သီတဂူစတား

သီတဂူစတား

11 July 2012

အောင်မြင်သောနေ့ကို အမှတ်ရခြင်း

အောင်မြင်သောနေ့ကို အမှတ်ရခြင်း
စာမိတ်ဆက်
အောင်မြင်သူတစ်ယောက်က မိမိရဲ့ အောင်မြင်မှု (စာမေးပွဲ၊ စီးပွားရေး၊ အလုပ်)အတွက် အမှတ်တရ ဖြစ်စေ၍ ကောင်းမှုတစ်ခု လုပ်တယ်၊ ထို့အတွက် ဂုဏ်ပြုပို့စ်ရေးတယ်။ အရင်က စာရေးသူ၏ဆိုက်ထဲမှာပဲ မေ ၁၆ ရဲ့မွေးနေ့အတွက် တစ်သက်စာ အမှတ်တရဖြစ်စေရမည့် အရာများတွင် မွေးနေ့ကိုလဲ တစ်သက်စာ အမှတ်ရစေရမည်ဟု ရေးထားခဲ့သည်၊ နောက်တစ်ခုက နှစ်လည်အမှတ်တရမှာလဲ တစ်သက်စာ အမှတ်ရစေရမည့် အရာများထဲက သေခြင်းတရားကို အမှတ်တရဖြစ်ပုံကိုလဲ ရေးခဲ့သည်။ ယခုတော့ တစ်သက်စာအမှတ်တရ ဖြစ်စေရမည့် အရာထဲက အောင်မြင်သောနေ့ တစ်နေ့ပေါ့။
(ဒေါက်တာ အရှင်ဣန္ဒာဝုဓ သီတဂူစတားအား ဆွမ်းန၀ကမ္မ လှူစဉ်)

ဒီပို့စ်လေးက အောင်မြင်သူတွေအတွက် ရည်ရွယ်ပြီး ရေးသားခြင်းဖြစ်ပါတယ်။ သတိရတုန်း ရေးထားသဖြင့် ဘယ်သူတွေ အတွက်ဖြစ်မလဲ စောင့်ရင်းနဲ့ အတော်ကြာသွားပါပြီ။ အခုတော့ ပို့စ်အဖြစ်တင်ဖို့ အချိန်ကျရောက်လာပါပြီ။ ဘုံဘေတက္ကသိုလ်က (Vivaပြီး) ဒေါက်တာဘွဲ့ရသွားသော အရှင်မြတ်နှစ်ပါးနှင့် ကျမ်းတင် (Thesis submission) အရှင်မြတ်တစ်ပါးအတွက် ဖြစ်သွားပါသည်။ ပြီးခဲ့တဲ့ လလောက်က ရှေ့ဆင့်နောက်ဆင့် ဒေါက်တာဘွဲ့ လုံးဝပြီးသော အရှင်မြတ်နှစ်ပါးက ဒေါက်တာစန္ဒာဝရ (မုံရွာ) နှင့် ဒေါက်တာပါရမီ (ထေရ၀ါဒသာသပြု တက္ကသိုလ်)တို့ဖြစ်သည်။ ထိုဒေါက်တာ အရှင်မြတ်နှစ်ပါးက ဘုံဘေတက္ကသိုလ်အသီးသီးရှိ မြန်မာရဟန်းတော် ကျောင်းသားများအား ဆွမ်းကပ်ခြင်း ဆွမ်းအလှူများလှူခြင်းစတဲ့ ကောင်းမှုများဖြင့် သူတို့ရဲ့အောင်မြင်သောနေ့ကို အမှတ်တရဖြစ်စေကြသည်။ အလားတူပဲ ၉-၇-၂၀၁၂ နေ့က ကျမ်းတင်ပြီးသောနေ့အဖြစ် ဘုံဘေသံဃာတော်များအား ဆွမ်းဟင်းများ၊ သစ်သီဝလံများအပြင် တစ်ပါးစီလျှင် ရူပီး ၅၀၀ စီ လှူခြင်းဖြင့် သူ၏အောင်ပွဲကို အမှတ်တရဖြစ်စေသူကတော့ ဒေါက်တာဣန္ဒာဝုဓ ဖြစ်သည်။ ထိုအရှင်မြတ်သုံးပါးအား ဂုဏ်ပြုပါသည်။

အောင်မြင်သောနေ့ကို အမှတ်တရဖြစ်စေခြင်း
ဘုရားရှင်
ဘုရားရှင်များကတော့ ဒေ၀ပုတ္တမာရ် (မာရ်နတ်)၊ ကိလေသာမာရ် (ကိလေသာ-၁၀)၊ အဘိသင်္ခါရမာရ် (ပြုပြင်စီရင်ခြင်း)၊ ခန္ဓမာရ် (ခန္ဓာငါးပါး)၊ မစ္စုမာရ် (သေခြင်း) ဟူသော မာရ်ငါးပါးကို အောင်မြင်သော နေ့ကို အမှတ်တရဖြစ်သည်။ ဘုရားရှင်၏ ဘုရားဖြစ်ပြီး ထိုမာရ်ငါးပါးကို အောင်မြင်ရာ နေရာသည် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ မဟာဗောဓိညောင်ပင်ပဲ ဖြစ်သည်၊ ထိုနေရာကို ဗုဒ္ဓဘာသာဝင်တို့က အောင်မြေဟု သတ်မှတ်ထားကြသည်။ အောင်နိမိတ် အောင်အတိတ် ရချင်သူတွေကတော့ အောင်မြေကို လာရောက်နင်းကြသည်၊ အောင်မြေထဲက အုဋ္ဌ် ကျောက် သဲ ဗောဓိပင်ရွက် စသည့် အမှတ်သား တစ်ခုခုကို ရယူပြီး အမြတ်တနိုးပူဇော်ကြသည်။

ရဟန္တာ
ရဟန္တာအရှင်မြတ်များအတွက်ကတော့ ကိလေသာ အားလုံးကို နှိမ်နှင်းအောင်တော်မူတဲ့ နေ့ဖြစ်ပါတယ်၊ ကိလေသာအားလုံး အောင်မြင်သူသည် ဇိန (အောင်နိုင်သူ) ဟုဆိုနိုင်ပါသည်။ ထို့ကြောင့် ရဟန်းတော်များ အမြဲအမှတ်တရ ဖြစ်စေတဲ့ နေ့ထဲက ကိလေသာတို့ကို အောင်တဲ့နေ့တစ်ဖြစ်ပါသည်။
(ဒေါက်တာအရှင်ဣန္ဒာဝုဓ သံဃာတော်များအား ရူပီး ၅၀၀ စီ န၀ကမ္မအဖြစ် လှူစဉ်)

သာမန်လူတွေရဲ့ အောင်မြင်သောနေ့
စာရေးသူတို့လို အောင်မြင်သူတွေ သို့မဟုတ် အောင်မြင်မှု တစ်ခုခု ရရင် ထိုနေ့ကို အမှတ်တရအဖြစ် တစ်ခုခု လုပ်ကြသည်။ ထိုအောင်မြင်သော နေ့ကို ပုံစံအမျိုးမျိုးနဲ့ ပုံဖော်ကြသည်။ တချို့ကတော့ ပါတီပွဲလေးလုပ်ပြီး ရှမ်ပိန်(champagne) တွေ့ ဖွင့်ပြီး ပျော်ကြသည်၊ တချို့ကတော့ ပျော်ပွဲရွှင်ပွဲတွေနဲ့ အောင်ပွဲကို ဆင်နွဲကြသည်၊ တချို့ကတော့ အောင်မြင်သော နေ့အဖြစ် သူငယ်ချင်းတွေကို ဆိုင်မှာပဲ ဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် အစားအမျိုးစုံနဲ့ အောင်ပွဲကို အမှတ်တရဖြစ်စေသည်။ စာမေးပွဲအောင်လို့ပဲ ဖြစ်ဖြစ်၊ အလုပ်တစ်ခုခု အောင်မြင်လို့ပဲ ဖြစ်ဖြစ်၊ ကံကောင်း၍ ထီပေါက်အောင်မြင်တာပဲ ဖြစ်ဖြစ်၊ ပြိုင်ပွဲတစ်ခုခုကို အနိုင်ရအောင်မြင်တာပဲ ဖြစ်ဖြစ် မည်သည့်အောင်မြင်မှုမဆို အောင်ပွဲအတွက် အထိမ်းအမှတ်တစ်ခုတော့ လုပ်ကြသည်။

စာသင်တိုက်မှာနေစဉ် စာရေးသူတို့ ငယ်ငယ်က ပထမပြန်တန်း (အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း) စာမေးပွဲ ဂေဇာက်(gazette) ထွက်ပြီဆိုရင် စာသင်တိုက်ကြီးထဲက စာရေးသူတို့အဆောင်လေးမှာ အတန်းစုံ စာမေးပွဲအောင်လေ့ရှိတယ်၊ ထိုအောင်မြင်မှုတွင် ပါဝင်တဲ့ ကိုရင် ဦးဇင်းလေးတွေက တစ်ပါးလျှင် ၁၀၀ ကျပ် သို့မဟုတ် ၂၀၀ စသည် ကိုယ်တတ်နိုင်သလောက် စုပေါင်းပြီး အဆောင်နေ သံဃာ သံဃာ ၃၀ သို့မဟုတ် ၄၀ လုံးကို မွန်မြတ်တဲ့ အစားအစာ ကပ်လေ့ရှိသည်။ ကိုရင်ဘ၀ စာသင်နေရတဲ့ အချိန်သည် လာဘ်လာဘမရှိ၍ စာသင်သားများ ပိုက်ဆံ မချမ်းသာကြ၊ သို့ပေမဲ့ မိမိရှိတာလေးနဲ့ စုပေါင်းပြီး အောင်မြင်သော နေ့ကို ဒါနဖြင့် အမှတ်တရဖြစ်စေခဲ့ကြသည်။ စာရေးသူလဲ ထိုချို့တဲ့စွာနဲ့ ပါဝင်ခဲ့ရဖူးသည်။ အလားတူပဲ သာမဏေများ (အနဲစု)သာ ဖြေဆိုရတဲ့ သာမဏေကျော် စာမေးပွဲ ကိုရင်လေးများကလဲ မိမိတို့အောင်ပွဲအတွက် တတ်နိုင်သလောက်ပြုကြသည်၊ စာရေးသူပင် သာမဏေဘ၀က သာမဏေကျော် ပထမဆင့်နှင့်ဒုတိယဆင့်ကို အောင်မြင်ခဲ့သဖြင့် ၂ ကြိမ် အောင်ပွဲအတွက် ဒါနဖြင့် အမှတ်တရဖြစ်စေခဲ့သည်။ စာရေးသူ စာချတန်း (ဓမ္မာစရိယ) တန်းအောင်တော့ စာရေးသူနေတဲ့ အဆောင်က စာရေးသူတစ်ပါးတည်း အောင်သည်၊ သံဃာ ၁၄၀၀ လောက်ရှိတဲ့အထဲက စာရေးသူအပါဝင် ၅ပါးအောင်မြင်ခဲ့သည်။ အလွန်မွဲချာသော စာရေးသူမှာ စာရေးသူနေတဲ့အဆောင်ရှိ သံဃာ ၃၀ လောက်ကို ရှိစုမဲ့စုထဲက ခြစ်ခြုတ်ပြီး ခေါက်ဆွဲဆွမ်းကပ်ပြီး အောင်မြင်သောနေ့ကို အမှတ်တရဖြစ်စေသည်၊ စာရေးသူ၏ ဘုန်းကံကြီးမားတဲ့ သူငယ်ချင်းများကတော့ မိမိတို့ရပ်ရွာမှာ ဂုဏ်ပြုပွဲတွေ အကြီးအကျယ်လုပ်ပြီး အောင်ပွဲခံကြသည်၊ စာရေးသူမှာကား ထိုဘုန်းကံမရှိ၊ ရန်ကုန်မြို့ အောင်လက်မှတ်ဆက်ကပ်ပွဲကိုတောင် အမေနဲ့အစ်မသာ ပါဝင်ခဲ့နိုင်သည်၊ သူငယ်ချင်းတွေကတော့ ရဟန်းဒကာ ရဟန်းအမတွေ၊ ဆွေမျိုးတွေနဲ့ စည်စည်ကားကား တက်ရောက်ကြသည်။

စာရေးသူတို့လို စာမေးပွဲ ၀င်ကြတဲ့ အရပ်သား လူငယ်များကလဲ ၈ တန်း ၉ တန်း ၁၀ တန်းတွေမှာ အထူးအောင်ခဲ့သော် အောင်ပွဲခံပွဲလေး အမှတ်တရလုပ်ကြသည်၊ ဆယ်တန်းအောင်မြင်သူတွေကတော့ အောင်မြင်ရုံလေးနဲ့ပဲ အောင်ပွဲအတွက် အမှတ်တရ လုပ်ကြသည်၊ စာရေးသူတို့တောရွာမှာဆို ဆယ်တန်းဂေဇာက်ထွက်တဲ့ နေ့ဟာ ဘယ်သူအောင်ပွဲခံမလဲဆိုတာ မျှော်တဲ့ နေ့တစ်နေ့လို ဖြစ်နေသည်၊ ဂေဇာက်ထွက်လို့ ကျရှုံးသူတွေကတော့ မိမိရဲ့ အရှုံးပွဲအတွက် မျက်ရည်နဲ့ ရှုံးပွဲခံကြသလို အောင်မြင်သူတွေကတော့ ပြုံးပျော်စွာ ပါတီပွဲလေးတွေနဲ့ အောင်ပွဲနေ့ကို အမှတ်တရဖြစ်စေကြသည်၊ အောင်ပွဲခံကြသည်။

ကောင်းကံမှ အကြောင်းကံ
ရှေးကုသိုလ် (ကောင်းကံ) ကံကြောင့် အောင်မြင်မှုလေးတွေ အထိုက်အလျှောက်ရရှိလာသလို လက်ရှိဘ၀ အားထုတ်မှုရဲ့ ပစ္စုပ္ပန်ကံတို့ ပေါင်းစပ်လိုက်တဲ့အခါ ပိုမိုပြီး အောင်မြင်မှုတွေ ရလာခြင်းဖြစ်သည်။ ထိုအကြောင်းကောင်းကံကြောင့် ရလာတဲ့ အကျိုးကောင်းကံလေးတွေကို ဒီဘက်ဘ၀မှာ အကျိုးမများ၊ အချည်းအနှီးမဖြစ်စေဘဲ အကြောင်းကောင်းကံ ဖြစ်အောင် လုပ်ရန် မမေ့ကြဖို့ လိုအပ်သည်။

တခါက ၀ိသာခါကျောင်းအမလောင်းက ဘာသာခြား ယောက်ျားနှင့် ယောက္ခများနောက်သို့ လိုက်သွားရသည်။ တနေ့တော့ အိမ်ပေါက်ဝ ရဟန်းတော်တစ်ပါး ကြွလာတော့ ၀ိသာခါမှာ အခက်တွေ့နေသည်၊ မိမိကိုယ်တိုင်ကလဲ ရဟန်းတော်များအား မဖူးရ မလှူရရင် မနေနိုင်၊ ဒါပေမဲ့ နေရတဲ့အိမ်က ဘာသာခြားအိမ်ဖြစ်နေသည်၊ ရဟန်းတော်များအား ဆွမ်းတစ်ဇွန်းကိုမျှ မလောင်းဘူး၊ ရဟန်းကြွလာတာကို ယောက္ခမကြီးကမြင်သည်၊ အိမ်ပေါက်ဝရောက်လာတဲ့ ရဟန်းကို မြင်လိုက်တာနဲ့ မျက်နှာလွှဲသွားသော ယောက္ခမကို ၀ိသာခါက အကဲခက်နေသည်။ ၀ိသာခါက မနေနိုင်၍ ရဟန်းတော်နားသွားပြီး လက်အုပ်ကလေးချီကာ “အရှင်ဘုရား ကန်တော့ဆွမ်းပါဘုရား၊ တပည့်တော် ယောက္ခမက အဟောင်း (ပုရာဏ)ကိုပဲ စားနေသူပါဘုရား”ဟု လျှောက်ထားသည် ထိုအသံကို ကြားသွားသော ယောက္ခမကြီးသည် သူ့ကို သူ့ချွေးမက မစင် (ချီး) တွေစားပါတယ်လို့ ပြောတယ်ထင်ပြီး မျက်ထောက်တွေနီပြီး ဒေါသထွက်နေသည်။ တကယ်တော့ ၀ိသာခါက “ပုရာဏံ ခါဒတိ-အစာဟောင်းကို စားတယ်”လို့ ပြောလိုက်ခြင်းသည် ရှေးကောင်းမှုကံကိုပဲ ထိုင်စားနေတယ်၊ ကောင်းကံ အသစ်ကို မဖန်တီးဟု ရည်ရွယ်ပြောသည်။

ထို့ကြောင့် ပုရာဏံ ခါဒတိ မဖြစ်ရလေအောင် အကြောင်းကောင်ကံအသစ်အသစ်တွေကိုလဲ ဆထက်ပိုပြီး ပြုသင့်သည်။ ဒီကနေ့ ဒေါက်တာ အရှင်မြတ် ၃ ပါးတို့က မိမိ၏ ရှေးကံကြောင့်ရော ပစ္စုပ္ပန်ဘ၀၏ ကြိုးစားမှုရော ပေါင်းစပ်ပြီး ရလာတဲ့ အောင်မြင်မှုအသီးအပွင့်ကို အကြောင်းကောင်းကံအသစ် မျိုစေ့ ဖြစ်အောင် ဖန်တီးယူလိုက်တာပဲ ဖြစ်သည်။ ထိုကဲ့သို့သော အောင်မြင်မှု အဆင့်ဆင့်ကနေ တကယ့်အောင်နိုင်သူ အစစ် ဇိန ဖြစ်အောင် အားထုတ်ကြရမှာ ဖြစ်သည်။ ဇိန ဖြစ်ခြင်းသည် ဗုဒ္ဓဘာသာဝင်တို့၏ နောက်ဆုံး ပန်းတိုင်ဖြစ်သည်။

အောင်နိုင်သူ အစစ်
အောင်နိုင်သူကို ဇိန ဟုခေါ်သည်။ (အိန္ဒိယအခေါ် ဂျိန (ဂျိန်း)။ တခါက ဘုရားရှင်သည် သူရထားသည့်တရားထူးတရားမြတ်ကို ကျေးဇူးရှိတဲ့သူတွေကို အရင်ဆုံး ကျေးဇူးဆပ်မည်ဟုသော ရည်ရွယ်ချက်ဖြင့် ခရီးကြွလာရာ ဆရာတော်ခဲ့ဖူးသူ အာဠာရနှင့် ဥဒကတို့လဲ ဆုံးသွားကြပြီ။ နောက် ကျေးဇူးရှိဆုံးသူများက သူ ၆ နှစ်လုံးလုံး တရားအားထုတ်စဉ်က ပြုစုစောင့်ရှောက်ခဲ့သော ပဉ္စ၀၀္ဂီ ငါးဦးဖြစ်သည်။ သူတို့အထံအသွား လမ်းမှာ တက္ကဒွန်း ဂျိန်း (ဇိန) အမည်ခံ ဥပကကြီးနဲ့တွေ့သည်။ ဘုရားရှင်ကို မြင်တော့ သူ အံ့သြသည်၊ ဘုရားရှင်ကိုမေးခွန်းတွေ မေးသည်။ ဘုရားရှင်က ဥပက-- တကယ့်အောင်နိုင်သူဆိုတာ ကိုယ့်သန္တာန်မှာ အကုသိုလ်စိတ်တွေ ကိလေသာတွေကို အောင်နိုင်မှ ဇိနလို့ခေါ်တာ။ ငါ့ဘုရားရှင်က ထို အကုသိုလ်တွေကို အောင်ပြီးဖြစ်လို့ တကယ့်အောင်နိုင်သူ (ဇိန) ဖြစ်တယ်ဟု ပြောတော့ ဥပကကြီးသည် ခေါင်းလေး ရမ်းပြီး ပြောလိုက်ပုံက “ဟုပေယျပါဝုသော- ဖြစ်နိုင်ဖွယ်ရှိတယ်၊ ဟုတ်ချင်လဲဟုတ်မှာပါလေ” ဟုသာ။ ကိုယ့်သန္တာန်က ကိလေသာ အကုသိုလ်စိတ်တွေ နှိမ်နှင်းအောင်နိုင်သူများကို ဇိန-တကယ့်အောင်နိုင်သူအစစ်များ ဖြစ်ကြသည်။ ဘုရားရှင်တို့ကိုတော့ အနန္တဇိန ဟုခေါ်သည်။

အောင်မြင်သောနေ့ကို အမှတ်တရဖြစ်စေသော အားဖြင့် ကောင်းမှူပါရမီများ ပြုကြသည်။ ကောင်းမှုပါရမီများဖြင့် အောင်ပွဲခံသည်။ ထိုအောင်ပွဲမှ သည်တကယ့်အောင်ပွဲခံအဖြစ် ဇိနဘွဲ့ခံ ရသည်အထိ မျှော်မှန်း တက်လှမ်းနိုင်ကြပါစေကုန်သတည်းးးးးးးးးးးးးး။

ဒေါက်တာအရှင်မြတ်များအား မိမိ တတ်နိုင်သော ဤမဖြစ်စလောက်ပို့စ်လေးဖြင့် ဂုဏ်ပြု (Congratulation!!!!!) လိုက်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၁-၇-၂၀၁၂

08 July 2012

မဟာဗောဓိအသံ (The voice of Mahabodhi)

မဟာဗောဓိအသံ
(The voice of Mahabodhi)
စာမိတ်ဆက်
မဟာဗောဓိပင်အောက်က ဘ၀ဂ်ညံတဲ့ အသံတွေ ဂီတဉ္စလီအသံတွေ အသံအမျိုးစုံ ဟန်အမျိုးစုံ အသွင်အမျိုးစုံနဲ့ စည်ကားလျက်ရှိသည်။ ယခုအခုအချိန် ဗုဒ္ဓဂယာရဲ့ ဆောင်းရာသီသည် အသည်းခိုက်အောင်အေးသည် သို့သော် တဖွဲဖွဲကျလာတဲ့နှင်းဖွေးဖွေးက အအေးဒဏ်ကို ကာကွယ်ပေးနေသည်။ မနက်မိုးလင်းတာနဲ့ ဂယာရဲ့ဆောင်းရာသီကို အံတုပြီး မဟာဗောဓိဘုရားရှင်ဆီသို့ ဦးတည်သွားကြသော လူအမျိုးမျိုးကိုလည်း မြင်တွေ့နေရသည်။ သူတို့တတွေ ဘယ်သူတွေလဲ ဘာလုပ်သွားကြတာလဲ?
အသွင်အမျိုးစုံ ကာလာအစုံ ယုံကြည်ချက်အမျိုးနဲ့ နိုင်ငံပေါင်းစုံက သူတို့တတွေရဲ့ စိတ်ထဲမှာ တူညီသော ယုံကြည်ချက် ပိုင်ဆိုင်ထားကြသည်။ အဲဒီယုံကြည်ချက်ကတော့ ‘‘ဤမဟာဗောဓိပင်အောက်မှာ ဘုရားရှင်သည် မာရ်ငါးပါးကို အောင်ပြီး ဘုရားဖြစ်ခဲ့ခြင်းနှင့် ဘုရားဖြစ်ပြီးချင်း ဤမဟာဗောဓိပင်၏ ၀န်းကျင်က ၇ ဌာနမှ ၇ ရက်စီ ၄၉ ရက်တိုင်တိုင် နေခဲ့သည်၊ ဘုရားဖြစ်ရာ ဤနေရာ (The Buddha was born here)’’ဟုပင်တည်း။ ထို့ ဤနေရာကို the Holiest Place အမြတ်ဆုံးနေရာဟု ဆိုသည်။
(တိပိဋကရွတ်ဖတ်ပွဲ ဖွင့်ပွဲတွင် ဖူးမြင်ရသော ရွှေကျင်ဆရာတော်ကြီးနှင့် သီတဂူဆရာတော်)

ဘာသာပေါင်းစုံက သူတော်စဉ်တွေ ထိုမြေမြတ်မဟာ (the Holiest Place) မှာ လာရောက် စုဝေးကာ မိမိတို့ ယုံကြည်ချက်အသီးသီးဖြင့် ထိုမြေမြတ်မဟာကို ဂါရ၀ပြုကြသည်၊ ထေရ၀ါဒ မဟာယာန ဇင် ဟိန္ဒူ တိဗက် စသည်ဖြင့် ၀ါဒတွေကွဲနေပေမဲ့ မြတ်ဗုဒ္ဓကို လေးစား ကြည်ညိုကြတာခြင်းတော့ တူညီကြသည်၊ မဇ္ဈိမဒေသမှာ မြတ်ဗုဒ္ဓဟောသည့် မဇ္ဈိမပဋိပဒါသည်လည်း ထိုဝါဒကွဲများ၏ တစ်ခုတည်းသော တူညီသည့် လမ်းကြောင်းဖြစ်သည်။ ထို့ကြောင့် အသွင်မတူ ကာလာမတူ ပုံစံ မတူပေမဲ့ မြတ်ဗုဒ္ဓ မဇ္ဈိမပဋိပဒါတည်းဟူ ပုခက်ထဲမှာ အတူကြီးပြင်းလာကြသည့် သွေးချင်းနီး ညီအစ်ကို မောင်နှမများ ဖြစ်ကြသည်။ မြတ်ဗုဒ္ဓ၏သာသနာ တိုးတက်ရန်နှင့် ခိုင်မာရန်အတွက် ကျွန်ုပ်တို့တတွေဟာ မတူတာတွေ ဘေးဖယ်ထားပြီး တူတာလေးတွေနဲ့ ပေါင်းစုပြီး ခရီးလျှောက်ကြရန် ဖြစ်ပါသည်။
(ဆရာတော်ကြီးအား လာရောက်ဖူးမြင်သော ဒကာတစ်ယောက်)

မဟာဗောဓိအသံ
မဟာဗောဓိပင်၏ အရပ်လေးမျက်နှာမှ မြတ်ဗုဒ္ဓ၏ ၄၅ နှစ်တိုင်တိုင်ဟောကြားခဲ့သော ၀ါကျပေါင်း ရှစ်သောင်း လေးထောင် (၈၄၀၀၀) ပါဝင်သည့် ပိဋကတ်သုံးပုံ အသံများ ဖြစ်သည်။ မဟာဗောဓိပင်ဝန်းကျင်တွင် ဗုဒ္ဓအသံများဖြင့် လွမ်းမိုးလျက်ရှိသည်မှာ ကြည်နူးစရာ ကောင်းလှသည်။
ဒီဇင်ဘာလ ၂ ရက် မှ ၁၂ ရက်နေ့ အထိ ၁၀ ရက်တိုင်တိုင် ထူးခြားသည့် ပူဇော်ပွဲကြီးကတော့ နိုင်ငံတကာ တိပိဋက ရွတ်ဆိုပွဲကြီး (International Tipitaka Chanting)ဖြစ်သည်။ ယခုအကြိမ်သည် (၇) ကြိမ်မြောက်ဖြစ်သည်။ မဟာဗောဓိပင်အောက်မှာ နိုင်ငံပေါင်းစုံက မဏ္ဍပ်များရှိသည်၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဗောဒီယား၊ သီရိလင်္ကာ၊ ဗီယတ်နမ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါစသည်ဖြင့် ထေရ၀ါဒဗုဒ္ဓဘာသာမဏ္ဍပ်တွေ အပြင် မဟာယာန တိဗတ် စသော မဏ္ဍပ်များစွာကိုလည်း တွေ့ရသည်။ ထိုပွဲကြီးကို စပွန်ဆာပေးသည့် အလှူရှင်မှာ အမေရိကန်နိုင်ငံက ဗုဒ္ဓဘာသာ အမေရိကန်မိသားစုဖြစ်သည်။ ထိုမိသားစုသည်လည်း စိတ်ဝင်စားစရာကောင်းသည်၊ စီမံခန့်ခွဲရေးတာဝန်ကိုတော့ နိုင်ငံတကာက အလှည့်ကျ တာဝန်ယူ ဆောင်ရွက်ရသည်။ အလွန်ကြီးကျယ်သည့် ပွဲဖြစ်သဖြင့် တာဝန်လဲ အလွန်ကြီးပါသည်။ အလှည့်ကျသည့် နိုင်ငံက ကိုယ်စွမ်းနိုင်သလောက် လူအင်အား ငွေအင်အား ဥာဏ်အင်အားတို့ဖြင့် အပြိုင်အဆိုင် ထုတ်သုံးကြသည်။

ဒါနပြိုင်ပွဲကြီး
စာရေးသူလည်း မဏ္ဍပ်ပေါင်းစုံကို လေ့လာသည်၊ နိုင်ငံတကာ မဏ္ဍပ်အသီးအသီးမှရှိသော သူတွေရဲ့ လှုပ်ရှားမှုတွေကိုလဲ ဂရုထားမိသည်။ သူတို့တတွေဟာ မဏ္ဍပ်တစ်ခုနှင့် တစ်ခု ပြိုင်နေကြသလိုပဲ။ မပြိုင်ပါဘူးလို့ ပြောနေရင်တောင် ရင်ထဲမှာတော့ ကြိတ်ပြီးပြိုင်နေကြမှာ အမှန်ပင်၊ စာရေးသူပင် ကိုယ့်မဏ္ဍပ်က သူများမဏ္ဍပ်ထက် အပြင်အဆင်နှင့် ဘုရားရှင်အား ပူဇော်ပုံတွေကို ကြည့်ပြီး ဂုဏ်ယူနေမိသည်၊ ဘုရားရှင်ကို ပန်း ဆီမီး သစ်သီးစုံ စသည်တို့ဖြင့် ပူဇော်ထားသည်မှာ မြန်မာကို မှီသည့် နိုင်ငံမရှိဟု တွေးပြီး ပီတိတွေ ဖြစ်နေမိသည်။ မြန်မာမဏ္ဍပ်ကို မဂဓရှိ တာဝန်ရှိမြန်မာကျောင်းသား ရဟန်းများနှင့် မြန်မာကျောင်းသားများ၏ ကျောင်းအမကြီးတို့ ပြင်ဆင်ထားသည်။ မြန်မာပြည်အနှံ့အပြားမှာ ပူဇော်နေကြတဲ့ ပဋ္ဌာန်းပွဲများ အပြင်အဆင်နှင့်တူသည်၊ ပဋ္ဌာန်း ၂၄ ပစ္စည်းကို ပုံဖော်သောအားဖြင့် အသီးစုံကန်တော့ပွဲ ၂၄ခု ပြင်ဆင်ထားသည်။ ထိုပုံစံမျိုး မြန်မာမဏ္ဍပ်ကလွဲရင် ဘယ်မဏ္ဍပ်မှ မတွေ့ရ။ ရဟန်းပရိသတ်အင်းအားဘက်က ကြည့်ပြန်ရင်လဲ မြန်မာက ထိပ်ဆုံးက ဖြစ်သည်၊ အသွင်အပြင်မှာ ရော ရွတ်ဖတ်သည့် အသံမှာရော မြန်မာက ပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင် ရှိသည်ဟု ထင်သည်။
(မဟာဗောဓိပင်အောက် မြန်မာမဏ္ဍပ်တွင် မြန်မာရဟန်းတော်များ)
(မြန်မာမဏ္ဍပ်ရှေ့မှာ အမှတ်တရ စာရေးသူနှင့်မဂဓကျောင်းသား)

မြန်မာလိုပဲ ထိုင်းနိုင်ငံက မဏ္ဍပ်သည်လည်း ကြည့်လို့ကောင်းသည်၊ ရဟန်းပရိသတ် မြန်မာလောက် မရှိပေမဲ့ လူဝတ်ကြောင်ပရိသတ် အများဆုံးဖြစ်သည်၊ ဟိုတယ်မှာ ပိုက်ဆံ အများကြီး ပေးပြီး တိပိဋ လာရွတ်ကြသည့် ထိုင်း အမျိုးသား အမျိုးသမီးများကိုလဲ အထူးလေးစားမိသည်၊ စာရေးသူတို့ မြန်မာ မဏ္ဍပ်မှာတော့ လူဝတ်ကြောင် အနည်းငယ်မျှသာ ရှိသည်။ လာမည့် ၂၀၁၂ ခုနှစ်မှာ မြန်မာပြည်က ဦးဆောင် တာဝန်ယူကြရမည် ဖြစ်သဖြင့် လူအင်အား ငွေအင်အား များစွာ အသုံးပြုရပေလိမ့်မည်၊ ထို မြန်မာပြည်က ကုသိုလ်ရှင်များ ကြိုတင် ပြင်ဆင်ထားသင့်သည်။

မြန်မာမဏ္ဍပ်ကို ထိုင်းတွေ ဗီယက်နမ်တွေ ထိုင်ဝမ်တွေ လာရောက်လေ့လာ လှူဒါန်းကြသည်၊ ဒါတွေကိုလဲ အတုယူရလိမ့်မည်၊ ဒီနှစ် ဦးဆောင်တာဝန်ယူရသည့် နိုင်ငံမှာ လာအိုနိုင်ငံနှင့် ဘင်္ဂလားဒေရှ်နိုင်ငံ ဖြစ်သည်၊ အင်အားနည်းသဖြင့် ထိုင်းနိုင်ငံက ပံ့ပိုးသည်။ စာရေးသူ ထိုင်းနိုင်ငံကို အားကျသည်မှာ အလှူအတန်းပင်ဖြစ်သည်။ အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာရှိသည့် နေရာတိုင်းမှာ ထိုင်းနိုင်ငံအမှတ်အသားတွေ့ရသည်၊ ဂယာလေဆိပ်မှာပင် ထိုင်းပုံစံ ရုပ်ပွားဆင်းတုတော်ကြီးကို တွေ့ရသည်၊ နေရာတိုင်းမှာ ထိုင်းနိုင်ငံရှိသည်ဟု မပြောသော်လည်း သိနေကြရသည်။ ကိုယ့်မဏ္ဍပ်ရှိ ရွတ်ဖတ် ပူဇော်နေကြသော ရဟန်းများကိုသာ လှူတန်းသည်မဟုတ် တခြားနိုင်ငံ မဏ္ဍပ်များရှိ ရဟန်းများကိုလည်း သွားရောက် လှူတန်းသည်၊ ဒါလေးတွေလဲ စာရေးသူ ရင်ထဲမှာ ထိုင်းနိုင်ငံသူနိုင်ငံသားတွေကို အလိုအလျောက် အမှတ် ပေးနေမိသည်။

အလားတူ ဗီယက်နမ်မှ သီလရှင်နှင့် ဒကာဒကာမတွေကလဲ မဏ္ဍပ်တိုင်းရှိ ရွတ်ဖတ် ပူဇော်နေကြသော အဖွဲ့ဝင်အားလုံးကို ဆွမ်းစားရာ မဏ္ဍပ်မှာပင် အလှူငွေများ လှူနိုင်သည်မှာလည်း လေးစားစရာ၊ လာမည့်နှစ်မှာ စာရေးသူတို့ မြန်မာနိုင်ငံက ဦးဆောင်ရမည် ဖြစ်သဖြင့် ဒါလေးတွေက အစ လေးလေးနက်နက် စဉ်းစားပြီး တတ်နိုင်တဲ့အလှူရှင်များက ထွက်လာပြီး နေရာယူသင့်သည်။
(မြန်မာမဏ္ဍပ်တွင် မြန်မာရဟန်းတော်များအား လာရောက်လှူဒါန်းကြသော အလှူရှင်များ)

ဒါနဆိုတာ ပြိုင်သင့်
အလှူဒါနပြုရာဝယ်သော်၎င်း၊ ကောင်းတာလုပ်ရာဝယ်၎င်း ပြိုင်ဆိုင်သင့်သည်။ သူ့ထက် သာအောင် လှူနိုင်ရမည်၊ သူ့ထက်သာအောင် ကောင်းတာ ပိုလုပ်နိုင်ရမည်ဟူသော သူတစ်ပါးကို မထိခိုက်စေသော အနုပဟစ္စဒါနမျိုးကိုကား ပြိုင်ကောင်းသည်။

ဘုရားလက်ထက်တော်က ကောသလမင်းကြီးနှင့် ပြည်သူတွေ အလှူဒါနပြိုင်ကြသည်၊ ဘုရင်က သာလိုက်၊ ပြည်သူတွေက ပြန်သာသွားလိုက်၊ ၆ ကြိမ်တိုင်တိုင် အလှူဒါန ပြိုင်ကြရာဝယ် ပြည်သူတွေရဲ့ အလှူဒါန စီမံရာမှာ ဘာဆို ဘာမှ ဟာကွက်မရှိ လိုအပ်ချက်မရှိ၊ လုံးဝ ပြည့်စုံနေသဖြင့် ဘုရင်ကြီး အရှုံးကြီးရှုံးကာ လက်မှိုင်ချပြီး စိတ်ဓာတ်ကျနေသည်၊ ထက်မြက်သည့် မလ္လိကာ မိဘုရားရဲ့ အကူညီကြောင့် ဘုရင်ကြီး၏ အလှူသည် ပြိုင်ဘက်မရှိ အသဒိသဒါနဖြစ်လာရသည်။ ထိုဇာတ်လမ်းအရ အမျိုးသမီးများ ဦးဆောင်နိုင်သည်ဟုပင် ဖြစ်သည်။ ယခု ပိဋကတ်သုံးပုံ ရွတ်ဖတ်ပူဇော်ပွဲကြီးမှာ ရဟန်းကလွဲရင် အများစုက အမျိုးသမီးများက ဦးဆောင်နေသည်။ စပွန်ဆာပေးသည့် အမေရိကန်က အလှူရှင်တို့သည်ပင် အမျိုးသမီးက အဓိက ဖြစ်နေသည်။ နောက်ဆုံးရက် ၁၃ ရက်နေ့မှာ နှစ်စဉ် အစီအစဉ်အတိုင်း တစ်နေရာစီသော ဌာနများကို ပါဝင် ရွတ်ပွားသူများကို ဘုရားဖူးပို့ပေးသည်၊ ဒီနှစ်မှာတော့ ဗာရာဏသီကို ပို့ပေးသည်၊ လိုက်သွားကြသည့် သီတင်းသုံးဖော်တွေကတော့ ထိုစပွန်ဆာ ပေးသည် မစ်စ်ဝမ်းမိုးနဲ့ သူ၏ မိသားစု၊ ညီမ၊ မိဘတို့အကြောင်းကို အာဘောင်အာရင်း သန်သန် ပြောပြပါတော့သည်၊ အလွန်တော်သည့် မိသားစုဖြစ်ကြောင်း တစ်ယောက်တမျိုး ပြောသည်ကို ကြားရသဖြင့် ပီတိဖြစ်မိသည်။ အမျိုးသမီးများ ဦးဆောင်သည့် ပွဲဖြစ်သည်။

စာရေးသူတို့ မြန်မာပြည်ကတော့ ဘယ်သူတွေ ဦးဆောင်မလဲ၊ ဗုဒ္ဓဂယာမြေမြတ်မဟာသို့ ဘုရားဖူးရောက်လာကြသည့် အဖွဲ့တိုင်းမှာ အမျိုးသမီးက ၉၀ ရာခိုင်နှုံးပါနေသည်။ အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် အားလုံး ၂၀၁၂ ခုနှစ် မြန်မာပြည်သူ ပြည်သားတွေ ကိုယ်စား ဤမြေမြတ်မဟာဝယ် လာရောက် ပေါင်းစုပြီး ကောင်းမှုပါရမီပြုကြရင်း စေတနာ သဒ္ဓါအားပြိုင်ပွဲကြီးမှာ ပါဝင်ကြပါရန်ပါ ထပ်လောင်းပြီး နှိုးဆော်လိုက်ပါသည်။
(ထိုင်းနိုင်ငံမဏ္ဍပ်တွင် တွေ့မြင်ရသော ပိဋကတ်ရွတ်ဖတ်ပူဇော်သူများ)

ရည်ရွယ်ချက်နှင့် အခွင့်လမ်း
ဤကဲ့သို့ တိပိဋက ပါဠိတော်တွေ စုပေါင်းရွတ်ဆိုခြင်းဖြင့် ဘာအကျိုးရှိအံ့နည်းဟု မေးဖွယ်ရှိသည်။ တကယ်တော့ လက်တွေ့ အကျိုးကျေးဇူးကတော့ နိုင်ငံပေါင်းစုံက ဗုဒ္ဓဘာသာအချင်းချင်း ချစ်ခင်ရင်းနှီးမှုရရှိသည်၊ ထိုသို့ ဗုဒ္ဓဘာသာအချင်းချင်း မေတ္တာ ကရုဏာတွေ ဖလှယ်ခြင်းဖြင့် ညီညွတ်မှုတစ်ခုကို ကောင်းကောင်း တည်ဆောက်ထားနိုင်ခြင်းကြောင့် သာသနာတော်၏ ဗဟိဒ္ဓဘေးရန်တွေကို အလွယ်တကူ ပူပေါင်း ကာကွယ်နိုင်သည်။ ဗုဒ္ဓဘာသာ၏အင်အားစု စည်းလုံးမှုနှင့် ငြိမ်းချမ်းသော ဘာသာတစ်ခုကို တကမ္ဘာလုံးကို မိတ်ဆက်ပေးရာလည်း ရောက်ပါသည်။ နိုင်ငံအသီးသီးက ကိုယ်စွမ်းနိုင်တဲ့ဘက်ကနေ အပြိုင်အဆိုင် မိတ်ဆက်ပေးနေကြသည်မှာလဲ ဗုဒ္ဓဘာသာရဟန်းတစ်ပါးအနေနဲ့ အလွန်ဝမ်းသာစရာပင်။

ပါဠိစာပေကို ရွတ်ဆိုခြင်း နာကြားခြင်းဖြင့် ဘုရားနှင့်တွေ့ တရားအနှစ်နဲ့တွေ့ အရှင်မဟာကဿပ အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလာန် စသော ဘုရားသားတော်များနှင်တွေ့ရသဖြင့် ဗုဒ္ဓါနုဿတိ ဓမ္မာနုဿတိ သံဃာနုဿတိများ ပွားများရာရောက်သည်။ ပါဠိဘာသာရွတ်ဆိုခြင်းဖြင့် ဘုရားဟော ပါဠိပိဋက အထုံလည်းရနိုင်ပါသည်၊ ထိုအထုံက ပဋိသမ္ဘိဒါဥာဏ်ကို အထောက်အပံ့ပေးပါသည်။ ရွတ်သူ နာသူတို့မှာ ပါဠိဘာသာဖြင့် ရွတ်ဆိုသော ဘုရားဟောပါဠိတော်များကို နားမလည်သော်လည်း အဘိဓမ္မာကို နာကြားလိုက်ရသော လင်းနှို့သား ငါးရာတို့ကဲ့သို့ အကျိုးထူးလည်း ရနိုင်ပါသည်။ ရွတ်ပွားသရဇ္ဈာယ်သော အရှင်မြတ်များအနေနဲ့ မတွေ့ဖူးသော စာပေ၏အရသာကို ခံစားရခြင်း၊ တွေ့ဖူးပြီး စာပေကိုလည်း ပြန်လည်ဆန်းစစ်နိုင်ခြင်းများလဲ ရနိုင်ပါသည်။

မြန်မာ့တာဝန်
ဒီကနေ့ ရွတ်ဖတ်ပူဇော်ပွဲ နောက်ဆုံးနေ့မှာပဲ မြန်မာအဖွဲ့ Chanting ဦးဆောင်ဖြစ်သည့် ဆရာတော်က ‘‘၂၀၁၂ နှစ်မှာ တပည့်တော်တို့ မြန်မာက ဦးဆာင်ဦးရွက် (Chief Organizer) လုပ်ဖို့ တာဝန်ယူထားကြောင်း၊ ဒီတာဝန်ကိုလည်း မြန်မာနိုင်ငံကိုယ်စား မြန်မာ့ဂုဏ်ဆောင်အနေနဲ့ မဖြစ်မနေ ယူရကြောင်းနှင့် လာမည်နှစ် မြန်မာ အဓိက ဦးဆောင်တာဝန်ယူရမည်ဟု ကြေငြာသောအခါ ထိုင်းတွေက ရယ် (ရီ)သတဲ့၊ မြန်မာက သူတို့ထက် ငွေကြေးအားဖြင့် နိမ့်ကျနေသောကြောင့် သူတို့စိတ်ထဲမှာ မြန်မာက ဒီလိုပွဲမှာ ဦးမဆောင်နိုင်ဟု သဘောပင်။ သို့သော်လည်း မြန်မာကျောင်းသားများသည် တိပိဋကစာပေအပိုင်းကရော ဘာသာသာစကားဘက်ကပါ သူတို့ထက် ပေါက်တာတော့ အမှန်ပင်ဖြစ်ကြောင်း’’ဟု ပြော။ မှန်ပါသည်၊ စာရေးသူတို့ မြန်မာကျောင်းသားများသည် သူတို့လောက် ငွေကြေးမသုံးနိုင်စေကာမူ အတတ်ပညာ အသိပညာပိုင်းမှာတော့ သူတို့ထက် မညံ့။ ထို့ကြောင့် သူတို့တောင် လုပ်နေသေးတာပဲ ကိုယ်က ဘာလို့ မလုပ်နိုင်ရမှာလဲ ဟုသော ရှိသင့်သောမာန (သေ၀ိတဗ္ဗမာန) ထားရမည်။

ယခု စာရေးနေတဲ့အခိုက်မှာပင် ဒီသတင်းကို ကြားသိကြသော မြန်မာနိုင်ငံမှာ သိန်းတစ်ရာ (၁၀၀) အလှူရှင်များ ၅ ဦး သိန်း ၅၀၀ ထွက်ပေါ်လာခဲ့သည်။ သဒ္ဓါတရားနှင့် စေတနာပိုင်းမှာ စာရေးသူတို့ မြန်မာကို မှီမည်မထင်၊ ဘယ်နေရာမှာ ဘယ်လို လှူရမလဲဆိုတာ သိအောင် ပြောပြပေးဖို့ပဲ လိုသည်၊ နောက်က လိုက်လာကြမည်မှာ မလွဲ။

သီတဂူဆရာတော်နှင့် တိပိဋက ရွတ်ပွဲ
သီတဂူဆရာတော်ကြီးသည် နှစ်စဉ်နီးပါး ဤ နိုင်ငံတကာ တိပိဋက ရွတ်ဆို ပူဇော်ပွဲကြီးမှာ တက်ရောက်လေ့ရှိသည့်အတွက် အလှူရှင် မစ်စ် ၀မ်းမိုးနှင့်လဲ ရင်းနှီးအကျွမ်းဝင်ပြီး ဖြစ်သည်၊ ဒီနှစ်မှာလဲ ဆရာတော်ကြီးသည် ဖွင့်ပွဲမှာတက်ရောက်၍ မိန့်ခွန်းပြောသွားခဲ့သေးသည့်အပြင် ညပိုင်းမှာလဲ ဗောဓိပင်အောက် တရားပွဲ ဟောသွားခဲ့သေးသည်၊ ပရိသတ်များ ကျေနပ်ကြသည်။ လာမည့်နှစ်မှာလဲ သီတဂူဆရာတော်ကြီးလည်း အဓိက အခန်းကဏ္ဍကနေ ဦးဆောင် ပါဝင်မည်ဟု သိရသည်။ ဒီနှစ်မှာ ထူးခြားသည့် အချက်တစ်ချက်ကတော့ မြန်မာနိုင်ငံ ရွှေကျင်သံဃာ့ရာဇာ ၀ါဆိုဆရာတော်ကြီးနှင့် သက်တော်ရှည် လာအို သံဃာ့ရာဇာတို့ တက်ရောက်သည်။

လာမည့်နှစ် ၂၀၁၂ နှစ်အတွက် ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသလောက် ပါဝင်နိုင်ကြစေရန် သတင်းကောင်း ပါးလိုက်ရပါသတည်း။။။

မှတ်ချက်။ ။ ဒီမဟာဗောဓိအသံ ပို့စ်သည် ပြီးခဲ့တဲ့ ဒီဇင်ဘာက ရေးထားသည့် ပိဋကတ်ရွတ်ဖတ်ပူဇော်ပွဲ နှိုးဆော် လက်ကမ်းစာစောင်အတွက် ဖြစ်သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၁၂-၂၀၁၁

02 July 2012

ရခိုင်တိုင်းရင်းသားများအလှူ (အိန္ဒိယ)

ရခိုင်တိုင်းရင်းသားများအလှူ (အိန္ဒိယကျောင်းသားများ)
“အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင် မြန်မာကျောင်းသား ရဟန်းတော်များ သာယာဖွံ့ဖြိုးရေး အဖွဲ့ကြီးမှ ရခိုင်ပြည်နယ်အတွင်း ဒုက္ခရောက်နေကြသော ဗုဒ္ဓဘာသာဝင်တို့အား မြန်မာကျပ်ငွေ ၂၆ သိန်း ၂ သောင်း တိတိကို ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှတဆင့် ဒေါက်တာ အရှင်ဥာဏိက၊ အရှင်သောပါက တို့က အဖွဲ့ကြီးကိုယ်စား ၃၀-၆-၂၀၁၂ နေ့တွင် လှူဒါန်းပါသည်။ ” ဟု အဖွဲ့ကြီး၏ အထွေထွေ အတွင်းမှူးဆရာတော်ထံမှ သတင်းရရှိသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂-၇-၂၀၁၂

01 July 2012

သီတဂူဓမ္မစကူးလ်

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သို့မဟုတ် သီတဂူဓမ္မစကူးလ်
သီတဂူသာသနာပြုအဖွဲ့အောက်ရှိ ပညာရေးကဏ္ဍဖြစ်သည့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်သည် သာသနာ့နွယ်ဝင် ရဟန်းတော်၊ သာမဏေ၊ သီလရှင်များတို့အားသာ ပညာဒါန-ပညာရေးအလှူပေးသည်မဟုတ်၊ သာသနာတော်ကို ချီးမြှောက်ကြသည့် သာသနာ့ဒါယကာ ဒါယကာမများနှင့် ဗုဒ္ဓစာပေများကို စိတ်ဝင်စားသူတို့အားလဲပဲ ပညာရေး ကုသိုလ်များ ပေးလျှက်ရှိပါသည်။ အထူးသဖြင့် ဓမ္မကိုပေးရာ ဌာနဖြစ်သောကြောင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်သည် ဓမ္မစကူးလ် (Dhamma School) မည်သည်။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (၃) ခုတို့တွင် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် အောက်ပါအတိုင်း သက်ဝင်လှုပ်ရှားလျှက်ရှိသည်။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) တွင် ဒီပလိုမာ(Diploma)၊ ဘီအေ (B.A)၊ အမ်အေ (M.A)နှင့် ပီအိပ်ခ်ျ (Ph.D)တန်းများကို အတန်းစုံ ဆရာစုံတို့ဖြင့် ပုံမှန် လှုပ်ရှားသက်ဝင်လျှက်ရှိသည်။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)မှာတော့ ဒီပလိုမာတန်းများကို သက်ဝင်လှုပ်ရှားပေးသည်မှာ ၃ နှစ်ပင်ရှိသည်။ လာမည့်နှစ်ပညာသင်နှစ်တွင် ဘီအေတန်းများ စတင်နိုင်ပါလိမ့်မည်။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တွင် ဒီပလိုမာတန်း၊ ဘီအေတန်း ပထမနှစ်၊ ဒုတိယနှစ်တို့ အပြင် လူဝတ်ကြောင်များအတွက် အထူးသင်တန်းအဖြစ် အခြေခံခံဗုဒ္ဓဘာသာ သင်တန်းများကိုပါ ထည့်သွင်းလျှက် သီတဂူဆရာတော်ကြီးကိုယ်တိုင် သင်ကြားပေးလျှက်ရှိပါသည်။ ထိုသင်တန်းကို အများစုက ဘွဲ့ရပြီးသော လူကြီးများကသာ တက်ရောက်သင်ယူနေသည်ကို တွေ့ရသည်။ နွေရာသီဓမ္မသင်တန်းများကိုလဲ ၂၀၁၀-၂၀၁၁ ကစပြီး ၅ တန်းမှ ဘွဲ့ရအထိ ကျောင်းသား ကျောင်းသူများကို အထူးသင်တန်းအဖြစ် သင်ကြားပေးလျှက်ရှိသည်။
(သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) အခြေခံဗုဒ္ဓဘာသာ သင်တန်း နှုတ်ခွန်းဆက်ပွဲ)

လူဝတ်ကြောင်များအတွက် သင်တန်းအကြိုမိန့်ခွန်း
၂၇-၆-၂၀၁၂ နေ့က (2012/2013 ပညာသင်နှစ်) လူပုဂ္ဂိုလ်များအတွက် အခြေခံဗုဒ္ဓဘာသာသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ဆရာများ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။ သီတဂူဆရာတော်ကြီးက ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားပြီး သြ၀ါဒစကား မိန့်ကြားသည်။ ယခုသင်ကြားပို့ချနေသော လူဝတ်ကြောင်များအတွက် ဓမ္မစကူးလ်သည် ဒုတိယ အကြိမ်ဖြစ်သည်။
(သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး) ဒီပလိုမာသင်တန်း လက်မှတ်ပေးပွဲနှင့် ကျောင်းသားသစ်ကြိုဆို)

အလားတူပဲ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး) မှာလဲ ၃၀--၆-၂၀၁၂ နေ့က ဒီပလိုမာအောင်မြင်ပြီး ကျောင်းသား ကျောင်းသူများကို အောင်လက်မှတ် ပေးအပ်ပွဲနှင့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆို (Fresher-welcome) ကို သီတဂူအဓိပတိဆရာတော်ကြီး တက်ရောက် ချီးမြင့်ခဲ့သည်။ ဓာတ်ပုံများကို ဤနေရာမှ ကူးယူဖော်ပြသည်။Link
သီတဂူဓမ္မစကူးလ်
စာရေးသူတို့ ဗုဒ္ဓဘာသာအများစုက ဗုဒ္ဓဘာသာဝင်ရယ်လို့ ယူဆထားပေမဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး အခြေခံ သဘောတရားလောက်ကိုမျှ မသိတဲ့သူက များနေသည်။ တချို့က ကိုယ့်ကိုယ်ကို မိရိုးဖလာဗုဒ္ဓဘာသာလို့ အားပါးတရ ပြောတတ်ကြသည်၊ ဂုဏ်မယူသင့်တာ ဂုဏ်ယူနေတတ်ကြသည်။ ကိုယ်ကိုးကွယ် ယုံကြည်နေတဲ့ ကိုယ့်ယဉ်ကျေးမှု၏ အခြေခံဖြစ်သည့် ဗုဒ္ဓစာပေကို သင်ရကောင်းမှန်းမသိ ဖြစ်နေတတ်ကြသည်။ တချို့ကတော့ စီးပွားရေးအကြပ်အတည်းကြောင့် စီးပွားရေးပညာဖြစ်တဲ့ လောကီပညာကိုပင် မသင်နိုင်ခဲ့ကြ။ စာရေးသူပင် ငယ်ငယ်က လေးတန်းကျောင်းသားဘ၀မျှသာ နေခဲ့သည်။ စာရေးသူ၏ ရပ်ရွာရှိ အများစုက ရေးတတ်ဖတ်တတ်ရင် ကျောင်းထုတ်ကြသည်။ မိဘတွေကိုယ်တိုင်က ပညာရေး အားမပေး၊ ကျောင်းပြီးလို့ ဘာလုပ်မလဲဆိုတဲ့ မေးခွန်းက သူတို့အတွက် ဖြေစရာမရှိဖြစ်နေသည်။ လက်တလောမှာပင် ပညာတတ်လို့ယူဆရတဲ့ ဘွဲ့ရများသည်ပင် တောင်ယာ ကိုင်းကျွန်းလုပ်ကြရသည်၊ တချို့က လက်သမား၊ ပန်းရံအလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုကြသည်။ ဘွဲ့ရရင် ဘာလုပ်မလဲဆိုတော့ မေးခွန်းအတွက် အဖြေမရှိသော မိဘများကား မိမိတို့ သားသမီးများကို အသက်ငယ်ငယ်နဲ့ပဲ ကျောင်းထုတ်ပြီး အလုပ်ထဲ ထည့်ကြသည်။ ဒီလိုနဲ့ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ ကြည့်ရင် ပညာမဲ့လူတန်းစား၊ ပညာတတ်အလုပ်လက်မဲ့ လူတန်းစားတွေ သိပ်များနေသည်။ ပညာတက်လူတန်းစား တိုးပွားလာလေ စားဝတ်နေရေးအတွက် ကြပ်တည်းလေ ဖြစ်လာသည်။ အူမတောင့်မှ သီလစောင့် ဆိုတာလို စားဝတ်နေရေး ကြပ်တည်းလာလေလေ ဘာသာ-ယဉ်ကျေးမှုအတွက် အချိန်မပေးနိုင် ဖြစ်ကြရသည်အတွက် မိရိုးဖလာဗုဒ္ဓဘာသာဟု ကြွေးကြော်သူ များလာလေလေ ဖြစ်သည့်အပြင် မျှော်လင့်ချက် ရည်ရွယ်ချက်ကင်းမဲ့သူတွေ များလာတာနဲ့အမျှ လဘက်ရည်ဆိုင် အရက်ဆိုင် ဘားဆိုင် ကေတီဗီ KTV အစရှိသည့် လူငယ်များ မသွားသင့်သည့်နေရာများမှာ ပိုတိုးပွားလာလေ ဖြစ်လာသည်။ ထို့ကြောင့် ဘာသာတရား၏ အခြေခံကို မသိခြင်းအတွက် အပြစ်မတင်သာ ဖြစ်နေကြရသည်။ ဘာသာ ယဉ်ကျေးမှု အသိတွေ နဲလာလေ အတ္တသမားတွေ အကျင့်ပျက် ခြစားတွေ များလာလေလေ ဖြစ်မည်။
(သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး) ဒီပလိုမာသင်တန်းမြင်ကွင်း)
နိုင်ငံတစ်နိုင်ငံ၏ ဘာသာတရား ယဉ်ကျေးမှု၊ ပညာ၊ စီးပွား၊ နိုင်ငံရေးတို့သည် ကွင်းဆက် ဆက်စပ်နေသည် ဖြစ်ရကား တစ်ခု ချို့ယွင်းတာနဲ့ အားလုံး နီးပါးလိုက်ပြီး ပျက်သုန်းသွားနိုင်သည်။ ထိုအချက်ကို များစွာ ဂရုပြုသင့်သည်။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ဒီပလိုမာ၊ ဘီအေ၊ အမ်အေ၊ ပီအိပ်ခ်ျနှင့် အခြခံဗုဒ္ဓဘာသာသင်တန်းများ၊ လူငယ်များအတွက် နွေရာသီဓမ္မစကူးလ်များကို သင်ပေးခြင်းဖြင့် ဟာကွက် ဖြစ်နေသော ထိုဘာသာ ယဉ်ကျေးမှုအသိပညာများကို ရဟန်းတော် သီလရှင်များအပြင် လူဝတ်ကြောင်များ ဖြစ်သော လူငယ် လူကြီး အားလုံးကို ဖြည့်ဆည်းပေးလျှက်ရှိသည်။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ ဓမ္မစကူးလ်သည် မျော်လင့်ချက်မဲ့နေသော လူငယ်တွေအတွက် အရက်ဆိုင် ဘားဆိုင် ကေတီဗီဆိုင်တွေသွားပြီး အချိန်ဖြုန်းနေမည့်အစား ဘာသာရေးအသိပညာ ယဉ်ကျေးမှုအသိပညာ အပြင် မြတ်ဗုဒ္ဓ၏ လူမှုရေး စီးပွားရေး နိုင်ငံရေးအသိပညာတွေကိုပါ ပေးနိုင်သည့် ဌာနတစ်ခုဖြစ်ဖြင့် ထိုဌာနသို့ သွားရောက် အချိန်ဖြုန်းကြပါလေ။

ထို့ကြောင့် “ဓမ္မစကား၊ နေ့တိုင်းကြားက၊ စိတ်ထားဖွေးလက်၊ သိဉာဏ်ထက်၏” ဟူသော ရှေးပညာရှိများအဆုံးအမများနှင့်အညီ ဓမ္မစကား နေ့တိုင်းကြားရန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ သင်ကြားပေးသော အခြေခံဗုဒ္ဓဘာသာသင်တန်း၊ နွေရာသီဓမ္မစကူးလ်များကို သွားရောက် သင်ကြားနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၈-၆-၂၀၁၂

27 June 2012

မောင်မယ်သစ်လွင် ကြိုဆိုပွဲ (ရန်ကုန်)

မောင်မယ်သစ်လွင် ကြိုဆိုပွဲ (ရန်ကုန်)
၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် ဒီပလိုမာ Diploma) ကျောင်းသား-ကျောင်းသူ။ ဘီအေ (B.A) ကျောင်းသား-ကျောင်းသူများ၏ Fresher-welcome (မောင်မယ်သစ်လွင်ကြိုဆို)ပွဲကို ၂၀၁၂ ဇွန်လ ၂၆ နေ့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၏ ဘွဲ့နှင်းသဘင်ခမ်းမဆောင်ကြီးတွင် ကျင်းပခဲ့သည်။
(အခမ်းအနား မြင်ကွင်းဓာတ်ပုံများ)

ထိုအခမ်းအနားပွဲသို့ နိုင်ငံတော်သံဃာ့မဟာနာယက ဥက္ကဋ္ဌ ဘဒ္ဒန္တကုမာရာဘိဝံသ တက်ရောက်ချီးမြောက်ခဲ့သည်။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီးက အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။
(ခန်းမဆောင်ကြီးအတွင်းမှ ဆရာတပည့်များ စုပေါင်း)
(မန္တလေးသီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းအမကြီး ဒေါ်ညွှန့်ညွှန့်အေးက စာသင်သားများအား စာရေးကိရိယာများ လှူဒါန်းခြင်း)

သီတဂူပညာရေးမှုးဆရာတော် ဒေါက်တာပညာသီဟာလင်္ကာရက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ အကြောင်းနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်) ကျောင်းသားစာရင်နှင့် သင်တန်းများအကြောင်းကို ဖတ်ကြား လျှောက်ထားသည်သိရသည်။
(သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၏ သင်တန်းများ)

သတင်းနှင့်ဓာတ်ပုံများကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖေ့ဘုတ်ခ်မှ ကူးယူဖော်ပြသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၇-၆-၂၀၁၂

21 June 2012

ရခိုင်ပြည်နယ်ပဋိပက္ခနှင့်ပတ်သက်၍ သံဃာ့ဆန္ဒကို ကြေငြာချက် ထုတ်ပြန်ခြင်း

ရခိုင်ပြည်နယ်ပဋိပက္ခနှင့်ပတ်သက်၍

သံဃာ့ဆန္ဒကို ကြေငြာချက် ထုတ်ပြန်ခြင်း

--------

စစ်ကိုင်းတောင်ရိုး၌ သီတင်းသုံးနေထိုင်လျက် ရှိကုန်သော သံဃာတော်အရှင်မြတ်များသည် ယနေ့ ဖြစ်ပေါ်လျက်ရှိသည့် ရခိုင်ပြည်နယ် အရေးပေါ်အခြေအနေနှင့် ပတ်သက်၍ သံဃာ့ဆန္ဒ၊ သံဃာ့ သဘောထားကို အတိအလင်း ထုတ်ပြန်ကြေငြာလိုက်သည်။ မြန်မာနိုင်ငံရှိ သံဃာတော်အရှင်မြတ်များသည် အမျိုး ဘာသာ သာသနာအတွက်ဆိုလျှင် သွေး အေးအေး မနေတတ်ပါ။ အရေးကြီးက သွေးနီသည့်စိတ်ဓာတ် အပြည့်အ၀ ရှိပါကြပါသည်။ အမျိုးဘာသာ သာသနာကို ဖျက်စီးနေသော၊ မြန်မာ့တိုင်းရင်းသားများကို အနိုင်ကျင့်၍ လူမဆန်စွာ မီးရှို့သတ်ဖြတ်နေသော မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်ကိုမဆို ဥပဒေဘောင်အတွင်းမှ ကန့်ကွက်တားဆီးသွားမည် ဖြစ်ပေသည်။

ယင်းသို့ သံဃာ့ဆန္ဒကို ထုတ်ပြန်ကြေငြာခြင်းသည် လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းကို ဖြစ်စေ လိုသောကြောင့် မဟုတ်ပါ။ ပုဂံခေတ်ကကဲ့သို့ ရှမ်း ဗမာ ကချင် ကရင် ကယား မွန် ရခိုင်စသည့် မြန်မာ့တိုင်းရင်းသား လူမျိုးအချင်းချင်း လက်တွဲကာ အေးချမ်းစွာ နေလိုသောကြောင့် ဖြစ်ပါသည်။ ယင်းထုတ်ပြန်ကြေငြာချက်ကိုလည်း လွှတ်တော် ၂-ရပ်လုံးသို့ တင်သွင်းမည်ဖြစ်ပါသည်။

ယင်းကြေငြာချက်မှာ အချက် (၅)ချက် ဖြစ်ပါသည်။

ယင်း (၅)ချက်မှာ . . .

(၁)၂၀၁၂-ခုနှစ်၊ မေ ၂၈-ရက်နေ့သည် မြန်မာတစ်မျိုးသားလုံးအတွက် မမေ့နိုင်သော နေ့ တစ်နေ့ဖြစ်သည်။ ထိုနေ့သည် အနာဂတ်မြန်မာနိုင်ငံ၏ “သွေးချောင်းစီးပြီး နိုင်ငံပြိုကွဲနိုင်သော အန္တရာယ်”ကို ထင်ထင်ရှားရှား မီးမောင်းထိုးပြလိုက်ခြင်းပင် ဖြစ်သည်။ ထိုနေ့တွင် လူမျိုးခြား ဖြစ်သော ရိုဟင်ဂျာခေါ် ဘင်္ဂါလီလူမျိးများ၏ ရက်စက်မှု၊ စော်ကားမှု၊ ဗိုလ်ကျမှု၊ အနိုင်ကျင့်မှုကို မြန်မာတစ်မျိုးသားလုံး ခံလိုက်ရသည့်နေ့ ဖြစ်၏။ ထို့ကြောင့် မေ ၂၈-ရက်နေ့သည် မြန်မာတစ်မျိုးသားလုံးကို တပ်လှန့်ခြင်း၊ သတိပေးနှိုးဆော်ခြင်းပင် ဖြစ်သောကြောင့် ထိုနေ့ကို “ကျောက်နီမော်ရဲ့ ခေါင်းလောင်းသံနေ့” အဖြစ်သတ်မှတ်ပါသည်။

ထို မေ ၂၈-ရက်နေ့၌ ရခိုင်ပြည်နယ်၊ ကျောက်နီမော်ရွာနေ မြန်မာ့တိုင်းရင်းသူ ဗုဒ္ဓဘာသာဝင် ရခိုင်အမျိုးသမီး မသီတာထွေးကို လူမျိုးခြားဖြစ်သည့် ရိုဟင်ဂျာခေါ် ဘင်္ဂါလီလူမျိုး သုံးယောက်က မုဒိန်းကျင့်၍ သတ်ဖြတ်လိုက်၏။ ဘင်္ဂါလီလူမျိုးသုံးယောက်သည် မြန်မာမြေပေါ်မှာနေ၊ မြန်မာ့ရေကိုသောက်၊ မြန်မာ့ဆန်ကိုစား၍ မြန်မာ့တိုင်းရင်းသူ ရခိုင် အမျိုးသမီးလေးကို လူမဆန်စွာ သတ်ဖြတ်လိုက်ခြင်းသည် “ယာရှင်ကို မျောက်တွေကမောင်း” ဆိုသကဲ့သို့ အိမ်ရှင်မြန်မာတိုင်းရင်းသားများကို ဗြောင်ကျကျ ဗိုလ်ကျခြင်းပင် ဖြစ်ပါသည်။

ဗုဒ္ဓဘာသာဝင်မြန်မာ့ တိုင်းရင်းသား အားလုံးကို ဤနယ်မြေ၌ မနေရဲအောင် ကြိုတင်စီမံချက်ဖြင့် ရည်ရွယ်ချက်ရှိရှိ စော်ကားခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့သော အကြမ်းဖက်သမား ဘင်္ဂါလီအုပ်စုများကို အများပြည်သူ ရှေ့မှောက်၌ ထိရောက်စွာ အရေးယူ ပေးပါရန်။

(၂) ရခိုင်ပြည်နယ်အရေးအခင်း (သို့မဟုတ်) ကျောက်နီမော်အရေးအခင်း၏ ဖြစ်ရခြင်း၏ လက်သည် တရားခံကို ရှာဖွေရပေမည်။ လှုံ့ဆော်သူ၊ တိုက်တွန်းသူမရှိလျှင် ဤမျှလောက် လုပ်ရက်စရာ အကြောင်းမရှိ။ ရခိုင်အမျိုးသမီးလေးကို မုဒိန်းကျင့်ပြီး သတ်ဖြတ်သူများမှာ မွတ်စလင်ဘာသာဝင် ဘင်္ဂါလီလူမျိုး ၃-ယောက် ဖြစ်သော်လည်း သူတို့၏ နောက်ကွယ်မှ ကြိုးကိုင်နေသူ၊ လှုံ့ဆော်နေသူ ရှိပေသည်။ ထိုသူများသည်သာ အဓိကတရားခံ ဖြစ်ပေသည်။ “အရင်းစစ်လျှင် အမြစ်မြေက”ဆိုသကဲ့သို့ ယခုလို လူသတ်၊ မုဒိန်းကျင့်၊ မီးရှို့စသဖြင့် အတင့်ရဲစွာ ပြုလုပ်ခြင်းသည် မွတ်စလင်ဘာသာဝင် ရိုဟင်ဂျာခေါ် ဘင်္ဂါလီလူမျိုးများ၏ သွေးထိုးမှု၊ လှုံ့ဆော်မှုတို့ကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် ရခိုင်ပဋိပက္ခ (သို့မဟုတ်) ကျောက်နီမော် အရေးအခင်း၏ အဓိကတရားခံမှာ “မွတ်စလင်ဘာသာဝင် ဘင်္ဂါလီလူမျိုးများ” ဖြစ်ကြောင်း ကမ္ဘာသိ ကြေငြာပေးရန်။

(၃) ၁၈၂၅-တွင် ရခိုင်ပြည်နယ်၌ မွတ်စလင် ဘင်္ဂါလီလူဦးရေ ၃၀,၀၀၀ ရှိခဲ့ရာမှ ၁၉၃၀- ခုနှစ်တွင် ဘင်္ဂါလီလူဦးရေ ၂၁၇၈၀၀-ထိ တိုးပွားလာပါသည်။ ဗြိတိသျှအစိုးရက မွတ်စလင် ဘင်္ဂါလီ လူဦးရေ တိုးလာမှုကိစ္စကို စိုးရိမ်လာသောကြောင့် အခြေအနေစုံစမ်းရန် ၁၉၃၉-ခု ၌ စုံစမ်းရေး ကော်မရှင် တခု ဖွဲ့စည်းပေးခဲ့ရသည်အထိ ဖြစ်ခဲ့ရပါသည်။ သို့သော် ထိထိရောက်ရောက် မလုပ်ဖြစ်ခဲ့ပါ။

ထိုကဲ့သို့ တဖြေးဖြေးနှင့် ဘင်္ဂါလီလူဦးရေ တိုးပွားလာခဲ့ရာ ယခုအချိန်မှာတော့ ရခိုင်ပြည်နယ်၌ ဘင်္ဂါလီလူဦးရေမှာ ၁-သန်း ကျော် ရှိနေပြီ ဖြစ်၏။ အဘယ့်ကြောင့် ထိုမျှလောက် မြန်မြန်ဆန်ဆန် တိုးပွားလာသနည်း။ မွတ်စလင်အုပ်စုဝင် မှောင်ခိုဂိုဏ်းကြီးတစ်ခုမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘင်္ဂါလီကုလားများကို ခိုးသွင်းခြင်း၊ မြန်မာ့တိုင်းရင်းသူများကို မွတ်စလင်ဘာသာဝင်ဖြစ်အောင် သိမ်းပိုက်ခြင်း၊ ဇနီးများများယူခြင်း၊ သားသမီးများများ မွေးထုတ်ပေးခြင်း၊ စသည်ဖြင့် မတရားသဖြင့် ကြိုးစားသောကြောင့်ပင်တည်း။

အစိုးရအဆက်ဆက်သည် မွတ်စလင်အုပ်စုဝင် မှောင်ခိုဂိုဏ်းကြီးအကြောင်း မသိကြပါ။ ယင်းမှောင်ခိုဂိုဏ်းကြီးသည် တစ်ဘက်နိုင်ငံမှ ဘင်္ဂါလီလူမျိုးများကို မြန်မာနိုင်ငံ၌ နေထိုင်ခွင့်ရအောင် လိမ်ညာ၍ မှတ်ပုံတင်များရအောင် စီစဉ်ပေးခြင်း၊ မှတ်ပုံတင်အတုများ ပြုလုပ်ပေး ခြင်း၊ ထိုသို့မှ မရလျှင် နိုင်ငံတကာ၏ ထောက်ခံမှုရအောင် ရိုဟင်ဂျာခေါ် ဘင်္ဂါလီလူမျိုးများသည် “မြန်မာ့တိုင်းရင်းသား” ဖြစ်ကြောင်း ကမ္ဘာ့မီဒီယာများမှ တဆင့် လူသိထင်ရှား ထုတ်ဖေါ်ပြော ခိုင်းခြင်းစသည်ဖြင့် လုပ်ဆောင်လျက် ရှိပါသည်။ ထို့ကြောင့် ပြဿနာပေါင်း သုံးခြောက်ထောင်ကို မီးမွှေးနေသော မွတ်စလင်အုပ်စုဝင် ယင်းမှောင်ခိုဂိုဏ်းကြီးကို စိစစ်ဖေါ်ထုတ်၍ ပြင်းပြင်းထန်ထန် အရေးယူပေးရန်။

(၄) ဖဆပလခေတ် အစိုးရမှသည် ယခုအစိုးရမတိုင်မီအထိ ယခင်အစိုးရလက်ထက်က ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှ ဘင်္ဂါလီလူမျိုးများ မြန်မာနိုင်ငံထဲသို့ ခိုးဝင်လာသောကြောင့် နဂါးမင်းစစ်ဆင်ရေး၊ ဟင်္သာစစ်ဆင်ရေး ပြုလုပ်ပြီး ဘင်္ဂါလီလူမျိုးများကို မောင်းထုတ်ခဲ့ဖူးပါသည်။ ယခု အချိန်မှာလည်း မြန်မာနိုင်ငံအတွင်းသို့ ဘင်္ဂါလီလူမျိုးများ ၀င်လာမဆဲတသဲသဲပင်။ ထို့ကြောင့် တရားမ၀င်နေထိုင်လျက် ရှိသည့် ဘင်္ဂါလီလူမျိုးများကို မြန်မာနိုင်ငံမှ အပြီးပိုင်ထွက်ခွာသွားရေးအတွက် နဂါးမင်းစစ်ဆင်ရေး ဟင်္သာစစ်ဆင်ရေးကဲ့သို့ စစ်ဆင်ရေးများ ပြန်လည် ပြုလုပ်ပြီး တိုင်းတပါးသား ဘင်္ဂါလီလူမျိုးများကို အမိမြန်မာပြည်မှ နှင်ထုတ်ပေးရန်။

(၅) ယနေ့မျက်မှောက်ခေတ်၌ ကမ္ဘာ့လူသားများကို မီးလောင်တိုက်သွင်းနေသည့် မွတ်စလင်အုပ်စုဝင် “အယ်လ်ကိုင်ဒါ” အဖွဲ့ကို နိုင်ငံတကာက“အကြမ်းဖက်အဖွဲ့” အဖြစ် အတိအလင်း သတ်မှတ်ထားပါသည်။ ယင်း အကြမ်းဖက်အဖွဲ့ကြီးသည် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေသော အဖွဲ့ကြီးဖြစ်ပေသည်။ တချို့ ဘင်္ဂါလီလူမျိုးများသည် ယင်းအယ်လ်ကိုင်ဒါအဖွဲ့နှင့် ဆက်သွယ်ကာ အကြမ်းဖက် လုပ်ရပ် များလုပ်ဖို့ ရေတိုရေရှည် စီမံကိန်း ရေးဆွဲထားပေသည်။ ထို့ကြောင့် ရခိုင်ပြည်နယ်အရေးအခင်းသည် တခဏချင်း ကြီးထွားလာခြင်းဖြစ်ပါသည်။ ဇွန် ၁၃-ရက်နေ့အထိ နောက်ဆုံးသတင်းအရ အိမ်ခြေပေါင်း ၂၅၂၈ - မှာ မီးရှို့ခံလိုက် ရ၏။ မြန်မာ့တိုင်းရင်းသား ၂၉-ယောက် အသတ်ခံလိုက်ရ၏။ တစ်ရွာသား၏ ဗိုလ်ကျခြင်းကို ခံလိုက်ရခြင်းပင် ဖြစ်ပါသည်။ ရိုဟင်ဂျာခေါ် ဘင်္ဂါလီလူမျိုးဆိုသည်မှာ ၁၈၂၄-နောက်ပိုင်း မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးမှ ၀င်ရောက် လာသော မွတ်ဆလင်ဘာသာ ကိုးကွယ်သည့် စစ်တကောင်းတောင်တန်းနေ ဘင်္ဂါလီလူမျိုးများပင် ဖြစ်သည်။ အင်္ဂလိပ်အုပ်ချုပ်မှု လက်အောက်၌ လယ်ကူလီများအဖြစ် ရောက်လာကြသူများပင်တည်း။ ဒေသခံ ဗုဒ္ဓဘာသာဝင် ရခိုင်များက သူတို့ကို သနားသဖြင့် အမှတ်မထင် လက်ခံထားခဲ့ရာမှ တဖြေးဖြေး တိုးပွားလာခြင်း ဖြစ်ပေသည်။ လူမျိုးခြား၊ ဘာသာခြားကို သနားခြင်း၏ ဆိုးကျိုးပင်တည်း။ အားနာက ခါးပါရသည် မဟုတ်ပါလော။

၁၉၂၁- ခုနှစ်တွင် အင်္ဂလိပ်အစိုးရမှ ရခိုင်ပြည်နယ်မှာ ရှိနေသည့် မွတ်ဆလင် ဘာသာဝင် ဘင်္ဂါလီလူမျိုး အားလုံးကို အိန္ဒိယတိုင်းရင်းသားများအဖြစ် မှတ်တမ်းတင်ခဲ့သည်။ မြန်မာ့တိုင်းရင်းသားဟု ဘယ်တုံးကမှ မသတ်မှတ်ခဲ့ပါ။ ယခုရခိုင်ပြည်နယ် ပဋိပက္ခ၌ ယင်းဘင်္ဂါလီလူမျိုးများက မြန်မာ့တိုင်းရင်းသားလူမျိုးများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း၊ အမျိုးသမီးများကို မုဒိန်းကျင့်ခြင်း၊ ပစ္စည်းများကို လုယက်ခြင်းသည် လူမဆန်သည့် လုပ်ရပ်ဖြစ်ပါသည်။ ယင်းသို့ လူမဆန်သောလုပ်ရပ်များကို လုပ်နေသော ရိုဟင်ဂျာခေါ် ဘင်္ဂါလီလူမျိုးများသည် “မြန်မာ့ တိုင်းရင်းသား” လုံးဝ မဟုတ်ပါ။

ထို့ကြောင့် တိုင်းပြည်ရှိ သံဃမဟာနာယကဆရာတော်များ၊ လူထုခေါင်းဆောင်၊ ပါတီခေါင်းဆောင်၊ ကျောင်းသား ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခကြီးများ၊ စာရေးဆရာများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ အလုပ်သမားသမဂ္ဂ တို့မှ ရိုဟင်ဂျာခေါ် ဘင်္ဂါလီများသည် တိုင်းရင်းသား မဟုတ်ကြောင်း ကမ္ဘာသိ ကြေငြာပေးရန်။ ဘုရင်အနော်ရထာသည် အရှင်အရဟံကို ဆရာတင်၍ မြန်မာနိုင်ငံကြီးကို ဘက်ပေါင်းစုံမှ တိုးတက် အောင် ခိုင်ခိုင်ခန့်ခန့် တည်ဆောက်ခဲ့၏။ အရှင်အရဟံကလည်း ဘုရားသားတော်ပီပီ တိုင်းသူ ပြည်သား လူအများအား ဓမ္မကို ဟောပြောပို့ချ၍ ဂုဏ်သရေရှိသော မြန်မာ့ယဉ်ကျေးမှုကို ဖန်ဆင်းခဲ့ပါသည်။

ထိုကဲ့သို့ ဆရာဒကာလက်တွဲ၍ ကြိုးစားအားထုတ်ခဲ့သောကြောင့် မြန်မာ့ယဉ်ကျေးမှုသည် ဘုန်းမီး နေလတောက်ခဲ့၏။ အမျိုးဘာသာ သာသနာသည် တိုးတက်ခဲ့၏။ ထို့ကြောင့် မြန်မာတိုင်းရင်းသားများအတွက် အရှင်အရဟံနှင့် ဘုရင်အနော်ရထာ၏ ကျေးဇူးတို့ကား ဆပ်၍ မကုန်နိုင်လောက်အောင် ကြီးမား လှပေသည်။ ထိုကျေးဇူးတရားဆပ်သောအားဖြင့် ဆရာဒကာလက်တွဲကာ လူမျိုးခြား ဘာသာခြား တိုင်းတပါးသားများကို ဥပဒေဘောင်အတွင်းက တားဆီးကာကွယ်သွားရမည် ဖြစ်ပေသည်။

စစ်ကိုင်းတောင်ရိုးမှ သံဃာတော်များ

(၂၀၁၂-ခု၊ ဇွန် ၁၆-ရက်၊ စနေနေ့)

အထက်ပါစာသည် စစ်ကိုင်းတောင်မှ ရခိုင်အရေးအတွက် စိတ်မအေးသူ စာရေးသူ၏ သူငယ်ချင်းက သီတဂူစတား ဆိုက်တွင် တင်ပေးကပါရန် ၂၀-၆-၂၀၁၂ နေ့ညတွင် ပေးပို့သည်။

ရွှင်လန်းချမ်းမြေ့ပါစေ

သီတဂူစတား

၂၀-၆-၂၀၁၂

18 June 2012

မွေးနေ့အမှတ်တရ အလှူ

(မွေးနေ့ရှင်အတွက် ပြုလုပ်ပေးထားသော မွေးနေ့ကိတ်)
မွေးနေ့အမှတ်တရ အလှူ
ဒီကနေ့ ဘုံဘေမြို့ တက္ကသိုလ် အသီးသီးတွင် Ph.D စာတမ်းအတွက် စားတမ်းပြုစုနေကြသော ဒေါက်တာ အလောင်းအလျာ ၂၀ ကျော်တို့အား ၄၃နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် မွေးနေ့ရှင် တစ်ဦးက တနေ့စာအလှူ ပြုလုပ်သည်။ မွေးနေ့ရှင်က စာဆိုတော် ဓမ္မကထိက အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ) ဖြစ်သည်။ ဘုံဘေ မြန်မာ ရဟန်းတော်များအား အမေရိကန် ဒေါ်လာ ၂၀၀ လှမ်းလှူပြီး တစ်နေ့စာ ဆွမ်းအလှူ ဖြစ်စေသည်။
တစ်သက်စာ အမှတ်တရဖြစ်စေရမည့် ၃ ခုတွင် မွေးနေ့သည်လည်း တစ်ခုအပါအ၀င် ဖြစ်သည်။

ထိုမွေးနေ့ရှင်က ဒေါက်တာအလောင်းအလျာ ၂၀ ကျော်တို့အား ဆွမ်းအလှူ လှူခြင်းဖြင့် သူ၏မွေးနေ့ကို ပုံဖော်သည်။ တစ်သက်စာ အမှတ်တရဖြစ်စေသည်။ တစ်သက်စာ အမှတ်ရမည့် ၃ ခု ကို စာရေးသူ၏ ဆိုက်တွင် ကြည်ညိုသဒ္ဓါပွားနိုင်ပါသည်။


ထို့မွေးနေ့အရှင်အထံ “လူမျိုး၊ ဘာသာ၊ သာသနာ အတွက် အသက်ထက်ဆုံး ကျန်းမာ ချမ်းသာစွာ ဆောင်ရွက်နိုင်ပါစေ” ဟူ၍ မေတ္တာပို့သ ပါသည်။ ဆုတောင်းမှုများ ပြုလုပ်ပေးပါသည်။


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၈-၆-၂၀၁၂

17 June 2012

မြန်မာတိုင်းရင်းသားများ စုစည်းမှု

မြန်မာတိုင်းရင်းသားများ

ကျွန်တော်တော့ မြန်မာနိုင်ငံသားဖြစ်ပြီးတော့ မြန်မာလူမျိုး (၁၃၅) မျိုးရှိတယ်လို့ပဲ သိထားတာ။ ဘာလူမျိုးတွေလဲ ပြောပြပါ့လားဆိုရင်ပြောပြနိုင်ဘူး။ အဲလိုမျိုးမသိသေးသော သူများအတွက်ဖော်ပြလိုက်ပါတယ်။

မြန်မာတိုင်းရင်းသားလူမျိုး - အဓိက ကတော့
ကချင် ၊ ကယား ၊ ကရင် ၊ ချင်း ၊ ဗမာ ၊ မွန် ၊ ရခိုင် ၊ ရှုမ်း ၊ ဆိုပြီး ( ၈ မျိုး ) ရှိပါတယ် ။

ကချင်မှာ လူမျိုးစု စုစုပေါင်း ၁၂ မျိုး
(၁) ကချင် Kachin (၂) တရုမ်းTaron Taron (၃) ဒလောင် Dalaung (၄) ဂျိန်းဖော Jinghpaw (၅) ဂေါ်ရီ Guari (၆) ခခူ Hkahku (၇) ဒူးလန်း Duleng (၈) မရူ (လော်ဝေါ်) Maru (Lawgore) (9) ရ၀မ် Rawang (၁၀) လရှီ (လချိတ်) Lashi (La Chit) (၁၁) အဇီး Atsi (၁၂) လီဆူး Lisu

ကယားမှာ လူမျိုးစု စုစုပေါင်း ၉ မျိုး
(၁၃) ကယား Kayah (၁၄) ဇယိမ်း Zayein (၁၅) ကယန်း (ပဒေါင်) Ka-Yun (Padaung) (၁၆) ကဲ့ခို Gheko (၁၇) ဂေဘား Kebar (၁၈) ဘရဲ့ (ကယော) Bre (Ka-Yaw) (၁၉) မနုမနော Manu Manaw (၂၀) ယင်းတလဲ Yin Talai (၂၁) ယင်းဘော် Yin $%#w
ကရင်တွင် လူမျိုးစု စုစုပေါင်း ၁၁ မျိုး
(၂၂) ကရင် Kayin (၂၃)ကရင်ဖြူ Kayinpyu (၂၄) ပလေကီး Pa-Le-Chi (၂၅) မွန်ကရင် (စာဖြူ) Mon Kayin (Sarpyu) (၂၆) စကော Sgaw (၂၇) တာလှေပွား Ta-Lay-Pwa (၂၈) ပကူး Paku (၂၉) ဘွဲ Bwe (၃၀) မော်နေပွား Monnepwa (၃၁) မိုးပွား Monpwa (၃၂) ရှူး (ပိုး) Shu (Pwo)

ချင်းမှာ လူမျိုးစု စုစုပေါင်း ၅၃ မျိုး
(၃၃) ချင်း (ဇိုမီး) Chin (Zomi) (၃၄) မေ့ထေး (ကသည်း) Meithei (Kathe) (၃၅) ဆလိုင်း Saline (၃၆) ကလင်ကော (လူရှေ) Ka-Lin-Kaw (Lushay) (၃၇) ခမီ Khami (၃၈) အ၀ခမီ Awa Khami (၃၉) ခေါနိုး Khawno (၄၀) ခေါင်စို Kaungso (၄၁) ခေါင်စိုင်ချင်း Kaung Saing Chin (၄၂) ခွာဆင်းမ် Kwelshin (၄၃) ခွန်လီ (ဆင်) Kwangli (Sim) (၄၄) ဂန်တဲ့ (လင်တဲ) Gunte (Lyente) (၄၅) ဂွေးတဲ Gwete (၄၆) ငွန်း Ngorn (၄၇) ဆီစာန် Zizan (၄၈) ဆင်တန် Sentang (၄၉) ဆိုင်းဇန် Saing Zan (၅၀) ဇာဟောင် Za-How (၅၁) ဇိုတုံး Zotung (၅၂) ဇိုဖေ Zo-Pe (၅၃) ဇို Zo (၅၄) ဇန်ညှပ် Zahnyet (Zanniet) (၅၅) တပေါင်Tapong (၅၆) တီးတိန် Tiddim (Hai-Dim) (၅၇) တေဇန် Tay-Zan (၅၈) တိုင်ချွန်း Taishon (၅၉) သဒို Thado (၆၀) တောရ် Torr (၆၁) ဒမ် Dim (၆၂) ဒိုင် (ယင်ဒူး) Dai (Yindu) (၆၃) နာဂ Naga (၆၄) Tanghkul (၆၅) Malin (၆၆) Panun (၆၇) Magun (၆၈) Matu (၆၉) Miram (Mara) (၇၀) Mi-er (၇၁) Mgan (၇၂) လူရှိုင်း (လူရှေ) Lushei (Lushay) (၇၃) Laymyo (၇၄) Lyente (၇၅) လောက်တူ Lawhtu (၇၆) လိုင် Lai (၇၇) လိုင်ဇို Laizao (၇၈) ၀ါကင်းမ် Wakim (Mro) (၇၉) Haulngo (၈၀) အနူး Anu (၈၁) အနန် Anun (၈၂) Oo-Pu (၈၃) လင်းဘု Lhinbu (၈၄) အရှိုAsho (Plain) (၈၅) Rongtu

ဗမာမှာ လူမျိုးစု စုစုပေါင်း ၉ မျိုး
(၈၆) ဗမာ Bamar (၈၇) ထားဝယ် Dawei (၈၈) မြိတ် Beik (၈၉) ယော Yaw (၉၀) ယဗိန်း Yabein (၉၁) ကဒူး Kadu (၉၂) ကနန်း Ganan (၉၃) ဆလုံ Salon (၉၄) ဖွန် Hpon

မွန်မှာ လူမျိုးစု စုစုပေါင်း ၁ မျိုး
(၉၅) မွန် Mon


ရခိုင်မှာ လူမျိုးစု စုစုပေါင်း ၇ မျိုး
(၉၆) ရခိုင် Rakhine (၉၇) ကမန်လူမျိုး Kamein (၉၈) ခမွီး Kwe Myi (၉၉) ဒိုင်းနက် Daingnet (၁၀၀) မရမာကြီး Maramagyi (၁၀၁) မြို Mro (၁၀၂) သက် Thet

ရှမ်းမှာ လူမျိုးစု စုစုပေါင်း ၃၃ မျိုး
(၁၀၃) ရှမ်း Shan (၁၀၄) ယွန်း (လော) Yun (Lao) (၁၀၅) ကွီ Kwi (၁၀၆) ဖျင် Pyin (၁၀၇) ယောင် Yao (၁၀၈) ဓနော Danaw (၁၀၉) ပလေး Pale (၁၁၀) အင် Eng (၁၁၁) စုံ Son (၁၁၂) ခမူ Khamu (၁၁၃) ကော် (အခါ အီကော) Kaw (Akha-E-Kaw) (၁၁၄) ကိုးကန့် Kokant (၁၁၅) ခန္တီးရှမ်း Khamti Shan (၁၁၆) ဂုံရှမ်း Hkun (၁၁၇) တောင်ရိုး Taungyo (၁၁၈) ဓနု Danu (၁၁၉) ပလောင် Palaung (၁၂၀) မြောင်ဇီး Man Zi (၁၂၁) ယင်းကျား Yin Kya (၁၂၂) ယင်းနက် Yin Net (၁၂၃) ရှမ်းကလေး Shan Gale (၁၂၄) ရှမ်းကြီး Shan Gyi (၁၂၅) လားဟူ Lahu (၁၂၆) အင်းသား Intha (၁၂၇) အိုက်ဆွယ် Eik-swair (၁၂၈) ပအိုဝ်း Pa-O (၁၂၉) တိုင်းလွယ် Tai-Loi (၁၃၀) တိုင်းလျမ် Tai-Lem (၁၃၁) တိုင်းလုံ Tai-Lon (၁၃၂) တိုင်းလေ့ Tai-Lay (၁၃၃) မိုင်းသာ Maingtha (၁၃၄) မောရှမ်း Maw Shan (၁၃၅)၀ Wa
ဟူ၍ မြန်မာနိုင်ငံရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမများမှာ မျိုးနွယ်စု ၁၃၅ ရှိကြောင်းဗဟုသုတအဖြစ် အလွယ်တကူ မှတ်သားထားနိုင်ရန် ဤဆိုက်မှ ကူးယူဖော်ပြပါသည်။

၁။ ကချင်မှာ လူမျိုးစု စုစုပေါင်း ၁၂ မျိုး
၂။ ကယားမှာ လူမျိုးစု စုစုပေါင်း ၉ မျိုး
၃။ ကရင်တွင် လူမျိုးစု စုစုပေါင်း ၁၁ မျိုး
၎။ ချင်းမှာ လူမျိုးစု စုစုပေါင်း ၅၃ မျိုး
၅။ ဗမာမှာ လူမျိုးစု စုစုပေါင်း ၉ မျိုး
၆။ မွန်မှာ လူမျိုးစု စုစုပေါင်း ၁ မျိုး
၇။ ရခိုင်မှာ လူမျိုးစု စုစုပေါင်း ၇ မျိုး
၈။ ရှမ်းမှာ လူမျိုးစု စုစုပေါင်း ၃၃ မျိုး ဟူသော
အုပ်စုကြီး ၈ ခုမှ မျိုးနွယ်စုပွားများ စုစုပေါင်း (၁၃၅) ရှိကြောင်း မှတ်တမ်းတင်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၇-၈-၂၀၁၂

14 June 2012

Fresher-welcome (မောင်မယ်သစ်လွင်ကြိုဆို)ပွဲ


Fresher-welcome (မောင်မယ်သစ်လွင်ကြိုဆို)ပွဲ
သီတဂူကမ္ဘာ့တက္ကသိုလ် (ရန်ကုန်) ၂၀၁၂/ ၂၀၁၃ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ဒီပလိုမာ Diploma) ကျောင်းသား-ကျောင်းသူ။ ဘီအေ (B.A) ကျောင်းသား-ကျောင်းသူများအတွက် Fresher-welcome (မောင်မယ်သစ်လွင်ကြိုဆို)ပွဲကို ဇွန်လ ၂၆ နေ့ တွင်ကျင်ပမည်ဖြစ်ပါသည်။

ပုံမှန် သင်ပေးနေသော အတန်းများကို ဇွန်လ ၁၅ ရက်နေ့တွင် စတင်သင်ကြားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ ကျောင်းသူ ကျောင်းသားများသည် မိမိတက်ရောက်မည့်အတန်းနှင့် အချိန်များကို သီတဂူဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ပညာရေးမှုးရုံးတွင် စုံစမ်းနိုင်ပါသည်။ Noticed-Board တွင်လဲ ကြော်ငြာပေးထားမည်ဖြစ်ပါသည်။

အချိန်-အတန်း-ဘာသာရပ်များနှင့် ဆရာများ စာရင်း အသေးစိတ်ကိုလဲ မကြာမီ ဖေ့စ်ဘွတ်ပေါ်မှာ တင်ပေးမည်ဖြစ်ပါကြောင် အသိပေးအပ်ပါသည်။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၏ ဖေ့ဘုတ်ကို ကိုးကား၍ ဖော်ပြသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၄-၆-၂၀၁၂

13 June 2012

ဘီပိုးကို နိုင်တဲ့ဆေး

ဘီပိုးကို နိုင်တဲ့ဆေး
(ဗိုက်ကလေး)

ဒီပုံမှာပါတဲ့ အရွက်ကတော့ ဗိန္ဒောဆေးအခေါ် *ဣဿရမူလီ* လို့ခေါ်တယ်။ ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (Atistolochia indica) သာမည ဣဿရီ တဲ့။ ရှမ်းဘာသာကတော့ ၀မ်လီနုတ်ယုံး *(၀၊ခ်ေလီခေူဂ့်ယုင်း*) လို့ခေါ်ပြီး တရုတ်အခေါ်ကတော့ *ခုံ့ရှော့တန်း* လို့ခေါ်တယ်။

အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလို အိမ်မှာ အလှစိုက်ထားလေ့ရှိတယ်။ အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီး အဖြူ။ အ၀ါ၊ အစိမ်း၊ ခရမ်းရောင် အနဲငယ်သမ်းနေတယ်။
အသီးကတော့ ကင်းမွန်သီးလို ခပ်ဆင်ဆင်ဖြစ်ပြီး အရစ်(အရေးအကြောင်း) အမြောင့်ပါတယ်။ အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်ကဲ့သို့လဲ အနည်းငယ် ရှိန်းသလိုလိုဖြစ်ပြီး အရသာပေါ့တယ်။
ဘီပိုးရောဂါ၊ စီပိုးရောဂါရှိသူများအတွက် မကြာခင်က သိရတဲ့ ဆေးကောင်းတစ်လက်ပါ။

ဒီဆေးအကြောင်းကို မန္တလေး၊ ကျွဲဆည်ကန်နေ နန်းမွေဖေါင် (2nd Year Law) ကနေတဆင့် သိရခြင်းပါ။ သူမအဖေရဲ့ မန္တလေး မိတ်ဆွေတစ်ဦး ဘီပိုးရောဂါဖြစ်ပြီး ယိုးဒယား၊ စင်္ကာပူအထိ သွားကုတာ သိန်းပေါင်းများစွာ ကုန်ပေမယ့် ရောဂါက မပျောက်ဖြစ်နေတယ်။ စိတ်ပျက်ပျက်နဲ့ မန္တလေးကိုရောက်တော့ မိတ်ဆွေ တစ်ယောက်က ဣဿရမူလီ ကို သုံးကြည့်ခိုင်းတယ်။ သူလည်း (၃)လလောက် အဲဒီအရွက်ကို အစိမ်းလိုက် တစ်နေ့ (၃)ခါ၊ တစ်ခါ လေးရွက် ငါးရွက်လောက် ၀ါးစားပြီး ရေသောက်လိုက်တယ်။ နောက်ပိုင်း သူ့ရဲ့ အသားအရေလည်း အရင်လို နီကြောင်ကြောင် နီရဲရဲ မဟုတ်တော့ပဲ အသားအရည်တွေ ၀င်းလာတယ်။ ကြည်လာတယ်။ ကျန်းမာရေးလည်း တော်တော်ကောင်းလာတာတွေ့ရတယ်။

နောက် (၅)လ ကြာတော့ သူယိုးဒယားကို ဆေးစစ်သွားတော့ ဟိုကဆရာဝန်တွေက အံ့သြစွာနဲ့ သူ့ရဲ့ ဘီပိုးရောဂါ လုံးဝပျောက်သွားကြောင်း၊ ဘာဆေးတွေ သုံးကြောင်း မေးလာတော့ သူက တိုင်းရင်းဆေး ဣဿရမူလီ ဆေးကိုသုံးကြောင်း ပြောလိုက်တယ်။ အခု သူကျန်းကျန်းမာမာပါပဲ။ *ဆေးသုံးစွဲနည်း* (၁) အကောင်းဆုံးကတော့ အရွက်စိမ်းကို ၀ါးစားပြီး ရေသောက်တာ ပိုထိရောက်တယ်။ (၂) သုံးခွက် တစ်ခွက် ကြိုသောက်ရင်လည်း ရပါတယ်။ (၃) အရွက်ကို အခြောက်လှမ်းပြီး လက်ဖက်ရည် သောက်သလိုမျိုး သောက်ရင်လည်း ရတယ်တဲ့။

ဓါတ်ပုံကို လားရှိုးမြို့ ရပ်ကွက် (၆) ရွှေလီကျောင်းအနီး၊ ဒေါ်နန်းရွှေကျောင်းအိမ်မှာ သွားရိုက်ထားခြင်းဖြစ်တယ်။ ဣဿရမူလီ မှတဆင့် ဘီပိုးအတွက် စီပိုးအတွက် ဆေးကောင်းတစ်လက်အဖြစ် ဆက်လက် တိုးတက်အောင် ဖေါ်ဆောင်နိုင်ပါစေ။ *သင်ရဲ့ မိတ်ဆွေထံ ဆက်လက် လက်ဆင့်ကမ်းပြီး ဘေသဇ္ဇဒါန (ဆေးအလှူ) အဖြစ် ကုသိုလ်ယူကြပါရန် . . . . * မေတ္တာဖြင့် တောင်တန်းသာသနာပြုဆရာတော် စ၀်ဆုခမ်း (တန့်ယန်း)
BY ရဲရင့်(ကနေဒါ) ... 5/25/2012
ဤဆိုက်မှ ကူးယူဖော်ပြသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၆-၂၀၁၂

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes