သီတဂူစတား

သီတဂူစတား

12 January 2010

သီတဂူဆရာတော်သြ၀ါဒ အပိုင်း(၃)



ပူနေးတက္ကသိုလ် ပါဠိဌာနမှူး ဆရာတော်ကြီးအား ကြိုဆိုနေပုံ



နိဂုံး (conclusion)

နိဂုံးပိုင်းမှာ ဆရာတော်သည် အင်္ဂလိပ်လိုပဲ သက်သက် ပြောသွားပါသည်၊ ဘာသာပြန်နှင့် တွဲဘက်၍ ထည့်ပေးလိုက်ပါသည်၊ အသံဖိုင်သည် တချို့နေရာတွေမှာ မရှင်းပါ၊ သို့ပါ၍ အမှားပါက နားလည် ပေးစေလိုပါသည်။ နောက်တစ်ခု နားလည်ပေးဘို့က မြန်မာဝေါဟာရ မကျွမ်းကျင်သဖြင့် ဘာသာပြန် မချောမွေ့ပါကလည်း နားလည်ပေးစေလိုပါသည်၊ သက်ပုံသက်ညွန်းမှားက ပြင်၍ဖတ်ကြပါရန် မေတ္တာရပ်ပါသည်။

(1)
နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင်၊ မင်းတို့တတွေ လောကကြီးကို သီလနှင့်ပညာ ဟန်ချက်ညီညီနှင့် တိုင်းပြည်ကို အလှဆင်ရမယ်။ ပြီးတော့ မြတ်ဗုဒ္ဓသာသနာတော်မှာ သီလနှင့်ပညာဟန်ချက်ညီညီ Missionary နှင့် Ministry တာဝန် နှစ်ရပ်ကို ထမ်းဆောင်ရမည်။ ( I would like to conclude my speech. You must force the world peace with character and education and must be balance to do to the duty in the Buddha's dispensation Missionary and Ministry).

(2)

အိန္ဒိယနိုင်ငံ တတိယ ဘီစီ (3rd BC) အချိန်တုန်းက အသောကမင်းကြီး (ဓမ္မာသောက) (သီရီဓမ္မာသောက) စတဲ့ အလွန်မြင့်မားတဲ့ ဂုဏ်ထူးဘွဲ့ထူးတွေနှင့် မင်းကြီးသည် အိန္ဒိယအင်ပါယာ တစ်ခုလုံးကို ချုပ်ကိုင်နိုင်ခဲ့သည်။ မင်းကြီးသည် ဓမ္မာသောက သီရိဓ္မာသောက ဆိုတဲ့ ဘွဲ့ထူးမရခင်က သူ၏နာမည်သည် အသောက ဆိုတဲ့နာမည်မျှသာဖြစ်၏။ သူ၏ ဖခမည်တော်ကြီးဆုံးသွားသည့် နောက်ပိုင်းမှာ မင်းကြီးသည် သူ၏ ညီအစ်ကို ၀မ်းကွဲ (ဖအေတူ မအေကွဲ) ၉၉ ယောက်သော မင်းသားများကို သုတ်သင် သတ်ဖျက်လိုက်သည်။ အဲဒီခေတ်အခါက အိန္ဒိယနိုင်ငံကြီးမှာ များစွာသော ပဒေသရာဇ်မင်းတွေရှိခဲ့သည်။ ဒေသ ခရိုင်တစ်ခုမှာ မင်းတစ်ပါးရှိသည်၊ ဒါ့ကြောင့် တိပိဋကကျမ်းစာတွေထဲမှာ ရှစ်သောင်း လေးထောင်သော မင်းများရှိကြောင်း တွေ့နိုင်ပါသည်။ အထူးအားဖြင့် ဝေလာမသုတ်မှာ တွေ့နိုင်ပါသည်။
In India, 3rd BC, King Empire Asoka, Dhammasoka, Siridhammasoka Oh! Very high titles! He banded the whole of the world. Before he became Dhammasoka and Siridhammasoka, his name was very simple just Asoka. When his father was death, he killed his cousin brothers 99. In those days, in India there were Padesa Rajas, countless numbers of Kings about one Desa (district) one King governed it. Therefore, in Tipitakas you have read eighty four thousands Kings in specially Velama Sutta.

(3)
မြန်မာပြည်က ရှမ်းပြည်နယ်လိုပဲ။ ၁၉၆၂၊ မတိုင်မီက ၁၉၅၅ ခုနှစ်လောက်က ရှမ်းပြည်နယ်မှာ မဟာရာဇ (စော်ဖွား)တွေ များစွာရှိခဲ့သည်။ ၁၉၆၃ ခုနှစ်မှာတော့ ဗိုလ်ချုပ်ကြီးနေ၀င်း တက်လာပြီး ပြည်နယ်အားလုံး စုစည်းပြီ တစ်နိုင်ငံတည်း ပေါင်းစည်းခဲ့တယ်။ ထိုနည်းတူစွာ အနော်ရထာမင်း၊ အလောင်းဘုရား၊ ဗိုလ်ချုပ်အောင်ဆန်း တို့သည်လည်း တစ်နိုင်းငံတည်း စုစည်း ပေါင်းစည်းကာ organized လုပ်နိုင်ခဲ့သည်။ ယနေ့ခေတ်မှာလည်း မင်းတို့သိတဲ့အတိုင်းပဲ တချို့လူမျိုးစုတွေက ကိုယ်ပိုင် United ဖြစ်ဘို့ ကြိုးစားနေကြတယ်။ အလားတူပဲ ဘုရင်အသောကသည်လည်း များစွာသော ပဒေသရာဇ်မင်းနှင့် ၉၉ ယောက်သော ၀မ်းကွဲညီအစ်ကိုများကို သုတ်သင်ကာ အိန္ဒိယပြည်ကြီးတခုလုံး ဘုရင့်နိုင်ငံ တစ်နိုင်ငံတည်းဖြစ်အောင် လုပ်နိုင်ခဲ့သည်။ ဒါကြောင့် များစွားသော စာအုပ်တွေမှာ ရက်စက်သော မင်း (စဏ္ဍာသောက)ဟု ဖော်ပြကြသည်။ အာဏာကို အရူးအမူးဖြစ်နေသော စဏ္ဍာသောကသည် ပဒေသရာဇ်မင်း များစွာကို သတ်ဖျက်ကာ ကမ္ဘာမှာ ဘုရင်တစ်ဆူတည်းဖြစ်အောင် ကြိုးစားခဲ့သည်။ ဒါပေမဲ့ သူ့အဖေသည် ဂျိန်းဘာသာဝင်ဖြစ်တဲ့အတွက်ကြောင့် သူသည် ဂျိန်းဘုန်းကြီးတွေကို ကိုးကွယ်နေရတယ်။
It is look like our country Shan State. Before 1962, 1955 General Naywin nationalized everything. He organized to be united. In the same way, King Anorathar, King Alaungbhaya, and General Aung San united all. Now a day, as you know some nations, some races try to unite. In similarly King Empire Asoka tried to kill all of Padesa Rajas and he organized the whole all India to be one Kingdom. Therefore, in many books about King was mentioned as cruel King because he killed many Padesa Rajas, Many Maharajas, Many Sawbhwars, 99 brothers were killed by Asoka due to the power, the craving of power. Later he became Ekaraja. He is only one King the entire world but he worshiped Jaina Monks because his father was Jainism.

(4)
ဒါကြောင့် အသောကမင်သည် အဖရဲ့အမွေကို လက်ခံလာခဲ့တဲ့အတွက်ကြောင့် နေ့စဉ် ဂျိန်းဘုန်းကြီး ခြောက်သော် (၆၀၀၀၀) ကို နေ့လည်စာ လှူနေရတယ်။ ယခုအချိန်မှာတော့ ဂျိန်းဘုန်းတွေ အနည်းငယ်မျှသာ ကျန်တော့သည်။ မင်းတို့ အိန္ဒိယ မလာခင်က ဂျိန်းဘုန်းကြီးတွေကို မြင်းဖူးလား၊ ငါ နှစ်ကြိမ်တောင် မြင်ဖူးတယ်။ မင်းတို့ အိန္ဒိယမှာ ဘာတွေသင်နေတာလဲ၊ မင်းတို့တစ်တွေ စာအုပ်အသေးလေးတွေထဲကပဲ သင်နေကြတာပဲ။ လောကကြီးက မင်းတို့ရဲ့ဆရာပဲ။ နိုင်ငံကြီးတစ်ခုလုံးက မင်းတို့ရဲ့ ဆရာပဲ။ ငါ မင်းတို့ကို အနည်းငယ် တိုက်တွန်းလိုတယ်၊ လောကော သတ္တာန မာစေရော- လောကကြီးဟာ လူသားတွေရဲ့ ဆရာပဲ။ မင်းတို့တတွေက စာအုပ်ထဲကပဲ သင်ယူနေကြတယ်၊ အပြင်ထွက်ပြီးရှာ၊ အပြင်လောကကြီးဟာ မင်းတို့အတွက် စာအုပ်ကြီးပဲ။ ဒါကြောင့် ဂျိန်းဘုန်းကြီးတွေအများကြီးရှိခဲ့တယ် ဒါပေမဲ့ ယနေ့မှာတော့ အနည်းငယ်မျှသာ ကျန်တော့်တယ်။ မြတ်ဗုဒ္ဓလက်ထက်တော်က ဗုဒ္ဓနှင့်ခေတ်ပြိုင် မက္ခလိဂေါသာလ အစရှိသော ဘာသာရေးခေါင်းဆောင် ဆရာကြီး ၆ ယောက် ထင်ရှားခဲ့ဖုးတယ်။ အဲဒီ ၆ ယောက်ထဲက ငါးယောက်သော ဆရာကြီးတွေရဲ့ အတွေးအခေါ်တွေသည် ယနေ့ခေတ်မှာတော့ လုံးဝ ပျောက်သွားပြီ။ ဒါပေမဲ့ တစ်ခုပဲကျန်တော့တယ်။ အိန္ဒိယမှာ ယနေ့ခေတ် နိဂဏ္ဌနာဋပုတ္တ တည်ထောင်ခဲ့သော ဂျိန်းဘာသာတစ်ခုပဲကျန်တော့တယ်။ အိန္ဒိယပြည် အလယ်ပိုင်း အထူးအားဖြင့် တောင်ပိုင်း တောင်တန်းဒေသတွေမှာ တွေ့နိုင်တယ်။ တောင်နာမည်က ၀ိဇ္ဇျာဒေ၀ီ တောင်တန်းဖြစ်တယ် (နာမည်ကို အသံအတိုင်း မှန်းရေးထားသည်)။ မင်းတို့တတွေ သွားကြည့်ချင် ဥဇ္ဇေနီဒေသသို့ သွားသင့်တယ်၊ အသောမင်းကြီးရဲ့ မွေးရပ်မြေပဲ။ ငါနှစ်ကြိမ်တောင်ရောက်ဖူးတယ်၊ ဂျိန်းဘုန်းကြီးများကို တွေ့ဘို့ ဟိုတယ်တစ်ခုမှာ သုံးညလောက်အိပ်ပြီး စောင့်ခဲ့ရတယ်။
Therefore, the acceptance of father's heritage, he every day offered the lunch to the sixty thousand Jain Monks. Now a day, a few Jain Monks remain in India. Have you ever seen them? I have seen two times. HHH! What are you studying in India? You are studying only very small books. The whole world is your teacher. The whole country is your teacher. I just to encourage you "Lokosattana macero" the whole world is the teacher of the man. You are studying only in the books. You have to study outside many books. So Jain Priests or monks are many but now a day. At the time of the Buddha, six religious leaders such as Makkhaligosala etc appeared contemporary of the Buddha. The five views, perception, theories of five religious leaders totally disappeared but only one theory. Nigantthanataputta founded the Jainism. Only his theory exists now a day in India. You can see clergies, Jain Priests, middle of India especially south India mountain regions. What is name of it? Vaidhyadaivi Mountain. If you want to see, you should go to Ujjain (Ujjheni). It is the birth place of Asoka. I met two times. I stayed at one hotel for three nights to search for Jain Monks.

အပိုင်း(၄)ဆက်ပါဦးမည်
သီတဂူစတား
၁၁-၁-၂၀၁၀

1 comments:

poemflower said...

တပည့်တော် ဆရာတော်ကြီးရဲ့ သြ၀ါဒများ လာဖတ်ပါတယ် ဘုန်း၂

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes