ကျေးဇူးစကားဆိုခြင်း
ယခုဆိုရင် သီတဂူစတားလဲ မြန်မာပြည် ပြန်ဖို့ အချိန် တော်တော်လေးကပ်လာပြီ၊ ‘‘ ပြည်မြန်မာရောက်ရင် ပို့စ်တွေ တင်ဖို့ မလွယ်ဘူးဘုရားတဲ့၊ ဘလော့ဂ်နှင့်ပတ်သက်တာ ပြင်ဆင်စရာရှိရင် အဲဒီကထဲက ပြင်ခဲ့ပါတဲ့၊ ဘာဖြစ်လို့လဲ မေးတော့ ဒီမှာက ကွန် အားက အရမ်းနှေးတာဘုရား၊ ပို့စ်မှာတင်တဲ့ ဓာတ်ပုံတွေဆို ပေါ်တောင် မပေါ်ဘူးဘုရား’’ တဲ့ ပြည်မြန်မာက ဆွေးတော် မျိုးတော်တွေက ပြောသော စကားတွေပါ။ ထို့ကြောင့် သီတဂူစတား ဘလော့ဂ်ကို အားပေးကြတဲ့ ညီအစ်ကို မောင်နှမများအား အထူးမေတ္တာရပ်ခံသည်မှာ- ပြည်မြန်မာရောက်ရင်တော့ အွန်လိုင်းပရိသတ်၊ ဓမ္ဓ ညီအစ်ကို မောင်နှမများနှင့် ဝေးကွာသွားကောင်း သွားနိုင်ပါသည်၊ သို့သော်လည်း အခွင့်သာတဲ့အခါ ပို့စ်များကိုလည်း တတ်နိုင်သလောက် တင်ဖြစ်အောင် တင်ပေးသွားမှာ ဖြစ်သောကြောင့် ဆက်လက် စောင့်ပြီး အားပေးကြမည်ဟု မျှော်လင့်မိပါသည်။
ပြည်မြန်မာ မပြန်ခင် သီတဂူစတား ပြည်ပပညာ သင်ကြားစဉ် ၂နှစ်အတွင်း ကျေးဇူးပြုဖူးသောသူများကို သီတဂူစတားဘလော့ဂ်၏ ၂နှစ်ပြည့် အထိမ်းအမှတ်အဖြစ်ဖြင့်၎င်း ပြည်တော်ပြန် နုတ်ခွန်းဆက် အနေနဲ့သော၎င်း ရင်မှာပေါက်ဖွား ပီတိစကားလေးများ ပြောပြလိုပါသေးသည်။
သီတဂူစတား မွေးဖွားခြင်း
သီတဂူစတားဘလော့ဂ်သည် ယခုအခါ ၁၁-လ ပြည့်သွားပြီ ဖြစ်ပါသည်။ ၁၃-၈-၂၀၀၉ နေ့က စတင်တည်ထောင်သည်။ သီတဂူစတားဘလော့ဂ်သည်လည်း နာမည်ကြီးဘလော့ဂ်များလို အဆင့်မမြင့်သေးပေမဲ့ အတိုင်းအတာတစ်ခုထိတော့ ရောက်လာခြင်းသည်လည်း အွန်လှိုင်းစာဖတ်ပရိသတ်ရဲ့ ပီတိစကားလေးတွေကြောင့်ဖြစ်ပါသည်။ ထို့ ကြောင့် ၁၁ လပြည့် အထိမ်းအမှတ်အဖြစ်ဖြင့် ၀မ်းသာစကားပြောချင်ပါသည်။ ဘာလက်ဆောင်ဖြင့် ကျေးဇူးတုန့်ပြန်ရမလဲ စဉ်းစားမိတော့ ကိုယ့်မှာက ရင်ဘတ်ထဲက ရင်တွင်းဖြစ် ပီတိစကားများသာ ရှိနေပါသည်။ သီတဂူစတား ပြည်ပ ပညာသင်ကြားနေစဉ် ၂ နှစ်တာ အတောအတွင်း ကိန်းအောင်းနေသော ကျေးဇူးစကားများဖြစ်သည်။ ထိုပီတိစကားများကို အပိုင်း ၃ ပိုင်းခွဲရပါမည်၊ ဘလော့ဂ်တစ်ခု ပြီးမြောက် အောင်မြင်အောင်၊ ဘလော့ဂ် အကယ်ဒမီဆု ရသွားတဲ့အထိ ကူညီသူများနှင့် တပြိုင်တည်းမှာပဲ သီတဂူစတား ပြည်ပပညာရေးအတွက် အကူအညီပေးခဲ့ကြသော ကျေးဇူးရှင်များကို ရင်တွင်းစကားများဖြင့် ကျေးဇူးဆပ်လိုပါသည်။
သီတဂူစတား ဘလော့ဂ်
သီတဂူစတား ဘလော့ဂ်နှင့်ပတ်သက်ပြီး--
၁။ ရှေးဦးစွာ လာရောက် လည်ပတ်ပြီး ဆွေးနွေးကြသူများ၊ နွေးထွေးစွာ အကြံအဥာဏ်ပေးကြသူများ၊ ပို့စ်များ တင်ဖြစ်အောင် အားပေးစကားပေးကြသူများနှင့် ဘလော့ဂါ ညီအကို မောင်နှမများအား အထူးကျေးဇူးတင်ပါသည်။
၂။ သီတဂူစတားဘလော့ဂ်ကို ရှေးဦးစွာ အကောင်အထည် ဖော်ဖြစ်အောင် အကြံအဥာဏ်များ ပေးသော သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသ (ဓမ္မဝေဒဂူဆရာတော်)။
၃။ သီတဂူစတာအား ဘလော့ဂ်ပညာများနှင့် ပတ်ကသက်ပြီး လမ်းညွန်ပေးသော ညခင်းရဲ့လမင်း။
၎။ ဒုတိယအကြိမ်မြောက် သီတဂူစတားနက် ဒိုမိန်းအလှူရှင် အမေရိကမှ ဒကာ ဦးကိုကို။
၅။ သီတဂူစတား ပို့စ် (စာ) များကို ပြင်ဆင်ပေးသော ကျောင်းအမ မပန်းစပယ် (လှဆန်းယဉ်)။
၆။ သီတဂူစတားဘလော့ဂ်၏ ခေါင်းစဉ်ပြင်စဉ်ပေးသော မေမေ့လပြည့်ဝန်းလေး တို့အား အထူး ကျေးဇူးတင်ပါသည်။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို အထက်ဖော်ပြပါ ပုဂ္ဂိုလ်များ မပါဝင်ခဲ့ပါက သီတဂူစတားဘလော့ဂ်တစ်ခု အကောင်အထည်ဖော်ဖို့ရန်နှင့် အွန်လိုင်းပေါ်မှာ ရပ်တည်နိုင်ဖို့ရန် မလွယ်ကူလှပေ။ ထို့ကြောင့် သူတို့တတွေအားလုံးသည် သီတဂူစတားဘလော့ဂ်အတွက် ကျေးဇူးတင်ထိုက်သူဟူ၍ မှတ်တမ်းတင်ပါသည်။ ဒါ့အပြင် သီတဂူစတားအတွက် အထူးကျေးဇူးထိုက်သော သူများ ကျန်ရှိပါသေးသည်။ သူတို့ကတော့ ပြည်ပညာရေးအတွက် အထောက်အပံ့ပေးသူများ ဖြစ်ကြသည်။
သီတဂူစတား၏ ပြည်ပ ပညာရေး
သီတဂူစတားသည် အိန္ဒိယနိုင်ငံ၊ မဟာရဋ္ဌပြည်နယ်၊ ပူနေးမြို့၊ ပူနေးတက္ကသိုလ်၊ ဖိလိုဆိုဖီ (Department of Philosophy) ဌာနတွင် M.A တန်း တက်ရောက်ပညာသင်ကြားပြီးဖြစ်ပါသည်။ ထို M.A (two years course) အတွက် သီတဂူစတားအား ထောက်ပံ့သူများမှာ- သီတဂူဆရာတော်ကြီးဖြစ်ပါသည်၊ ဆရာတော်ကြီးသည် သီတဂူစတား၏ ပညာရေးအတွက် လိုသလောက်ထောက်ပံ့သည်၊ ဆရာတော်ကြီးသည် ပညာရေးနှင့်ပတ်သက်ပြီး ရုပ်ဝတ္ထုပိုင်းဆိုင်ရာ (material things) သာမက စိတ်ဓာတ်ဖွံ့ဖြိုးရေး (mental progress) တွေပါ ပေးနေသဖြင့် သီတဂူစတားသည် ယခုလို ရပ်တည်နိုင်ခြင်းဖြစ်ပါသည်။ ဆရာတော်ကြီးသည် သီတဂူစတား၏ စံပြဖြစ်သလို ဖခင်ဟူ၍လည်းဆိုနိုင်ပါသည်၊ တပည့်များစွာကို သားသမီးသဖွယ် ကျောသား ရင်သားမခွဲ၊ အဖြူအမဲ မခွဲခြားဘဲ ထောက်ပံ့သည်။
ဒါ့ပြင် ဒေါ်လာ ၁၀၀ ၀န်းကျင် သို့မဟုတ် ၂၀၀ လှူဒါန်းခဲ့သော အလှူရှင်များမှာ- သီတဂူစတား၏ ဆရာဖြစ်သူ ဒေါက်တာအရှင်စန္ဒာသိရီ၊ သူငယ်ချင်းများဖြစ်ကြသော အရှင်ဒေ၀ိန္ဒာဘိဝံသ M.A (Buddhist Philosophy)၊ အရှင် တေဇိန္ဒ M.A (Philosophy)၊ အရှင်ပညိန္ဒ M.A (English)၊ အရှင်ဓမ္မာလောက (M.A ကထိက-နပသ ရန်ကုန်)နှင့် ကာတာနိုင်ငံမှာ အလုပ်လုပ်နေသော မောင်အောင်ကျော်တိုးတို့ဖြစ်ကြသည်။ မောင်အောင်ကျော်တိုးသည် အွန်လိုင်းမှ မိတ်ဆွေဒကာလေးဖြစ်သည်၊ အပြင်မှာ လူချင်း မစုံဘူးပေမဲ့ အရမ်းရင်းနှီးသူဖြစ်သည်။ ထို့ပြင် ရပ်ရွာမှ ဆွေတော်မျိုးတော်များကလည်း ပံ့ပိုးလိုက်ကြသေးသည်။ ထိုအတွက် ၁၁ လပြည့်အထိမ်းအမှတ်အဖြစ် မှတ်တမ်းတင်ပါသည်။
အစားအစာ အလှူ့ရှင်
ပညာရေးအပြင် ကျေးဇူးတင်ထိုက်သော အစားအစာအတွက် အလှူရှင်များလည်း ရှိပါသေးသည်။ သီတဂူစတားတို့ မြန်မာရဟန်းတော်များ ပူနေးတက္ကသိုလ် ကျောင်းတက်စဉ် ဆန်၊ ဆီ၊ သကြား၊ ပဲ စသည့်ချက်စရာများကို ရံဖန်ရံခါ လာလှူလေ့ရှိသည့် အိန္ဒိယလူမျိုး ဒကာ ဦးဒေးတို့မိသားစုသည် မြတ်ဗုဒ္ဓလက်တော်က တိတ္ထိဆရာကြီး ၆ ယောက်ထဲက မဟာဝီရ ဂျိန်းဆရာကြီး၏ တပည့်သာဝကများဖြစ်ကြသည်။ သူတို့မိသားစုသည် ရဟန်းတော်များအား အိမ်သို့ပင့်ဖိတ်ကာ အစားအစာများ ကပ်လေ့ရှိသည်၊ ဘာသာရေးဆိုင်ရာများဆွေးနွေး မေးမြန်းလေ့ရှိသည်။ ဂျိန်းဘာသာသည် ကံ ကံ၏အကျိုးကို ယုံကြည်သည်၊ ကုသိုလ် အကုသိုလ်ကံအကြောင်းကို စိတ်ဝင်စားသည်။ ထို့ကြောင့် ထိုမိသားစုသည် ရဟန်းတော်များနှင့် ရင်းနှီးသည်၊ အထူးသဖြင့် မြန်မာရဟန်းတော်များကို ကြည်ညိုသည်။ ထို့နောက် ၂ နှစ်တာ အတောအတွင်း စားပွဲဝိုင်းလေးအတွက် အလှည့်ကျ ချက်ပြုတ်ကြသော သီတင်းသုံးဖော် မိတ်ဆွေများ၊ စားအတူ သွားအတူ လာအတူ၊ ကိုယ်တူ စိတ်တူ အတူ နေခဲ့ဖူးကြသော သူငယ်ချင်းမိတ်ဆွေ အပေါင်းနှင့် မကြာမကြာ ရဟန်းတော်များကို မိမိအိမ်သို့ပင့်၍၎င်း လူကိုယ်တိုင် အဆောင်သို့လာ၍၎င်း မြန်မာပြည်မှ ပါလာသော ချဉ်ပေါင်ကြော်၊ ငါးပိကြော် ငါးခြောက်ကြော် စသော အစားအစာများလှူလေ့ရှိခြင်းနှင့် အခါအားလျှော်စွာ န၀ကမ္မ (ရူပီး) များ လှူလေ့ရှိသော မြန်မာ့လေယာဉ်မှူးလေး ဒကာ ကိုအောင်သန်းတို့မိသားစုအား ၎င်း အထူးကျေးဇူးတင်ရှိပါကြောင်း သီတဂူစတားဘလော့ဂ် ၁၁- လ ပြည့် အဖြစ် မှတ်တမ်းတင်လိုက်ပါသည်။
အားလုံးကို ကျေးဇူးတင်စကားပြာကြားရင်း ပြည်မြန်မာပြန် အဖြစ် နှုတ်ဆက်ခဲ့ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၁၈-၇-၂၀၁၀
18 July 2010
ဤဘလော့ဂ် ရေးသားသူသည်

စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
2009 ခုနှစ် အတွက် အကယ်ဒမီဆု
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။
ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။
ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။
လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ
Popular Posts
-
ဒီနေ့ သင်တန်းစတင်ပိတ် ********* ၂၀၁၆ B.A နောက်ဆုံးနှစ် ကျောင်းသားများနှင့် အမှတ်တရ။ (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်) မကြာမီ နေရာအသီး...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
ဗိုလ်ချုပ်မှူးကြီး သီတဂူအဓိပတိအား လာရောက် ဖူး ********** သီတဂူ ၂၀၁၆ သြဂုတ် ၂၁ မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြ...
-
သီတဂူ Study Tour အင်ဒိုနီးရှား ********** သီတဂူ ၂၀၁၆ နိုဝင်ဘာလ ၆ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ တပည့် စာချ ဆရာတော်များနှင...
-
အောင်မြင်သော ခရီးသည် ဘ၀သောတံ ဘေ၀၀ါဟံ၊ တိဏ္ဏော ပါရင်္ဂတော အဟု။ ဧတေန သစ္စ၀စ္စေန၊ ဂမနံ မေ သမိဇ္ဈတု။ မြတ်ဗုဒ္ဓသည် ဘ၀သံသရာတည်းဟု ရေပင...
-
အစ္စရေးနိုင်ငံ သမ္မတအိမ်တော်ရောက် သီတဂူအဓိပတိ *********** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၂ အစ္စရေးနိုင်ငံရောက် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရာြး...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
“ကမ္ဘာ့ကိုးကွယ်ရာဘာသာကြီးများ၏ နိဒါန်း” စာအုပ် ထွက်ပြီ ************************ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ သီတဂူအဓိပတိဆရ...
-
ရခိုင်ပြည်နယ်ပဋိပက္ခနှင့်ပတ်သက်၍ သံဃာ့ဆန္ဒကို ကြေငြာချက် ထုတ်ပြန်ခြင်း -------- စစ်ကိုင်းတောင်ရိုး၌ သီတင်းသုံးနေထိုင်လျက် ရှိကုန်သော သံဃာတော...
Vistors (1-1-2012)
တိုက်ကြီးများရှိ အချိန်
!-end>!-local>!-end>!-local>!-end>!-local>!-end>!-local>!-end>!-local>!-end>!-local>!-end>!-local>!-end>!-local>!-end>!-local>
1 comments:
အရှင်ဘုရား .... တပည့်တော်တို့လည်း ဒီဘလော့ဂ်လေးဆီကို အမြဲလာ ရောက်ဖတ်ရှုနေမှာပဲဘုရား။ အရှင်ဘုရားပြည်တွင်းရောက်သွားသော်လည်း တချိန်ချိန်မှာတော့ ပို့စ်လေးတွေတင်နိုင်လိမ့်မယ်လို့ တပည့်တော်ယုံကြည်ပါ တယ်ဘုရား။ အရှင်ဘုရားရဲ့ဘလော့ဂ်မှ ပေးတဲ့ဗဟုသုတနဲ့ ဓမ္မတွေကို တပည့်တော်တို့အတွက် တန်ဖိုးမဖြတ်နိုင်ပါဘူးဘုရား။
Post a Comment