သီတဂူစတား

သီတဂူစတား

05 June 2011

သီတဂူအထူးသတင်း


သီတဂူဆရာတော်ကြီးသည် ပညာရေးအခန်းကဏ္ဍတွင် စစ်ကိုင်း မန္တလေးနှင့် ရန်ကုန်မြို့ကြီးများတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးများ တည်ဆောက်လျက် ပညာသင်ကြားပေးနေသည်မှာ အောင်မြင်ကျော်ကြားလျက်ရှိသည်။ စစ်ကိုင်းမြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးတွင် ယခုနှစ် ၂၀၁၁-၂၀၁၂ ပညာသင်နှစ် စတင်တော့မည်ဖြစ်သည်၊ ဒီပလိုမာ (Diploma)တန်း၊ ဘီအေး (B.A) တန်းများနှင့် အမ်အေ (M.A)တန်းများကို ဖွင့်လှစ်ပြီး သင်ကြားပေးခဲ့သည်မှာ အောင်မြင်လျက်ရှိသည်၊ ယခုနှစ် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှာ သုတေသန (Ph.D) ကျောင်းသားများကို စတင်လက်ခံနေပြီဟု သိရသည်။ အသေးစိတ်ကိုတော့ ထိုတက္ကသိုလ်ရှိ မော်ကွန်းထိန်းဌာနနှင့် ပြန်ကြားရေးရုံးများတွင် စုံစမ်းနိုင်သည်။ မန္တလေးမြို့ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာတော့ ယခု၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှာ ဒီပလိုမာတန်း အတန်းစုံသင်ကြားပေးလျက်ရှိသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာတော့ ယခု၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှာ ဒီပလိုမာတန်းများ အစုံသင်ကြားပေးသည့်အပြင် ဘီအေ (B.A)တန်း ပထမနှစ်ပါ စတင်ဖွင့်လှစ်ပြီး သင်ကြားပေးမည် ဖြစ်သည်။ အသေးစိတ်သိလိုပါက ထိုတက္ကသိုလ်ရှိ ပညာရေးတာဝန်ခံ ဒေါက်တာ အရှင်ပညာသီဟာလင်္ကာရနှင့် ပြန်ကြားရေးရုံးတွင် စုံစမ်းနိုင်ပါသည်။
ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ယခင်က ကားပါ့ကင် (ကားထားရာ) နေရာ၌ စာသင်ပေးနေရသဖြင့် အသံများ ဆူညံခြင်း၊ လူဝင်လူထွက်များခြင်းကြောင့် အာရုံပျက်ခြင်းစသော အခက်အခဲများကို ဖြေရှင်းရာဝယ် သီတဂူကျောင်းဒကာ ဒကာမများနှင့် အနယ်အနယ်အရပ်ရပ်မှ အလှူရှင်များ၏ ကုသိုလ်ဖြင့် သုံးထပ်စာသင်ကျောင်းဆောင်ကြီးကို တည်ဆောက်ပြီးစီးပြီးဖြစ်ပါသည်။ ထိုအတွက် အောက်ပါ အစီအစဉ်များ ရှိနေသည်ကိုလည်း သီတဂူချစ်ခင် ပရိသတ်အားလုံးကို သိစေပါသည်။
ကျောင်းအလှူရှင်များသိစေရန်
သီတဂူသာသနာပြုလုပ်ငန်းကို အားပေး ကြည်ညိုကြကုန်သော အလှူရှင်အပေါင်းတို့၏ အလှူငွေများဖြင့် ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် သုံထပ်စာသင်ဆောင်ကြီးကို လွန်ခဲ့သောနှစ် နယုန်လပြည့် (၂၇-၅-၂၀၁၀)က စတင် တည်ဆောက်ခဲ့ရာ ယခုအခါ ရာခိုင်နှုန်းပြည့်နီးပါး ပြီးစီးနေပြီ ဖြစ်ပါသည်။ ထိုစာသင်ဆောင်ကြီးကို ဘွဲ့နှင်းသဘင်ခန်းမ၊ စာသင်ခန်း ၆ ခန်း၊ operator အခန်း၊ အဓိပတိရုံးခန်း၊ ပါမောက္ခချုပ် ရုံးခန်း၊ မော်ကွန်းထိန်း ရုံးခန်း၊ အခြား ပြန်ကြားရေး ရုံးခန်း ၂ ခန်းနှင့် ဆရာများ၏ အခန်းများ၊ အစည်းဝေးခန်းမ၊ seminar room အခန်း၊ ထမင်းစားခန်း၊ ဓာက်လှေခါးတို့ တပ်ဆင်ကာ မြန်မာမှုအနုပညာ လက်ရာများဖြင့် ခြယ်မှုံးထားသဖြင့် လှပထည်ဝါ ခန့်ညားလျက် တည်ရှိနေပြီ ဖြစ်ပါသည်။
ဖိတ်ကြားအပ်ပါသည်
 ယခုနှစ် နယုန်လပြည့်နေ့ ( ၁၆-၆-၂၀၁၁) တွင် ထိုကျောင်းတော်ကြီး ဖွင့်လှစ်ပွဲ၍ ၂၀၁၁/၂၀၁၂ ပညာသင်နှစ် ဒီပလိုမာကျောင်းသားများနှင့် ဘီအေ ကျောင်းသားများကို ထိုကျောင်းတော်ကြီးအပေါ်တွင် စတင် သင်ကြား ပို့ချပေးတော့မည် ဖြစ်ပါသည်။ ထို့ကြောင့် မည်သူမဆို မိမိတို့အတွက် သာဓုအနုမောဒနာပြုနိုင်ရန် ကျောင်းတော်ကြီး ဖွင့်လှစ်သည့် အခမ်းအနားသို့ ကြွရောက်ကြပါရန် ဖိတ်မန်အပ်ပါသည်။
အစီအစဉ်များ----------------
(၁) ၁၆.၆.၂၀၁၁။ ။ သံဃာ့မဟာနာယက ဆရာတော်ကြီးများ အစီအစဉ်
သံဃာမဟာနာယကကြီးများ၊ သံဃာ့အဖွဲ့အစည်းများမှ ဥက္ကဌ၊ အတွင်းရေးမှုးသံဃာတော်များ သီတဂူ သာသနာပြု အဖွဲ့ဝင်များနှင့်မိသားစုဝင်များ။ (ဘုရား အနေကဇာတင် )
(အလှု့ရှင် သီတဂူ ဦးသန်းလွင်+ ဒေါ်ခင်ခင်သိန်း မိသားစု) မှကျွေးမွေး လှုဒါန်းမည်၊
ဒေါ်ရွှေဥ (ရာစုသစ် ရွှေဥ ရွှေဆိုင်)က ကြွလာတဲ့ ဆရာတော်များအား 3 သုံးလုံး သင်္ကန်းတစ်စုံစီနဲ့ န၀ကမ္မ တစ်ပါး တစ်သိန်းစီ လှူဒါန်းမည်။

 (၂) ၁၇.၆.၂၀၁၁။ ။ နိုင်ငံတော်အကြီးအကဲများနှင့် နိုင်ငံခြား သံတမန်များ အစီအစဉ်
နိုင်ငံတော်သမ္မတကြီးနှင့် နိုင်ငံတော်အကြီးအကဲများ၊ သံရုံးများမှသံတမန်များ (ဖွင့်ပွဲ အခန်းအနားပါမည်)
သီတဂူ သာသနာပြုအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊
(အလှု့ရှင် သီတဂူ ဦးဝင်းအောင်+ ဒေါက်တာ ဒေါ်ခင်ဝင်းကြည် မိသားစု) မှ ကျွေးမွေးလှုဒါန်းမည်၊

(၃) ၁၈.၆.၂၀၁၁။ ။ ဘာသာရေး, သာသနာရေး, လူမှုရေး, နိုင်ငံရေး အသင်းအဖွဲ့များ အစီအစဉ်
နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ နင့် သီတဂူသာသနာပြုအဖွဲ့ဝင်များ မိသားစုဝင်များ
 (အလှု့ရှင်  မန္တလေးကျောင်းအမ သီတဂူ ဒေါ်ညွှန့်ညွှန့်အေး) မှ ကျွေးမွေး လှုဒါန်းမည်။

(၄) ၁၉.၆.၂၀၁၁။ ။ ကျောင်းအလှူရှင်၊ ကျောင်းဒကာ/ဒကာမများ အစီအစဉ်
ကျောင်းဆောင်အလှု့ရှင် အားလုံးနှင့် သီတဂူသာသနာပြုအဖွဲ့ဝင်များ မိသားစုဝင်များ(ဂုဏ်ပြုလွှာများ ပေးအပ်မည်)
(အလှု့ရှင် သီတဂူဦးတင်ဦး+ဒေါ်လှမြင့်(ရွှေစင် ရတနာ) မိသားစု ) မှကျွေးမွေး လှုဒါန်းမည်၊
ထိုအစီအစဉ်၌ (က) နေ့လည်စာဖြင့် ဧည့်ခံခြင်း (ခ) ရေစက်ချတရားနာခြင်း (ဂ) သီတဂူသာသနာပြု မော်ကွန်းဝင် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခြင်း။
(၅) ၂၀.၆.၂၀၁၁
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) စာအောင်သံဃာကျောင်းသားများအား အောင်လက်မှတ် အပ်နှင်းခြင်း၊ ကျောင်းသားအသစ်များ လက်ခံကြိုဆိုခြင်းနှင့် ကျောင်းသားကဒ်များ အပ်နှင်းခြင်း (Graduation and Fresher Welcome) တို့ဖြစ်ပါသည်။
(၂၀၁၁-၂၀၁၂ ) စာသင်နှစ်   ကျောင်းသားများ နှင့် ဆရာတော်အပါအ၀င် စုစုပေါင်း အပါး(၃၀၀)ပါး)တို့အား (သင်္ကန်းအစုံ(၃၀၀) လှူဒါန်းမည်)

(အလှု့ရှင် သီတဂူ ဦးမြင့်စိန်+ဒေါ်လှအေး (လှဆန်းယဉ်) မိသားစု) မှ ကျွေးမွေးခြင်းနှင့် သင်္ကန်း အစုံ (၃၀၀) လှူဒါန်းပါမည်။ 
သတင်းအချက်အလတ်နှင့်ဖိတ်စာ ပို့ပေးသော ကျောင်းအမ မပန်းစပယ် အားအထူးကျေးဇူးတင်ပါသည်။ 
ဓာတ်ပုံများဖြင့် ဝေေ၀ဆာဆာ တင်ထားသော်လည်း ပြည်မြန်မာမှ ဓာတ်ပုံများကြည့်ခွင့်မရဖြစ်နေသည်၊ ကျော်ခွကြည့်မှ ကြည့်လို့ရသည်ဟု သိရသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၅-၂၀၁၁

1 comments:

mstint said...

အမှန်တကယ် ထူးကဲမွန်မြတ်တဲ့ သတင်းပါပဲဘုရား။ အလှူရှင်များကို တပည့်တော် အားကျမိပါတယ် သာဓု သာဓု သာဓု သုံးကြိမ်ခေါ်ဆိုသွားကြောင်းပါ ဘုရား။

မေတ္တာဖြင့်
အန်တီတင့်

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes