သီတဂူစတား

သီတဂူစတား

01 January 2010

သီတဂူဆရာတော်သြ၀ါဒ အပိုင်း(၂)




သီတဂူဆရာတော်နှင့်
ပူနေးကျောင်းသားများ

သာသနာပြုနည်း (Missionary technique)


တစ်ခါ ကိုယ်လုံးကျွတ်ပြီး အရူးဖြစ်နေတဲ့ မိန်းမတစ်ယောက် ဗုဒ္ဓကခေါ်ပြီး သာသနာမှာ စောင့်ရှောက်ထားလိုက်တယ်၊ (ပဋာစာရီ)။ အမှိုက်ပုံကောက်စားနေတဲ့ ကလေးတစ်ယောက်ကို မြင်တော့ ဗုဒ္ဓက ဒီကလေး စောင့်ရှောက်ရမည်၊ အမှိုက်ပုံနား ဘုရားမသွားဘဲ အရှင်သာရိပုတ်မထေရ်ကို လွတ်လိုက်တယ်၊ အရှင်သာရိပုတ်မထေရ်က what are you looking for? ဟုမေးလိုက်တဲ့အခါ ကလေးက I am searching for some food here. အမိုက်ပုံးမှာ ကောက်စားနေတဲ့သူတွေဆိုတာ ဟိုတုန်းကလဲရှိတယ်၊ အခုလဲရှိနေတယ်၊ အများကြီးပဲ၊ အဲဒါတွေကို မင်းတို့ ဘာလုပ်ပေးမလဲ။

အဲဒီတော့ သာရိပုတ္တရာက ငါ့သပိတ်ထဲကြည့်ပါ၊ စားစရာတွေ အပြည့်ပဲ။ ကလေးဆိုတော့ အနိစ္စတွေ ဒုက္ခတွေ အနတ္တတွေ သွားမဟောနဲ့၊ အသေ၀နာ စ ဗာလာနံ သွားမဟောနဲ့၊ တခါ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ သွားမရွတ်ခိုင်းနဲ့ ဘယ်ရမလဲ။ ဘာပေးရမလဲ၊ အစာရှာနေတယ်၊ ဟောဒီမှာ သပိတ်ထဲမှာ အစာတွေ အများကြီးရှိတယ်၊ စားချင်လား၊ စားချင်ရင် ကျောင်းလိုက်ခဲ့၊ အရှင်သာရိပုတ္တရာလုပ်သွားတာနော်။ အဲဒီတော့ technique (နည်း)တွေ အများကြီးရှိပါတယ်။ chance (အခွင့်အရေး)ကို မင်းတို့ ထိုင်စောင့်မနေကြနဲ့။ အဲဒီလို Missionary နှင့် Ministry ရဲ့ chance (အခွင့်အရေး)ကို ထိုင်စောင့်မနေနဲ့၊ လိုက်ရှာ၊ အဲဒါ မင်းတို့ရဲ့ အလုပ်ပဲ (duty) ပဲ။

အဲဒီတော့ အရှင်သာရိပုတ္တရာ နောက်လိုက်သွားတဲ့ ကလေးကို ကျောင်းရောက်တော့ ရေမိုးချိုးပေးလိုက်တယ်။ ပြီးတော့ မင်းရဲ့ဘ၀ကလည်း ကြမ်းထမ်းလိုက်တာ ဒီကြမ်းထမ်းတဲ့ ဘ၀ကို ဇာတ်သိမ်းရမည်။ သင်္ကန်းဝတ်ပေးလိုက်တယ်၊ လောသကတိဿပဲ။ အဲဒီတော့ ဗုဒ္ဓရဲ့ Misionary နှင့် Ministry နှစ်ခုကို မင်းတို့ အားလုံး နားလည်ထားရမည်။

ဘယ့်ကြောင့် အိန္ဒိယမှာ ပညာသင်
ကြားညပ်ပြီးတော့ တစ်ခု ၀င်ပြောဦးမယ်၊ ငါ ကိုရီယားရောက်တော့ ဘိက္ခူနီမတစ်အုပ်လာပြီး မေးတယ်၊ သူတို့က အိန္ဒိယ တို့ သီရိလင်္ကာတို့ကိုရောက်ဖူးကြတယ်။ အိန္ဒိယမှာ ဘုရား မြန်မာနိုင်ငံက ဦးဇင်းတွေ ကျောင်းတက်နေကြတယ်၊ ဘာသွားသင်ကြလဲဘုရား။ အဲဒီတော့ မင်းတို့ သတိထားကြ၊ ဘာသွာသင်ကြလဲ၊ Ph.D တို့ M.A ဘွဲ့တို့ကို သွားယူကြတယ်။ အဲဒီတော့ ဘာ subjects (ဘာသာ)တွေ ယူကြလဲ၊ အများအားဖြင့်တော့ Buddhist study (ဗုဒ္ဓဘာသာဆိုင်ရာ)၊ History (သမိုင်း)၊ Philosophy (ဒဿနိကဗေဒ)တွေပဲ ယူကြတယ်။ မြန်မာနိုင်ငံဟာ ထေရ၀ါဒနိုင်ငံတွေထဲမှာ ရှေ့တန်းကရှိတယ်ဆိုတာ သူတို့သိကြတယ်၊ ယုံလည်းယုံကြပါတယ်တဲ့။ Buddhist study (ဗုဒ္ဓစာပေ) လုပ်ချင်ရင် မြန်မာနိုင်ငံက ဆရာတော်ကြီးတွေဆီမှာ လုပ်ပါလားတဲ့၊ ဗမာပြည်မှာပဲ လုပ်ပါလားတဲ့၊ ဘာဖြစ်လို့ အိန္ဒိယမှာ သွားလုပ်နေကြတာလဲ။ ဒီမေးခွန်းကို မင်းတို့ ကောင်းကောင်း ဖြေနိုင်အောင် လုပ်ထားကြ။ ဘာသွားလုပ်တာလဲ ကုလားပြည်သွားပြီး ကုလားထံ တပည့်ခံပေါ့။ ဒါကကြားညပ်ပြီး မင်းတို့အတွက် remainder (သတိပေး) ပဲ။

အဲဒီတော့ ခုနက ငါပြောတာ In the world of beings there is nothing great but man. In man there is nothing great but character and wisdom. အဲဒီ ကိုယ်ကျင့်တရားနှင့် ပညာ နှစ်ခုဟာ ဘာလုပ်ဘို့လဲဆိုတော့ တာဝန် နှစ်ရပ်ကို ထမ်းဆောင်ဘို့ အရင်းအနှီးပဲ၊ (they are investment to do to the duties Missionary and Ministry). မင်းတို့တတွေ မြတ်ဗုဒ္ဓရဲ့ လမ်းစဉ်ကို လိုက်နာရမည်၊ (You must follow the foot-step of the Lord Buddha). မြတ်စွာဘုရား ၄၅ နှစ်အတွင်း ဘာတွေ လုပ်သွားသလဲ၊ (withing 45 years, what did he do?) မြတ်ဗုဒ္ဓသည် တာဝန်နှစ်ရပ်ပဲ လုပ်သွားခဲ့တယ်၊ (He did only Missionary and Ministry). အတိုချုပ်ပြောရမည်ဆိုရင် Missionary (သာသနာပြု) ဆိုတာ အ၀ိဇ္ဇာ အမှောင်ကမ္ဘာကနေ အလင်းကမ္ဘာအဖြစ် ပြောင်းလဲခြင်းကိုဆိုလိုတယ်၊ {Missionary means to convert from ignorance to enlightenment).

မှတ်ချက်။ ။ ဆရာတော်သည် နောက်ပိုင်း ထိုင်းနိုင်ငံ Ph.D ကျောင်းသားနှင့်အိန္ဒိယဒကာ ပါနေသဖြင့် အင်္ဂလိပ်ဘာသာဖြင့် ပြောသည်ကို မြန်မာဘာသာဖြင့် ပြန်ဆိုထည့်ပေးလိုက်ပါသည်။

Ministry ဖြင့်(သာသနာပြုနည်း)
Ministry means a service or contribute to service for the nations. သာသနာပြုနည်း တစ်ခုကတော့ Ministry ပဲ။ ဘာလဲဆိုတော့ တိုင်းပြည်နှင့်လူမျိုးအတွက် အလုပ်အကြွေးပြုခြင်းပဲ။ အဲဒီတော့ ဘ၀ရဲ့ ရည်ရွယ်ချက် ကောင်းကောင်းရှိရမည်၊ (you must effort your purpose in monkhood and then you must effort to investment character and wisdom or education). တချို့လူတွေက ကိုယ်ကျင့်တရားရှိပေမဲ့ အသိပညာ မရှိဘူး၊ (sometime someone has very good character but lake of wisdom or education. They have very good character, good hearted, full of love, full of compassion, full of sila, mettar, karuna but no education. They are blind because they are without education and lake of eduction. ကိုယ်ကျင့်တရား မေတ္တာ ကရုဏာ စတဲ့သူတော်ကောင်းတရားတွေရှိပေမဲ့ ပညာမဲ့နေကြတယ်။ နှစ်လုံးလှ လူမိုက်ကြီးပေါ့။ ပညာမရှိတဲ့အတွက် တိုင်းပြည်နှင့်လူမျိုးအတွက် ဘာမှ လုပ်မပေးနိုင်ဘူး၊ (they can do nothing for the nations.

တချို့လူတွေကြတော့ ပညာတော့တက်ကြပါတယ်၊ အလွန်မြင့်မားတဲ့ဘွဲ့တွေ ဒီဂရီတွေနှင့် ကြီးကျယ်တဲ့ပညာတက်ဖြစ်ပေမဲ့ ကိုယ်ကျင့်တရား(သီလ) သို့မဟုတ် သူတော်ကောင်းတရား မရှိဘူး၊ ပညာတက်အကျင့်ပျက်ပေါ့၊ ပညာတက်လူမိုက်ကြီးပေါ့။ အဲဒီတော့ ပညာတက်အကျင့်ပျက်တွေ သိပ်ဒုက္ခပေးတာ မင်းတို့သိလား။

အပိုင်း(၃) ဆက်ပါဦးမည်။
သီတဂူစတား
၁-၁-၂၀၁၀

1 comments:

Unknown said...

Happy new year friend...., from Malaysia

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes