးတော့ပြည့်စုံတယ်။ အဲဒီတော့ ဘယ်လောက်ကြာကြာကြီး သူလေ့ကျင့်ဆည်းပူးခဲ့ရသလဲဆိုရင် ကမ္ဘာတစ်သိန်း ဘယ်လောက်လဲ။
ကမ္ဘာတစ်သိန်းပါဘုရား။

အဲဒါကြောင့် ထူးချွန်တဲ့ ထိပ်တန်းတစ်နေရာရောက်ဖို့ရန်ဆိုတာ ခုလုပ်လို့ ခုတော့ မရောက်ဘူး၊ အကြာကြီးလုပ်ရတယ်၊ ကြာကြာလုပ်ရတာ မှတ်ထား၊ ''စိရကာလဘာဝနာ''တဲ့။ ဘာတဲ့လဲ။
စိရကာလဘာဝနာပါဘုရား။

အဲဒါကြောင့် ထိပ်တန်းထူးချွန်ပြောင်မြောက်တဲ့နေရာတစ်ခုကို ရောက်ချင်ရင် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ သီလရှင်ဖြစ်စေ၊ ဘုန်းကြီးဖြစ်စေ ဘယ်သူဖြစ်ဖြစ်နော် ကြာကြာလုပ်ရတယ်၊ ဟာ အခုလုပ် အခု ရောက်သွားလိမ့်မယ် ဒီလိုမထင်နဲ့။ ထူးချွန်တဲ့ပုဂ္ဂိုလ်တွေရဲ့ ဘဝကိုပြန်ကြည့် အကြာကြီးလုပ်လာမှ ထိပ်သို့ရောတယ်၊ အဲဒါကိုခေါ်တယ် စိရကာလဘာဝနာ၊ နောက်အဲဒီလောက် ကြာညောင်းတဲ့ကာလမှာ မရပ်မနား လုပ်ကြတာတဲ့ ဘယ်လိုလုပ်သလဲ။
မရပ်မနားလုပ်ကြပါတယ်ဘုရား။

သြော်တို့တော့ကွာ အလုပ်တော့လုပ်ပါတယ်၊ အကြာကြီးတော့ လုပ်မှာပါ၊ ဒါပေမယ့် နှစ်ဆယ်လေးနာရီ တစ်ပတ်လည်မှာ (၄၅)မိနစ်လောက် တို့တရားထိုင်ပြီးတော့ ကျန်တဲ့အချိန်တွေ ဒီလိုပဲစားစားသောက်သောက်ပဲ။ ဒီလိုဆိုရင်တော့ မရဘူး။ မြတ်စွာဘုရားရဲ့ ဒုက္ကရစရိယ ခြောက်နှစ်ဆိုတဲ့ ကာလကို ပြန်ပြီး ဗုဒ္ဓဝင်ဖတ်ကြည့်၊ အနားယူနေတဲ့ အပန်းဖြေနေတဲ့နေ့ရက် တစ်ရက်မှမရှိဘူး။

အချိန်ကိုမဖြုန်းပါနဲ့
ခင်ဗျားတို့ ခဏခဏအပန်းဖြေ ခရီးထွက်တယ်၊ ဒီလောက် တိုတောင်းတဲ့ဒီအသက် ဒီကာလကို ဒါအချည်းအနှီး အချိန်ဖြုန်းနေကြတာလို့ ဘုန်းကြီးတို့ ဒီလိုပဲထင်နေတာ။ ဟော အနှစ်တစ်ရာမတိုင်ခင် အကုန်လုံး သေဖို့ အဆင်သင့်ပဲ၊ ရာကျော်မှာ ဒီဘုန်းကြီးတစ်ပါးပဲရှိမယ်၊ လက်မခံနိုင်ရင်လဲ မတတ်နိုင်ဘူး၊ ကိုယ်ကဒါလုပ်ထားတယ်၊ ဟုတ်လား။
အဲဒီတော့ တိုတောင်းတဲ့ ဒီကာလလေးထဲမှာ အိပ်တာရယ် စကားပြောတာရယ် အနားယူတာရယ် အပန်းဖြေတာရယ် အတင်းအဖျင်း ထိုင်ပြောတာရယ်၊ တယ်လီဗီးရှင်းကြည့်တာရယ်၊ ကာတွန်းဖတ်တာရယ်၊ အလဟဿအချိန်တွေ ကုန်တာက ပိုများတယ်။ အကျိုးရှိတဲ့အချိန်က နည်းနည်း လက်ဘက်ရည်ဆိုင်ထိုင်ပြီး အချိန်ဖြုန်းတဲ့ကောင်တွေ အများကြီးဘဲ၊ တိုင်း ပြည်နဲ့လူမျိုးအတွက် ဘာမှအလုပ်မဖြစ်ဘဲနဲ့၊ ဒီလိုဟာတွေ ထမင်းဖြုန်း နေကြတာဆိုရင် သူတို့စိတ်ဆိုးမယ်နော်၊ ထမင်းဖြုန်းတာ။
အဲဒါကို မြတ်စွာဘုရား ဟောထားပြီးသားရှိတယ်၊ မောဃံ သရဋ္ဌ ပိဏ္ဍံ ဘုဉ္ဇတိ၊ တဲ့ ဘုရားဟောပြီးသား။ နောက်မှအဲဒါကို အကျယ်ပြောအုံး မယ်၊ မောဃံ - အချည်းအနှီး။ သရဋ္ဌပိဏ္ဍံ - ကိုယ့်တိုင်းပြည်ထမင်းကို။ ဘုဉ္ဇတိ - စားနေကြတာ။ တိုင်းပြည်ထမင်းကို ဘယ်လိုစား။
အချည်းအနှီးစားနေကြပါတယ်ဘုရား။
အချည်းအနှီး ဘာမှအလုပ်မလုပ်ဘဲနဲ့ တိုင်းပြည်ထမင်းကို စားနေကြတယ်။ လုပ်နေတဲ့လူတွေရဲ့ ထမင်းကို သူတို့ဝေပြီးတော့ လုစားတဲ့သဘော သက်ရောက်တယ်၊ အလုပ်မလုပ်တဲ့လူ၊ ထမင်းစားတာဟာလေ အလုပ်လုပ်တဲ့ လူတွေရဲ့ထမင်းခိုးစားသလို လုစားသလိုဖြစ်တယ်၊ အဲဒါကို မြတ်စွာဘုရား သိတ်အပြစ်တင်တယ်။ အလုပ်မလုပ်တဲ့ပုဂ္ဂိုလ်တွေကို မောဃံ သရဋ္ဌပိဏ္ဍံ ဘုဉ္ဇတိ။ မောဃ - အချည်းအနှီး။ သရဋ္ဌပိဏ္ဍံ - မိမိတိုင်းပြည်ရဲ့ထမင်းတွေကို။ ဘုဉ္ဇတိ - စားနေကြတယ်။

အမျိုးသမီးစွမ်းဆောင်ရှင်(အပိုင်း-၄)မျှော်

07 January 2010

လွတ်လပ်ရေးနေ့ အမှတ်တရများ






သီတဂူဒီပင်္ကရာ စက္ခုဒါနဆေးရုံတော်ကြီး ဖွင့်ပွဲအခန်းအနား ဓာတ်ပုံများ

နတ်မောက်မြို့တွင် ဇန်န၀ါရီလ(၄)ရက်နေ့ (လွတ်လပ်ရေးနေ့)က ဖွင့်လှစ်ခဲ့သော
သီတဂူဒီပင်္ကရာ စက္ခုဒါနဆေးရုံတော်ကြီး ဖြစ်ပါတယ်ဘုရား။

ယခုအခါ ပင်မဆေးကုဆောင်နှင့် လူနာဆောင်တို့ ဆောက်လုပ်ပြီး ဖြစ်ပါသည်ဘုရား။ ရပ်ဝေးမှဆရာဝန်များ ရောက်လာလျင် တည်းခိုးဘို့ရန် နေရာမရှိသေးသောကြောင့် ဆရာတော်ကြီး၏ ဆန္ဒနှင့်အညီ ဧည့်ဆောင်တစ်ဆောင်ကို ဆောက်လုပ် လှူဒါန်းကြပါမည်ဘုရား၊ အဲဒီအလှူအတွက် သီတဂူအောက်မြန်မာပြည်၊ အထက်မြန်မာပြည်နှင့် သီတဂူကျောင်းအမမျာ အဖွဲ့တွေက တစ်ဖွဲ့ကို သိန်း(၅၀)စီ လှူဒါန်းခဲ့ကြပါသည်ဘုရား။
ဒီပင်္ကရာ ဘုန်းတော်ကြီးကျောင်းကို အစွဲပြု၍ သီတဂူဒီပင်္ကရာ စက္ခုဒါနဆေးရုံဟု အမည်တွင်စေပါသည်ဘုရား။
ထို ဒီပင်္ကရာဘုန်းတော်ကြီး ကျောင်းသည် ဟိုးအရင်ခေတ်က ဟိုက်စကူးကျောင်း (High School) ဖြစ်ပါတယ်ဘုရား။ ဗိုလ်ချူပ်အောင်ဆန်း ငယ်စဉ်ကလေးဘ၀က လေးတန်းအထိ နေခဲ့သောကျောင်းလည်း ဖြစ်ပါတယ်ဘုရား။ ဗိုလ်ချူပ်နေခဲ့သော အိမ်နဲ့လဲနီးနီးလေးပါဘုရား။ မမတို့အဖွဲ့ အိမ်ကို သွားကြည့်ကြတော့ ခြံဝန်းတံခါး ပိတ်ထားပါတယ်ဘုရား။ ခြံဝန်းအပြင်ကနေဘဲ ဓါတ်ပုံရိုက်ခဲ့ကြပါတယ်၊ ဆရာတော်ကြီးကတော့ အဲဒီနေ့က အရမ်းကိုပျော်နေတယ်လို့ ညတ၇ားပွဲမှာထည့် ဟောသွားပါသေးတယ်ဘုရား။ မမအမြင်နဲ့အထင်ကို ပြောရရင်တော့ ဆရာတော်က ခုနတ်မောက်ဆေးရုံဖွင့်ပွဲနှင့် ကလေးဆေးရုံဖွင့်၂ခုအနက် နတ်မောက် ဆေးရုံဖွင့်တဲ့နေ့ကို သူကပြိုပီးပီတိဖြစ်နေတဲ့ပုံပဲဘုရား။ လွတ်လပ်ရေးဖခင် ဗိုလ်ချူပ်ရဲ့မွေးရပ်မြေမှာ အခုလို ဆေးရုံကြီတစ်ခု ဖွင့်ပေးနိုင်လို့ထင်ပါတယ်၊ ဆ၇ာတော်ရဲ့ပီတိလေးတွေကို အဝေးရောက်နေတဲ့ မောင်ရဟန်းတော်များအားလုံးကို ကူးစက်ခံစားနိုင်စေရန် မမကမျှဝေပေးလိုက်ခြင်း ဖြစ်ပါတယ်ဘုရား (အမှားပါရင်နားလည် ခွင့်လွှတ်ပေးပါဘုရား) ဝေးတမြေမှ မောင်ရဟန်းတော်များ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပြီး သာသနာ့တာဝန်ကို ထမ်းဆောင်နိုင်ကြပါစေလို့။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။

မှတ်ချက်။ ။ ပေးပို့သူ သီတဂူသာသနာပြုအဖွဲ့အ၀င် သီတဂူအစ်မတစ်ယောက်က ပို့ပေးခြင်းဖြစ်ပါတယ်။

သီတဂူစတား
၇-၁-၂၀၁၀

05 January 2010

စီဘောက်မှ မေးခွန်း

စီဘောက်မှ မေးလာသော မောညို မေးခွန်း
5 Jan 10, 00:45

မောညို: အရှင်ဘုရား ကမ္ဘာနိုင်ငံ အသီးသီးမှာ ရှိသော ရဟန်းတော်များသည် အဘယ့်ကြောင် သင်္ကန်းရုံတာ ကွဲပြားသလဲဆိုတာ တပည့်တော် သိချင်ပါတယ်ဘုရား။ တရုတ်ရဟန်းတော်များ ယိုးဒယား ရဟန်းတော်များ သင်္ကန်းရုံပုံ နှင့် မြန်မာရဟန်းတော်များ သင်္ကန်းရုံပုံ မတူညီ၍ လျှောက်တင် ရခြင်း ဖြစ်ပါသည်ဘုရား တခြားဘာသာဝင်တွေ မေးသောအခါ ဘယ်လိုဖြေရမှန်း မသိလို့ မေးခြင်းဖြစ်ပါသည် အရှင်ဘုရား ။

သီတဂူစတား အဖြေး မောညိုရဲ့ မေးခွန်းကလည်း သိသင့်သိထိုက်တဲ့ အချက်ပါပဲ။ ဒကာ မောင်ညို အနေနှင့် ပထမဆုံး ဗုဒ္ဓဘာသာသည် ဘုရားပရိနိဗ္ဗာန်စံပြီး မကြာမီမှာပဲ၊ အယူဒါဒ အသစ်အဆန်းတွေကို တည်ထွင်တဲ့ ဂိုဏ်းကြီးပေါ်ပေါက်လာသောကြောင့် အရှင်မဟာမထေရ် အမှူးပြုသော ရဟန္တာ အရှင်များက မထမသင်္ဂါယနာပွဲကြီး ကျင်းပခဲ့တယ်။ ထိုအချိန်ကစပြီး ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး အယူဝါဒများ ကွဲပြားလာခဲ့တယ်ဆိုတာ သိဘို့လိုပါတယ်။ ယနေ့တော့ ထေရ၀ါဒဂိုဏ်းနှင့် မဟာယာနာဂိုဏ်းဆိုပြီး အဓိက ဂိုဏ်း၂ ခုကွဲပြားနေပါတယ်။ အကျယ်မပြောလိုပါ၊ အကျဉ်းလောက်သိရင် လုံလောက်မည်ထင်ပါတယ်။ ခံယူချက်ခြင်းမတူသောကြောင့် ကွဲပြားသည်ဟုမှတ်ပါ။ ထေရ၀ါဒဂိုဏ်းဆိုတာ ပထမသင်္ဂါယနာ ဦးစီးခဲ့သော အရှင်မဟာကဿပ အမှူးရှိသော ရဟန္တာမထေရ်မြတ်တို့၏ သြ၀ါဒကို ခံယူကာ ၁။ ဘုရားဟောဝါဒများကို နုတ်ပယ်ခြင်းလည်းမပြု၊ ၂။ အယူအဆအသစ်တွေကိုလည်း ထပ်မံထည့်ခြင်းမပြု၊ ၃။ ဘုရားဟောအတိုင်း ကျင့်ကြ လိုက်နာခံယူကြ ဟူသော မူသုံးချက်ကို လက်ခံထားသော ၀ါဒဖြစ်၍ ထေရ၀ါဒဟုခေါ်သည်။ မဟာယာနဂိုဏ်းဆိုတာကတော့ အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုကြသည်။ လိုရင်းကတော့ ဘုရားဟောထားသော မူရင်းဓမ္မအပြင် နောက်တိုးဝါဒသစ်တွေ တည်ထွင်ပြီး ၀ါဒအသစ်များထည့်သည့်ဂိုဏ်းဟူ၍ မှတ်ထားလိုက်ပါ။

အ၀တ်အစားကွဲပြား
အ၀တ်အစားနှင့်ပတ်သက်ပြီး ဘုရားပညတ်တော် သေခိယနှင့် စူဠ၀ါ၊ ၀ိနည်းမဟာဝါတို့တွင်လေ့လာပါက တွေ့နိုင်ပါသည်။ ရဟန်းတော်များအတွက် အ၀တ်အစားချုပ်ပုံကို ၀ိနည်းမဟာဝါတွင်လေ့လာပါ၊ အ၀တ်အစားဝတ်ပုံကိုတော့ သေခိယတွင်လေ့လာပါ။ အ၀တ်၏ အရောင်ကိုလည်း ပိန္နဲရောင်ရှိရမည်ဟု သိထားပါသည်။ လည်ပင်းနှင့်လက်ကောက်ဝတ်တို့ကို လုံခြုံအောင် ဖုံးပြီးဝတ်ရမည်ဟုဆိုသည်။ ဤကား ထေရ၀ါဒလက်ခံကျင့်သုံးသော အ၀တ်အစားနှင့် ၀တ်ပုံတို့ဖြစ်ပါသည်။ ထေရ၀ါဒထဲသည်ပင် အနည်းငယ်သော အယူအဆကွဲပြားမှုတွေရှိပါသေးသည်၊ မပြလိုတော့ပါ။ ထေရ၀ါဒဗုဒ္ဓဘာသာသည်ပင် အ၀တ်အစားနှင့် အရောင်ကွဲပြားမှုတွေရှိနေတာကတော့ နေရာဒေသ၊ ရာသီဥတုနှင့် ရိုးရာယဉ်ကျေးမှုတို့ကြောင့် ကွဲပြားလာသည်ဟူ၍ မှတ်ထားပါသည်။ မဟာယာန အ၀တ်အစားအကြောင်းကိုတော့ သီတဂူစတား ကောင်းကောင်းမသိပါ၊ သို့သော် ရာသီဥတု၊ ဒေသ၊ ယဉ်ကျေးမှုနှင့် အတွေးခေါ်ကွဲပြားမှုတို့ကြောင့် ကွဲပြားသွားသည်ဟု မှတ်ထားပါသည်။ ဒကာမောညိုအနေနဲ့ သီတဂူစတားရဲ့အဖြေတွေကို ကြိုက်က လက်ခံနိုင်ပါသည်၊ မကြိုက်က ပယ်နိုင်ပါသည်၊ အားမရသေးက အခြားတက်သိနားလည်သော အရှင်မြတ်များကို မေးနိုင်ပါသည်။


သီတဂူစတား
၅-၁-၂၀၁၀

04 January 2010

ရွှေထက် တံဘိုးကြီးသောအရာများ



လက်ပစ်ဗုံးးများမဟုတ်ပါ

ရွှေထက် တံဘိုးကြီးသော အရာများသာ

ဒီကနေ့ နံက်စောစော ပူနေးကျောင်းသား အချို့ ဒီဇင်ဘာကျောင်းပိတ်ရာသီမှာ ဘုရားပွင့်ရာ ဗုဒ္ဓဂယာမြေမြတ်မဟာ ဆီသို့ ကြွမြန်းတော်မူကြရာမှ ပြန်လည်ရောက်လာကြ၏။ ထိုမြေမြတ်မဟာဝယ် မြန်မာရဟန်းတော်များ အဖွဲ့ကြီး၏ နှစ်လည် ညီလာခံတက်ရောက်ရန်နှင့် ဖွား ပွင့် ဟော စံ သံဝေဇနိယ လေးဌာန လှည့်လည် လေ့လာရန်အတွက် ကြွရောက်တော်မူကြခြင်းဖြစ်သည်။ ဒီနှစ်မှာတော့ သီတဂူစတား အလုပ်များနေသဖြင့် မတက်ရောက်နိုင်ခဲ့။ သို့သော်လည်း စိတ်ကတော့ အမြဲရောက်နေပါသည်။ ခရီးကလည်း အရမ်းဝေးလှပါသည်၊ ပူနေး (သို့) ဘုံဘေကနေ ဗုဒ္ဓဂယာ (သို့) ဗာရာဏသီသို့ ရောက်ဘို့ရန် ရထားစီးရသည့် ဒုက္ခက မသေးလှပေ။ လမ်းခရီးမှာ ရထားပေါ်မှာပဲ ၂ ညအိပ်ရသည်။ ပိုဆိုးသည်ကား အိန္ဒိယပြည်ကြီးသည် လူဦးရေးများပြားလာသည့်အားလျော်စွာ ရထားတိုင်း အတွဲတိုင်းမှာလည်း လူတွေနှင့်ပြည့်ညပ်နေသည်၊ ခါးပိုက်နှိပ်ကလည်း စိုးရိမ်ရသေးသည်။ သီတဂူစတားတောင် မနှစ်က ပိုက်ဆံအိပ် နှိပ်ခံရတာလား ဒါမှမဟုတ် ပြုတ်ကျနေတာလား မသိ၊ ဗုဒ္ဓဂယာရောက်မှ ပိုက်ဆံအိပ် အိပ်ထဲပါမလာတာကို သိလိုက်ရသည်။ သီတဂူစတားတို့ နေသော ပူနေးမြို့သည် မြန်မာပြည်နှင့် အလှမ်းဝေးနေသည်၊ မြန်မာပြည်က ပြည်သူတွေ ရောက်ဘို့မလွယ်ကူပေ။ အများစုသော မြန်မာပြည်သူတွေသည် ဗုဒ္ဓဂယာ၊ ဗာရာဏသီနှင့် နာလန္ဒ ဆိုဒ်များဆီသို့သာ ရောက်ကြသည့်အတွက် ထိုဒေသရှိ မြန်မာရဟန်းတော်များမှာ မြန်မာအစားအစာများဖြစ်သော ငပိ၊ ငါးခြောက်၊ ပုဇွန်ခြောက်၊ လဘက်ခြောက်၊ ကော်ဖီမစ်ထုတ်များနှင့် ပြည့်စုံလျက်ရှိကြသည်။

ရွှေထက်တံဘိုးကြီးတယ်ဟေ့

သီတဂူစတားတို့ နောင်တော်ကြီး ဦးပညောက ဗာရာဏသီကနေ သီတဂူစတားထံ တယ်လီဖုန်းဖြင့် ၀မ်းမြောက်ဝမ်းသာ သတင်းကောင်းပို့သည်၊ မောင်ကောဝိဒရေ-ရွှေထက်တံဘိုးရှိတဲ့ ပစ္စည်းတွေ ရလာတယ်၊ တပည့်တော်တို့ အရှင်တို့အားလုံးအတွက် သယ်ယူခဲ့မည်ဟု အားရပါးရကို ပြောပါသည်။ မှန်ပါသည်၊ သီတဂူစတားတို့ ပူနေးမြို့သည် မြန်မာအစားအစာနှင့် ကင်းနေကြသည်မှာ နှစ်နှင့်ချီနေပြီဖြစ်၍ ငပိ ငါးခြောက် စတာတွေဟာ ပူနေးကျောင်းသားတွေအတွက် ရွှေထက်တံဘိုးကြီးပါတယ်။ ဗာရာဏသီ၊ နာလန္ဒ၊ သာဝတ္ထိ၊ လုမ္ဗိနီ နှင့် ဗုဒ္ဓဂယာမှ သီတင်းသုံးဖော်တွေ လှူလိုက်ကြသည့် ငပိ၊ ငါးခြောက်၊ ပုဇွန်ခြောက်၊ လဘက်ခြောက်၊ အစိုနှင့် ကော်ဖီမစ်ထုပ်များကို ပူနေးကျောင်းအားလုံးကို ဝေငှလှူဒါန်းလိုက်ပါသည်။ ထိုဒေသရှိ သီတင်းသုံးဖော်များအား ပူနေးကျောင်းသားများက အထူးပဲ ကျေးဇူးတင်ရှိနေပါသည်။ ပိုလို့ကျေးဇူးတင်စရာတစ်ခု ရှိပါသေးသည်၊ ဒီနှစ်ကျောင်းသားအဖွဲ့က ပြည်တွင်းပြည်ပမှ လှူဒါန်းသော အလှူငွေများကို ၃၀၀ ကျော်သောကျောင်းသားများအား ဝေပုံကျ ခွဲဝေလှူဒါန်းရာ တပါးလျင် ဒေါ်လာ ၅၀ စီရရှိကြသည်။ သီတဂူစတားတို့ တက်ရောက်နေသော ပူနေးတက္ကသိုလ်၏ ကျောင်းဝင်ကြေး၊ စားစရိတ်၊ နေစရိတ်စသော ကြေးတွေက အလွန်မြင့်မားပါသည်။ ထို အမေရိကန် ဒေါ်လာ ၅၀ သည်လည်း လောလောဆယ်မှာတော့ သီတဂူစတားတို့ ပူနေးကျောင်းသားများအတွက် ရွှေထက် တံဘိုးကြီးသည်ဟု ဆိုရမည်ပင်။ ထိုအတွက်လည်း အလှူရှင်အားလုံးအား ကျောင်းသားများ ကိုယ်စား အထူးကျေးဇူးတင်နေပါသည်။ ဒီလောက်များပြားလှတဲ့ ပစ္စည်းတွေ သယ်ဆောင်လာကြတဲ့ အရှင်မြတ်များအားလည်း အထူးကျေးဇူးတင်ပါသည်။

သီတဂူစတား
၎-၁-၂၀၁၀

ဗုဒ္ဓဘာသိဘာသာ



ဤဓာတ်ပုံသည် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် ၂၀၀၉ နှစ်ဦးပိုင်းက ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ်များ ညီလာခံကျင်းပနေပုံ ဖြစ်ပါသည်။ ရည်ရွယ်ချက်က ဗုဒ္ဓစာပေများ ပြည်သူပြည်သားတွေဆီ ဘယ်လိုရောက်နိုင်မလဲ စသည့်ပညာရေးစနစ်များ အပါအ၀င် ကမ္ဘာက အလေးအမြတ်ထားသည့် ဘာသာတရားဖြစ်ဘို့နှင့် ငြိမ်းချမ်းရေးအတွက် ရည်ရွယ်သည်။


ဗုဒ္ဓဘာသိဘာသာ

ခေါင်းစဉ်ကြည့်ပြီး တစ်မျိုးတော့ မထင်လိုက်ပါနဲ့။ ဒါက ဘာသာရေးနဲ့ပတ်သက်ပြီး မေးတဲ့အခါတိုင်း မရတဲ့အခါ ဆရာပြောလေ့ရှိတဲ့ စကားလေးတစ်ခွန်းပါ။ ‘နင်တို့ဟာလေ ဗုဒ္ဓဘာသာ မဟုတ်ဘူး။ ဗုဒ္ဓဘာသိဘာသာတွေတဲ့ အမြဲတမ်း ဆရာကဆူပါတယ်။ တပည့်တွေကလည်း ထူပါတယ်။ နောက်ပြီး တပည့်တွေကို တော်လွန်းလို့ ‘ဧတဒဂ်’ ပေးထားပါသေးတယ်။ ဘာမေးမေး မဖြေနိုင်တဲ့အရာမှာ
‘ဧတဒဂ်’တဲ့။ ကောင်းရော။ ဆရာပြောသလိုပါပဲ ဗုဒ္ဓဘာသိဘာသာတွေ (ကိုယ်အပါအဝင်ပေါ့လေ) ကများနေတော့ အင်း…..နောက်မျိုးဆက်သစ်လေးတွေကျ ဘယ်လိုနေပါ့လို့ စုံစမ်းကြည့်ပါတယ်။
‘မင်းတို့ကိုးကွယ်တာ ဘယ်ဘာသာလဲ’ ‘ဗုဒ္ဓဘာသာ’
‘ဗုဒ္ဓဘာသာ ဘယ်နှစ်မျိုးရှိလဲ’‘…………………’
‘ပိဋကတ်ဘယ်နှစ်ပုံရှိလဲ’ ‘………………’‘
ဂုဏ်တော်ကိုးပါးကို ရေ(တွက်) ပြစမ်းပါ’ ‘………………..’

‘ဟိုလေ ကိုးရီးယားလို နူတ်ဆက်တာလေ ဘာတဲ့’ ‘အညာဆေရို’ (မိန်းကလေးများ ဖြေကြသည်)
‘ဟိုကွာ မန်ယူက တိုက်စစ်မှုးကွာ နာမည်မေ့နေလို့’ ‘ ရူနီ’ (ယောင်္ကျားလေးများ ဖြေကြသည်) ဟုတ်ကဲ့။ အဲဒါအမှန်တကယ်ပါ။
အဲဒီတော့ ကိုယ်ကလည်း သူတို့ကို ပြောလိုက်ပါတယ် ‘နင်တို့ဟာလေ ဗုဒ္ဓဘာသာတွေ မဟုတ်ဘူး ဗုဒ္ဓချာတိချာတာ တွေလို့’ (ဟင်း…ဘယ်ရမလဲ) တခါတလေတော့လဲ စဉ်းစားမိပါတယ်။ ကလေးတွေက ဘာဖြစ်လို့ ဘာသာတရားအပေါ်မှာ စိတ်ဝင်စားမှု မရှိတာလဲလို့။ အကြောင်းတွေက အများကြီးရှိနိုင်ပါတယ်။

အဲဒီထဲက တစ်ခုက ဘာသာတရားနဲ့ အထိအတွေ့ မရှိတာ၊ နည်းတာတွေကြောင့်ပါပဲ။ ဗုဒ္ဓဘာသာဝင်တွေပဲ ဘာသာရေးနဲ့ အထိအတွေ့မရှိဘူးဆိုတာ မဖြစ်နိုင်ပါဘူးလို့ သံသယမရှိကြပါနဲ့။ ဗုဒ္ဓဘာသာဝင်ဆိုတိုင်း ဘာသာတရားနဲ့ နီးစပ်မှုမရှိကြပါဘူး။
တခြားစီပါ။ ကလေးတွေက သူတို့နဲ့ အထိအတွေ့များတဲ့ အရာတွေကိုသာသိပြီး အဲဒီအပေါ်မှာပဲ စိတ်ဝင်စားမှုရှိကြတာပါ။ အဲဒီအပေါ်မှာ တာဝန်အရှိဆုံးသူတွေက မိဘတွေပါ။ ဒုတိယက ဆရာတွေလို့ပြောနိုင်ပါတယ်။ မိဘတွေက အထိအတွေ့များအောင်
လုပ်မပေးတော့ ကလေးတွေကလည်း ဘာသာရေးနဲ့ ရင်းနှီးမှုမရှိ၊ မရှိတော့ စိတ်မဝင်စားတော့တာပေါ့။ စိတ်ဝင်စားမှုမရှိတော့မသိ၊ မသိတော့ ဗုဒ္ဓဘာသိဘာသာတို့၊ ဗုဒ္ဓချာတိချာတာတို့ ဖြစ်ကုန်ရော။ အခုခေတ် မိဘတော်တော်များများက ကိုယ့်သားသမီး ‘သြကာသကန်တော့ချိုး’ မရတာကို စိတ်မပူကြပါဘူး။ အတန်းထဲမှာ အဆင့်မကောင်းမှာ ဆုမယူရမှာတွေကိုပဲ ပိုပြီးစိတ်ပူကြတာပါ။ ဝမ်းနည်းစရာပါပဲ။ ပညာတတ်လူတန်းစားဆိုတဲ့ မိဘတွေကိုယ်တိုင်က အဲလိုဖြစ်နေကြတာ အံ့သြစရာမကောင်းဘူးလား။ ကိုယ့်သားသမီး ညအိပ်ရာဝင်ခါနီး ဘုရားရှိခိုးရဲ့လားလို့ စောင့်ကြည့်ပြောဆိုမဲ့ မိဘမျိုးရှားပေမယ့် စာကျက်၊မကျက် အနားကနေ ငိုက်ပြီး ငုတ်တုတ်ထိုင်စောင့်တဲ့ မိဘတွေတပုံကြီးပါပဲ။ တစ်ချို့လည်း တော်တော်လေးလုပ်ပေးတဲ့ မိဘတွေတွေ့ဖူးပါတယ်။

တရားစခန်းတွေမှာ မိဘတွေနဲ့အတူပါလာတဲ့ ကလေးတစ်ချို့ဆိုရင် ၉-နှစ်၊ ၁၀-နှစ်လောက် ကလေးတွေပါ။ ဒီ ၉-နှစ်၊ ၁၀-နှစ် ကလေးက တရားထိုင်လို့ဘာသိမှာလဲလို့ ကတ်မပြောပါနဲ့။ တရားစခန်းတွေဆိုတာ နိဗ္ဗာန်ရဖို့ အဓိကနည်းပေးလမ်းပြတဲ့ နေရာဖြစ်သလို ဘဝမှာအရေးပါတဲ့ နေထိုင်နည်း၊ စားသောက်နည်း၊ ပြောဆိုနည်း၊ စိတ်နေစိတ်ထားတွေကိုပါ ပြုပြင်ပေးတဲ့နေရာပါ။ အဲလိုမိဘများကြတော့လည်း သားသမီးကို ပြုစုပျိုးထောင်တဲ့နေရာမှာ တော်လိုက်တာလို့
မှတ်ချက်ချမိပါတယ်။ သူတို့ကိုယ်တိုင်က ဗုဒ္ဓဘာသာဆိုတော့ သားသမီးကိုလည်း ဗုဒ္ဓဘာသာဖြစ်အောင် ပြုစုပျိုးထောင်နိုင်တာပေါ့။ မိဘကိုယ်တိုင်က ဗုဒ္ဓချာတိချာတာဆိုရင် သားသမီးကလည်း ဗုဒ္ဓချာတိချာတာ ဖြစ်မှာပဲ။

မိဘတွေဆိုတာ ကိုယ့်သားသမီးကို ကိုယ့်ထက်တော်စေချင် တတ်စေချင်ကြတာချည်းပါပဲ။ ဒါပေမယ့် တစ်ချို့ကိစ္စတွေမှာ လမ်းလွဲနေတယ် ထင်တာပဲ။ လူတော်လေးတွေတော့ ဖြစ်ပါရဲ့ လူကောင်းလေးတွေမဟုတ်ရင် ဘယ်လိုလုပ်ကြမလဲ။ စိတ်အခြေခံကောင်းတွေဆိုတာ ဘာသာတရားအပေါ်မှာ အခြေခံပြီးရလာတာကိုတော့ ဘယ်သူမှငြင်းနိုင်မယ် မထင်ပါဘူး။ ကဲ…ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ။

မြတ်စု
၂၉-၁၂-၂၀၀၉




သီတဂူစတားအကြံပြု

ဟုတ်ပါတယ် ဗုဒ္ဓဘာသာဝင်တွေဆိုပေမဲ့ ဗုဒ္ဓဘာသာနှင့် ဝေးနေသူတွေ အများကြီးပါ၊ ဘွဲ့ရပြီးကျောင်းသားများသည်ပင် ဗုဒ္ဓဘာသာအကြောင်းကို ကောင်းကောင်း မပြောနိုင်ကြပါဘူး။ အခြေခံအကြောင်းတွေကတော့ မမြတ်စုပြောသလို မိဘတွေရဲ့အားပေးမှုပေါ်မှာ မူတည်တယ်ဆိုတာလဲ အကြောင်းတစ်ရပ်ပါ။ အကြောင်းတစ်ခုကတော့ ပညာရေးစနစ်ပါပဲ၊ အတန်းကျောင်းတွေမှာ ဘာသာရေးနှင့်ပတ်သက်တဲ့ ပြထာန်းစာမျိုးမပါခြင်းကလည်း အကြောင်းတစ်ရက်ပါ။ သီရိလင်္ကာနိုင်ငံက ကျောင်းသား ကျောင်းသူလေးတွေသည်၊ အင်္ဂလိပ်စာတော်ရုံတင်မဟုတ်ပါဘူး ဘာသာရေးဘက်ဆိုင်ရာ အသိပညာတွေကလည်း တော်နေကြပါတယ်။ နိုင်ငံတော်၏ မူလတန်း အလည်တန်း အထက်တန်းကျောင်းတို့၌ ဗုဒ္ဓဘာသာအကြောင်းအရာများကို မဖြစ်မနေသင်ကြရပါသည်။ အလုပ်လျှောက်သည့်အခါမှာလည်း ဗုဒ္ဓဘာသာနှင့်ပတ်သက်သည့်စာမေးပွဲ အောင်လက်မှတ် ပါသူကိုသာ ဦးစားပေးခန့်ကြပါသည်။ တနင်္ဂနွေနေ့တိုင်း ဗုဒ္ဓဘာသာသင်တန်း မဖြစ်မနေတက်ကြရပါသည်၊ ထိုသင်တန်းကျောင်းကို ဆန်းဒေးစကူးလ် (Sunday School) ဟုခေါ်၏။ (အရှင်ဒေ၀ိန္ဒာဘိဝံသ၏ ဆန်းဒေစကူးတွင် ဖော်ပြပြီး) အလွန်ထိရောက်သည့် နည်းဖြစ်ပါသည်။ သီရိလင်္ကာအစိုးရ၏ ဘာသာရေးအပေါ် အလေးထားသည့် သဘောပင် ဖြစ်သည်။ ဘုန်းတော်ကြီးပညာရေးဘက်မှာတော့ မြန်မာရဟန်းတော်များကို မီတဲ့နိုင်ငံ မရှိသေးသည့်ဆိုသော အချက်ကိုတော့ ဗုဒ္ဓဘာသာတိုင်းပြည်တိုင်းက လက်ခံကြသည်။ မြန်မာရဟန်းတော်များသည် ဗုဒ္ဓစာပေနှင့်ပတ်သက်လာလျင် မြန်မာနိုင်ငံအတွက် ဂုဏ်ထူးဆောင်နေသလို ထေရ၀ါဒဗုဒ္ဓဘာသာအတွက် ရှေ့တန်းက ဦးဆောင်နေခြင်းကိုလည် အသိအမှတ်ပြုကြသည်။ မြန်မာနိုင်ငံရဲ့ ထူးခြားသည့်ဂုဏ်ထူးနှင့် ပတ်သက်လာလျင်လည်း ဗုဒ္ဓဘာသာရဟန်းတော်များ၏ ပရိယတ် ပဋိပတ်အလုပ်နှင့် လူမှုရေးလုပ်ငန်းများကို ညွန်ပြရပါလိမ့်မည်ဟု ထင်မိပါသည်။ မြန်မာ့ယဉ်ကျေးမှုနှင့် ဓလေ့ထုံတမ်း အစဉ်အလာများသည် မြတ်ဗုဒ္ဓ၏အဆုံးအမများကို လုံးဝအခြေခံထားသည်ကိုတွေ့နိုင်ပါသည်။ ထိုမြတ်ဗုဒ္ဓ၏ဓမ္မသည်လည်း ရဟန်းတော်များ၏ လက်ဆင့်ကမ်း သယ်ဆောင်လာခြင်းကြောင့်သာဖြစ်ပါသည်။ ရဟန်းတော်များ၏ အခန်းကဏ္ဍကိုဖယ်လိုက်ပါက ဘာမှထူးခြားတာမရှိနိုင်ပေ။ ထို့ကြောင့် မိဘများကလည်း နောင်မျိုးဆက်သစ်လူငယ်တွေ ဘုန်းတော်ကြီးကျောင်းတွေနှင့် နီးစပ်လာအောင် ဗုဒ္ဓစာပေများစိတ်ဝင်စားလာအောင် ကျိုးစားဘို့လိုသလို ပညာရေးအခန်းကဏ္ဌမှာလည်း ဗုဒ္ဓစာပေများ ထည့်သွင်းပြထာန်းသင့်ကြောင်း မမြတ်စုရဲ့ ဆောင်းပါးကို အတည်ပြုကာ ထည့်လောင်း အကြံပြုလိုက်ပါသည်။

သီတဂူစတား
၎-၁-၂၀၁၀

02 January 2010

ဘွဲ့နှင်းသဘင် (ပူနေး) အပိုင်း-၂




ဘွဲ့နှင်းသဘင်ခန်းမ၏ ၀န်းကျင်တွင် ကျောင်းသားများဖြင့် စည်ကားနေ

ဘွဲ့နှင်းသဘင်ခန်းမသည် မြန်မာနိုင်ငံကဲ့သို့ တခမ်းတနား တည်ဆောက်ထားခြင်းမရှိဘဲ ဘွဲ့နှင်သဘင်ကျင်းပခါနီးကျမှ ယာယီမဏ္ဍပ်ကြီးကို တခမ်းးတနား ပြင်ဆင်ပါသည်။ တက္ကလိုလ်ကြီးသည်လည်း မြန်မာနိုင်ငံကဲ့သို့ အဝေးကကြည့်လျင် တက္ကသိုလ်မှန်း မသိသာပေ တက္ကသိုလ်ဝန်းကြီးအတွင်း ၀င်ပြီး ဌာနအသီးသီးကို လှည့်ပတ်ကြည့်မှ မြင်နိုင်ပါသည်။ ဧက ၄၀၀ ကျော် ကျယ်ဝန်းရှိပါသည်။ သစ်တောများဖြင့် အုပ်စိုင်းနေသည်။ တက္ကသိုလ်ကြီးကို သီတဂူစတား တက်ရောက် သင်ကြားနေသော ဒဿနိကဗေဒဌာန (Philosophy)ကဲ့သို့သော ဌာနပေါင်း ၄၁ ခုတို့ဖြင့်ဖွဲ့စည်းထားသည်။ ဌာနတိုင်း၏အတွင်းပြင်ဆင်မှုတို့၌ကား တက္ကသိုလ်အင်္ဂါရပ်များဖြင့် ညီပါသည်။ ခေတ်မီပစ္စည်းများဖြင့် တပ်ဆင်ထားပါသည်။ ထိုတက္ကသိုလ်ကြီး၏အောက်၌ ကောလိပ်ပေါင်း ၈၃ ခုတို့ဖြင့် ဆက်နွယ်ထားသည်။ ပူနေးတက္ကသိုလ်ကြီးတွင် နိုင်ငံပေါင်း ၄၀ ကျော်က ၁၀၀၀၀ (တစ်သောင်းကျော်)သော ကျောင်းသား ကျောင်းသူများ ဌာနအသီးသီးတို့၌ ပညာသင်နေကြောင်းသိရပါသည်။ နောက်မှ ပူနေးတက္ကသိုလ်အကြောင်း ဖော်ပြပါဦးမည်။

သီတဂူစတား
၂-၁-၂၀၁၀

ဘွဲ့နှင်းသဘင် (ပူနေး) အပိုင်း-၁






ပူနေးတက္ကသိုလ်၏ ဒုတိယဥက္ကဋ္ဌ၊ ဒါရိုက်တာ၊ ပါမောက္ခများနှင့် ဘွဲ့ရကျောင်းသားများ ပုံများ


ယခုနှစ် ၂၀၁၀ ခုနှစ် ဇန်န၀ါရီလ ၂-၃ ရက် နှစ်ရက်ဆက်တိုက် ပူနေးတက္ကသိုလ်က ၂၀၀၈-၂၀၀၉ ခုနှစ် ပညာသင်နှစ်တွင် ဘွဲ့ကြို(ဘီအေ စသည်)၊ ဘွဲ့လွန် (အမ်အေ စသည်) ဒေါက်တာဘွဲ့ (Ph.D) စသောဘွဲ့များ အသီးသီးရရှိသော ကျောင်းသားများကို တက္ကသိုလ်ကြီး၏ vice chancellor, professor, စသော ပညာရေးအရာရှိများက ဘွဲ့ပုံလက်မှတ်များ နှင်းအပ်သည်။

ဘွဲ့ခံကျောင်းသား ၅၀၀၀၀ (ငါးသောင်း)အနဲ့ ၂၀၀၀၀ (နှစ်သောင်း)သာ တက်ရောက်ယူကြောင်း သိရသည်။

မှတ်ချက်။ ။ ဆေးကျောင်းသား၊ အင်ဂျီနီယာစသော သိပ္ပံဆိုင်ရာ ဘွဲ့များကိုလည်း ဤတက္ကသိုလ်ကြီးကပဲ ပေးပါသည်။


သီတဂူစတား
၂-၁-၂၀၁၀

01 January 2010

သီတဂူဆရာတော်သြ၀ါဒ အပိုင်း(၂)




သီတဂူဆရာတော်နှင့်
ပူနေးကျောင်းသားများ

သာသနာပြုနည်း (Missionary technique)


တစ်ခါ ကိုယ်လုံးကျွတ်ပြီး အရူးဖြစ်နေတဲ့ မိန်းမတစ်ယောက် ဗုဒ္ဓကခေါ်ပြီး သာသနာမှာ စောင့်ရှောက်ထားလိုက်တယ်၊ (ပဋာစာရီ)။ အမှိုက်ပုံကောက်စားနေတဲ့ ကလေးတစ်ယောက်ကို မြင်တော့ ဗုဒ္ဓက ဒီကလေး စောင့်ရှောက်ရမည်၊ အမှိုက်ပုံနား ဘုရားမသွားဘဲ အရှင်သာရိပုတ်မထေရ်ကို လွတ်လိုက်တယ်၊ အရှင်သာရိပုတ်မထေရ်က what are you looking for? ဟုမေးလိုက်တဲ့အခါ ကလေးက I am searching for some food here. အမိုက်ပုံးမှာ ကောက်စားနေတဲ့သူတွေဆိုတာ ဟိုတုန်းကလဲရှိတယ်၊ အခုလဲရှိနေတယ်၊ အများကြီးပဲ၊ အဲဒါတွေကို မင်းတို့ ဘာလုပ်ပေးမလဲ။

အဲဒီတော့ သာရိပုတ္တရာက ငါ့သပိတ်ထဲကြည့်ပါ၊ စားစရာတွေ အပြည့်ပဲ။ ကလေးဆိုတော့ အနိစ္စတွေ ဒုက္ခတွေ အနတ္တတွေ သွားမဟောနဲ့၊ အသေ၀နာ စ ဗာလာနံ သွားမဟောနဲ့၊ တခါ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ သွားမရွတ်ခိုင်းနဲ့ ဘယ်ရမလဲ။ ဘာပေးရမလဲ၊ အစာရှာနေတယ်၊ ဟောဒီမှာ သပိတ်ထဲမှာ အစာတွေ အများကြီးရှိတယ်၊ စားချင်လား၊ စားချင်ရင် ကျောင်းလိုက်ခဲ့၊ အရှင်သာရိပုတ္တရာလုပ်သွားတာနော်။ အဲဒီတော့ technique (နည်း)တွေ အများကြီးရှိပါတယ်။ chance (အခွင့်အရေး)ကို မင်းတို့ ထိုင်စောင့်မနေကြနဲ့။ အဲဒီလို Missionary နှင့် Ministry ရဲ့ chance (အခွင့်အရေး)ကို ထိုင်စောင့်မနေနဲ့၊ လိုက်ရှာ၊ အဲဒါ မင်းတို့ရဲ့ အလုပ်ပဲ (duty) ပဲ။

အဲဒီတော့ အရှင်သာရိပုတ္တရာ နောက်လိုက်သွားတဲ့ ကလေးကို ကျောင်းရောက်တော့ ရေမိုးချိုးပေးလိုက်တယ်။ ပြီးတော့ မင်းရဲ့ဘ၀ကလည်း ကြမ်းထမ်းလိုက်တာ ဒီကြမ်းထမ်းတဲ့ ဘ၀ကို ဇာတ်သိမ်းရမည်။ သင်္ကန်းဝတ်ပေးလိုက်တယ်၊ လောသကတိဿပဲ။ အဲဒီတော့ ဗုဒ္ဓရဲ့ Misionary နှင့် Ministry နှစ်ခုကို မင်းတို့ အားလုံး နားလည်ထားရမည်။

ဘယ့်ကြောင့် အိန္ဒိယမှာ ပညာသင်
ကြားညပ်ပြီးတော့ တစ်ခု ၀င်ပြောဦးမယ်၊ ငါ ကိုရီယားရောက်တော့ ဘိက္ခူနီမတစ်အုပ်လာပြီး မေးတယ်၊ သူတို့က အိန္ဒိယ တို့ သီရိလင်္ကာတို့ကိုရောက်ဖူးကြတယ်။ အိန္ဒိယမှာ ဘုရား မြန်မာနိုင်ငံက ဦးဇင်းတွေ ကျောင်းတက်နေကြတယ်၊ ဘာသွားသင်ကြလဲဘုရား။ အဲဒီတော့ မင်းတို့ သတိထားကြ၊ ဘာသွာသင်ကြလဲ၊ Ph.D တို့ M.A ဘွဲ့တို့ကို သွားယူကြတယ်။ အဲဒီတော့ ဘာ subjects (ဘာသာ)တွေ ယူကြလဲ၊ အများအားဖြင့်တော့ Buddhist study (ဗုဒ္ဓဘာသာဆိုင်ရာ)၊ History (သမိုင်း)၊ Philosophy (ဒဿနိကဗေဒ)တွေပဲ ယူကြတယ်။ မြန်မာနိုင်ငံဟာ ထေရ၀ါဒနိုင်ငံတွေထဲမှာ ရှေ့တန်းကရှိတယ်ဆိုတာ သူတို့သိကြတယ်၊ ယုံလည်းယုံကြပါတယ်တဲ့။ Buddhist study (ဗုဒ္ဓစာပေ) လုပ်ချင်ရင် မြန်မာနိုင်ငံက ဆရာတော်ကြီးတွေဆီမှာ လုပ်ပါလားတဲ့၊ ဗမာပြည်မှာပဲ လုပ်ပါလားတဲ့၊ ဘာဖြစ်လို့ အိန္ဒိယမှာ သွားလုပ်နေကြတာလဲ။ ဒီမေးခွန်းကို မင်းတို့ ကောင်းကောင်း ဖြေနိုင်အောင် လုပ်ထားကြ။ ဘာသွားလုပ်တာလဲ ကုလားပြည်သွားပြီး ကုလားထံ တပည့်ခံပေါ့။ ဒါကကြားညပ်ပြီး မင်းတို့အတွက် remainder (သတိပေး) ပဲ။

အဲဒီတော့ ခုနက ငါပြောတာ In the world of beings there is nothing great but man. In man there is nothing great but character and wisdom. အဲဒီ ကိုယ်ကျင့်တရားနှင့် ပညာ နှစ်ခုဟာ ဘာလုပ်ဘို့လဲဆိုတော့ တာဝန် နှစ်ရပ်ကို ထမ်းဆောင်ဘို့ အရင်းအနှီးပဲ၊ (they are investment to do to the duties Missionary and Ministry). မင်းတို့တတွေ မြတ်ဗုဒ္ဓရဲ့ လမ်းစဉ်ကို လိုက်နာရမည်၊ (You must follow the foot-step of the Lord Buddha). မြတ်စွာဘုရား ၄၅ နှစ်အတွင်း ဘာတွေ လုပ်သွားသလဲ၊ (withing 45 years, what did he do?) မြတ်ဗုဒ္ဓသည် တာဝန်နှစ်ရပ်ပဲ လုပ်သွားခဲ့တယ်၊ (He did only Missionary and Ministry). အတိုချုပ်ပြောရမည်ဆိုရင် Missionary (သာသနာပြု) ဆိုတာ အ၀ိဇ္ဇာ အမှောင်ကမ္ဘာကနေ အလင်းကမ္ဘာအဖြစ် ပြောင်းလဲခြင်းကိုဆိုလိုတယ်၊ {Missionary means to convert from ignorance to enlightenment).

မှတ်ချက်။ ။ ဆရာတော်သည် နောက်ပိုင်း ထိုင်းနိုင်ငံ Ph.D ကျောင်းသားနှင့်အိန္ဒိယဒကာ ပါနေသဖြင့် အင်္ဂလိပ်ဘာသာဖြင့် ပြောသည်ကို မြန်မာဘာသာဖြင့် ပြန်ဆိုထည့်ပေးလိုက်ပါသည်။

Ministry ဖြင့်(သာသနာပြုနည်း)
Ministry means a service or contribute to service for the nations. သာသနာပြုနည်း တစ်ခုကတော့ Ministry ပဲ။ ဘာလဲဆိုတော့ တိုင်းပြည်နှင့်လူမျိုးအတွက် အလုပ်အကြွေးပြုခြင်းပဲ။ အဲဒီတော့ ဘ၀ရဲ့ ရည်ရွယ်ချက် ကောင်းကောင်းရှိရမည်၊ (you must effort your purpose in monkhood and then you must effort to investment character and wisdom or education). တချို့လူတွေက ကိုယ်ကျင့်တရားရှိပေမဲ့ အသိပညာ မရှိဘူး၊ (sometime someone has very good character but lake of wisdom or education. They have very good character, good hearted, full of love, full of compassion, full of sila, mettar, karuna but no education. They are blind because they are without education and lake of eduction. ကိုယ်ကျင့်တရား မေတ္တာ ကရုဏာ စတဲ့သူတော်ကောင်းတရားတွေရှိပေမဲ့ ပညာမဲ့နေကြတယ်။ နှစ်လုံးလှ လူမိုက်ကြီးပေါ့။ ပညာမရှိတဲ့အတွက် တိုင်းပြည်နှင့်လူမျိုးအတွက် ဘာမှ လုပ်မပေးနိုင်ဘူး၊ (they can do nothing for the nations.

တချို့လူတွေကြတော့ ပညာတော့တက်ကြပါတယ်၊ အလွန်မြင့်မားတဲ့ဘွဲ့တွေ ဒီဂရီတွေနှင့် ကြီးကျယ်တဲ့ပညာတက်ဖြစ်ပေမဲ့ ကိုယ်ကျင့်တရား(သီလ) သို့မဟုတ် သူတော်ကောင်းတရား မရှိဘူး၊ ပညာတက်အကျင့်ပျက်ပေါ့၊ ပညာတက်လူမိုက်ကြီးပေါ့။ အဲဒီတော့ ပညာတက်အကျင့်ပျက်တွေ သိပ်ဒုက္ခပေးတာ မင်းတို့သိလား။

အပိုင်း(၃) ဆက်ပါဦးမည်။
သီတဂူစတား
၁-၁-၂၀၁၀

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes