သီတဂူစတား

သီတဂူစတား

21 July 2010

ကုမုဒြာတွေပွင့်တဲ့ည (အပိုင်း-၁)



မိတ်ဆက်

သီတဂူစတား ဘလော့ဂ်မှာ- သီတဂူဆရာတော်ကြီး၏ ဟောစဉ်တရားများကို တင်ခဲဖူးပါသည်။ အနှစ်ကိုးပါးတရားတော်၊ ဆုတောင်း ၆ မျိုးတရားတော်၊ အမျိုးသမီးစွမ်းဆောင်ရှင် စတာတွေဖြစ်ပါသည်။ ယခုအခါ ဆရာတော်၏ တရားတော်များကို စောင့်ပြီး ဖတ်ရှုနေသော စာဖတ်ပရိသတ်အတွက် တရားတစ်ပုဒ်ကို ရွေးချယ်ထားပါသည်။ ဒီဃနိကာယ်လာ သီလက္ခန်ပါဠိတော်မှ သာမညဖလသုတ်တော်ကို အခြေခံပြီး ကုမုဒြာတွေ ပွင့်တဲ့ ညဟူ၍ တရားအမည်တပ်ထားပါသည်။ ထိုတရားတော်ကို ဆက်လက် ဖတ်ရှုနိုင်ရန် တင်ပြလိုက်ပါသည်။

ကုမုဒြာတွေပွင့်တဲ့ည (အပိုင်း-၁)

ယနေ့ ၁၃၆၃ - ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ မှာ ညချမ်းကာလ(၇)နာရီ အချိန်ကစတင်လို့ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ (၆)ရပ်ကွက်၊ ဇေယျဝတီ ပရိယတ္တိ စာသင်တိုက်မှာ ဦးပါစိန်+ဒေါ်ခင်မာညို သားသမီးတစုက ဓမ္မဒါန ပြုသဖြင့် ဆင်ယင်ကျင်းပသည့် ဓမ္မသဘင်ကို ယခုအခါ မေတ္တာအာသီသ မေတ္တာပတ္ထနာဖြင့် စတင်ဖွင့်လှစ်ပါပြီ။

သာသနဗဟုပကာရ

တန်ဆောင်မုန်းလပြည့်ဆိုတော့ သာသနာတော်ရဲ့သမိုင်းမှာ အလွန် ထူးမြတ်တဲ့ နေ့တစ်နေ့၊ သာသနာ့သမိုင်းမှာ ဘာထူးလဲဆိုတော့ သာသနာ တော်မှာ အလွန်တရာကျေးဇူးများတဲ့ မင်းတစ်ပါး၊ ပါဠိလိုပြောမယ်ဆိုရင် သာသနဗဟုပကာရ သာသနာတော် ကျေးဇူးများတဲ့ ပုဂ္ဂိုလ်ကို သာသနဗဟုပကာရခေါ်။
အဲဒီသာသနာတော် ကျေးဇူးများတဲ့ မင်းတစ်ပါး သာသနာတော်ရဲ့ လမ်းကြောင်းက သွေးဖယ်ပြီးနေရာကနေ သာသနာ့လမ်းကြောင်းပေါ်ကို ဖြောင့်ဖြောင့် တန်းတန်းကြီး ပြန်လည်ပြီးတော့ရောက်ရှိခဲ့တာဟာ ဒီကြာဖြူတွေပွင့်တုန်း တန်ဆောင်မုန်းလပြည့်နေ့ပဲ။

ကြာဖြူတွေပွင့်တုန်း တန်ဆောင်မုန်း

တန်ဆောင်မုန်းလပြည့်နေ့ဟာ ကုမုဒြာတွေလှိုင်လှိုင်ကြီးပွင့်တဲ့နေ့၊ ကုမုဒြာဆိုတဲ့ကြာမျိုးဟာ လရောင်နဲ့ ပွင့်တဲ့ကြာ၊ ပဒုမ္မာတို့တခြားကြာနီတွေဆိုလို့ရှိရင် နေရောင်နဲ့ပွင့်တယ်၊ အဲဒီတော့ ကုမုဒြာကြာက လရောင်ကို ကြိုက်တယ်၊ အဲဒီတော့ ဒီကနေ့ညဟာ ကုမုဒြာတွေပွင့်တဲ့ညလို့ ဒီလိုလည်းပြောလို့ရတယ်။
ကုမုဒြာတွေပွင့်တဲ့ညမှာ သာသနာလမ်းကြောင်းကို အဇာတသတ်မင်း တရားကို ဖြောင့်ဖြောင့်ကြီး လျှောက်လှမ်းနိုင်တဲ့ညလည်း ဖြစ်တယ်။
ကောင်းကင်ကို ကြည့်လိုက် တန်ဆောင်မုန်းလလည်းပြည့်၊ မိုးလေးလလည်းပြည့်၊ ရွှေလမင်းကလည်းပြည့် သုံးခုပြည့်တဲ့ ဒီညဟာ ဆီးနှင်းလည်း မကျ မြူလည်းမဆိုင်း တိမ်လည်းမဖုံးဘူး၊ အသူရိန်လို့ခေါ်တဲ့ ငပုတ်လည်း မဖမ်းဘူး၊ ပြီးတော့ မီးခိုးတွေလည်း မဆိုင်းဘူးဆိုတော့ ကောင်းကင်မှာ အပြစ်ငါးပါးကင်းတယ်။
အဲဒီလို အပြစ်ငါးပါးကင်းတဲ့ ကောင်းကင်ကိုကြည့်လိုက်ရင် လပြည့်ဝန်းရဲ့အရောင်ဟာ တစ်ကမ္ဘာလုံးကို အေးချမ်းတဲ့ဓာတ်တွေ ကောင်းစွာ ပေးတယ် အဲဒါကြောင့် အပြစ်ကင်းတဲ့ညကို 'ဒေါသိနာ'လို့ခေါ်တယ်။
ဟောဒီ တန်ဆောင်မုန်းလပြည့်နေ့ဟာ မွေ့လျော်နှစ်ခြိုက် ပျော်ပိုက်ဖွယ်ရာ ကောင်းပေစွ တကား။
ဆီးနှင်းမြူတိမ် သူရိန်မီးခိုး ညစ်မျိုးငါးအင် သန့်ရှင်းစင်တဲ့ ဒီလိုညဥ့် ဟာ ရှု့ချင်စဖွယ် ကောင်းပေစွတကား။ ရှု့ချင်စဖွယ် ကောင်းတယ်။ ကြည့်ဖွယ် ကောင်းတယ်၊ ကြည့်ချင်စဖွယ် ကောင်းတဲ့ည၊ ညချမ်းကာလ ကောင်းကင်ထွက်ကြည့် ကြည့်လို့ကို မဝနိုင်လောက်အောင်လှတဲ့ ည။

ဆီးနှင်းမြူတိမ် သူရိန်မီးခိုး ညစ်မျိုး ငါးအင် သန့်ရှင်းစင်တဲ့လပြည့် တန်ဆောင်မုန်း လပြည့်နေ့ရဲ့ ဒီညကို ကြည့်ရမယ်ဆိုလျှင် ကန်တိုင်းမှာရှိနေတဲ့ ကုမုဒြာကြာဖြူတွေက ကားကား စွင့်စွင့် ပွင့်လို့ ကောင်းကင်က လကလည်း လင်းတာကြောင့် ပါသာဒိကာ၊ ရှုကြည့်သူ လူအပေါင်းတို့ရဲ့ စိတ်နှလုံးမှာ ရွှင်ပြုံး ကြည်နူးဖွယ်ရာ ကောင်းလှပါပေစွ တကား။
ဆီးနှင်းမြူတိမ် သူရိန်မီးခိုး ညစ်ကြေးငါးမျိုး ကင်းပြီးတော့ သန့်ရှင်း ကြည်လင် အေးချမ်းတဲ့ အခုလို ညချမ်းကာလဟာ -

အဘိက္ကန္တာ ဝတ၊ အလွန့် အလွန်နှလုံးမွေ့လျော်ဖွယ်ရာ ကောင်းလှပါပေစွတကားလို့။ မာဂဓော၊ မာဂဓတိုင်းကို အစိုးရသော။ ဝေဒေဟိပုတ္တော၊ ဝေဒေဟီ မိဖုရားရဲ့ သားဖြစ်သော။ ရာဇာ အဇာတသတ္ထု၊ အဇာတသတ်မင်းတရားသည်။ ဥပရိပါသာဒဂတော၊ မွန်မြတ်တဲ့ပြသာဒ်ရဲ့အထက်ဆောင်တက်ပြီးတော့။ ရာဇ မစ္စပရိဝုတော၊ ဝန်ကြီးတွေ အမတ်ကြီးတွေ ခြံရံပြီးတော့။ ဣမံ ဥဒါနံ၊ ဤဥဒါန်းကို ဥဒါနေသိ၊ ကောင်းစွာမသွေ ကျူးရင့်တော်မူခဲ့ရှာလေသတည်း။

အဇာတသတ်မင်းတရား ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်အဇာတသတ် လသာဆောင်လို့ခေါ်တဲ့ အမိုးမရှိတဲ့ ပြသာဒ်ရဲ့အထက် တက်ပြီးတော့ ဝန်ကြီးတွေ အမတ်ကြီးတွေ အကုန်လုံး ဝိုင်းရံပြီးတော့ ကောင်းကင်က လကိုကြည့်ပြီးတော့ အဲဒီလိုစိတ်ထဲမှာ ကြည်နူးလို့ကြည်နူးတဲ့အသံတွေကို ရင်ထဲမှာကြည်နူးမှုတွေကိုပေါ့လေ ရင်ထဲမှာမျိုထားလို့မရတော့ဘူး။ သူ့အနားမှာရှိတဲ့ ဝန်ကြီးတွေ အမတ်ကြီးတွေ စစ်သူကြီးတွေ အားလုံးကြားလောက် အောင်နှုတ်ကနေ ထုတ်ပြီးတော့ဆိုတာ အဲဒါမျိုးကိုဘာခေါ်သလဲဆိုရင်'ဥဒါန' အေး ဥဒါန်းလို့ ဆိုတာဟာ ဝမ်းသာခြင်းနှင့် ရင်ထဲမှာကြည်နူးမှုတွေရင်ထဲမှာ ပြည့်ပြီးတော့ လျှံ ထွက်လာတဲ့စကား။

ဒီလိုည ချမ်းကာလဟာ အလွန့်အလွန်လှပတင့်တယ် ရှု့မငြီးစဖွယ် ဖြစ်နေပေစွကား။ သိပ်လှတဲ့ညပဲ ပါဠိစကားလုံးက ''အဘိရူပါ''ဆိုတာအလွန်လှတယ်။ အဇာတသတ်ဆိုလို့ရှိရင် အကုန်သိတာပဲ၊ ဒါ မင်းကြမ်းတစ်ယောက်ပဲ၊ ကြမ်း တမ်းတဲ့မင်းတစ်ပါး၊ ကြမ်းတမ်းတဲ့မင်းရဲ့နှလုံးသားက ဒီလိုလှပတဲ့စကား လုံးထွက် လာလိမ့်မယ်လို့ ဘယ်သူကမှ မျှော်လင့်လိမ့်မယ်မဟုတ်ဘူး၊ ဒါပေမဲ့ လှပတဲ့ စကားလုံးတွေထွက်လာတယ်။ ပြီးတော့မှပြောလာတယ် ''ဒီလောက် သာယာ ကြည်နူးဖွယ်ကောင်းတဲ့ ဒီလိုလှပတဲ့ ညချမ်းကာလ ဒီလိုအေးချမ်းတဲ့ ညချမ်းကာလ''။

အပိုင်း (၂) ဆက်လက်ဖော်ပြသွားပါမည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၇-၂၀၁၀



18 July 2010

နှုတ်ဆက်ခြင်း

ကျေးဇူးစကားဆိုခြင်း
ယခုဆိုရင် သီတဂူစတားလဲ မြန်မာပြည် ပြန်ဖို့ အချိန် တော်တော်လေးကပ်လာပြီ၊ ‘‘ ပြည်မြန်မာရောက်ရင် ပို့စ်တွေ တင်ဖို့ မလွယ်ဘူးဘုရားတဲ့၊ ဘလော့ဂ်နှင့်ပတ်သက်တာ ပြင်ဆင်စရာရှိရင် အဲဒီကထဲက ပြင်ခဲ့ပါတဲ့၊ ဘာဖြစ်လို့လဲ မေးတော့ ဒီမှာက ကွန် အားက အရမ်းနှေးတာဘုရား၊ ပို့စ်မှာတင်တဲ့ ဓာတ်ပုံတွေဆို ပေါ်တောင် မပေါ်ဘူးဘုရား’’ တဲ့ ပြည်မြန်မာက ဆွေးတော် မျိုးတော်တွေက ပြောသော စကားတွေပါ။ ထို့ကြောင့် သီတဂူစတား ဘလော့ဂ်ကို အားပေးကြတဲ့ ညီအစ်ကို မောင်နှမများအား အထူးမေတ္တာရပ်ခံသည်မှာ- ပြည်မြန်မာရောက်ရင်တော့ အွန်လိုင်းပရိသတ်၊ ဓမ္ဓ ညီအစ်ကို မောင်နှမများနှင့် ဝေးကွာသွားကောင်း သွားနိုင်ပါသည်၊ သို့သော်လည်း အခွင့်သာတဲ့အခါ ပို့စ်များကိုလည်း တတ်နိုင်သလောက် တင်ဖြစ်အောင် တင်ပေးသွားမှာ ဖြစ်သောကြောင့် ဆက်လက် စောင့်ပြီး အားပေးကြမည်ဟု မျှော်လင့်မိပါသည်။
ပြည်မြန်မာ မပြန်ခင် သီတဂူစတား ပြည်ပပညာ သင်ကြားစဉ် ၂နှစ်အတွင်း ကျေးဇူးပြုဖူးသောသူများကို သီတဂူစတားဘလော့ဂ်၏ ၂နှစ်ပြည့် အထိမ်းအမှတ်အဖြစ်ဖြင့်၎င်း ပြည်တော်ပြန် နုတ်ခွန်းဆက် အနေနဲ့သော၎င်း ရင်မှာပေါက်ဖွား ပီတိစကားလေးများ ပြောပြလိုပါသေးသည်။

သီတဂူစတား မွေးဖွားခြင်း
သီတဂူစတားဘလော့ဂ်သည် ယခုအခါ ၁၁-လ ပြည့်သွားပြီ ဖြစ်ပါသည်။ ၁၃-၈-၂၀၀၉ နေ့က စတင်တည်ထောင်သည်။ သီတဂူစတားဘလော့ဂ်သည်လည်း နာမည်ကြီးဘလော့ဂ်များလို အဆင့်မမြင့်သေးပေမဲ့ အတိုင်းအတာတစ်ခုထိတော့ ရောက်လာခြင်းသည်လည်း အွန်လှိုင်းစာဖတ်ပရိသတ်ရဲ့ ပီတိစကားလေးတွေကြောင့်ဖြစ်ပါသည်။ ထို့ ကြောင့် ၁၁ လပြည့် အထိမ်းအမှတ်အဖြစ်ဖြင့် ၀မ်းသာစကားပြောချင်ပါသည်။ ဘာလက်ဆောင်ဖြင့် ကျေးဇူးတုန့်ပြန်ရမလဲ စဉ်းစားမိတော့ ကိုယ့်မှာက ရင်ဘတ်ထဲက ရင်တွင်းဖြစ် ပီတိစကားများသာ ရှိနေပါသည်။ သီတဂူစတား ပြည်ပ ပညာသင်ကြားနေစဉ် ၂ နှစ်တာ အတောအတွင်း ကိန်းအောင်းနေသော ကျေးဇူးစကားများဖြစ်သည်။ ထိုပီတိစကားများကို အပိုင်း ၃ ပိုင်းခွဲရပါမည်၊ ဘလော့ဂ်တစ်ခု ပြီးမြောက် အောင်မြင်အောင်၊ ဘလော့ဂ် အကယ်ဒမီဆု ရသွားတဲ့အထိ ကူညီသူများနှင့် တပြိုင်တည်းမှာပဲ သီတဂူစတား ပြည်ပပညာရေးအတွက် အကူအညီပေးခဲ့ကြသော ကျေးဇူးရှင်များကို ရင်တွင်းစကားများဖြင့် ကျေးဇူးဆပ်လိုပါသည်။

သီတဂူစတား ဘလော့ဂ်
သီတဂူစတား ဘလော့ဂ်နှင့်ပတ်သက်ပြီး--
၁။ ရှေးဦးစွာ လာရောက် လည်ပတ်ပြီး ဆွေးနွေးကြသူများ၊ နွေးထွေးစွာ အကြံအဥာဏ်ပေးကြသူများ၊ ပို့စ်များ တင်ဖြစ်အောင် အားပေးစကားပေးကြသူများနှင့် ဘလော့ဂါ ညီအကို မောင်နှမများအား အထူးကျေးဇူးတင်ပါသည်။
၂။ သီတဂူစတားဘလော့ဂ်ကို ရှေးဦးစွာ အကောင်အထည် ဖော်ဖြစ်အောင် အကြံအဥာဏ်များ ပေးသော သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသ (ဓမ္မဝေဒဂူဆရာတော်)။
၃။ သီတဂူစတာအား ဘလော့ဂ်ပညာများနှင့် ပတ်ကသက်ပြီး လမ်းညွန်ပေးသော ညခင်းရဲ့လမင်း
၎။ ဒုတိယအကြိမ်မြောက် သီတဂူစတားနက် ဒိုမိန်းအလှူရှင် အမေရိကမှ ဒကာ ဦးကိုကို
၅။ သီတဂူစတား ပို့စ် (စာ) များကို ပြင်ဆင်ပေးသော ကျောင်းအမ မပန်းစပယ် (လှဆန်းယဉ်)။
၆။ သီတဂူစတားဘလော့ဂ်၏ ခေါင်းစဉ်ပြင်စဉ်ပေးသော မေမေ့လပြည့်ဝန်းလေး တို့အား အထူး ကျေးဇူးတင်ပါသည်။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို အထက်ဖော်ပြပါ ပုဂ္ဂိုလ်များ မပါဝင်ခဲ့ပါက သီတဂူစတားဘလော့ဂ်တစ်ခု အကောင်အထည်ဖော်ဖို့ရန်နှင့် အွန်လိုင်းပေါ်မှာ ရပ်တည်နိုင်ဖို့ရန် မလွယ်ကူလှပေ။ ထို့ကြောင့် သူတို့တတွေအားလုံးသည် သီတဂူစတားဘလော့ဂ်အတွက် ကျေးဇူးတင်ထိုက်သူဟူ၍ မှတ်တမ်းတင်ပါသည်။ ဒါ့အပြင် သီတဂူစတားအတွက် အထူးကျေးဇူးထိုက်သော သူများ ကျန်ရှိပါသေးသည်။ သူတို့ကတော့ ပြည်ပညာရေးအတွက် အထောက်အပံ့ပေးသူများ ဖြစ်ကြသည်။

သီတဂူစတား၏ ပြည်ပ ပညာရေး
သီတဂူစတားသည် အိန္ဒိယနိုင်ငံ၊ မဟာရဋ္ဌပြည်နယ်၊ ပူနေးမြို့၊ ပူနေးတက္ကသိုလ်၊ ဖိလိုဆိုဖီ (Department of Philosophy) ဌာနတွင် M.A တန်း တက်ရောက်ပညာသင်ကြားပြီးဖြစ်ပါသည်။ ထို M.A (two years course) အတွက် သီတဂူစတားအား ထောက်ပံ့သူများမှာ- သီတဂူဆရာတော်ကြီးဖြစ်ပါသည်၊ ဆရာတော်ကြီးသည် သီတဂူစတား၏ ပညာရေးအတွက် လိုသလောက်ထောက်ပံ့သည်၊ ဆရာတော်ကြီးသည် ပညာရေးနှင့်ပတ်သက်ပြီး ရုပ်ဝတ္ထုပိုင်းဆိုင်ရာ (material things) သာမက စိတ်ဓာတ်ဖွံ့ဖြိုးရေး (mental progress) တွေပါ ပေးနေသဖြင့် သီတဂူစတားသည် ယခုလို ရပ်တည်နိုင်ခြင်းဖြစ်ပါသည်။ ဆရာတော်ကြီးသည် သီတဂူစတား၏ စံပြဖြစ်သလို ဖခင်ဟူ၍လည်းဆိုနိုင်ပါသည်၊ တပည့်များစွာကို သားသမီးသဖွယ် ကျောသား ရင်သားမခွဲ၊ အဖြူအမဲ မခွဲခြားဘဲ ထောက်ပံ့သည်။

ဒါ့ပြင် ဒေါ်လာ ၁၀၀ ၀န်းကျင် သို့မဟုတ် ၂၀၀ လှူဒါန်းခဲ့သော အလှူရှင်များမှာ- သီတဂူစတား၏ ဆရာဖြစ်သူ ဒေါက်တာအရှင်စန္ဒာသိရီ၊ သူငယ်ချင်းများဖြစ်ကြသော အရှင်ဒေ၀ိန္ဒာဘိဝံသ M.A (Buddhist Philosophy)၊ အရှင် တေဇိန္ဒ M.A (Philosophy)၊ အရှင်ပညိန္ဒ M.A (English)၊ အရှင်ဓမ္မာလောက (M.A ကထိက-နပသ ရန်ကုန်)နှင့် ကာတာနိုင်ငံမှာ အလုပ်လုပ်နေသော မောင်အောင်ကျော်တိုးတို့ဖြစ်ကြသည်။ မောင်အောင်ကျော်တိုးသည် အွန်လိုင်းမှ မိတ်ဆွေဒကာလေးဖြစ်သည်၊ အပြင်မှာ လူချင်း မစုံဘူးပေမဲ့ အရမ်းရင်းနှီးသူဖြစ်သည်။ ထို့ပြင် ရပ်ရွာမှ ဆွေတော်မျိုးတော်များကလည်း ပံ့ပိုးလိုက်ကြသေးသည်။ ထိုအတွက် ၁၁ လပြည့်အထိမ်းအမှတ်အဖြစ် မှတ်တမ်းတင်ပါသည်။

အစားအစာ အလှူ့ရှင်
ပညာရေးအပြင် ကျေးဇူးတင်ထိုက်သော အစားအစာအတွက် အလှူရှင်များလည်း ရှိပါသေးသည်။ သီတဂူစတားတို့ မြန်မာရဟန်းတော်များ ပူနေးတက္ကသိုလ် ကျောင်းတက်စဉ် ဆန်၊ ဆီ၊ သကြား၊ ပဲ စသည့်ချက်စရာများကို ရံဖန်ရံခါ လာလှူလေ့ရှိသည့် အိန္ဒိယလူမျိုး ဒကာ ဦးဒေးတို့မိသားစုသည် မြတ်ဗုဒ္ဓလက်တော်က တိတ္ထိဆရာကြီး ၆ ယောက်ထဲက မဟာဝီရ ဂျိန်းဆရာကြီး၏ တပည့်သာဝကများဖြစ်ကြသည်။ သူတို့မိသားစုသည် ရဟန်းတော်များအား အိမ်သို့ပင့်ဖိတ်ကာ အစားအစာများ ကပ်လေ့ရှိသည်၊ ဘာသာရေးဆိုင်ရာများဆွေးနွေး မေးမြန်းလေ့ရှိသည်။ ဂျိန်းဘာသာသည် ကံ ကံ၏အကျိုးကို ယုံကြည်သည်၊ ကုသိုလ် အကုသိုလ်ကံအကြောင်းကို စိတ်ဝင်စားသည်။ ထို့ကြောင့် ထိုမိသားစုသည် ရဟန်းတော်များနှင့် ရင်းနှီးသည်၊ အထူးသဖြင့် မြန်မာရဟန်းတော်များကို ကြည်ညိုသည်။ ထို့နောက် ၂ နှစ်တာ အတောအတွင်း စားပွဲဝိုင်းလေးအတွက် အလှည့်ကျ ချက်ပြုတ်ကြသော သီတင်းသုံးဖော် မိတ်ဆွေများ၊ စားအတူ သွားအတူ လာအတူ၊ ကိုယ်တူ စိတ်တူ အတူ နေခဲ့ဖူးကြသော သူငယ်ချင်းမိတ်ဆွေ အပေါင်းနှင့် မကြာမကြာ ရဟန်းတော်များကို မိမိအိမ်သို့ပင့်၍၎င်း လူကိုယ်တိုင် အဆောင်သို့လာ၍၎င်း မြန်မာပြည်မှ ပါလာသော ချဉ်ပေါင်ကြော်၊ ငါးပိကြော် ငါးခြောက်ကြော် စသော အစားအစာများလှူလေ့ရှိခြင်းနှင့် အခါအားလျှော်စွာ န၀ကမ္မ (ရူပီး) များ လှူလေ့ရှိသော မြန်မာ့လေယာဉ်မှူးလေး ဒကာ ကိုအောင်သန်းတို့မိသားစုအား ၎င်း အထူးကျေးဇူးတင်ရှိပါကြောင်း သီတဂူစတားဘလော့ဂ် ၁၁- လ ပြည့် အဖြစ် မှတ်တမ်းတင်လိုက်ပါသည်။

အားလုံးကို ကျေးဇူးတင်စကားပြာကြားရင်း ပြည်မြန်မာပြန် အဖြစ် နှုတ်ဆက်ခဲ့ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၁၈-၇-၂၀၁၀

16 July 2010

နှုတ်ဆက်ခွင့် မရလိုက်သော သူငယ်ချင်း


သူငယ်ချင်း မောင်ဣန္ဒာ 2010 ဧပြီလ (၁) ရက်နေ့က အိန္ဒိယ လေ့လာရေးခရီးစဉ်တွင် နောက်ဆုံး တွေ့လိုက်ရသော သူငယ်ချင်း မောင်ဣန္ဒာနန္ဒ၏ ပုံတော်လေး။

ကံဇာတ်ဆရာ
အော်--ကံတွေများ အလွန်ဆန်းကြယ်ပါဘိ၊ ကျွန်ုပ်တို့ သက်ရှိသတ္တ၀ါတွေသည် ကံဇာတ်ဆရာ၏ ဆွဲရာ ရုပ်သေးရုပ်ပမာ ကခုန်နေကြရသည်။ လူ့လောကကြီးထဲ စရောက်စတုန်းကလည်း အငိုနှင့်စခဲ့ကြရသည်၊ လူ့လောကကြီးမှ ထွက်ခွါသွားကြတော့လည်း အငိုနှင့်ပဲ အဆုံးသတ်ခဲ့ကြရသည်။ ဘ၀ကို အငိုနှင့်စပြီး အငိုနှင့်ပဲ အများစုက အဆုံးသတ်ကြသည်။ လူ့လောကကြီးထဲမှာ ညီအစ်ကို မောင်နှမရယ် ဆွေရယ် မျိုးရယ် မိတ်ဆွေရယ် ဆိုပြီး လူ့အသိုင်းအ၀ိုင်းထဲမှာ တခဏတာမျှ တဒင်္ဂမျှ စုံဆည်းကြရသည်။ ကံဇာတ်ဆရာရဲ့ ကြိုးဆွဲရာ လှုပ်ရှားနေကြရသည်၊ တချိန်ချိန်မှာ ထိုကံဇာတ်ဆရာကပဲ ကျွန်ုပ်တို့ ချစ်ခင်ရသော မိဘ ဆွေမျိုး အပေါင်းအသင်း အားလုံးနှင့် ဝေးရာလောကကြီးဆီသို့ ဆွဲထုတ်သွားပါလိမ့်ဦးမည်။ ကျွန်ုပ်တို့ကို ကံဇာတ်ဆရာက ဘယ်အချိန် ဘယ်နေရာ ဘယ်ပုံစံနှင့် ဆွဲထုတ်သွားပြီး ဘယ်နေရာမှာ နေရာချထားပေးမည်ဟု မည်သူမျှ မသိနိုင်ကြပါ။

အကျွန်ုပ်တို့ တတွေ ကြို မသိနိုင်တဲ့ အရာ ၅ မျိုး
ကျွန်ုပ်တို့တတွေသည်--------
ဇိဝိတံ ဗျာဓိ ကာလော စ၊ ဒေဟနိက္ခေပနံ ဂတိ။
၁။ ဇီဝိတ- အဘယ်အသက်ရွယ်မှာ သေရမလဲဆိုတာ မသိနိုင်။
၂။ ဗျာဓိ- ဘယ်လိုပုံစံမျိုးနှင့်သေမယ် ဘယ်လိုရောဂါမျိုးနှင့် သေရမလဲဆိုတာ မသိနိုင်။
၃။ ကာလ- ဘယ်အချိန်မှာ သေမလဲဆိုတာ မသိနိုင် (မနက်၊ နေ့လည်၊ ညနေ စသည်)။
၎။ ဒေဟနိက္ခေပန- ဘယ်နေရာမှာ သေမယ် ဘယ်နေရာမှာ ခန္ဓာချမယ်ဆိုတာ မသိနိုင်၊
၅။ ဂတိ- ဘယ်ဘ၀ ဘယ်ဘုံ ပြန်ဖြစ်ရမယ်ဆိုတာလည်း မသိနိုင် ဟူ၍ ၅မျိုးသော အရာတို့ကို အကျွန်ုပ်တို့ တတွေ မသိနိုင်ဟု စာပေမှာ မှတ်သားခဲ့ရဖူးသည်။

ကျွန်ုပ်သူငယ်ချင်း
အကျွန်ုပ်၏ ချစ်ခင်ရသော သူငယ်ချင်းတစ်ယောက် ၁၀-၇-၂၀၁၀ နေ့က ကံဇာတ်ဆရာက မညှာမတာ အကျွန်ုပ်ထံမှာ ဆွဲထုတ်ခေါ်သွားခဲ့သည်။ အသက်အားဖြင့် ၃၄ ၀န်းကျင်မျှသာ ရှိသေးသည်၊ သူသည် နောင်တချိန်မှာ မြန်မာနှင့် သာသနာအတွက် တဒေါင့်တနေရာကနေ အကျိုးပြုနိုင်မည့် သာသနာ့အာဇာနည် သူရဲကောင်းတစ်ယောက် ဖြစ်လိမ့်မည်ဟု ကျွန်ုပ် ယုံကြည်မိသည်။ နိုင်ငံတော် အစိုးရက ကျင်းပသော သာသနာ့ဓဇဓမ္မာစရိယနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ကျင်းပပြုလုပ်သော အင်္ဂလိပ်စာ ဒီပလိုမာဘွဲ့များနှင့် ဘီအေဘွဲ့ ရရှိထားပြီးသူလည်းဖြစ်သည်။ အမ်အေ ပထမနှစ်ကျောင်းသားလည်းဖြစ် တဖတ်က သင်တန်းဆရာလည်းဖြစ်သည်။ နှစ်ဖက်လှ လို့ ဆိုနိုင်ပါသည်၊ အလွန်ကြီးကျယ် ခန်းနားလှပတဲ့ ဘွဲ့နှင်းသဘင်ခမ်းမကြီးထဲမှာ ဘွဲ့လက်မှတ်ကိုတောင်မှ တက်ပြီ ယူမသွားနိုင်ခဲ့ရှာ။

ဘယ်သူမှ ဒီအသက်အရွယ်နှင့် ကျွန်ုပ်တို့ကို စွန့်သွားလိမ့်မည်ဟု မထင်၊ သူကိုယ်တိုင်လည်း ထင်လိမ့်မည် မဟုတ်၊ အချိန်မတန်ဘဲ သီတဂူ ကြယ်လေးတစ်ပွင့် အကြွေစောခဲ့ရသည့် အတွက် နှမျှောတသဖြစ်ရသည်။ သူသည် အလွန်သဘောကောင်း မနောကောင်း ဟာသစကားလေးတွေ ပြောတတ် သဖြင့် သူငယ်ချင်း မိတ်ဆွေပေါသည်၊ သူ့ကိုချစ်ကြသည်၊ လူကြီး လူငယ် အထက် အောက် သူ့ကို ခင်ကြသည်။ အခုလို မထင်မှတ်ဘဲ ဘယ်သူမှ တွေးမထားတဲ့ စွန့်ခွါခြင်းမျိုးနှင့် နှုတ်မဆက်ဘဲ ရုတ်တရက်ထွက်ခွါသွားတော့ အကျွန်ုပ်တို့ သူငယ်ချင်းတစ်စု ယူကြုံးမရဖြစ်ခဲ့ရသည်။

ဖုန်းသံ
၁၀-၇-၂၀၁၀ နေ့ ည ၁၁-၂၀ မိနစ်လောက်က သူငယ်ချင်းဖြစ်သူ ဦးဣန္ဒာစရိယထံမှ ဖုန်းလာသဖြင့် ကောက်ကိုင်လိုက်ရာ ‘‘ ဦးကောရေ-- ဦးဣန္ဒာနန္ဒလေး ပျံလွန်တော်မူသွားပြီ’’တဲ့၊ ကြားကြားချင်း မှင်သက်မိပြီး ဘာပြန်ပြောရမှန်း မသိဖြစ်မိသည်၊ ရင်ထဲမှာ မယုံကြည်နိုင်ခြင်း ၀မ်းနဲခြင်း သောကတွေနဲ့ တစ်ဆို့နေသည်။ သူငယ်ချင်း မောင်ဣန္ဒာနန္ဒ၏ မျက်နှာကို ချက်ခြင်း မြင်မိပြီး နှမျှောခြင်း သနားခြင်း စတဲ့ စိတ်ခံစားမှုများက တစ်ခုပြီးတစ်ခု နေရာ ယူနေသည်။ ‘‘စောစောက ၁၀ နာရီလောက်ကမှ ပျံလွန်တော်မူသွားတာ’’တဲ့။ ဖြစ်မှ ဖြစ်ရလေ သူငယ်ချင်းရယ်၊ ကျွန်ုပ် အပြန်အလာလေးကိုတောင် မစောင့်နိုင်ရှာ၊ အကျွန်ပ်ကိုတောင် ဖူးခွင့်မပေး နှုတ်ဆက်စကားလေးတောင် ပြောမသွားနိုင်ရှာခဲ့။

ဖြစ်ပုံက

ဆေးရုံမှာပဲ မိဘ ဆွေမျိုး သူငယ်ချင်းတွေကိုတောင် သတိမရဘဲ ၆-ရက်လောက် အခြားလောကကြီးဆီသို့ ရောက်နေသည်။ နောက်ဆုံးတော့လည်း အပြီးအပိုင် ထွက်ခွါသွားလေသည်။ ဖြစ်ပုံက- သူ၏ ဆွေမျိုးများထံ ဆိုင်ကယ် ကယ်ရီငှါးပြီး နောက်က စီးနင်းလိုက်လာရာ အခြားဆိုင်ကယ်တစ်စီးက ၀င်အောင်းလိုက်သဖြင့် ဦးနှောက်နှင့် ကတ္တရာလမ်းရိုက်မိခြင်းကြောင့်ဖြစ်သည် ဟု သူငယ်ချင်းများထံမှ သိရသည်။ ဆိုင်ကယ်နောက်လိုက်စီးခြင်းသည် အလွန်အန္တရာယ်များပါသည်၊ ထို့ကြောင့် သီတဂူဆရာတော်ကြီးက ဆိုင်ကယ်စီးခွင့် လုံးဝမပြုခဲ့။ သြ၀ါဒပေးသည့်အခါတိုင်းလည်း ထည့်ပြောလေ့ရှိသည်။ ဒီလို တားမြစ်ထားသည့်ကြားက ဆိုင်ကယ်ကို စီးဖြစ်အောင် စီးလိုက်မိတယ်ဆိုကထဲကား သူ၏ ကံကြမ္မာပဲလားလို့တောင် တွေးမိလိုက်သေးသည်။
ဒီလိုပုံစံနှင့် သေရလိမ့်မည်ဟု သူ့ကိုယ်သူ မသိနိုင်သလို ကျွန်ုပ်တို့ အားလုံးလဲ သိကြမည်မဟုတ်။ မွေးဖွားတာက စစ်ကိုင်းတိုင်း တန့်ဆည်၊ နေတာက စစ်ကိုင်းမြို့၊ ခန္ဓာချတာက မန္တလေးမှာဆိုတော့ သူသည်လည်း ဘယ်နေရာမှာ ခန္ဓချမယ်ဆိုတာ မသိနိုင်သလို ကျွန်ုပ်တို့တတွေ အားလုံးလဲ မသိနိုင်ကြပါ။ အာသဝေါမကုန်သရွှေ့ ကျွန်ုပ်တို့ တတွေ ရှည်လျှားထွေပြားတဲ့ ဘ၀သံသရာမှာ ရွေ့လျား မနေမနား တသွားတည်း သွားနေရကြဦးမည်ဖြစ်ရာကား နောက်ထက် ဘယ်ဘ၀ရောက်မယ်ဆိုတာကိုလည်း ကျွန်ုပ်တို့ မသိနိုင်သလို သူလည်းမသိနိုင်ပါ။

အသက်ငယ်သည် ကြီးသည်မရွေး၊ အချိန်မရွေး နေရာမရွေး ကံဇာတ်ဆရာ၏ ဆွဲရာခေါ်ရာ သွားကြရမည်၊ တောင်မြို့ မဟာဂန္ဓာဆရာတော်ကြီးက လင်္ကာလေးနှင့် ပြောခဲ့တယ်။ ‘င်္ံ ငါနှင့် ရွယ်တူ ငါ့အောက်လူ ကြီးသူ သေကြ များလှပြီ၊ ခဏမဆဲ အိုစမြဲ ကိုယ်လည်း သေဘို့ နီးကပ်ပြီ ’’တဲ့။ ကိုယ်နှင့် အသက်တူ အရွယ်တူလဲ သေကြရမှာပဲ၊ ကိုယ့်အောက်က သူတွေလဲ သေကြရမှာပဲ၊ များသောအားဖြင့်တော့ ကိုယ့်ထက် ကြီးသူတွေသာလျှင် အရင် သေကြတယ်။ ကိုယ်ကတော့ မသေတော့ဘူးလား? သေဘို့ နီးလာပြီပဲ။ ‘‘တနေ့ကုန်ပြန် ငါ့ရုပ် နာမ် သေရန် တစ်ရပ် နီးပြန်ပြီ’’။ နွားသတ်ရုံသို့ သွားနေသော နွားတစ်ကောင်သည် ခြေလှမ်းတစ်လှမ်းတိုးလိုက်တိုင်း သေဘို့ တစ်လှမ်းနီးလာသလို ကျွန်ုပ်တို့လည်း တစ်နေ့ကုန်တော့ သေဘို့ တစ်နေ့ နီးလာသည်။ ‘‘ရသည့် ဥစ္စာ ချစ်သူပါ စွန့်ခွါသွားရမည် ’’တဲ့။ ပိယေ ဟိ ၀ိပ္ပယောဂေါ ဒုက္ခော ပဲ။ ကိုယ် ချစ်ခင် နှစ်သက်သော သက်ရှိ သက်မဲ့ အရာ အားလုံး စွန့်ခွါသွားရမည်မှာ အသေအချာပင်ဖြစ်ပါသည်။ ထို့ ကြောင့် ကျွန်ုတို့တတွေအားလုံး အတ္တတွေ မာနတွေ ဒေါသတွေ နည်းနိုင်သမျှ နည်းပါးစေပြီး မသေမီ ကုသိုလ်ပါရမီလေးများ ဖြည့်သွားကြရပါမည်။ ‘‘မသေရမီ ပါရမီ ငါသည် ဖြည့်မှ သင့်တော့မည်’’ တဲ့။

သာဓုသာ ခေါ်လိုက်ပါ
သူငယ်ချင်းရေ--သွားနှင့်တော့နော် တချိန်ချိန် ဘ၀တကွေ့မှာ ပြန်လည် ဆုံစည်းကြဦးမှာပေါ့။ အဲဒီအခါကြမှပဲ စကားတွေ အားရပါးရ ပြောကြတာပေါ့၊ ထားရစ်ခဲ့တဲ့ သူငယ်ချင်းတွေက သူငယ်ချင်းအတွက် ကောင်းမှုတွေ ပြုပေးနေကြပါတယ်၊ ရောက်ရာအရပ် ကြားရာအရပ်ကနေ သာဓုသာ ခေါ်ပေတော့။

နောက်ဆုံးတွေ့လိုက်ရသော သူငယ်ချင်း (ဘယ်ဘက်မှ တတိမြောက်)
သီတဂူဆရာတော်ကြီးနှင့်အတူ ရဟန်းတော် ၆ပါး၊ ကျောင်းအမများနှင့် အိန္ဒိယ၊ နီပေါ၊ ထိုင်း လေ့လာရေးခရီးစဉ်တွင် သူလည်းပါခဲ့သည်၊ ရက်ပေါင်း ၄၀ ကျော် ခရီးဖြစ်သည်။

သင့်ရဲ့ နောင်တော် မိတ်ဆွေကြီး
သီတဂူစတား
၁၆-၇-၂၀၁၀

14 July 2010

ကျွန်ပ်နှင့် Somaiya College


မိတ်ဆက်

ဒီပို့စ်လေးကို အိန္ဒိယနိုင်ငံတွင် နာမည်ရ ကောလိပ်များစွာထဲမှ တစ်ခုအပါဝင်ဖြစ်သည့် Somaiya College ကောလိပ်တွင် ဒေါက်တာဘွဲ့အတွက် စာတမ်းတင်လိုသော ဒေါက်တာ လောင်းလျာများ အတွက် ဗဟုသုတအဖြစ် တင်ရခြင်း ဖြစ်ပါသည်။ အချို့သော ဝေဖန်ရေးသမားတွေက ပြောပါသေးတယ် ‘‘ အရှင်ဘုရား ဒီလို သာသနာနှင့် မပတ်သက်သည့် စာတွေ ရေးနေမည့်အစား တရားထိုင်ပါ့လားဘုရားတဲ့’’ အချို့က ပြောပါသေးတယ် ‘‘ အချို့သော ဘလော့ဂါတွေက စာရေးဆရာ ယောင်ယောင်နဲ့ ဟိုမရောက် ဒီမရောက်နဲ့တဲ့၊ ကိုယ်လုပ်ရမည့် တာဝန်တွေ လှစ်ဟင်းနေတယ်တဲ့၊ မြန်မာပြည်မှာ စာရေးဆရာတွေ လူမွှေးတောင် မပြောင်ဘူးတဲ့’’ ကဲဗျာ- ပရိသတ်ကြီးရဲ့ အမြင်ကရော ဘယ်လိုမြင်ပါသလဲ? စာဖတ်ခြင်းကို အလွန် ခုံမင်သော စာဖတ်ပရိသတ်ကြီးကကော စာရေးဆရာ သို့မဟုတ် ဘလော့ဂါတွေ အပေါ် ဘယ်လို မြင်ပါသလဲ? ရည်ရွယ်ချက်မရှိဘဲ အချိန်ကုန်ခံပြီး စာတွေရေး၊ ပို့စ်တွေ ရေးနေသည်လို့ကော ထင်မိပါသလား? တခါတရံ ကိုယ်ရေးချင်တဲ့ အကြောင်းအရာတစ်ခုအပေါ်မှာ စိတ်ကနှစ်ထားတဲ့အခါ mood or feel ၀င်လာတဲ့အခါ တဖက်က ကိုယ်ချက်ထားတဲ့ ထမင်းအိုး ဟင်းအိုးတွေ တူးကုန်တဲ့အခါတွေလဲ မနဲခဲ့ဘူး။ သို့သော်လည်း ကိုယ်သိသည့်ဗဟုသုတ အတွေ့အကြုံလေးတွေကိုတော့ သူများကို ပြောပြချင်နေတယ်။ အခြားသူတွေကိုတော့ မပြောတတ်ပါ သီတဂူစတား အမြင်ကတော့ ကိုယ့်ရဲ့ အတွေ့အကြုံလေးတွေကို ဝေငှချင်တဲ့ စိတ်ဆန္ဒလေးတစ်ခုတည်းနဲ့ စာအလုပ်ပျက်၊ တာဝန်ဝတ္တရားများပျက်ကွက်လျက် ရေးခြင်းဖြစ်သည်လို့ တွေးမိသည်။ ထို့ကြောင့် နောက်ပိုင်း သီတဂူစတား၏ ပို့စ်များသည် အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်များနှင့် အိန္ဒိယတွင် ကိုယ်နေသမျှ တွေ့သမျှ လေးတွေကိုသာ ဦးစားပေးဖော်ပြထားသည်ကို တွေ့ရပါလိမ့်မည်။

Somaiya College

စောမယကောလိပ် အကြောင်းကိုတော့ ကောင်းကောင်းမသိသေးသဖြင့် ကောလိပ်၏ နောက်ခံသမိုင်းကိုတော့ မရေးတော့ပေ၊ သီတဂူစတား ထိုကောလိပ်ထဲ ၀င်ရောက်သည့်အခါမှသာ တင်ပြပါတော့မည်။ အိန္ဒိယနိုင်ငံတွင် ပုဂ္ဂလိကပိုင် တက္ကသိုလ်၊ ကောလိပ် institute နှင့် school များ များစွာရှိပါသည်။ စောမယ ကောလိပ် (Somaiya College ) သည်လည်း ပုဂ္ဂလိကပိုင် ကောလိပ်ကြီးတစ်ခုဟု သိရသည်။ ယခုအခါ ကောလိပ်အဆင့်မှ တက္ကသိုလ်အဆင့်အထိ မြင့်တင် (upgrade)ဘို့ ကြိုးစားနေသည်။ ထိုကောလိပ်သည် သိပ္ပံနှင့်နည်းပညာပိုင်းဆိုင်ရာ ဘာသာရပ်များနှင့် ပက်သတ်ပြီး နာမည်ရနေသည်။ ထိုကောလိပ်မှာ ဌာနပေါင်း ဘယ်လောက်ရှိသည်ဟူ၍ ကောလိပ်ကျောင်းသားတစ်ယောက်အား မေးဘူးသည် သို့ပေမဲ့ တိကျတဲ့ အဖြေမရခဲ့။ သတင်းအချက်အလတ် အတိအကျ ရရှိသောအခါမှသာ ထိုကောလိပ်နှင့် ပတ်သက်ပြီး ပို့စ်တစ်ခု တင်ပါဦးမည်။

စောမယကောလိပ်ကျောင်းသား

ယခု အခါ ထိုကောလိပ်ကျောင်းသားတစ်ယောက် ဖြစ်ရန် ခြေလှမ်းနေသော သီတဂူစတားသည် ထိုကောလိပ်သို့ ရောက်ခဲ့သည်။ အိန္ဒိယနိုင်ငံ၏ ကောလိပ်အများစုသည် Bachelor ကျောင်းသားနှင့် Research ကျောင်းသားများကိုသာ လက်ခံလေ့ရှိသည်။ Master ကျောင်းသားများကိုတော့ လက်ခံသည့် ကောလိပ် အနည်းအကျဉ်းသာရှိပါသည်၊ Master, M.Phil, Ph.D ကျောင်းသားများကိုတော့ တက္ကသိုလ် (university) တွေကပဲ လက်ခံလေ့ရှိသည်။ ထိုတက္ကသိုလ်အဆင့်တွင် Bachelor ကျောင်းသားများကိုတော့ လက်ခံလေ့မရှိတာကို တွေ့ရသည်။ ပြည်မြန်မာတော့ ကောလိပ်ကျောင်းတွေ ပျောက်သလောက်ဖြစ်ပြီး တက္ကသိုလ်အဆင့်ထိ မြင့်တင်ကာ ကျောင်းသားအားလုံး အဆင့်အတန်းမရွေး ထိုတက္ကသိုလ်အဆင့်ကပဲ လက်ခံထားသည်ကို တွေ့ရသည်။
ထိုစောမယ (Somaiya College)ကျောင်းတွင် မြန်မာ research ကျောင်းသား (ရဟန်းတော်) ၃၀ နီးပါး ရှိသည်။ အများစုသော ရဟန်းတော်များသည် Buddhist study နှင့် Sanskrit ဌာနတို့တွင် သုတေသနများ ပြုလုပ်လျက်ရှိကြသည်ကို တွေ့ရပေမဲ့ မြန်မာ B.A ကျောင်းသားနှင့် M.A ကျောင်းသား လုံးဝ မတွေ့ရပေ။ ကောလိပ်ထဲတွင် Commerce, Engineering, Somaiya College of Computer, Somaiya College of Medicine, poly Technique of Somaiya College စသည်ဖြင့် နည်းပညာဌာနများရှိသည်။

Buddhist and Sanskrit Department
ထိုကောလိပ်တွင် Buddhist study ဌာနသည် ဘုံဘေတက္ကသိုလ်၏ အခွဲဟု သိရသည်၊ Sanskrit ဌာနကတော့ မဟာရဋ္ဌပြည်နယ်၏ ဒုတိယမြို့ ဖြစ်သည့် နာဂပူမြို့ရှိ Kavi Kulaguru Kalidas Sanskrit University အောက်မှာရှိသည်၊ Sanskrity ဌာနကို စောမယကောလိပ်တွင် ဌာနတစ်ခုဖွင့်ခါ ဒီပလိုမာ သင်တန်းများနှင့် Ph.D ကျောင်းသားများ မူရင်းတက္ကသိုလ်အတွက် ရှာဖွေ စုဆောင်းနေသည်၊ အိန္ဒိယတက္ကသိုလ်အများစုသည် ပညာရေး ဈေးကွက်တစ်ခုဖြစ်နေသည်အားလျော်စွာ ထိုဌာနသည်လည်း ဈေးကွက်တခု အနေနဲ့ စောမယကောလိပ်မှာ လာဖွင့်ထားပုံရသည်၊ ထို Sanskrit ဌာနသည် ဘုံဘေတက္ကသိုလ်အောက်မှာဆိုလည်း မမှာပါ၊ အကယ်၍ ဘုံဘေတက္ကသိုလ်အောက်မှာ ကျမ်းစာရေးပါက Sanskrit လို ရေးရမည်ဟု မှတ်သားရပါသည်။ ဟုတ်မဟုတ်ကို ရက်တိုအတွင်း နေခဲ့ရသည့်အတွက် သတင်းအတိအကျ မရခဲ့ပါ။ ထိုဆန်စခရစ်ဌာန၏ ဒါရိုက်တာသည် Dr. Kala Acharya ဖြစ်သည်၊ စကားပြောချိုသည်၊ လောလောဆယ်ဆယ် အဆင်ပြေအောင် လုပ်ပေးတတ်သည်၊ နောက်ပိုင်းတော့ ဘယ်လိုဖြစ်မည်ဟု မသိနိုင်ပါ။ ဌာနရောက်ရင် ၀န်ထမ်းတွေရော ဧည့်ဝတ်ကြေသည် ဂရုစိုက်သည်၊ ကုလားမှ ဟုတ်ပါလေးရဲ့လားဟု တွေးမိသည်။ နောက်ဆုံးတော့ ကုလားက ကုလားပဲဖြစ်မှာပါ။

သီတဂူစတားနှင့် စောမယ ကောလိပ်
စောမယ ကောလိပ်သည်လည်း အိန္ဒိယကောလိပ်များစွာတွင် နာမည်ရတစ်ခု အပါအ၀င်ဖြစ်သည်။ သီတဂူစတားကား ပူနေးတက္ကသိုလ်မှ ဒဿနိကဗေဒ (philosophy) ဖြင့် M.A ပြီးထား၍ ဘုံဘေမြို့ရှိ ထိုစောမယ Somaiya College တွင် Ph.D ကျောင်းသားတစ်ယောက်ဖြစ်ရန် ဆန္ဒရှိခဲ့သည်။ စောမယကောလိပ်ရှိ Sanskrit ဌာနနှင့် ဒါရိုက်တာ မဒမ် Kala Achaya အကြောင်းကို အိန္ဒိယကို မလာခင်ကထဲက တစွန်းတစ ကြားထားပြီးဖြစ်ပါသည်။ အကြောင်းကား သီတဂူစတား ဆရာသည်လည်း ထိုဌာနရှိ ထိုဒါရိုက်တာကြီးအောက်မှာ ဒေါက်တာဘွဲ့ ရခဲ့သည်ဖြစ်ပါသည်။ သို့သော်လည်း supervisor အရမ်းခက်ခဲနေတဲ့ အချိန်အခါ ဖြစ်တာက တစ်ကြောင်း၊ ပူနေးတက္ကသိုလ် Sanskrit ဌာနမှ အငြိမ်းစားယူပြီးသော ဆရာမကြီးက စောမယရှိ Sanskrit မှာ အလုပ်ဆက်လုပ်မည် ဖြစ်ရကား ထိုဆရာမကြီး၏ guide အောက်တွင် ကျမ်းစာ ရေးချင်တာက တစ်ကြောင်း စောမယကောလိပ်ရှိ ထို ဌာနကို ရွေးလိုက်ရခြင်းဖြစ်သည်။ ဘယ်တက္ကသိုလ်နာမည်နဲ့ပဲ ဖြစ်ဖြစ်၊ စောမယပဲ ဖြစ်ဖြစ် ဘုံဘေပဲ ဖြစ်ဖြစ် နာဂပူပဲ ဖြစ်ဖြစ်၊ ဘယ်တက္ကသိုလ်က နာမည်ကြီးဖြစ်စေ မကြီးသည်ဖြစ်စေ အလေးမထားပေမဲ့ ကိုယ်ရေးမည့် ကျမ်းစာ အဆင်ပြေဘို့ကိုပဲ ရည်ရွယ်ထားပါသည်။ နောက်ပိုင်း အဆင်ပြေ မပြေတော့ ကိုယ့်ကံပဲလို့ တွေးမိသည်။ ယခု လောလောဆယ်ဆယ် ဗီဇာ အခက်အခဲနှင့် supervisor အခက်အခဲကြောင့် အမြန်ဆုံး အဆင်ပြေသွားချင်သည်။

ဘာတွေ ဆက်လုပ်မလဲ
Sanskrit ဌာနတွင် Ph.D ကျောင်းသားတစ်ယောက်ဖြစ်ရန် ဘာတွေ လိုအပ်သလဲ? ဘာတွေ လုပ်ရမလဲ? ကျောင်းဝင်ကြေး ဘယ်လောက် ပေးရမလဲ? စတဲ့ Ph.D ကျောင်းသားတစ်ယောက် သိရန် လိုအပ်သည့် အကြောင်းကလေးများကို လက်တလော အတွေ့အကြုံအရ ဗဟုသုတအဖြစ် ဤပို့စ် အခန်းတွင် ဖော်ပြလိုပါသည်။
သီတဂူစတား၏ supervisor သည် ပူနေးတက္ကသိုလ် Sanskrit Department မှ အငြိမ်းစားယူဘို့ရန် order ကျပြီးသားဖြစ်သည်။ ယခုအခါ ဘုံဘေမြို့ စောမယကောလိပ် (Somaiya College) Sanskrit Department မှာပဲ ဆက်လက် အလုပ်လုပ်မည်ဖြစ်ရကား သူမလက်အောက်တွင် research လုပ်ချင်သော ကျောင်းသားတွေ အလုအယတ် ၀င်နေကြရသည်။ ယခုအချိန်မှာ အိန္ဒိယရှိ တက္ကသိုလ်တိုင်းနီးပါး Research Student တစ်ယောက်အတွက် supervisor ရဘို့ အလွန်ခက်ခဲနေသည်။ သီတဂူစတားသည်လည်း ထိုဆရာမဆီမှာပဲ သွားရောက်ပြီး Seat တောင်းခဲ့သည်၊ အဆင်ပြေပါသည်။ သုတေသန ကျောင်းသားတစ်ယောက် ပထမဦးစွာ ရှာဖို့ လိုအပ်သည်မှာ supervisor ပင်ဖြစ်သည်။ ဒုတိယကား ကိုယ် သုတေသနလုပ်မည့် ခေါင်းစဉ် (synopsis) ရွေးချယ်ပြီး supervisor နှင့် ဆွေးနွေးဘို့ပင်ဖြစ်ပါသည်။

Synopsis မရေးမီ ရှေးဦးစွာ research methodology ကို လေ့လာဖို့လိုသည်။ synopsis ကို စနစ်တကျ ဘယ်လိုဖန်တီးမလဲ ဆိုတာ ရှေးဦးစွားလေ့လာပြီးမှ synopsis ကို စတင် အကောင်ထည်ဖော်ပြီး supervisor နှင့် ဆွေးနွေးရန်ဖြစ်သည်။ သီတဂူစတားသည် ခေါင်းစဉ်တခုရွေးပြီး ဆရာမနှင့် ဆွေးနွေးရသည်မှာ ၉ ကြိမ်တောင် ရှိခဲ့သည်၊ ပထမဆုံးရွေးချယ်ထားသော ခေါင်းစဉ်သည် အိန္ဒိယ အတွေးအခေါ် အောက်မှာ ဖြစ်နေသဖြင့် ဆရာမက သိပ်မကြိုက်။ ခဏခဏ ဒီခေါင်းစဉ်ကို ပြောင်းခိုင်းခဲ့ပေမဲ့ မပြောင်းလိုခြင်းအကြောင်းကိုလည်း ပြန်လည်ပြောကြားသဖြင့် ထိုခေါင်းစဉ်ကို လက်ခံလိုက်သည်၊ သို့သော်လည်း သူမကြိုက်သည့် ခေါင်းစဉ်ဖြစ်ရကား ခဏခဏ ပြင်ခိုင်းသည်၊ ၈ ကြိမ်မြောက်ရောက်သောအခါ ‘‘ ဆရာမဆီလာတာ ဒါနဲ့ဆို ၈ ကြိမ်တောင် ရှိပြီလို့’’ သတိပေးလိုက်သော် '' don't harry'' ဟူ၍သာ ပြောသည်၊ မနက်ဖန်တော့ သေချာပြင်ခဲ့ finalize လုပ်မယ်လို့ ပြောသည်၊ နောက် ၉ ကြိမ်မြောက်ကျမှ သူ၏ signature (လက်မှတ်) ရတော့သည်။ သို့သော် ထိုခေါင်းစဉ်ကို သူမကြိုက်၊ ထိုခေါင်းစဉ်ဖြင့် ရေးပါက မူရင်းကျမ်းစာဖြစ်တဲ့ Dharmasatra, Bagavagita စတဲ့ Sanskrit ဖြင့်ရေးထားတဲ့ ကျမ်းစာတွေကို အသုံးပြုရလိမ့်မယ်။ ထိုမူရင်းကျမ်းစာတွေကို မင်းလည်း မနိုင်ဘူး၊ မင်း သင်ထားတဲ့ အိန္ဒိယအတွေးအခေါ်က နဲနဲလေးရယ်ဆိုပြီး ပြောလိုက်ပါသေးသည်။ သီတဂူစတားလဲ သူဆီက လက်မှတ်ရခဲ့ပေမဲ့ ခေါင်းထဲမှာ မကြည်လင်ဘူးဖြစ်နေတယ်။ နောက် နှစ်ရက်လောက်ရောက် သူဆီမှာ သုတေသန လုပ်နေသော ထိုင်းကျောင်းသားတစ်ယောက်အား ထိုခေါင်းစဉ်ကို သူမကြိုက်ကြောင်း၊ ငါ ပြောင်းခိုင်းသော်လည်း မြန်မာရဟန်းက ခေါင်းမာပြီး မပြောင်းခဲ့ကြောင်း၊ ပြီးတော့ အိန္ဒိယ အတွေးအခေါ်ပိုင်းဆိုင်ရာသည် သူ၏ နယ်ပယ်လည်းမဟုတ်ကြောင်း ပြောပြသည့်စကားများ သီတဂူစတားထံ ရောက်လာပါသည်။

Supervisor မကြိုက်သည့် ခေါင်းစဉ်

Supervisor မကြိုက်သည့် ခေါင်းစဉ်ကို မရွေးသင့်ပါ၊ တနည်းနည်းနဲ့ ကြာအောင် လုပ်တတ်သလို ကိုယ့် thesis လည်း ပြီးဖို့ အချိန်ကြာပါလိမ့်မည်။ သူများနိုင်ငံမှာ အချိန်၊ ငွေ များစွာပေးဆပ်နေရသဖြင့် မြန်မြန်ပြီးဖို့ လိုသည်။ ထို့ကြောင့် သီတဂူစတားလည်း မူလက ဆရာမ မကြိုက်ဘဲ လက်ခံထားသော ခေါင်းစဉ်ကို cancel လုပ်ပြီး နောက်ထပ် ခေါင်းစဉ်တစ်ခု ထပ် စဉ်းစားရတော့သည်။ နှစ်ရက်လောက် ပြင်ဆင်ပြီး ဆရာမဆီ သွားခါ ‘‘ ဆရာမ ငါ၏မူလ ခေါင်းစဉ်ကို ဆရာမ မကြိုက်ဘူးဆိုတာ သိတယ်၊ ငါလည်းပဲ အဲဒီ ခေါင်းစဉ်အတွက် ခေါင်းရှုပ်နေတယ်။ အခု ခေါင်းစဉ် အသစ်တစ်ခု ရေးလာတယ်’’ လို့ ပြောသောအခါ ‘‘သူ အားနာပုံရသည်၊ ရပါတယ်ကွာ မင်း နိုင်တယ်ဆိုရင် မူလ ခေါင်းစဉ်နဲ့ပဲ ရေးပါ’’ သို့သော်လည်း သူမကြိုက်သည့် ခေါင်းစဉ်ကို ရေရှည် လုပ်ရမည်ဆိုတော့ နောက် အသစ်တစ်ခုပဲ လုပ်ချင်သည်ဖြစ်ရာကား ဆရာမအားမေတ္တာရပ်ခံကာ အသစ်ကိုပဲ ကြည့်ပေးပါဦးဆိုတော့ တစ်ခါတည်း လက်ခံလိုက်သည်။ ပြောလိုက်သေးသည်မှာ ‘‘ ကျေးဇူးတင်ပါတယ်၊ မင်း ငါ့ရဲ့ point ကို နားလည်ပြီး လက်ခံလို့ ကျေးဇူးတင်ပါတယ်တဲ့’’ ဤသို့အားဖြင့် ဒုတိယခေါင်းစဉ်နှင့်ပဲ သုတေသန ဆက်လုပ်ရန် အတည်ပြုလိုက်ကာ ဆရာမ၏ လက်မှတ်များ ရယူရပါသည်။ ခေါင်းစဉ် synopsis ကို supervisor ကလက်ခံပြီးပါက ၁၂ မူ ကော်ပီကူးပြီး supervisor ၏ လက်မှတ် ရယူပြီး-နောက်ထက် ဆက်လုပ်ရှားရန်မှာ--
လိုအပ်သည့်အချက်များ---
၁- B.A Certificate and its Mark sheet၊
၂- M.A Certificate and its Mark Sheet။
၃- M.A ၏ Migration။ Passport Coy.
၎- လက်မှတ်ထိုးပြီး synopsis ၁၂ မူ တို့ကို ပြရန် မူရင်းနှင့် ဌာနသို့ တင်ရန် ကော်ပီး ၃ စုံတို့ကို ယူပြီး ဒါရိုက်တာနှင့် တွေ့ ဆွေးနွေးကာ သူ၏ လက်မှတ်များနှင့် ထို document များကို ယူကာ register လုပ်ရန်ရန် ရုံးတံဆိပ်များကို စောမကောလိပ်တစ်ခုလုံး၏ Registration ဌာနမှာ တံဆိပ်များ ရယူရပါသည်။ ထိုအစီအစဉ်များ ပြီးပါကား-
၅- DD form (ဘဏ်မှ ငွေပြေစာ ၂ မျိုး) ရယူရပါသည်။
၆- ထိုအားလုံးပြီးပါက ၄ ပါးနှင့် ၄ပါးထက်ကျောင်းသားရှိနေပါက ၀င်ခွင့်စာမေးပွဲအတွက် ကိုယ်ကြိုက်သည့် ရက်ကို တောင်းနိုင်သည်။ တက္ကသိုလ် စည်းမျဉ်းအရ ၃ လတစ်ကြိမ် ၀င်ခွင့် စာမေးပွဲ ကျင်းပပေးသည်ဟု သိရပါသည်။ ထိုဝင်ခွင့် စာမေးပွဲသည် အလုပ်သဘောအရသာ လုပ်နေကြသဖြင့် ဘာမှ မခက်ခဲပါ။
၇- ထိုအားလုံးပြီးပြည့်စုံပါက research visa လျှောက်ရန် ထိုဌာနမှ ထောက်ခံစာ (admission letter) တောင်းနိုင်ပါသည်။

ကျောင်းဝင်ကြေးများ
ကျောင်းဝင်ကြေးများသည် နာမည်ကြီးတက္ကသိုလ်တွေထက်တောင် ဈေးကြီးနေသည်။ ကျောင်းသား အင်အားဖြင့် ဈေးလျှော့တောင်းရန် ဌာနဆိုင်ရာသို့ တောင်းဆိုပါက ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ကျောင်းဝင်းကြေးများကို ယခုလောလောဆယ် သွင်းခဲ့ရတာကို တင်ပြပါမည်။
၁- Form fee အမေရိကန် ဒေါ်လာ ၁၀
၂- Registration fee အမေရိကန် ဒေါ်လာ ၂၀၀
၃- ၆ လ တစ်ကြိမ်စာ အတွက် ဒေါ်လာ ၅၀။ ထိုဒေါ်လာများကို လောလောလက်လက် ပေါက်ဈေးအတိုင်း အိန္ဒိယ ရူပီးငွေဖြင့် သွင်းရပါသည်။ (၁၂၀၀၀ ရူပီ) ထို အချက် ၃ ခုသည် နာဂပူရှိ အထပ်ပြသည့် မူလ တက္ကသိုလ်အတွက် ပေးဆောင်ရသည့် fee ကြေးများဖြစ်သည်။
၎- ရူပိး တစ်သောင်း (တစ်နှစ်စာအတွက်)။ ထို တစ်သောင်းသော ရူပီးသည် စောမယကောလိပ်ရှိ Sanskrit Institute အတွက်ဖြစ်သည်။ လောလောဆယ်ဆယ် ဒေါ်လာ ၅၀၀ ဘိုး သွင်းခဲ့ရသည်။ တစ်နှစ်စာအတွက်သာဖြစ်ပါသည်။
၅- နောက်ထက် ပေးဆောင်ရန်မှာ ၆ လတစ်ကြိမ်း ဒေါ်လာ ၅၀ နှင့် တစ်နှစ်လျင် institute အတွက် ရူပီး တစ်သောင်း (၁၀၀၀၀) နှင့် နောက်ဆုံ (final synopsis) ကျမ်းစာတင်တဲ့အခါ ပေးရန်ရှိပါသေးသည်။
၆- Thesis submission fee အတွက် ဒေါ်လာ ၆၀၀ နှင့်
၇- Thesis Valuation Fee အတွက် ဒေါ်လာ ၆၀ တို့ဖြစ်သည်။
စားစရိတ် နေစရိတ် အလွတ် အားလုံး ပညာရေး ကြေးအတွက် အမေရိကန် ဒေါ်လာ ၁၇၀၀၊ ၁၈၀၀ ကျော်မှာရှိသည်။ ဤသို့အားဖြင့် နောင်လာ နောက်သားများ ရွှေးချယ်နိုင်ရန်အခွင့်တစ်ခုအဖြစ် သိသလောက် မှတ်သလောက် ရက်တိုတိုနှင့် တင်ပြလိုက်ရပါသည်။

ဒေါက်တာအလောင်းအလျှာများရဲ့ စားဝတ် နေရေး
စောမယ ကောလိပ်တွင် အများစုသော ဒေါက်တာ အလောင်းအလျားများသည် သီရိလင်္ကာမှ အမ်အေ ပြီး ကျောင်းသားများဖြစ်ပြီး အချို့သော ရဟန်းတော်များက အိန္ဒိယ တက္ကသိုလ်များမှ အမ်အေပြီး ကျောင်းသားဖြစ်ပါသည်၊ ထို့ပြင် မြန်မာနိုင်ငံ ထေရ၀ါဒ တက္ကသိုလ်နှင့် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်များမှ အမ်အေပြီး ကျောင်းသား အချို့လဲ ပါဝင်ကြသည်။ အသက်အရွယ်အားဖြင့်လဲ ၃၀ ကျော်နှင့် ၀န်းကျင်မှာရှိကြသည်။ ကိုယ့်ပြည် ကိုယ့်နေရာမှာဆိုလျှင်တော့ အသက်အရွယ်အားဖြင့်ကြည့်ကြည့် ပညာရေးဘက်ကကြည့်ပြန်လျှင်လည်း နှစ်ဖက်လှ (လောကုတ်၊ လောကီ) ရဟန်းတော်များဖြစ်ကြသည်။ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်နေရာမှ ဂုဏ်ယူဝံ့ကြွား အပူဇော်ခံ ပုဂ္ဂိုလ်များ ဖြစ်ကြပါလိမ့်မည်။ သို့သော်လည်း သူများနိုင်ငံ (ဘာသာ အယူဝါဒ၊ ယဉ်ကျေးမှုများ စသည် မတူညီကြသည့် နေရာ)မှာ နေကြရသောကြောင့် မြန်မာပြည်မှ ဒကာဒကာမများ လှူလိုက်သော ပဲကြော်၊ ငါးပိ ငါးခြောက်၊ ပဲပုတ်ကြော်၊ လေးတွေနှင့် ကိုယ်တိုင်ချက် သီးစုံဟင်းလျှာဖြင့်သာ မငြိုမငြင် ဘုန်းပေးနေကြရသည်။ ပိုဆိုးတာက အဆောင်သည် International Hostel မဟုတ်ဘဲ local ကျောင်းသားများနှင့် အတူနေရသဖြင့် သိပ်အဆင်မပြေလှပေ။ ပြည်တွင်းကျောင်းသားများက အဆောင်က ပေးသော mess သို့မဟုတ် ကောလိပ်ကျောင်းဝန်းထဲက စားသောက်ဆိုင်တွင် မှာစားလေ့ရှိတာကြောင့် ချက်မစားကြ။

မြန်မာ ရဟန်းတော်များကသာ ကုလားအစားအစာ မစားနိုင်သောကြောင့် ရဟန်းတော်များ စုပေါင်းကာ (self-service) ကိုယ်တိုင် ချက်စားကြရလေသည်၊ အိန္ဒိယကျောင်းသားများသည်လည်း မြန်မာ ရဟန်းတော်များ ချက်ပြုတ်သော ဟင်းအနှံ့များကို မခံနိုင်သဖြင့် ထို ကျောင်းသားတွေရဲ့ မကြာမကြာ အတိုင်းအတောလည်း ခံရဘူးသည်၊ ကုလားများကလည်း အတိုင်းအတော အလွန်ထူပါပေ့။ အသားဟင်းချက်ဖို့ ဆိုတာ အတော်ကို ခက်ခဲသည်၊ နေ့စဉ် သက်သက်လွတ် ဘုန်းပေးနေကြရသည်။ နေ့တိုင်း သက်သက်လွတ် စားနေရပေမဲ့ ရဟန်းတော်များမှာ ပိန်လှီ ကြုံလှီ သွားသောသူဟူ၍ မရှိ။ ပို၍ပင် ၀င်းပြောင်လာသည်ဟူ၍ ထင်ရသည်၊ pppppppppp။ မြန်မာနိုင်ငံမှာ ကဲ့သို့ ချမ်းချမ်းသာသာ မနေနိုင်၊ နေ့စဉ်နှင့်အမျှ ရှိသမျှငွေလေးတွေ ထွက်နေသည်။ နေရသည့် အခန်းမှာလည်း သုံးယောက်တစ်ခန်း ဖြစ်သည်အတွက် ကိုယ်နှင့် သဟာဇာတ မဖြစ်လျှင်ကား အဆင်မပြေလှပေ၊ အချို့က လေပန်ကာ ကြိုက်သည်၊ အချို့ကား မကြိုက်၊ အချို့ကား မီးရောင်နှင့်မှ အိပ်တတ်သည်၊ အချို့ကား မအိပ်တတ်။ ဤသို့အားဖြင့် ကိုယ့်အခန်းနဲ့ ကိုယ် မဟုတ်တော့ (self-style) ကိုယ်ပိုင် လွတ်လပ်ခွင့်မရှိ။ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုသည်မှာ ကိုယ်ပိုင် အေးအေးဆေးဆေး စာဖတ်ခြင်း၊ စာရှာခြင်း၊ စာစုခြင်း စသည်ကို ဆိုလိုပါသည်။ ဤကား ဒေါက်တာအလောင်းအလျာများ၏ အနေဆင်းရဲ အစားဆင်းရဲ၊ ငွေကုန် အချိန်ကုန်တွေကုန် ပင်ပင်ပန်းပန်းနှင့် ဒေါက်တာဖြစ်ဖို့ အရည်အသွေး မြင့်မားစေဖို့ ကြိုးစားနေကြခြင်းဖြစ်သည်။ ဒုက္ခဿ အနန္တရံ သုခံ no pain no gain ဆိုတာလို တချိန်ချိန်တော့ သုခလေးတွေ ရောက်လာပါလိမ့်မယ်လို့ မျော်လင့်ရပါတယ်။ ထိုအတွက် ကောင်းကောင်း အရင်းအနှီးမြုတ်နှံခြင်းပင် ဖြစ်ပါတော့သည်။

မှတ်မှတ်ရရ

ဒုတိယတစ်ခေါက် ၀င်ခွင့်ဖြေရန် သွားချိန် ထိုကောလိပ်ရှိ မြန်မာရန်းတော်များ စုစုစည်းစည်း အစည်းအဝေးလေး တစ်ခု ကျင်းပသည်။ အကြောင်းကား အိန္ဒိယ ကျောင်းသားများ၏ အတိုင်းအတော မခံရအောင် ရှောင်ရန် ဆောင်ရန်လေးများကို နောင်တော်ကြီးများက တင်ပြကြသည်။ ထိုအစည်းအဝေးအရ သိလိုက်ရသည်မှာ- ထိုကောလိပ်ရှိ အဆောင်မှာနေသော မြန်မာကျောင်းသားများအတွက် သတိထားစရာလေးတွေပဲ ဖြစ်ပါသည်။ အသားဟင်းမချက်ရခြင်း၊ အရက်သေစာ မသောက်စားရခြင်း၊ ဆေးလိပ် ကွမ်း မသုံးဆောင်ရခြင်း၊ သင်္ကန်းများကို အပြင်မှာ ကုလားအ၀တ်တွေနှင့် ရောပြီး မလှန်းစေခြင်း၊ စတဲ့ ရှောင်ရန်နှင့် ရရှိထားတဲ့ အခွင့်အရေးလေးတွေကို ဆုပ်ကိုင်ထားခြင်း စတဲ့ ဆောင်ရန်များကိုလည်း မှတ်သားလိုက်ရသည်။ အတွေ့အကြုံရှိသော နောင်တော်ကြီးများ၏ စကားများသည် မှတ်မှတ်ရရ ဖြစ်ခဲ့ရပါသည်။

ကျေးဇူးတင်ခြင်း
သီတဂူစတားတို့ ၈ပါး အဖွဲ့၊ သီရိလင်္ကာက သူငယ်ချင်း ၄ ပါးနှင့် အိန္ဒိယ တက္ကသိုလ်အသီးသီးက သူငယ်ချင်း ၄ ပါး supervisor တစ်ယောက်တည်း အောက်မှာပဲ ကျမ်းစာရေးရန် ၀င်ခွင့် အတူဖြေဆိုကြသည်။ ထို ၈ပါးအတွက် စောမယ ကောလိပ်ရှိ နောင်တော် ဒေါက်တာလောင်းလျားများက ဧည့်ဝတ်ကျေပွန်စွာ ဧည့်ခံကြွေးမွေးခဲ့သည်အတွက်လည်း အထူး ကျေးဇူးတင်နေပါသည်။ စုပေါင်းစားခဲ့ရသော ဆွမ်းဝိုင်းလေးကိုလည်း အမှတ်ရနေသည်။ တက်နိုင်ရင် ထိုဒေါက်တာ လောင်းလျာများအတွက် ဆွမ်းအလှူလေးများ လှူလိုက်ချင်ပါသေးသည်။ ခါခြင်ကောင် မာန်ဖီးလို့ တောင်ကြီးကိုတဲ့ ဖျိုမည်ကြံ ခါးက မသန်ဆိုတာလို ဖြစ်နေတယ်။ စေတနာတည်းဟူသော မာန်ပါပေမဲ့ ဒေါ်လာတည်းဟူသော ခါးမသန်ဖြစ်နေသည်။ pppppppppppp--။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၇-၂၀၁၀

09 July 2010

ပြည်တော်ပြန်

ပျော်ရမလား
ပြည်တော်ပြန်ရမည်ဆိုတော့ ပျော်နေရမည်လား အောင့်မေ့မိတယ်၊ ထင်သလောက် ဖြစ်မလာ၊ ကျောင်းပြီးလို့ ၀န်ထုတ်ဝန်ပိုးကြီး ပေါ့သွားမလား အောင့်မေ့ ထိုထက်ကြီးမားသော ၀န်ထုတ်ကြီးက ရောက်လာပြန်။ တစ်ခုပြီးတော့ နောက်တစ်ခုအတွက် စဉ်းစားရပြန်၊ လောကမှာ ပြီးပြည့်စုံတယ်လို့ မရှိ၊ အလိုဣစ္ဆာ မကုန်သေးသ၍ တစ်ခုပြီးတစ်ခု လိုချင်မယ် တောင်းတမယ်၊ ရအောင် အားထုတ်မယ်၊ ထို့ကြောင့် ‘‘ဦနော လောကော’’ ဟူ၍ မြတ်ဗုဒ္ဓက ဟောခဲ့။

ပြည်တော်ပြန်ခါနီးဆိုတော့ ထုံးစံအတိုင်း အသေးအမွှားလေးကအစ အလုပ်ရှုပ်နေတတ်သည်၊ ဟိုဟာလိုလို ဒီဟာလိုလိုနဲ့ မပြီးမပြက်သေးတဲ့ကိစ္စလေးတွေက ခေါင်းထဲမှာ စီတန်းနေသည်။ တခါတရံ အလုပ်မဟုတ်တာကို အလုပ်ကြီးဖြစ်သွားတတ်သည်။ ပင်ကိုယ် စိတ်ရဲ့သဘောကိုက ဟိုလိုလို ဒီလိုလို ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ လှုပ်လှုပ်ရွရွဖြစ်နေသည်။ ပြည်တော်ပြန်ခါနီးဆိုတော့ စိတ်က ကိုယ့်ပြည် ကိုယ့်ရွာနှင့် အိန္ဒိယ ၊ ဘုံဘေ၊ ပူနေး ပြေးလွှားနေသည်။ ဒေါ်လာ ၄၅၀ တန်လက်မှတ်ကြီးဖြတ်ထားပြီး ကိစ္စတွေ မပြီးပြတ်မှာလည်း စိုးရိမ်မှု ကြောင့်ကြမှုတွေကလည်းများမှများပဲ။ M.A course အတွက် ၂ နှစ်ပြီးသော ကျောင်းသားတစ်ယောက်သည်လည်း ပြည်မြန်မာမှ လှူလိုက်တဲ့ အသပြာလေးတွေလဲ ကုန်ခန်းနီး နီးပါးလောက်ဖြစ်၊ အပြန်စရိတ်ကိုတောင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရသည်။ ဒီကြားထဲ Ph.D ကျောင်းသားမှ တရားဝင်မဖြစ်သေးဘူး ကြိုတင်ပြီး ဒေါ်လာ ၅၀၀ သွင်းခဲ့ရပြန်သည်။

အများစုသော တက္ကသိုလ်တွေက ကျောင်းသားတရားဝင်ဖြစ်ရန် (confirmation letter) ကျလာမှသာ ကျောင်း fee ကြေးသွင်းရသည်။ စောမယကောလိပ် (Somaiya College) ရှိ Sanskrit ဌာနကတော့ ထို ထုံးစံကို ဆန့်ကျင်နေသည်။ ထိုကောလိပ်ရှိ Buddhist Study ဌာနကတော့ အခြားတက္ကသိုလ်များ ထုံးတမ်းအတိုင်း ကျောင်းသားတစ်ယောက် တရားဝင်ဖြစ်ခါမှ ကျောင်းစရိတ်တွေ စတင်သွင်းရသည်။ Sanskrit ဌာနကတော့ ငွေ တော်တော်လေးမက်မောတဲ့ ဌာနဟူ၍ ထင်မိသည်။ ကျောင်း fee ကြေးကလည်း အခြားတက္ကသိုလ်တွေ ထက် ဈေးကြီးနေသည်။ ပူနေးတက္ကသိုလ်ထက် ဒေါ်လာ ၅၀၀ ကျော်လောက် ပိုနေသည်၊ ထို့ ကြောင့် တက္ကသိုလ်တစ်ခုနှင့် တစ်ခု မတူသလို တက္ကသိုလ်တစ်ခုတည်းအတွင်းမှာတောင် ဌာန တစ်ခုနှင့် တစ်ခု မတူကြသည်ကို သိထားသင့်သည်။

သူများပျော်လို့ ကိုယ့်မှာ မပျော်နိုင်
၁၂-၇-၂၀၁၀ နေ့ Ph.D ကျောင်းသားတစ်ယောက်ဖြစ်ရန် ၀င်ခွင့် စာမေးပွဲ ဖြေဆိုရဦးမည်၊ Research methodology နှင့်ပတ်သက်တာတွေ ဖြေဆိုပြီး ကိုယ့်ရေးတင်ထားသည့် ခေါင်းစဉ် synopsis နှင့် ပတ်သက်ပြီး အင်တာဗျူးပါ ဖြေဆိုရမည်၊ သို့သော် ခက်ခဲတဲ့ အရာတော့ မဟုတ်ပေမဲ့ ထိုစာမေးပွဲ မဖြေဆိုမီ ကျောင်းဝင်ကြေးတွေ ပေးဆောင်ရသည်ကိုက နည်းမမှန်ဟု တွေးမိကာ စိတ်ပူနေရသည်။ ဘုန်းဘုန်းဘုရား ပြည်တော်ပြန်ရမှာမို့ ပျော်နေသလားဘုရားတဲ့။ ဟုတ်မှာပဲ သူတို့ကတော့ ကိုယ့်ပြည်ကိုယ့်ရွာ ပြန်ရမှာမို့ ပျော်နေလိမ့်မယ်လို့ ထင်ကြလိမ့်မယ် သို့သော် ကိုယ့်အပူနဲ့ ကိုယ်ဆိုတော့ မပျော်နိုင်ဘဲ ဖြစ်နေသည်။ ကျောင်းကိစ္စတွေ လုပ်နေရင်း ကိုယ့်ရဲ့ ဗီဇာက limitation ရှိနေသဖြင့် ဗီဇာ မကုန်မီ ကျောင်းကိစ္စတွေ ပြီးမှ ပြီးပါ့မလားဆိုတဲ့ ပူပန်မှုတွေ၊ ကိုယ့်ရထားသည့် ဗီဇာနှင့် မလုံလောက်ပါက အနီးဆုံးနိုင်ငံ သို့မဟုတ် အသွားပြန်စရိတ်လည်း သက်သာ ဗီဇာကို အလွယ်တကူလဲ ရနိုင်သည့် နီပေါ၊ သို့မဟုတ် သီရိလင်္ကာနိုင်ငံသို့ stay ရှောင်ရသည်။ ထိုအထွက် ပေးဆပ်ရမည့် အချိန်နှင့် ငွေကလည်း မသေးလှပေ။ M.A course ၂ နှစ်ပြီးသော ကျောင်းသားသည် ထိုအတွက်ပေးထားသော ၂ နှစ်စာ ကျောင်းဗီဇာ (student visa) လည်း ကုန်သွားသဖြင့် Ph.D ဆက်လုပ်ပါက ထိုအခက်အခဲများစွာနှင့် ကြုံရတတ်သည်။ အကယ်၍ ဗီဇာကုန်ခါနီး ကပ်ပြီး stay ရှောင်ရန်အတွက် နီးပေါသွားပါက အဆင်ပြေမေပဲ့ သီရိလင်္ကာဘက်သို့ သွားပါက ဗီဇာကုန်ခါနီးဖြစ်၍ leave permit ပဲ ပေးပြီး ပြန်ဝင်ခွင့်မပေးဟု သိရသည်။ အချို့သောတက္ကသိုလ်များမှာတော့ Ph.Dအတွက် procedure ဆက်ပြီး လုပ်ချင်ပါသေးသဖြင့် ကိုယ်တက်ရောက်နေသည့် တက္ကသိုလ်၏ ဌာနမှ bonafine certificate တစ်လတန် သို့မဟုတ် ၃လတန် လုပ်ပေးပါရန် မေတ္တာရပ်ခံပါက ရကောင်းရနိုင်သည်။ ထို လက်မှတ်ဖြင့် ဗီဇာကုန်သော်လည်း အိန္ဒိယမှာ ဆက်လက် နေနိုင်သေးသည်။ ထို့ကြောင့် ပြည်တော်ပြန် သီတဂူစတားတော့ သူများပျော်လို့မှ သူ့မှာ မပျော်နိုင် ဖြစ်နေသည်။

အိမ်ပြန်လက်ဆောင်
ဘုန်းဘုန်းပြန်လာရင် ပိုက်ဆံတွေ အများကြီးပါလာမှာပဲ ဆိုသော တောက (ရွာက) အမျိုးတွေက ပြောလိုက်တဲ့စကားကို အမှတ်ရတော့ တွေးပြီး ရယ်မိသည်။ ဟုတ်မှာပဲ သူတို့တွေးတာက နိုင်ငံခြားကို သွားရင် ပိုက်ဆံတွေ အများကြီးရမယ်လို့ ထင်ထားကြပုံပဲ။ ခင်မင်ရင်းနီးတဲ့သူတွေကလဲ ‘‘ဘုန်းဘုန်း ပြန်လာရင် ဘာဝယ်ခဲ့မလဲ၊ ဘာလက်ဆောင်တွေ ပါလာမှာလဲ၊ မုန့်ဝယ်ခဲ့နော်’’ တဲ့။ အော်--- ပြည်တော်ပြန်များကို အထင်ကြီးနေကြသည်။ သူများတော့ မပြောတတ်ဘူး သီတဂူစတားတော့ ပြန်ခါနီး ပြေးလိုက်ရ လွှားလိုက်ရနဲ့ ဟူးးးးးးးး ဖက်ဖက်ကို မောလို့။ ကျောင်းပြီးလို့ ကျောင်းပြီးလက်မှတ်များ ရရန် ပြေးရလွှားရ။ တခါ နောက်အတန်းအတွက် ဆက်ရန် ဘုံဘေနှင့် ပူနေး ပြေးရလွှားရပြန်။ တခါ အိမ်အပြန်အတွက် လက်မှတ်ဝယ်ရန် ဈေးချောင်တဲ့နေ့ကို အင်တာနက်ကနေ နေ့တိုင်းနီးပါး ကြည့်ရပြန်။ ကိုယ့်အိပ်ထဲရှိတာနှင့် ကိုယ် နေရမည့် အချိန်၊ ၀ယ်ရမည့် လက်မှတ် အစရှိသည့် အသုံးပြုရန် ကျန်တာလေးတွေနဲ့ တွက်လိုက်တော့ မျှော်နေကြတဲ့ မိတ်ဆွေ အမျိုးတွေ အတွက် ဘာမှ မပါနိုင်တော့ဘူး၊ အင်း--- အမျိုးတွေ မိတ်ဆွေတွေ သိရင်တော့ အော်--- ဒို့ဘုန်းဘုန်းတော့ ဘာမှ မပါလာဘူးတဲ့တော့၊ စိတ်မကောင်းဖြစ်မလား၊ ဒါမှ မဟုတ် သူများနိုင်ငံမှာ ခြွေခြွေတာတာနဲ့ ပင်ပင်ပန်းပန်း ပညာတော်သင်လာတဲ့ ပြည်တော်ပြန်လေးကို ကရုဏာပွားမိကြမလား။

ကဲကဲ-- ဆွေးတော် မျိုးတော်တို့ရေ--အိမ်ပြန်လက်ဆောင်ကတော့ သင်လာတဲ့ ပညာရပ်၊ ပြေးရလွှားရတဲ့ အတွေ့အကြုံလေးတွေရယ်၊ ကိုယ့်အတွေ့အကြုံလေးတွေကို မျှောနေကြတဲ့ ဆွေးတော် မျိုးတော်တို့ ပြန်လည် ဝေငှမယ်၊ ပြောပြမယ်ဆိုတဲ့ ဆန္ဒလေးရယ်၊ ရှားပါးစာအုပ်များနှင့် ကော်ပီ (မိတ္တူ) စာအုပ်များကိုသာ ကေဂျီ-Kg- 20 အပြည့် သယ်လာပြီဗျို့၊ သယ်ဘို့သာ ပြင်ထားကြပေတော့။

နုတ်ဆက်ပွဲ
ပြည်တော်ပြန်ကြခါနီး ကိုယ့်ကိစ္စတွေ လုံးဝပြီးပြည့်စုံ ပြီးစီးသွားပါက ပူနေးတက္ကသိုလ်မှာ ထုံးတမ်းလေးတစ်ခုရှိတယ်။ အဲဒါကတော့ ပါတီပွဲလေးလုပ်ပေးခြင်းပဲဖြစ်ပါတယ်။ ပြည်တော်ပြန်မည့် သူက ပိုတာလျှံတာလေးနဲ့ ကျွေးမွေးခဲ့ရပါတယ်။ ယခုအခါမှာတော့ ထူးထူးဆန်းဆန်း ရှားရှားပါးပါး အိန္ဒိယနိုင်ငံရှိ တရုပ်စားသောက်ဆိုင်မှာ သူငယ်ချင်းဖြစ်သူက ပြည်တော်ပြန် ပုဂ္ဂိုလ်များကို ပင့်ဖိတ်ကာ ကြိုက်တာမှာစေပြီး ဘုန်းပေးစေသည်၊ ကျသမျှအားလုံးကို လှူဒါန်းတဲ့ ပါတီပွဲလေးဖြစ်ပါတယ်။ ကိုယ်ကတော့ မရှိလို့ မလှူနိုင် မလှူနိုင်လို့ မရှိဆိုတာလိုပဲ ဘာမှ မလှူနိုင်သေးပဲ သူများလှူဒါန်းတွေကိုချည်း လက်ခံနေရသည်၊ ယူပဲ ယူနေရလို့ ရှက်တောင် ရှက်လာသည်။ ဘုန်းရှိကံရှိလို့ လှူနိုင် တန်းနိုင်၊ ပေးနိုင် ကြွေးနိုင်လို့ပဲ ဘုန်းကံရှိ။ အလှူရှင်ကတော့ သီတဂူ ဒေါက်တာအလောင်းလျာ အရှင်ဣန္ဒာစရိယ နိုင်ငံကျော် ဓမ္မကထိက တစ်ပါးဖြစ်သည်။ အဟောအပြော ကောင်းသလို သဘော မနောလည်း ကောင်းသူဖြစ်သည်၊ ဘုန်းရှိကံရှိသလို ဘုန်းကံကြီးကြောင်း အလှူအတန်းလည်း အကြောင်းအမျိုးမျိုးရှာပြီး လုပ်လေ့ရှိသည်။ ဤကား ပြည်တော်ပြန်လေးများကို စားသောက်ဆိုင်ကြီးမှာ ပင့်ဖိတ်ကာ ထူးဆန်းသော နုတ်ဆက်ပွဲလေးပင်ဖြစ်ပါသည်။ ထို့အတွက်လဲ အလှူရှင်အား အထူးကျေးဇူးတင်မိပါသည်။ အချို့သူငယ်ချင်းများက ၁၃-၇-၂၀၁၀ ပြည်တော်ကို ပြန်ကြမည်၊ အချို့လဲ ၁၇ ရက်နေ့ပြန်ကြမည်၊ ဤအချိန်အခါက အိန္ဒိယတက္ကသိုလ်များမှ ကျောင်းသား အသစ် လက်ခံချိန်ဖြစ်ရာကား နိုင်ငံအရပ်ရပ်မှ ကျောင်းသားများ အန္ဒိယတက္ကသိုလ်အသီးသီးသို့ ၀င်လာမဆဲဖြစ်သလို ကျောင်းပြီးလို့ ပြည်တော်ပြန်ရာသီလည်းဖြစ်သည်။
သီတဂူစတားကတော့ ၂၅-၇၂၀၁၀ နေ့ ည ဘုံဘေမှ ဘန်ကောက်၊ ၂၆ ရက်နေ့ နံနက်စောစော ဘန်ကောက်မှ ရန်ကုန်သို့ပြန်မည်။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ၂၆-၇-၂၀၁၀ နံနက်ပိုင်း ၁၀နာရီ ၀န်းကျင် ရောက်မည်။

ပြည်တော်မပြန်မီ
ပြည်တော်မပြန်မီ အိန္ဒိယနိုင်ငံ တက္ကသိုလ်များ၏ အတွေ့အကြုံ ဗဟုသုတများကို အိန္ဒိယပြည် ကျောင်းတက်လိုသော ကျောင်းသားများနှင့် အိန္ဒိယအကြောင်း သိလိုသူများအတွက် ဗဟုသုတ ရစေရန် ရည်ရွယ်၍ ဘာသာရေးနှင့် မဆိုင်သော ပို့စ်များကို ဆက်လက်တင်ခြင်းကို နားလည်ပေးကြလိမ့်မည်ဟု မျော်လင့်မိပါသည်။

မှတ်ချက် ။ ။ ‘‘စောမယကောလိပ် (Somaiya College) ကျောင်းသား’’ ပို့စ်တင် ရန်ရှိပါသေးသည်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
သီတဂူစတား
၉-၇-၂၀၁၀

05 July 2010

ပူနေးတက္ကသိုလ်နှင့် Migration

မိတ်ဆက်
တက္ကသိုလ်တစ်ခုမှ B.A, B.Sc ပြီးသော ကျောင်းသားတစ်ယောက် သို့မဟုတ် M.A, M.Sc ပြီးသော ကျောင်းသားတစ်ယောက်သည် အခြားတက္ကသိုလ်တစ်ခုသို့ ပြောင်းရွှေ့ပြီး M.A, M.Sc သို့မဟုတ် Ph.D အတွက် ကျောင်းတက်မည်ဆိုလျှင် ကျောင်းပြောင်းလွှဲစာ (Migration certificate သို့မဟုတ် transfer certificate) လိုအပ်သည်။ ထို certificate ထုတ်ပေးသည့် စနစ်မှာ တက္ကသိုလ် တစ်ခုနှင့် တစ်ခုမတူညီကြပါ။ သီတဂူစတား သိသော migration certificate ကို ဘယ်လိုယူရမလဲ ဆိုတာ ပူနေးတက္ကသိုလ်၏ system ကို ဗဟုသုတအဖြစ် တင်ပြလိုပါသည်။ မောင်ကောရေ- ဒီလောက် ခက်ခက်ခဲခဲ လုပ်ယူရတဲ့ migration ကို နောင် ပူနေးတက္ကသိုလ် ကျောင်းတက်မည့်သူတွေအတွက် မှတ်တမ်းလေးရေးထားခဲ့ပါဟု သီတင်းသုံးဖော်တစ်ယောက်က ပြောလာပါသည်။ ဒီမှတ်စုလေးက ပူနေးတက္ကသိုလ်သို့ ကျောင်းတက်မည့်သူ migration ရရန်အတွက် အားထုတ်နေသူတွေနှင့် အခြားဗဟုသုတရလိုသော သူတွေအတွက် မှတ်စုလေးတစ်ပုဒ်အဖြစ် တင်ပြလိုက်ပါသည်။

ပူနေး migration
ပုံမှန်အားဖြင့် ပူနေးတက္ကသိုလ်သည် ဘယ်တက္ကသိုလ်ပဲ လာလာ ဘယ်နိုင်ငံကပဲ လာလာ migration certificate မပါဘဲ လက်ခံလေ့ရှိသည်၊ သို့သော် အိန္ဒိယတက္ကသိုလ်များ ဘုတ်အဖွဲ့ကသော်၎င်း သို့မဟုတ် ကျောင်းသား၏ နိုင်ငံမှာ ရှိသော အိန္ဒိယသံရုံးကသော်၎င်း၊ သို့မဟုတ် အိန္ဒိယနိုင်ငံရှိ ကျောင်းသား၏နိုင်ငံပိုင် သံရုံးကသော်၎င်း ထို အောင်လက်မှတ် Passing Certificate နှင့် အမှတ်စာရင်း Mark sheet တို့ကို အသိမှတ်ပြုဘို့ လိုသည်၊ ထိုဌာနတစ်ခုခုမှ အသိမှတ်ပြု ထောက်ခံစာများ ပါရပါသည်။ ဤကား ပူနေးတက္ကသိုလ်မှ migration certificate မပါဘဲ အောင်လက်မှတ်များကို လက်ခံခြင်းအကြောင်းဖြစ်ပါသည်။

ပူနေးတက္ကသိုလ်မှ migration ထုတ်ယူခြင်း

ပူနေးတက္ကသိုလ်မှ M.A ပြီးသော ကျောင်းသားသည် အကယ်၍ ပူနေးတက္ကသိုလ်မှာ ဆက်မတက်တော့ဘဲ အခြားတက္ကသိုလ်မှာ Ph.D ဆက်လုပ်မယ်ဆိုရင် Migration ထုတ်ယူဘို့လိုပါသည်။ ထိုသို့ migration certificate တစ်ခုရဘို့ရာ လမ်းကြောင်း procedure မသိရင်တော့ ရွာလည်ပြီသာမှတ်ပေတော့။ သီတဂူစတားသည်လည်း ဆရာ guide အခက်အခဲ ကြောင့်၎င်း၊ ပူနေးတက္ကသိုလ်ရဲ့ ရှည်လျားလှတဲ့ procedure တွေကြောင့် ဗီဇာ limitation ရှိနေတာကြောင့် အခြားတက္ကသိုလ်တစ်ခုသို့ ပြောင်းရွှေ့ကာ Ph.D လုပ်ရန်စိတ်ကူးထားသည်ဖြစ်၍ migration certificate ရရန်ကြိုးပမ်းနေရသည်။ လမ်းကြောင်းသိရင်တော့ သိပ်မခက်ခဲပေမဲ့ ဘာသတင်း information မှ ရမထားဘဲ ကိုယ်ကိုယ်တိုင်လုပ်ကြည့်တော့ ၅ ရက်လောက် အချိန် အလကား ကုန်သွားသည်။ ရှေးဦးစွာ ကိုယ့်ရဲ့ဌာန (ဖီလိုဆိုဖီဌာန) က ရုံးမှာ သွားစုံစမ်းခဲ့သည်၊ ငါ migration certificate လိုချင်တယ် ဘယ်မှာ ရနိုင်မလဲ? မေးတော့ ဟာ ငါတို့ ဌာနက migration ရော transfer certificate (TC) ကိုရော ပြည်တွင်းကျောင်းသားအတွက်ရော ပြည်ပကျောင်းသားတွေ အတွက်ပါ ထုတ်ပေးလေ့မရှိဘူး။ Migration Department ကို သွားပါဆိုတော့ ညွှန်ကြားတဲ့အတိုင်း သွားခဲ့သော်လည်း local (ပြည်တွင်း) ကျောင်းသားတွေ အတွက်သာ ထုတ်ပေးတာ ပြည်ပကျောင်းသားတွေ အတွက်မပါဘူး၊ International Center (ပြည်ပကျောင်းသားရေးရာ ဌာန) မှာ သွားစုံစမ်းပါလို့ ပြောလိုက်ပြန်၊ သူပြောသည့်အတိုင်း ထို ဌာနသို့ သွားသည့်အခါ ရာနှင့်ချီသော ပြည်ပကျောင်းသားများ ရုံးထဲ ၀င်ရန် တန်းစီနေကြသည်။ ဒီလူအုပ်ကြီး မြင်ပြီး စိတ်မသက်မသာ ဖြစ်မိသည်၊ ငါ ဘယ်လိုလုပ် ဒီဌာနထဲသို့ ၀င်လို့ရမလဲ။ ဒီလိုနဲ့ လူအုပ်ထဲတိုးပြီး အတင်းကြည့်တော့ ရုံးထဲဝင်ရန် အပြင်ဘက်မှာ လက်မှတ်ထိုးနေရသည်၊ ပါလာသော အိပ်တွေကို လုံခြုံရေး ဒုတ်ချောင်းတွေနှင့် ထိုးပြီး စစ်ဆေးနေသည်။ တစ်ယောက်ချင်းစီ စစ်ဆေးနေတော့ အပြင်မှာတင် ၁ နာရီလောက်ကြာသွားသည်။

ဌာန အဆောက်အဦးအတွင်းရောက်ပြန်တော့လည်း ရုံထဲရောက်ဖို့ တစ်ခါ တန်ဆီရပြန်သည်၊ အတော်ကို စိတ်ပျက်ဖို့ကောင်းသည်၊ အဲဒီလောက် ခက်ခဲစွာ တန်းစီးပြီးမှ ရုံးခန်းထဲသို့ရောက်ရသည်၊ အဆင်ပြေ အမောပြေမလား အောင့်မေ့ migration ကိုသာ ဒီဌာနက ထုတ်ပေးသည် (TC) transfer certificate မပါဘဲ ထုတ်ပေးလို့ မရဘုးဟုပြောပြန်သည်၊ ဒါဆို အဲဒီ TC ကို ဘယ်က ရနိုင်မလဲဆိုတော့ မင်းတို့ ဖီလိုဆိုဖီဌာနကပဲ ပေးမှာပေါ့ ဟု လွှဲချပြန်တော့--ဟူးးးးးးးး မောသွားလိုက်တာမှ လွန်ပါရော-- Ph.D ဆက်လုပ်ချင်စိတ်တောင် ပျောက်သွားတယ်။ TC, DD, စသည့် ဖောင်များ ဖြည့်ပြီး ပို့ခဲ့လို့ tomorrow လာခဲ့ ဟု ပြောသည်၊ သွားတန်းစီရပြန်သည်။ မင်းဟာ ဒါရိုက်တာဆီမှာပဲ ရှိသေးတယ် tomorrow လာခဲ့လို့ ပြောပြန်သည်၊ နောက်နေ့ သူပြောတဲ့အတိုင်း သွားပြန်သော်လည်း ဒီနေ့ ဒါရိုက်တာမလာဘူး tomorrow တော့ သေချာ ရမှာပါကွာဟု ပြောပြန်သည်။ အိန္ဒိယ၏ tomorrow, one minute, one second ဆိုတာတွေရဲ့ အထာကို ကုလားတိုင်းက သိကြသည်။ ဒါ့ကြောင့် သူတို့ အချင်းချင်းသည်ပင် ပြောသည့် စကားတိုင်းကိုပင် တံဖိုးမထားကြတော့ပေ၊ ယုံကြည်မှုလည်းမရှိကြတော့ပေ။

ပြည်မြန်မာပြန်ချင်
အိန္ဒိယမှာ နှစ်နှစ်လောက် နေလိုက်ရတော့ အတော်လေး ရိုးအီးသွားသည်၊ အချို့ကျောင်းသားတွေတော့ မြန်မာပြည် ပြန်ချင်စိတ်ကို မရှိကြတာ၊ အကြောင်းကတော့ ဒီမှာက ပိုက်ဆံအကုန်အကျ များပေမဲ့ နေရတာ အဆင်ပြေပုံရသည်ထင်၊ မီးမပျက် ရေက အဆင်သင့်၊ လိုင်း speed အား ကောင်းတဲ့ အင်တာနက်ကိုလည်း ဈေးပေါပေါနဲ့ သုံးနိုင်၊ အလွယ်တကူ တံဖိုးနဲနဲနှင့် တယ်လီဖုန်းကိုလည်း လူတိုင်း သုံးနိုင်ခြင်းတို့ကြောင့် ဖြစ်ဟန်တူသည်။ သီတဂူစတားတော့ အဲဒီဟာတွေကို သိပ်မမက်မောပေ သို့သော်ရချင်သည်၊ P:၊ ဒါမေပဲ့  အိန္ဒိယ (ကုလား)ရဲ့ tomorrow, one minute, one second ဆိုတဲ့ ရုံး၊ ရဲစခန်း၊ ဌာနက ပြောသော စကားတွေကို စိတ်ပျက်ပြီး ကြောက်ရွှံ့နေတော့သည်။ ယခု migration ရရန် ကြိုးစားကြည့်လိုက်မှ အတော်ကို ခက်ခဲတဲ့ အိန္ဒိယ လူမျိုးတွေပဲ။ လွယ်တာကို ခက်အောင်လုပ်၊ အလုပ်ရှုပ်အောင်လုပ်တဲ့ သူတွေပဲလို့ မြင်မိသည်။ ဒီလိုနဲ့ ဌာန၊ ကျောင်းသားရေးရာ ဌာန နှင့် migration office တို့ သတင်းအတိအကျ မပေးဘဲ ဟိုလွှဲချ ဒီလွှဲချခြင်းဖြင့် ခံရသည့်ကျောင်းသားတွေမှာတော့ မသက်သာ၊ အချိန်ကုန် လူပင်ပန်း။ ကိုယ်လည်း မြန်မာပြည်ကို အမြန်ပြန်ချင်တာကြောင့် migration ကို မရ ရအောင် မပျင်းမရိ ဟိုမေး ဒီမေးရင်းနဲ့ အဖြေတစ်ခုတော့ရလာသည်။

ဘယ်လိုရအောင် ယူမလဲ?

လမ်းကြောင်းသိဖို့သာ လိုသည်။ သီတဂူစတားလဲ လမ်းကြောင်းပေါ် ရောက်လာရော သီတဂူစတားလိုပဲ migration ရရန် ကြိုးစားနေသူတွေ ရှိနေကြသည်။ ထိုင်းကျောင်းသား E-major နှင့် Education ဌာနက ကျောင်းသား ၂ ယောက် သီတဂူစတားထံ ရောက်လာသည်၊ သိပ်မကြာပါ အီရန်ကျောင်းသားတစ်ယောက်လဲ ရောက်လာပြန်သည်။ သီတဂူစတား migration နှင့်ပတ်သက်ပြီး ဆရာကြီးဖြစ်သွားသည်။ ကိုယ့်ရှေ့က ပြီးသွားတဲ့ မြန်မာ ကျောင်းသားတွေကတော့ ပူနေးတက္ကသိုလ်မှာပဲ ပြန်လုပ်ကြသည်ဖြစ်၍ migration နှင့်ပတ်သက်ပြီး မသိကြ။ ဒီနှစ် မြန်မာကျောင်းသား ပူနေးတက္ကသိုလ်မှ M.A ပြီး ၄ ယောက်ရှိသည်၊ ဖီလိုဆိုဖီဌာနမှ ၁၊ ပါဠိဌာနမှ ၂၊ နှင့် အင်္ဂလိပ်စာဌာနမှ ၁၊ တို့ဖြစ်သည်။ အားလုံးက ပူနေးတက္ကသိုလ်မှာ ဆက်မတက်ကြတော့ဘဲ အခြားတက္ကသိုလ်တွေမှာ တက်ဖို့ ပြင်ဆင်နေကြသည်။ migration နှင့်ပတ်သက်ပြီး သီတဂူစတားက အရင်လျှောက်ထားသည်ဖြစ်၍ နောက်လူတွေအတွက် အလွယ်တကူ လျှောက်နိုင်သည်။
Migration ကို International student center ကနေ နိုင်ငံခြားသား ကျောင်းသားများ အတွက် ထုတ်ပေးသည်။ ထိုသို့ ထုတ်ပေးရာမှာ ပြည့်စုံရမည့် documents တွေကတော့----
၁။ TC (transfer certificate) ထို certificate ကို publish department မှ ၅ ရူးပီး ပေးပြီး ၀ယ်ရပါသည်။ ထို ဖောင်တွင် ညွှန်ကြားထားသည့်အတိုင်း ဖြည့်သင့်တာ ဖြည့်ပြီး ကိုယ် အောင်ခဲ့တဲ့ ဌာနမှူးထံသွားပြီး လက်မှတ်ထိုးခိုင်းရပါသည်၊ ထိုဌာန၏ ရုံးတံဆိပ်ပါ ထုခဲ့ရသည်။
၂။ Mark sheet (M.A) တန်း အောင်ခဲ့သော အမှတ်စာရင်း။ ကိုယ်အောင်ခဲ့သော ဌာနမှ ထုတ်ပေးပါသည်။
၃။ DD form (demand draft) ဖြစ်ပါသည်။ ဒီဖောင်ကိုတော့ ပူနေးတက္ကသိုလ် ဘဏ်မှ ရယူပြီး ၂၀၀ တန်းလက်မှတ်ဝယ်ပြီး ငွေသွင်းပြီး DD form ချက်ချင်း ထုတ်ပေးပါသည်။
၎။ online application form migration ပါရပါမည်။ ထိုဖောင်ကို ရဘို့ရန်မှာ ရှေးက ၁-၂-၃ documents တွေ ပြည့်စုံပြီးမှ အွန်လိုင်းသို့ သွားရပါမည်။ ထိုအွန်လိုင်းမှာ- http://migration.unipuenonline.in/ သို့ သွားပြီး မိမိအကောင့်တစ်ခု ဖန်တီးရန် account create ကို သွားရပါမည်။ ညွှန်ကြားထားသည့်အတိုင်း ထို account creation အောင်မြင်ပြီးပါက ကိုယ်ဖြည့်မည့် application form နေရာသို့ ရောက်လာပါလိမ့်မည်၊ ထိုနေရာတွင် ဖြည့်ရမှာက-- ကိုယ့်ရဲ့ အမည်၊ အမေနာမည်၊ ကိုယ် Ph.D ဆက်လုပ်မည့် တက္ကသိုလ် သို့မဟုတ် ကောလိပ်၊ TC နံပါတ် နှင့် သူ့ကို ထုတ်ပေးသည့် ရက်စွဲ၊ DD နံပါတ်နှင့် သူ့ကို ထုတ်ပေးသည့် ရက်စွဲ စသည်အားဖြင့် ညွှန်ကြားထားသည့်အတိုင်း ဖြည့်စွပ်ပြီးပါက submission လုပ်ရပါသည်။ ထိုအစီအစဉ် အားလုံး အောင်မြင်ပြီးပါက ပရင့်ထုတ်ရန် Online application Form ထွက်လာပါလိမ့်မည်။ ပရင့်ထုတ်လိုက်ပါ။

ဤသို့အားဖြင့် ပူနေးတက္ကသိုလ်ရဲ့ Migration တစ်ခုရဘို့ရန်မှာ အစီအစဉ် သိရှိထားပါက လွယ်ကူပါသည်။ အများစုက ထိုလမ်းကို မလျှောက်ခဲ့ကြသေးသဖြင့် သိပ်မသိကြသေးပါ။ ကျောင်းသားတစ်ယောက်သည် အင်တာနက်ကို မဖြစ်မနေ သုံးကို သုံးတတ်ရပါမည်။
၅။ ထိုပြဆိုခဲ့သော form သို့မဟုတ် certificate ၄ ခုကို ယူပြီး international student center မှာ သွားပြီး ထို ဖောင်များကိုပြကာ ရူပီး ၅၀၀ တန် ဖြက်ပိုင်းတစ်ခု တောင်းရပါသည်၊ ပူနေးတက္ကသိုလ် ဘဏ်မှာ ထို ဖျက်ပိုင်းနှင့် ၅၀၀ သွားသွင်းရပါသည်။
၆။ အထက်ပါ ဖောင် ၄ ခုနှင့် ၅၀၀တန် ဘဏ်ဖျက်ပိုင်းတို့ကို ယူပြီး international student center မှာ သွားတင်ရပါမည်။ ဘဏ်နှင့် ကျောင်းသားရေးရာဌာနတို့၌ ခေါက်တုန့်ခေါက်ပြန် သွားရပါမည်၊ သွားရတာ မပင်ပန်းပေမည့် ထိုဌာနတွေမှာ တန်းစီရသည့် ဒုက္ခက မသေးလှပါ။ လုပ်ဖူး ကြုံဖူးမှ သိပါမည်။

ထို့ကြောင့် နောင်လာ နောက်သားများ အင်တာနက် သုံးတက်အောင် သင်ထားကြရန်နှင့် ပူနေးတက္ကသိုလ်မှ M.A ပြီးသော ကျောင်းသားများ migration ထုတ်ယူလိုသော ကျောင်သားများနှင့် စာဖတ်ပရိသတ် အတွက် ဗဟုသုတအဖြစ် ဤပို့စ်ကို သတင်းအဖြစ် တင်လိုက်ရပါသည်။
‘‘Somaiya College ကျောင်းသားဘ၀’’ ပို့စ်တစ်ခု တင်ရန်ရှိပါသေးသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၅-၇-၂၀၁၀

28 June 2010

ကလိင်္ဂစစ်မြေပြင်က စာတစ်ရွက် အပိုင်း(၂)


ကလိင်္ဂစစ်မြေပြင်က စာတစ်ရွက် အပိုင်း(၂)

All men are my children. What I desire for my own children, and I desire their welfare and happiness both in this world and the next, that I desire for all men. You do not understand to what extent I desire this, and if some of you do understand, you do not understand the full extent of my desire.

လူသားအားလုံးတို့သည် ငါဘုရင်မင်းမြတ်၏ သားသမီးများဖြစ်ကြသည်။ ငါ၏သားသမီးရင်းများ အပေါ်၌ ထားရှိသော စိတ်စေတနာကောင်းကဲ့သို့၊ ပစ္စုပ္ပန်တမလွန် နှစ်ခုစလုံး၌ ၄င်းတို့၏ ချမ်းသာသုခနှင့် ကောင်းကျိုးစီးပွားကို ငါဘုရင်မင်းမြတ် အလိုရှိတော်မူသကဲ့သို့ လူသားအားလုံးအတွက် ငါဘုရင်မင်းမြတ် အလိုရှိတော်မူသည်။ ဤကိစ္စကို ငါဘုရင်မင်းမြတ် မည်မျှ အလိုရှိတော်မူသည်ကို သင်တို့ နားမလည်ကြပေ၊ အကယ်၍ သင်တို့ထဲ တွင် တချို့က နားလည်သည်ပင် ရှိစေဦး၊ ငါဘုရင်မင်းမြတ်၏ အလိုဆန္ဒကို ပြည့်ပြည့်ဝဝ နားလည်မည် မဟုတ်ပေ။
You must attend to this matter. While being completely law-abiding, some people are imprisoned, treated harshly and even killed without cause so that many people suffer. Therefore your aim should be to act with impartiality.
သင်တို့သည် ဤကိစ္စကို သတိပြုကြရမည်၊ စည်းကမ်းဥပဒေတို့ကို လုံးဝ လေးစားလိုက်နာကြပါ လျှက် အချို့သောလူတွေကို ထောင်သွင်းအကျဉ်းချကြသည်၊ အချို့ကို ရက်ရက်စက်စက် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံကြသည်။ တချို့ကိုတော့ သတ်စရာ အကြောင်းမရှိပါပဲ သတ်ပစ်ကြသည်။ ထို့ကြောင့် များစွာသော လူတို့သည် ဆင်းရဲဒုက္ခရောက်ကြရသည်။ ထို့ကြောင့် သင်တို့၏ ရည်ရွယ်ချက် ဆောင်ရွက်ချက်တို့သည် သမာသမတ်ရှိသင့်သည်။
It is because of these things -- envy, anger, cruelty, hate, indifference, laziness or tiredness -- that such a thing does not happen. Therefore your aim should be: "May these things not be in me." And the root of this is non-anger and patience.
မနာလိုခြင်း၊ စိတ်ဆိုးဒေါသဖြစ်ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်း၊ မုန်းတီးခြင်း၊ ခွဲခြမ်းစိတ်ဖြာမှု မရှိ ခြင်း၊ ပျင်းရိထုံထိုင်းခြင်း တည်းဟူသော ဤအကြောင်းများကြောင့် ဖြစ်ကြရသည်ဖြစ်၍ ဤကဲ့သို့ အဖြစ် အပျက်များ (နောင်အခါ) မဖြစ်ရတော့ပါ။ ထို့ကြောင့် ''ဤအဖြစ်အပျက်များ ငါကြောင့် မဖြစ်စေရပါ'' လို့ စိတ်ထားမျိုး ရှိသင့်သည်။ စိတ်မဆိုး ဒေါသမထွက်ခြင်း၊ သည်းခံခြင်းသည် (ဤကဲ့သို့ ''စိတ်ထားမျိုး'' ထားနိုင်ခြင်း၏) အဓိက အခြေခံအကြောင်းတရားဖြစ်သည်။
Those who are bored with the administration of justice will not be promoted; (those who are not) will move upwards and be promoted. Whoever among you understands this should say to his colleagues: "See that you do your duty properly. Such and such are Beloved-of-the-Gods' instructions."
''တရားမျှတသော အုပ်ချုပ်ရေး''နှင့် ငြီးငွေ့ကြသောသူတို့ကို ရာထူးတိုးပေးမည် မဟုတ်ပေ၊ မငြီးငွေ့ သောသူတို့ကိုသာ အထက်ရာထူးများကို တိုးပေးမည်။ သင်တို့တွင် ဤသဘောတရားကို နားလည်ကြသူ မည်သူမဆို မိမိ၏ လုပ်ဖော်ကိုင်ဘက်များကို ''သင်၏တာဝန်ကို သင် မှန်မှန်ကန်ကန် ဆောင်ရွက်သလား၊ ဤအရာ ထိုအရာတို့သည် ဒေဝါနံပိယ (နတ်တို့၏ ချစ်ခင်မြတ်နိုးမှုကို ခံရသော) မင်းတရားကြီး၏ ညွှန်းကြားချက်များ ဟုတ် မဟုတ် ကြည့်ကြပါ''ဟု ပြောပြသင့်သည်။
Great fruit will result from doing your duty, while failing in it will result in gaining neither heaven nor the king's pleasure. Failure in duty on your part will not please me. But done properly, it will win you heaven and you will be discharging your debts to me.
ကြီးမြတ်သောအကျိုးအမြတ်တို့သည် တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်ခြင်းမှ ရရှိဖြစ်ပေါ်လာသည်။ တာဝန်ဝတ္တရား ပျက်ကွက်ပါက ကောင်းရာသုဂတိကိုလည်း မရနိုင်သလို မင်းတရားကြီး၏ ကျေနပ် သဘော ကျမှုကိုလည်း ရမည် မဟုတ်ပါ။ သင်တို့၏တာဝန်ဝတ္တရား ပျက်ကွက်မှုသည် ငါဘုရင်မင်းမြတ်ကို နှစ်သက်စေ လိမ့်မည် မဟုတ်ပါ။ မှန်မှန်ကန်ကန် ဆောင်ရွက်ကြပါ၊ ဤသို့ဆောင်ရွက်ခြင်းသည် ကောင်းရာ သုဂတိကို လည်း ရယူအောင်နိုင်သလို ငါမင်းတရားကြီးနှင့်ပတ်သက်၍ သင်တို့အပေါ်၌ အြေ<ွကးတင်ခြင်းမရှိပါ။ Beloved-of-the-Gods, King Piyadasi, conquered the Kalingas eight years after his coronation. One hundred and fifty thousand were deported, one hundred thousand were killed and many more died (from other causes). ဒေဝါနံပိယ (နတ်တို့၏ ချစ်ခင်မြတ်နိုးမှုကို ခံရသော) ပိယဒဿီ ဘုရင်သည် အဘိသိက် သွန်းပြီး (၈) နှစ်အကြာ 'ကလိင်္ဂ'သားတွေကို အနိုင်ယူတော်မူခဲ့သည်။ လူတစ်သိန်ငါးသောင်းကို ဖမ်းဆီးနှင်ထုတ်ပစ်ခဲ့ရသည်။ တစ်သိန်းကိုကား သုတ်သင်ရှင်းလင်းခဲ့ရသည်။ စစ်ပွဲနှင့်ဆက်စပ်သော တခြားအကြောင်းတွေကြောင့် လူပေါင်းများစွာ သေဆုံးကြရသည်။ After the Kalingas had been conquered, Beloved-of-the-Gods came to feel a strong inclination towards the Dhamma, a love for the Dhamma and for instruction in Dhamma. Now Beloved-of-the-Gods feels deep remorse for having conquered the Kalingas. 'ကလိင်္ဂ'နိုင်ငံသားတွေ အနိုင်ယူပြီးနောက် ဒေဝါနံပိယ မင်းတရားကြီးသည် 'တရားဓမ္မ'၌ ထက်ထက် သန်သန် စိတ်ညွတ်လာခဲ့သည်၊ တရားဓမ္မနှင့် တရားဓမ္မ ၏ သွန်သင်ဆုံးမမှုတို့ကို နှစ်သက်မြတ်နိုးတော်မူလာခဲ့သည်။ ယခုအခါ ဒေဝါနံပိယ မင်းတရားကြီးသည် 'ကလိင်္ဂ' စစ်ပွဲဖြစ်ရခြင်းကို ယူကျုံးမရ ဝမ်းနည်းတော်မူသည်။ Indeed, Beloved-of-the-Gods is deeply pained by the killing, dying and deportation that take place when an unconquered country is conquered. ''မသိမ်းပိုက်နိုင်ဘူးသောတိုင်းပြည်တစ်ပြည်ကို သိမ်းပိုက်အနိုင်ယူရသောအခါ လူသားတို့ကို သတ် ဖြတ် သုတ်သင်ရခြင်း၊ အသက်တွေဆုံးရှုံးရခြင်းနှင့် ဖမ်းဆီးချုပ်နှောင် နှင်ထုတ်ရခြင်းတို့ကြောင့် ဒေဝါနံပိယ မင်းတရား ကြီးသည် အမှန်တကယ် အလွန်အမင်း စိတ်ထိခိုက် ကြေကွဲရသည်''။ But Beloved-of-the-Gods is pained even more by this -- that Brahmans, ascetics, and householders of different religions who live in those countries, and who are respectful to superiors, to mother and father, to elders, and who behave properly and have strong loyalty towards friends, acquaintances, companions, relatives, servants and employees -- that they are injured, killed or separated from their loved ones. ဒေဝါနံပိယ မင်းတရားကြီးသည် ဤ (ဖေါ်ပြပါ) အဖြစ် အပျက်တို့ကြောင့် အတိုင်းထက်အလွန် နာကျင်ခံစားရသည်-- ကြီးမြတ်သောသူများကို၊ အမိအဘကို၊ ဆရာများနှင့် အသက် ကြီးသူများကို ရိုသေလေးစားကြသောသူတို့သည်လည်းကောင်း၊ သူငယ်ချင်းများ၊ မိတ်ဆွေများ၊ လုပ်ဘော် ကိုင်ဘက်များ၊ ဆွေမျိုးများ၊ ဝန်ထမ်းများနှင့် အလုပ်သမားများအပေါ် အင်မတန် သစ္စာစောင့်သိကြသောသူတို့ သည်လည်းကောင်း၊ ဤတိုင်းနိုင်ငံတို့၌ မှီတင်းနေထိုင် ကြလျှက် ယုံကြည်ကိုးကွယ်မှု အမျိုးမျိုးရှိသော ရပ်မိရပ်ဖများ၊ ရသေ့ ရဟန်းများနှင့် ဂုဏ်သရေရှိ လူကြီး သူကောင်းတို့သည်လည်းကောင်း (ဤစစ်ပွဲကြောင့်) ထိခိုက်ဒဏ်ရာ ရကြသည်၊ အသတ်ခံကြရသည်၊ ချစ်ခင်မြတ်နိုးသော သူတို့နှင့် အခွဲခံကြရသည်။ Even those who are not affected (by all this) suffer when they see friends, acquaintances, companions and relatives affected. These misfortunes befall all (as a result of war), and this pains Beloved-of-the-Gods. ဤဆင်းရဲဒုက္ခနှင့် တိုက်ရိုက် မတွေ့ကြုံကြရသောသူတို့သည်ပင် သူငယ်ချင်းများ၊ မိတ်ဆွေများ၊ လုပ်ဘော်ကိုင်ဘက်များနှင့် ဆွေမျိုးများ ဆင်းရဲဒုက္ခရောက်ကြသည်ကို တွေ့မြင်ရသောအခါ စိတ်ဆင်းရဲကြ ရကုန်သည်။ ဤကြမ္မာဆိုးတို့သည် စစ်ပွဲ၏ အကျိုးဆက်အနေဖြင့် သက်ရှိအားလုံးတို့အပေါ် ကျရောက်ဒုက္ခပေး လေသည်။ ဤအဖြစ်အပျက်များက ဒေဝါနံပိယ မင်းတရားကြီးကို နာကျင်စွာ ခံစားရစေသည်။ There is no country, except among the Greeks, where these two groups, Brahmans and ascetics, are not found, and there is no country where people are not devoted to one or another religion. ဂရိလူမျိုးများမှ အပ ''(၁) လေးစားမြတ်နိုးထိုက်သူများ၊ (၂) တရားကျင့် ရသေ့ရဟန်းများ'' ဟု ဆိုအပ်သော ဤနှစ်မျိုး မရှိသော တိုင်းနိုင်ငံဟူ၍ မရှိ။ ¤င်းအပြင် ဘာသာတရား တစ်ခုခုကို မကိုးကွယ် မလေးစားသော လူများ နေထိုင်သော တိုင်းနိုင်ငံ ဟူ၍ မရှိ။ (ဘာသာတရား မလေးစားသော ပုဂ္ဂိုလ်ဟူ၍ မရှိ-ဟုဆိုလိုသည်) Therefore the killing, death or deportation of a hundredth, or even a thousandth part of those who died during the conquest of Kalinga now pains Beloved-of-the-Gods. Now Beloved-of-the-Gods thinks that even those who do wrong should be forgiven where forgiveness is possible. ထို့ကြောင့် 'ကလိင်္ဂ' စစ်ပွဲအတွင်း သေဆုံးကြရသောသူတို့၏ တစ်ရာပုံလျှင် တစ်ပုံမျှ၊ သို့မဟုတ် တစ်ထောင်ပုံလျှင် တစ်ပုံမျှပင် အသတ်ခံရခြင်း၊ သေဆုံးရခြင်း၊ တနယ်တကျေးနှင်ထုတ်ခံရခြင်းသည် ဒေဝါနံပိယ မင်းတရားကြီးကို နာကျင်စွာခံစားရစေသည်။ ယခုအခါ ဒေဝါနံပိယ မင်းတရားကြီး စဉ်းစားသည်မှာ ''အမှား ပြုလုပ်သောသူများကိုပင်လျှင် ခွင့်လွှတ် ထိုက်လျှင် ခွင့်လွှတ်ကြရမည် ဖြစ်သည်''။ Even the forest people, who live in Beloved-of-the-Gods' domain, are entreated and reasoned with to act properly. They are told that despite his remorse Beloved-of-the-Gods has the power to punish them if necessary, so that they should be ashamed of their wrong and not be killed. Truly, Beloved-of-the-Gods desires non-injury, restraint and impartiality to all beings, even where wrong has been done. ဒေဝါနံပိယ မင်းတရား၏ အချုပ်အခြာပိုင် နယ်မြေအတွင်း၌ မှီတင်းနေ ထိုင်ကြသော တောတွင်းနေ လူများကိုပင် သင့်တင့်လျှောက်ပတ်သော အပြုအမူဖြင့် မေတ္တာရပ်ခံကြရမည်၊ အကျိုးသင့်အကြောင်းသင့် ရှင်းပြကြရမည်။ သူတို့ကို ပြောထားသင့်သည်မှာ ''ဒေဝါနံပိယ မင်းတရားကြီးသည် စိတ်မချမ်းမသာဖြစ်သော်လည်း အကယ်၍လိုအပ်လျှင် အပြစ်ပေးခွင့်အာဏာ ရှိတော်မူသည်။ သို့ဖြစ်၍ အပြစ်ကျူးလွန်သူတို့သည် မိမိတို့၏ အမှားများအတွက် အရှက်ရသင့်သည်၊ သို့သော်လည်း မသတ်ပစ်သင့်ပါ။ အမှန်တကယ်အားဖြင့် ဒေဝါနံပိယ မင်းတရားကြီးသည် သက်ရှိအားလုံးတို့ကို (သူတို့သည်) အမှားများ ကျူးလွန်ထားမိကြစေကာမူ ဒဏ်ရာအနာတရ မဖြစ်စေလိုပါ၊ ဖမ်းဆီးချုပ်နှောင် မထားလိုပါ၊ မတရားသဖြင့် မဖြစ်စေလိုပါ (သမာသမတ်ကျလိုသည်)။ Now it is conquest by Dhamma that Beloved-of-the-Gods considers to be the best conquest. And it (conquest by Dhamma) has been won here, on the borders, even six hundred yojanas away, where the Greek king Antiochos rules, beyond there where the four kings named Ptolemy, Antigonos, Magas and Alexander rule, likewise in the south among the Cholas, the Pandyas, and as far as Tamraparni. ဓမ္မဖြင့် အောင်မြင်သောယခုအခါ၌ ဒေဝါနံပိယ မင်းတရားကြီးသည် ''(ဓမ္မဖြင့် အောင်မြင်ခြင်းသည်သာ) အကောင်းဆုံး အောင်မြင်ခြင်း ဖြစ်သည်'' ဟု စိတ်၌စွဲမှတ်တော်မူလေသည်။ ဤအရပ်ဒေသ၌သော်လည်းကောင်း၊ နယ်စွန်နယ်ဖျား အရပ်ဒေသများ၌ သော်လည်းကောင်း၊ ဂရိဘုရင် ဗညအငသခ့သျ အုပ်ချုပ်သည့် ယူဇနာ ခြောက်ရာ ဝေးသောအရပ်ဒေသ၌သော်လည်းကောင်း၊ ထို့ထက်အလွန် Ptolemy, Antigonus, Magas, ဟူ၍ အမည်ရှိကြသည့် ဘုရင်လေးပါးအုပ်ချုပ်သော တိုင်ပြည်အသီးသီး၌သော်လည်းကောင်း၊ ထို့နည်းတူစွာ တောင်အရပ်၌ ရှိကြသော ဃ့သျူေ တိုင်းပြည်၊ Pandyasတိုင်းပြည်၊ ဝေးလံခေါင်းသီးသော တမ္ဗပါဏိတိုင်းပြည် (သီရိလင်္ကာ) ၌ သော်လည်းကောင်း ဓမ္မဖြင့် အောင်မြင်ပြီးတော်မူလေသည်။ Here in the king's domain among the Greeks, the Kambojas, the Nabhakas, the Nabhapamkits, the Bhojas, the Pitinikas, the Andhras and the Palidas, everywhere people are following Beloved-of-the-Gods' instructions in Dhamma. ဘုရင့်နိုင်ငံများဖြစ်ကြသော ဂရိပြည်၊ ကမ္ဗောဇပြည်၊ နဘကပြည်၊ နဘပန်ကတိပြည်၊ ဘောဇပြည်၊ ပိတိနိကပြည်၊ အန္တရပြည် နှင့် ပါလိဒပြည်တို့၌ ရှိကြကုန်သော လူတို့သည် ဒေဝါနံပိယ မင်းတရားကြီး၏ ဓမ္မ လမ်းညွှန်ချက်များကို လိုက်နာကျင့်သုံးကြသည်။ Even where Beloved-of-the-Gods' envoys have not been, these people too, having heard of the practice of Dhamma and the ordinances and instructions in Dhamma given by Beloved-of-the-Gods, are following it and will continue to do so. ဒေဝါနံပိယ မင်းတရားကြီး၏ တမန်တော်များ မရောက်နိုင်ကြသောအရပ်၌ ရှိကြသောလူတို့သည်ပင် ဒေဝါနံပိယ မင်းတရားကြီး ပေးအပ်သော ဓမ္မကျင့်စဉ်များ၊ ကျင့်ဝတ်သီလသိက္ခာများ၊ ဓမ္မလမ်းညွှန်ချက်များကို ကြားရသည်ဖြစ်၍ လိုက်နာကျင့်သုံးနေကြသည်၊ ထိုကဲ့သို့ ဆက်လက်၍ လိုက်နာကျင့်သုံးနေကြအုံးမည်။ This conquest has been won everywhere, and it gives great joy -- the joy which only conquest by Dhamma can give. But even this joy is of little consequence. Beloved-of-the-Gods considers the great fruit to be experienced in the next world to be more important. ဤအောင်မြင်မှုကို နေရာအသီးသီး၌ ရယူပိုင်ဆိုင်ထားလေပြီ၊ ဤအောင်မြင်မှုသည် အလွန်နှစ်သက် ကျေနပ် ဆောင်ကျဉ်းပေးသည်။ ဓမ္မဖြင့် အောင်မြင်ခြင်းသည်သာ ထိုနှစ်သက်ကျေနပ်ကို ပေးနိုင်စွမ်းရှိသည်။ သို့သော် ဤ နှစ်သက်ကျေနပ်မှုသည် သေးငယ်သောအကျိုး ရလဒ်မျှသာ ဖြစ်သည်။ ''နောင်တမလွန်လောက၌ တွေ့ကြုံစံစားရမည့် ကြီးမားသောအကျိုးဆက်သည်သာ ပိုမို အရေးကြီးကြောင်း'' ဒေဝါနံပိယ မင်းတရားကြီး နားလည်သဘောပေါက်တော်မူသည်။ I have had this Dhamma edict written so that my sons and great-grandsons may not consider making new conquests, or that if military conquests are made, that they be done with forbearance and light punishment, or better still, that they consider making conquest by Dhamma only, for that bears fruit in this world and the next. May all their intense devotion be given to this which has a result in this world and the next. ငါမင်းတရားသည် ဤ''ဓမ္မကျောက်စာ''ကို ရေးသားထားပြီး ဖြစ်ခြင်းကြောင့် ငါမင်းတရား၏ သားတော်တို့သည်လည်းကောင်း၊ မြေးတော်တို့သည်လည်းကောင်း ''နောက်ထပ်အသစ် အသစ်သော အနိုင် ယူမှုကို မစဉ်းစားမိကြပါစေသတည်း''၊ ''အကယ်၍ စစ်ရေး စစ်ရာဖြင့် အနိုင်ယူမှုကို ပြုလုပ်ငြားအံ့၊ ထို အနိုင်ယူခံထား ရသောသူများကို စာနာသည်းခံနိုင်ပါစေသတည်း၊ သေးငယ်သောပြစ်ဒဏ်ဖြင့်သာ ဒဏ်ခတ်နိုင်ပါစေသတည်း၊ သို့မဟုတ် ထို့ထက်ကောင်းမွန်စွာ ဆက်ဆံနိုင်ကြပါစေသတည်း၊ ဓမ္မဖြင့်သာ အောင်မြင်မှုကို ပြုလုပ်မည် ဟု စဉ်းစားနိုင်ကြပါစေသတည်း၊'' အကြောင်းမူကား - ထိုသို့ပြုမူခြင်းသည် ဤလောက နှင့် နောင်တမလွန်လောကတို့၌ ကောင်းကျိုးကို ဖြစ်ပေါ်စေသည်။ ''ဤလောက နှင့် နောင် တမလွန်လောကတို့၌ ကောင်းကျိုးပေးသော ဤလုပ်ဆောင်ချက်အတွက် သူတို့အားလုံး၏ မြဲမြံခိုင်မာသော လုံးလဝီရိယ အချိန်ကာလတို့ကို ပေးစွမ်းနိုင်ကြပါစေသတည်း။'' စာဖတ်ပြီးလို့ စာအုပ်ကလေးကို အမြန်ပိတ်ကာ ထလိုက်သည်။ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သီတဂူအဖွဲ့ဝင် အားလုံး ကားပေါ်ရောက်နေသည်။ အသောက ကျောက်စာကို (၁) မိနစ်မျှ စိုက်ကြည့်ပြီး ''ဤ 'ကလိင်္ဂ' စစ်မြေပြင်ဟောင်း၌ နှစ်ပေါင်း (၂၃ဝဝ) ကျော်သည့် တိုင်အောင် တည်ရှိနေသည့် ဤကျောက်စာ စာရွက်သည် နောင်ထပ် နှစ်ပေါင်းများစွာ တည်ရှိနေအုံးမည် ယုံကြည်မိသည်၊ တိုင်းပြည်နိုင်ငံအသီးသီးတို့ကို အုပ်ချုပ်နေရသော၊ အုပ်ချုပ်လတံ့သော ခေတ်သစ် အမျိုးသား အမျိုးသမီးတို့သည်လည်း အသောက (ဒေဝါနံပိယ) မင်းတရား၏ အမှား အမှန်တို့ကို သင်ခန်းစာယူလျှက် (ဒေဝါနံပိယ၊ အသောကဘုရင် ကဲ့သို့) အဓမ္မမှုများကို စွန့်လွှတ်၍ တရားမျှတမှုများကို ကျင့်သုံးနိုင်ကြပါစေလို့ ဆန္ဒပြုပါသည်။ သီတဂူ အရှင်ကုမာရ (ဒေလီတက္ကသိုလ်) တင်ပြသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၈-၆၂၀၁၀

25 June 2010

Sitagu Sayadaw’s Dhamma Trip in USA & UK


အမေရိကန် မိသားစုတစ်စု၏ အလှူတော်

သီတဂူဆရာတော် ခရီးစဉ်
သီတဂူဆရာတော်ကြီး၏ အမေရိကနှင့် အင်္ဂလန် စသည့် ခရီးစဉ်များကို အမေရိကမှ ပေးပို့သည့်အတိုင်း ဖော်ပြလိုက်ပါသည်။ သီတဂူသာသနာပြုအဖွဲ့ကြီး၏ ပဓာနဦးဆောင် ဖြစ်တော်မူသော သီတဂူဆရာတော်သည် အမေရိကန်နိုင်ငံတွင် သီတဂူဗုဒ္ဓ၀ိဟာရ ကျောင်းတော်ကြီးကို ထည်ထည်ဝါ၀ါ တည်ထောင်တော်မူပြီး ထိုကျောင်းဝန်းအတွင်းဝယ် မြန်မာမှုမြန်မာ့ဟန်ဖြင့် ရွှေစည်းဂုံစေတီတော်မြတ်ကြီးကို တည်ထားကိုးကွယ်ရန် စတင်နေပြီ ဖြစ်ပါသည်။ ထိုနိုင်ငံတွင် သီတဂူသာသနာပြုအဖွဲ့ကြီးကို တည်ထောင်ကာ သီတဂူသာသနာပြု အဖွဲ့ကြီး၏ သာသနာပြုလုပ်ငန်းများစွာတွင် သာသနာပြုလုပ်ငန်း တစ်ခုအပါအ၀င်ဖြစ်သည်။

သီတဂူဗုဒ္ဓ၀ိဟာရ ကျောင်းဝန်းတွင်းက ကျောင်းဆောင်များ


Sitagu Sayadaw’s Dhamma Trip in USA & UK
{July 2, 10 to Aug 6, 10}


July 2, 10 Friday, Arrival 9:35 a.m, at Los Angeles (LAX), CA
July 3, 10 Saturday, 7:00 p.m, Public Night Dhamma Talk at Azusa Kyaung, Azusa, CA
July 4, 10, Sunday, (ONT to SFO) D - 7:23 a.m, A - 8:44.a.m. by United Airlines # 6330
7:00 p.m, Public Night Dhamma Talk at TDS, San Francisco, CA
July 5, 09, Monday, U Ba Yee + Daw Than Myint House, Merced, CA,
Sleep over night.
July 6, 10, Tuesday, (SJC to SEA) D - 3:40 p.m, A - 5:39 p.m. by Alaska Airlines # 327
7:00 p.m, Public Night Dhamma Talk at Tipitaka Kyaung, Seattle, WA
July 7, 10,Wednesday,7:00 p.m, Public Night Dhamma Talk at Mahasi Kyaung, Seattle, WA
July 8, 10, Thursday, After lunch, go to Portland, OR by car
7:00 p.m, Public Night Dhamma Talk at Siri Mingala Kyaung, Portland, Oregon
July 9, 10, Friday, (PDX to MDW) D - 1:30 p.m, A - 7:30 p.m. by Southwest Airlines # 1024
Sleep over night at U Tin Hla + Daw Kyi Kyi Thwin House, Chicago, IL
July 10, 10,
Saturday, Public Dhamma Talk after lunch at Chicago Kyaung, IL
Go to Forth Wayne by car and sleep over night
July 11, 10, Sunday, 7:00 p.m, Public Night Dhamma Talk at Dhammarakkhita Kyaung, Ft. Wayne, IN
July 12, 10, Monday (FWA to BWI) D - 1:38 p.m, A - 5:30 p.m. by Delta Airlines # 4204
July 17, 10, Saturday, Public Night Dhamma Talk at U Khin Mg Htay’s House, Silver Spring, MD
July 18, 10 Sunday, Waso Robe Offering Ceremony at Vejayanta Kyaung, Randallstown, MD
July 19, 10, Monday, (BWI to FLL) D - 3:00 p.m, A - 5:31 p.m. by Air Tran Airlines # 959
8:00 p.m. Public Night Dhamma Talk at Dhammaloka Vihara, Miramar, Florida
July 20, 10, Tuesday, (FLL to LGA) D - 12:35 p.m, A - 3:31 p.m. by Jet Blue Airlines # 376
July 20, 10, Tuesday 7:00 p.m, Public Night Dhamma Talk at Lokachantha Kyaung, New York
July 21,10,Wednesday7:00 p.m, Public Night Dhamma Talk at Masoeyein Kyaung, New York
July 22, 10, Thursday 7:00 p.m, Public Night Dhamma Talk at Thone Bar Kyaung, New York
July 23, 10, Friday, (JFK to LHR) D - 8:20 a.m, A - 8:25 p.m. by American Airlines # 0142

July 24 -28, 10 London and Scotland
July 29, 10,Thursday, (LHR to JFK) D - 8:30 a.m, A - 10:59 a.m. by American Airlines # 0115
(JFK to AUS) D - 12:29 p.m, A 3:21 p.m. by Jet Blue Airlines # 1065
July 31, 10 Saturday, Waso Robe Offering Ceremony at Sitagu Buddhist Vihara, Austin, TX

Sitagu Buddhist Vihara, Austin, TX ကျောင်းဆောင်များ

Aug 6, 10 Friday Return to Myanmar

* If you have any question, you may contact to Paccha Samana
(Assistant Monk) Ashin Ariyadhamma, Ph : 512-750 9963 or E:mail -
aariyadhamma@gmail.com

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၆-၂၀၁၀

23 June 2010

ကလိင်္ဂစစ်မြေပြင်က စာတစ်ရွက်



မိတ်ဆက်
ဤကလိဂ်စစ်မြေပြင်က စာတစ်ရွက် ပို့စ်အဖြစ်တင်ဖို့ရန် သီတဂူစတား၏ ဆရာလည်းဖြစ် နောင်တော်လည်းဖြစ်သော သီတဂူ ဒေါက်တာ အရှင်ကုမာရ (ဒေလီတက္ကသိုလ်) ကို မေတ္တာရပ်ခံခဲ့ပါသည်။ နောင်တော်ကလည်း ၀မ်းမြောက်ဝမ်းသာ ကြည်ကြည်ဖြူဖြူ ခွင့်ပြုသဖြင့် ပို့စ်တစ်ခုအဖြစ် တင်ကာ ကလိင်္ဂ ဗဟုသုတ တစ်ခု မျှဝေလိုက်ပါသည်။

ကလိင်္ဂစစ်မြေပြင်က စာတစ်ရွက်
'ကလိင်္ဂ' ဆိုတဲ့ ဤနာမည်ကို ငယ်ငယ်ကတည်းက ကြားဘူးသည်၊ သို့သော် မည့်သည့်အရပ်ဒေသမှန်း မသိ၊ ပုံ ပြောကောင်းသောလူကြီး များ၏ ဒဏ္ဍာရီ ပုံပြင်တစ်ခုသဘွယ် မှတ်ထင်ခဲ့သည်။ အခုတော့ ဤ 'ကလိင်္ဂ' စစ်မြေပြင်ဟောင်းနေရာကို မိမိ အမှန်တကယ် ရောက်နေပြီ။ မိမိခြေချမိသော နေရာကား- စစ်နိုင်သောဘုရင်ကြီးတစ်ပါး လက်နက်စွန့်လွှတ်သော 'ဒေါလီ' (Dauli) တောင်ကုန်းလေးတစ်ခု ဖြစ်သည်။ သီတဂူအဖွဲ့ကို လိုက်လံပို့ဆောင်ပေးစဉ် ရောက်ရှိခြင်းဖြစ်သည်။ နေ့ရက်ကား ၂ဝ၁ဝ-ခုနှစ် ဧပြီလ ၁၂ ရက်နေ့ဖြစ်သည်။

တောင်ကုန်းပေါ်ရှိ ငြိမ်းချမ်းရေး စေတီယင်ပြင်ပေါ်မှ ဒယာ မြစ်ကို မျှော်ကြည့်နေစဉ် ဤစစ်ဘုရင်ကြီး၏ အကြောင်းကား တရေးရေးဖြင့် မိမိ၏ အတွေးထဲ၌ ပေါ်လာသည်။ အင်မတန် ရက်စက်သော ဘုရင်ကြီး ဖြစ်ခဲ့ပါတကား။ တိုင်းပြည်အာဏာကို လုံးဝ ဆုပ်ကိုင်နိုင်ဘို့အတွက် ဆန့်ကျင်သူ အားလုံး ကို ရှင်းပစ်ဖို့ ဝန်လေးခဲ့သူ မဟုတ်။ အာဏာအတွက် ညီအစ်ကိုရင်းတွေကိုတောင် သုတ်သင်ခဲ့၏၊ သူအား သစ္စာ မခံသော တိုင်းပြည်တွေက ခုခံသူတွေကို သတ်ဖြတ် သုတ်သင်ပြီး တိုင်းတစ်ပါး နယ်မြေတွေကို သိမ်းပိုက်ခဲ့သည်။ သို့သော် အနိုင်မခံ အရှုံးမပေး၊ လက်နက်မချသော တိုင်းပြည် တစ်ခုကား 'ကလိင်္ဂ' တိုင်းပြည်ဖြစ်သည်။ စစ်ဘုရင်အနေနဲ့ ဖခင်ကြီးလက်ထက်က တိုက်ခိုက်သိမ်းပိုက်၍ အနိုင်မရခဲ့သော ဤ 'ကလိင်္ဂ' တိုင်းပြည်ကို တိုက်ခိုက်သိမ်းပိုက်ယူရန် လုံးဝ ဆုံးဖြတ်ထားခဲ့သည်။ လွယ်လွယ်နှင့် မရနိုင်မှန်းလဲ သိထားခဲ့ သည်။ သို့ဖြစ်၍ ဘုရင်အဖြစ် အဘိသိက်သွန်းပြီး (၈) နှစ်ကြာသောအခါကျမှ ကလိင်္ဂ တိုက်ပွဲကို ဆင်နွဲခဲ့ သည်။ စစ်ဘုရင်ဖြစ်သည့်အလျှောက် 'အနိုင်ရဘို့သာ အဓိက' ဖြစ်သည်။ တရားမျှတမှု ရှိ မရှိ၊ လူတွေ သေကြေ ပျက်ဆီး ဆုံးရှုံး ငိုကြွေးကြရတာ သူနှင့်မဆိုင်သလိုမျိုး ယူဆထားခဲ့ဟန်ရှိသည်။ ထိုကြောင့် ခြေလျင် တပ်သားပေါင်း (၆ဝဝဝဝဝ) ခြောက်သိန်း၊ မြင်းစီးတပ်သားပေါင်း (၁၃ဝဝဝဝ) တစ်သိန်းသုံးသောင်း၊ ဆင် ကောင်ရေ (၉ဝဝဝ) ကိုးထောင်နှင့် ဆင်စီးတပ်သားပေါင်း (၃၆ဝဝဝ)၊ ထို့အပြင် တိုက်ပွဲသုံး မြင်းရထားများ နှင့်တကွ ကိုယ်တိုင် ချီတက်ပြီး ခုခံသူ ကလိင်္ဂတိုင်းသူပြည်သားတွေကို သတ်ဖြတ်ခဲ့သည်။ အကြမ်းတမ်းဆုံး အရက်စက်ဆုံးနှင့် အနိုင်အရှုံးအဆုံးအဖြတ်ပေးသည့် တိုက်ပွဲဖြစ်သည်။ အချိန်ကား ဘီစီ ၂၆၂-ခုနှစ် ဖြစ်သည်။ ဤတိုက် ပွဲနေရာကား ယခုခေတ် သြရိဿပြည်နယ် (ယခင်အခေါ် ကလိင်္ဂတိုင်းပြည်) ၏ မြို့တော် ဘူဘန်နေရွှာနှင့် (၅) မိုင် အကွာ ဒေါလီတောင်ကုန်းနှင့် ဒယာ မြစ်ကမ်းအနီး (Bhubaneswar, Orissa State, India) ဖြစ်သည်။


ယင်းတိုက်ပွဲတွင် 'ကလိင်္ဂ' တိုင်းသူပြည်သား တစ်သိန်းကျော်နှင့် စစ်ဘုရင်ကြီး၏ စစ်သား တစ်သောင်းကျော် သေဆုံးကြရသည်။ ထိခိုက်ဒဏ်ရာရသူတို့ကား ထို့ထက်အဆပေါင်း များစွာရှိခဲ့သည်။ စစ်သုံ့ပန်း တစ်သိန်းခွဲကျော်ကို ဖမ်းဆီးထားခဲ့ရသည်။ ဤစစ်ပွဲကို ဦးဆောင်တိုက်ခဲ့သော စစ်ဘုရင်ကြီးကား ဤအဖြစ်အပျက်တွေကို 'ဒေါလီ'တောင်ကုန်းခံတပ်ပေါ်ကနေ ကိုယ်တိုင်တွေ့မြင်နေရသည်။ သေဆုံးသွားသူတွေရဲ့ အလောင်းတွေကို 'ဒယာ' မြစ်ထဲမှာ လွှင့်ပစ်နေကြသည်။ ဒဏ်ရာရသူတွေ အော်ဟစ် ငိုကြွေးနေကြသည်။ မိဘမဲ့ဖြစ်သွားကြတဲ့ ကလေးတွေက မိဘတွေကို တမ်းတ ငိုယိုနေကြသည်။ မုဆိုးမ ဖြစ်သွားကြရတဲ့ အမျိုးသမီးတွေရဲ့ ဟစ်ကြွေးရေရွတ်သံတွေကိုလည်း ကြားနေရသည်။ တိုက်ဆင်၊ တိုက်မြင်းတွေရဲ့ အလောင်းတွေနှင့်အတူ လူသေအလောင်းတွေကို မြင်တွေ့နေရသည်။ လင်းတ ငှက်တွေနှင့်အတူ တခြားသော အသားစားငှက်တွေ၊ ခွေးတွေလည်း အလုအယက်ပြေးလွှာ စားသောက်နေကြသည်ကို အိမ်မက်အလား မြင်နေရသည်။ 'ဒယာ' မြစ်ရေတွေ၊ မဟီ (ယခုအခေါ် မဟာနဒီ) မြစ်ရေတွေလည်း ယခင်ကလို ကြည်လင်မနေတော့ဘဲ သွေးတွေနှင့် နီရဲနေသည်။ ရေပေါ် မြေပေါ်က ထွက်လာသော သွေးညှီနဲ့၊ အပုပ်နံ့တွေကိုလည်း စစ်ဘုရင်ကြီးကိုယ်တိုင် ရှုရှိုက်နေရသည်။
'ဒေါလီ' တောင်ကုန်းပေါ်မှ မြင်နေရသော အဖြစ်အပျက် အားလုံးသည် စစ်ဘုရင်ကြီးကို 'စစ်အောင်နိုင်သူ' အဖြစ် ဂုဏ်ယူဝင့်ကြွားလိုမှုကို မဖြစ်ပေါ်စေခဲ့။ ဤအနိဋ္ဌာရုံ အားလုံးကို အဓိက ဖန်တီးသူမှာ တခြားသူ မဟုတ်ဘဲ မိမိကိုယ်တိုင် ဖြစ်နေသည်၊ ထို့ကြောင့် အများသူငါတို့သည် မိမိကို 'အကြမ်းဖက်သမားကြီး အသောက (စဏ္ဍာသောက)' ဟု ခေါ်ကြသည်ကို အမှတ်ရမိနေခဲ့သည်။ ဤရက်စက်ကြမ်းကြုတ်မှုသည် မိမိ သူတစ်ပါး နှစ်ဦးစလုံးအတွက် ချစ်ခင်ယုံကြည်မှုတွေ၊ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု စသည်တွေကို မဖြစ်ပေါ်စေသည့်အပြင် ဖျက်ဆီးပစ်ရာ ရောက်သည်ဟု စစ်ဘုရင်ကြီး နားလည် သဘောပေါက်လာသည်။ 'သတ်ဖြတ်မှု၊ ရက်စက်မှု၊ ညှင်းပန်းနှိပ်စက်မှု စသည့် အကြမ်းဖက်လုပ်ရပ်' တို့ဖြင့် လူသားတို့၏ နှလုံးသားကို လွှမ်းမိုးအနိုင်ယူဖို မဖြစ်နိုင်သည်ကို ကောင်းကောင်း သဘောပေါက်လာခဲ့သည်။ ထိုကြောင့် နောင် ဘယ်သောအခါမျှ ဤကဲ့သို့သော 'စစ်ပွဲ' မျိုး မဖြစ်ပေါ်အောင် ဖန်တီးမည်ဟု ဆုံးဖြတ်ချက်ချသည်၊ မဂဓတိုင်း ပါဋလိပုတ်နေပြည်တော်မှာ နန်းစံစဉ်က ကြားဘူးသလိုလို ရှိသော ဗုဒ္ဓ၏ အကြမ်းမဖက်တဲ့ လမ်းစဉ်ကို သတိရတမ်းတမိသည်။ ဤ လမ်းစဉ်တွေကို ကမ္ဘာ့လူသားတို့၏ နှလုံးသား၌ ထည့်ထားနိုင်လျှင် ဤကဲ့သို့သော စစ်ပွဲတွေ ဖြစ်လာနိုင်စရာ အကြောင်းမရှိ ဟု ယုံကြည်မှတ်ယူသည်။

''ဆုပ်ကိုင်ထားသော လက်နက်ကို ချလိုက်၏၊ အကြမ်းဖက်မှုကို လုံးဝစွန့်လွှတ်လိုက်၏''၊ ''လက်နက်နှင့် အကြမ်းဖက်မှုကို စွန့်လွှတ်ကြောင်း ဤ 'ဒေါလီ'တောင်ကုန်းကို အသိသက်သေပြု၍ သစ္စာဆိုသည်၊ တရားမျှတ သော၊ သနားကြင်နာမှု အပြည့်ရှိသော၊ ငြိမ်းချမ်းမှုကို သယ်ဆောင်ပေးနိုင်သော၊ အကြမ်းဖက်မှုကို အားမပေး သော၊ ပြည်သူပြည်သားတို့၏ ကောင်းကျိုးကို ဆောင်ရွက်ပေးနိုင်သော လမ်းစဉ်ဖြင့်သာ တိုင်းသူ ပြည်သား တို့ကို အုပ်ချုပ်ချင်သည်။ မိဘက သားသမီးများအပေါ် မေတ္တာစေတနာထားသကဲ့သို့ တိုင်းသူပြည်သားတို့ အပေါ် စိတ်ကောင်းစိတ်ထားမြတ်ဖြင့် ပြုမူဆက်ဆံချင်သည်။ 'အကြမ်းဖက်သမား စစ်ဘုရင်ကြီးအဖြစ်မှ တရားမျှတစွာ ကျင့်ကြံအားထုတ် အုပ်ချုပ်သော သူတော်ကောင်းဘုရင်ကြီး' အဖြစ်ကို အသောကဘုရင်ကြီး ပြောင်းပစ်နိုင်ခဲ့သည်။
ဘုရင်အသောကသည် နှလုံးသားမှ အမှန်တကယ်ပေါက်ဖွားလာသော၊ တိုင်းသူပြည်သားတို့အပေါ် ထားသော မိမိ၏ စစ်မှန်သော စိတ်တွင်းသဘောကို အများပြည်သူ သိစေရန် ကျောက်သားပြင်ပေါ်တွင် ရေးသားထွင်းထုခဲ့သည်။ အသောက ကျောက်စာပေါင်းများစွာတို့တွင် ဤဒေါလီတောင်ခြေ ကျောက်ပြားပေါ်၌ ရေးသားထားသော ဗြဟ္မီအက္ခရာတို့သည် မူရင်းအတိုင်း ယနေ့တိုင် မြင်တွေ့နိုင်ပါသည်။

ဤအသောကကျောက်စာကို ကျောက်စာအမှတ် ၁၃-ဟု သတ်မှတ်ထားသည်၊ ဘီစီ ၂၅၆ ရာစုမှာ ရေးထိုးထားသည်ဟု ပညာရှင်များယူဆကြသည်။ ဤ ကလိင်္ဂစစ်မြေပြင်၌ ရှိသော အသောကကျောက်စာများ၏ ပြီးပြည့်စုံသော အဓိပ္ပါယ်ကို သိချင်လိုတဲ့ စိတ်က မိမိ၏ ရင်ထဲမှာ ဝင်ရောက် လှုံ့ဆော်နေသည်။ လက်ထဲ၌ အသင့်ပါလာသော 'အသောက ကျောက်စာပေါင်းချုပ် စာအုပ်' ကလေးကို ကမန်းကတန်းဖွင့်၍ အင်္ဂလိပ် ဘာသာပြန်ထားသော စာပိုဒ်တွေကို တစ်ခုချင်းစီ လိုက်ဖတ်ကြည့်မိသည်-
Beloved-of-the-Gods says that the Mahamattas of Tosali who are judicial officers in the city are to be told this: I wish to see that everything I consider to be proper is carried out in the right way. And I consider instructing you to be the best way of accomplishing this. I have placed you over many thousands of people that you may win the people's affection.

နတ်တို့၏ ချစ်ခင်မြတ်နိုးမှုကို ခံရသော (ဒေဝါနံပိယ၊ ပိယဒဿီ) မင်းတရားကြီးသည် မြို့၌ တရားရေးရာ အရာရှိ တိုဆလီ (ဒေါလီ) အမတ်ကြီးများကို မိန့်မှာတော်မူသည်ကား- မှန်မှန်ကန်ကန် ဆောင်ရွက်ကြသည်ကို ငါဘုရင်မင်းမြတ် မြင်လိုတော်မူသည်။ ထိုအမှုကိစ္စတို့ ပြီးမြောက်အောင်မြင်အောင် အကောင်းဆုံး နည်းလမ်းတို့ကို သင်တို့အား ညွှန်ကြားထားသည်ဟု ငါဘုရင်မင်းမြတ် သိထားတော်မူသည်။ တိုင်းပြည် ပြည်သားတို့၏ ချစ်ခင်မြတ်နိုးထောက်ခံမှုကို အောင်မြင်ရယူနိုင်အောင် သင်တို့ကို ထောင်ပေါင်း များစွာသော လူတို့အထက်၌ ငါဘုရင်မင်းမြတ် နေရာပေးခန့်ထားတော်မူသည်။

ပို့စ်တင်ရန် ခွင်ပြုပေးသော ဘုန်းဘုန်း ဒေါက်တာ အရှင်ကုမာရ (ဒေလီတက္ကသိုလ်) အား အထူးကျေးဇူးတင်ပါသည်။

ကလိင်္ဂစစ်မြေပြင်က စာတစ်ရွက် အပိုင်း(၂) ကို ဆက်လက်တင်ပြပါဦးမယ်။

သီတဂူစတား
၂၃-၆-၂၀၁၀

20 June 2010

ပြည်ပပညာတော်သင် ရဟန်း တစ်ပါး၏ ရည်ရွယ်ချက်

မိတ်ဆက်
ဒီအရှင်မြတ်ကတော့ မစိုးရိမ်တိုက်သစ်မှာ စာချတန်းစာပေများ သင်ယူနေဆဲဖြစ်ပြီး စာချတန်းပြီး၍ ပြည်ပြ ပညာတော်သင်ထွက်လိုသူဖြစ်ပါတယ်။ သီတဂူစတားကို ဘယ်တက္ကသိုလ်တက်ရလျှင် ကောင်းမလဲဘုရားဟု အကြံဥာဏ်တောင်းလာသူလည်းဖြစ်ပါတယ်၊ ထိုအရှင်ရဲ့ စာကို အကြံပြုစာတမ်း အပိုင်း(၂)မှာ ဖော်ပြပြီးဖြစ်ပါတယ်။ ယခုအခါ တိုင်းရင်းသား ထိုရဟန်းတော်တစ်ပါးရဲ့ ပြည်ပ ပညာတော်သင် ထွက်လာရခြင်းအကြောင်း၊ သာသနာပြုစိတ်နှင့် သာသနာပြုရာဝယ် အကြံပြုချက်များကို သူ၏ သီတဂူစတားထံ ပို့သော စာအတိုင်း ဖော်ပြလိုက်ပါသည်။ အကျိုးများမည့် ပေးစာဖြစ်သဖြင့် တင်ပြလိုက်ရခြင်းဖြစ်ပါသည်။ သူလျှောက်ထားသည်ကား----

ဆရာတော်ဘုရား....
အခုလိုစေတနာများစွာနဲ့ အကြံညာဏ်တွေ ပေးလာသည့်အတွက် ကျေးဇူးအများကြီး တင်ပါတယ်ဘုရား။ တပည့်တော်က ကယားပြည်နယ်က လူမျိုးစုနည်းတဲ့ ကယန်းတိုင်းရင်းသား လူမျိုးတစ်ယောက်ပါဘုရား။ တပည့်တော်တို့ တောင်ပေါ်ဒေသတွေမှာ ဘာသာခြား(ခရစ်ယာန်)တွေ ပေါများတာတော့ ဆရာတော်ဘုရားလည်း သိရှိပြီးဖြစ်မှာပါဘုရား။ ရှိနေတဲ့ဗုဒ္ဓဘာသာတွေကလည်း ဘာသာအယူဝါဒကို သိသင့်သလောက် သိသူတွေနည်းပါးပါတယ်ဘုရား။ နတ်တွေနဲ့ရောနှောပြီး ကိုးကွယ်ကြပါတယ်ဘုရား။

အဲဒါကြောင့်မို့ တပည့်တော်ရဲ့ တစ်ခုတည်းသော ရည်မှန်းချက်က...သူတို့တွေရဲ့ လောကမျက်စိ ဓမ္မမျက်စိတွေကို တတ်နိုင်သလောက် ဖွင့်ပေးဖို့ပါပဲဘုရား။ ဒါကရည်မှန်းချက်ပေါ့။ အဲဒီအတွက်လမ်းစဉ်က အသိပညာ အတတ်ပညာတွေကို တတ်နိုင်သလောက် ဆည်းပူးရမှာပေါ့ဘုရား။ သူတို့တတွေရဲ့ဓမ္မမျက်စိတွေကို ဖွင့်ပေးဖို့အတွက် ဗုဒ္ဓစာပေတွေဟာ တပည့်တော်တို့နိုင်ငံမှာ အပြည့်အ၀ အခိုင်အမာရှိနေပေမဲ့ လောကမျက်စိကို ဖွင့်ပေးဖို့အတွက်ကြတော့ တပည့်တော်တို့ရဲ့ လက်ရှိ ပတ်ဝန်းကျင်နဲ့ မလုံလောက်ဘူးလို့ တပည့်တော်ထင်ပါတယ်ဘုရား။
အထက်ကလျှောက်ခဲ့ပြီးအတိုင်း ဘာသာခြားတွေကလည်း ရှိနေသေးတော့ တချို့နေရာတွေမှာ သူတို့နဲ့အပြိုင်အဆိုင် အလုပ်လုပ်ရတာမျိုး လည်းရှိပါတယ်ဘုရား။ သူတို့က လောကီပညာတွေမှာ တော်ကြတယ်။ အထိရောက်ဆုံးနည်းနဲ့ သာသနာပြုနေကြပါတယ်ဘုရား။

တိုတိုနဲ့လိုရင်းကိုလျှောက်ရရင်တော့.......
(၁) တပည့်တော်တို့ တိုင်းရင်းသားလူးမျိုးတွေရဲ့လောကမျက်စိ ဓမ္မမျက်စိတွေကို ထိရောက်ပြီး တွင်ကျယ်တဲ့နည်းနဲ့ ဖွင့်ပေးနိုင်အောင်....
(၂) ပြိုင်ဘက် ဘာသာခြားတွေနဲ့ ယှဉ်နိုင်အောင်......
(၃) အလုပ်လုပ်တဲ့ နေရာမှာ ရှေ့ပြေးဖြစ်တဲ့ ဘွဲ့ဒီဂရီတွေလည်း ရရှိအောင်......
(၄) ကိုယ်တိုင်လည်း လောကမျက်စိ ဓမ္မမျက်စိတွေပွင့်ပြီး အရာအားလုံးကို ယထာဘူတကျကျ သုံးသပ်နိုင်ပြီး ဘ၀နဲ့သံသရာမှာ ကောင်းကျိုးများပေးနိုင်အောင်......စတဲ့ရည်မှန်းချက်တွေကြောင့် ပညာတော်သင်ထွက်ဖို့ စဉ်းစားထားရတာပါဘုရား။

ဆရာတော်ဘုရား လိုရာဆန္ဒပြည့်ဝပါစေ..........

ပဏ္ဍိတ မစိုးရိမ်တိုက်သစ်
မန္တလေး
(19.6.2010)


မှန်ပါသည်
အရှင်မြတ်တင်ပြသွားတာတွေသည် မှတ်သားသင့်ပါသည်၊ ယနေ့ခေတ်ကြီးကိုက အရာရာကို စိန်ခေါ်ပြီး ကိုယ့်ရဲ့ ရည်မှန်းချက်ဆီသို့ မရောက်ရောက်အောင် အားထုတ်နေတဲ့ ခေတ်ကြီးဖြစ်ပါတယ်။ ယှဉ်ပြိုင်နေရတဲ့ ခေတ်ကြီးပေါ့။ ဘာသာရေးဘက်မှာလည်း ထိုနည်းတူစွာ အပြိုင်အဆိုင်တွေ ရှိကြပါသည်။ လောက ကောင်းကျိုးပြုရန်အတွက် အပြိုင်အဆိုင် အားထုတ်နေကြသော ဘာသာဝင် အမျိုးမျိုးတို့၏ စိန်ခေါ်မှုကား လူမှုရေး ဘာသာရေး ပညာရေး စသည်တို့မှာ သွေးအေးမနေကြဘို့ သတိပေးနေသည်မှာလည်း သတိထားသင့်လှပါသည်။ ထို့ကြောင့် အချိန်ရှိခိုက် တတ်သင့်တတ်ထိုက်တဲ့ ပညာရပ်များကို တတ်မြောက်အောင်သင်ခြင်း ထိုအတတ်ပညာများဖြင့် လောကကြီးအတွက် တစ်ဖက်တစ်လမ်းကနေ အုတ်တစ်ချက် သဲတစ်ပွင့် အနေနဲ့ ကောင်းကျိုးပြုနိုင်ကြပါစေသတည်း။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

သီတဂူစတား
၁၉-၆-၂၀၁၀

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes