သီတဂူစတား

သီတဂူစတား

12 June 2013

သမ္မတဖြစ်ချင်သူ

သမ္မတဖြစ်ချင်သူ
(သီတဂူစတား စာတိုပေတို)

စာမိတ်ဆက်
သမ္မတဖြစ်ချင်တယ်ဆိုတဲ့ အသံ အခုတလော မကြာခဏ၊ တစ်ယောက်မက ပြောနေကြသည်ကို ကြားနေရသည်၊ စိတ်မကောင်းစရာက ထိုအသံအောက်မှာ တုန့်ပြန်သံတွေက ဝေဖန်သံထက် နားမခံသာအောင် ပုတ်ခက် ပြောဆို၊ ဆဲရေးသည့် စကားတွေသံပဲဖြစ်သည်။ ဝေဖန်တာ ကောင်းပေမဲ့၊ ကိုယ့်အဖိုး၊ ကိုယ့်အဖွား၊ ကိုယ့်အဖေ၊ ကိုယ့်အမေ အရွယ်လောက်ရှိတဲ့သူကို ဆဲတာ၊ ပုပ်ခက်တာတော့ မြန်မာ့သားကောင်း သမီးကောင်း မပီသပါဘူး၊ ကာယကံ၊ ၀စီကံ၊ မနောကံ အပြစ်ကြီးလှသည်။ ထိုအဖြစ်တွေကို မဖြစ်စေလို၍ လည်းကောင်း၊ အလားတူ သမ္မတဘာ့ကြောင့်ဖြစ်ချင်သလဲ၊ ဘယ်သူတွေ သမ္မတဖြစ်ချင်ကြသလဲ ဆိုတဲ့အတွေးကိုလည်းကောင်း မြတ်ဗုဒ္ဓဟောခဲ့သည့် သုတ္တန်တစ်ခုကို သတိရမိသဖြင့် ဤစာတိုပေတိုလေး ရေးဖြစ်သွားသည်။ နိုင်ငံရေး ပညာတတ်၍လည်း မဟုတ်၊ နိုင်ငံရေးဝါသနာပါ၍လည်း မဟုတ်၊ သို့သော် သတင်းမှန်သမျှကိုတော့ အကုန်ဖတ်သည်။

မြတ်ဗုဒ္ဓက အာသံသသုတ်ကို ရဟန္တာ ဖြစ်ချင်သူ ဖြစ်ထိုက်သူနဲ့ ဆက်စပ်ပြီး သမ္မတဖြစ်ချင်သူ၊ ဖြစ်ထိုက်သူများကို နိုင်းယှဉ်၍ဟောထားခြင်းဖြစ်သည်။ သို့သော် လူတွေက သမ္မတဖြစ်ချင်တယ်ဆိုတဲ့ အသံကို တော်တော် စိတ်ဝင်တစား ဖတ်ကြသည်၊ နားထောင်ကြသည်၊ ဝေဖန်ကြသည်၊ အော်ကြသည်။ ထို့ကြောင့် သမ္မတဖြစ်ချင်သူဆိုတာလေးကိုပဲ ကွက်ပြီး ဖော်ပြလိုက်ပါသည်။
 (သူကတော့ သမ္မတဖြစ်နိုင်တဲ့ စွမ်းရည်မရှိလို့ သမ္မတ အာသာ မရှိသူ ယာစက)

လူသုံးယောက်နှင့်သမ္မတ
သမ္မတဟူသည် သမုတိတို့မှ ဆင်းသက်သော ပါဠိစကားလုံးကို သမ္မတဟု၍လဲ မြန်မာမှုပြုထားသည်၊ ပြည်သူများက ယုံကြည်အားကိုးထိုက်ပြီး တရားမျှတစွာ အခက်အခဲ ပြဿနာများကို ဖြေရှင်းပေးနိုင်သူကို ခေါင်းဆောင်အဖြစ် သမုတ် (သမုတိ-သမ္မတ) ထားသောကြောင့် သမ္မတဟု ခေါ်သည်။ ထိုအရည်အချင်းနှင့်ပြည့်စုံသူကို ပြည်သူတွေကပဲ ရှာဖွေကာ တိုင်းပြည် ရပ်ရွာများရဲ့ အခက်အခဲများကို မျှမျှတတဖြေရှင်းပေးရန် တောင်းပန်ကြသည်။ ဤသို့အား သမ္မတ ဆိုတာ ကမ္ဘာဦး လူသားတွေ စပေါ်လာကထဲက ပေါ်ပေါက်လာသည်။ စာရေးသူဆိုက် “လူသားအစ” ပို့စ်တွင် လူသားတွေ၊ သမ္မတ၊ ကျား+မ စသည်တို့ပေါ်ပေါက်လာပုံကို ဖော်ပြခဲ့သည်။ 

(က) သမ္မတ ဖြစ်ချင်တဲ့ အာသာ ရှိတယ်ဆိုကထဲက သူ့မှာ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့ စွမ်းရည် ရှိနေလို့ပဲဖြစ်ပါတယ်။ ကိုယ်ရည် ကိုယ်သွေး၊ အစွမ်းအစရှိပြီး သမ္မတဖြစ်ချင်သော အာသာရှိသူကို အာသံသ ပုဂ္ဂိုလ်ဟုခေါ်သည်။ ကိုယ်ကိုယ်တိုင်ကရော တခြားသူကပါ ယုံကြည်လောက်တဲ့ အရည်အချင်း ရှိသူတိုင်း၊ သို့မဟုတ် ခေါင်းဆောင်ဖြစ်ရန် ကြိုးစားသူတိုင်းက သမ္မတဖြစ်ချင်ကြသည်၊ တိုင်းပြည်ခေါင်းဆောင် ဖြစ်ချင်ကြသည်။ (အာသံသ)

(ခ) ကိုယ့်ကိုယ်ကို ယုံကြည်နိုင်လောက်တဲ့ သတ္တိ ဗျတ္တိမှ မရှိတာ ဘယ်လိုလုပ်ပြီး သမ္မတဖြစ်ချင်တယ်ဆိုတဲ့ အာသာ၊ ဆန္ဒရှိမလဲ။ မုဆိုးတံငါ၊ ပညာမဲ့ လူတန်းစား၊ ရုပ်ဆိုးအကျည်းတန်လွန်သူများ၊ နေ့မှန်အောင်တောင် မစားနိုင်တဲ့ ယာစက တွေကို သွားမေးကြည့်ပါ၊ ခင်များ သမ္မတဖြစ်ချင်တဲ့ အာသာရှိနေလားလို့၊ ကိုယ့်ကိုယ်ကို ယုံကြည်လောက်တဲ့ အရည်အချင်း သူ့မှာ မရှိလို့ သမ္မတဖြစ်ချင်တဲ့စိတ် အိပ်မက်ထဲတောင် မမက်ခဲ့ပါဘူးလို့ ဖြေပါလိမ့်မည်၊ သူ့ရဲ့အဖြေသည် အမှန်ကို ဖြေကြားသဖြင့် ရိုးသားသော အဖြေဖြစ်ပါသည်။ ကိုယ်ရည် ကိုယ်သွေး၊ အစွမ်းအစ မရှိ၍ သမ္မတဖြစ်ချင်သော အာသာ မရှိသူကို နိရာသပုဂ္ဂိုလ်ဟုခေါ်သည်။ (နိရာသ)

(ဂ) ခင်များကော သမ္မတဖြစ်ချင်လားလို့ “သမ္မတ ဖြစ်နေဆဲသူကို သွားမေးကြည့်”၊ ဘယ်လိုဖြေမလဲ ထင်လဲ။ စာထဲမှာတော့ ဘိသိတ်မြှောက်ပြီး ဘုရင်ဟာ သူများနိုင်ငံမှာ ဘယ်သူကတော့ ဘုရင် ဘိသိက်သွန်းပြီး မင်းမြှောက်နေလေရဲ့၊ ငါလဲပဲ ဘုရင်ဖြစ်ဖို့ ဘိသိက်မြှောက်ခံလိုတယ်ဆိုတဲ့ စိတ်၊ အာသာ၊ ဆန္ဒတွေ သူ့မှာ လုံးဝမရှိတော့ဘူး၊ သူဟာ ဘိသိက်မြှောက်ခံပြီး ဘုရင်ဖြစ်နေပြီး ဖြစ်၍ အာသာဆန္ဒ ငြိမ်းနေပြီးဖြစ်သောကြောင့်တည်း။ လက်ရှိဘ၀မှာ သမ္မတဖြစ်နေဆဲမို့ သမ္မတဖြစ်ချင်တဲ့ အာသာ ငြိမ်းပြီး ဖြစ်သော သူကို ၀ိဂတာသ ပုဂ္ဂိုလ်ဟု ခေါ်သည်။ (၀ိဂတာသ)

(အဲဒီခေတ်က ဘုရင်စနစ်ဖြစ်နေတာကိုး။ ယခုလို ၄ နှစ်တစ်ကြိမ် ပြည်သူရဲ့ ဆန္ဒမဲဖြင့် ဘုရင် သို့မဟုတ် သမ္မတ ဖြစ်ရမည်ဆိုရင် အဲဒီခေတ်က နံပါတ် (ဂ) ၀ိဂတာသ ဆိုတာ ရှိမည် မထင်။ ဖြစ်နေခိုက်ကိုသာ ရည်ရွယ်ပြီးဆိုလိုသဖြင့် ဒီကနေ့ခေတ်လဲ ၀ိဂတာသပုဂ္ဂိုလ် ရှိပါသည်။ သို့သော်လည်း ဒီမိုကရေစီစနစ်အရ နောက်တစ်ကြိမ် သမ္မတဖြစ်ဖို့ကိုတော့ အာသာရှိနေရကား နံပါတ် (က)အာသံသပုဂ္ဂိုလ် အမျိုးစားထဲလဲ ပါဝင်မည်။

လူတိုင်း သမ္မတဖြစ်ခွင့် ပြောဆိုနိုင်
စာပေမှာကိုက “လူ့လောကမှာ ဒီလိုပုဂ္ဂိုလ်သုံးယောက်ရှိတယ်လို့” ပြဆိုထားတာဆိုတော့ကား ပြောနိုင်တဲ့သူက သမ္မတဖြစ်ချင်တယ်လိုပဲ ပြောပြော၊ ပြောရဲတဲ့ သတ္တိမရှိလို့ မပြောရဲဘဲ နေနေ၊ ဘယ်သူ့ကိုမှ ဝေဖန် ပုတ်ခက်စရာမလိုပါဘူးလို့ ယူဆရပါသည်။ လူတိုင်းမှာ အခွင့်ရေးရှိသည်၊ ကိုယ်လဲ ပြောနိုင်တဲ့ သတ္တိ ဗျတ္တိ၊ အစွမ်းအစရှိတယ်လို့ ယုံကြည်နေရင် ပြောနိုင်ပါသည်။ ဘယ်ပုဂ္ဂိုလ်ကမှ “ခင်များက ဘယ်လို သူက ဘယ်ညာ” ဆိုပြီး သွားပုပ်လေလွင့်၊ အမနာပတွေနဲ့ ပြောစရာ မလိုပါ။

ဒီမိုကရေစီခေတ် လူတိုင်းမှာ အခွင့်ရေးရှိတယ်ဆိုပေမဲ့ နံပါတ် (ခ)လို လူမျိုးက ရူးတူးတူးပေါတောတောနဲ့ သမ္မတဖြစ်ချင်တယ်လို့ ပြောမယ်ဆိုရင်တော့ ဆွမ်းကြီး ၀ိုင်းလောင်းခံရမှာ အသေချာပင်ဖြစ်သည်၊ (ဆဲသံ ဆိုသံတွေ ညံလို့နေမည်)။ ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်ပါ၊ အစွမ်းအစ၊ အရည်အချင်းရှိပါသလား၊ ကိုယ်ကိုယ်တိုင်က မရှိဘဲ သူများကို သွားဝေဖန်နေလျှင် အဝေဖန်ခံရသူမှာ လူမိုက်၊ သို့မဟုတ် စိတ်မနံ့သူရဲ့ ချီးမွမ်းခံရသလို အောင့်သက်သက်သာဖြစ်မည်၊ ကဲ့ရဲ့ခံ၊ ဆဲဆိုခံရပါကလည်း ရွှေခြင်္သေ့ ချီးလူးဝက် ၀င်တိုက်ခံရသလိုဖြစ်မည်။

ဝေဖန်ချင်သူများ ဆဲဆိုလိုသူများ သတိပြုရန်အတွက် “ကိုယ့်ကိုယ်ကို ချီးလူးဝက်လဲ မဖြစ်စေကြပါနဲ့၊ လူမိုက်လဲ မဖြစ်ချင်ကြပါနဲ့၊ ရူးနေသူလည်း အဖြစ်မခံကြပါနဲ့လို့” ဤအာသံသ သုတ္တန်ရဲ့ အဓိပ္ပါယ်ကို ဤကဲ့သို့ ဖွင့်ဆိုလိုက်ပါသည်။

“တရားမကြိုက်၊ လျှာဒုစရိုက်နှင့်၊ လူမိုက်တစ်သောင်း၊ ချီးမွမ်းရှောင်းလည်း၊ သူကောင်းတစ်ယောက်၊ ပြစ်တင်ကြောက်လော၊ ရှေ့နောက်မဆ၊ လူ့ဗာလတို့၊ ဂုဏဒေါသ၊ နှစ်ဝကျိုးပြစ်၊ စိစစ်မြော်မြင်၊ မဆင်ခြင်ဘူး၊ ဆိုချင်မက်မော၊ ဆိုလျှင်ဆောဖြင့်၊ သဘောအလိုက်၊ တုတ်နှင့်ရိုက်သို့၊ သူမိုက်ချီးမွမ်း၊ ဂုဏ်နာနွမ်း၏။” (မဃဒေ၀လင်္ကာ)

လောကဓံထဲက ကဲ့ရဲ့ရှုံ့ချခြင်း
လောကလူသားတွေက ခက်တော့ ခက်သားပဲ၊ လောကမှာ အကဲ့ရဲ့ မခံရတဲ့သူမရှိဟု ဆိုထားသည်၊ (နတ္ထိ လောကေ အနိန္ဒိတော)။ နေမင်းကြီး သူ့ဘာသာနေတာကို နေပူလို့ဆိုပြီး ကဲ့ရဲ့ကြသည်၊ ညအခါ လမင်းကြီး သူဘာသာ လင်းထိန်နေသည်ကို အမှောင်လောကသားတွေက “ဒီနေ့ကျမှ ဒီလ သာနေလိုက်တာ”ဟု ကဲ့ရဲ့ပြန်သည်။ မပြောဘဲ ငြိမ်နေရင်လဲ မပြောလို့ဆိုပြီး ကဲ့ရဲ့ကြပြန်သည်၊ ပြောဆိုလို့ အမှန်ကို ပြောပြန်တော့လဲ ကဲ့ရဲ့ပြန်သည်။ ကိုယ့်အိမ်ထဲ အေးအေးလူလူ အနားယူနေသူကိုတောင် အလွတ်မပေး၊ ကုတ်ကမြင်းတဲ့။

လောကဥသျှောင် မြတ်ဗုဒ္ဓသည်ပင် အကဲ့ရဲ့ခံမလွတ်၊ ထိုသို့သော ချီးမွမ်းခံရခြင်း၊ ကဲ့ရဲ့ခံရခြင်းတို့ကို ကျော်လွှားနိုင်သောကြောင့်ပင် ပိုပြီးပေါ်လွင်ခဲ့သည်။ မြတ်ဗုဒ္ဓကို တိုက်ခိုက်ကြသော အတွင်းလူ အရှင်ဒေ၀ဒတ်၊ အပြင်လူ ၀ါဒကွဲဖြစ်သော တိတ္ထိဆရာကြီးများနှင့် သူတို့၏ တပည့်များစသော အတိုက်ခံတို့ကြောင့်လည်း မြတ်ဗုဒ္ဓဂုဏ်တော်၊ ကံတော်၊ ဥာဏ်တော်တို့သည် ပို၍ပို၍ပင် ထင်ပေါ်လာခဲ့သည်။ မြတ်ဗုဒ္ဓသည် တခါတရံ သူ့ကို သေကြောင်း ကြံစီတဲ့အထိ လုပ်ကြံသူများနှင့် ကြုံခဲ့ဖူးသည်။

ထို့ကြောင့် မြတ်ဗုဒ္ဓသော်မှ အကဲ့ရဲ့ခံမလွတ်သော လောကကြီးထဲမှာ ကဲ့ရဲ့ ရှုံ့ချတာကိုလဲ မမှုနဲ့၊ ချီးမွမ်းတာကိုလဲ မမြှောက်နဲ့။ နောက်ဆုံးတော့ ထိုအရာအားလုံးသည် ကိုယ့်ရဲ့ လုပ်ရည်၊ စွမ်းရည်၊ သတ္တိ၊ ဗျတ္တိ၊ သစ္စာ၊ မေတ္တာ တရားတို့အောက်မှ ပြားပြားဝပ်ဆင်းသွားရတော့သည်သာ။

မှတ်ချက်။ ။ အင်္ဂုတ္တရနိကာယ်၊ အာသံသသုတ်အရ လောကမှာ နိရာသ၊ အာသံသ၊ ၀ိဂတာသ ဆိုတဲ့ ပုဂ္ဂိုလ် သုံးယောက်အကြောင်းကို ကိုးကားဖွင့်ဆိုသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၈-၆-၂၀၁၃

08 June 2013

သိပ်လှသော လောကကြီး

သိပ်လှသော လောကကြီး
(သီတဂူစတား စာတိုပေတို)

လောကကြီးသည်-------
လောကကြီးကို မေတ္တာမျက်လုံးဖြင့် ကြည့်လျှင် အစဉ်အမြဲ လှနေသည်။
လောကကြီးကို ကရုဏာမျက်လုံးဖြင့် ကြည့်လျှင် အစဉ်အမြဲ ကြင်နာမူတွေ နွေးထွေးမှုတွေဖြင့် လှနေသည်။
လောကကြီးကို မုဒိတာမျက်လုံးဖြင့် ကြည့်လျှင် အစဉ်အမြဲ ပြုံးပျော်နေကြခြင်းဖြင့် လှနေသည်။
လောကကြီးကို ဥပေက္ခာမျက်လုံးဖြင့် ကြည့်လျှင် အစဉ်အမြဲ လူသားဆန်နေခြင်းဖြင့် လှနေသည်။
(သီတဂူအာယုဒါနဆေးရုံတော်တွင် ဆေးကုသမှုခံယူနေကြစဉ်)
(သီတဂူအာယုဒါနဆေးရုံတော်တွင် ဘာသာမရွေး ဆေးကုသမှုခံယူနေကြစဉ်)
 
မေတ္တာမှာ လူမျိုးခြားမရှိပါ၊ ဘာသာ အယူဝါဒကွဲမရှိပါ။
ကရုဏာမှာ လူမျိုးခြားမရှိပါ၊ ဘာသာ အယူဝါဒကွဲမရှိပါ။
မုဒိတာမှာ လူမျိုးခြားမရှိပါ၊ ဘာသာ အယူဝါဒကွဲမရှိပါ။
ဥပေက္ခာ လူမျိုးခြားမရှိပါ၊ ဘာသာ အယူဝါဒကွဲမရှိပါ။
တပြေးညီ၊ တသားတည်းဖြစ်သည်။
(သီတဂူအာယုဒါနဆေးရုံတော်ကြီး (စစ်ကိုင်း)
 

 သီတဂူအာယုဒါန ဆေးရုံတော်သည် မြတ်ဗုဒ္ဓ၏ လောကအလှ လေးပါးတို့ဖြင့် တည်ဆောက်ထားသဖြင့် လူမျိုး၊ ဘာသာ မရွေးဘဲ မည်သူမဆိုကို အလှဆင်ပေးနေပါသည်။
(လောကလူသား အားလုံးအတွက် ဒီလိုပဲ ဆက်ဆံရပါသည်၊ ဒီလိုခရီးလဲ ကြွရတတ်ပါသည်)
(ဒေသေထ ဘိက္ခဝေ ဓမ္မံ၊ စာရိကံ စရထ)
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၇-၆-၂၀၁၃

(ဓာတ်ပုံများ သီတဂူအရှင်ဝိသုတ ဖေ့ဘုတ်မှ ကူးယူသည်)

03 June 2013

ဗုဒ္ဓဘာသာအဖြစ် ခံယူသူတို့ ရင်တွင်းစကား

ဗုဒ္ဓဘာသာအဖြစ် ခံယူသူတို့ ရင်တွင်းစကား

စာမိတ်ဆက်
လူတိုင်း သတ္တ၀ါတိုင်းသည် အေးချမ်းခြင်းကို လိုလားသည်၊ တည်ငြိမ်ခြင်းကို လိုလားသည်၊ မိမိဘ၀ အေးချမ်းမှု၊ မိမိမိသားစု အသက်အိုးအိမ် အေးချမ်းမှုနဲ့ နောက် ဘ၀ဒုက္ခမှ လွတ်မြောက်ရေးကို တောင်းတ မျှော်လင့်ကြသည်။ ထိုကဲ့သို့သော အေးချမ်း တည်ငြိမ်သည့်ဘ၀၊ သောကတွေ ပူလောင်မှုတွေ ၀န်းရံနေတဲ့ ဘ၀ဒုက္ခမှ လွတ်မြောက်လိုသူတွေ အမြောက်အများ ဗုဒ္ဓသာသနာတော်ထဲ ၀င်ရောက်ကြသည်၊ မြတ်ဗုဒ္ဓတပည့် ရတနာသုံးပါးကို ကြည်ညိုသော ဥပါသကာ ဥပါသိကာမ မဖြစ် ခံယူကြသည်။ အမြင့် အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်တို့လို ဗြာဟ္မဏမျိုးထဲက ဇာတ်မြင့်တွေလဲ မြတ်ဗုဒ္ဓထံရောက်လာကြသည်၊ အရှင်အနုရုဒ္ဓါ၊ အရှင်အာနန္ဒာ၊ အရှင်နန္ဒ၊ အရှင်မဟာကဿ စသော မင်းမျိုးမင်းနွယ်နှင့် သူကြွယ်မျိုးဟူသော ဇာတ်မြင့်တွေလဲ သာသနာတော်ထဲ ရောက်လာကြသည်။ အောက်ထစ်ဆုံး လယ်သမား ယာသမား၊ မုဆိုး တံငါ စတဲ့ သူတွေလဲ သာသနာတော်ထဲ ရောက်လာသည်။ အသွင်မျိုးစုံ၊ အလွှာအမျိုးစုံသော သူတွေ သာသနာတော်ထဲမှာတော့ တန်းတူ အခွင့်တူ၊ ဘိက္ခုဟူသော အမည်နာမတစ်ခုတည်းသာ ဖြစ်သွားတော့သည်။

ယနေ့ခေတ် ဗုဒ္ဓဘာသာဖက်သို့ လျှိုလျှိုနဲ့ ကူးပြောင်းနေသည်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံနေရသည့် အပြင် သတင်းတွေမှာလည်း မျာစွာ တွေ့မြင်နေရသည်။ သူတို့တတွေ ဘာ့ကြောင့် ကူးပြောင်းလာကြသနည်း အထူးစဉ်းစားမလို၊ ငြိမ်းချမ်းမှုကို ရချင်၊ တည်ငြိမှုကို ရချင်လွန်းသော ကြောင့် လူမှုရေး အသိုင်းအ၀ိုင်းထဲကနေ စွန့်စားပြီး ကူးပြောင်းလာကြသည်မှာ လွယ်သည်တော့ မဟုတ်လှ၊ သို့သော်လည်း သူတို့တတွေ ကြမ်းထမ်း၊ ခက်ထန်၊ အကြင်နာမဲ့တဲ့ လူထု အသိုင်းအ၀ိုင်းထဲကနေ စွန့်စွန့်စားစားထွက်ခွါလာခဲ့ကြသည်။ အလားတူပဲ ဗုဒ္ဓဘာသာ၏အေးချမ်းမှုကို သိသည်၊ ကြိုက်သည်၊ နှစ်သက်သည်၊ သို့ပေမဲ့ အသိုင်းအ၀ိုင်းထဲကနေ စွန့်စားထွက်ခွါဖို့ ခက်ခဲနေသူတွေရော၊ စွန့်စားဖို့ မရဲတရဲ ရှိနေသူတွေရော၊ မစွန့်စားရဲဘဲ အသိုင်းအ၀ိုင်းထဲမှာပဲ ကြိတ်ပြီး မြတ်ဗုဒ္ဓတရားနည်းလမ်းအတိုင်း အလုပ်လုပ် လုပ်နေသူတွေရော အများပြားရှိသည်။

အိန္ဒိယနိုင်ငံ အချမ်းသာဆုံးပြည်နယ်ဖြစ်တဲ့ မဟာရဋ္ဌပြည်နယ်မှာတော့ ထိုကဲ့သို့ ကြိတ်ပြီး ဗုဒ္ဓဘာသာကို ကြိုက်နှစ်သက်သူတွေ၊ ကြိတ်ပြီး ဗုဒ္ဓဘာသာ အလုပ်လုပ်နေသူတွေ များစွာရှိသည်။ တခါတရံ ဗုဒ္ဓဘာသာဝင်တွေရဲ့ အကူအညီနဲ့ တရားဝင် လူသိရှင်ကြား ခမ်းခမ်းနားနား လုပ်ပြီး ဗုဒ္ဓဘာသာအဖြစ် ခံယူကြသည့် ပွဲများ ပြုလုပ်သည်။ ၁၉၅၆ ခုနှစ် အောက်တိုဘာလ (၁၄) ရက်နေ့က ဒေါက်တာအမ်ဘေဒကာ၏ ဦးဆောင်မှုဖြင့် လူ ငါးသိန်းခြောက်သောင်း (၅,၆၀၀၀၀)ကျော် တပြိုင်တည်း ဗုဒ္ဓဘာသာအဖြစ် ခံယူပွဲကြီး ကျင်းပခဲ့ဖူးသည်။ ယခုနှစ် (၂၅-၀၂-၂၀၁၃) ဘုံဘေမြို့အနီး ကလယန်းမှာတော့ စာရေးသူ ကိုယ်တိုင် ဗုဒ္ဓဘာသာဝင်များ ၂၀၀၀ ကျော် ခြံရံပြီး ဘာသာခြား ၂၀ ကို ဗုဒ္ဓဘာသာအဖြစ် သွပ်သွင်းသည့် အခမ်းအနား တက်ရောက်ခဲ့သည်။
(၂၄-၀၂-၂၀၁၃ နေ့၊ ဗုဒ္ဓဘာသာအဖြစ် ခံယူပွဲ မှတ်တမ်းများ — at ဘုံဘေ၊ အိန္ဒိယ)
 ဗုဒ္ဓဘာသာကို ဘာ့ကြောင့်ကြိုက်
ထိုဘာသာခြား ၂၀ ဘယ့်ကြောင့် ဗုဒ္ဓဘာသာအဖြစ် ခံယူကြသလဲ၊ သူတို့ကိုယ်တိုင်ပြောသည့် စကားတွေထဲမှာ အများစုက ဆရာကြီး ဂိုအင်ဂါဆီမှာ ၁၀ရက် စခန်း၊ ရက် ၂၀ စခန်း ၀ိပဿနာ အလုပ် လုပ်ဖူးခဲ့ကြောင်း သိရသည်။ ၀ိပဿနာ အလုပ်ကို လုပ်ဖူးသဖြင့် တကယ့် အေးချမ်းသည့် ဘာသာတရားရဲ့ အနှစ်သာရကို တွေ့သွားသည်၊ ဓမ္မအစစ်ကို တွေ့သွားသည်။ တကယ်တော့ ဓမ္မသည် ဘာသာမရှိပါ၊ နေရာမရှိပါ၊ အချိန်မရှိပါ၊ နေရာတိုင်း အချိန်တိုင်းမှာ ရှာလို့ရသည်။ ဘယ်ဘာသာတရားကမှ ပိုင်ဆိုင်သည့် ဓမ္မမဟုတ်ပါ။ မြတ်ဗုဒ္ဓက ကိုယ်တိုင်အတွေ့အကြုံဖြင့် ရရှိ ဖော်ထုတ်ခဲ့လို့ ဗုဒ္ဓဘာသာဟု အမည်တပ်ထားသည်။ တကယ်တော့ မြတ်ဗုဒ္ဓရှာဖွေခဲ့ တရားသည် ဘာသာမရှိပါ၊ နေရာတိုင်း အချိန်တိုင်းမှာ ရှိနေသည့် ဓမ္မပင်ဖြစ်သည်။ ဘာသာအမည်ခံ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဂျူးဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာ စသည်ဖြင့် အမည်တွေ ကွဲပြားနေပေမည့် ထိုတရားတော်ကို ထိုဘာသာတိုင်းက အားထုတ်နေသည်။ ထိုကဲ့သို့ အမည်ကွဲ နာမည်ကွဲ ဂိုဏ်းကွဲတွေကြောင့် ငါ့ဘာသာ ငါ့ဂိုဏ်း ငါ့အသင်း စသည်ဖြင့် တစ်ကိုယ်ကောင်းဆန်စိတ်တွေ မွေးဖွားလာသည်၊ အပြိုင်အဆိုင်တွေ ဖြစ်လာသည်၊ ဣဿာ မစ္ဆရိယ စိတ်တွေ ဖြစ်လာသည်၊ မာနတွေ ဖြစ်လာသည်၊ အချင်းချင်း အငြင်းပွားမှုတွေ ဖြစ်လာသည်၊ တင်းမာမှုတွေ ဖြစ်လာသည်။ တကယ်တော့ ဗုဒ္ဓရှာဖွေတွေ့ရှိထားသည့် ဓမ္မမှာ ဂိုဏ်းဂဏကွဲမရှိ၊ အမည်ကွဲမရှိ။ မည်သူမဆို အားထုတ်နိုင်သည်၊ လိုက်နာနိုင်သည်၊ ကိုယ်ကိုယ်တိုင် အားထုတ်သူတိုင်း လိုက်နာသူတိုင်း လက်တွေ့ အကျိုးရသည်မှာ ဓမ္မ၏ဂုဏ်ရည်သတ္တိများထဲက သန္ဒိဋ္ဌိက ဂုဏ်အင်တစ်ခု ဖြစ်သည်။

အလင်းရောင်ပေးသည့်ဘာသာ
ဗုဒ္ဓဘာသာသည် လူတစ်ဦးတစ်ယောက်ကို ကိုယ့်ဘက်ပါအောင် စည်းရုံးသည့် ဘာသာမဟုတ်၊ ကိုယ့်ဘက်ပါအောင် နည်းအမျိုးမျိုးနဲ့ ဆွဲဆောင် သိမ်းသွင်းသည့် ဘာသာမဟုတ်၊ ကိုယ်ဘက်သို့ ပြောင်းလာအောင် လုပ်နေသည်လည်းမဟုတ်။ ဆွယ်တရားမဟောသည့် ဘာသာဖြစ်သည်။ အသိဥာဏ်အလင်းကိုသာ ပေးသည့်ဘာသာဖြစ်သည်။ အမှောင်ထဲကနေ အလင်းရောက်အောင် တွန်းပေးသည့် ဘာသာဖြစ်သည်၊ မောဟအမိုက်မှောင်ထဲကနေ ဆွဲထုတ်ပေးသည့် ဘာသာဖြစ်သည်။ မကောင်းမှုဒုစရိုတ်ကနေ ကောင်းမှုသုစရိုတ်ဘက်သို့ ရောက်အောင် ပို့ပေးသည့် ဘာသာဖြစ်သည်၊ အပါယ်လေးပါး ဒုက္ခထဲကနေ သုဂတိဘုံဘ၀သို့ ဆွဲခေါ်ပေးသည့် ဘာသာဖြစ်သည်။ ကိလေသာ ရွှံ့ညွှန်ထဲကနေ ဆွဲထုတ်ပြီး နိဗ္ဗာန်သို့ တင်ပေးသည့် ဘာသာဖြစ်သည်။ ယနေ့ အိန္ဒိယပြည်မှာ ဗုဒ္ဓဘာသာသို့ ရောက်လာသူများသည် မည်သူကမှ ဖိအားပေးပြီး ဗုဒ္ဓဘာသာသို့ရောက်အောင် ခေါ်သည်မဟုတ်၊ မက်လုံးတွေ ပေးပြီး ဆွဲဆောင် သိမ်းသွင်းနေသည်လည်းမဟုတ်၊ သူတို့ဘာသာ သူတို့အသိနဲ့ အလင်းဘက်သို့ ရောက်လာကြခြင်းဖြစ်သည်။ အမည်ခံဗုဒ္ဓဘာသာက ဓမ္မအနှစ်သာရကို ကိုယ်တိုင် တွေ့ရှိ ခံစားပြီး ရောက်လာကြခြင်းဖြစ်သည်။

တိတ္ထိဆရာကြီးများ၏ တပည့် ဂရဟဒိန္နသည် သူ့သူငယ်ချင်း မိတ်ဆွေအား ဆွယ်တရားဟော၏၊ သူ၏ ဆရာများသည် အတိကိုလည်း သိသည်၊ အနာဂတ်ကိုလည်း ကြိုမြင်သည် စသည်ဖြင့် ဆရာများ၏ မရှိဂုဏ်တွေကို အရှိဂုဏ်လုပ်ပြီး ဆွယ်တရားဟော၏။ မြတ်ဗုဒ္ဓတပည့် သီရိဂုတ္တသူကြွယ်ကတော့ သူ၏ကိုးကွယ် ယုံကြည့်မှုနဲ့ပတ်သက်ပြီး သူငယ်ချင်း ဂရဟဒိန္နအား မည်သည့်အခါမျှ ဆွယ်တရားမဟော။ သို့သော်လည်း အခါက ထိုနှစ်ယောက်၏ မြတ်စွာဘုရားနှင့် တိတ္ထိဆရာကြီးတို့၏ တကယ့်ဂုဏ်ရည်အစစ်ကို ဖော်ပြလိုက်တဲ့ အခါမှာတော့ မြတ်ဗုဒ္ဓ၏အမှောင်ကို ခွင်း အလင်းဆောင်သည့် ဓမ္မကအနိုင်ရကား တိတ္ထိတို့၏ ပို့ချချက် ဟောပြချက်များကိုသာ လက်ခံယုံကြည့်ခဲ့သော၊ တိတ္ထိဆရာများကိုသာ ဘုရားဟု လက်ခံထားသော ဂရဟဒိန္နတစ်ယောက် ဓမ္မ၏ အစစ်အမှန်၊ ဗုဒ္ဓဂုဏ်၏ အစစ်အမှန်ကို သိသွားသည်။ ဓမ္မသည် အမြဲတမ်း သစ်လွင်လျက်ရှိသည်၊ အ၀ိဇ္ဇာမျက်မှန်တပ်ထားသဖြင့်သာ သတ္တ၀ါတွေသည် ဓမ္မကို မမြင်ကြခြင်းဖြစ်သည်၊ အ၀ိဇ္ဇာမျက်မှန်ချွတ်ပြီး ဓမ္မအစစ်ကို ရှာဖွေနေဖို့ပဲလိုသည်။ မည်သူ့ကိုမျှ ဆွယ်တရားဟောစရာမလိုပဲ ဓမ္မဂဝေသီ-ဓမ္မကိုရှာဖွေသူတို့ လုံ့လလေးစိုက်ပြီး ရှာဖွေလိုက်ပါက ဓမ္မအစစ်ရမည် ဖြစ်သည်။

တခါက ဖခင် ဗိမ္ဗိသာရမင်းကြီး သူ၏လုံ့လပယောဂကြောင့်ပင် နတ်ရွာစံပြီး အဇာတသတ်မင်းသည် ညတိုင်းအိပ်မရသည့် ရောဂါရသည်။ ထိုပူလောင်သည့် ရောဂါပျောက်ဖို့ မည်သူ စွမ်းနိုင်သနည်းဟု နန်းအမတ်တွေကို မေးခွန်းထုတ်သည်။ တိတ္ထိဆရာကြီးများ၏ တပည့်တွေ သူတို့ဆရာကြီးက ဘယ်လိုအစွမ်းရှိပါတယ်၊ ဘယ်လိုအရည်အချင်းရှိပါတယ်ဟူ၍ ဆရာအသီးအသီး၏ဂုဏ်ပုဒ်တွေဖြင့် ဆွယ်တရားဟောကြသည်။ မြတ်ဗုဒ္ဓ၏တပည့် ဆေးဆရာ ဒေါက်တာဇီဝက ကတော့ ဘုရင်ကြီးကိုယ်တိုင် အမည်တပ်ပြီး သူ့ကို အကူအညီမတောင်းမချင်း တိတ်ဆိတ်နေခဲ့သည်။ ဘုရင်ကြီးကို ဆွယ်စရာမလိုဘဲ သူ၏ အခြေအနေသည် မြတ်ဗုဒ္ဓမှတပါး အခြား အားကိုးစရာမရှိဟု သူကိုယ်တိုင် ခံစားသည်၊ သူကိုယ်တိုင်ပဲသိသည်။ ဤသည်ပင် မြတ်ဗုဒ္ဓဂုဏ်ရည်ပင် ဖြစ်သည်။ မြတ်ဗုဒ္ဓအလိုအရ ဆွယ်တရား ဟောစရာမလို၊ ဓမ္မကို မျှဝေဖို့ပဲ ဖြစ်သည်၊ ဤသည်ပင် လူသားတစ်ယောက်အတွက် တာဝန်ဖြစ်သည်။

လူသားဆန်တဲ့တာဝန်
လူသားတိုင်းမှာ တာဝန်တစ်ရပ်ရှိသည်၊ ထိုတာဝန်ကား လူသားတိုင်းရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ဖို့ပင် ဖြစ်သည်။ လူသားတွေ လိုအပ်နေသည့် အသိဥာဏ်၊ ပညာ၊ များကို ဖြည့်ဆည်းပေးခြင်း၊ ၀မ်းနဲပူဆွေးရခြင်းစတဲ့ စိတ်ဆင်းရဲခြင်း၊ ကိုယ်ဆင်းရဲခြင်းတွေနဲ့ ပြည့်ကြပ်နေတဲ့ဘ၀ဒုက္ခမှ လွတ်မြောက်ရန် ဖြည့်ဆည်းပေးရန်၊ အမှောင်လောက ကနေ အလင်းလောကကို ရောက်အောင်၊ နှစ်မြူပ်နေတဲ့ ဘ၀ကနေ ရုန်းထနိုင်အောင်၊ နည်းပေး လမ်းပြ ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ပေးရန်ဖြစ်သည်။

မြတ်ဗုဒ္ဓ သဗ္ဗညုတဥာဏ်ရပြီး များမကြာမည်မှာပဲ တပည့်အပေါင်း စုဆောင်းမိသောအခါ နေရာဒေသအနှံ့ သွားရောက်ပြီး ထိုကဲ့သို့ လူသားဆန်တဲ့ တာဝန်ဝတ္တရားတွေ ဆောင်ရွက်ဖို့ စေလွတ်ခဲ့သည်။ ဘုရားသုံးလိုက်သည့် “စရထ ဘိက္ခဝေ စာရိကံ၊ ဒေသေထ ဓမ္မံ လောကဿ ဟိတာယ သုခါယ” စကားတော်သည် လူသားတာဝန်ကို ပေးလိုက်ခြင်းဖြစ်သည်။ မြတ်ဗုဒ္ဓတရားတော်အရ လူပီသသူများသည် လူသားဆန်သော လောကရဲ့ ဟိတ သုခ-အကျိုးစီးပွားများကို ပြုလုပ်ပေးရမှာဖြစ်သည်။ လူသားဆန်တဲ့ တာဝန်သည် ကိုယ့်ဘက်ပါအောင်၊ ကိုယ့်ဘာသာ ဖြစ်အောင် ခြောက်လန့်ပြီးတော့လဲ မစည်းရုံး၊ မြောက်ထိုးပင့်ကော်ပြီးတော့လည်း မစည်းရုံး၊ နည်းပေါင်းစုံနဲ့ ဖြားယောင်သွေးဆောင်ပြီးတော့လည်း မစည်းရုံး၊ ဓမ္မစစ်စစ် သုခစစ်စစ်ကို ပေးရုံမျှသာ ဖြစ်သည်၊ အသိဥာဏ်အလင်းကို ပေးရုံမျှသာ ဖြစ်သည်။

ဒီမိုကရေစီ ဆန်သော ဘာသာ
ကိုယ်စိတ်ကြိုက်မှ၊ ကိုယ်တိုင်နှစ်သက်မှ လက်ခံစေသည့် ဘာသာ၊ လူတိုင်းကို ဘာဖိအားမှ မပေး၊ တန်းတူညီမျှသော အခွင့်ရေးကိုသာ ပေးသော ဘာသာသည် ဒီမိုကရေစီဆန်သော ဘာသာဖြစ်သည်။ ကိုယ့်ကိုယ်ကို ပိုင်ဆိုင်သည့်ဘာသာ၊ မမြင်ရသည့် မည်သည့် တန်ခိုးရှင်ကိုမှ အညံ့ခံစရာမလိုဘဲ မိမိကိုယ်ကိုယ်ကို၊ မိမိ၏ ကိုယ်စွမ်း ဥာဏ်စွမ်းကို မှီရသော ဘာသာသည် ဗုဒ္ဓအလိုကျ ဖြစ်သောကြောင့် ဗုဒ္ဓဘာသာဟု ခေါ်တွင်သည်။ မြတ်ဗုဒ္ဓသည် သူ ရှာဖွေတွေ့ရှိလာသည့် ဓမ္မကို ကိုယ်တိုင်ကျင့်ပြီးမှ ကြိုက်မှ နှစ်သက်မှ လက်ခံစေသည်၊ မျက်စိစုံမိတ်ပြီး သူများပြောတာကိုပဲ လက်ခံသည်ကို မနှစ်မြို့။ ဤသည်ကား ဗုဒ္ဓဘာသာ၏ သဘောပင်ဖြစ်သည်။

တခါက မြတ်ဗုဒ္ဓသည် ကာလာမ ရွာသားများကို မိန့်ဖူးသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ ကျော်လောက်က ကာလာမရွာမှာ မိမိကိုယ်ကိုယ်ကို ဆရာကြီးအမည်ခံ ဆရာအမျိုးမျိုး ရောက်လာသည်၊ မိမိတို့အယူဝါဒ အတွေးအခေါ်များကို ဖြန့်ဝေကြသည်။ ထိုရွာသူရွာသားများသည် “ဆရာများ သားသေ”ဆိုတာလို ဘယ်ဆရာ ဘယ်အယူဝါဒက မှန်သည် မှားသည်ကို မဆုံးဖြတ်နိုင်ဘဲ ရှိသည်၊ သံသယတွေနဲ့ သို့လောသို့လော ဖြစ်၍နေသည်။ ထို့ကြောင့် မြတ်ဗုဒ္ဓက “ငါဘုရားသည်လည်း သင်တို့ဆရာအဖြစ် မသက်မှတ်ဘဲ သင်တို့ကိုယ်ပိုင်ဥာဏ် အဆုံးဖြတ် အတွေ့အကြုံတို့ဖြင့်သာ အမှန်တရားကို ရွေးချယ်ပါ”။ “ငါ့ဘုရားကိုယ်လဲ အားမကိုးနဲ့ ငါ့ဘုရားက လမ်းညွှန်ရုံသာ ညွှန်ပေးနိုင်သည်၊ သင်တို့ကိုယ် သင်တို့အားကိုး၊ သင်တို့ကိုယ်ပိုင် ဥာဏ်၊ အဆုံးဖြတ်ကိုသာ အားကိုး၊ သင်တို့၏ ကိုယ် ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်ဥာဏ်၊ ကိုယ်ပိုင်အဆုံးအဖြတ် သည်သာလျှင် သင်တို့၏ကိုယ်ပိုင်ဥစ္စာ ဖြစ်သည်”ဟု မိန့်တော်မူသည်။

မြတ်ဗုဒ္ဓတရားတော်များသည် ဘယ်လောက် သဘာဝကျသနည်း၊ ဘယ်လောက် ဓမ္မဓိဋ္ဌာန်ကျသနည်း၊ ဘယ်လောက် ဒီမိုကရေစီကျသနည်း၊ ဘယ်လောက် လူသားဆန်သနည်း။ လူသားဆန်ပြီး လူသားအတွေ့ကြုံ၊ လူသားအသိဥာဏ်တို့ဖြင့် ချပြသွားခဲ့သည့် လောက သဘာဝ၊ ဓမ္မသည် ပုဂ္ဂိုလ်ရေး (personal)မဆန်ဘဲ ဓမ္မ (Universe) သက်သက်သာ ဖြစ်သည်။ မြတ်ဗုဒ္ဓ၏ ပုဂ္ဂိုလ်ရေးမဆန်၊ ဂိုဏ်းဂဏမဆန်၊ ဓမ္မဓိဋ္ဌာန်၊ ဒီမိုကရေစီကျမှုတို့ကား ကာလာမရွာသားတွေအား ဟောခဲ့သည့် အလွန်ပြောင်မြောက်သည့် မိန့်ခွန်းဆယ်ချက်က အထင်ကရ သက်သေဖြစ်သည်။ ထိုမိန့်ခွန်းဆယ်ချက်ကို စာရေးသူ ဆိုက်ထဲက “ကမ္ဘာကျော်မိန့်ခွန်းဆယ်ချက်”မှာ လေ့လာနိုင်ပါသည်။

ကိုယ်ပိုင်အသိဥာဏ်ကို အားကိုး

ဘယ်အရာမဆို သိအောင်လေ့လာ၊ သိအောင် လေ့ကျင့်ရမည်ဖြစ်သည်။ ကောင်းသည် ဆိုးသည်၊ ကောင်းကျိုးပေးမည့်အရာ မကောင်းကျိုးပေးမည့် အရာ၊ ကုသိုလ် အကုသိုလ်၊ အမှန် အမှား၊ စတာတွေကို ကိုယ်ပိုင် အသိ ကိုယ်ပိုင် ဥာဏ်တို့ဖြင့် ဆုံးဖြတ်ရမည်။ (အတ္တာ ဟိ အတ္တနော နာထော)။ “ဤ၀ါဒ၊ ဤအယူ၊ ဤအတွေးခေါ်သည် ကောင်းသည်၊ မှန်သည်၊ ကောင်းကျိုးပေးမည်”ဟု ယူဆထားလျှင် ထိုအယူဝါဒကို လက်ခံရမည်။ ဆန့်ကျင်ဘက်အနေနဲ့ “မကောင်း၊ မှားသည်၊ မကောင်းကျိုးပေးမည်”ဟု ယူဆလျှင်ကား ထိုအယူဝါဒကို ပယ်စွန့်ရမည်။ အပြစ်မရှိ၊ မိမိကိုယ်ကိုယ်ကိုရော တစ်ပါးသူကိုပါ ကောင်းကျိုးပေးသော အရာမှန်သမျှတို့သည် ကောင်း၏၊ မှန်၏၊ ကုသိုလ်ဖြစ်၏၊ လက်ခံကျင့်သုံးရမည်။ လူမှုအသိုင်းအ၀ိုင်း၊ ပညာရှိအသိုင်းအ၀ိုင်း၊ သူတော်ကောင်းအသိုင်းအ၀ိုင်းက လက်မခံသော ရှုံ့ချအပြစ်တင်သော အရာမှန်သမျှသည် အပြစ်ဖြစ်၊ မိမိ သူတစ်ပါးတို့အား အကျိုးမဲ့ကို ဖြစ်စေ၏။ ထိုအရာသည် အကုသိုလ်၊ မကောင်း၊ မမှန်သော အရာဖြစ်၍ ပယ်စွန့်ရမည် ဖြစ်သည်။ ဤသို့လျှင် မြတ်ဗုဒ္ဓ၏ ကိုယ်ပိုင်အသိဥာဏ်နှင့် လူသားဗဟိုရ်ပြုသော ၀ါဒသည် လူသားဆန်ပြီး ဒီမိုကရေစီကျသော ဘာသာဖြစ်သည်၊ ဗုဒ္ဓဘာသာဟူ၍ပင် ဆိုအပ်။

နိဂုံးချုပ်သော်
ထို့ကြောင့် မငြိမ်မသက် ဖြစ်နေသော၊ ပူလောင်နေသော၊ တလှုပ်လှုပ် တရွရွ တုန်လှုပ် နေသော၊ ကြောက်လန့်နေသော၊ စိတ်မချ မလုံခြုံဖြစ်နေသော လောကကြီးထဲမှာ ကျွန်ုပ်တို့တတွေအားလုံး လောက၏အအေးဓာတ်၊ အငြိမ်းဓာတ်နှင့် အပူပင်ကင်းတဲ့ဘ၀ကို ပေးစွမ်းနိုင်သော ဓမ္မကို လေ့လာကြသည်၊ ကျင့်သုံးကြသည်၊ အသွင်ကူးပြောင်းကြသည်။

ဗုဒ္ဓဘာသာသည် မည်သည့် သက်ရှိသတ္တ၀ါကိုမှ သွေးမြေ ကျစေပြီး အသွင်ကူးပြောင်ရေးကို ဘယ်တော့မှာ အားမပေးခဲ့။ ဗုဒ္ဓဘာသာက အေးမြသည့် ဓမ္မအရိပ်ကို ပေးသည်၊ အပူငြိမ်းဆေးကို ကြွေးသည်၊ အငိုတိတ် တေးကို ပေးသည်၊ အသိဥာဏ် မျက်လုံးကိုဝေငှသည်၊ ဓမ္မမျက်လုံးကို ပေးသည်။ ထိုထိုသို့သော ဂုဏ်အင်တွေကြောင့် ဗုဒ္ဓဘာသာဘက်သို့ တသွင်သွင် ကူးပြောင်းလာကြခြင်း ဖြစ်ပါတော့သတည်းးးး။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၆-၀၂-၂၀၁၃

29 May 2013

(၂၃)သီတဂူ အာရောဂျဒါနဆေးရုံ (ကျိုက်ထို)

(၂၃)သီတဂူ အာရောဂျဒါနဆေးရုံ (ကျိုက်ထို)

သီတဂူဆရာတော်ကြီးနှင့် သီတဂူ တပည့် ဒကာဒကာမများသည် ၂၈-၅-၂၀၁၃ ရက်နေ့ ဖွင့်လှစ်မည့် မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ သီတဂူအာရောဂျဒါနဆေးရုံသို့ ရောက်ရှိကြသည်။ သီတဂူဆရာတော်ကြီးသည် မြေပြင် မြေပြန့်မကျန် မြန်မာပြည်နေရာ အနှံ့အပြားသို့ သွားရောက်ကာ သီတဂူမျက်စိဆေးရုံများ၊ သီတဂူအထွေထွေကု ဆေးရုံများ၊ ဆေးရုံသုံးပစ္စည်းများ စတဲ့ ကျန်းမာရေးအပြင် ပညာရေးအတွက် စာသင်ကျောင်းများ၊ ကွန်ပြူတာ သင်တန်းအဆောင်များ၊ ကွန်ပြူတာများကို သွားရောက်လှူလေ့ရှိသည်။
 သီတဂူ အာရောဂျဒါနဆေးရုံ (ကျိုက်ထို)
ဒီကနေ့ ၂၈-၅-၂၀၁၃ ရက်နေ့မှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာလဲ (၂၃) ခုမြှောက် “သီတဂူအာရောဂျဒါနဆေးရုံ” (အထွေထွေကု ဆေးရုံ)ကို လှူဒါန်း ဖွင့်လှစ်သည့်ပွဲသို့ ကြွရောက်သည်။ ထိုနေ့ညမှာလဲ အထူးတရားပွဲအဖြစ် ကျိုက်ထိုပြည်သူများအား တရားတော်များ ချီးမြင့်သည်။
 (သီတဂူ အာရောဂျဒါနဆေးရုံမှာ မျက်စိကုသခြင်း)

သီတဂူဆေးရုံတော်များ (ဖွင့်လှစ်ပြီး)
စာရေးသူ သိသမျှ လက်လှမ်းမီသမျှ စုစည်းထားသော ဖွင့်လှစ်ပြီးစီး သီတဂူဆေးရုံများကို အောက်ပါအတိုင်း မှတ်တမ်းတင်ထားသည်။ (တကယ်တော့ သီတဂူဆရာတော်ကြီး မိန့်ဖူးသည်မှာ သီတဂူဆေးရုံပေါင်း ၃၀ ကျော်ဟု သိရသည်။)
 (သီတဂူ အာရောဂျဒါနဆေးရုံဖွင့်ပွဲလာ ဒေသခံများ)

၁။ သီတဂူအာယုဒါနဆေးရုံ
၁၉၈၉ ခုနှစ် စစ်ကိုင်းတောင်။ စစ်ကိုင်းမြို့၊ စစ်ကိုင်းဒေသ၊ ဖွင့်လှစ်သည်။

၂။ သီတဂူမြမေတ္တာ စက္ခုဒါန ဆေးရုံ
၂၀၀၈ ခုနှစ်တွင် ပန်းတနော်၊ ဧရာဝတီတိုင်းဒေသ၊ ဖွင့်လှစ်သည်။

၃။ သီတဂူစက္ခုဒါနဆေးရုံ
၂၀၀၈ နှစ်တွင် သီပေါမြို့၊ ရှမ်းပြည်နယ်၊ ဖွင့်လှစ်သည်။

၎။ သီတဂူစက္ခုဒါနဆေးရုံ

၂၀၀၉ ခုနှစ်တွင် ကလေးမြို့၊ စစ်ကိုင်းတိုင်း၊ ဖွင့်လှစ်သည်။

၅။ သီတဂူအာရောဂျဒါနဆေးရုံ
၂၀၁၁ နှစ်တွင် စဥ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ၊ မန္တလေးတိုင်းဒေသ ဖွင့်လှစ်သည်။

၆။ သီတဂူဒီပင်္ကရာစက္ခုဒါနဆေးရုံ
၂၀၁၀ ခုနှစ်တွင် နတ်မောက်မြို့၊ မကွေးတိုင်းဒေသ၊ ဖွင့်လှစ်သည်။

၇။ သီတဂူဗြဟ္မာယုပြည်သူ့ဆေးရုံ

၂၀၁၀ ခုနှစ်တွင် ဆားတောင်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖွင့်လှစ်သည်။

၈ ။ သီတဂူအာရောဂျဒါနဆေးရုံ
၂၀၁၀ ခုနှစ်တွင် ရင်းငြိမ်၊ မွန်ပြည်နယ်၊ ဖွင့်လှစ်သည်။

၉။ သီတဂူတက်လမ်းစက္ခုဒါနဆေးရုံ
၂၇-၁၂-၂၀၁၀ ခုနှစ်၊ မင်းတပ်မြို့၊ ချင်းပြည်နယ်တွင် ဖွင့်လှစ်သည်။

၁၀။ သီတဂူအာရောဂျဒါနဆေးရုံ
၁၂-၂-၂၀၁၁ နေ့၊ ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသ ဖွင့်လှစ်သည်။

၁၁။ သီတဂူရွှေပြည်ဟိန်းစက္ခုဒါနဆေးရုံ
၂၇-၄ ၂၀၁၁ ခုနှစ် ရန်ကုန်တွင် ဖွင့်လှစ်သည်။

၁၂။ သီတဂူမေတ္တာဆေးရုံ
အင်းလေးဒေသ၊ ဟဲယားရွာမ၊ ရှမ်းပြည်နယ်။

၁၃။ အမှတ်စဉ် (၁၃) သီတဂူအာရောဂျဒါန (အထွေထွေဆေးရုံ) ဆေးရုံတော် (မြိုင်ကြီးငူ)

၂၀၁၁၊ နိုဝင်ဘာ (၁၄) ရက်နေ့တွင် ကရင်ပြည်နယ် မြိုင်ကြီးငူဒေသတွင် ဖွင့်လှစ်ခဲ့သည်။

၁၄။ အမှတ်စဉ် (၁၄) သီတဂူအာယုပါလဆေးခန်း (မြင်းခြံ)
၁၃၇၄ ခု (၁-၉-၂၀၁၂) မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် ဖွင့်လှစ် လှူဒါန်းခဲ့သည်။

၁၅။ အမှတ်စဉ် (၁၅) သီတဂူစက္ခုဒါနဆေးရုံ (မြစ်ကြီးနား)
၀၂-၁၁-၂၀၁၁-ရက်နေ့ ဖွင့်လှစ်သည်ည်။
(၀၅-၁၁-၁၁)-ရက်နေ့တွင် ကချင်ပြည်နယ်, ပူတာအို ဆေးရုံတွင် ဆေးရုံပစ္စည်းများ လှူဒါန်းသည်။

၁၆။ အမှတ်စဉ် (၁၆) သီတဂူတက်လမ်းစက္ခူ့ဒါနဆေးရုံ (လွိုင်ကော်)
၂၀-၁၂-၂၀၁၁နေ့၊ ကယားပြည်နယ် လွိုင်ကော်မြို့ ဖွင့်လှစ်သည်။

၁၇။ သီတဂူစက္ခုဒါနဆေးရုံ (မင်းတပ်)
၂၇-၁၂-၂၀၁၁ နေ့က ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ဖွင့်လှစ်ခဲ့သည်။

၁၈။ အမှတ်စဉ် (၁၈) သီတဂူစက္ခုဒါနဆေးရုံ
၁၄-၁၁-၂၀၁၂-နေ့ ၊ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ဖွင့်လှစ်သည်။
၁၉။ အမှတ်စဉ် (၁၉) သီတဂူအာရောဂျဒါန ဆေးရုံ (ရပ်စောက်)
၃၁.၃.၂၀၁၃ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့တွင် ဖွင့်လှစ်သည်။

၂၀၊ အမှတ်စဉ် (၂၀) သီတဂူလှဆန်းယဉ်စက္ခုဒါနဆေးရုံ
၇-၄-၂၀၁၃ ရက်နေ့ ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့တွင် ဖွင့်လှစ်သည်။

၂၁။ အမှတ်စဉ် (၂၁) သီတဂူစက္ခုဒါန ဆေးရုံ (လဟယ်)
၁၉-၄-၂၀၁၃ ရက်၊ ခန္တီးခရိုင်၊ လဟယ် ဒေသ၊ စစ်ကိုင်းတိုင်းဒေသ တွင် ဖွင့်လှစ်သည်။

၂၂။ အမှတ်စဉ် (၂၂) သီတဂူသုမေဓာဆေးရုံ
၂၃-၄-၂၀၁၃ ရက်၊ ပန်းတနော်မြို့ အစုကြီးကျေးရွာတွင် သီတဂူသုမေဓာဆေးရုံ ဖွင့်လှစ်သည်။

၂၃၊ အမှတ်စဉ် (၂၃) သီတဂူ အာရောဂျဒါနဆေးရုံ
၂၈- ၅- ၂၀၁၃ ရက်နေ့ မွန်ပြည်နယ် ကျိုက်ထိုမြို့၊ သီတဂူအာရောဂျဒါနဆေးရုံ၊ ဖွင့်လှစ်သည်။
သဲကုန်း သီတဂူစက္ခုဒါနဆေးရုံကိုတော့ ပြီးခဲ့တဲ့ ၂၀၁၂ ဒီဇင်ဘာလက ပန္နပ်ချမင်္ဂလာကျင်းပခဲ့။
 
(သီတဂူ အာရောဂျဒါနဆေးရုံ (ကျိုက်ထို)ဖွင့်ပွဲ ညတရားပွဲ)

(ဓာတ်ပုံ- သီတဂူထိန်လင်းဦး ထံမှ ရယူသည်)
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၈-၅-၂၀၁၃

21 May 2013

နိုင်ငံတကာ ထေရ၀ါဒဗုဒ္ဓတက္ကသိုလ်များ ညီလာခံ

တတိယအကြိမ် နိုင်ငံတကာ ထေရ၀ါဒဗုဒ္ဓတက္ကသိုလ်များအဖွဲ့၏ အစည်းအဝေးပွဲကြီး
(Conference of the Association of Theravāda Buddhist Universities)
သီတဂူဆရာတော်ကြီး ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး ထိုင်းနိုင်ငံမှာ ကျင်းပ ပြုလုပ်နေစဉ်

===============

ထေရ၀ါဒဗုဒ္ဓတက္ကသိုလ်များအဖွဲ့
(Association of Theravāda Buddhist Universities)

ဒီအဖွဲ့ကို သီတဂူဆရာတော်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ၂၀၀၇ မတ်လမှာ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒသာသနာပြုတက္ကသိုလ် (ရန်ကုန်) မြန်မာနိုင်ငံမှာ စတင်ဖွဲ့စည်းသည်။
ပထမအကြိမ် (ပိတ်ပွဲ၊ ပုပ္ပားတောင်၊ မြန်မာ)

၁။ ထိုနှစ်မှာပဲ ပထမအကြိမ်အဖြစ် နိုင်ငံတကာ ထေရ၀ါဒဗုဒ္ဓတက္ကသိုလ်များအဖွဲ့ အစည်းအဝေး (ATBU International Conference)ကြီး၏ ဖွင့်ပွဲကို ထိုတက္ကသိုလ်နှင့် ပိတ်ပွဲကို ပုပ္ပါးတောင်ရှိ ဟိုတယ်တို့တွင် ကျင်းပခဲ့သည်။
(The initial conference of the Association of Theravāda Buddhist Universities at International Theravada Buddhist Missionary University Yangon & Poppa Mountain, Myanmarယ9-11-3-2007)
ဒုတိယအကြိမ်၊ (စစ်ကိုင်း၊ မြန်မာ)

 ၂။ ဒုတိယအကြိမ်ကိုတော့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း၊ မြန်မာတွင် ၂၀၀၉၊ မတ်လမှာ နိုင်ငံပေါင်း ၃၀ ကျော်တက်ရောက်ကာ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။
(The 2nd Bi-Annual International Conference The Association of Theravada Buddhist Universities (ATBU) held at Sitagu International Buddhist Academy
Sagaing Hills, Myanmar 4-8 March 2009)
တတိယအကြိမ်၊ (နခွန်ပထွန်၊ ထိုင်းနိုင်ငံ)

 ၃။ တတိယအကြိမ်မှာတော့ မဟာမကုဋ်ဗုဒ္ဓတက္ကသိုလ်၊ နခွန်ပထွန်၊ ထိုင်းနိုင်ငံတွင် မေ ၁၆-၁၈-၂၀၁၃ မှာ ကျင်းပသည်။
(The 3rd ATBU International Conference on “Buddhist Education, Life Education” 16-18 May 2013 at Mahamakut Buddhist University, Salaya, Nakhon Pathom, Thailand) 

နိုင်ငံတကာထေရ၀ါဒဗုဒ္ဓတက္ကသိုလ်များအဖွဲ့ လင့်ခ် http://atbu.org/ လင့်ခ်ကို ကိုးကားသည်။

နှိုင်းယှဉ်စိတ်ဖြစ်ပေါ်
နိုင်းငံတကာဗုဒ္ဓတက္ကသိုလ် အစည်းဝေးပွဲကြီးကို မြန်မာနှင့်ထိုင်း အိမ်ရှင်အဖြစ်လက်ခံကျင်းပရာ မြန်မာနိုင်ငံက နှစ်ကြိမ်၊ ထိုင်းနိုင်ငံက တစ်ကြိမ် ကျင်းပခဲ့ပြီးဖြစ်သည်။ ထိုနှစ်နိုင်ငံတွင် ကျင်းပပြီး ထိုအစည်းအဝေး၏ အခမ်းအနားအတွက် အခင်းအကျင်း ပြင်ဆင်မှု ဧည့်ခံမှု၊ ကြိုဆိုမှု၊ လှူဒါန်းမှုတွေကို ကြည့်ပြီး စာရေးသူ၏ အသိစိတ်ထဲမှာ အလိုလို နှိုင်းယှဉ်စိတ်ဖြစ်ပေါ်လာခဲ့သည်။

မြန်မာနှင့်ထိုင်း
ထိုင်းနိုင်ငံသည် အလွန်ချမ်းသာ ကြွယ်ဝသည့်နိုင်ငံဖြစ်သည့်အားလျှော်စွာ ထိုနိုင်ငံရှိ ဗုဒ္ဓတက္ကသိုလ်များ၏ အသွင်အပြင် အဆောက်အဦးတွေသည်လည်း ကြီးကျယ် ခန်းနားသည်ကို တွေ့ရသည်။ စာရေးသူသည် ၂၀၀၆ ခုနှစ်က ဘန်ကောက် “ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံပွဲကြီး”ကို တက်ရောက်ခဲ့ဖူးသည်။ လမ်းတွေ တံတားတွေ၊ အဆောက်အဦးတွေ၊ ကြည့်လိုက်ရင် စာရေးသူတို့နိုင်ငံနှင့် အတော်ကို ကွာဟနေသည်ကို တွေ့ခဲ့ရသည်၊ လျပ်စစ်မီး သုံးစွဲမှု၊ နည်းပညာ အခင်းအကျင်းတွေက အစ အလွန်ခန်းနားသည်။

စာရေးသူတို့နိုင်ငံမှာတော့ စီးပွားရေး နိမ့်ကျသည့် နိုင်ငံဖြစ်နေရကား ဗုဒ္ဓတက္ကသိုလ်တွေရဲ့ အဆောက်အဦးတွေမှာလည်း ထိုနိုင်ငံနှင့် ယှဉ်က သေးငယ်သွားသည်ဟု ထင်ရသည်။ ကြံဖန်ပြီးတော့ ဂုဏ်ယူရရင်တော့ အဆောက်အဦးတွေ လမ်းတွေ တံတားတွေ နိမ့်ကျစေကာမူ ပညာအရည်အချင်းမှာတော့ အဆများစွာသာသည်ဟု ယူဆမိပါသည်။ “ရဟန်းတော်ပညာရေးမှာတော့ မြန်မာပြည် ရဟန်းတော်များ၏ ဗုဒ္ဓစာပေအသိ၊ ဗုဒ္ဓစာပေအဆင့်အတန်းကို ဘယ်နိုင်ငံကမှ ယှဉ်နိုင်မည်မဟုတ်”ဟုဆိုက ဘယ်နိုင်ငံကမှလဲ ငြင်းမည်မထင်။

ထိုင်းနိုင်ငံ၏ရဟန်းတော်ပညာရေးသည် ခေတ်ပညာဘက်ကို ဦးတည်နေသည်၊ ဗုဒ္ဓစာပေသည် တဖြည်းဖြည်း အားနဲလာသည်။ ထိုင်းရဟန်းတော်များသည် ချမ်းသာကြွယ်ဝသော နိုင်ငံမှ ဖြစ်၍ အမေရိက၊ အင်္ဂလန်တက္ကသိုလ်များကဲ့သိုသော နည်းပညာထိပ်ဆုံးရှိ တက္ကသိုလ်များတွင် ပညာသင်ယူနိုင်ကြသည်။ မြန်မာနိုင်ငံမှ ရဟန်းတော် တချို့သာ တက်နိုင်ကြသည်၊ အများစုက သီရိလင်္ကာနိုင်ငံနှင့် အိန္ဒိယရှိ တက္ကသိုလ်များကိုသာ တက်နိုင်ကြသည်။

ခေတ်ပညာနှင့် ကမ္ဘာ့အသိုင်းအ၀ိုင်း ပေါက်ရောက်မှုတွင် ထိုင်းရဟန်းတော်များက မြန်မာရဟန်းတော်များထက် တဖြည်းဖြည်းနဲ့ ပိုမို ရှေ့ရောက်လာနိုင်ဖွယ်ရှိသည်။ နိုင်ငံတကာရောက် ပညာတော်သင် မြန်မာရဟန်းတော်များ၏ ပညာရေးသည် တိုင်းပြည်ရှိ ပြည်သူများကိုသာ အမှီပြုကြရသည်၊ အစိုးရကို အမှီပြုနေရသည်မဟုတ်။ ထို့ကြောင့် နိုင်ငံချမ်းသာဖို့ထက် နိုင်ငံရှိ ပြည်သူများ တစ်ယောက်ချင်းအလိုက် ချမ်းသာကြွယ်ဝဖို့ကိုပဲ မျှော်လင့်ရသည်။

ရဟန်းတော်များ၏ ပညာရေးကို ဆိုလိုက်သဖြင့် တိုင်းပြည်ရှိ ကျောင်းသား ကျောင်းသူ အားလုံး၏ ပညာရေးမြင့်မားမှု၊ နိုင်ငံတကာ ၀င်ဆန့်မှုသည်လည်း အလာတူပင် ဖြစ်ပါလိမ့်မည်။ ဟားဗက်တက္ကသိုလ်၊ အောက်စဖို့တက္ကသိုလ်စတဲ့ ကမ္ဘာကျော် တက္ကသိုလ်များတွင် ထိုင်းနိုင်ငံကျောင်းသားများနဲ့ ယှဉ်လျှင် မြန်မာကျောင်းသားများ အရေအတွက် အလွန်နဲနေသည်ကို တွေ့ရပါလိမ့်မည်၊ မြန်မာကျောင်းသားတွေ မညံ့ကြပါ၊ သို့သော် တခြားနိုင်ငံကျောင်းသားတွေလောက် ငွေကြေး မသုံးစွဲနိုင်ကြ။ နိုင်ငံရေးအကြောင်း နားမလည်ပါ၊ စီးပွားရေးအကြောင်း မသိပါ၊ မြင်နေရ တွေ့နေရသည့် အတွေ့အကြုံအရ တိုင်းပြည် စီးပွားရေးနိမ့်ကျမှုကြောင့် အရှိန်အဟုန်နဲ့ တိုးတက်နေသော ပညာရေးကို လိုက်မမှီကြဘဲ ဖြစ်နေသည်၊ ပညာရေးနိမ့်ကျမှုကြောင့်လည်းပဲ စီးပွားရေး နိမ့်ကျနေသည်။ စီးပွားရေး ပညာရေးတို့သည် အပြန်အလှန် ထောက်ပံ့နေကြသည်။ ထိုအထဲတွင် ကျန်းမာရေးကလဲ ပါရပြန်သည်။ ထိုသုံးခုလုံးကို ဟန်ချက်ညီညီ ထောက်ပံ့နိုင်သည်ကား မှန်ကန်သော နိုင်ငံရေးမူဝါဒဖြစ်မည် ထင်ပါသည်။

ဓာတ်ပုံများကို သီတဂူထိန်လင်းဦး၊ အရှင်ဝိသုတတို့ ဖေ့ဘုတ်နှင့် Sitagu International Buddhist Academy ဖေ့ဘုတ်တို့ထံမှ ရယူသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၅-၂၀၁၃

18 May 2013

ရဟန်းနှင့် ဘွဲ့ဒီဂရီ

ရဟန်းနှင့် ဘွဲ့ဒီဂရီ 

စာမိတ်ဆက်
အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း၊ အမေရိက၊ အင်္ဂလန် စသည်နိုင်ငံတွေကဲ့သို့ ကမ္ဘာတလွားမှာ ကြီးကြီးကျယ်ကျယ်ပြောရရင် ခေတ်နဲ့လျော်ညီသော B.A, M.A, Ph.D စတဲ့ ဘွဲ့ဒီဂရီတွေ အတွက်ပညာရပ်များကို သင်ကြားနေကြသော မြန်မာ ရဟန်းတော်များစွာ ရှိသည်။ မြန်မာရဟန်းတော် ကျောင်းသားများက ကိုယ့်နိုင်ငံအသီးအသီးရှိ အဖွဲ့၏နှစ်စဉ်အမှတ်တရ မဂ္ဂဇင်းစာစောင်များ ထုတ်ဝေလေ့ရှိသည်။ ထိုင်းနိုငံရောက် မြန်မာရဟန်းတော် မိတ်ဆွေတစ်ပါးက “အရှင်ဘုရား ဆောင်းပါးတစ်ပုဒ်လောက် ချီးမြင့်ပါဘုရား”ဟု မိန့်သဖြင့် ပညာရေးနဲ့ပတ်သတ်ပြီး အွန်လိုင်း ဒကာမတစ်ယောက် အမေးကို စုစည်းပြီး အမေးအဖြေ ဆောင်းပါးတစ်ပုဒ် ဖန်တီးလိုက်ရပါသည်။

စာရေးသူကို ဖေ့ဘုတ်မှာရော ဂျီမေးလ်မှာရော ဂျီတော့ခ်မှာပါ ရဟန်းရော လူတွေနဲ့ပါ စကားပြောဖြစ်သည်။ အများစုကတော့ ဘာသာရေးအကြောင်း၊ လူမှုရေးအကြောင်း အိန္ဒိယပညာရေးအကြောင်းနှင့် နိုင်ငံရေးအကြောင်းတွေပါ မေးတတ်ကြသည်။ အခုခါတော့ မန္တလေးမှ ဒကာမတစ်ယောက်က စာရေးသူတို့ ရယူနေတဲ့ ဘွဲ့ဒီဂရီတွေနဲ့ပတ်သက်ပြီး မေးထားသည်။ သူလဲ တကယ်တော့ စာဖတ် စာရေးသူ ဖြစ်ကောင်း ဖြစ်နိုင်သည်။ သူနဲ့အပြန်အလှန် ပြောခဲ့တဲ့ စကားတွေကို စုစည်းပြီး ပိုပြီး နားလည်လွယ်အောင် ဖြည့်သင့်တာ ဖြည့်ပြီး ထိုင်းနိုင်ငံ မြန်မာကျောင်းသားရဟန်းတော်များ မဂ္ဂဇင်းတွင် ထည့်ရန် ဖြစ်လာသည်။

ဒကာမး မြန်မာပြည် ဘယ်တော့လောက် ပြန်ကြွလာမှာလဲဘုရားး
သီတဂူစတားး လောလောဆယ်တော့ မကြွဖြစ်သေးဘူး၊ ပြန်လာရင်လဲ ဖြစ်တော့ဖြစ်ပါတယ်၊ ပြန်လာခြင်းကြောင့် စရိတ်ကုန်တာပဲ အဖတ်တင်တာပဲဆိုပြီး မလာတော့တာပါ။ စပွန်ဆာပေးမဲ့သူရှိရင်တော့ ပြန်ဖြစ်ကောင်း ပြန်နိုင်တယ်၊ pppppp.

ဒကာမးးပီအိပ်ခ်ျဒီ ရပြီးပြီလားဘုရားး.. အဲဒီအတွက်သွားတာ မဟုတ်လားဘုရားး
သီတဂူစတားး အင်းဟုတ်ပါတယ် အဲဒါအတွက် လုပ်နေဆဲလေ၊ မပြီးသေးပါဘူး၊ အခုမှ Ph.D သက်တမ်းက ၆ လပဲ ရှိပါသေးတယ်။ စာရှာ စာရေးဆဲပေါ့။ နောက်ထက် ၂ နှစ် အနဲဆုံး ဆက်နေရဦးမယ်လေ။

ဒကာမးး အဲဒိဘွဲ့က အရေးကြီးလားဘုရားး.. ဘုရားသာသနာမှာ အဲဒီဘွဲ့ထက် အရေးကြီးတာတွေရှိသေးလားဘုရားး.. ဘွဲ့ရရင် ဘာလုပ်မလဲဘုရား.. တပည့်တော်သိချင်တာလေး ရှိနေတယ်ဘုရားး

သီတဂူစတားး အရေးကြီးတာထက်ခေတ်ကာလ အလျောက် လိုအပ်လာလို့ လုပ်တာပါ။ အရေးကြီးလားမေးတော့ ဖြေရအုန်းမှာပေါ့။ ဘုန်းဘုန်းတို့လောကမှာ စာသင်စာချ တရားဟော သင်တန်းပေးခြင်းစတဲ့ ပရိယတ္တိ Learning နှင့် ထိုသင်ထားသမျှအတိုင်း လက်တွေ့ ကျင့်သုံးတဲ့ apply learning ပြောမလား ဒါမှမဟုတ် လူအသိများတဲ့ ကမ္မဋ္ဌာန်းအားထုတ်ခြင်းဆိုတဲ့ ပဋိပတ် ဆိုတဲ့အလုပ်လို့ပဲ ပြောရမလား၊ ဘာပဲဖြစ်ဖြစ်ပေါ့ အဲဒီ ၂မျိုးရှိတယ်၊ အဲဒီ ၂မျိုးလုံးက သာသနာမှာ အရေးကြီးတာချည်းပဲ၊ ဘယ်ဟာက ပိုအရေးကြီးလဲဆိုတာ ပြောဖို့မလိုဘူး၊ ၂ ခုလုံးအရေးကြီးတာချည်းပဲ။ သင်ကြား လေ့လာမှု ပရိယတ္တိမပါဘဲ သဒ္ဓါတရားနှင့် ပညာ မရနိုင်ဘူး ထိုတရား ၂ ခုမပါဘဲ ပဋိပတ္တိဆိုတာ မဖြစ်နိုင်ဘူး။ ပဋိပတ်မရှိတော့ ပဋိဝေဓ penetrating ဆိုတာ မရနိုင်ပါဘူး၊ ဒီတော့ သင်ရင်း ကျင့်ရင်း ၂ မျိုးလုံးက သာသနာမှာ အရေးကြီးတာချည်းပါပဲ။ ကိုယ်တစ်ယောက်တည်း သို့မဟုတ် ကိုယ့်အတွက်ပဲ ကြည့်ပြီး စာလိုပြောရရင် အပ္ပေါသုက္ကော ပေါ့၊ ဆိုလိုတာက ကိုယ်အတွက်ပဲ ကြည့်ပြီး အများအကျိုးအတွက် မကြည်သူများအတွက်ကတော့ အဲလို ဘွဲ့တွေ ဒီဂရီတွေ မလိုဘူးပေါ့၊ တစ်ပါးသူအတွက် သို့မဟုတ် သာသနာ ရည်ရှည်အတွက် စဉ်းစားပေးသူများအတွက်တော့ အဲဒီဘွဲ့တွေဟာ လိုအပ်လာတယ်လို့ ပြောရမှာပဲ။

(ဘွဲ့ဒီဂရီတွေကို သဘောမကျတာလား၊ ကိုယ်တိုင်ကော ဘွဲ့တစ်ခုခု မရခဲ့လို့လား၊ ရခဲ့ရင်တောင် ဘာလို့ အဲဒီဘွဲ့ ယူခဲ့သလဲဆိုတာ ပြန်မသုံးသပ်ဘူးလား မပြောတတ်။)

အဲဒီတော့ ဘွဲ့တွေကကော အရေးကြီးလားဆိုတော့ သူ့ခေတ်အလျောက် ပေါ်လာတဲ့ဘွဲ့ဒီဂရီများသည် သူ့ခေတ်သူ့ကာလအတွက် အရေးကြီးသည်ဟု ပြောရပါလိမ့်မည်။

‘‘သဒ္ဓါဇာတော ဥပသင်္ကမိ’’ ဆိုတဲ့ စင်္ကီသုတ်နဲ့ပြောရရင် လူတွေဆိုတာ ဆရာကို ချဉ်းကပ်တယ်၊ ကိုယ့်ကို ချဉ်းကပ်တယ်ဆိုတာ ယုံကြည်မှုရှိမှ ချဉ်းကပ်တာပါ။ အဲဒီလို သူတို့ ယုံကြည့်မှုရအောင် ဘွဲ့တွေဆိုတာ ပေါ်လာတာပဲ။ ဘုရားလက်ထက်ကထဲက ဘုရားကိုယ်တိုင်ပဲ ရာထူးတွေပေး၊ ဘွဲ့တွေ ပေးလာတာပဲလေ။ ယုံကြည့်မှုကြောင့် ချဉ်းကပ်လာတော့မှ ကိုယ်က တဆင့်တက်ပြီး နည်းလမ်းတွေကို ညွန်ပြလို့ရမယ်။ ယုံကြည်မှုမရှိသူကို ဘယ်လောက်ပဲ အာပေါက်အောင် ပြောပြော ကိုယ်ပြောတာ သူတို့ လက်ခံမည် မဟုတ်။ တက္ကသိုလ်ဆရာလုပ်မှာဆိုတော့ တက္ကသိုလ်မှာ ယုံကြည်နိုင်လောက်တဲ့ ဘွဲ့တွေ ရအောင် လုပ်ကြတာပဲ၊ စာသင်တိုက်မှာလဲ ဓမ္မာစရိယဘွဲ့တွေ ရအောင် လုပ်ကြတာပဲ၊ ဘုန်းဘုန်းလဲ စာသင်တိုက်က ဘွဲ့တွေ ရပြီးမှ ထွက်လာတာပါ။

တခါက တောင်မြို့မဟာဂန္ဓာဆရာတော်ကြီးက မနက်ပိုင်း ခေါင်းရိပ်ပေးနေတဲ့ တပည့်ကြီးဖြစ်တဲ့ ဘုန်းကြီးဦးဇနပတိ (စာရေးသူ၏ဆရာ၊ ယခု မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ နာယကဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ) ကို မိန့်ဖူးတယ်၊ ‘‘ ဦးဇနပတိ--မန္တလေး သကျသီဟ အသင်း အဘိဝံသဘွဲ့ကို ၀င်ဖြေပါ့လား၊ နောင်တချိန် သာသနာပြုရာမှာ အကျိုးများပါလိမ့်မည်’’။ သို့သော် စာရေးသူ၏ ဆရာကတော့ ဘွဲ့တွေကို အလေးမထားဘဲ ကိုယ် စာတတ်ရင် ပြီးတာပဲဆိုပြီးနေလိုက်သည်။ မဟာဂန္ဓာရုံဆရာတော်ကြီး ပြောသည်မှာ အလွန့်လွန်ကို မှန်သည်၊ ခေတ်လူတွေက စာတတ်,မတတ်ကို ဘွဲ့တွေ ဒီဂရီတွေနဲ့ တိုင်းတာကြသည့်အတွက် စာတတ်နေပေမဲ့ ဘွဲ့တွေရနေသူတွေလောက် အလုပ်လုပ်တဲ့နေရာမှာ မတွင်ကျယ်ဖြစ်နေသည်။ ယုံကြည်မှ ချဉ်းကပ်ကြသည်ဆိုသည်မှာ အမှန်ပင်ဖြစ်သည်။

တခါက တိပိဋကဆရာတော် (တောင်မြို့ မဟာဂန္ဓာရုံထွက်) က မိန့်ဖူးတယ်‘‘ ငါတို့က နောက်က အမြီးပါမှ ဆရာတော်နိုင်တာကွ’’တဲ့။ အမြီးဆိုတာ- မိမိဘွဲ့နောင် အဘိဝံသဆိုတဲ့ ဘွဲ့ထူးတပ်ထားခြင်းကို ဆိုသည်၊ ဥပမာ-အရှင်ကုဏ္ဍလ သည် အဘိဝံသဘွဲ့ရသော် အရှင်ကုဏ္ဍလာဘိဝံသ ဆိုတဲ့ အမြီးပါလာသည်။

တက္ကသိုလ်တစ်ခုက ကျောင်းသားရဟန်းတွေက ဘာပြောလဲဆိုတော့‘‘ဒို့တက္ကသိုလ်က ပါချုပ်သည် အလုပ် လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ အရေးမကြီးဘူး၊ ဒို့တက္ကသိုလ်အတွက် ဒေါက်တာဘွဲ့ရပြီး ပညာတတ်တဲ့ပုဂ္ဂိုလ် ပါချုပ်အဖြစ် ရလိုက်တာကိုပဲ ဂုဏ်ယူပါသည်’’တဲ့။

ယနေ့ခေတ် အလုပ်ရုံ ကုမ္ပဏီတွေမှာလဲ အလုပ်လုပ်လျှောက်သူတိုင်းကို ဘွဲ့ဒီဂရီ (certificate)နဲ့ တိုင်းတာသတ်မှတ်ခေါ်သည်၊ ဘွဲ့ဒီဂရီသည် ယုံကြည်မှုရရန် ပြယုဂ်တစ်ခုဖြစ်သည်။ တခါက သီတဂူဆရာတော်ကြီးက သူ့တပည့်တစ်ပါးက အမ်အေပြီး ပြန်လာတယ်၊ Ph.D အတွက် ဆက်မလုပ်တော့လို့ “ဟေးးး ငါ့ရှင်က ဘာလို့ Ph.D ပြီးအောင် ဆက်မတက်သလဲ”လို့မေးတော့ ထိုအရှင်က တပည့်တော် အဲဒီဘွဲ့ ခံစားလို့ မရလို့ပါဘုရား”ဟု ဖြေသတဲ့။ ဆရာတော်က ဘာမှ မပြောဘူး။ နောက်နေ့ရောက်တော့ တခြားတပည့်တွေကို ပြောပြတယ်၊ ဒီကောင်က- ခံစားမရလို့ Ph.D ဆက် မလုပ်တာတဲ့ကွာ၊ ဒီဘွဲ့ကြီးကို ထိုင်ကြည့်ပြီး ခံစားဖို့ မဟုတ်ဘူးကွ၊ အလုပ် လုပ်ဖို့ကွဟု မိန့်သတဲ့။

အဲဒီဘွဲ့တွေရရင် ဘာလုပ်မလဲဆိုတော့ သူက တကယ်ပဲ မသိလို့မေးတာလား၊ စကားပဲကပ်ချင်လို့ မေးတာလား၊ စာရေးသူကို စမ်းသပ်ချင်လို့ မေးလာတော့ မပြောတတ်ဘူး။ ဒါပေမဲ့ မေးတာတွေက ကောင်းပါတယ်၊ ဒီလိုမေးခွန်းတွေနဲ့ပတ်သက်ပြီး စာရေးသူ ဘလော့ဂ်စတည်ဆောက်ခါစကထဲက မေးထားလို့ ဖြေဖူးခဲ့ပါတယ်။ အဲဒီတော့ တက္ကသိုလ်ဘွဲ့ရတော့ တက္ကသိုလ်မှာ စာပြန်သင်ပေးမှာပေါ့။ စာသင်တိုက်တွေမှာ ဓမ္မာစရိယဘွဲ့ရတော့ စာချဆရာခန့်အပ်လို့ စာပြန်ချသလိုပေါ့။ ကထိက စာချ ပါမောက္ခအဖြစ် ယုံကြည်နိုင်ဖို့ ထိုဘွဲ့တွေက စံနှုန်းတစ်ခုဆိုတာ ယနေ့ခေတ်မှာ ပိုပြီး သိသာမြင်သာလွန်းလှသည်။

ခေတ်နှင့်လျှော်ညီစွာ 
သင်ကြားရေး (ပရိယတ္တိ)အပိုင်းတွင် ဘုန်းတော်ကြီးကျောင်းသင် ပညာရေးစနစ်အရ ဗုဒ္ဓစာပေကို လေ့လာရာမှာ အလွန်ကောင်းပါသည်၊ အလွန်ခိုင်မာသော အုဉ်မြစ်ဖြစ်ပါသည်၊ မရှိမဖြစ် လိုအပ်သော စနစ်ဖြစ်သည်။ သို့သော်လည်း ယနေ့ခေတ် ပညာရေးအပိုင်းတွေမှာလည်း နိုင်ငံတကာနှင့် ချိတ်ဆက်နေသဖြင့် နိုင်ငံတကာ ကွန်ယတ်ထဲ ၀င်ဆန့်အောင် သင်ကြားရေးစနစ်တွေ၊ ပေးသည့်ဘွဲ့ပုံစနစ်တွေက နိုင်ငံတကာနဲ့ လိုက်လျောညီထွေ ဖြစ်ဖို့လိုလားသည်။ ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးသင် စနစ်လဲမမေ့အပ်သလို ရှေ့ဆက်ပြီး ခေတ်နဲ့လျော်ညီသော လေ့လာနည်းတွေကိုပါ တက်လှမ်းဖို့လိုလာသည်။ ဥပမာ-သာသနာ့ဓဇဓမ္မာစရိယဘွဲ့၊ အဘိဝံသဘွဲ့၊ တိပိဋကဓရဘွဲ့များသည် မြန်မာနိုင်ငံမှာရော ဗုဒ္ဓစာပေလောကမှာပါ ထိပ်တန်းက ဖြစ်နေပေမဲ့ ဗုဒ္ဓဘာသာနိုင်ငံများတွင်သာ အသိများသည်၊ တချို့ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပေမဲ့ ထိုဘွဲ့တွေကို မသိသည့် နိုင်ငံလည်း ရှိနေသေးသည်။ သူတို့သိသည်ကား B.A, M.A, Ph.D စတဲ့ ဘွဲ့များဖြစ်သည်။

ထို့ကြောင့် ကြီးကြီးကျယ်ကျယ်ပြောရရင် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းလို၍ပဲ ဖြစ်ဖြစ်၊ တက္ကသိုလ်ပညာရေးစနစ်ကို စိတ်ဝင်စားလို့ပဲ ဖြစ်ဖြစ်၊ ခေတ်နဲ့လျော်ညီချင်လို့ပဲ ဖြစ်ဖြစ် ထိုဘွဲ့များကို ရအောင် တဆင့် တက်လှမ်းနေကြသည်ကား အလွန်ကောင်းပါသည်။

ဗိုလ်ချုပ်နေ၀င်းတက်ခါစက အက်ဥပဒေများစွာကို ပြောင်းလဲပြစ်လို့ သံဃာ့တက္ကသိုလ်တွေ ပျောက်ခဲ့ရတယ်။ သီတဂူုဆရာတော်ကြီး ဓမ္မာစရိယပြီးခါစ သံဃာ့တက္ကသိုလ်တက်သည့်နှစ်ပေါ့။ ဆရာတော်က မကြာမကြာ ပြောလေ့ရှိတယ်၊ ဘာ့ကြောင့်တက္ကသိုလ်တက်ခဲ့ရလဲဆိုတာရယ်၊ နောက်ပိုင်း တက္ကသိုလ်ကြီးတစ်ခု တည်ထောင်လိုစိတ် ပေါ်လာတာရယ် ဆိုတဲ့ အကြောင်းကို စာရေးသူ၏ဆိုက်ထဲတွင် မဂဓတက္ကသိုလ်ကျောင်းသားများအား ပေးသော သြ၀ါဒတွင် သိနိုင်သည်။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ ပါမောက္ခချုပ်ဆရာတော်နှင့် မော်ကွန်းထိန်းဆရာတော် (ယခု နပသ မန္တလေး ပါချုပ်) တို့သည် စာရေးသူတို့လို ပြည်ပမှာ ထွက်ပြီး အမ်အေဘွဲ့တွေ Ph.D ဘွဲ့တွေ ရယူထားသူများ ဖြစ်ကြသည်။ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသက ‘‘ ဒီလိုဘွဲ့တွေ ရယူတယ်ဆိုတာ ရွှေကျင်သာသနာမှာ ဒီလိုပုဂ္ဂိုလ်တွေ ရှိပါသေးလားဆိုတဲ့ ရွှေကျင်ဂိုဏ်း၊ သာသနာတွေအတွက် ဂုဏ် တစ်ခုအတွက်ဖြစ်သည်’’ဟု ပြောဖူးသည်။ ဒါနဲ့ပတ်သက်ပြီး တစ်ဆက်တည်း အင်္ဂလိပ်စာ သင်ရခြင်း ရည်ရွယ်ချက်တွေကိုပါ ပြောသွားသည်။ 

အင်္ဂလိပ်စာ ဘာ့ကြောင့်သင် 
အင်္ဂလိပ်စာသည် ကမ္ဘာမှာ အလွယ်ဆုံးဘာသာဟု ပြောရမလားမပြောတတ်၊ နိုင်ငံတကာသုံးဘာသာ စကားဖြစ်လာသည်။ နိုင်ငံအချင်းချင်း ဘာသာအယူဝါဒ အချင်းချင်း ဆက်နွယ်ရာမှာ အသုံးပြုနိုင်ရန် Media ဖြစ်လာသည်။ ဘာသာပေါင်းစုံ နိုင်ငံပေါင်းစုံကနေ ပါဠိဘာသာသို့ ကူးလာနိုင်ရန် သို့မဟုတ် ပါဠိဘာသာမှ တခြားသော ဘာသာများသို့ ကူးလူးဆက်ဆံနိုင်ရန် အင်္ဂလိပ်စာကို ဆက်သွယ်ရေး တံတားအဖြစ် အသုံးပြုကြရသည်။ တိရစ္ဆာနအတတ်ပညာဟုသော စွဲချက်ဖြင့် အင်္ဂလိပ်စာကို မသင်ရဟူသော ရှေးရိုးစွဲဝါဒသည် ယနေ့ ပျောက်ပျယ်သွားသည်ဟု ဆိုနိုင်သည်။ ခေတ်နှင့်လျော်ညီသော B.A, M.A, Ph.D ကို အင်္ဂလိပ်ဘာသာစကားကိုပဲ Media အဖြစ် အသုံးပြုပြီး ရရှိလာကြသည်။ တကယ်တော့ ထိုဘွဲ့တွေ ဒီဂရီတွေဆိုတာလဲ စကား စကားကြီးစကားကျယ်နဲ့ ပြောရရင် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင်ပင် ဖြစ်သည်။

(အဲဒီတော့ ဒကာမကိုပဲ ပြန်မေးရဦးမယ်၊ ဒကာမကော ဘွဲ့တွေ ရထားပါသလား? ဘာအတွက် ဘွဲ့တွေ ရယူထားသလဲ? စာတတ်ရုံသက်သက်ပဲ ကျောင်းတက်ခဲ့သလား? ဒါဆိုရင် ကျောင်းမတတ်ပဲ ကိုယ့်ဘာသာ အပြင်မှာ တက်ပါ့တော့လား၊ စသည်ဖြင့် တသီးကြီး မေးစရာတွေ၊ သို့ပေမဲ့ အဖြေကတော့ အတူတူပါပဲ အလုပ်လုပ်ဖိုပဲ။ အဲဒီလို နားလည်ထားရင် ဒီဒကာမလဲ စာရေးသူကို မေးစရာတောင် မလိုဘူး၊ ကိုယ့်ကိုယ်ကိုပဲ မေးရမှာ ဖြစ်ပါတယ်။)

ဒကာမးး တပည့်တော်မသိလို့မေးအုံးမယ်ဘုရား... ဒါဆိုရင် ဦးဇင်းက မြန်မာပြည်မှာ ဘုရားတရားတော်တွေ သင်စရာတွေ အကုန်သင်ပြီးသွားပြီလို့ အဲဒီဘွဲ့ကို ယူဖို့ ဆုံးဖြတ်လိုက်တာလားဘုရား...
သီတဂူစတားး စာရေးသူကို အကဲစမ်းတာလားတော့ မပြောတတ်။ အကုန် မသင်ရသေးပါဘူး၊ သင်သင့်သလောက် သင်ပြီးပါပြီ၊ သင်သင့်သလောက် သင်ခဲ့လို့ စာသင်တိုက်ကြီးမှာ နေစဉ်ကထဲက စာချဘွဲ့တွေလဲ ရသင့်သလောက် ရခဲ့ပါတယ်၊ စာချအဖြစ်လဲ ၅ နှစ်လောက် ထမ်းဆောင်ခဲ့ပါတယ်။ စာရေးသူ၏ သီတဂူစတားအမည်ရှိ ဆိုက်ထဲက “ကိုယ်တိုင်ရေးတဲ့ ကိုယ်ရေးရာဇ၀င်” ဆိုတဲ့ စာသားကို ဖတ်ရင် သိနိုင်ပါတယ်၊ ဒါကြွားတာမဟုတ်ပါဘူး။ ဘုရားတရာတွေက ၀ါကျပေါင်း ရှစ်သောင်း လေးထောင်ကျော်ရှိပါတယ်၊ ဘုရားရှင်တောင် ၄၅ နှစ်ဟောရတာပါ။ ဘုရားတောင် ၄၅ နှစ်ဟောထားတာ ဆိုတော့ သာမန်ပုဂ္ဂိလ်က အဲဒီစာတွေ ကုန်အောင် နံ့စပ်အောင် သင်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး၊ စာသင်ရင်း သက်တမ်းသာ ကုန်သွားတယ် ဘုရားစကားက မကုန်နိုင်ပါဘူး။ သို့သော်လည်း အချိန်တိုင်း သင်ယူလေ့လာနေကြရတာပါ။ ရပ်နေလို့ မရပါဘူး၊ သင်ရင်းနဲ့ သေသွားကြရတာပါ။ ဒါ့ကြောင့် သင်ရင်းနဲ့ပဲ သေနိုင်အောင် ကြိုးစားပါ။ မသေခင်ထိ သင်ယူသွားကြဟူ၍ပင်ဖြစ်သည်။

အမှန်တကယ်တော့ ထိုဒကာမပြောတာလဲ မှန်ပါသည်၊ စာရေးသူတို့ ရဟန်းတော်တွေသည် မိမိတို့၏ အဓိက သင်ကြားရေးဘာသာရပ်ကို မေ့မထားသင့်၊ ထိုဘာသာရပ်ဖြင့်သာ အလုပ်လုပ်ကြရမှာ ဖြစ်သည်အတွက် ဗုဒ္ဓစာပေများကို အခြေခံ စနစ်တကျနှင့် ပါဠိ-အဋ္ဌကထာများကိုတော့ နှံ့စပ်ထားဖို့တော့ လိုသည်။ ထိုကဲ့သို့မဟုတ်ဘဲ တခြားဘာသာစာပေ စကားများကို အလွန်အကျွန်အားစိုက်မိပြန်ရင်လည်း သဒ္ဓါတရားအခြေခံသော ကိုယ်ကျင့်တရားတွေပါ အားနဲသွားနိုင်သည်၊ သဒ္ဓါအသိ ပညာအသိ စရဏအသိတွေ အားနဲသွားနိုင်သသည်၊ အခြေခံအုဋ္ဌ်မြစ်မခိုင်သဖြင့် အစွန်းရောက်သွားနိုင်သလို နောင်လာနောက်သား မျိုးဆက်အသစ်တွေအတွက်လဲ အလွဲသံသရာထဲက မရုန်းနိုင်အောင် ဖြစ်သွားလိမ့်မည်။ ထို့ကြောင့် သဒ္ဓါအခြေခံသော ရှေးဟောင်း စာသင်နည်းစနစ်ကိုလဲ မပယ်ဘဲ ထက်လောင်းပြီး ခေတ်နဲ့လျော်ညီသော ပညာရပ်တွေကိုလည်း သင်သင့်ပါသည်။

ဒကာမးး တပည့်တော် တရားနာရတဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ ဆရာတော်ဘုရားတွေထဲမှာ ဆရာတော်အရှင်ဒေါက်တာနန္ဒမာလာရဲ့ တရားတော်တွေကို နှစ်သက်နေမိတယ်ဘုရား...
သီတဂူစတားး အင်း--ကောင်းပါတယ်။ ဒါဆိုအဲဒီဆရာတော်ကို သွားမေးလျှောက်ကြည့်လိုက်ပါလား၊ အရှင်ဘုရား ဘာလို့ ဒေါက်တာဘွဲ့ ရအောင် လုပ်ခဲ့လဲလို့၊ အရှင်ဘုရားမှာ ဘွဲ့တွေ ရထားတာ အများကြီးပဲ အဲဒီဘွဲ့တွေထက် အရေးကြီးတာ မရှိဘူးလားလို့ မေးလျှောက်ကြည့်လေ၊ ဆရာတော်လဲ ဘုန်းဘုန်းတို့လိုပဲ ပြည်ပက အမ်အေ ဒေါက်တာဘွဲ့တွေ ရထားတာပဲလေ။

ဒကာမးး ဦးဇင်းက တကယ်ကို အမေးစကားကို အဖြေကောင်းနဲ့ဖြေလိုက်တာပဲ..

ဤမျှဖြင့် စာရေးသူလဲ ကလေးမလေးတစ်ယောက်က တရားနာချင်ပါတယ်ဆိုလို့ ကိုယ်လဲ စာဖတ်ဖြစ်အောင်ဆိုပြီး ဖတ်ထားတာလေးတွေ ဂျီတော့ခ်ကနေ ပြောပြချင်တာနဲ့ သူနဲ့ ပြောလက်စ စကားစပ်ဖြတ်လိုက်တယ်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၁-၂၀၁၂

13 May 2013

သွေးပိုင်ရှင်နှင့် ထူးခြားကိုယ်ပိုင်ဟန်များ

သွေးပိုင်ရှင်နှင့် ထူးခြားစရိုက်များ
" A "သွေးပိုင်ရှင်များ ၏ထူးခြားချက်
သွေးအမျိုးအစားကို လိုက်ပြီး လူတွေရဲ့ စိတ်နေစိတ်ထားတွေကို ခန့်မှန်းလို့လည်းရပါတယ်.. ဒီနေ့တော့ သွေးအုပ်စု လေးမျိုးထဲက အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားများကို ဖော်ပြပေးလိုက်ပါတယ်..

အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားကတော့ အောက်ပါအတိုင်းပါ.. ငယ်စဉ်ဘ၀မှာတော့ သူတပါးကို စဉ်းစားပေးတယ်ဆိုတာ သိပ်မရှိခဲ့ဘဲ ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့... သူတပါးကို နောက်ပြောင်ရတာကိုလဲ ကြိုက်နှစ်သက်ပါသတဲ့...

ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ငယ်စဉ်က စရိုက်သဘာဝများက တဖြည်းဖြည်း ပြောက်ကွယ်သွားပြီး သူများတကာတွေ အံ့အားသင့် လောက်အောင် အေးဆေးတည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့...

အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့် အရာအားလုံးကို တာဝန်သိစွာ လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့... တခါတလေ ပတ်ဝန်းကျင် အခြေအနေ မကောင်းတဲ့ အခါမှာ စိတ်လေလွင့် တတ်ပါတယ်တဲ့... အသစ်အဆန်းတွေကို စမ်းသပ်လုပ်ကိုင် တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း ကျင်လည်ရတာကို နှစ်သက်သူများ ဖြစ်ကြပါတယ်... အလုပ်တစ်ခုကို လုပ်ပြီဆိုရင်လည်း အလျင်လိုတာမျိုး မရှိဘဲ အဆင့်လိုက် အဆင့်လိုက် တဖြည်းဖြည်းချင်း ဖြေရှင်းတတ်တဲ့ စတိုင်လ် ပါ...

သပ်သပ်ရပ်ရပ် စေ့စေ့စပ်စပ်နဲ့ အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်တတ်သူများပါ...
နေ့စဉ်နေ့တိုင်း လုပ်နေကြ အလုပ်တွေကိုပဲ လုပ်နေတတ်လို့ အသစ်အဆန်းကို မရှိဘူးလို့ အပြောခံရတာကိုလည်း ခံရတတ်ပါတယ်... ဒါ့အပြင် ဘယ်လို အခြေအနေမျိုး မဆို ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ အတွေးဟာ ပြတ်သားလွန်းတာကြောင့် မာဆတ်ဆတ်နိုင်တယ်... ဘုကြတယ် ဆိုပြီး အပြောခံရတာမျိုးလည်း ရှိနိုင်ပါတယ်...

အေသွေးပိုင်ရှင်များရဲ့ သူများနဲ့ မတူ ထူးခြားချက်ကတော့ တနေ့တာအတွင်း ပေါ်ပေါက် ရင်ဆိုင်ရတဲ့ အလုပ် မှန်သမျှကို စနစ်တကျ ဆောင်ရွက် တတ်ပေမယ့် စိတ်ရှုတ်လွယ်တဲ့ လူမျိုးတွေပါတဲ့... ကိုယ်နဲ့ ဆက်ဆံနေတဲ့ လူတွေကို နွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး သူတပါးကို ပျော်ရွှင်မှု ပေးချင်ကြသူများ ဖြစ်ပါတယ်...

တခါတလေမှာတော့ သူများကို မယုံမကြည် ဖြစ်တတ်လို့ ကိုယ့်အကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောဘဲလည်း နေတတ်ပါသတဲ့... ဒီလို မယုံကြည်တတ်တဲ့ သဘောထားကြောင့် လူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ကန့်လန့်ကာ တစ်ချပ်ချထားပြီး ဆက်ဆံတတ်ကြပါတယ်တဲ့... ဒီသဘာဝလေးကတော့ သူတို့ရဲ့ မကောင်းတဲ့ အကျင့်လေး တစ်ခုပါတဲ့... ဘ၀ရဲ့ အနှစ်သာရကို တစ်နေရာမှာဘဲ မရှာဘဲ အားလပ်ရက်ကိုလည်း ခုံမင်တတ်ပါတယ်တဲ့... အားလပ်တဲ့ အခါမှာ လျှောက်လည် ရတာ ကိုလည်း နှစ်သက်သလို လျှောက်လည်လို့ ကုန်ကျတဲ့ စရိတ်ကိုလည်း မနှမျောပါဘူးတဲ့... တစ်ယောက်တည်း သီးသန့် ကမ္ဘာလေးကို တည်ဆောက် ချင်သူများ ဖြစ်ပါတယ်... အထက်လူကြီးရဲ့ အဆူခံရတာမျိုးကို ခံပြီးပြီဆိုရင် မေ့လို့ မရဘဲ စိတ်ထဲမှာ သိမ်းထားတတ်တာကြောင့် စိတ်ဖိစီးမှုများရှိနေတတ်ပါတယ်..

ဒေါသထွက်တဲ့အခါမှာလည်း ဒေါသကို ဖော်ပြလေ့မရှိတာကြောင့် စိတ်ဖိစီးမှု ပိုများတာ ဖြစ်ပါတယ်... စိတ်ဖိစီးမှုတွေများနေတာကြောင့် စိတ်ဓါတ်ကျနေရတဲ့ နေရက်တွေလည်း ရှိတတ်ပါတယ်တဲ့... ဒါကြောင့်မို့ စိတ်ထဲက မကြေနပ်ချက်လေးတွေကို တခါတလေ ဖော်ပြဘို့ လိုပါတယ်..

ဒီကနေ့ ဖော်ပြပေးလိုက်တာကတော့ အေသွေးပိုင်ရှင်များရဲ့ စရိုက်သဘာဝများဘဲ ဖြစ်ပါတယ်... ကျွန်တော်နဲ့ ကျွန်မက စံ ဇာဏီဘို မဟုတ်ပေမယ့် စိတ်နှလုံး အပန်းဖြေနိုင်ရန် အတွက် ဖော်ပြပေးလိုက် ပါတယ်...

“B” သွေးပိုင်ရှင်များ ..
ဘီသွေးပိုင်ရှင်များရဲ့ သူများနဲ့မတူ တမူထူးခြားနေတာကတော့ လွတ်လပ်စွာ တွေးခေါ်တတ်တဲ့အပြင် သူတပါးကို မှီခိုအားကိုနေရတာမျိုးကို မနှစ်သက်ကြပါဘူး... ကိုယ်အားကိုကိုးပြီး အလုပ်အားလုံးကို ဆောင်ရွက်ချင်ကြပါတယ်... အလုပ်တစ်ခုကို လုပ်နေစဉ်မှာတောင် တခြားအလုပ်တစ်ခုကို တပြိုင်တည်း ဆောင်ရွက်တတ်သူများလည်း ဖြစ်ပါတယ်...
စည်းမျဉ်းစည်းကမ်းတွေကို သိပ်ဂရုမစိုက်တတ်လို့ ကိုယ့်ထက် အငယ်တွေရဲ့ ချစ်ခင်မှုကို ခံရတတ်ပေမယ့် လူကြီးတွေဆီကတော့ ဆူပူကြိမ်းမောင်းတာကို ခံရတတ်ပါတယ်... တခါ ဒေါသထွက်ပြီ ဆိုရင်လည်း အဖြူအမည်း မခွဲခြားနိုင်လောက်အောင်ပါဘဲတဲ့...
ဒေါသပြေတဲ့အခါမှ အခြေအနေတွေကို ပြန်ရှင်းပြပြီး နားလည်မှုကို ယူတတ်ကြတဲ့ စတိုင်လ်မျိုးပါတဲ့... အမှားတစ်ခုကို လုပ်မိတယ် ဆိုရင်လည်း ကိုယ်လုပ်တဲ့ အမှားအတွက် တောင်းပန်ဘို့ ၀န်မလေးသူများလည်း ဖြစ်ပါတယ်... တနည်းအားဖြင့် အတွင်းစိတ်ထား ပွင့်လင်းသူများ ဖြစ်ကြလို့ အထင်အလွဲခံရတာတို့ ရန်ညှိးတို့ မရှိတဲ့ သွေးပိုင်ရှင်များ ဖြစ်ပါတယ်။

“AB"သွေးပိုင်ရှင်များ..
အေဘီသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ဒီလို ဖြစ်ပါတယ်... အေဘီသွေးပိုင်ရှင်များဟာ သိပ်ပြီး မထူးခြားလှတဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်ထားပါတယ်တဲ့...
မိဘကို ဆိုးတာမျိုးလည်း မရှိတဲ့ အေဘီသွေးပိုင်ရှင်များက အရာအားလုံးကို ကွက်ကျော်မြင်တတ်လို့ အဆူခံရတာမျိုးလည်း လုံးဝ မရှိသလောက်ပါတဲ့... ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ် ဆိုတာကို လျင်လျင်မြန်မြန် အကဲခတ်နိုင်စွမ်းရှိသူများလည်း ဖြစ်ပါတယ်...

ဒါကြောင့်မို့ ပတ်ဝန်းကျင်က လူတွေက အေဘီသွေးပိုင်ရှင်များကို စကားနည်းပြီး ဘုကျကျနိုင်လိုက်တာလို့ အပြောခံရတာမျိုးလည်း ကြုံရတတ်ပါတယ်... ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင် နေတတ်လာပြီး လူမှုဆက်ဆံရေးလည်း ကောင်းမွန်ပြေပြစ်လာပါတယ်တဲ့...
အစပိုင်းမှာတော့ အလုပ်တစ်ခုကို ကြာရှည်လုပ်နိုင်တဲ့ ဇွဲ နည်းပါးတာကြောင့် အလုပ်တစ်ခုကို လုပ်တဲ့ အခါမှာ မြန်မြန် ပင်ပန်းအားလျော့ လွယ်ပါတယ်တဲ့... ဒါပေမယ့်လည်း ၀ီရိယစိုက်ပြီး ကြိုးစားနေတဲ့ ကိုယ်ကိုတိုင်ရဲ့ ပုံစံကို နှစ်သက်သူများ ဖြစ်လို့ ဘယ်အရာကိုမဆို လုပ်လိုစိတ် ပြင်းထန်ပြီး ကြိုးကြိုးစားစား တက်တက်ကြွကြွနဲ့ လုပ်ဆောင်တတ်ပါတယ်တဲ့...

လူတွေနဲ့ ဆက်ဆံတဲ့အခါမှာလည်း အပြောအဆိုကို အတတ်နိုင်ဆုံး သတိထားတတ်ပြီး လုပ်ငန်းခွင်မှဆိုရင်လည်း အမှားမလုပ်မိအောင် သတိထား လုပ်ကိုင်တတ်သူများ ဖြစ်ပါတယ်... လူတစ်ယောက်နဲ့ တော်တော်လေး ရင်းနှီးလာတာတောင်မှ အဲဒီလူနဲ့ ကိုယ့်ရဲ့ ကြားမှာ အတားအဆီး တစ်ခုကို ထားပြီး ဆက်ဆံတတ်သူများလည်းဖြစ်ပါတယ်... ဒါကတော့ သူတပါးအပေါ်မှာ အမှားလုပ်မိမှာကို စိုးရိမ်တတ်တဲ့ အေဘီသွေးပိုင်ရှင်များရဲ့ အသေးစိတ်လှတဲ့ အတွေများကြောင့်ဘဲ ဖြစ်ပါတယ်...
ဒါ့ပြင် အေဘီသွေးပိုင်ရှင်များဟာ တစ်ယောက်တည်းကိုဘဲ ခင်တတ်တဲ့ အကျင့်လည်းမရှိပါဘူးတဲ့... အလုပ်အများကြီးကို တစ်ပြိုင်နက်တည်း လုပ်ကိုင်နိုင်စွမ်းရှိသူများ ဖြစ်သလို အရာအားလုံးကို လက်တွေ့ကျကျ တွေးခေါ်ဆင်ချင်တတ်သူများလည်း ဖြစ်ပါတယ်...

အလုပ်တစ်ခုကို လုပ်တဲ့အခါမှာလည်း ထောင့်ပေါင်းစုံကနေ တွေးခေါ်ဆင်ချင်တတ်သူများ ဖြစ်ပါတယ်တဲ့... မိဘဆွေမျိုး သူငယ်ချင်းရယ်ဆိုပြီး သီးသန့် မခွဲခြားတတ်ဘဲ လူသားအားလုံးကို တန်းတူညီတူ ဆက်ဆံတတ်သူများလည်း ဖြစ်ပါတယ်... ဒါပေမယ့် တဘက်မှာလည်း အမြဲတမ်း ငွေရေးကြေးရေးကို စိတ်ပူနေတာကြောင့် ပိုက်ဆံရှာနိုင်မယ့် အခြေအနေများကို အပူတပြင်း ရှာဖွေနေတတ်ပါတယ်တဲ့...

အေဘီသွေးပိုင်ရှင်များက ကိုယ့်ရဲ့ ခံစားချက်ကို မျက်နှာမှာ မဖော်ပြတတ်သူများ ဖြစ်သလို တော်ရုံတန်ရုံနဲ့ ဒေါသလည်း မထွက်တတ်ပါဘူးတဲ့... ကိုယ့်ကို သစ္စာဖောက်သွားတဲ့သူကိုတော့ သေချာ မှတ်ထားပြီး ကလဲ့စားခြေတတ်တဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်သူများ ဖြစ်ပါတယ်... တခါတလေတော့ နူးညံ့တဲ့ စိတ်နေစိတ်ထားကို အေဘီသွေးပိုင်ရှင်များရဲ့ မျက်နှာမှာ မြင်နိုင်သလို တခါတလေမှာတော့ ခက်ထန်မှုတွေကိုသာ မြင်ရတတ်ပါတယ်.... ဒါတွေအားလုံးကတော့ အေဘီသွေးပိုင်ရှင်များ အကြောင်းသာ ဖြစ်ပါတယ်...

" O " သွေးပိုင်ရှင်များ

ဒီတစ်ခါ အိုသွေးပိုင်ရှင်များ အကြောင်း တင်ပြသွားမှာဖြစ်ပါတယ်... အိုသွေးပိုင်ရှင်များကတော့ စရိုက်သဘာဝက ထူးခြားပါတယ်...

အိုသွေးပိုင်ရှင်များကတော့ အိမ်မှာတော့ ပြဿနာရှာတတ်ကြပေမယ့် သူငယ်ချင်းတွေနဲ့ဆိုရင်တော့ သူငယ်ချင်းတွေကို ကြည့်ရှုစောင့်ရှောက်တတ်ပြီး လူတကာနဲ့ လိုက်လျောညီထွေအောင် နေတတ်သူများဖြစ်ကြပါတယ်... အရာအားလုံးကို တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်တတ်သူများ ဖြစ်ကြပါတယ်... အလုပ်အားလုံးကိုလည်း ကိုယ့်အလုပ်လို့ သတ်မှတ်ပြီး ကြိုးကြိုးစားစား ဆောင်ရွက်တတ်ကြသူများ ဖြစ်ပါတယ်... လုပ်ငန်းခွင်ကို ရောက်ပြီဆိုရင်လည်း သူတပါးကို စာနာထောက်ထားတတ်ကြပါသတဲ့...

အနာဂတ်အတွက် ရည်မှန်းချက် တစ်ခု ရှိပြီဆိုရင် တစိုက်မတ်မတ်နဲ့ လုပ်ကိုင်တတ်ပေမယ့် မျှော်လင့်ချက် မရှိဘူးလို့ ထင်မိပြီဆိုရင်တော့ အစွဲအလမ်း တစ်ခုမှမထားဘဲ လက်လျှော့ပစ်တဲ့ အကျင့်လေးများလည်း ရှိပါတယ်တဲ့... အလုပ်တစ်ခုကို လုပ်ကိုင်နိုင်စွမ်း မြင့်မားသလို အခြေအနေ အလိုက် စိတ်စုစည်းမှုလည်း ကောင်းမွန်ပါသတဲ့... ရလဒ်ကိုဘဲ ဦးစားပေးသူများလို့လည်း ဆိုနိုင်ပါသတဲ့... အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် plan အရင်ချပြီးမှ လုပ်ကိုင်လေ့လည်း ရှိပါသတဲ့...

ကိုယ့် စတိုင်လ်နဲ့ကို နေတတ်သူများဖြစ်သလို ကိုယ်ပိုင် အတွေးအခေါ်များကို ပိုင်ဆိုင်သူများလည်း ဖြစ်ပါတယ်... ဒီလို စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာမို့ အနုပညာလောကကို ခြေချမယ်ဆိုရင်လည်း အောင်မြင်နိုင်တဲ့သူများ ဖြစ်ပါတယ်တဲ့.... ဒါပေမယ့် ကိုယ်ရဲ့ အတွေးအမြင်ကသာ အမှန်ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှု ပြင်းထန်ချင်းက တခြားသူများရဲ့ ယုံကြည်မှုကို လစ်လျှူရှုသလို ဖြစ်နေတတ်ပါတယ်... အပန်းဖြေတာတို့ ၀ါသနာကို အကောင်အထည် ဖော်တာတို့ကိုတော့ သိပ်မနှစ်သက်လှပါဘူး...
အိုသွေးပိုင်ရှင်များက လက်တွေ့ကျကျ လုပ်ကိုင်ရတာကို နှစ်သက်ကြသူများလည်း ဖြစ်ပါတယ်... တခါတလေမှာတော့ Romantic ဆန်တာလေးတွေကိုလည်း ကြိုက်နှစ်သက်ကြပါတယ်တဲ့...

အိုသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ကိုယ့်အတွက် အရေးကြီးတဲ့ အရာတွေအတွက် အများကြီး သည်းခံတတ်ပေမယ့် ရေရှည်တော့ သည်းမခံနိုင်ပါဘူးတဲ့... လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာ ယုံကြည်မှု ရှိရှိနဲ့ ဆက်ဆံတတ်ပြီး ကိုယ့်ထက် အားနည်းသူနဲ့ ဆက်ဆံတဲ့ အခါမှာတော့ နွေးနွေးထွေးထွေး သဘောထား ကြီးကြီးနဲ့ ဆက်ဆံတတ် ကြပါသတဲ့... ပြိုင်ချင်တဲ့ စိတ်ဓာတ် ပြင်းထန်လို့ တခါတလေမှာ မလိုအပ်ဘဲ စိတ်ဆင်းရဲရတာမျိုးလည်း ရှိပါတယ်... အိုသွေးပိုင်ရှင်များက တခါတလေမှာ စကားနည်းပြီး အေးအေးဆေးဆေး တစ်ယောက်တည်း တွေးခေါ်နေရတာကို ကြိုက်နှစ်သက်ကြပါသတဲ့... တစ်ယောက်ယောက်နဲ့ စိတ်ကသိကအောင့် ဖြစ်တဲ့ အခါတိုင်း စိတ်ထဲမှာ စုမထားဘဲ တဘက်သားကို ပြတ်ပြတ်သားသား ပြောတတ်ပါသတဲ့... ဒါပေမယ့် အားလုံး ပြီးသွားတဲ့ အခါမှာတော့ ဒါတွေ ငါ ဘယ်တုန်းက လုပ်ခဲ့လို့လဲ ဆိုတဲ့ ပုံစံမျိုး အားလုံးကို မေ့ပြီးနေနိုင်သူများပါ...

MoviesEntertainments မှ တစ်စုတစ်ဝေးတည်း ဗဟုသုတအဖြစ် ဖတ်နိုင်ရန် တဆင့်ကူးယူ ဖော်ပြပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၅-၂၀၁၃

10 May 2013

ဖေ့ဘုတ် သင်းဂြိုင်း

ဖေ့ဘုတ် သင်းဂြိုင်း

စာမိတ်ဆက်
အရင်ကတော့ မြန်မာ့သတင်းစာ ဖတ်ရင် အရင်ဆုံး နာရေးသတင်းတွေကိုပဲ အရင်ဆုံးသွားဖတ်မိတယ်။ နောက်မှ တခြား ပါနေကျ သတင်းတွေကို ဖတ်မိတယ်။ နာရေးသတင်းတွေကို ဖတ်ရင်း သံဝေဂယူပြီး ကုသိုလ်စိတ်တွေ ဖြစ်မိသေးတယ်။ အခုတော့ အလွန်မြန်ဆန်တဲ့ ဖေ့ဘုတ်ပေါ်က သတင်းအစုံတွေ ဖတ်ခွင့်ရသည်။ ဖေ့ဘုတ်သတင်းသည် စက္ကန့်ပိုင်းတွင်းမှာပဲ သတင်းမျိုးစုံ တက်နေသည်၊ ထိုသတင်းတွေမှာ ကားတိုက်၊ ဆိုင်ကယ်တိုက်အစရှိတဲ့ ယာဉ်အက်ဆီးဒင့်တစ်ခုခုကြောင့် သေတဲ့သူတွေ တိုက်ပေါ်က ခုန်ချလို့သေတဲ့သူတွေ၊ မီးလောင်လို့သေတဲ့သူတွေ၊ ရေနှစ်လို့ သေတဲ့သူတွေ၊ တိုက်ပွဲတွေကြောင့် သေတဲ့သူတွေ၊ ရောဂါကြောင့်သေတဲ့ သူတွေ၊ သက်တမ်းကုန်လို့ သေတဲ့သူတွေ စသည်အားဖြင့် အကြောင်းအမျိုးမျိုးကြောင့် သေနေကြတဲ့ နာရေးတွေအကြောင်းတွေကလဲ တဖွဲဖွဲနဲ့ အွန်လိုင်းပေါ်တက်လာသည်။ အခုလဲ သေပြန်ပြီ တစ်ယောက်၊ လူအသိများထဲသူတစ်ယောက်ပဲ အသက်က ၅၉ တဲ့။ လူ့ဘ၀ရဲ့ တစ်ဝက်မျှသာ နေခဲ့ရသည်။ တစ်ယောက်ကတော့ တိုက်ပေါ်က ခုန်ချသတဲ့ အသက်က ၂၃ နှစ်တဲ့။ ထိုသတင်းတွေ ဖတ်ပြီး သံဝေဂပို့စ်လေးတစ်ခု ရေးချင်စိတ် ပေါက်လာသည်။

မသာတစ်ခေါက် ကျောင်းဆယ်ခေါက်
အရင်ကတော့ “မသာတစ်ခေါက် ကျောင်းဆယ်ခေါက်”ဆိုတာလို နာရေးအသုဘ သွားလိုက်တဲ့ အချိန်လေးမှာပဲ သံဝေဂစိတ်တွေဖြစ်သည်၊ ကျန်ချိန် နုပျိုစိတ်တွေ မာန်မာနစိတ် ဖြစ်မြဲဖြစ်ပြီး ဘ၀ရဲ့ သဘောသဘာဝကို မေ့နေတတ်သည်။ ဘုန်းကြီးကျောင်းရောက်တဲ့ အချိန်မှာက သာသနာရဲ့ အေးချမ်းတဲ့ဘ၀ကို မြင်ပြီး ဘ၀ရဲ့ အနှစ်သာရကို ခံစားမိသည်၊ ဘုန်ကြီးကျောင်းကို ရောက်သူက အအေးဓာတ်ရသလို အသုဘ သုသာန်ကို ရောက်တော့လဲ ဘ၀ရဲ့ ဒုက္ခတွေကို ဒီနေရာမှာပဲ ပိုပြီး ထင်ထင်ပေါ်ပေါ် မြင်ရသည်၊ တစ်ယောက်ပြီးတစ်ယောက်၊ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ၀င်လာတဲ့ ယာဉ်တန်းတွေ နောက်ဆုံး မီးသင်္ဂြိုစက်ထဲမှာ ဘ၀တစ်ခု အဆုံးသတ်ကြရသည်၊ တပြိုင်တည်းမှာပဲ မွေးဖွားရတဲ့ ဒုက္ခကို ရင်ဆိုင်ရပြန်သည်။ ချစ်ခင်နှစ်သက်သူတွေနဲ့ ခွဲခွါရခြင်းရဲ့ ဒုက္ခအသွင်ပြင်ကလဲ ထိုနာရေးတွေမှာ ပိုပြီး မြင်သာထင်သာ ရှိလှသည်။ ရင်ဘက်စည်တီးပြီး ဥပါယာသမီး အလောင်မြိုက်ခံရသူများကို မြင်ရသူအဖို့ သောကဆိုတဲ့ ဒုက္ခသည်လည်း ပီပြင်လှသည်။ “ရသည့် ဥစ္စာ ချစ်သူပါ စွန့်ခွါသွားရမည်၊ တကယ့်အရေး တကယ်ဘေး ဘယ်သွေး ဘယ်သား မကယ်မည်။” ဟူသော တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီး၏ သံဝေဂလင်္ကာသည်ကား ပို၍ပို၍အသက်ဝလာတော့သည်။

ထိုနေရာ ထိုအချိန်မှာပဲ ငါလဲ သေရမှာပါလား၊ ငါလဲ ဒီလမ်းကို လာရမှာပါလားဆိုတဲ့ သတိ တဒင်္ဂတော့ ရကြသည်။ ကိုယ့်ကိုယ်ကို ပြုပြင်စိတ်တွေ၊ ကောင်းအောင် နေချင်စိတ်တွေ ထိုအချိန်မှာ ပိုဖြစ်မိကြသည်။ ကျောင်းကို ဆယ်ခေါက် ရောက်လို့ ရတဲ့ ကုသိုလ်စိတ်က နာရေးက တစ်ကြိမ် တစ်ခါ ရလိုက် သတိသံဝေနှင့် ကုသိုလ်စိတ်တို့ ညီမျှသည်ဟု ဆိုဟန်ရှိသည်။

ကျော်သူ့ တစ်ခေါက် ကျောင်းဆယ်ခေါက်
ယနေ့ အင်တာနက်ခေတ်ဆိုတော့ မသာတစ်ခေါက် ဆိုတာထက် “ကျော်သူ့ဆီ တစ်ခေါက် ကျောင်းဆယ်ခေါက်” လို့ ပြောရမလို ဖြစ်နေသည်။ ဦးကျော်သူ ဖေ့ဘုတ်ကို မကြာမကြာ ရောက်မိသည်။ သေလိုက်တဲ့ လူတွေ၊ ပုံစံအမျိုးမျိုးနဲ့ကို သေနေလိုက်ကြတာ၊ “အင်တာနက် သင်္ဂြိုင်း” ဟုပင် ခေါ်ရမလို ဖြစ်နေသည်။ မွေးခါစ ငယ်တဲ့လူတွေလဲ သေကြသည်၊ ကျောင်းသား ကျောင်းသူဘ၀တွေလဲ သေနေကြသည်၊ အိမ်ထောင်ရှင်တွေလဲ သေနေကြသည်၊ အဖိုအဖွားတွေလဲ တဖြုတ်ဖြုတ်နဲ့ သေနေကြသည်။ မီးစာကုန် ဆီခမ်း အသက်တမ်းကုန်လို့ သေကြသည်၊ ကံကုန်လို့ သေကြသည်၊ နေဒဏ် လေဒဏ်ကြောင့် အချိန်မတန်ဘဲ တဖြုတ်ဖြုတ် ကြွေလွင့်သည့် ပန်းမျာလို မတော်တဆပေါ့ဆမှုကြောင့်ပဲ ဖြစ်ဖြစ်၊ တမင်တကာ ကြောင့်ပဲ ဖြစ်ဖြစ်၊ အချိန်မတိုင်ဘဲ တဖြုတ်ဖြုတ် သေကြသည်။ ဒီကနေ့ခေတ် သံဝေဂရချင်လို့ပဲဖြစ်ဖြစ်၊ မရဏဿတိဘာဝနာ ရချင်လို့ပဲဖြစ်ဖြစ်၊ ဒါ့ပြင် သေခြင်းတရားကို ဘယ်လို ရင်ဆိုင်မလဲ ဆိုတဲ့ အသိလေး ရချင်လို့ပဲ ဖြစ်ဖြစ် သုသာန် သွားစရာမလိုဘဲ ကျော်သူဖေ့ဘုတ်ကဲ့သို့ အင်တာနက်မှ နာရေးသတင်းများကို သွားလည်ရင် ရနိုင်ပါသည်။

Unexpected Conditions

လောကမှာ မမြင်နိုင်တဲ့ အန္တရာယ်တွေ၊ မျော်လင့်မထားတဲ့ အန္တရာယ်တွေ Unexpected conditios) ဆိုတာ ရှိတတ်သည်။ ဝေဟင်မှာ သူ့ဘာသာ ပျံနေတဲ့ ကျီးကန်းတစ်ကောင် အမျိုးသမီးတစ်ယောက် ထမင်းဟင်းချက်ရာ မီးဖိုကနေ ကောင်းကင်တက်လာတဲ့ မီးကွင်း လည်ပင်းစွတ်မိပြီး သေရတဲ့ အဖြစ်တစ်ခု။ လူတစ်ယောက် “လူယုတ်မာပဲ”ဆိုပြီး မြစ်လည်ခေါင်မှာ ရေနှစ်အသတ်ခံရတဲ့ ဖြစ်ရပ်တစ်ခု။ ဘုရားဖူးကြွလာကြတဲ့ ရဟန်း ၇ ပါး၊ လမ်းခရီး ဘုန်းကြီးကျောင်းတစ်ကျောင်း ၀င်ခိုသည်၊ နေစရာ လှိုဏ်ဂူတစ်ခုထဲသို့ အတူဝင် နားခိုစဉ် တောင်ပေါ်က လိမ့်ဆင်းလာတဲ့ ကျောက်တုံးကြီးတစ်ခု လှိုဏ်ဂူအပေါက်ကို ပိတ်မိရက်သား ဖြစ်သွားသည်။ ထိုကဲ့ မမျှော်လင့်ဘဲ ရုတ်ရက် ရင်ဆိုင်လိုက်တဲ့ အန္တရာယ်တွေ ယနေ့ခေတ် ပိုလို့ပင် ရင်ဆိုင် တွေ့ကြုံနေကြရသည်။ “လှံထမ်းလာတာကို မြင်နိုင်သည်၊ ကံထမ်းလာတာကို မမြင်နိုင်” ဆိုတာလိုပဲ သူတို့ရဲ့ မမြင်နိုင်တဲ့ အတိတ်က ကံတွေကို ဘုရားရှင်က လွဲ၍ မည်သူမျှ မမြင်နိုင်၊ သူတို့ရဲ့ မျှော်လင့်မထားတဲ့ အန္တရာယ်တွေ (Unexpected coditions)ကို ဘုရားရှင်ပဲ မြင်နိုင်သည်။ ထို့ကြောင့် လောကမှာ ကျွန်ုပ်တို့တတွေအတွက် မမြင်နိုင်တဲ့ ကံတရားတွေ၊ မမြင်နိုင်တဲ့ အန္တရာယ်တွေ၊ မျှော်လင့်မထားတဲ့ အခြေအနေတွေ ရှိနေသည်ကို သတိပြုကြရမှာ ဖြစ်သည်။ သတ္တ၀ါတွေ ကြိုတင်မသိနိုင်တဲ့ အရာ ၅ မျိုးရှိသည်။

ကြို မသိနိုင်တဲ့ အရာ ၅ မျိုး
၁။ ဇီဝိတ- အဘယ်အသက်ရွယ်မှာ သေရမလဲဆိုတာ မသိနိုင်။
၂။ ဗျာဓိ- ဘယ်လိုပုံစံမျိုးနှင့်သေမယ် ဘယ်လိုရောဂါမျိုးနှင့် သေရမလဲဆိုတာ မသိနိုင်။ (ကံကုန်လို့လဲ သေနိုင် (ကမ္မက္ခယ)၊ ရုတ်တရက်မတော်တဆ (ဥပစ္ဆေဒက)ကြောင့်လဲ သေနိုင်၊ သက်တမ်းကုန်၍လည်း သေနိုင်(အာယုက္ခယ)။
၃။ ကာလ- ဘယ်အချိန်မှာ သေမလဲဆိုတာ မသိနိုင် (မနက်၊ နေ့လည်၊ ညနေ စသည်)။
၎။ ဒေဟနိက္ခေပန- ဘယ်နေရာမှာ သေမယ် ဘယ်နေရာမှာ ခန္ဓာချမယ်ဆိုတာ မသိနိုင်၊
၅။ ဂတိ- ဘယ်ဘ၀ ဘယ်ဘုံ ပြန်ဖြစ်ရမယ်ဆိုတာလည်း မသိနိုင် ဟူ၍ ၅မျိုးသော အရာတို့ကို အကျွန်ုပ်တို့
တတွေ မသိနိုင်ဟု စာပေမှာ မှတ်သားခဲ့ရဖူးသည်။ (ဇိဝိတံ ဗျာဓိ ကာလော စ၊ ဒေဟနိက္ခေပနံ ဂတိ။)

Confidence ယုံကြည်ချက်
ဘာပဲဖြစ်ဖြစ် သတ္တ၀ါတွေဟာ “ဇာတဿ အမရဏံ နာမ နတ္ထိ”အရ ခန္ဓာရလာလို့ သေရမည်ဆိုပေမဲ့ ဥပစ္ဆေဒကကံလို မမျှော်လင့်ဘဲ ဖြစ်လာမည့် အန္တရာယ် (Unexpected conditios) တွေကို ကာကွယ်နိုင်ရန် မိမိမှာ (Confidence) ယုံကြည်ချက် ရှိဖို့လိုသည်။ ယုံကြည်ချက် ရှိနေသူတစ်ယောက် ဘယ်သွားသွား၊ ဘယ်ရောက်ရောက်နေ၊ သူ့အတွက် “ထိတ်လန့်စရာ မရှိ၊ ကြောက်စရာ မရှိ၊ စိုးရွံ့စရာမရှိ” ယုံကြည်စိတ်ချစွာ သွားလာနိုင်သည်။ ထို့ကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်ဖို့လိုသည်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုဟူသည် ကိုယ့်ကိုယ်ကိုယ် အားကိုးခြင်းပဲ ဖြစ်သည်။ ကိုယ်ကိုယ်တိုင် ယုံကြည်နိုင်အောင် စွမ်းရည်၊ အရည်အချင်း၊ တန်ဖိုးများကို ရရှိနေသူသည် ကိုယ့်ကိုယ်ကို အားကိုးနိုင်သည်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသည်။ ထိုစွမ်းရည်၊ အရည်အချင်း၊ တန်ဖိုးများဟူသည် စရဏပင် ဖြစ်သည်။ ကိုယ့်သန္တာန်မှာ စရဏ-အကျင့်တစ်ခုခု လက်ကိုင်ထားလျှင်ပင် ကိုယ့်ကိုယ်ကို ယုံကြည်သည်။ ကိုယ့်နှလုံးသားမှာ ဘုရားရှိနေရင်၊ တရားရှိနေရင်၊ သံဃာရှိနေရင် ထိုကဲ့သို့သော အန္တရာယ်တွေအတွက် ပူပန်မှုကင်းသည်။ အရဟံ၊ သမ္မာသမ္ဗုဒ္ဓ၊ သုဂတစတဲ့ ဘုရားဂုဏ်တော်တစ်ခုခုကို ပွားများခြင်းဖြင့် ကိုယ့်နှလုံးသားမှာ ဘုရားတည်ထားရင် အန္တရာယ်သည် ကြောက်စရာဟူ၍ မထင်၊ “မရဏံ မေ ဘ၀ိဿတိ- ငါသည် တစ်နေ့ မုချ သေရမည်”ဟုသော မရဏဿတိကဲ့သို့သော ဘာဝနာတစ်ခုခုကို ပွားများခြင်းဖြင့် ကိုယ့်နှလုံးသားမှ ဓမ္မတည်နေလျှင် သေဘေးကို ရဲရဲကြီး ရင်ဆိုင်ရဲသည်။ သုပ္ပဋိပ္ပန္နလာ အစဖြာသည့် ကိုးဖြာသော သံဃာ့ဂုဏ်တော် ပွားများခြင်းဖြင့် ကိုယ့်နှလုံးသားမှာ သံဃာတည်းဟုသော အားကိုးရာ ရှိနေလျှင် ဘ၀မှာ နေရဲ သေရဲသည်။

မမြဲသုံးချက် မြဲသုံးချက်
ဘာပဲပြောပြော နောက်ဆုံးတော့လဲ “ကမ္မက္ခယ-ဒီဘ၀ဒီမျှအတွက် ကံကုန်ခြင်း၊ အာယုက္ခယ-ရုပ်သက်တမ်း၊ နာမ်သက်တမ်းကုန်ခြင်း”ဟူသော သဘာဝတရားကို မည်သူမျှ မလွန်ဆန်နိုင်ကြ။ ဘာတွေနဲ့ပဲ တားဆီးတားဆီး၊ မည်သည့်အရာတွေနဲ့ပဲ ကာကွယ် စောင့်ရှောက်စေကာမူ အိုမြဲ နာမြဲ သေမြဲဆိုတဲ့ ထာဝရ၊ “မြဲခြင်း သုံချက်” ကိုတော့ မကျော်လွန်နိုင်ကြ။ အားလုံးသော အရာ၊ အားလုံးသော သတ္တ၀ါတွေသည် ထိုမြဲခြင်းအောက်မှာ လက်မြောက် အရှုံးပေးကြရသည်။ “ဇရံ အနတီတော၊ ဗျာဓိံ အနတီတော၊ မရဏံ အနတီတော” ဟူသော အဘိဏှပစ္စဝေက္ခိတဗ္ဗသုတ်တော်အရ လောကမှာ ထိုသုံးမျိုးကလွဲ မြဲတာ ဘာမှမရှိ။ တောင်မြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှာ နေစဉ်က ယခု နာယကချုပ်ဆရာတော် ဆုံးမလေ့ရှိသည့် “မမြဲသုံးချက် မြဲသုံးချက်” ဆိုတဲ့ ဆောင်ပုဒ် တစ်ခုကို အမှတ်ရမိသည်။

၁။ ပျိုခြင်းမမြဲ အိုခြင်းမြဲ ငါလည်း အိုရမှာပါ တကား။
၂။ မာခြင်းမမြဲ နာခြင်းမြဲ ငါလည်း နာရမှာပါ တကား။
၃။ နေခြင်းမမြဲ သေခြင်းမြဲ ငါလည်း သေရမှာပါ တကား။

နုပျိုခြင်း၊ ကျန်းမာခြင်း၊ အသက်ရှင်ခြင်းတို့သည် မြဲသည်ဟူ၍ မရှိ။ အိုခြင်း နာခြင်း သေခြင်းတို့သည်သာ မြဲသည်ဟူ၍ ရှိ၏။ ရလာတဲ့ အဖိုးမဖြတ်နိုင်တဲ့ လူ့ဘ၀၊ ကောင်း၏ မကောင်း၏၊ အပြစ်မရှိ အပြစ်ရှိ၏ ဟုသော ကုသိုလ် အကုသိုလ်ကို သိနိုင်တဲ့ သာသနာနဲ့လည်း ကြုံခိုက်၊ မမြဲတာကို မမြဲမှန်းသိ၊ မြဲတာကို မြဲမှန်းသိနိုင်တဲ့ ခေတ်နဲ့ကြုံခိုက် မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဟူသော သူတော်သူမြတ်ကျင့်စဉ်ကို လက်လှမ်းမှီသမျှ ကျင့်နိုင်ကြပါစေကုန်သတည်းးးးးးးး။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၄-၀၂-၂၀၁၃

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes