၁၃၇၃-ခုနှစ် နယုန်လပြည့်နေ့မှ လပြည့်ကျော် (၄) ရက်နေ့အထိ ကျင်းပသော
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနား၏ ပထမနေ့ အစီအစဉ်
(၁၆-၆-၂၀၁၁)
၁။ ကြွရောက်လာသော ဆရာတော်ကြီးများကို ကြိုဆိုရေးအဖွဲ့က ကျောင်းဆောင်ရှေ့မှ ကျောင်းပေါ်သို့ ရောက်အောင် ပင့်ဆောင်ကြိုဆိုပေးရန်။
(ဦးဆောင်ကြိုဆိုရေးအဖွဲ့။ ၁၊ ဦးကုမာရ၊ ၂-ဦးသုစိတ္တ၊ ၃-ဦးခေမာစာရ၊ ၄-ဦးကဉ္စန၊ ၅-ဦးဥက္ကံသ)
၂။ ကျောင်းပေါ်သို့ ရောက်ရှိလာသော သံဃာတော်များကို အာရုံဆွမ်း ဆက်ကပ်ရန်။
(ဦးဝေဠုရိယ၊ ဦးသဇ္ဇန တို့မှ နေရာထိုင်ခင်း စီစဉ်ပေးရန် နှင့် ဦးသာသန၊ ဦးသုန္ဒရ၊ ဦးခေမာစာရ၊ ဦးနန္ဒာစာရတို့က ဆွမ်းပြင်ရာ၌ ကူညီရန်။)
၃။ အာရုံဆွမ်းဘုဉ်းပေးပြီးသောအခါ ကြွရောက်လာသောသံဃာတော်များက ဘုရားအနေကဇာတင်ရန်။
၎။ သိမ်သမုတ်ရန်။
နိမိတ်ကြားရန်အတွက် (၈) ပါးတာဝန်ယူရန်။ ၁-ဦးဝေဠုရိယ၊ ၂- ဦးသာသန၊ ၃- ဦးသဇ္ဇန၊ ၄။ ဦးကုမာရ၊ ၅-ဦးအဂ္ဂဓမ္မ၊ ၆- ဦးပညာသီဟ၊ ၇-ဦးဥက္ကံသ၊ ၈-ဦးနန္ဒာစာရ
၅။ သိမ် သြဘာစာကို အရှင်ဒေ၀ိန္ဒာလင်္ကာရာဘိဝံသက ဖတ်ကြားလျှောက်ထားရန်။
၆။ လှူဒါန်းဖွယ်တို့ကို ဆက်ကပ်လှူဒါန်းရန်။
လှူဖွယ်ဝတ္ထုများ နေရာချထားရေးနှင့် အစီစဉ်တကျလှူဒါန်းနိုင်ရေးအတွက် ဦးကိတ္တိနှင့် ဦးသာသန တို့က တာဝန်ယူ ဆောင်ရွက်ပေးရန်။
မဟနဥက္ကဋ္ဌဆရာတော်ကြီး တစ်ပါးတည်းကိုသာ ဆက်ကပ်၍ ကျန်သည့် ၄၆ ပါး အတွက် လှူဖွယ်များကို တပေါင်းတည်းပြု၍ လှူဒါန်းရန်။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း၊ ရန်ကုန်၊ မန္တလေး) ပင်သံဃာ ၂၈-ပါးအတွက် သီးသန့်သိမ်းဆည်းထားရန်။
၇။ သံဃာတော်များကို နေ့ဆွမ်းကပ်ရန်။
သာသနာပိုင်ဆရာတော်ကြီးများနှင့် တိုင်းဥက္ကဋ္ဌဆရာတော်များကို သီတဂူဗိမာန် ပထမထပ်တွင် ဆွမ်းကပ်ရန်။ ဆရာတော်ကြီးများကို လေဆိပ်ပို့ရန် Land Cruiser and Land Rover ကို ဆရာတော်က သုံးခွင့်ပြုထားသည်။ ဒရိုင်ဘာ - သီတဂူ ဦးရွှေနီ နှင့် သီတဂူ ဦးငြိမ်း။
ဆရာတော်ကြီးများ လေဆိပ်ပို့သည့်အခါ သီတဂူဦးဇင်းများက လိုက်လံကူညီရန်။
၁၃၇၃-ခုနှစ် နယုန်လပြည့်နေ့မှ လပြည့်ကျော် (၄) ရက်နေ့အထိ ကျင်းပသော
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနား၏ ဒုတိယနေ့ အစီအစဉ်
(၁၇-၆-၂၀၁၁)
၁။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းဆောင်၏ မုခ်ဦးမီးရောင်စုံဆိုင်းဘုတ်ကို သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးမြင့်မောင်က စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးရန်။
၂။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ဆိုင်းဘုတ်တွင် ချိတ်ဆွဲထားသော စိန်ကန့်လန့်ကာကို ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ နှင့် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်တို့က ဖဲကြိုးဖြတ်၍ ရောင်ခြောက်သွယ် လေပူဖောင်းများကို လွှင့်တင်ပေးရန်။
၃။ လေပူဖောင်းများလွင့်တက်သွားသည့်နှင့်တပြိုင်နက် သီတဂူဂီတဉ္ဇလီအဖွဲ့က မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံ တိုက်သစ်၊ မင်္ဂလဗိမာန်ဆရာတော် ရေးသားပူဇော်အပ်သော မင်္ဂလာ (၈၀) ပေါ် တေးထပ်ကို သီကျူးပူဇော်ပေးရန်။
၎။ နိုင်ငံတော်သမ္မတကြီးနှင့် ၀န်ကြီးများ၊ အဖွဲ့ဝင်များက ကျောင်းဆောင်ကြီး၏ ဒုတိယထပ် ဘွဲ့နှင်းသဘင် ခန်းမဆောင်တွင် တက်ရောက် နေရာယူပေးကြရန်။
၅။ ဘွဲ့နှင်းသဘင် ခန်းမဆောင်အတွင်းရှိ မြတ်စွာဘုရားကျောင်းတော်၏ ရွှေကန့်လန့်ကာကို နိုင်ငံတော် ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးက စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပါရန်။
၆။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပါမောက္ခများ၊ ကထိကများ စသည့် သံဃာတော်များက ဇယော ဟိ ဗုဒ္ဓဿ အစချီသည့် ဇယမင်္ဂလာဆုတောင်းဂါထာများကို ရွတ်ဆိုပူဇော်ရန်။
၇။ နိုင်ငံတော်သမ္မတကြီးနှင့် ကြွရောက်လာသော ဧည့်ပရိသတ်အားလုံးတို့က ရတနာသုံးပါးအား သြကာသ ကန်တော့ချိုးဖြင့် ကန်တော့၍ ငါးပါးသီလ ခံယူဆောက်တည်ရန်။
၈။ နိုင်ငံတော်သမ္မတကြီးနှင့် ၀န်ကြီးများက လှူဖွယ်ဝတ္ထုတို့ကို ဆက်ကပ်လှူဒါန်းရန်။
၉။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်က သီတဂူသန္ဒေသကထာ အနုမောဒနာ စကား မိန့်ကြားရန်။
၁၀။ နိုင်ငံတော်သမ္မတကြီး၏ ကိုယ်စား သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးမြင့်မောင်က ၀မ်းမြောက်ကြောင်းစကား လျှောက်ထားရန်။
၁၁။ မြန်မာရှေးဟောင်းအနုပညာရှင် တမ္ဗ၀တီ ဦးဝင်းမောင်က ဘွဲ့နှင်းသဘင် ခန်းမဆောင်အတွင်းရှိ ပန်းချီ၊ ပန်းပု အနုပညာများအကြောင်းကို ရှင်းလင်းတင်ပြ လျှောက်ထားရန်။
၁၂။ မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ မင်္ဂလဗိမာန်ဆရာတော် ရေးသားပူဇော်အပ်သော ထုတိမင်္ဂလာ ဂါထာများကို အရှင်ပညာနန္ဒ (သီတဂူကြယ်တပွင့်) က ရွတ်ဖတ်ပူဇော်ရန်။
၁၃။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်က ရေစက်ချအနုမောဒနာချီမြှင့်၍ အမျှအတမ်း ပေးဝေရန်။
၁၄။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်က လက်ဆောင်ပစ္စည်းများ ပေးရန်။
၁၅။ အခမ်းအနား ပြီးဆုံးပြီဖြစ်ပါ၍ ကြွရောက်လာသော ဧည့်ပရိသတ်အားလုံးတို့ နေ့လည်စာ သုံး ဆောင်ရန် နှင့် ဒေါ်ရီရီသန့် အမှူးပြုသော သီတဂူဂီတဉ္ဇလီအဖွဲ့က ဓမ္မဂီတဖြင့် ဧည့်ခံဖျော်ဖြေရန်။
၁၃၇၃-ခုနှစ် နယုန်လပြည့်နေ့မှ လပြည့်ကျော် (၄) ရက်နေ့အထိ ကျင်းပသော
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနား၏ တတိယနေ့ အစီအစဉ်
(၁၈-၆-၂၀၁၁)
၁။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ ဘွဲ့နှင်သဘင်ခန်းမဆောင်ထဲသို့ ကြွရောက်လာကြသော အသင်းအဖွဲ့ ဆိုင်ရာ ဧည့်ပရိသတ်တို့ကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်က တွေ့ဆုံနှုတ်ဆက်ပြီး လက်ဆောင် ပစ္စည်းများ ပေးရန်။
၂။ စုံညီကြသောအခါ ဧည့်ပရိသတ်အပေါင်းတို့က သြကာသကန်တော့ချိုးဖြင့် ကန်တော့၍ ငါးပါးသီလ ခံယူဆောက်တည်ကြရန်။
၃။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်က သီတဂူသန္ဒေသကထာ အနုမောဒနာ စကား မိန့်ကြားရန်။
၎။ အဖွဲ့အစည်းအားလုံးတို့၏ ကိုယ်စား စာရေးဆရာကြီး မင်းယုဝေက ၀မ်းမြောက်ကျေးဇူးတင်စကား ပြောကြားရန်။
၅။ သီတဂူအဓိဋ္ဌာန်ဖြင့် အခန်းအနားကို ရုပ်သိမ်းရန်။
၆။ အခမ်းအနား ပြီးဆုံးပြီ ဖြစ်ပါ၍ ကြွရောက်လာသော ဧည့်ပရိသတ်အားလုံးတို့ နေ့လည်စာ သုံး ဆောင်ရန်။
၇။ နေ့လည်စာသုံးဆောင်ပြီးပါက အသင်းအဖွဲ့များမှ အလှူရှင်များက ပြန်လည်နေရာယူပြီး သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်က ဂုဏ်ပြုလွှာ ပေးအပ်ရန်။
၁၃၇၃-ခုနှစ် နယုန်လပြည့်နေ့မှ လပြည့်ကျော် (၄) ရက်နေ့အထိ ကျင်းပသော
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနား၏ စတုတ္ထနေ့ အစီအစဉ်
(၁၉-၆-၂၀၁၁)
၁။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ကျောင်းအလှူရှင်များအားလုံးကို နံနက် (၉) နာရီမှ (၁၁) နာရီ အထိ ဧည့်ခံကျွေးမွေးရန်။
၂။ နံနက် (၁၁) နာရီမှ (၁၂) နာရီအတွင်း ကျောင်းအလှူရှင်များအားလုံး မော်ကွန်းလွှာ လက်ခံယူမည့် အစီအစဉ်အတိုင်း ဘွဲ့နှင်းသဘင်ခန်းမဆောင်အတွင်း၌ နေရာယူပေးကြပါရန်။
၃။ မော်ကွန်းလွှာ ပေးအပ်ပွဲ အခန်းအနားကို နမော တဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ရန်။
၎။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်က သီတဂူသန္ဒေသကထာ အနုမောဒနာ စကား မိန့်ကြား၍ ရေစက်ချ အမျှဝေရန်။
၅။ သီတဂူဂီတဉ္ဇလီအဖွဲ့က ဓမ္မပူဇာဖြင့် ဆက်လက် ဧည့်ခံဖျော်ဖြေရန်။
မှတ်ချက်= သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုဗိမာန် ကျောင်းဆောင်အလှူရှင်များက လက်ယာ ဘက်ခြမ်းတွင် လည်းကောင်း၊ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်သုံးထပ်ကျောင်းဆောင် အလှူရှင်များ က လက်ဝဲဘက်ခြမ်းတွင်လည်းကောင်း အသီးသီး နေရာယူပေးရန်ဖြစ်ပါသည်။
----------------------
၁၃၇၃-ခုနှစ် နယုန်လပြည့်နေ့မှ လပြည့်ကျော် (၄) ရက်နေ့အထိ ကျင်းပသော
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
၂၀၁၁-၂၀၁၂ ပညာသင်နှစ်၊ ကျောင်းဖွင့်ပွဲ၊ ဒီပလိုမာအောင်လက်မှတ်ပေးအပ်ပွဲနှင့်
ကျောင်းသားသစ်များအား လက်ခံကြိုဆိုပွဲ
ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနား၏ ပဉ္စမနေ့ အစီအစဉ်
(၂၀-၆-၂၀၁၁)
၁။ နမော တဿ မဟာပဏာမ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ရန်။
၂။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၊ ပညာရေးတာဝန်ခံမှ (၂၀၁၁-၂၀၁၂) ပညာသင်နှစ်တွင် ကျောင်းဝင်ခွင့်ရသော ကျောင်းသားများစာရင်းချုပ်ကို ရှင်းလင်း လျောက်ထားရန်၊
၃။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ပါမောက္ခချုပ်ဆရာတော်မှ ကျောင်းသားသစ်များအား ကြိုဆို နှုတ်ခွန်းဆက် စကား မြွတ်ကြားရန်။
၎။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ပါမောက္ခချုပ်ဆရာတော်မှ (၂၀၁၀-၂၀၁၁) ပညာသင်နှစ်တွင် Diploma in Buddha-Dhamma-တန်း အောင်မြင်ကြသော ကျောင်းသား ကျောင်းသူ များအား ဒီပလိုမာ အောင်လက်မှတ်များ ချီးမြင့်ရန်။
၅။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ မော်ကွန်းထိန်းဆရာတော်က (၂၀၁၁-၂၀၁၂) ပညာသင် နှစ်တွင် တက်ရောက် ပညာသင်ယူကြမည့် ကျောင်းသားများအား ကျောင်းသားကဒ်များ ပေးအပ်ရန်။
၆။ ရန်ကုန်တိုင်းဒေသကြီး ရွှေကျင်/သုဓမ္မာ သံဃနာယကဆရာတော်ဘုရားကြီးများထံမှ သြ၀ါဒကထာ နာကြားရန်။
၇။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ မော်ကွန်းထိန်းဆရာတော်ထံမှ သြ၀ါဒကထာ နာကြားရန်။
၈။ သာသနာတော်ထွန်းကားပြန့်ပွါးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခိုင်အောင်မှ သာသနာရေး ဆိုင်ရာ ၀မ်းမြောက်ကြောင်းစကား လျှောက်ထားရန်
၉။ ဆရာတော်ကြီးများအား လှူဘွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းရန်။
၁၀။ ဒီပလိုမာတန်းတွင် သုံးနှစ်ဆက်တိုက်ပထမဆုရရှိခဲ့သော အရှင်ဇောတိပါလာလင်္ကာရအား ရွှေတံဆိပ်ဆုကို သီတဂူဆရာတော်ဘုရားမှ ချီးမြှင့်တော်မူရန်။
၁၁။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အဓိပတိ သီတဂူဆရာတော်ဘုရားကြီးထံမှ နိဂုံးချုပ် သြ၀ါဒကထာ နာယူရန်။
၁၂။ သီတဂူအဓိဋ္ဌာန်ဖြင့် အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းရန်
မှတ်ချက်။ ။ စာသင်သားသံဃာတော်များအား လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းရန်။
သတင်းများ ပို့ပေးသော သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ဒေါက်တာ ကုမာရ အား အထူးကျေးဇူးတင်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
16-6-2011
0 comments:
Post a Comment