သီတဂူစတား

သီတဂူစတား

18 June 2011

ဒုတိယနေ့ ဖွင့်ပွဲအခမ်းအနား

 

 
ဒု-သမ္မတ
အစိုး ​ရအဖွဲ့​ဝင်ပုဂ္ဂိုလ်​တွေကို ဗုဒ္ဓရဲ့​တရား​တော်​တွေအတိုင်း​ ကျင့်​ကြံအား​ထုတ်ပြုမူ၊​ ​နေထိုင် ​ဆောင်ရွက်ကြဖို့​ သီတဂူဆရာ​တော် ​ဒေါက်တာအရှင် ဉာဏိဿရက မိန့်​ကြား​လိုက်ပါတယ်။
ဒုတိယအ​ နေအဖြစ် ဒီက​နေ့​ကျင်း​ပတဲ့​ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖွင့်​ပွဲ အခမ်း​အနား​ကိုတက်​ရောက်လာတဲ့​ ဒုတိယသမ္မတ သီဟသူရ ဦး​တင်​အောင်မြင့်​ဦး​ အပါအဝင် အစိုး​ရအဖွဲ့​ဝင် ဝန်ကြီး​တွေ၊​ နိုင်ငံတကာသံရုံး​တွေက တာဝန်ရှိသူ​တွေ၊​ ကုလသမဂ္ဂ အဖွဲ့​အစည်း​တွေက ဧည့်​ပရိသတ်​တွေကို မိန့်​ကြား​လိုက်တာ ဖြစ်ပါတယ်။
ဒီလို မိန့်​ကြား​ခဲ့​တာနဲ့​ပတ်သက်ပြီး​ ဆရာ​တော်ရဲ့​ အတွင်း​ရေး​မှူး​ဖြစ်သူ ဦး​ဟန်က အခုလို ပြန်​ပြောပြပါတယ်။
“ဗုဒ္ဓရဲ့​ ​ဟောကြား​ချက်​တွေကို အား​လုံး​ ညီညီညွတ်ညွတ်နဲ့​ လိုက်နာကြဖို့​ပေါ့​။ ကျင့်​ကြံကြဖို့​ အား​ထုတ်ကြဖို့​ ဘာသာ​ရေး​ သာသနာ​ရေး​ဆိုင်ရာ ဆုံး​မဩဝါဒ​တွေ အဲဒီမှာလည်း​ လူတိုင်း​လူတိုင်း​ အား​လုံး​ ကိုယ့်​နေ့​စဉ် လုပ်ငန်း​မှာ ဗုဒ္ဓရဲ့​ တရား​ကို ကျင့်​ကြံအား​ထုတ်မယ် ဆိုလို့​ရှိရင် အား​လုံး​ ​အေး​အေး​ချမ်း​ချမ်း​နဲ့​ ကိုယ့်​ဘဝ​အေး​ချမ်း​မှု​ရော အား​လုံး​ ဖြစ်မယ်။ ကိုယ့်​ဘဝ ​ရှေဘဝ၊​ ဒီဘဝ အား​လုံး​ ပြည့်​စုံမယ်ဆိုတာ​တွေ တကယ့်​ တရား​သက်သက်​တွေ။”
ပြည်​ထောင်စု သာသနာ​ရေး​ဝန်ကြီး​ဌာန ဝန်ကြီး​ သူရဦး​မြင့်​မောင်က​တော့​ ဆရာ​တော်ကြီး​အ​နေနဲ့​ အခုလို အပြည်အပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်​တွေ တည်​ထောင်ဖွင့်​လှစ်​ပေး​တဲ့​အ​ပေါ် ​ကျေး​ဇူး​တင် ဂုဏ်ယူဝမ်း​မြောက်​ကြောင်း​ ပြန်လည် ​ပြောကြား​ခဲ့​ပါတယ်။
ဒီက​နေ့​ ဖွင့်​ပွဲအခမ်း​အနား​အစီအစဉ်​တွေကိုလည်း​ ဦး​ဟန်က အခုလို ​ပြောပြပါတယ်။
“​ရှေ့​မှာက ​နေပြည်​တော်က​နေပြီး​တော့​ ပြည်​ထောင်စုသမ္မတ မြန်မာနိုင်ငံ​တော်ရဲ့​ ပြည်​ထောင်စု ဝန်ကြီး​ခေါ်တာ​ပေါ့​နော် သာသနာ​ရေး​ဝန်ကြီး​ ဦး​မြင့်​မောင်က​နေပြီး​ ဆိုင်း​ဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်​တယ်။ ​နောက် ကျ​နော်တို့​ တိုင်း​ဒေသကြီး​က ဝန်ကြီး​ချုပ် ဦး​မြင့်​ဆွေက​နေပြီး​ လိုက်ကာ​ ဖွင့်​ပေး​တယ်။ ​နောက် ​ရောင်စုံ ၆ ​ရောင်ခြယ် ဘူ​ဘောင်း​တွေနဲ့​ ကျ​နော်နဲ့​ မြို့​တော်ဝန်ကြီး​ ဦးလှမြင့်နဲ့​က နှစ်​ယောက်တွဲပြီး​တော့​ ကျ​နော်တို့​ ဖွင့်​ပေး​တယ်။ အဲဒီက​နေ ဆရာ​တော်ကြီး​က လိုက် ရှင်း​လင်း​ပြပြီး​တော့​ ကျ​နော်တို့အ​ပေါ်ထပ်က​ ဘုရား​ဆောင်ကြီး​တွေဆီကို အား​လုံး​တက်ကြတာ​ပေါ့။ အဲဒီကျ​တော့​ ဗုဒ္ဓရုပ်ပွား​တော်​တွေကို ဒုတိယ သမ္မတကြီး​က ဖွင့်​တယ် အဲဒါပါပဲ။”
သဲကုန်း​ သပိတ်အိုင်​တောရ သီတဂူဆရာ​တော် ​ဒေါက်တာအရှင်ဉာဏိဿရ တည်​ထောင်ဖွင့်​လှစ်​နေတဲ့​ သီတဂူ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့​ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖွင့်​ပွဲ အခမ်း​အနား​တွေကို ​နောက် သုံး​ရက်ထက်မံကျင်း​ပပြုလုပ်ဦး​မှာဖြစ်ပြီး​ နိုင်ငံ​ရေး​ပါတီ​ခေါင်း​ ​ဆောင်​တွေ၊​ လူမှု​ရေး​အသင်း​အဖွဲ့​ခေါင်း​ဆောင်​တွေလည်း​ တက်​ရောက်ကြဖို့​ရှိ​နေပါ​သေး​တယ်။
သဲကုန်း​ သပိတ်အိုင်​တောရ သီတဂူဆရာ​တော် ​ဒေါက်တာအရှင်ဉာဏိဿရ သီတဂူအပြည်အပြည်ဆိုင်ရာ ကမ္ဘာ့​ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း​) ကို ၁၉၉၁ က စတင်တည်​ထောင်ဖွင့်​လှစ်ခဲ့​ပါတယ်။
သာသနာပြုလုပ်ငန်း ​ ​တွေအပြင် ပညာ​ရေး​၊​ လူမှု​ရေး​လုပ်ငန်း​တွေကို ​ဆောင်ရွက်​ပေး​နေတဲ့​ သက်​တော် ၇၅ နှစ် ရှိပြီဖြစ်တဲ့​ ဆရာ​တော်ကြီး​ဟာ ၁၉၈၈ ခုနှစ် ၈ ​လေး​လုံး​ ဒီမိုက​ရေစီအ​ရေး​အခင်း​ ကာလတုန်း​က “ရာ​ဇောဝါဒသုတ္တန်” ကို ​ဟောကြား​ခဲ့​ပြီး​ အစိုး​ရအပါအဝင် တိုင်း​ပြည်အုပ်ချုပ်သူ​တွေအ​နေနဲ့​ ဗုဒ္ဓဘုရား​ရှင်ရဲ့​ အဆုံး​အမ တရား​တော်အတိုင်း​ လိုက်နာကျင့်​ကြံကြဖို့​ လိုအပ်ပုံကို ​ဟော​ပြောဆုံး​မခဲ့​ဖူး​ပါတယ်။ 
ဓာတ်ပုံများကိုတော့ ဇင်ယော်မောင်မောင် ဖေ့စ်ဘုတ်မှ ကူးယူဖော်ပြသည်။

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၁၈-၆-၂၀၁၁

16 June 2011

ပထမနေ့ အခမ်းအနား


၁၃၇၃-ခုနှစ် နယုန်လပြည့်နေ့မှ လပြည့်ကျော် (၄) ရက်နေ့အထိ ကျင်းပသော
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနား၏ ပထမနေ့ အစီအစဉ်
  (၁၆-၆-၂၀၁၁)




     

ရှေးဦးစွာ ပင့်လျှောက်ထားသော ဆရာတော်ကြီးများကို ကြိဆိုရေး အဖွဲ့က ကျောင်းဆောင်ရှေ့မှ ကျောင်းပေါ်သို့ ရောက်အောင် ပင့်ဆောင် ကြိုဆိုလာကြပါသည်။

ကြွရောက်လာသော ဆရာတော်ကြီးများနှင့် ပင့်သံဃာများ ကို သီတဂူ ဦးသန်းလွင်+ဒေါ်ခင်ခင်သိန်း မိသားစု တို့ကအာရုံ မုန့်ဟင်းခါး၊ ကော်ဖီနှင့် အချိုပွဲ မုန့်များနှင့် ပြည့်စုံအောင် လှူဒါန်းဆက်ကပ်ပါသည်။ ဆွမ်းဘုန်းပေးပြီးသော အခါ ကြွရောက်လာသော သံဃာတော်များက ဘုရားနေကဇာတင်ပူဇော်ကြပါသည်။                          
        ထို့နောက် သိမ်သမုတ်ရာနေရာ နိမိတ်ကြားရန်အတွက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ဒေါက်တာ ဘွဲ့ရ သံဃာတော်များ နေရာယူကြပြီး ဆရာတော်ကြီးများနှင့် သီတဂူ ဆရာတော်တို့မှ သိမ်သမုတ်ကြပါသည်။
 ထို့နောက်         သီတဂူ အရှင်ဒေ၀ိန္ဒာလင်္ကာရာဘိဝံသ က သိမ်သြဘာစာတမ်းကို ဖတ်ကြားလျှောက်ထား ပါသည်။
ကြွရောက်လာသော ဆရာတော်သံဃာတော်များအား  ဒေါ်ရွှေဥ (ရာစုသစ်ရွှေဥ ရွှေဆိုင်) မိသားစုမှ သင်္ကန်းတစ်စုံစီနှင့် န၀ကမ္မ ၀ထ္ထုငွေ ကျပ်တစ်သိန်းစီနှင့် လှူရန်များကို ကပ်လှူလှူဒါန်းပြီးနောက်
 ပထမနေ့ အခမ်းအနားကြီးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြပါသည်။ 
မပန်းစပယ် ပေးပို့သည်၊ အထူးကျေးဇူးတင်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၆-၆-၂၀၁၁

ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနား



၁၃၇၃-ခုနှစ် နယုန်လပြည့်နေ့မှ လပြည့်ကျော် (၄) ရက်နေ့အထိ ကျင်းပသော
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနား၏ ပထမနေ့ အစီအစဉ်
        (၁၆-၆-၂၀၁၁)
     ၁။     ကြွရောက်လာသော ဆရာတော်ကြီးများကို ကြိုဆိုရေးအဖွဲ့က ကျောင်းဆောင်ရှေ့မှ ကျောင်းပေါ်သို့ ရောက်အောင် ပင့်ဆောင်ကြိုဆိုပေးရန်။
             (ဦးဆောင်ကြိုဆိုရေးအဖွဲ့။ ၁၊ ဦးကုမာရ၊  ၂-ဦးသုစိတ္တ၊ ၃-ဦးခေမာစာရ၊ ၄-ဦးကဉ္စန၊ ၅-ဦးဥက္ကံသ)
     ၂။     ကျောင်းပေါ်သို့ ရောက်ရှိလာသော သံဃာတော်များကို အာရုံဆွမ်း ဆက်ကပ်ရန်။
             (ဦးဝေဠုရိယ၊ ဦးသဇ္ဇန တို့မှ နေရာထိုင်ခင်း စီစဉ်ပေးရန် နှင့် ဦးသာသန၊ ဦးသုန္ဒရ၊ ဦးခေမာစာရ၊ ဦးနန္ဒာစာရတို့က ဆွမ်းပြင်ရာ၌ ကူညီရန်။)
     ၃။     အာရုံဆွမ်းဘုဉ်းပေးပြီးသောအခါ ကြွရောက်လာသောသံဃာတော်များက ဘုရားအနေကဇာတင်ရန်။
     ၄။     သိမ်သမုတ်ရန်။
             နိမိတ်ကြားရန်အတွက် (၈) ပါးတာဝန်ယူရန်။ ၁-ဦးဝေဠုရိယ၊ ၂- ဦးသာသန၊ ၃- ဦးသဇ္ဇန၊ ၄။ ဦးကုမာရ၊ ၅-ဦးအဂ္ဂဓမ္မ၊ ၆- ဦးပညာသီဟ၊ ၇-ဦးဥက္ကံသ၊ ၈-ဦးနန္ဒာစာရ
     ၅။     သိမ် သြဘာစာကို အရှင်ဒေ၀ိန္ဒာလင်္ကာရာဘိဝံသက ဖတ်ကြားလျှောက်ထားရန်။
     ၆။     လှူဒါန်းဖွယ်တို့ကို ဆက်ကပ်လှူဒါန်းရန်။
             လှူဖွယ်ဝတ္ထုများ နေရာချထားရေးနှင့် အစီစဉ်တကျလှူဒါန်းနိုင်ရေးအတွက် ဦးကိတ္တိနှင့် ဦးသာသန တို့က တာဝန်ယူ ဆောင်ရွက်ပေးရန်။
             မဟနဥက္ကဋ္ဌဆရာတော်ကြီး တစ်ပါးတည်းကိုသာ ဆက်ကပ်၍ ကျန်သည့် ၄၆ ပါး အတွက် လှူဖွယ်များကို တပေါင်းတည်းပြု၍ လှူဒါန်းရန်။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း၊ ရန်ကုန်၊ မန္တလေး) ပင်သံဃာ ၂၈-ပါးအတွက် သီးသန့်သိမ်းဆည်းထားရန်။
     ၇။     သံဃာတော်များကို နေ့ဆွမ်းကပ်ရန်။
             သာသနာပိုင်ဆရာတော်ကြီးများနှင့် တိုင်းဥက္ကဋ္ဌဆရာတော်များကို သီတဂူဗိမာန် ပထမထပ်တွင် ဆွမ်းကပ်ရန်။ ဆရာတော်ကြီးများကို လေဆိပ်ပို့ရန် Land Cruiser and Land Rover ကို ဆရာတော်က သုံးခွင့်ပြုထားသည်။ ဒရိုင်ဘာ - သီတဂူ ဦးရွှေနီ နှင့် သီတဂူ ဦးငြိမ်း။     
             ဆရာတော်ကြီးများ လေဆိပ်ပို့သည့်အခါ သီတဂူဦးဇင်းများက လိုက်လံကူညီရန်။

၁၃၇၃-ခုနှစ် နယုန်လပြည့်နေ့မှ လပြည့်ကျော် (၄) ရက်နေ့အထိ ကျင်းပသော
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနား၏ ဒုတိယနေ့ အစီအစဉ်
(၁၇-၆-၂၀၁၁)
     ၁။     သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းဆောင်၏ မုခ်ဦးမီးရောင်စုံဆိုင်းဘုတ်ကို သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးမြင့်မောင်က စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးရန်။
     ၂။     သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ဆိုင်းဘုတ်တွင် ချိတ်ဆွဲထားသော စိန်ကန့်လန့်ကာကို ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ နှင့် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်တို့က ဖဲကြိုးဖြတ်၍ ရောင်ခြောက်သွယ် လေပူဖောင်းများကို လွှင့်တင်ပေးရန်။
     ၃။     လေပူဖောင်းများလွင့်တက်သွားသည့်နှင့်တပြိုင်နက် သီတဂူဂီတဉ္ဇလီအဖွဲ့က မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံ တိုက်သစ်၊ မင်္ဂလဗိမာန်ဆရာတော် ရေးသားပူဇော်အပ်သော မင်္ဂလာ (၈၀) ပေါ် တေးထပ်ကို သီကျူးပူဇော်ပေးရန်။
     ၄။     နိုင်ငံတော်သမ္မတကြီးနှင့် ၀န်ကြီးများ၊ အဖွဲ့ဝင်များက ကျောင်းဆောင်ကြီး၏ ဒုတိယထပ် ဘွဲ့နှင်းသဘင် ခန်းမဆောင်တွင် တက်ရောက် နေရာယူပေးကြရန်။
     ၅။     ဘွဲ့နှင်းသဘင် ခန်းမဆောင်အတွင်းရှိ မြတ်စွာဘုရားကျောင်းတော်၏ ရွှေကန့်လန့်ကာကို နိုင်ငံတော် ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးက စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပါရန်။
     ၆။     သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပါမောက္ခများ၊ ကထိကများ စသည့် သံဃာတော်များက ဇယော ဟိ ဗုဒ္ဓဿ အစချီသည့် ဇယမင်္ဂလာဆုတောင်းဂါထာများကို ရွတ်ဆိုပူဇော်ရန်။
     ၇။     နိုင်ငံတော်သမ္မတကြီးနှင့် ကြွရောက်လာသော ဧည့်ပရိသတ်အားလုံးတို့က ရတနာသုံးပါးအား သြကာသ ကန်တော့ချိုးဖြင့် ကန်တော့၍ ငါးပါးသီလ ခံယူဆောက်တည်ရန်။
     ၈။     နိုင်ငံတော်သမ္မတကြီးနှင့် ၀န်ကြီးများက လှူဖွယ်ဝတ္ထုတို့ကို ဆက်ကပ်လှူဒါန်းရန်။
     ၉။     သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်က သီတဂူသန္ဒေသကထာ အနုမောဒနာ စကား မိန့်ကြားရန်။
   ၁၀။     နိုင်ငံတော်သမ္မတကြီး၏ ကိုယ်စား သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးမြင့်မောင်က ၀မ်းမြောက်ကြောင်းစကား လျှောက်ထားရန်။
   ၁၁။     မြန်မာရှေးဟောင်းအနုပညာရှင် တမ္ဗ၀တီ ဦးဝင်းမောင်က ဘွဲ့နှင်းသဘင် ခန်းမဆောင်အတွင်းရှိ ပန်းချီ၊ ပန်းပု အနုပညာများအကြောင်းကို ရှင်းလင်းတင်ပြ လျှောက်ထားရန်။      
   ၁၂။     မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ မင်္ဂလဗိမာန်ဆရာတော် ရေးသားပူဇော်အပ်သော ထုတိမင်္ဂလာ ဂါထာများကို အရှင်ပညာနန္ဒ (သီတဂူကြယ်တပွင့်) က ရွတ်ဖတ်ပူဇော်ရန်။
   ၁၃။     သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်က ရေစက်ချအနုမောဒနာချီမြှင့်၍ အမျှအတမ်း ပေးဝေရန်။
   ၁၄။     သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်က လက်ဆောင်ပစ္စည်းများ ပေးရန်။
   ၁၅။     အခမ်းအနား ပြီးဆုံးပြီဖြစ်ပါ၍ ကြွရောက်လာသော ဧည့်ပရိသတ်အားလုံးတို့ နေ့လည်စာ သုံး ဆောင်ရန် နှင့် ဒေါ်ရီရီသန့် အမှူးပြုသော သီတဂူဂီတဉ္ဇလီအဖွဲ့က ဓမ္မဂီတဖြင့် ဧည့်ခံဖျော်ဖြေရန်။

၁၃၇၃-ခုနှစ် နယုန်လပြည့်နေ့မှ လပြည့်ကျော် (၄) ရက်နေ့အထိ ကျင်းပသော
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနား၏ တတိယနေ့ အစီအစဉ်
(၁၈-၆-၂၀၁၁)
     ၁။     သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ ဘွဲ့နှင်သဘင်ခန်းမဆောင်ထဲသို့ ကြွရောက်လာကြသော အသင်းအဖွဲ့ ဆိုင်ရာ ဧည့်ပရိသတ်တို့ကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်က တွေ့ဆုံနှုတ်ဆက်ပြီး လက်ဆောင် ပစ္စည်းများ ပေးရန်။
     ၂။     စုံညီကြသောအခါ ဧည့်ပရိသတ်အပေါင်းတို့က  သြကာသကန်တော့ချိုးဖြင့် ကန်တော့၍ ငါးပါးသီလ ခံယူဆောက်တည်ကြရန်။
     ၃။     သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်က သီတဂူသန္ဒေသကထာ အနုမောဒနာ စကား မိန့်ကြားရန်။
     ၄။     အဖွဲ့အစည်းအားလုံးတို့၏ ကိုယ်စား စာရေးဆရာကြီး မင်းယုဝေက ၀မ်းမြောက်ကျေးဇူးတင်စကား ပြောကြားရန်။
     ၅။     သီတဂူအဓိဋ္ဌာန်ဖြင့် အခန်းအနားကို ရုပ်သိမ်းရန်။
     ၆။     အခမ်းအနား ပြီးဆုံးပြီ ဖြစ်ပါ၍ ကြွရောက်လာသော ဧည့်ပရိသတ်အားလုံးတို့ နေ့လည်စာ သုံး ဆောင်ရန်။
     ၇။     နေ့လည်စာသုံးဆောင်ပြီးပါက အသင်းအဖွဲ့များမှ အလှူရှင်များက ပြန်လည်နေရာယူပြီး သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်က ဂုဏ်ပြုလွှာ ပေးအပ်ရန်။



၁၃၇၃-ခုနှစ် နယုန်လပြည့်နေ့မှ လပြည့်ကျော် (၄) ရက်နေ့အထိ ကျင်းပသော
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနား၏ စတုတ္ထနေ့ အစီအစဉ်
(၁၉-၆-၂၀၁၁)
     ၁။     သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ကျောင်းအလှူရှင်များအားလုံးကို နံနက် (၉) နာရီမှ (၁၁) နာရီ အထိ ဧည့်ခံကျွေးမွေးရန်။
     ၂။     နံနက် (၁၁) နာရီမှ (၁၂) နာရီအတွင်း ကျောင်းအလှူရှင်များအားလုံး မော်ကွန်းလွှာ လက်ခံယူမည့် အစီအစဉ်အတိုင်း ဘွဲ့နှင်းသဘင်ခန်းမဆောင်အတွင်း၌ နေရာယူပေးကြပါရန်။
     ၃။     မော်ကွန်းလွှာ ပေးအပ်ပွဲ အခန်းအနားကို နမော တဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ရန်။
     ၄။     သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်က သီတဂူသန္ဒေသကထာ အနုမောဒနာ စကား မိန့်ကြား၍ ရေစက်ချ အမျှဝေရန်။
     ၅။     သီတဂူဂီတဉ္ဇလီအဖွဲ့က ဓမ္မပူဇာဖြင့် ဆက်လက် ဧည့်ခံဖျော်ဖြေရန်။

မှတ်ချက်=      သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုဗိမာန် ကျောင်းဆောင်အလှူရှင်များက လက်ယာ ဘက်ခြမ်းတွင် လည်းကောင်း၊ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်သုံးထပ်ကျောင်းဆောင် အလှူရှင်များ က လက်ဝဲဘက်ခြမ်းတွင်လည်းကောင်း အသီးသီး နေရာယူပေးရန်ဖြစ်ပါသည်။
----------------------



၁၃၇၃-ခုနှစ် နယုန်လပြည့်နေ့မှ လပြည့်ကျော် (၄) ရက်နေ့အထိ ကျင်းပသော
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
၂၀၁၁-၂၀၁၂ ပညာသင်နှစ်၊ ကျောင်းဖွင့်ပွဲ၊ ဒီပလိုမာအောင်လက်မှတ်ပေးအပ်ပွဲနှင့်
ကျောင်းသားသစ်များအား လက်ခံကြိုဆိုပွဲ
ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနား၏ ပဉ္စမနေ့ အစီအစဉ်
(၂၀-၆-၂၀၁၁)

၁။       နမော တဿ မဟာပဏာမ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ရန်။
၂။       သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၊ ပညာရေးတာဝန်ခံမှ (၂၀၁၁-၂၀၁၂) ပညာသင်နှစ်တွင် ကျောင်းဝင်ခွင့်ရသော ကျောင်းသားများစာရင်းချုပ်ကို ရှင်းလင်း လျောက်ထားရန်၊
၃။       သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ပါမောက္ခချုပ်ဆရာတော်မှ ကျောင်းသားသစ်များအား ကြိုဆို နှုတ်ခွန်းဆက် စကား မြွတ်ကြားရန်။
၎။       သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ပါမောက္ခချုပ်ဆရာတော်မှ (၂၀၁၀-၂၀၁၁) ပညာသင်နှစ်တွင်  Diploma in Buddha-Dhamma-တန်း အောင်မြင်ကြသော ကျောင်းသား ကျောင်းသူ များအား ဒီပလိုမာ အောင်လက်မှတ်များ ချီးမြင့်ရန်။
၅။       သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ မော်ကွန်းထိန်းဆရာတော်က (၂၀၁၁-၂၀၁၂) ပညာသင် နှစ်တွင် တက်ရောက် ပညာသင်ယူကြမည့် ကျောင်းသားများအား ကျောင်းသားကဒ်များ ပေးအပ်ရန်။
၆။       ရန်ကုန်တိုင်းဒေသကြီး ရွှေကျင်/သုဓမ္မာ သံဃနာယကဆရာတော်ဘုရားကြီးများထံမှ သြ၀ါဒကထာ နာကြားရန်။
၇။       သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ မော်ကွန်းထိန်းဆရာတော်ထံမှ သြ၀ါဒကထာ နာကြားရန်။
၈။       သာသနာတော်ထွန်းကားပြန့်ပွါးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခိုင်အောင်မှ သာသနာရေး ဆိုင်ရာ ၀မ်းမြောက်ကြောင်းစကား လျှောက်ထားရန်
၉။       ဆရာတော်ကြီးများအား လှူဘွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းရန်။
၁၀။     ဒီပလိုမာတန်းတွင် သုံးနှစ်ဆက်တိုက်ပထမဆုရရှိခဲ့သော အရှင်ဇောတိပါလာလင်္ကာရအား ရွှေတံဆိပ်ဆုကို သီတဂူဆရာတော်ဘုရားမှ ချီးမြှင့်တော်မူရန်။
၁၁။     သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အဓိပတိ သီတဂူဆရာတော်ဘုရားကြီးထံမှ နိဂုံးချုပ် သြ၀ါဒကထာ နာယူရန်။
၁၂။     သီတဂူအဓိဋ္ဌာန်ဖြင့် အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းရန်
မှတ်ချက်။     ။ စာသင်သားသံဃာတော်များအား လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းရန်။
သတင်းများ ပို့ပေးသော သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ဒေါက်တာ ကုမာရ အား အထူးကျေးဇူးတင်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
16-6-2011

10 June 2011

ဒွန်ဘီဗာလီ


စာရေးသူ ဘုံဘေရောက်နေသည်မှာ ယခု ၅-၆-၂၀၁၁ နေ့ဆို ၂ လပြည့်မည်။ ဘယ်ကိုမှလဲ မသွားဖြစ်၊ ခရီးလဲသွားချင်သည်၊ မရောက်သေးတဲ့ နေရာတွေ ရောက်ချင်သည် လေ့လာချင်သည်၊ သို့သော် အဲလို ခရီးထွက်လိုက်ရင် ကိုယ်လုပ်နေကျ အလုပ်တွေ ပျက်သွားသည်၊ မိမိစိတ်ကို စုစည်းလို့ မရဖြစ်ပြီး သမာဓိပျက်သွားသည်၊ အာရုံတွေ ထွေလာသဖြင့် ကိုယ်ရေးနေသည့် ကျမ်းစာမှာ အာရုံမစူးစိုက်နိုင်ဘဲ ရှိသည်။
မနေ့ညက စာရေးသူကို မွေးဖွားပေခဲ့သော တောင်မြို့မဟာဂန္ဓာရုံကျောင်းတိုက်မှ အရှင်မြတ်တစ်ပါးက မေးသည်၊ အရှင်ဘုရား မြန်မာပြည်မှာနေတုန်းကလို စာတွေ သိပ်မရေးတော့ဘူးနော်တဲ့။ ဟုတ်ပါသည်။ ဘုံဘေရောက်ကထဲက ပို့စ်ရေးဖို့ စိတ်အားမထက်သန်ခဲ့၊ အကြောင်းကတော့ စာရေးသူသည် အိန္ဒိယကို ကြာကြာ မနေချင်၊ မိမိကျမ်းစာ မြန်မြန်ပြီး မြန်မြန် ပြန်ချင်သည်။ ကျမ်းစာကိုပဲ အားစိုက်နေရသဖြင့် တဖက်က စာအရေးပျက်ခဲ့ရသည်။ ကျမ်းစာကို အားစိုက်ရေးနေတဲ့အချိန်မှာ အပြင်ထွက်ဘို့ အကြောင်းလေးတွေကလဲ တခါတရံ ဖန်လာတတ်သည်။ ဒီနေ့လဲ မနက် ၉ နာရီကထဲက ထွက်သွားတာ အဆောင်ကို ညနေ ၄ နာရီလောက်မှ ရောက်သည်၊ အရမ်းပင်ပန်းသွားသည်။ ထိုနေ့တစ်နေလုံး စာအရေးပျက်သွားသည်။ တာဝန်ပျက်ကွက်သည်ဟု ခံစားမိသည်။
စဉ်းစားမိ၍ သနားခြင်း
ဘုံဘေမြို့အပြင်ဘက် ၂ နာရီနီးပါး ကားစီးပြီး ရောက်ရသည့် ဒွန်ဘီဗာလီ  (Dombivali) ဆိုသည့် မြို့ကလေးသို့ ရောက်ဖြစ်သည်။ မြန်မာပြည်အနေအထားအရဆို တောမြို့ကလေးဖြစ်သည်။ မထင်မရှား တောမြို့ကလေးဆိုပေမဲ့ လမ်းပန်းဆက်သွယ်ရေး အလွန်ကောင်းမွန်ပြီး လျှပ်စစ်မီး အလျှံအပယ် သုံးနိုင်သည့် မြို့ကလေးဖြစ်သည်။ လမ်းတလျှောက် ကားစီးသွားရင်း စဉ်းစားမိသည်၊ အိန္ဒိယပြည်ကြီး အရမ်းကျယ်ဝန်းနေပေမဲ့ အိန္ဒိယအစိုးရက လမ်းတွေကောင်းအောင်၊ ဆက်သွယ်ရေးတွေကောင်းအောင် စီမံပေးနေသည်မှာ ချီးကျူးစရာပင်ဖြစ်သည်။ လူဦးရေ အလွန်ထူထပ်ပေမဲ့ လုံလောက်သော ကား ရထားများကို ပြည်တွင်းထုတ်၍ စီမံပေးထားသည်။ ကားကောင်း ဆိုင်ကယ်ကောင်းတွေ ဈေးနှုံးသက်သာသဖြင့် လူအများစု စီးနိုင်သည်၊ အိန္ဒိယမှာရှိသည့် ကားဈေးနှုံး ဆိုင်ကယ်ဈေနှုံးမျိုး ဆိုလျှင် စာရေးသူတို့နိုင်ငံက ပြည်သူတွေ အများစု စီးနိုင်မည်ထင်သည်။ လူဦးရေ များလွန်းပြီး ဘ၀အနိမ့်အမြင့် အရမ်းကွာလွန်းသည့် နိုင်ငံဖြစ်ပေမဲ့ အနိမ့်ဆုံးလူစားသည်ပင် ဟန်းဖုန်းကိုင်နိုင်သည်ကို အံ့သြစရာ၊ စာရေးသူတို့ အဆောင်မှာ သန့်ရှင်းရေးလုပ်နေသော အဖွားအိုတစ်ယောက် ကိုယ်ပိုင် ဟန်းဖုန်းဖြင့် သား သမီးများထံ ဆက်သွယ်ပြောနေသည်ကို ကြည့်ပြီး ကိုယ့်အမျိုးတွေကို သတိရပြီး သနားမိသည်။ ရူပီး ၁၅၀ (မြန်မာကျပ်ငွေ) ၂၀၀၀၀ (နှစ်သောင်း) ကျော်ရှိရင် ဟန်းဖုန်းကိုင်နိုင်သည်၊ ထိုဖုန်းသည် စာရေးသူတို့ နိုင်ငံ ဆယ်ဆမက ကျယ်ဝန်းနေပေမဲ့ တနိုင်ငံလုံးဆက်သွယ်နိုင်သည်။ ပြည်တွင်းပြည်ပ ပြောနိုင်သည်၊ ခက်ခက်ခဲခဲ ကျပ်ငွေ ငါးသိန်းကျော်ပေးပြီး နေရာကွက်ကြားသာ ပြောလို့ရသည်မဟုတ်။ လမ်းဘေး အသီးအနှံချရောင်းသည့် လူတန်းစားများ၊ အိမ်သာကျင်း မြေတူး မြေသယ် နေရသည့် လူတန်းစားများသည်ပင်  ဟန်းဖုန်းကိုင်နေသည်ကို စာရေးသူတို့ အမျိုးတွေအတွက်တော့ မနာလိုစရာပင်။ ပြည်တွင်းပြည်ပ ဆက်နိုင်သည်ဆိုရာမှာ-- အိန္ဒိယကနေ တခြားနိုင်ငံတွေကို ခေါ်လျှင် တစ်မီးနစ် ၆ ရူပီး၊ ၄ ရူးပီး ကုန်ကျပေမဲ့ မြန်မာပြည်ကို ခေါ်လျှင်တော့ ၁၅ ရူပီး (မြန်မာကျပ်-၃၅၀ ၀န်းကျင်) ကုန်ကျသည်။ မြန်မာပြည်သားတွေအတွက်တော့ အရှုံးတွေများနေရသည်။ တခါတရံ ခေါ်ရင်း ဘယ်ဘက်က ဖုန်းလိုင်းမကောင်းလို့ရယ်မသိ စကားတောင် မပြောလိုက်ရဘူး ၁၅ ရူပီးနုတ်သွားသည်၊ ကိုယ့်ရပ်ကိုယ့်ပြည်ကို ဖုန်းဆက်ရမှာ ကြောက်သွားသည်။
၂၀၀၈ ခုနှစ် အိန္ဒိယရောက်၊ ပူနေးမြို့ ပူနေးတက္ကသိုလ် ဒဿနိကဌာနမှာ M.A (အမ်အေ)တန်း စတက်ချိန်က တယ်လီဖုန်းတစ်လုံးနဲ့ မော်ကြွားမော်ကြွားနဲ့ စာရေးသူ ကိုယ့်အဖြစ်ကို ကိုယ်တွေးမိပြီး ရှက်မိခဲ့သည်၊ ကိုယ့်နေရာမှာ အပြန်စား အကောင်းစားနေလာခဲ့ရသည့် စာရေးသူမှာ ဒီရောက်မှ တယ်လီဖုန်းကိုင်နိုင်သည့်အဖြစ်။ သူတောင်းစားတောင် ကိုင်နိုင်နေသည့်ခေတ်မှာ ကိုယ်က အခုမှ ကိုယ်ပိုင်ကိုင်ရသည့်အဖြစ်ကို တွေးပြီး ရှက်မိသည်။ သူငယ်ချင်းတစ်ယောက်လည်းဖြစ် စာရေးသူ၏ ကျေးဇူးရှင်လဲဖြစ်တဲ့ အရှင်ဒေ၀ိန္ဒာဘိဝံသက (ဓမ္မကထိက) အိန္ဒိယရောက်လာစဉ် စာရေးသူထံ ဖုန်းဆက်သည်၊ စာရေးသူလည်း အိန္ဒိယရောက်ခါစ ဆိုတော့ ဖုန်းမ၀ယ်ဖြစ်သေး။ သူငယ်ချင်းဖုန်းကနေ တဆင့် စာရေးသူနဲ့ ပြောချင်သည်ဆိုသဖြင့် စကားတွေ ပြောဖြစ်သည်။ စကားများစွာထဲက သူပြောလိုက်သည့်စကားတစ်ခွန်းမှာ-- ‘‘ဦးကောရေ-- တယ်လီဖုန်း မ၀ယ်သေးဘူးလား၊ ၀ယ်ဖြစ်အောင်ဝယ်ပါ၊ ဒီမှာ သူတောင်းစားတောင် ကိုင်နေတာဆိုတော့ ၀ယ်ဖြစ်အောင်ကို ၀ယ်လိုက်ပါ’’ဟူ၍ အားပေးရှာသည်။
ဖုန်းဆက်နေတဲ့ လမ်းဘေးကဈေးသည် 
ဝမ်းသာမိခြင်း
စဉ်းစားရင်းနဲ့ ဒွန်ဘီဗာလီမြို့သို့ ရောက်လာပါပြီ။ ဟိုရောက်တော့ သူဌေးရပ်ကွက်ဖြစ်နေသည်၊ ကိုယ့်ဗုဒ္ဓဘာသာဝင်တွေ ဒီလိုချမ်းသာ ကြွယ်ဝနေတာကိုတော့ တွေ့ရတော့ ၀မ်းသာမိသည်။ အိန္ဒိယနိုင်ငံ၏ ဇာတ်စနစ် (cast system) အရ လူတန်းစားခွဲခြားသည့် ၀ါဒသည် အခုချိန်ထိ ပြင်းထန်နေဆဲဖြစ်သည်။ မြိုကြီးပြကြီးတွေမှာတော့ သိပ်မရှိပေမဲ့ စီးပွားရေး ပညာရေး မထွန်းကားသည့် မြို့နယ် ခရိုင်မြို့တွေမှာတော့ ပြင်းထန်နေဆဲပင်ဖြစ်သည်။ ဇာတ်နိမ့်ဟု ယူဆထားသော လူတန်းစားတို့သည် အနှိမ်ခံဘ၀ဖြင့် အသက်ရှင်နေကြရသည်၊ (ထိုအကြောင်းရာနှင့်ပတ်သက်ပြီး ဒေါက်တာအမ်ဘေဒကာနှင့် ဇာတ်စနစ် ပို့စ်အမည်ဖြင့် လွန်ခဲ့သော တစ်နှစ်ကျော်လောက်က တင်ပြပြီးဖြစ်သည်။) ဒေါက်တာအမ်ဘေဒကာ ဦးဆောင်၍ ဇာတ်နိမ့်ဟု အနှိမ်ခံလူတန်းစားများသည် လူတန်းစာမခွဲခြားဘဲ တန်းတူအခွင့်ရေးပေးသည့် ဗုဒ္ဓဘာသာဘက်သို့ များစွာ ပြောင်းလာကြသည်။ အများစုက ဆင်းရဲကြသည်၊ နောက်ပိုင်း ချမ်းသာကြွယ်ဝသူများ တိုးပွားလာသည်ကို တွေ့ရသည့်အပြင် နိုင်ငံတော်ကို ဦးဆောင်သည့် လူကြီးပိုင်း ပညာရေးပိုင်းများတွင် ဗုဒ္ဓဘာသာဝင် လူတန်းစားများ နေရာယူလာကြသည်မှာလဲ ၀မ်းသာစရာ ဖြစ်သည်။
အခုလည်း ၂၅ နှစ်ပြည့် လက်ထပ်မင်္ဂလာနှစ်ပတ်လည်ပွဲ ကျင်းပသည့် ဗုဒ္ဓဘာသာ မိသားစုများသည်လည်း ချမ်းသာကြွယ်ဝသည်၊ ပညာတတ်သည်။ ဟိန္ဒူဘာသာ အားကောင်းသည့် အသိုင်းအ၀ိုင်းကြားမှ တိုးထွက်လာနိုင်ခဲ့ကြသည့် ဗုဒ္ဓဘာသာ မိသားစုများဖြစ်သည်။ ထိုမိသားစုကို စာရေးသူ ပူနေးကျောင်းတက်စဉ်က အသိကျွမ်းဖြစ်ခဲ့ အေရဘမ် ဆိုသည့် အိန္ဒိယ ဗုဒ္ဓဘာသာတစ်ယောက်က မိတ်ဆက်ပေးသည်။ သူကိုယ်တိုင်ပဲ ဖုန်းဆက်ပြီး ပင့်သည်၊ ၃ ပါးလောက်ပင့်ချင်ဟု ဆိုသော်လဲ အိန္ဒိယ function တွေကို ကောင်းကောင်း အတွေ့ကြုံရထားပြီးဖြစ်သည့်အတွက် ကျန်ကျောင်းသား ရဟန်းများကို ပင့်ဖို့ အားနာနေသည်၊ ထို့ကြောင့် စာရေးသူနဲ့အတူနေ အားမနာရသည့် သူငယ်ချင်းတစ်ပါးကိုပဲ ပင့်ခဲ့သည်။ နောက်တစ်ပါးမပင့်ခဲ့လို့ တော်သေးသည်၊ လာပင့်လာသူက ပုဇွန်လုံးလောက်ရှိ ကားသေးသေးဖြင့် လာသည်၊ အထဲမှာလဲ ကုလားမနှစ်ယောက် ရှိနေသည်။ ထိုင်ဘို့ အတော်ခက်ခဲသည်၊ စာရေးသူတို့နှစ်ပါးတောင်မှာ  ထိုကုလားမနှစ်ယောက်နှင့် ကျပ်တည်းစွာ နောက်အခန်းကနေ ထိုင်ခဲ့ရသည်။ သုံးပါးဆို မလွယ်။ ကားစီးရင်း ရယ်မိသည်။ စာရေးသူလဲ လိုက်ပါလာသော ကုလားမနှစ်ယောက်ကို အကဲခတ်မိသည်၊ အတော်မည်းတာပဲ၊ အသားအရေပြောတာပါ။ သူတို့လက်နှင့် ကိုယ့်လက် ယှဉ်ကြည့်တော့ ကိုယ့်လက်က အတော်ဖြူနေတာပဲ၊ ငါ တော်တော် အသားဖြူလာတာပဲ လို့ တွေးပြီး ဘ၀င် လေဟပ်နေသည်၊ သူငယ်ချင်းနှင့်ယှဉ်လိုက်မှ အမည်းဟာ အမည်းပါပဲလားလို့ တွေးပြီး ရယ်မိသည်။
အစီအစဉ်များ
၂၅ နှစ်ပြည့် လက်ထပ်မင်္ဂလာ နှစ်ပတ်လည် အခန်းအနား စပါပြီ။ အခန်းအနား မစမီ ရောက်ရောက်ခြင်း နံက်စာအတွက် အိန္ဒိယ အစားအစာများဖြင့် ကပ်သည်၊ ၁၁-၃၀ နာရီ ရောက်နေသဖြင့် တဆက်တည်း နေ့လည်စာ တမျိုးလာချပြန်သည်။ အိန္ဒိယအစားအစာ လုံးဝမကြိုက်သော စာရေးသူတော့ ဒုက္ခရောက်ပြီ၊ သူတို့ကျေနပ်အောင် တို့ကာ ဆိတ်ကာ အနဲငယ်မျှစားပြီး ပြည့်စုံပြီးဖြစ်ကြောင်းပြောကာ နေမြဲ ထိုင်ခုံမှာ ပြန်ထိုင်လိုက်သည်။ ၁၂ နာရီကျော်လောက်မှာ အခမ်းအနား စသည်။ ရှေးဦးစွာ ပရိသတ်များက ဘုရား တရား သံဃာ အား အရိုအသေပေးသည်၊ ပြီးမှ ၅ ပါးသီလဆောက်တည်သည်၊ သီလဆောက်တည်ရာဝယ် မြန်မာပြည်မှာကဲ့သို့ ရဟန်းတော်များထံ တည်ဆောက်သည်မဟုတ်၊ ဘုရားရှေ့မှာ ကိုယ့်ဘာသာ ဆောက်တည်သည့် Self-observing နည်းစနစ်ပင် ဖြစ်သည်။ မြန်မာပြည် တချို့နေရာဒေသမှာကဲ့သို့ ပန်းဒကာ သို့မဟုတ် ဘာသာရေးပွဲတွင် ရှေ့က ဦးဆောင်သူဟု ဆိုသူက ရှေ့ကနေ အခမ်းအနားတစ်ခုလုံး ဦးဆောင်လုပ်သွားသည်။ ဘုရားရှိခိုးခြင်း၊ သီလယူခြင်း၊ ဒေါက်တာအမ်ဘေဒကာ အား ရှိခိုးခြင်းနှင့် ဘာသာရေးအဓိဌာန် ရွတ်ဆိုခြင်း များပြုလုပ်သည်၊ အဲဒီနောက်မှ ထိုပန်းဒကာက စာရေးသူတို့ ၂ ပါးအား ထိုဇနီးမောင်နှံအား ဆုတောင်းမေတ္တာပို့ (chanting and blessing) ပြုလုပ် မေတ္တာရပ်ခံသည်၊ ထိုအစီအစဉ်ပြီးတာနဲ့ ပန်းဒကာက ဘာသာရေးအကြောင်းပြောသည်ထင်သည်၊ မာရတီဘာသာဖြင့် ပြောနေသည်ဖြစ်၍ နားမလည်၊ မြန်မာပြည်မှာ ရဟန်းတော်များအခန်းအနေနဲ့ မင်္ဂလာတရားဟောခြင်းနေရာ ထိုပန်းဒကာက နေရာဝင်ယူဟန်တူသည်။
 စာရေးသူလည်း ထိုမင်္ဂလာအတွက် ဟောဖို့ ညကထဲက မင်္ဂလာအကြောင်း ပြောဖို့ အစီစဉ်ရှိသည်၊ စာရေးသူ သိထားတာက အိမ်တက်မင်္ဂလာ သွားခါနီး လာပင့်တဲ့ ကုလားလေး မေးကြည့်လိုက်တော့မှ ၂၅ နှစ်ပြည့် မင်္ဂလာအထိမ်းအမှတ်ပွဲတဲ့ လာပင့်တဲ့ ကုလားလေးက lecture အနဲငယ်ပေးရပါမယ်ဟု ပြောထားသည်။ သို့သော် ကားပေါ်ရောက်တော့မှ ဘာဟောရလျှင်ကောင်းမလဲ ဟု သူငယ်ချင်းကို အကြံတောင်းတော့ နကုလပိတာနှင့် နကုလမာတာတို့အကြောင်း ဟောပါလားတဲ့၊ အာ--ဟုတ်လိုက်တာ ဒါနဲ့ တက္ကသိုလ်ကနေ မြို့ပြင်မထွက်ခင်အထိ တစ်ယောက်တည်းစကား မပြောဘဲ ထိုဇာတ်ကြောင်း ဟောဖို့ အင်္ဂလိပ်လို စီကြည့်နေသည်၊ ၁၀ မိနစ်စာလောက် ပြောဖို့ အဆင်ပြေပြီဆိုမှ ဖြတ်သွားခဲ့တဲ့ လမ်းအကြောင်းတွေ ပြောဖြစ်။
ဘ၀ဆက်တိုင်း
မှန်ပါသည်။ ဘ၀ပေါင်း ၅၀၀ ဘုရားရှင်၏ အဖေ အမေ၊ ဘ၀ ၅၀၀ ဘုရားရှင်၏ ဦးလေး ဒေါ်လေး၊ ဘ၀ ၅၀၀ အဘိုးအဖွား စသည်အားဖြင့် ဘ၀ပေါင်း ၁၅၀၀ ဇနီးမောင်နှံအဖြစ် ဘ၀သံသရာမှာ ပျော်ရွှင်ခဲ့ကြပြီး စာရေးသူတို့ ဘုရားလက်ထက်မှာ အရိယာများ ဖြစ်သွားကြသည့် နကုလပိတာနှင့် နကုလမာတာ အကြောင်း ဟောဖို့ လမ်းတလျှောက် စဉ်းစားလာခဲ့ရသည်။ ဘ၀ဆက်တိုင်း ရေစက်ဆုံလိုသူများအတွက် မှတ်သားစရာလေး တစ်ခုဖြစ်သည်။
ငွေရတုမှ ရွှေရတု, စိန်ရတုယ ပတ္တမြားရတု စသည့် ရတုများစွာ ဇနီးမောင်နှံ ၂ ယောက်တို့သည် သက်ဆုံးတိုင် သို့မဟုတ် ဘ၀ဆက်တိုင်း သံသရာကို ပျော်ပျော်ကြီး ဖြတ်သန်းလိုပါလျှင် ထို ဇနီးမောင်နှံ ၂ ယောက်လုံးမှာ တူညီသော အရည်းအချင်း ၄ ရပ် ပြည့်စုံဖို့လိုသည်။ ထို ၄ ရပ်မှာ-
(၁) သမ သဒ္ဓါ-တူသော ခံယူချက် (ယုံကြည်ချက်)
(၂) သမ သီလာ-တူသော အကျင့် (အမူရာ)
(၃) သမ စာဂါ-တူသော စွန့်လွတ်မှု (ပေးကမ်းမှု)
(၄) သမ ပညာ-တူသော အသိဥာဏ် (အတွေးခေါ် ဗဟုသုတ) တို့ဖြစ်သည်။
ဤကား စာရေးသူ ထိုမင်္ဂလာပွဲအတွက် လမ်းပေါ်မှာ စဉ်းစားထားသော မင်္ဂလာတရား အကျဉ်းချုပ်ကလေးဖြစ်သည်။ သို့သော် ဟောခွင့်မသာလိုက်ရခြင်းက စာရေးသူနှင့် ထိုမိသားစု ထိုလေးချက် တခုခု မတူခဲ့လေရော့လားဟု တွေးမိလေတော့သည်။
ထိုဇနီးမောင်နှံလည်း အလွန်ကောင်းသည့် စာရေးသူ၏ တရားကောင်းတစ်ပုဒ် နာကြားခွင့် မရသဖြင့် Great Opportunity အခွင့်ကောင်းတစ်ခုကို လက်လွတ်ဆုံးရှုံးလိုက်ရသော ဇနီးမောင်နှံ ဖြစ်ရရှာတော့သည်။ အစီအစဉ်တွေပြီးတော့ ဇနီးမောင်နှံ ၂ ယောက် တစ်ယောက်တစ်လှည့် မိထားခေါ် အချိုမုန့်များဖြင့် ခွန့်ကျွေးကြသည်၊ လက်ခုပ်တီးကြသည်၊ နောက်တော့ တဦးတည်းသော သမီးအား ခွန့်ကျွေးသည်၊ ဇနီးဖြစ်သူက ကျန်နေသေးသော ဘ၀ကို ရှေ့ဆက် လက်တွဲပြီး လျှောက်လှမ်းမည်ဆိုတဲ့ အကြောင်း ဟာသနှောထည့်ကာ ပြောသည်၊ ပရိသတ် တ၀ါးဝါးနဲ့ အားပေးသည်၊ သမီးဖြစ်သူကလဲ ဖေဖေ မေမေတို့အကြောင်းနှင့် ဒီဖေဖေ မေမေတို့နှင့် ယခုလိုပဲ ပျော်ပျော်ကြီး နေချင်ကြောင်း တစ်သက်လုံး အဖေအမေကို လုပ်ကြွေးမည်ဟူသော အကြောင်းများကို ပြောပြသဖြင့် ပရိသတ် သဘောတွေ့သွားကြသည်။ အဲဒီနောက်တော့ အမကြီးဖြစ်သူက ဆုံးမစကားပြောသည်၊ အစီအစဉ် အားလုံးပြီးတော့ စာရေးသူတို့အလှည့်ရောက်လာပြန်သည်၊ ထိုမိသားစုနှင့် အမျိုးများကို ပရိတ်ချည်များကို သူတို့၏ လက်မှာ ချည်ပေးရသည်၊ အန္တရာယ်ကင်းအဆောင် သဘောပင်ဖြစ်သည်။
နောက်ဆုံး အကောင်းဆုံး အစီအစဉ်ကတော့ ထိုမိသားစုက စာရေးသူတို့ ၂ ပါးအား အသီးအနှံများနှင့် အနာမာသ အကပ္ပိယ ရူပီးလေးများ လှူဒါန်းသည့် အခန်းပဲ ဖြစ်ပါသည်။ppppppppp
သမီးတော်လေး ကဏှာ (မမည်းလေး)
ခြုံ၍သုံးသပ်သော်
ဗုဒ္ဓဘာသာ စတင်မွေးဖွားရာ အိန္ဒိယပြည်ကြီးသည် ဗုဒ္ဓဘာသာ လုံးဝနီးပါး ပျောက်ကွယ်ခဲ့။ တဖြေးဖြေးနဲ့ ပြန်လည် ဦးမော့လာသည်၊ ထိုဦးမော့လာသော ဗုဒ္ဓဘသာသည် ဗုဒ္ဓဘာသာ စတင်ပေါက်ဖွားရာ မဟာဗောဓိပင်ရှိရာ ဂယာ၊ ဘုရားရှင် မွေးဖွားရာ လုမ္ဗိနီ၊ ကမ္ဘာကျော် ဓမ္မစင်္ကြာတရား ဟောရာ ဗာရာဏသီ၊ နောက်ဆုံး မြတ်ဗုဒ္ဓ ခန္ဓာချရာ ကုဿိနာရုံတို့မှာ မဟုတ်ဘဲ ဒေါက်တာအမ်ဘေဒကာ မွေးဖွားရာ မဟာရဋ္ဌပြည်နယ်မှ နာဂပူ၊ စောလပူ၊ ပူနေးနှင့် ဘုံဘေမြို့တို့ဖြစ်သည်။ ထိုမြို့များမှ ဆက်ပွားလာရာမှ ဒွန်ဘီဗာလီမြို့ကဲ့သို့ အခြားမြို့ကလေးများသို့လည်း ပြန့်နှံ့လာခဲ့သည်။ ဗုဒ္ဓဘာသမဟုတ်ဘဲ ဒေါက်တာအမ်ဘေဒကာ ဘာသာဖြစ်နေသည်။ မှန်ပါသည်၊ ဒေါက်တာအမ်ဘေဒကာ ရေးသည့် The Buddha and his teaching  အမည်ရှိ စာအုပ်တွင်‘‘ လူတစ်ယောက် သေးပြီးနောက် နောက်ထပ် ဒီလူအဖြစ် တစ်ယောက်တည်း ပြန်ဖြစ်နိုင်ဘို့ မလွယ်၊ အကြောင်းကား လူပြန်ဖြစ်သည် ဆိုသည်မှာ- သေပြီးနောက် ကျန်ရစ်သော ရုပ်မှုံကလေးတွေက ပြန်လည် စုစည်းပြီး လူပြန်ဖြစ်လာသည်၊ ရုပ်မှုံကလေးများသည် ဒီလူတစ်ယောက်တည်းမဟုတ်၊ မရေတွက်နိုင်သော လူတွေရဲ့ ရုပ်မှုံကလေးများ ရောနေသဖြင့် သေသည့်လူ တစ်ယောက်တည်း ပြန်မဖြစ်နိုင်’’ဟု ရေးထားတာ တွေ့ရသည့်အတွက် ဒဿနိကဗေဒက ဆရာကြီးတစ်ယောက်အား မေးကြည့်တော့ ဒေါက်တာအမ်ဘေဒကာ ဘာသာလို့ပဲ မှတ်လိုက်ပါကွာတဲ့။ ဗုဒ္ဓ၀ါဒနှင့်ဆန့်ကျင်သည့်အတွေးများ တွေ့နေရသည်။
ထို့ကြောင့် ဦးမော့လာသော ထိုဗုဒ္ဓဘာသာများသည်၊ ဗုဒ္ဓဘာသာအကြောင်း ကောင်းကောင်း မသိကြသေး၊ သူတို့သည် ဗုဒ္ဓဘာသာသည် အခြားဘာသာများကဲ့သို့ ကိုးကွယ်ရုံသက်သက် ဘာသာတရားဟု ခံယူထားဟန်ရှိသည်၊  အသိ (၀ိဇ္ဇာ) မပါ၊ အကျင့် (စရဏ)မပါဘဲ သာရေး၊ မင်္ဂလာအခမ်းအနားနှင့် နာရေးပွဲတွေ စည်ကားရုံအတွက် ပြပွဲတစ်ခုလိုဖြစ်နေသည်။ တကယ်တော့ ဗုဒ္ဓဘာသာသည် ကိုးကွယ်ရုံသက်သက်သော religion ခေါ် ဘာသာတရားမဟုတ် ကိုယ်တိုင်သိ ကိုယ်တိုင်ကျင့် (၀ိဇ္ဇာ စရဏ) ပါသော ဘာသာတရားဖြစ်သည်။ သို့သော်လည်း တစ်ခုကောင်းနေသည်မှာ သူတို့တတွေ ဘုရားတိုင်း၏နှုတ်တော်က ထွက်လာသော ‘‘သဗ္ဗပါပဿ အကရဏံ ကုသလဿူပသမ္ပဒါ’’ စသော သြ၀ါဒစကားကို ကလေးရော လူကြီးပါ အလွတ်ဆိုနိုင်ကြသည်။ အကုသိုလ်ဟူသမျှ မပြုရ၊ ကုသိုလ်မှန်သမျှ ပြုလုပ်အားထုတ်ကြဆိုတဲ့ ဗုဒ္ဓဘာသာ၏ အနှစ်ချုပ်အဓိပ္ပါယ်ရှိသည့် ထိုစာတမ်းလေးတွေကို နှုတ်တိုက်ရနေသည်မှာတော့ ၀မ်းသာစရာပင်ဖြစ်သည်။ ဗုဒ္ဓဘာသာအမည်ခံ လူတိုင်းနီးပါး အလွတ်ဆိုတတ်ကြသည်။ 
အန္တရာယ်ကင်း ပရိတ်ခြည်
ရဟန်းတော်များ အိန္ဒိယစကား ကောင်းကောင်းတတ်လျှင်တော့ အဆင်ပြေသည်။ ဘာသာစကားတစ်ခု ကြားခံ၍ ပြောနေရခြင်းသည် ထိရောက်မှုမရှိသလို နားလည်မှုတွေလဲ လွဲမှားနိုင်သည်။ အိန္ဒိယလူဝတ်ကြောင်များက ဘာသာရေး အခမ်းအနားတွေမှာ တခြားဘာသာများကဲ့သို့ ဆောင်ရွက်နေသည်၊ လူဝတ်ကြောင်ဟောသော ပြောသောစကားကိုပဲ သူတို့တတွေ နားထောင်ကြရသည်။ ရဟန်းတော်များလောက် ဗုဒ္ဓစာပေအပေါ် ယုံကြည်မှု သဒ္ဓါ၊ အားထုတ်မှု ၀ီရိယ မရှိသော ထိုလူဝတ်ကြောင် ဟောသော တရားသည် နက်နက်နဲနဲ မရှိဘဲ အပေါ်ယံမျှသာဖြစ်၍ ထိရောက်သော သာသနာပြု မဖြစ်နိုင်။ သို့သော်လည်း ဗုဒ္ဓဘာသာဆိုတဲ့ အမည်လေးကိုပဲ ထိန်းသိမ်းထားနိုင်တာကိုပဲ ကျေးဇူးတင်ပေးရပါမည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁-၆-၂၀၁၁

05 June 2011

သီတဂူအထူးသတင်း


သီတဂူဆရာတော်ကြီးသည် ပညာရေးအခန်းကဏ္ဍတွင် စစ်ကိုင်း မန္တလေးနှင့် ရန်ကုန်မြို့ကြီးများတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးများ တည်ဆောက်လျက် ပညာသင်ကြားပေးနေသည်မှာ အောင်မြင်ကျော်ကြားလျက်ရှိသည်။ စစ်ကိုင်းမြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးတွင် ယခုနှစ် ၂၀၁၁-၂၀၁၂ ပညာသင်နှစ် စတင်တော့မည်ဖြစ်သည်၊ ဒီပလိုမာ (Diploma)တန်း၊ ဘီအေး (B.A) တန်းများနှင့် အမ်အေ (M.A)တန်းများကို ဖွင့်လှစ်ပြီး သင်ကြားပေးခဲ့သည်မှာ အောင်မြင်လျက်ရှိသည်၊ ယခုနှစ် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှာ သုတေသန (Ph.D) ကျောင်းသားများကို စတင်လက်ခံနေပြီဟု သိရသည်။ အသေးစိတ်ကိုတော့ ထိုတက္ကသိုလ်ရှိ မော်ကွန်းထိန်းဌာနနှင့် ပြန်ကြားရေးရုံးများတွင် စုံစမ်းနိုင်သည်။ မန္တလေးမြို့ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာတော့ ယခု၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှာ ဒီပလိုမာတန်း အတန်းစုံသင်ကြားပေးလျက်ရှိသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာတော့ ယခု၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှာ ဒီပလိုမာတန်းများ အစုံသင်ကြားပေးသည့်အပြင် ဘီအေ (B.A)တန်း ပထမနှစ်ပါ စတင်ဖွင့်လှစ်ပြီး သင်ကြားပေးမည် ဖြစ်သည်။ အသေးစိတ်သိလိုပါက ထိုတက္ကသိုလ်ရှိ ပညာရေးတာဝန်ခံ ဒေါက်တာ အရှင်ပညာသီဟာလင်္ကာရနှင့် ပြန်ကြားရေးရုံးတွင် စုံစမ်းနိုင်ပါသည်။
ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ယခင်က ကားပါ့ကင် (ကားထားရာ) နေရာ၌ စာသင်ပေးနေရသဖြင့် အသံများ ဆူညံခြင်း၊ လူဝင်လူထွက်များခြင်းကြောင့် အာရုံပျက်ခြင်းစသော အခက်အခဲများကို ဖြေရှင်းရာဝယ် သီတဂူကျောင်းဒကာ ဒကာမများနှင့် အနယ်အနယ်အရပ်ရပ်မှ အလှူရှင်များ၏ ကုသိုလ်ဖြင့် သုံးထပ်စာသင်ကျောင်းဆောင်ကြီးကို တည်ဆောက်ပြီးစီးပြီးဖြစ်ပါသည်။ ထိုအတွက် အောက်ပါ အစီအစဉ်များ ရှိနေသည်ကိုလည်း သီတဂူချစ်ခင် ပရိသတ်အားလုံးကို သိစေပါသည်။
ကျောင်းအလှူရှင်များသိစေရန်
သီတဂူသာသနာပြုလုပ်ငန်းကို အားပေး ကြည်ညိုကြကုန်သော အလှူရှင်အပေါင်းတို့၏ အလှူငွေများဖြင့် ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် သုံထပ်စာသင်ဆောင်ကြီးကို လွန်ခဲ့သောနှစ် နယုန်လပြည့် (၂၇-၅-၂၀၁၀)က စတင် တည်ဆောက်ခဲ့ရာ ယခုအခါ ရာခိုင်နှုန်းပြည့်နီးပါး ပြီးစီးနေပြီ ဖြစ်ပါသည်။ ထိုစာသင်ဆောင်ကြီးကို ဘွဲ့နှင်းသဘင်ခန်းမ၊ စာသင်ခန်း ၆ ခန်း၊ operator အခန်း၊ အဓိပတိရုံးခန်း၊ ပါမောက္ခချုပ် ရုံးခန်း၊ မော်ကွန်းထိန်း ရုံးခန်း၊ အခြား ပြန်ကြားရေး ရုံးခန်း ၂ ခန်းနှင့် ဆရာများ၏ အခန်းများ၊ အစည်းဝေးခန်းမ၊ seminar room အခန်း၊ ထမင်းစားခန်း၊ ဓာက်လှေခါးတို့ တပ်ဆင်ကာ မြန်မာမှုအနုပညာ လက်ရာများဖြင့် ခြယ်မှုံးထားသဖြင့် လှပထည်ဝါ ခန့်ညားလျက် တည်ရှိနေပြီ ဖြစ်ပါသည်။
ဖိတ်ကြားအပ်ပါသည်
 ယခုနှစ် နယုန်လပြည့်နေ့ ( ၁၆-၆-၂၀၁၁) တွင် ထိုကျောင်းတော်ကြီး ဖွင့်လှစ်ပွဲ၍ ၂၀၁၁/၂၀၁၂ ပညာသင်နှစ် ဒီပလိုမာကျောင်းသားများနှင့် ဘီအေ ကျောင်းသားများကို ထိုကျောင်းတော်ကြီးအပေါ်တွင် စတင် သင်ကြား ပို့ချပေးတော့မည် ဖြစ်ပါသည်။ ထို့ကြောင့် မည်သူမဆို မိမိတို့အတွက် သာဓုအနုမောဒနာပြုနိုင်ရန် ကျောင်းတော်ကြီး ဖွင့်လှစ်သည့် အခမ်းအနားသို့ ကြွရောက်ကြပါရန် ဖိတ်မန်အပ်ပါသည်။
အစီအစဉ်များ----------------
(၁) ၁၆.၆.၂၀၁၁။ ။ သံဃာ့မဟာနာယက ဆရာတော်ကြီးများ အစီအစဉ်
သံဃာမဟာနာယကကြီးများ၊ သံဃာ့အဖွဲ့အစည်းများမှ ဥက္ကဌ၊ အတွင်းရေးမှုးသံဃာတော်များ သီတဂူ သာသနာပြု အဖွဲ့ဝင်များနှင့်မိသားစုဝင်များ။ (ဘုရား အနေကဇာတင် )
(အလှု့ရှင် သီတဂူ ဦးသန်းလွင်+ ဒေါ်ခင်ခင်သိန်း မိသားစု) မှကျွေးမွေး လှုဒါန်းမည်၊
ဒေါ်ရွှေဥ (ရာစုသစ် ရွှေဥ ရွှေဆိုင်)က ကြွလာတဲ့ ဆရာတော်များအား 3 သုံးလုံး သင်္ကန်းတစ်စုံစီနဲ့ န၀ကမ္မ တစ်ပါး တစ်သိန်းစီ လှူဒါန်းမည်။

 (၂) ၁၇.၆.၂၀၁၁။ ။ နိုင်ငံတော်အကြီးအကဲများနှင့် နိုင်ငံခြား သံတမန်များ အစီအစဉ်
နိုင်ငံတော်သမ္မတကြီးနှင့် နိုင်ငံတော်အကြီးအကဲများ၊ သံရုံးများမှသံတမန်များ (ဖွင့်ပွဲ အခန်းအနားပါမည်)
သီတဂူ သာသနာပြုအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊
(အလှု့ရှင် သီတဂူ ဦးဝင်းအောင်+ ဒေါက်တာ ဒေါ်ခင်ဝင်းကြည် မိသားစု) မှ ကျွေးမွေးလှုဒါန်းမည်၊

(၃) ၁၈.၆.၂၀၁၁။ ။ ဘာသာရေး, သာသနာရေး, လူမှုရေး, နိုင်ငံရေး အသင်းအဖွဲ့များ အစီအစဉ်
နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ နင့် သီတဂူသာသနာပြုအဖွဲ့ဝင်များ မိသားစုဝင်များ
 (အလှု့ရှင်  မန္တလေးကျောင်းအမ သီတဂူ ဒေါ်ညွှန့်ညွှန့်အေး) မှ ကျွေးမွေး လှုဒါန်းမည်။

(၄) ၁၉.၆.၂၀၁၁။ ။ ကျောင်းအလှူရှင်၊ ကျောင်းဒကာ/ဒကာမများ အစီအစဉ်
ကျောင်းဆောင်အလှု့ရှင် အားလုံးနှင့် သီတဂူသာသနာပြုအဖွဲ့ဝင်များ မိသားစုဝင်များ(ဂုဏ်ပြုလွှာများ ပေးအပ်မည်)
(အလှု့ရှင် သီတဂူဦးတင်ဦး+ဒေါ်လှမြင့်(ရွှေစင် ရတနာ) မိသားစု ) မှကျွေးမွေး လှုဒါန်းမည်၊
ထိုအစီအစဉ်၌ (က) နေ့လည်စာဖြင့် ဧည့်ခံခြင်း (ခ) ရေစက်ချတရားနာခြင်း (ဂ) သီတဂူသာသနာပြု မော်ကွန်းဝင် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခြင်း။
(၅) ၂၀.၆.၂၀၁၁
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) စာအောင်သံဃာကျောင်းသားများအား အောင်လက်မှတ် အပ်နှင်းခြင်း၊ ကျောင်းသားအသစ်များ လက်ခံကြိုဆိုခြင်းနှင့် ကျောင်းသားကဒ်များ အပ်နှင်းခြင်း (Graduation and Fresher Welcome) တို့ဖြစ်ပါသည်။
(၂၀၁၁-၂၀၁၂ ) စာသင်နှစ်   ကျောင်းသားများ နှင့် ဆရာတော်အပါအ၀င် စုစုပေါင်း အပါး(၃၀၀)ပါး)တို့အား (သင်္ကန်းအစုံ(၃၀၀) လှူဒါန်းမည်)

(အလှု့ရှင် သီတဂူ ဦးမြင့်စိန်+ဒေါ်လှအေး (လှဆန်းယဉ်) မိသားစု) မှ ကျွေးမွေးခြင်းနှင့် သင်္ကန်း အစုံ (၃၀၀) လှူဒါန်းပါမည်။ 
သတင်းအချက်အလတ်နှင့်ဖိတ်စာ ပို့ပေးသော ကျောင်းအမ မပန်းစပယ် အားအထူးကျေးဇူးတင်ပါသည်။ 
ဓာတ်ပုံများဖြင့် ဝေေ၀ဆာဆာ တင်ထားသော်လည်း ပြည်မြန်မာမှ ဓာတ်ပုံများကြည့်ခွင့်မရဖြစ်နေသည်၊ ကျော်ခွကြည့်မှ ကြည့်လို့ရသည်ဟု သိရသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၅-၂၀၁၁

01 June 2011

ရှားရှားပါးပါး အလှူ


ရှားရှားပါးပါး အလှူ
ပြီးခဲ့တဲ့ စနေနေ့က သီးတင်းသုံးဖော် စောမယကောလိပ် Ph.D ကျောင်းသား ငါးပါး ရှားရှားပါးပါး အလှူတစ်ခုသို့ သွားခဲ့ကြသည်။ ဘုံဘေမြို့ မြန်မာပြည်သားအိမ်မှာ အလှူတစ်ခုလုပ်တယ်ဆိုတာ အလွန်ရှားပါးသည့် အလှူပဲဖြစ်မှာပါ။ အလှူ့ရှင်များက လွန်ခဲ့သာရက်ပိုင်းကမှ ဘင်္ဂလောဘက်ကနေ ဘုံဘေမြို့သို့ပြောင်းလာသော လေယာဉ်အင်ဂျင်နီယာ မိသားစုပဲ ဖြစ်သည်။ သူတို့မိသားစုက အလုပ်ကိစ္စနဲ့ အိန္ဒိယမှာ နေလာခဲ့တာ သုံးနှစ်ပြည့်ခဲ့ပြီဖြစ်သည်။ ဗုဒ္ဓဘာသာကို အလွန်ယုံကြည်သော မိသားစုများ ဖြစ်ရကား ဘုန်းကြီးရဟန်းများနှင့် ကင်း၍ မနေနိုင်ခဲ့သဖြင့် ဘင်္ဂလောဘက်မှာ နေစဉ်က အခက်အခဲရှိခဲ့သည်ဆိုသည်မှာလဲ မြန်မာ ရဟန်းတော်များကို ဖူးမျှော်ခွင့်မရခြင်းပဲဖြစ်သည်။ စောမယကောလိပ်ကျောင်းသားများ အတွက် ထိုမိသားစု၏ ရှားရှားပါးပါး အလှူတစ်ခုအကြောင်းကို သူများလှူတာ တစ်ဝက်ပိုင် သာဓုခက်မြိုင်မြိုင် ဆိုသည့်အတိုင်း အလှူတစ်ဝက် ရစေရန်အတွက် သာဓုအနုမောဒနာ ပြုနိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။
ထူးထူးဆန်းဆန်းဖုန်း
ထိုမိသားစု ဘုံဘေမြို့ကို ပြောင်းလာပြီး မကြာ၊ သီတဂူစတားလဲ ဘုံဘေသို့ ရောက်သည်မှာ မကြာသေးမီ ထူးထူးဆန်းဆန်း မြန်မာစကားဖြင့် ဖုန်းဆက်လာသဖြင့် အံ့သြနေမိသည်။ ထိုသူက တခြားမဟုတ် ထိုလေယာဉ်အင်ဂျင်နီယာ မိသားစုများပင်ဖြစ်သည်။ ဟဲလို-ဘုန်းဘုန်းဘုရား- တပည့်တော် ကျော်ဆွေပါဘုရားဟု အစချီကာ ဘုံဘေရောက်လာခဲ့ပုံ၊ စာရေးသူ ပူနေးတက္ကသိုလ်မှာ ကျောင်းတက်နေစဉ်က အသိမိတ်ဆွေဖြစ်ခဲ့သော လေယာဉ်မှူး ဒကာအောင်သန်းက မိတ်ဆက်ပေးပုံ၊ သူနဲ့ မြန်မာပြည်မှာ အလုပ်အတူလုပ်ခဲ့ပုံ၊ ဘုန်းဘုန်းရဲ့ဖုန်းနံပါတ်ကို သီတဂူစတားဆိုက်မှာ သမီးဖြစ်သူက ရှာပေးသဖြင့် ရရှိပုံနှင့် နောက်တစ်ပတ် စနေနေ့မှာ ဘုန်းဘုန်းဆီ လာဖူးတွေ့မည်ဆိုတဲ့အကြောင်း ပြောသွားသည်။
နောက်တစ်နေ့ စနေနေ့မှာပဲ ထိုမိသားစု ရောက်လာပါသည်၊ တစ်ခေါက်မှ မရောက်ဖူးသေးသော သူများလဲဖြစ်။ ကောလိပ်၏ လုံခြုံရေးနှင့် အဆောင် လုံခြုံရေးတို့ အစစ်ဆေး အမေးအမြန်းထူသဖြင့် စိုးရိမ်နေရာကား အောက်ထက် ဆင်းစောင့်နေမိသည်။ အဆောင်လုံခြုံရေးအားလည်း ငါ့မိသားစုလာလိမ့်မယ်၊ ငါတို့မြန်မာကျောင်းသားများ နေရာ အခန်းကို ခေါ်သွားချင်တယ် ခွင့်ပြုနိုင်မလား၊ သိပ်မကြာပါဘူး ၅ မိနစ်လောက်ပါပေါ့၊ ကုလား one မိနစ်ဆို တစ်နာရီလောက်ကြာသကိုး၊ ဒါ့ကြောင့် ၅ မိနစ်ထဲပါလို့ပြောပြီး ခွင့်တောင်းခဲ့သဖြင့် အားလုံးအဆင်ပြေသည်။
အစားအစာများဖြင့်ရောက်လာ
ရောက်လာကြပါပြီ။ သယ်လာလိုက်တဲ့ အစားစာတွေလဲ စုံလို့ပါပဲ။ ဒကာမကြီးက တရုပ်အစပ် မုဒုံသူဖြစ်၍ ထင်သည် တရုပ်အစားအစာ အလွန်ချက်ကောင်းသည်။ ကျောင်းသားအားလုံး ထောမနာပြုကြသည်။ ထိုမိသားစုနှင့် ကျောင်းသားများ မိတ်ဆက်ပေးလိုက်သည်၊ အားလုံးက ၀ိုင်းဝန်း စကားပြောကြသည်။ သူတို့မှာ ဘုန်ကြီးရဟန်းများနှင့် အကြာကြီးကွဲကွာနေရသဖြင့် ဘုန်းကြီးရဟန်းများကို ဖူးမျှော်ချင်ကြသည်၊ မိမိ၏ မြို့မှာ ရဟန်းသံဃာများ ဆွမ်းလောင်း ဆွမ်းကပ်နေကြသူများ ဖြစ်သဖြင့် ဆွမ်းကပ်ချင်သည် စသည်ဖြင့် ပြောသည်။ အရှင်ဘုရားများကိုလဲ အိမ်မှာ ထိုင်ခုံ အခင်းစသည် အိမ်၏အသုံးဆောင်များ တပ်ဆင်ခင်းကျင်းပြီးပါက ပင့်၍ ဆွမ်းကပ်လိုပါကြောင်း လျှောက်ထားသည်၊ လုံခြုံရေးထံမှ ၅ မိနစ်စာ ခွင့်တောင်းထားပြီး ၂ နာရီနီးပါး စကားပြောခွင့် ရလိုက်ကြသည်။
အိမ်အရောက်ပင့်
နောက်များမကြာမီမှာပဲ အိမ်မှာ လိုအပ်တာများ တပ်ဆင်ပြီးဖြစ်သည်။ ဖုန်းဆက်လာပြန်ပါသည်၊ အရှင်ဘုရား လာမည့်စနေနေ့ သံဃာ ၅ ပါး အိမ်မှာပင့်လိုပါကြောင်း လျှောက်ထားသည်။၂၈-၅-၂၀၁၁ စနေနေ့မှာပဲ မနက် ၁၀ နာရီ အဆောင် အရောက်လာပင့်သည်။ ကျန်ကျောင်းသား ရဟန်းတော်များအတွက် စားဖွယ်သောက်ဖွယ်များ ပိုပိုလျှံလျှံ သယ်လာပြန်သည်။ ထိုနေ့အတွက် ကျောင်းသားရဟန်းတော်များ မီးခိုးတိတ် စားဖွယ်သောက်ဖွယ်ကောင်းများ ဘုန်းပေးခွင့်ရသည်။ စာရေးသူအပါအ၀င် ရဟန်းတော် ၅ ပါး အိမ်သို့လိုက်သွားသည်၊ အဆောင်နှင့် မိနစ် ၄၀ လောက် ကားမောင်းရသည်။ အိမ်ထဲမှာ ခင်းကျင်းထားသည်မှာလဲ သပ်သပ်ရပ်ရပ် ရှိလှသည်။ ဘုရားခန်းကိုလည်း သီးသန့် သပ်ရပ်လှပစွာ ပြင်ဆင်ထားသည်မှာလဲ အားရကျေနပ်စရာကောင်းလှသည်။ စာရေးသူတို့ ၅ ပါး ထိုဘုရားခန်းတွင်တည်ထား ကိုယ်ကွယ်ထားသော ရုပ်ပွားဆင်းတုတော်မြတ်ကို ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာ ဆောင်ရွက်ခဲ့ကြသည်။
ထိုနောက် ဆွမ်းမကပ်သေးမီ မြန်မာပြည်ထုံးတမ်းစဉ်လာအတိုင်း သီလယူ တရားနာ အမျှဝေခြင်းကိစ္စ ဆောင်ရွက်သည်။ ထိုကိစ္စကို သီတင်းသုံးဖော်များက စာရေးသူအား တိုက်တွန်းသဖြင့် သီလပေးတရားနှင့် အနုမောဒနာ နာရီဝက် တရား ချီးမြင့်ပေးလိုက်ရသည်။ ကြွလာသော အရှင်မြတ်များအား လိုအပ်ရာ သုံးစွဲနိုင်ရန် န၀ကမ္မများ လှူဒါန်းပြီး ကျောင်းသားသံဃာများအတွက် ဆီတစ်ပုံး၊ ဆန် (ဘာစမာတီ) ၁၀ ကေဂျီကိုပါ လှူဒါန်းလိုက်သေးသည်။ ဤကား ရှားပါး ထူးခြားသော အလှူတစ်ခုဖြစ်ပါသည်။
ပို၍ထူးခြား
ဘုံဘေမြို့ စောမယကောလိပ်တွင် Sanskrit ဌာနနှင့် Buddhist study ဌာနနှစ်ခု Ph.D ကျောင်းသား ဒေါက်တာ အလောင်းအလျာများကို တစုတဝေးတည်း လှူခွင့်ရသည်မှာ ပို၍ပို၍ပင် ထူးခြားနေပါသည်။ ထိုကဲ့သို့ Ph.D ကျောင်းသား တစ်စုတဝေးတည်းမှာ လှူခွင့်ရဖို့ဆိုတာ မလွယ်ကူလှပါ။ Ph.D ကျောင်းသား အားလုံးသည် အမိမြေမှာဆိုရင် စာချများ၊ ဓမ္မကထိကများ၊ ကျောင်းထိုင် ဘုန်းကြီးများ ဖြစ်ကြသည်။
ပြီးပြည့်စုံသော အလှူဒါန တစ်ခု ဖြစ်ဖို့အတွက် (၁)သဒ္ဓါတရား အခြေခံရှိရပါမည်။ (၂) အလှူတစ်ခု ပြီးမြောက်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ လှူချင်တဲ့ အလှူဝတ္ထု ပြည့်စုံနေရပါမည်။ (၃) မိမိ၏ အလှူကို အလှူခံထိုက်သူ ရှိနေရပါမည်။ ပြည်ပရောက်နေသူတွေရဲ့ အခက်အခဲကတော့ နံပါတ် (၃) အချက် ဖြစ်ပါလိမ့်မည်။ အထက်မှာ ပြဆိုထားသည့် မိသားစုတို့သည် ဗုဒ္ဓဘာသာများ ဖြစ်ကြသည့်အတွက် သဒ္ဓါတရား အားကောင်းသူများ ဖြစ်ကြသည်။ ပညာတတ် အလုပ်ကောင်း ရှိနေသူတွေအတွက် အလှူဝတ္ထုဆိုတာလဲ ခက်ခဲလိမ့်မည် မဟုတ်။ သို့သော်ကား အလှူရှင်တို့ ရည်မှန်းထားသည့် အလှူခံပုဂ္ဂိုလ်ကား အလွန်ခက်ခဲ၏၊ ဘုရားသာသနာနှင့် ကြုံနေတဲ့ အခိုက်တန့်မှာတောင် ဤကဲ့သို့ ခက်ခဲနေပါလျှင်-- ဘုရားမပွင့်သည့်ကမ္ဘာ သာသနာပခေတ်ကာလတို့၌ကား ပြောဖွယ်ရာ မရှိခြေ။ ဤကား သဒ္ဓါရှိသူတို့၏ ခက်ခဲသော အလှူပင်ဖြစ်သည်။
သဒ္ဓါရှိသူများ
သူတော်ကောင်း သို့မဟုတ် သဒ္ဓါရှိသူဆိုသည်မှာ အချက် ၃ ချက် ရှိပါသည်။ စာရေးသူ၏ ဆိုက်ထဲမှာပဲ အလှူ့ရှင်ဂုဏ်ရည် အမည်ရှိ ပို့စ်တစ်ခုမှာ တင်ပြထားပြီး ထင်ပါသည်။ ကောင်းကောင်း မမှတ်မိတော့ပါ။ သို့သော် အနဲငယ်မျှ တင်ပြပါဦးမည်။
၁။ ဒဿန ကာမော သီလ၀တံ- ကိုယ်ကျင့်တရားရှိသူများ သို့မဟုတ် သူတော်စင်များကို ဖူးမျှော်လိုသော ဆန္ဒ၊ တွေ့လိုသော ဆန္ဒရှိသူသည် သူတော်ကောင်း သဒ္ဓါရှိသူဟူ၍ ခေါ်သည်။
၂။ သဒ္ဓမ္မံ သောတုမိစ္ဆတိ- သူတော်ကောင်းတရား သို့မဟုတ် သူတော်စင်များထံမှ အဆုံးအများကို နာယူလိုသော ဆန္ဒ၊ ထိုသူတော်စင်များနှင့် သူတော်ကောင်းတရားများ ဆွေးနွေးလိုသော ဆန္ဒရှိသူသည် သူတော်ကောင်း သဒ္ဓါရှိသူဟူ၍ ခေါ်သည်။
၃။ ၀ိနယေ မစ္ဆေရမလံ-၀န်တို နှမြော မစ္ဆေရ အညစ်ကြေး ကင်းသူများကို သူတော်ကောင်း သဒ္ဓါရှိသူဟူ၍ ခေါ်သည်။
မစ္ဆေရ အညစ်ကြေး ကင်းသူများကို စာပေက ဒါနသံဝိဘာဂရတော့ -အလှူဒါနပြုရာဝယ် စီမံခန့်ခွဲရတာကိုပဲ ပျော်နေသူ၊ အလှူဒါပြုရာ၌ ပျော်နေသူ၊ အလှူဒါန လက်နှင့်မကွာသူများဟု ဖွင့်သည်၊ ထို့ထက် ပို၍စိတ်ဝင်စားစရာ ကောင်းသည်မှာ ပယတ္တပါဏိ ဟု လှပသော စကားလုံးဖြင့် တန်ဆာဆင်ထားသည်။ ဆိုလိုသည်မှာ လက်ကို ဆေးကြောပြီးဖြစ်ရကာ ဖြူစင်သန့်ရှင်းသော လက်ရှိသူဟုဆိုသည်။ လက်၏ ကိစ္စ Function မှာ ယူခြင်း ပေးခြင်းဆိုသည့် အလုပ်နှစ်ခုကို လုပ်သည်၊ သူများပစ္စည်းကို ယူရာ၌ လက်မှာ တဏှာ လောဘ အညစ်အကြေး ကပ်နေသည်၊ စွန်းနေသည်၊ ညစ်ပတ်နေသည်။ သို့သော် ပေးရာ အခါ၌ကား ထိုအညစ်အကြေး (မစ္ဆေရ,လောဘ) များကို ဆေးကြောပြီး သန့်စင်ပြီး ဖြစ်၍ ဖြူစင်သော လက်ကို ပိုင်ဆိုင်သူများ သို့မဟုတ် သူတော်ကောင်း သဒ္ဓါရှိသူများဟူ၍ ခေါ်သည်။
ဒဿန၀တော သီလ၀တံ၊ သဒ္ဓမ္မံ သောတုမိစ္ဆတိ။
ဝိနယေ မစ္ဆေရမလံ၊ သ ဝေ ‘သဒ္ဓေါ’တိ ၀ုစ္စတိ။ (အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ)
သဒ္ဓါဆွမ်းကပ်လှူသော ထိုမိသားစုအား သဒ္ဓါရှိသူဟူသော ပို့စ်ဖြင့် အနုမောဒနာပြုလိုက်ပါသည်။
အလှူရှင်-
ဦးကျော်ရွှေ+ဒေါ်သန်းသန်းဋ္ဌေး 
သား-ရဲကျော်ဖြိုး၊ သမီး-ယဉ်သူဇာကျော်
ဘုံဘေမြို့

‘‘သူများလှူတာ တစ်ဝက်ဆိုင် သာဓု ခက်မြိုင်မြိုင်’’

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၈-၅-၂၀၁၁

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes