သီတဂူစတား

သီတဂူစတား

11 November 2010

အင်ဒိုနီးရှား အနေကဇာတင်နှင့် ဗုဒ္ဓဘာသာညီလာခံအခမ်းအနားအစီအစဉ်

၂၀၁၀-ပြည့်နှစ်၊ အောက်တိုဘာလ ၃၀-၃၁ နေ့များတွင်
မြောက်ပိုင်း ဆုမတြာ၊ ဘရာစတာဂီ၊ လုမ္ဗိနီဥယျာဉ်၊ ရွှေတိဂုံပုံတူစေတီတော်
အနေကဇာတင်နှင့် ဗုဒ္ဓဘာသာညီလာခံအခမ်းအနားအစီအစဉ်

ရက်စွဲ၊ ၂၀၁၀-ပြည့်နှစ်၊ အောက်တိုဘာလ-၃၀-ရက် (စနေ)နေ့

နံနက်ပိုင်း အခမ်းအနား အစီအစဉ်
၅း၀၀ - ၆း၀၀ ၆၀ နံနက်စာ စားသုံးခြင်း (သက်ဆိုင်ရာဟိုတယ်)
၆း၀၀ - ၇း၀၀ ၆၀ သက်ဆိုင်ရာဟိုတယ်များမှ တမန်အလန် လုမ္ဗိနီသို့ သက်ဆိုင်ရာ မော်တော်ယာဉ်များဖြင့် ထွက်ခွါခြင်း

၇း၀၀ - ၈း၀၀ ၆၀ တမန်အလန် လုမ္ဗိနီဥယျာဉ် ရွှေတိဂုံပုံတူစေတီတော်သို့ ရောက်ရှိခြင်း
၈း၀၀ - ၈း၁၀ ၁၀ အခမ်းအနားမှူးက အခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာခြင်း
၈း၁၀ - ၈း၂၀ ၁၀ အဖွဲ့လေးဖွဲ့မှ ဆီမီးဖယောင်းတိုင် ထွန်းညှိပူဇော်၍ အခမ်းအနား စတင်ခြင်း
(တမန်အလန် လုမ္ဗိနီမိသားစုမှ တစ်ဦး၊ သံဃရာဇာ-၃-ပါး)

၈း၂၀ - ၈း၃၀ ၁၀ တမန်အလန် လုမ္ဗိနီကောင်စီနှင့် အင်ဒိုနီးရှားသံဃာ့အဖွဲ့ကိုယ်စားပြုပုဂ္ဂိုလ်မှ အခမ်းအနားဖွင့် စကားပြောကြားခြင်း

၈း၃၀ - ၈း၄၀ ၁၀ ကော်မတီဥက္ကဋ္ဌ အလှူရှင် မစ္စတာ-တွန်ဂရီယိုဂျို အင်ကာဆာ-က ကြိုဆိုနှုတ်ခွန်းဆက် စကားပြော ကြားခြင်း

၈း၄၀ - ၈း၅၅ ၁၅ ဧည့်သည်တော် မြန်မာသံဃာတော်အားလုံးက အနေကဇာတင် ရွတ်ဆိုပူဇော်ခြင်း
၈း၅၅ - ၉း၁၀ ၁၅ မြောက်ပိုင်း ဆုမတြာအုပ်ချုပ်ရေးမှူး မစ္စတာ အိတ်ခ်ျ စယန်ဆူးလ် အရစ်ဖင်-က ချီးကျုးဂုဏ်ပြုစကားပြောကြားခြင်း

၉း၁၀ - ၉း၁၅ ၅ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားခြင်း
၉း၁၅ - ၉း၂၀ ၅ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားခြင်း
၉း၂၀ - ၉း၃၀ ၅ မြန်မာနိုင်ငံ သာသနာရေးဝန်ကြီးဌာန ၀န်ကြီး၏ သ၀ဏ်လွှာဖတ်ကြားခြင်း
၉း၃၀ - ၉း၄၀ ၁၅ တမန်အလန် လုမ္ဗိနီ ကောမတီဥက္ကဋ္ဌ မစ္စတာ-တွန်ဂရီယိုဂျို အင်ကာဆာ-က မြန်မာနိုင်ငံ သာသနာရေးဝန်ကြီးဌာန ၀န်ကြီးသို့ အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ခြင်း

၉း၄၀ - ၉း၅၀ ၁၀ အင်ဒိုနီးရှားနိုင်ငံ၊ သာသနာရေးဝန်ကြီးဌာန ၀န်ကြီး မစ္စတာ သူရိယဓမ္မအလီ-က ချီးကျုးနှုတ်ခွန်းဆက် စကားပြောကြားခြင်း
၉း၅၀ - ၁၀း၀၀ ၁၀ တမန်အလန် လုမ္ဗိနီ ကောမတီဥက္ကဋ္ဌ မစ္စတာ-တွန်ဂရီယိုဂျို အင်ကာဆာ-က အင်ဒိုနီးရှား နိုင်ငံ သာသနာရေးဝန်ကြီးဌာန ၀န်ကြီးသို့ အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ခြင်း

၁၀း၀၀ - ၁၀း၀၅ ၅ ထိုင်းနိုင်ငံ သံဃရာဇာ၏ သ၀ဏ်လွှာဖတ်ကြားခြင်း
၁၀း၀၅ - ၁၀း၁၀ ၅ ပျံလွန်တော်မူပြီးဖြစ်သော မြန်မာသံဃာ့ရာဇာ ဘဒ္ဒန္တကုမာရ၏ နောက်ဆုံးအမှာစကား သ၀ဏ်လွှာကို သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ-က ဖတ်ကြားခြင်း

၁၀း၁၀ - ၁၀း၁၅ ၅ မြန်မာနိုင်ငံ လက်ရှိသံဃာ့ရာဇာ ဆရာတော်၏သ၀ဏ်လွှာကို ဖတ်ကြားခြင်း
၁၀း၁၅ - ၁၀း၂၀ ၅ ကမ္ဗောဒီးယားသံဃာ့ရာဇာ(၁)၏ သ၀ဏ်လွှာကိုဖတ်ကြားခြင်း
၁၀း၂၀ - ၁၀း၂၅ ၅ ကမ္ဗောဒီးယားသံဃာ့ရာဇာ(၂)၏ သ၀ဏ်လွှာကိုဖတ်ကြားခြင်း
၁၀း၂၅ - ၁၀း၃၀ ၅ လာအိုသံဃာ့ရာဇာ၏ သ၀ဏ်လွှာကိုဖတ်ကြားခြင်
၁၀း၃၀ - ၁၀း၄၀ ၁၀ အင်ဒိုနီးရှားနိုင်ငံ၏ ပြတိုက်မော်ကွန်းမှတ်တမ်းဆုကို လက်ခံရယူခြင်း

နေ့လည်စာ ဘုဉ်းပေးသုံးဆောင်ခြင်း
၁၀း၄၀ - ၁၁-၁၀ ၃၀ သံဃာတော်များအားလုံးအတွက် နေ့ဆွမ်းဘုဉ်းပေးရန် ပြင်ဆင်ခြင်း
၁၁း၁၀ - ၁၂း၅၀ ၁၀၀ သံဃာတော်များ နေ့ဆွမ်းဘုဉ်းပေးခြင်း

ရက်စွဲ၊ ၂၀၁၀-ပြည့်နှစ်၊ အောက်တိုဘာလ-၃၀-ရက် (စနေ)နေ့
နေ့လည်ပိုင်း အခမ်းအနား အစီအစဉ်

၁၂း၅၀ - ၂း၂၀ ၉၀ စေတီတော်ရှေ့မျက်နှာစာတွင် စုပေါင်း၍မှတ်တမ်းဓာတ်ပုံရိုက်ခြင်း
၂း၂၀ - ၂း၃၀ ၁၀ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ-က သော့ချက်မူဝါဒမိန့်ခွန်းကို မိန့်ကြားခြင်း
၂း၃၀ - ၂း၄၀ ၁၀ ဒေါက်တာမျိုးမြင့်က လုပ်ငန်းကော်မတီ ဆောင်ရွက်မှုအစီရင်ခံစာကို ဖတ်ကြားခြင်း
၂း၄၀ - ၃း၀၀ ၂၀ အင်ဒိုနီးရှားသံဃာတော်များက ဗုဒ္ဓပူဇာ ရွတ်ဆိုပူဇော်ခြင်း
၃း၀၀ - ၃း၂၀ ၂၀ ထိုင်းသံဃာတော်များက ဗုဒ္ဓပူဇာ ရွတ်ဆိုပူဇော်ခြင်း
၃း၂၀ - ၃း၄၀ ၂၀ မဟာယာန (တရုတ်) ရဟန်းတော်များက ဗုဒ္ဓပူဇာ ရွတ်ဆိုပူဇော်ခြင်း
၃း၄၀ - ၄း၂၀ ၄၀ ဂိုဏ်းလေးဂိုဏ်းမှ တိဗက်ရဟန်းတော် ၂၂-ပါးက ဗုဒ္ဓပူဇာ ရွတ်ဆိုပူဇော်ခြင်း
၎း၂၀ - ၄း၄၀ ၂၀ ဂျပန်ရဟန်းတော်များက ဗုဒ္ဓပူဇာ ရွတ်ဆိုပူဇော်ခြင်း
၎း၄၀ - ၅း၀၀ ၂၀ ကိုရီးယားရဟန်းတော်များက သ၀ဏ်လွှာဖတ်ကြားခြင်းနှင့် ဗုဒ္ဓပူဇာ ရွတ်ဆိုပူဇော်ခြင်း
၅း၀၀ - ၅း၂၀ ၂၀ ကမ္ဗောဒီးယားသံဃာတော်များက ဗုဒ္ဓပူဇာ ရွတ်ဆိုပူဇော်ခြင်း
၅း၂၀ - ၅း၂၅ ၅ ဒေါက်တာ အရှင်ဂုဏရတန (USA) က သ၀ဏ်လွှာဖတ်ကြားခြင်း
၅း၂၅ - ၅း၃၀ ၅ ဗီယက်နမ်ကိုယ်စားလှယ်သံဃာတော်များက သ၀ဏ်လွှာဖတ်ကြားခြင်း
၅း၃၀ - ၅း၃၅ ၅ အိန္ဒိယသံဃာ့ကောင်စီ (အရှင်သတျပါလ) က သ၀ဏ်လွှာဖတ်ကြားခြင်း
၅း၃၅ - ၅း၄၀ ၅ မဟာမကုဋ်တက္ကသိုလ်ပါမောက္ခချုပ်ဆရာတော်က သ၀ဏ်လွှာဖတ်ကြားခြင်း
၅း၄၀ - ၅း၄၅ ၅ အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်က သ၀ဏ်လွှာဖတ်ကြားခြင်း

၅း၄၅ - ၅း၅၅ ၁၀ S.N. Goenka ၏သ၀ဏ်လွှာကို ဖတ်ကြားခြင်း
၅း၅၅ - ၆း၁၀ ၁၅ ဦးအောင်သိန်းညွန့်က မဟာစည်ဆရာတော်၏ အင်ဒိုနီးရှား သာသနာပြုခရီးစာတမ်း ဖတ်ကြားခြင်း

၆း၁၀ - ၆း၃၀ ၂၀ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ သာသနာပြုနှင့် သာသနာပြုလုပ်ငန်းစာတမ်းကို ဒေါက်တာစန္ဒာသီရိက ဖတ်ကြားခြင်း

၆း၃၀ - ၆း၅၀ ၂၀ သြစတေလျ-သုတေသီ Dr. Titus Leber က ပါဝါပွိုင့်ဖြင့် ဗောရောဗုဓော ပုထိုးတော်ကြီး စာတမ်းကို ဖတ်ကြားတင်ပြခြင်း

၆း၅၀ - ၈း၀၅ ၇၅ လူပုဂ္ဂိုလ်များ ညစာစားသုံးခြင်း
၈း၀၅ - ၉း၀၅ ၆၀ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ ညတရားပွဲ



ရက်စွဲ၊ ၂၀၁၀-ပြည့်နှစ်၊ အောက်တိုဘာလ-၃၁-ရက် (တနင်္ဂနွေ)နေ့
နံနက်ပိုင်း အခမ်းအနား အစီအစဉ်

၅း၀၀ - ၆း၀၀ ၆၀ ဟိုတယ်၌ နံနက်စာစားသုံးခြင်း/ အရုဏ်ဆွမ်းဘုဉ်းပေးခြင်း
၆း၀၀ - ၇း၀၀ ၆၀ သက်ဆိုင်ရာ ဟိုတယ်များမှ တမန်အလန် လုမ္ဗိနီသို့ မော်တော်ယာဉ်များဖြင့် ထွက်ခွါခြင်း
၇း၀၀ - ၈း၀၀ ၆၀ ရွှေတိဂုံပုံတူစေတီတော်တည်ရှိရာ တမန်အလန်လုမ္ဗိနီသို့ ရောက်ရှိခြင်း
၈း၀၀ - ၈း၀၅ ၅ နမော တဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခြင်း
၈း၀၅ - ၈း၂၅ ၂၀ ဂိုဏ်းလေးဂိုဏ်းမှ သီရိလင်္ကာသံဃာတော် ၃၈-ပါးက ဗုဒ္ဓပူဇာရွတ်ဆိုပူဇော်ခြင်း
၈း၂၅ - ၈း၄၅ ၂၀ ဂိုဏ်းလေးဂိုဏ်းမှ ကိုရီးယားရဟန်းတော်-၇-ပါးက ဗုဒ္ဓပူဇာရွတ်ဆိုပူဇော်ခြင်း
၈း၄၅ - ၉း၀၅ ၂၀ ကမ္ဗောဒီးယားသံဃာတော်များက ဗုဒ္ဓပူဇာရွတ်ဆိုပူဇော်ခြင်း
၉း၀၅ - ၉း၂၅ ၂၀ လာအိုသံဃာတော်များက ဗုဒ္ဓပူဇာရွတ်ဆိုပူဇော်ခြင်း
၉း၂၅ - ၉း၄၀ ၁၅ အရှင်သုဂန္ဓောက Buddhism in South-East Asia စာတမ်းဖတ်ကြားခြင်း
၉း၄၀ - ၁၀း၀၀ ၂၀ Ancestral Stupa of Shwedagon စာတမ်းကို ပါဝါပွိုင့်ဖြင့် ဖတ်ကြားတင်ပြခြင်း
၁၀း၀၀ - ၁၀း၁၅ ၁၅ ဆရာကြီးဦးစိုင်းအောင်ထွန်းက Buddha Discipline & World Peace
စာတမ်းဖတ်ကြားခြင်း

နေ့လည်စာ ဘုဉ်းပေးသုံးဆောင်ခြင်း
၁၀း၁၅ - ၁၀း၄၅ ၃၀ သံဃာတော်များ နေ့ဆွမ်းဘုဉ်းပေးရန်ပြင်ဆင်ခြင်း
၁၀း၄၅ - ၁း၁၅ ၁၅၀ နေ့လယ်စာစားသုံးချိန်/ နေ့ဆွမ်းဘုဉ်းပေးချိန်

ရက်စွဲ၊ ၂၀၁၀-ပြည့်နှစ်၊ အောက်တိုဘာလ-၃၁-ရက် (တနင်္ဂနွေ)နေ့
နေ့လည်ပိုင်း အခမ်းအနား အစီအစဉ်

၁း၁၅ - ၁း၃၀ ၁၅ စေတီတော်ဝင်းအတွင်း ပြန်လည်စုစည်းခြင်း
၁း၃၀ - ၃း၃၀ ၁၂၀ စာတမ်းများကို စုစည်းသုံးသပ်၊ ဆွေးနွေးခြင်း
(၁) သဘာပတိ ဒေါက်တာဂုဏရတန USA
(၂) တွဲဘက်သဘာပတိများ
(က) သီတဂူဆရာတော်
(ခ) အရှင်သုဂန္ဓော
(ဂ) ဒေါက်တာမျိုးမြင့်
(၃) သဘာပတိအဖွဲ့ဝင်များ
(က) ဆရာကြီးဦးစိုင်းအောင်ထွန်း
(ခ) ဦးအောင်သိန်းညွန့်
(ဂ) ဒေါက်တာအရှင်ဓမ္မပိယ
(ဃ) ဦးဝင်းမောင်
(င) Dr. Titus Leber
၃း၃၀ - ၃း၄၀ ၁၀ ဒေါက်တာအရှင်သတျပါလ၏ နိဂုံးချုပ်သုံးသပ်ချက်ပြောကြားခြင်း
၃း၄၀ - ၃း၄၅ ၅ ကော်မတီဥက္ကဋ္ဌ မစ္စတာ တွန်ဂရီယိုဂျို အင်ကာဆာ-က နှုတ်ဆက်ကျေးဇူးတင်စကား ပြောကြားခြင်း

၃း၄၅ - ၃း၅၅ ၁၀ အင်ဒိုနီးရှားနိုင်ငံ သာသနာရေးဌာန ညွှန်ကြားရေးမှူးချုပ်က ကျေးဇူးတင်စကားပြောကြားခြင်း
၃း၅၅ - ၄း၀၀ ၅ အခမ်အနားမှူးမှ အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းကြောင်းကြေညာခြင်း
၎း၀၀ - ၄း၂၀ ၂၀ နဂါးအကဖြင့် ဧည့်ခံဖျော်ဖြေခြင်း
၎း၂၀ - ၄း၃၀ ၁၀ မီဒန်မြို့သို့ ပြန်လည်ထွက်ခွါရန် ပြင်ဆင်ခြင်း

မှတ်ချက်။ ။အထက်ပါ အချိန်ဇယားသည် အကြောင်းအမျိုးမျိုးတို့ကြောင့် ပြောင်းလဲနိုင်ပါသေးသည်။


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၂-၁၁-၂၀၁၀

Consecration of Shwe Dagon Pagoda

Consecration of Shwe Dagon Pagoda

at Lumbini Natural Park, Brastagi - North Sumatera

30 - 31 October 2010


Consecration of Shwe Dagon Pagoda was held for two days at Lumbini Natural Park, Brastagi - North Sumatera, Indonesia, morning 8:00 am to 10:30, then offering lunch to the monks, and afternoon 1:00 to 5:30 pm.

In the First-day morning section, there was Opening Ceremony, Welcoming of five sangha-rajas - (Myanmar, Thai, Laos, Srilanka, and Indonesia), Candle Lighting Ceremony, Welcome Speech, reading of Congratulatory Messages from different countries, Chanting of Buddha-puja (country by country), Souvenir Hand Over to HE Mr. Surydharma Ali, Minister of Religious Affairs of Indonesia by Mr. Tongariodjo Angkasa, SE, MBA, MM (Chairman of Central Organizing Committee) and Accepting Award from Indonesia's Museum of Record by Mr. Tongariodjo Angkasa.

In the First-day afternoon section, there was Group-photo Documentation Session, Keynote Speech by Sitagu Sayadaw, reading of Congratulatory Messages from different countries, Chanting of Buddha-puja (country by country), paper reading session - 'The Anscentrial Stupas of Shwe Dagon' by U Win Mg (Tampavati, Mandalay), 'The Significance of Stupas in Buddhism' by Dr. Dhammapiya (Professor of International Theravada Buddhist Missionary University).

In the Second-day morning section, reading of Congratulatory Messages from different countries, Chanting of Buddha-puja (country by country), and paper reading session - 'Buddhism in South East Asia' by Ven. Anil Sakya Sugandho, 'Borobudur-Paths to Enlightenment' by Dr. Titus Leber, 'Initiative of Theravada Buddhism in Indonesia' by Mahasi Sayadaw of Myanmar, read by U Aung Thein Nyunt, and 'Building a Common Platform to Live Harmoniously in Society where People have different Religion' by Jan Spalek, read by Dr. Nandapala.

In the Second-day afternoon section
, paper reading session - Buddhism and the World Wide Web by Ven. Pannavaro, panel discussion, led by Ven. Anil Sakay Sugando (Summery of the papers), Chairman (Dr. Guna Ratana, USA), and Co-charimen (Ven. Sugandho, Dr. Satyapala) and panel members (Ven. Pannavaro, U Sai Aung Tun, U Aung Thein Nyunt, Dr. Dhammapiya, U Win Maung, and Dr. Titus Leber, then Concluding Remarks by Dr. Satyapala (President of India Sangha Council), Vote of Thanks by HE Drs. Budi Setiawan, MSc (Director General of Buddhist Community Guidance) and Closing Speech by Sitagu Sayadaw followed by reciting of three verses of Bhavatu Sabba Mangalam.

In conclusion, this great gathering of 1500 monks, Theravada and Mahayana from different countries, was marked as historic event in Indonesia and given thanks to all the members of the Central Organizing Committee, members of Taman Alam Lumbini and Members of Metta Center, who had made the participants felt comfortable.

May the Buddha Dhamma prevail in its pristine purity in the world.

မစ္စတာ တွန်ဂါရီယိုဂျို အန်ကာဆာ-မိသားစု၏ ရက်ရက်ရောရော သာသနာတော်အား ချီးမြှောက်ထောက်ပံ့မှုကြောင့် အင်ဒိုနီးရှားနိုင်ငံ၊ မီဒန်ပြည်နယ်ရှိ၊ ဘရာစတာဂီမြို့မြို့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား (ရွှေတိဂုံစေတီပွါး) နိုင်ငံပေါင်း ၂၅-နိုင်ငံမှ ထေရ၀ါဒ၊ မဟာယာန၊ ၀ဇိရာယာနစသည့် သံဃာတော်ပေါင်း ၁၅၀၀-တို့ဖြင့် ခမ်းနားထည်ဝါစွာ ဗုဒ္ဓါဘိသေကပူဇာ အနေကဇာတင်ပွဲတော်ကြီးကို ခြိမ့်ခြိမ့်သဲ ပူဇော်ခဲ့ကြသည်။

ထိုပူဇော်ပွဲကြီး၌ သံဃာတော်အရှင်မြတ် အသီးသီးတို့က နိုင်ငံအလိုက် ဗုဒ္ဓပူဇာ-အနေကဇာတင်ခြင်း မင်္ဂလာကို ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ ထို့အပြင် နိုင်ငံအသီးသီးမှ အင်ဒိုနီးရှားနိုင်ငံသို့ ကြွရောက်တော်မူလာကြကုန်သော သံဃာတော်များ၏ စုဝေးရာ မဟာသံဃာသန္နိပါတ-အခါဝယ် ပညာရှင်အသီးသီးတို့၏ သမိုင်းတွင်ရစ်မည့် စာတမ်းဖတ်ပွဲကိုလည်း အံ့သြဘနန်း ထူးဆန်းစွာ ဆင်ယင် ကျင်းပခဲ့ကြသည်။ (၂၀၁၀-ခုနှစ်၊ အောက်တိုဘာလ ၃၀-နှင့် ၃၁-ရက်နေ့)

ဤဆိုက်မှ ကူးယူ ဖော်ပြသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၂-၁၁-၂၀၁၀

10 November 2010

ကထိန်အကြောင်းတစေ့တစောင်း

၇-၁၁-၂၀၁၀ နေ့က ရန်ကုန်မြို့ ကမာရွတ်မြို့လှည်းတန်းရှိ လှဆန်းယဉ်အမျိုးသမီးဘော်ဒါဆောင် မိသားစုကထိန်က ပင့်ဖိတ်သဖြင့် ထိုဘော်ဒါဆောင်သို့ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ စာချကထိက အရှင်မြတ်လေးပါး ကြွရောက်ချီးမြောက်ခဲ့ကြသည်။ ထိုဘော်ဒါဆောင်မှ အဆောင်ပိုင်၊ အဆောင်မှူး၊ ကျောင်းသူကလေးများက ကိုယ့်မှာရှိတဲ့ ခွန်အားလေးနဲ့ စုပေါင်းပြီး ကထိန်အလှူတခုပြုလုပ်သည်။ ကထိန်ခေတ်ဖြစ်၍ ကထိန်သင်္ကန်းအလှူ၊ ၀ါကျွတ်ခရီးသွားရာသီဖြစ်၍ ခရီးဆောင်အိပ်များနှင့် န၀ကမ္မစသောအခြားလှူဖွယ်များကိုလည်း ကထိန်းအလှူအဖြစ် လှူကြသည်။

လှဆန်းယဉ်အမျိုးသမီးဘော်ဒါဆောင် ၈ ထပ်မြောက်လသာဆောင်ကို အလှူဌာနမင်္ဂလာမဏ္ဍပ်အဖြစ် ပြုလုပ်သည်။ ကထိန်ခေတ်ဖြစ်တာကတကြောင်း၊ ထို လှဆန်းယဉ်မိသားစု အလှူရှင်များနှင့် အနယ်နယ်အရပ်ရပ်မှ ကထိန်အလှူရှင်များအား ဂုဏ်ပြုလိုတာက တကြောင်း၊ ကထိန်ခေတ်ခါ သမယဖြစ်တာကတကြောင်း ကြောင့် ကထိန်အကြောင်း ပို့စ်ကလေး ရေးရန် စိတ်ကူးဖြစ်ခဲ့ဖြစ်သည်။

မြန်မာလူမျိုးများရဲ့ချစ်စရာဓလေ့ အလေ့အထလေးတွေထဲက တခုသော ရိုးရာလေးဖြစ်ပါသည်။ မြန်မာလူမျိုးများသည် မြတ်ဗုဒ္ဓ၏ အဆုံးအမအောက်မှာ ကြီးပြင်းလာကြသည်ဖြစ်၍ မြန်မာ့ယဉ်ကျေးမှုသည်လည်း မြတ်ဗုဒ္ဓ၏ အဆုံးအမများပင်ဖြစ်သည်။ ယဉ်ကျေးမှုဆိုတာ ဘာလဲ? ယဉ်ကျေးမှုအကြောင်းလေးကို နောက်များတွင် အလျင်းသင့်က ဖော်ပြဖို့ အစီအစဉ်ရှိပါသည်။

မြန်မာပြည်ရဲ့ ၁၂ လရာသီ ပြက္ခဒိန်တွင် လတိုင်းလတိုင်း၌ ယဉ်ကျေးမှုပွဲတော်များ ပါရှိသည်၊ ထိုပွဲတော်များသည် အထူးအားဖြင့် မြတ်ဗုဒ္ဓ၊ တရားတော်နှင့် သံဃာတော်တည်းဟူသော ရတနာသုံးပါးကို ပူဇော်သည့် ပွဲတော်များသာ ဖြစ်ပါသည်။ ယခုရာသီ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်မှ တန်ဆောင်မုန်း လပြည့်နေ့အထိ တလအတွင်း ပြုလုပ်အားထုတ်ရသည့် ပွဲတော်ကတော့ ကထိန်ပွဲတော်ဖြစ်သည်။ ထိုကထိန်နှင့်ပတ်သက်ပြီး ရှေးရှေးကထဲက များစွာသောဆိုက်တွေက ဖော်ပြထားပြီးဖြစ်ပါသည်။ ထို့ကြောင့် ဤဆိုက်တွင် ကထိန်အကြောင်းနှင့်ပတ်သက်ပြီး အနည်းငယ်မျှကိုသာ ဖော်ပြလိုပါသည်။

ကထိန်

ကထိန်ဆိုတာ မြန်မာဝေါဟာရသည် ကထိန ပါဠိပုဒ်မှ ဆင်းသက်လာသည်။ မြန်မာ့စာပေများတွင် ပါဠိစကားလုံးများကို မွေးဖွား အသုံးပြုထားသည်ကို များစွာ တွေ့ရသည်။ ကထိန်ဆိုသော မြန်မာစကားလုံးသည်လည်း ထိုနည်းတူစွာ မွေးစားစကားလုံးဖြစ်သည်။
အနုဇာနာမိ ဘိက္ခဝေ ၀ဿဝုဋ္ဌာနံ ဘိက္ခူနံ ကထိနံ အတ္ထရိတုံ။ ဆိုလိုသည်မှာ- ၀ါဆိုပြီးသော ရဟန်းတော်များအတွက် ကထိန်သင်္ကန်း ခင်းခြင်းကို ခွင့်ပြုတော်မူသည် ဟု ၀ိနည်း မဟာဝါပါဠိတော်မှာ ဘုရားရှင်ကိုယ်တိုင် နုတ်တော်မှ ထွက်လာသော မဟာကရုဏာစကားတော်ဖြစ်ပါသည်။ ကထိန်ဆိုတာ မြဲမြံခိုင်ခန့်ခြင်း ဆိုလိုခြင်းဖြစ်သည်။

(၁) အကျိုးငါးအင် အာနိသင်များကို တပြိုင်တည်း ရနိုင်သော အမှု၊ (၂) ဘုရားစသား ပုဂ္ဂိုလ်များက ချီးမွမ်းအပ်သော အမှု၊ (၃) သစ်ပင်ကြီးကဲ့သို့ မြဲမြံ ခိုင်ခန့်သော အမှု၊ (၄) သင်္ကန်းဖြတ်၊ ချုပ်၊ ဆိုးခြင်း၊ လှူခြင်း၊ ခင်းခြင်း စသော ကထိန်နှင့်စပ်သမျှ ခေါ်ဝေါအပ်သော စကားကို ကထိန (ကထိန်) ဟု ခေါ်သည်။

အစဉ်အလာရှိခဲ့

ကထိန်ခင်းခြင်းသည် ရှေးဘုရားရှင်များ လက်ထက်တော်ကပင် ရှိခဲ့ဖူးသည်။ ဒီပင်္ကရာဘုရားရှင်မှ ရေတွက်သော် ရှစ်ဆူမြောက် ပဒုမမြတ်စွာဘုရားလက်ထက်တော်ကထဲက ကထိန်ခွင့်ပြုထားသည်ကို ဗုဒ္ဓ၀ံသဋ္ဌကထာမှာ တွေ့နိုင်ပါသည်။ ထိုဘုရားရှင်လက်ထက်တော်၌ ဥသဘ၀တီမြို့သူ မြို့သားတို့သည် အဂ္ဂသာဝက သာလမထေရ်မြတ်အား ကထိန်သင်္ကန်းလှူခဲ့သည်၊ ထိုကထိန်သင်္ကန်း ချုပ်ရာတွင် ဘုရားရှင်ကိုယ်တော်တိုင် အပ်ချည် ကိုးပေါက် အပ်နဖားထိုးပေးခဲ့သည်ဟု တွေ့ရသည်။

လက်ဆင့်ကမ်းလာသော ကထိန်

လက်ရှိကမ္ဘာတွင် ဂေါတမ မြတ်စွာဘုရားလက်ထက်တော်မှာလည်း ထိုကထိန်နှင့်ပတ်သက်သည့် အစဉ်အလာ ရှိခဲ့ည်။ ပါဝေယျတိုင်းသာ ဘဒ္ဒ၀ဂ္ဂီ ညီနောင် ၃ ကျိပ်တို့ကို အကြောင်းပြု၍ ကထိန်သင်္ကန်းဖြစ်လာသည်။
ကောသလမင်းကြီးနှင့် ညီအကိုတော်သော ဘဒ္ဓ၀ဂ္ဂီညီနောင်တို့သည် မိန်းမတစ်ယောက်ပျောက်၍ မိန်းမရှာ ထွက်လာစဉ် အရှင်ဂေါတမသည်လည်း ဘုရားဖြစ်ခါစ ဥရုဝေဠတောသို့ ကြွလာရာမှာ တွေ့စုံမိကြသည်။ ထိုညီနောင် သုံးကျိပ်တို့တွင် ဘုရားရှင်၏တရားတော်ကို နာကြားရ၍ အချို့ သောတာပန်၊ အချို့ သကဒါဂမ်၊ အချို့သော သူများက အနာဂါမ် အဖြစ် တရားထူးများ ရရှိကာ ဧဟိဘိက္ခု ရဟန်းဖြစ်ခဲ့ကြသည်။ ဧဟိဘိက္ခု- ငါ့ရှင်ရဟန်းတို့ လာကြဟု ခေါ်လိုက်ရုံဖြင့် သူတို့၏ ရှေးဘုန်းရှေးကံကြောင့် အလိုအလျောက် ရဟန်းအသွင် ဖြစ်သွားကြသည်။ ထို့နောက် ထို ညီနောင်ရဟန်းတော်တို့သည် တခုသော နေရာတွင် တောရဆောက်တည်ခြင်း စသော ဓုတင်အကျင့်များကို ကျင့်ကြံအားထုတ်ကြသည်။

ထိုရဟန်းတော် ညီနောင်တို့သည်ဓုတင်အကျင်းများ ကျင့်ရင်း ပါဝါမြို့မှ သာဝတ္ထိမြို့သို့ ဘုရားဖူးကြွရာ ၆ ယူဇနာ ခရီးဝေးသဖြင့် သာဝတ္ထိမြို့ ၀ါဆိုမီ မရောက်နိုင်ကြ။ လမ်းခရီး သာကေတမြို့မှာပဲ ၀ါဆို (၀ါကပ်) တော်မူလိုက်ကြသည်။ သီတင်းကျွတ်လပြည့်နေ့ ၀ါကျွတ် ပ၀ါရဏာပြုပြီး နောက်တနေ့ သာဝတ္ထိမြို့သို့ ဘုရားဖူးရန် ခရီးဆက်ခဲ့ကြသည်။ လမ်းခရီးမှာ မိုးသည်းထန်စွာ ရွာသွန်းချသဖြင့် ရဟန်တော် ညီနောင် အားလုံး မိုးမိကာ ရေ၊ ရွှံ့ညွှန်၊ တို့ဖြင် ညစ်ပေ နေလျက် ဘုရားရှင်အား ဖူးမျော်ကန်တော့ကြသည်။ ထိုဖြစ်ရပ်ကို အကြောင်းပြု၍ ကထိန်သင်္ကန်း ခွင့်ပြုတော်မူသည်။

မှတ်ချက်။ ။ ၀ါတွင်း မိုးမိ၍ ၀ါဆိုသင်္ကန်းခွင့်ပြု၊ ၀ါကျွတ်မိုးမိ၍ ကထိန်သင်္ကန်းခွင့်ပြု။ ဘုရားရှင်က သူ့ သား တပည့်ရဟန်းတော်များကို သင်္ကန်း ၀တ်စရာနှင့်ပတ်သက်ပြီး မပင်ပန်းစေချင်တဲ့ မဟာကရုဏာဖြင့် သင်္ကန်းများ ခွင့်ပြုဟန်ပင်ဖြစ်သည်။

ကထိန်သည် ဘယ်သူ့အတွက်လဲ?

ကထိန်သင်္ကန်းသည် ပုဂ္ဂလိက (ပုဂ္ဂိုလ်)ကို ရည်မှန်း၍မလှူရ၊ စတုဒိသာ-အရပ်လေးမျက်နှာမှ သံဃာတော် အားလုံးကို ရည်ရွယ်၍ လှူရပါသည်။ ဣမံ ကထိနစီဝရံ သံဃဿ ဒေမ။ ဥတ်ကထိန်သင်္ကန်းကို သံဃာထုတဲတွင် သင်္ကန်းရှားပါးသူကို ရွေးချယ်ပြီး လှူဒါန်းရပါသည်။ ထိုကဲ့သို့ ရွေးချယ်ရာဝယ် သင်္ကန်းရှားပါးသူမရှိပါက အကြီးဆုံး မထေရ်ကြီးကို လှူရပါသည်။ ဒါဆို ကထိန်းသင်္ကန်းလှူတော့ ဘာအကျိုးရှိလဲ မေးစရာရှိလာတယ်၊ ဘယ်အကျိုးမျော်ကိုး၍ ကထိန်သင်္ကန်းများ လှူကြသလဲ မေးစရာဖြစ်လာပါတယ်။ ကထိန်းသင်္ကန်းလှူခြင်းကြောင်း အကျိုးငါးပါးရတယ်ဆိုတာ ယနေ့ခေတ် လူအတော်တော်များများ သိပြီးဖြစ်ပါလိမ့်မယ်။ သို့သော် ကထိန်အကြောင်းပြောကြပြီဆိုတော့ ထိုအကျိုးငါမျိုးကိုတော့ ချန်ထားလို့ မဖြစ်ပြန်။

အကျိုး ငါးအင် အာနိသင်


အလှူရှင်များက ရဟန်းတို့အား မအပ်စပ်သော အသုံးအနှုန်းများဖြင့် ဆွမ်းပင့်ဖိတ်ကပ်သော်လည်း အပြစ်မသင့်။ ဥပမာ-ရဟန်းတော်များ ထမင်းဘုန်းပေးကြွပါ၊ ခေါက်ဆွဲ ဘုန်းပေးကြွပါ၊ မုန့်ဟင်းခါး ဘုန်းပေးကြွပါဟူသော အသုံးနှုန်းဖြင့် ပင့်ဖိတ်အပ်သော ဆွမ်းကို လက်ခံပါက ရဟန်းတော်များအား အပြစ်ဖြစ်သည်၊ ထိုအသုံးနှုန်းဖြင့် ပင့်ဖိတ်ခြင်း လက်မခံအပ်။ ဆွမ်းဘုန်းပေးကြွပါ၊ ခေါက်ဆွဲဆွမ်း ဘုန်းပေးကြွပါ၊ မုံ့ဟင်းခါးဆွမ်း ဘုန်းပေးကြွပါ စသည်ဖြင့် ဆွမ်းဆိုတဲ့ အသုံးအနှုန်းပါရှိရပါသည်။ ဤကဲ့သို့သော အလားတူ ၀ိနည်းအပြစ်မှ လွတ်သော အကျိုးများကို ကထိန်အာနိသင်က ပေးစွမ်းနိုင်သေည်။

(၁) အနာမန္တစာရ- ရဟန်းတော်များ နေ့လွဲအခါ ရဟန်းတပါးပါးကို မပန်ကြား (မပြော)ဘဲ မြို့တွင်း ရွာတွင်းသို့ မသွားကောင်း။ သို့သော်လည်း ကထိန်အာနိသင်ကြောင့် ထိုအပြစ်တို့မှ လွတ်၏။

(၂) အသမာဒါနစာရ-တိစီဝရိတ်အဓိဋ္ဌာန်တင်အပ်သော သင်္ကန်းကို မဆောင်ယူဘဲ သွားလိုရာ သွားနိုင်ခြင်း။ ထိုသင်္ကန်းဖြင့် ညဥ့်ကင်း၍ နေနိုင်ခြင်း။ ကထိန်အာနိသင် မရှိသော ရဟန်းတော်များမှာ သွားလေရာ ထိုသင်္ကန်းကို ဆောင်ယူရသည်။

(၃) ယာဝဒတ္တစီဝရ= ရသမျှသင်္ကန်းတို့ကို အဓိဋ္ဌာန်၊ ၀ိကပ္ပနာမပြုဘဲ အလိုရှိသလောက် ထားရှိ သုံးဆောင်နိုင်ခြင်း။ ပထမ ကထိနသိက္ခာပုဒ်အရ ၁၀ ရက်ထက်လွန်သော်လည်း နိဿဂ္ဂိပါစိတ်အာပါတ် မသင့်နိုင်။

(၄) ဂဏဘောဇန-မအပ်စပ်သော တောင်းခံခြင်း၊ ပင့်ဖိတ်ခြင်းမျိုးဖြင့် တောင်းခံ ပင့်ဖိတ်အပ်သော ဆွမ်းကို ၄ ပါး၊ ၄ပါးထက် အလွန် စုပေါင်း၍ ခံယူစားနိုင်ခွင့်ရှိခြင်း။ ဘောဇန၀ဂ် ဒုတိယသိက္ခာပုဒ်အရ အပြစ်မသင့်နိုင်။

(၅) ယော စ တတ္ထ စီဝရုပ္ပါဒ- ကထိန်ခင်းရာ ကျောင်းတိုက်၌ ဖြစ်ပေါ်လာသော သင်္ကန်းတို့ကို ကထိန်းခင်းသော ရဟန်းတို့သာ ရနိုင်ခြင်း တို့ဖြစ်သည်။

ယခုပြဆိုသော အကျိုး ၅ ပါးကို ကထိန်ခင်းသော ရဟန်းနှင့် ကထိန်းခင်းရာဝယ် နုတ်ဖြင့် ၀မ်းမြောက်နုမော် သာဓုခေါ်သော ရဟန်းအားလုံး ကထိန်းခင်းသည့် နေ့မှ စ၍ တပေါင်းလပြည့်တိုင်အောင် ခံစားခွင့်ရှိသည်။

မှတ်ချက်။ ။ ၀ါကျိုးဝါပြတ်သော ရဟန်း၊ ပစ္ဆိမ၀ါကပ်သော ရဟန်းများနှင့် အခြားကျောင်းမှာ နေသော ရဟန်းများ ထိုအကျိုး ၅ မျိုးကို ခံစားခွင့်မရှိ။ သို့သော်လည်း ကင်္ခါဋီကာသစ်မှာတော့ ကထိန်မခင်းသော်လည်း သင်္ကန်းကာလ (သီတင်းကျွတ်လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ နံပါတ် (၂ ) အကျိုးကလွဲ၍ ကျန် အကျိုးအာနိသင် ၄ ပါးကို ခံစားခွင့်ရှိသေးသည်ဟု ဆိုထားသည်။

ဤမျှလောက်အနည်းငယ်သော ကထိန်နှင့်စပ် မှတ်သားဖွယ်တို့ဖြင့် ၀ါကျွတ် ကထိန်ပွဲတော်များကို ဂုဏ်ပြု ပူဇော်ပါသည်။

ကျမ်းကိုးများ
(က) ၀ိနည်းမဟာဝါ
(ခ) ပါစိတ်ပါဠိတော်
(ဂ) ပါစိတျာဒိအဋ္ဌကထာ
(ဃ) ယင်း ဘာသာဋီကာများ
(င) သရုပ်ပြ အဘိဓာန်
(စ)တိပိဋက ပါဠိမြန်မာ အဘိဓာန် အတွဲ-၅

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
10-11-2010

04 November 2010

သီတဂူစက္ခုဒါနဆေးရုံ (ကလေး)


သီတဂူစက္ခုဒါနဆေးရုံ (ကလေး)
သီတဂူစက္ခုဒါနဆေးရုံတော်သည် ကလေးခရိုင်၊ ကလေးမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးတွင်ရှိသည်။ သီတဂူစက္ခုဒါနဆေးရုံတော်ကို ရဟန်း ရှင် လူ ပြည်သူများ ကောင်းမှုဖြင့် သီတဂူဆရာတော်၊ စကားလှဓမ္မာရုံဆရာတော်၊ နေသာပညာဒါနဆရာတော်နှင့် မဟာသန္တာရုံဆရာတော်ကြီးများ သြ၀ါဒကို ခံယူလျက် ၁၃၇၁ ခုနှစ်(၂၀၀၉)နှစ်တွင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။
ယခုအခါ ထိုဆေးရုံတော်ကြီးတွင် ပြည်တွင်းပြည်ပမှ ဆရာဝန်ကြီးများ သူနာပြုများ၏ ကုသိုလ်များဖြင့် အနယ်နယ် အရပ်ရပ်မှ မျက်စိဝေဒနာရှင်ပေါင်းများစွာကို မျက်စိအလင်းများ ပေးနိုင်ခဲ့ပြီ ဖြစ်ပါသည်။

အစီအစဉ်များ
၁။ ပထမအကြိမ်
မျက်စိဝေဒနာရှင် ၁၁၅၄ ဦးကို စမ်းသပ်စစ်ဆေးပြီး ၂၅၁ ဦးကို ခွဲစိတ်ကုသပေးပြီး မျက်စိအလင်းများ ပေးနိုင်ခဲ့သည်။
၂။ ဒုတိယအကြိမ်
မျက်စိဝေဒနာရှင်ပေါင်း ၇၃၅ ဦးကို စမ်းသပ်စစ်ဆေးပြီး ၁၇၅ ဦးကို ခွဲစိတ်ကုပေးနိုင်ပြီး မျက်စိအလင်းများ ရရှိသွားနိုင်ကြပါသည်။
၃။ တတိယအကြိမ်
မျက်စိ ဝေဒနာရှင် ၆၀၅ ဦးကို စမ်းသပ်စစ်ဆေးပြီး ၁၇၅ ဦးကို ခွဲစိတ်ကာ မျက်စိအလင်းများ ပေးနိုင်ခဲသည်။
၎။ စတုတ္ထအကြိမ်
မျက်စိဝေဒနာရှင် ၆၁၅ ဦးကို စမ်းသပ်စစ်ဆေးပြီး ၁၇၀ ဦးကို ခွဲစိတ်ကုသပေးပြီး မျက်စိအလင်းများ ပေးနိုင်ခဲ့သည်။

ဤသို့အားဖြင့် ဤ သီတဂူစက္ခုဒါနဆေးရုံတော်၌ တနှစ်ကျော်အတွင်း လေးကြိမ်တိုင်တိုင် အထူးဆေးခန်းများ ဖွင့်လှစ်ခါ ပြည်တွင်းပြည်ပမှ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုများ လာရောက် လုပ်အားဒါန ပညာဒါန ပြုကာ ကုသိုလ်ပါဝင်ခဲ့ကြပါသည်။ ဤ မျက်စိဝေဒနာရှင်များတွင် ဗမာလူမျိုး (၅၅) ရာခိုင်နှုံးသာရှိပြီး (၄၅) ရာခိုင်နှုံးသော မျက်စိဝေဒနာရှင်များမှာ ချင်းတိုင်းရင်းသားများ ဖြစ်ကြသည်။ ဤ သီတဂူစက္ခုဒါနဆေးရုံတော်သည် လူမျိုးမရွေး ဘာသာမရွေး ကုသပေးနေသောကြောင့် ခရစ်ယာန်သီလရှင်များစွာလည်း လာရောက် ကုသမှုကို ခံယူလျက်ရှိကြပါသည်။

ကုသိုလ်ယူ
လူနာများကို လာရောက်ကုသပေးကြသော အနယ်နယ်အရပ်ရပ်မှ ဆရာဝန်ကြီးများနှင့် သူနာပြုများ၏ ခရီးစရိတ်၊ စားစရိတ် အ၀အ၀တို့ကို သီတဂူစက္ခုဒါနဆေးရုံတော်စောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ယူပေးကြပါသည်။

လူနာများအတွက် အခွင့်ကောင်း
ထိုဒေသရှိ မျက်စိဝေဒနာရှင်များသည် ယခုအခါ သူတို့အတွက် များစွာသော အခွင့်ထူးများရရှိကြပါသည်။ ထိုဒေသမှ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းစသော မြို့ကြီးများသို့ သွားရမည်ဆိုလျင် သွားစရိတ် စားစရိတ် ခွဲစိတ်ခနှင့် ဆေးဖိုးများအတွက် များစွာ အကုန်အကျ များမည့်အပြင် သွားရ လာရသည့် ခရီးဝေးကြောင့် အလွန်ပင်ပန်ပါလိမ့်မည်။ ထိုအခက်အခဲများကို ထိုဒေသရှိ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးမှ ကျွမ်းကျင်သော ဆရာဝန်ကြီးများက ခေတ်မီသော စက်များကို အသုံးပြုကာ ဖြေးရှင်းပေးနေသည်မှာ အလွန် ကျေနပ်စရာ ကောင်းလှပါသည်။

ကုန်ကျစရိတ်များ
တကြိမ်အစီအစဉ် ကုန်ကျမှုပမာဏမှာ ကျပ်သိန်းပေါင်း ၁၀၀ ကျော်ပါသည်။ ဆရာဝန်ကြီးများ၊ သူနာပြုများနှင့် လုပ်အားပေးများ၏ စားစရိတ်နှင့် ခရီးစရိတ်အတွက် (၃၅) သိန်းနှင့် ဆေးဘိုး ကျပ်သိန်း(၁၀၀) ဖြစ်ပါသည်။

နှိုးဆော်
ဘ၀ဆက်တိုင်း မျက်စိအလင်း (မံသစက္ခု)ကောင်းမွန်ခြင်းမှ ဒိဗ္ဗစက္ခု (နတ်မျက်လုံး)၊ ဓမ္မတည်းဟူသော ဥာဏ်မျက်လုံး၊ မဂ်ဥာဏ် (ဓမ္မစက္ခု)ကို ရည်စိတ်သန်ကာ လူသားချင်းကိုယ်ချင်းစာ စာနာစိတ် ကရုဏာ မေတ္တာ တို့ဖြင့် သီတဂူစက္ခုဒါနဆေးရုံတော်သို့ လာရောက် လှူဒါန်းနိုင်ပါကြောင်း နှိုးဆော်လိုက်ပါသည်။ ထိုဆေးရုံတော်ကြီး အရှည်တည်တံ့ ရပ်တည်နိုင်ရန်အတွက် မိမိတို့ ကိုယ်အား ဥာဏ်အား သဒ္ဓါအား ရှိသလောက် အောက်ပါ လိပ်စာအတိုင်း တိုက်ရိုက် လှူဒါန်းနိုင်ပါသည်။

ဘဒ္ဒန္တပုညသေဋ္ဌ
(အုပ်ချုပ်ရေးမှူးဆရာတော်)
သီတဂူစက္ခုဒါနဆေးရုံတော်
အောင်သစ္စာရပ်ကွက်၊ ကလေးမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး
ဖုန်း-၀၇၃-၂၁၁၃၀။ ၀၉-၆၄၇၂၀၅၄

ဘ၀မျက်လုံးမှ ဥာဏ်မျက်လုံးအထိ ကိုယ်စီ ရရှိနိုင်ကြပါစေ။
သီတဂူစတား
၎-၁၁-၂၀၁၀

02 November 2010

သမိုင်းသစ် တွင်မည့် ညီလာခံကြီး



သမိုင်းသစ် တွင်မည့် ပွဲတော်

ရှေးအစဉ်အလာကထဲက ဗုဒ္ဓဘာသမိုင်းအစဉ်အလာကြီးမားခဲ့သည် အင်ဒိုနီးရှားနိုင်ငံရှိ စုမတြာကျွန်းသည် ယခုအခါ ဗုဒ္ဓဘာသာပျောက်လုနီးပါးဖြစ်နေပြီဖြစ်သည်။ ယခုအခါ ထိုနေရာသည် ဗုဒ္ဓဘာသာမဟုတ်သည့် အခြားဘာသာ ထွန်းကားသော နိုင်ငံတွင် သမိုင်းအသစ်တွင် ကျန်ရစ်မည့် ထူးကဲစွာသော မြန်မာ့သာသနာနှင့် ဗုဒ္ဓဘာသာထိပ်သီး အစည်းအရုံးကြီးကို သုံးရက်တိုင်တိုင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

မြန်မာ့အနုပညာများဖြင့် ခြယ်မှုံးထားသော ရွှေတိဂုံစေတီတော် ပုံတူကြီးကို အင်ဒိုနီးရှားနိုင်ငံ မီဒန်ပြည်နယ်ရှိ ဘရာစတာဂီမြို့တွင် ထည်ဝါ ခံ့ညားစွာ တွေ့မြင်ရပေသည်။


ထိုစေတီတော်ကြီးကို နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ထေရ၀ါဒ၊ မဟာယာန၊ ၀ဇိရာယာနစသော ဂိုဏ်းပေါင်းစုံမှ ၁၄၀၀ သော သံဃာတော်များက ထိုရွှေတိဂုံ ပုံတူစေတီတော်မြတ်ကြီးကို ဘိသိတ်မင်္ဂလာ ဆင်ယင်ကျင်းပ ပူဇော်ကြသည့်အတွက် ထူးကဲသော နေရာမှာ ထူးကဲစွာသော သံဃာထု၏ ပူဇော်ပွဲကြီးဖြစ်ခဲ့သည်။

ထိုဘာသာခြားနိုင်ငံတွင် ထိုကဲ့သို့သော သံဃာထုကြီးက ထိုကဲ့သို့ မြန်မာ့ရွှေတိဂုံစေတီတော်ပုံတူကြီး တည်ထားကိုးကွယ်ကာ ဗုဒ္ဓါဘိသေကမင်္ဂလာ ပူဇော်ပွဲကြီး ဆင်ယင်ကျင်းပခြင်းဖြင့် ထိုနေရာမှာပဲ အလွန်ပြောင်မြောက်သော သံဃာ့ညီလာခံကြီးကိုလည်း ထူးကဲစွာ ဆင်ယင်ကျင်းပနိုင်ခဲ့သည်။ ထိုညီလာခံကြီးကို ၂၀၁၀-ခုနှစ်၊ အောက်တိုဘာလ ၂၉- ၃၀-နှင့် ၃၁-ရက်နေ့ တွင် ကျင်းပခဲ့သည်။


ထိုပွဲတော်ကြီးဖြစ်မြောက်ရေးအတွက် ဘက်စုံမှတာဝန်ယူကုသိုလ်ပြုသော မစ္စတာ တွန်ဂါရီယိုဂျို အန်ကာဆာ-မိသားစုတို့အား ဗုဒ္ဓဘာသာတရပ်လုံးက အထူးဝမ်းမြောက်စွာ သာဓုခေါ်နေကြမှာ အမှန်ဖြစ်ပါသည်။

မှေးမှိန်လုနီးပါး ဖြစ်နေသော အင်ဒိုနီးရှား ဗုဒ္ဓဘာသာသမိုင်းကို ပြန်လည် လန်းဆန်း သမိုင်းသစ်ထူသည့် ပွဲတော်ကြီးကို ပါဝင်ဆင်နွှဲတော်မူကြသော ကမ္ဘာတ၀ှမ်းလုံးမှ သံဃာတော်များနှင့် ဥပါသကာ ဥပါသိကာအပေါင်းတို့၏ သဒ္ဓါအား ဥာဏ်အား ၀ီရိယအားတို့ကို အထူးလေးစားမိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုပါသည်။


အထူးသဖြင့် ထိုညီလာခံကြီးကို တဦးတည်း စပွန်ဆာပေးသော မစ္စတာ တွန်ဂါရီယိုဂျို အန်ကာဆာ-မိသားစုအား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ပါသည်။

ဤဆိုက်ကို ကိုးကားဖော်ပြပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂-၁၁-၂၀၁၀

30 October 2010

အလှုရှင် ဂုဏ်ရည်


စာမိတ်ဆက်

ဒီပို့စ်လေး ရေးဖြစ်ဖို့ ၂၀၀၈ ခုနှစ်ကထဲက အစပြိုးခဲ့သည်။ အဒီအချိန် စာရေးသူလဲ စာတစောင် ပေတစောင်အဖြစ် ရေးလေ့ရေးထ မရှိခဲ့ ပေမဲ့ ကိုယ့်ရဲ့ မှတ်တမ်း (ဒိုင်ယာရီ) တွင်တော့ ရေးလေ့ရှိသည်၊ မှတ်တမ်းတင်လေ့ရှိသည်။ ၂၀၀၈ ခုနှစ်က သီတဂူဆရာတော်ကြီး အိန္ဒိယတက္ကသိုလ်ကြီးတခုခုတွင် ပညာသင်ဖို့ရန် စေလွတ်သည်။ ပူနေးတက္ကသိုလ်၊ ကာလကတ္တားတက္ကသိုလ်၊ ဘုံဘေ တက္ကသိုလ်နှင့် မဒ္ဒရစ် (ချန်နှိုင်း) တက္ကသိုလ် ၄ ခုတွင် တခုခုတက်ဖို့ရန် ညွှန်ကြားသည်။ သူငယ်ချင်းများက ပူနေးတက္ကသိုလ်တွင် တက်ခွင့်ရရန် ဆောင်ရွက်ပေးသဖြင့် ထိုတက္ကသိုလ်တက်ခွင့်ရသည်။ တက္ကသိုလ် အမ်အေတန်း ဒုတိတယနှစ် တက်ရင်း သီတဂူစတား အမည်ရှိ ဘလော့ဂ်တစ်ခု ဖန်တီးကာ စာ (ပို့စ်) များ စတင်ရေးဖြစ်ခဲ့သည်။ စာမရေးတတ် သက်ပုံသက်ညွှန်းမနိုင်နှင်းသော မိမိအဖို့ ပို့စ်တစ်ခု ဖြစ်ပေါ်လာဖို့ရာ အလွန်ခက်ခဲခဲ့သည်။ သို့သော် ရေးချင်တဲ့ ဆန္ဒလေးတစ်ခုတည်းနဲ့ ဘယ်သူတွေ ဘာပြောပြော၊ ဝေဖန်ချင်တာ ဝေဖန်ပါစေ့ ဆိုပြီး ဆုံးဖြတ်ချက်ချကာ ရေးဖြစ်ခဲ့သည်။ ဝေဖန်ပေါင်းများစွာလည်း ခံရဖူးသည်။ အခုချိန်အထိ ကိုယ့်ကိုယ်ကို ကျေနပ်လောက်အောင် မရေးနိုင်သေး။ ဘာပဲ ဖြစ်ဖြစ် ဖတ်ရင်း ရေးရင်း လေ့ကျင့်ရင်းဖြင့် အသိပညာ ဗဟုသုတမျာ ရလိုက်ခြင်းက ကိုယ့်အတွက် အမြတ်ပဲ၊ ကိုယ်အတွက် အခွင့်အရေးပဲ ဟူ၍ တွေးကာ ကျေနပ်ရတော့သည်။

အလှူရှင်ဂုဏ်ရည်

အလှူရှင်ဂုဏ်ရည် ပို့စ်တစ်ခု ရေးဖို့က အိန္ဒိယပညာတော်သင် မလာခင်လေးမှာပဲ နာဂစ်ဒဏ်ကြောင့် သေကြေပျက်စီး ဆုံးရှုံးသွားသော နေရာဒေသများဆီသို့ သွားရောက်ကြည့်ရှုပြီး ချက်ချင်း ကယ်ဆယ်ရေးတွေ ဆောင်ရွက်နေသော သီတဂူဆရာတော်ကြီး၏ အလှူတော်များကိုကြည့်ပြီး စိတ်ကူးထဲမှာ အလှူရှင်များ၏ ဂုဏ်ရည် ဆိုတဲ့ အတွေးတစ်ခု ၀င်ခဲ့ဖူးသည်၊ သို့သော် စာအဖြစ် မရေးဖြစ်ခဲ့။ ၂၃-၁၀-၂၀၁၀ နေ့က ဒုတိယအကြိမ် ထိုအတွေးတစ်ခု ၀င်လာပြန်သည်၊ တိုကျို ဂျပန်မှ မြန်မာ အလှူရှင်တဦးက သီတဂူဆရာတော်ကြီး၏ ဘာသာရေး လူမှုရေးတွေကို အမှန်တကယ် အားကြိုးမန်တက် ဆောင်ရွက်နေသည်ကို ယုံကြည်သဖြင့် ဆရာတော်ကြီးကို ကိုယ်တိုင် မဖူး မတွေ့ရသေးသော်လည်း ယုံကြည်မှုတစ်ခုတည်းနဲ့ အလွန်များပြားလှတဲ့ သိန်း ရာနှင့်ချီသော ငွေပမာဏကို စွန့်လွတ်နိုင်ခဲ့သည်။ ထိုနည်းတူစွာ ဆရာတော်ကြီးကျောင်းမှာ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အနယ်နယ် အရပ်ရပ်မှ အလှူရှင်များသည် ဆေးရုံအလှူတော်၊ ရေ အလှူတော်၊ တက္ကသိုလ်များ အလှူတော်နှင့် အခြားလူမှုရေး အလှူတော်များကို မိမိတို့ ကိုယ်အား ဥာဏ်အား တို့ဖြင့် ရှာဖွေ စုဆောင်းထားသော စည်းစိမ်တို့ကို ကိုယ်တစ်ယောက်တည်း မစား မသုံးဘဲ သာသနာတော်အတွက် ရက်ရက်ရောရော စွန့်လွတ်နိုင်ကြသည်မှာ ယုံကြည်မှု သဒ္ဓါပင်ဖြစ်ပါသည်။

‘‘ ဒကာ ဒကာမတွေက တို့ကို အစုလိုက် အပြုံလိုက် ရက်ရက်ရောရော ပေးကမ်း လှူဒါန်းကြတယ်ဆိုတာ သာသနာတော်နှင့် သာသနာတော်ကြီးအတွက် အမှန်တကယ် အလုပ် လုပ်နေတာကို ယုံကြည်လို့ပဲ ဖြစ်ပါတယ်’’ ဟု သီတဂူဆရာတော်ကြီး မိန့်ဖူးသည်။ သဒ္ဓါ ဇာတော ဥပသင်္ကမိ- ထို ယုံကြည်ချက်ဖြင့် ငါ့ထံ ရောက်လာကြခြင်းဖြစ်တယ်။ ဒါ့ကြောင့် သာသနာပြုလုပ်ငန်း လုပ်တဲ့ကိစ္စမှာ စိတ်ဓာတ်မြင့်မားမှု (mind power) ရှိနေဖို့ဆိုတာ အလွန်အရေးကြီးပါတယ်။ ကိုယ်က သာသနာအတွက် အမှန်တကယ် အလုပ်လုပ်နေရင် ဒကာ ဒကာမ (အလှူရှင်တွေ)က နောက်က လိုက်လာဖို့ အဆင်သင့် ဖြစ်နေကြပါတယ်။ ကိုယ်က အမှန်တကယ် အလုပ် လုပ်နေဖို့ပဲ လိုပါတယ်။

ထို သဒ္ဓါတရားအလွန်ကောင်းသော အလှူရှင်များအကြောင်း တွေးရင်း ငယ်ငယ်က ဖတ်ဖူး လေ့လာခဲ့ဖူးတဲ့ စာပေထဲက စာပိုဒ်ကလေး အချို့ကို သတိရလိုက်မိပါတယ်။

ငယ်ငယ်ဘ၀ကလေ့လာခဲ့သော စာပေ

အမှန်ဝန်ခံရရင် စာရေးသူတို့ ၁၅ နှစ်သားအရွယ် သာမဏေကျော်စာမေးပွဲများ ၀င်စဉ်က ကိုယ်လေ့လာနေသော စာပေတွေကို နေ့စဉ်ဘ၀မှာ ဘယ်လို အသုံးချမလဲ (how to apply in our daily life) ဆိုတာ ကောင်းကောင်း မသိခဲ့ပါ။ မှန်၏ စာသင်တိုက်ကြီးက ပေးလိုက်သော သင်္ခန်းစာအားလုံးသည် သိုမှီးသိမ်းဆည်းထားဖို့ မဟုတ်၊ စာမေးပွဲ အောင်ရုံနှင့် ဘွဲ့ဒီဂရီများ ရဖို့ သက်သက်မဟုတ်၊ ထိုစာပေဖြင့် နေ့စဉ်ဘ၀ အသုံးချဖို့ပဲ ဖြစ်သည်။ သို့သော် ငယ်ရွယ်သော စာရေးသူမှာတော့ ထိုစာသင်တိုက်ကြီး၏ ရည်ရွယ်ချက်ကို မလိုက်နိုင်ခဲ့၊ အရွယ်ရလာတာနဲ့အမျှ ငယ်ငယ်က လေ့လာ ဆည်းပူးခဲ့သော စာပေတွေရဲ့ သဘောတရားတွေကို တဖြေးဖြေး နားလည်လာသည်၊ အသုံးချရကောင်းမှန်း သိလာသည်။ စာပေက အလှူရှင် ဂုဏ်ရည်နှင့်ပတ်သက်ပြီး ပြောထားတာလေးတွေရှိပါတယ်။

အင်္ဂါ (၃)ပါးနှင့်ပြည့်စုံသူကို သဒ္ဓါတရားရှိသော၊ သာသနာတော်၌ ကြည်ညိုသော အလှူရှင်မည်၏။
ထိုသုံးပါတို့ကား----
၁။ မိုင်ပေါင်း ဘယ်လောက် ဝေးဝေး ကိုယ်ကျင့်တရားရှိသော သီလ၀န္တ အရှင်မြတ်များကို သွားရောက် ဖူးမျှော်လိုသော ဆန္ဒရှိခြင်း။
၂။ သူတော်ကောင်းတရားတို့ကို နာယူလိုသော ဆန္ဒရှိခြင်းနှင့်
၃။ အလှူဒါန ပေးကမ်းစွန့်ကြဲခြင်းတို့၌ မွေ့လျော်ပျော်ပိုက်ခြင်း တို့ဖြစ်သည်။

ဒဿနကာမော သီလ၀တံ၊ သဒ္ဓမ္မံ သောတုမိစ္ဆတိ။
ဝိနယေ မစ္ဆေရမလံ၊ သဝေ သဒ္ဓေါ တိ ၀ုစ္စတိ။
(အံ-၁-တိဌာနသုတ်၊ နှာ ၁၄၉)

ထိုသုံးပါးဂုဏ်ရှိသူကို သဒ္ဓါတရားရှိသူ၊ သာသနာတော်၌ ကြည်ညိုသူ အလှူရှင်ဟူ၍ ဆိုအပ်၏။ ထိုလှူရှင် ဂုဏ်သုံးပုဒ်တွင် နံပါတ် ၃ အလှူဒါန၊ ပေးကမ်း၊ စွန့်ကြဲ၊ ဝေငှခြင်းတို့၌ မွေ့လျော်သူကို စာက အောက်ပါဂုဏ်ရည် တို့ဖြင့် ဖော်ညွှန်းထားသည်ကို တွေ့ရသည်။ ဒါန ဂုဏ်ရည်ဟူ၍လည်း ဆိုနိုင်ပါသည်။

ဒါနဂုဏ်ရည်များ
၁။ မုတ္တစာဂေါ ပယတပါဏိ-လွတ်လွတ်ကျွကျွတ် စွန့်ကြဲသည်ဖြစ်၍ ဆေးကြောအပ်ပြီးသော လက်ရှိသူ။
၂။ ဝေါဿဂ္ဂရတော- စွန့်လွတ်ခြင်း၌ ပျော်သည်၊ မွေ့လျော်ခြင်း။
၃။ ယာစယောဂေါ -တောင်းခံခြင်းငှါ သင့်သည်။
၎။ ဒါနသံဝိဘာဂရတော- ပေးလှူ ဝေဖန် ခန့်ခွဲ စီမံမှု၌ ပျော်ပိုက်သည်။
၅။ ၀ိဂတမလမစ္ဆေရ-ကင်းသော မစ္ဆေရ အညစ်ကြေးရှိသူ။

မုတ္တစာဂေါ ပယတပါဏိ- လွတ်လွတ်ကျွကျွတ် စွန့်ကြဲသည်ဖြစ်၍ ဆေးကြောအပ်ပြီးသော လက်ရှိသူ။ ၂၀-၁၀-၂၀၁၀ နေ့က ရွှေဥရာစုသစ်ရဲ့ မွေးနေ့ပွဲ အလှူတစ်ခု သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ရန်ကုန်မှာ ကျင်းပခဲ့သည်၊ ကျောင်းအမ ဒေါ်ရွှေဥက ထိုမွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) မဟာသန္တိပါတ အစည်းဝေးခန်းမဆောင် အတွက် သိန်း ၅၀၀ ကျပ်လှူဒါန်းပွဲနှင့် ပင့်သံဃာ ၂၀ တို့အား တပါးလျှင် အမေရိကန် ဒေါ်လာ ၁၀၀ စီ လှူဒါန်းပွဲ ကျင်းပခဲ့သည်။ ထိုပွဲတွင် သီတဂူဆရာတော်ကြီးက ဒါန ဂုဏ်ရည်အကြောင်း ထည့်ပြောသွားရာဝယ် ပယတပါဏိ ပုဒ်နှင့် ဒါနသံဝိဘာဂ ရတော ပုဒ် ၂ ပုဒ်ကို ထည့် အသုံးချသွာတာ တွေ့လိုက်ရပါတယ်။ ငယ်ငယ်က လေ့လာထားခဲ့ဖူးပေမဲ့ ဤကဲ့သို့ အသုံးချရကောင်းမှန်း မိသိခဲ့။ ဆရာတော် အသုံးချပြီး ပြောသွားတာကို အလွန်ပဲ နှစ်ခြိုက်မိခဲ့ပါတယ်။

‘‘ လက်ဆိုတာ ယူခြင်း ပေးခြင်း စွန့်လွတ်ခြင်း မျှဝေခြင်း ကိစ္စရှိပါတယ်။ ယူခြင်းသည် လောဘ (attach or craving )နှင့် မစ္ဆရိယ- သိမ်းဆည်းထားခြင်း ဆုပ်ကိုင်ထား (keeping firmly) နှင့် ထိုလောဘ နှင့် မစ္ဆရိယကို စွန့်လွတ်ခြင်းဖြင့် ပေးကမ်းခြင်း မျှဝေခြင်း’’ ဟု ဆိုပါတယ်။ ထိုလောဘ၊ မစ္ဆရိယ စတဲ့ ကိလေသာ အညစ်ကြေးမှ ကင်းသော လက်ရှိသူ၊ ထို့ကြောင့် ပယတပါဏိ ဆိုတာ ထိုကိလေသာမှ လွတ်သော ဖြူစင် သန့်ရှင်းသော လက်ရှိသူ ဟု ဆိုလိုသည်။
အဋ္ဌကထာကတော့ ပယတပါဏီတိ ဓောတဟတ္ထော။ ဆိုလိုသည်မှာ သဒ္ဓါတရားမရှိသူ၏ လက်ကို အကြိမ်တရာ ဆေးကြောသော်လည်း မလိနဟတ္ထော- အညစ်ကြေးမစင် မသန့်စင်သော လက်ရှိသူ။ သဒ္ဓါတရားရှိသူ၏ လက်သည်ကား အလှူဒါန စွန့်လွန်ခြင်း၌ ပျော်ပိုက်နေသောကြောင့် ပကတိ လက်မှာ ချေး အညစ်ကြေး ပေနေသော်လည်း ဓောတ ဟတ္ထော- စင်ကြယ်သော လက်ရှိသူဟူ၍ ဆိုပါသည်။

တတိယအကြိမ် ရေးဖို့ အကြံဖြစ်ပေါ်လာခြင်းကတော့ ဒေါ်ရွေဥရဲ့ သိန်း ၅၀၀ ကျပ်အလှူ၊ ဒီပို့စ် ရေးနေစဉ်မှာပဲ ကနေဒါက မသင်းသင်းယုနှင့် သူငယ်ချင်းတစုကလည်း ဆရာတော်ကြီး၏ လူမှုကယ်ဆယ်ရေးတွေကို အားကျ ကြည်ညိုလွန်းလို့ ဟိုးးးးးးးတပြည်တရွာကနေ လာလှူလိုက်ကြသေးသည်။ ယုံကြည်မှု၏ စွမ်းအားပင် ဖြစ်ပါည်။

ဒါနသံဝိဘာဂရတော- ပေးလှူ ဝေဖန် ခန့်ခွဲ စီမံမှု၌ ပျော်ပိုက်သည်။ ဒါနဆိုတဲ့ပုဒ်ကို အများစုက ပေးလှူလို့ ဘာသာရေးနယ်ပယ်က စကားရပ်ဖြင့် ပြန်ဆိုကြပေလိမ့်မည်၊ သီတဂူဆရာတော်ကြီး၏ ဟောချက် ပြောချက်တို့သည် အဘယ့်ကြောင့် လူတွေရဲ့ နှလုံးသားထဲ၌ ထိထိမိမိ ရောက်စေနိုင်သနည်း ဆိုသော်-ဆရာတော်ကြီးသည် လူသားတို့ ဝေါဟာရ အသုံးအနှုန်းများဖြင့် တသားတည်းကျအောင် အသုံးပြုသောကြောင့် ဘ၀နှင့်တထပ်တည်းကျသည်ဟု ဆိုရပေမည်။ ထို့ကြောင့် ဒါန ကို ဝေငှခြင်းဟူ၍ ဘာသာပြန်ဆိုကာ ကျောင်းအမကြီး (အလှူရှင်) သည် မိမိကိုယ်တိုင် ကိုယ်အား ဥာဏ်အားတို့ဖြင့် ရှာဖွေစုဆောင်းထားသော စည်းစိမ်များကို ကိုယ်တည်းတယောက်တည်း မသုံးစွဲဘဲ သာသနာတော်အား ဝေငှပေးခြင်း၊ ခွဲဝေ သုံးစွဲခြင်းဖြစ်သည်။

ထို့ကြောင့် ဒါနသံဝိဘာဂရတော-ဝေငှခြင်း၊ ပေးလှူရာဝယ် ဝေဖန် ခန့်ခွဲ စီမံမှု၌ ပျော်ပိုက်သည်။ ဆိုလိုသည်မှာ မိမိရှာဖွေ၍ ရသော ပစ္စည်းများကို ဝေငှခြင်း၊ ပေးကမ်းခြင်းတို့၌ စီမံဆောင်ရွက်ခြင်းတို့၌ ပျော်မွေ့သူ၊ ပျော်ပျော်ကြီး အလှူဒါန ပြုသူဟူ၍ ဆိုနိုင်သည်။

ဝိဂတမလမစ္ဆေရ- ၀န်တိုခြင်းဟုသော အညစ်ကြေးမရှိ။ မိမိ ရှာဖွေ၍ ရသော ပစ္စည်း စည်းစိမ်များကို နှမျောတွန့်တိုခြင်းမရှိ၊ သိမ်းဆည်းထားခြင်းမရှိ၊ တပါးသူတို့အား ပေးကမ်းနိုင်ခြင်း၊ စွန့်လွတ်နိုင်ခြင်းဖြစ်သည်။ ထိုအလှူရှင်သည် ထို သိန်း ၅၀၀ ကျပ်ကို မိမိ တကိုယ်တည်း စားသုံးဖို့ပဲ သိမ်းဆည်းထားခြင်းမရှိ၊ တပ်မက်ခြင်းမရှိ၊ ၀န်တိုခြင်းမရှိဘဲ စွန့်လွတ်နိုင်ခဲ့သည်။

နိဂုံး
ဤသို့အားဖြင့် အလှူရှင်တို့သည် ပုဗ္ဗေကတပုည- ရှေးဘုန်းရှေးကံကြောင့် ပတိရူပ ဒေသလို့ခေါ်တဲ့ ဘုရား တရား ရဟန်းသံဃာ ရှိရာအရပ်သို့ ဖြစ်ခွင့်ရကြသည်။ ထို အရပ်ဒေသမှာ လူဖြစ်ခွင့်ရကြခြင်းကြောင့် သဒ္ဓမ္မသ၀န-သူတော်ကောင်းတရားများ နာကြားခွင့်ရ၍ အတ္တသမ္မာမဏိဓိ-မိမိစိတ်ကို ကောင်းစွာ ထိန်းနိုင်ခြင်း၊ ထားနိုင်ခြင်း။ ကောင်းစွာထားနိုင်ခြင်း ထိန်းနိုင်ခြင်းဟူသည် မိမိကိုယ်ကို သီလမရှိသည်ကို သီလရှိလာအောင်၊ သဒ္ဓါမရှိသော မိမိကိုယ်ကို သဒ္ဓါတရား ရှိလာအောင်၊ နှမျှောတွန့်တို ၀န်တိုခြင်း မစ္ဆရိယစိတ်ရှိသော မိမိကိုယ်ကို မစ္ဆရိယစိတ် မရှိအောင် ထားပေးနိုင်ခြင်းတို့ကြောင့် အတ္တသမ္မာမဏိဓိ ဂုဏ်ကို ရရှိကြသည်။ ဤသို့သော ဂုဏ်အပေါင်းတို့ကြောင့် သဒ္ဓါ စေတနာ ပစ္စည်းဝတ္ထု အလှူခံဟု အင်္ဂါ ၄ တန် ပြည့်စုံကြသဖြင့် အလှူဒါနပွဲများ ဆင်နွှဲနိုင်ကြသည်။ ဆိုခဲ့ပြီးသော ဂုဏ်ရည်အပေါင်းတို့နှင့် ပြည့်စုံသော အလှူရှင်တို့သည် မိမိပိုင် စည်းစိမ်များကို ပေးနိုင် ကမ်းနိုင် စွန့်နိုင်ကြပေတော့သတည်း။

မှတ်ချက်။ ။ ဤ အလှူရှင်ဂုဏ်ရည် အမည်ရှိသော ပို့စ်ဖြင့် နယ်နယ် အရပ်ရပ်မှ သီတဂူသာသနာပြုအလှူရှင်များနှင့် အခြားခြားသော အလှူရှင်များအား ဂုဏ်ပြုပါသည်။

ကျမ်းကိုးများ
(က) အဂုင်္တ္တရနိကာယ တိကနိပါတ ပါဠိတော်
(ခ) အဂုၤတၱရနိကာယ တိကနိပါတ႒ကထာ
(ဂ) အဂုင်္တ္တရနိကာယ် တိကနိပါတ မြန်မာပြန်
(ဃ) မဇ္ဈိမပဏ္ဏာသ ပါဠိတော်
(င) သုတ္တနိပါတဋ္ဌကထာ
(စ) သီတဂူဆရာတော် သြ၀ါဒ

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၂၈-၁၀-၂၀၁၀

26 October 2010

စာသင်နည်းများ

နိဒါန်း
ဒီပို့စ်လေးက ‘‘အရှင်ဘုရား ရဟန်းတော်တွေသည် B.A, M.A, Ph.D ဘွဲ့တွေ၊ ဓမ္မာစရိယစတဲ့ ဘွဲ့တွေ ရဘို့ရန် အသည်းအသန် ကြိုးစားနေကြပါတယ်ဘုရား။ အဲဒီဘွဲ့တွေကို ဘယ်ရည်ရွယ်ချက်နဲ့ ရဖို့ ကြိုးစားနေကြပါသလဲဘုရား။ ထိုဘွဲ့တွေကကော မဂ်ဖိုလ် နိဗ္ဗာန်ကို အထောက်အကူပြုပါသလားဘုရား’’ ဟုသော စာဖတ်ပရိသတ်တစ်ယောက်ရဲ့ သီတဂူစတားထံ ပေးစာဖြစ်ပါတယ်။ မေးထားတဲ့မေးခွန်းက အတော်ကြာသွားပါပြီ၊ စာရေးသူ ပူနေးတက္ကသိုလ် ကျောင်းတက်စဉ်က ကျောင်းတက်နေရသဖြင့် ထိုမေးခွန်းကို မဖြေမိလိုက်ဘဲ အခုမှပြန်တွေ့တာနဲ့ ရေးဖြစ်သွားခြင်းဖြစ်ပါတယ်။

စာပေမှာ စာသင်နည်း ၃ မျိုးပြထားပါတယ်။ ထို ၃မျိုးလုံးက လောကမှာ ဖြစ်တတ်တဲ့သဘာဝလေးတွေကို ပြထားသဖြင့် စိတ်ဝင်စားစရာ ကောင်းသလို မှတ်သားထားသင့်တဲ့ အချက်လေးတွေလည်းဖြစ်ပါတယ်။ စာသင်သားတိုင်းမှာ ကိုယ်ပိုင် ရည်ရွယ်ချက်လေးတွေ ရှိကြပါတယ်။ ထိုရည်ရွယ်ချက်ဖြင့် လိုချင်တဲ့ ပန်းတိုင်းဆီသို့ မရောက်ရောက်အောင် အားခဲကြခြင်းဖြစ်ပါသည်။ ထိုရည်ရွယ်ချက်မရှိဘဲ ပန်းတိုင်သို့ ရောက်ဖို့ရန် အလွန် နှေးကွေးပါလိမ့်မယ်။ ရည်ရွယ်ချက် (ဆန္ဒာဓိပတိ) ရှိမှ အလုပ်လုပ်လိုစိတ် ကြိုးစားချင်စိတ် ပိုမိုအားကောင်းပြီး ရည်ရွယ်ချက်ပန်းတိုင်သို့ ဖြောင့်ဖြူးစွာနှင့် အလျှင်အမြန်ရောက်နိုင်မှာ ဖြစ်ပါသည်။ တဦးနှင့်တဦး ရည်ရွယ်ချက်သည် တူညီကြလိမ့်မည်မဟုတ်၊ စရိတ်လက္ခဏာတွေ ကွဲပြားသည်အားလျှော်စွာ ရည်ရွယ်ချက်တွေလည်း ကွဲပြားသွားနိုင်ပါသည်။ သို့သော် စာပေက မည်သို့ ရည်ရွယ်ပြီး စာသင်သင့်သည်ကို ပြဆိုထားပါသည်။

စာသင်နည်း ၃ မျိုး
၁။ အလဂဒ္ဒူပမာ ပရိယတ္တိ
၂။ ဘဏ္ဍာဂါရိက ပရိယတ္တိ
၃။ နိဿရဏ ပရိယတ္တိ

၁။ အလဂဒ္ဒူပမာ ပရိယတ္တိ ဆိုသည်မှာ- စာပေသင်ခြင်း တရားနာခြင်းဖြင့် ဘုရားတရားတော်များကို တတ်မြောက် နားလည်သည်ရှိသော် ငါ့ကို လူတွေက ချီးကြူးဂုဏ်ပြုကြလိမ့်မည်၊ ပစ္စည်းဥစ္စာ ပူဇော်မှုကို လည်း ရလိမ့်မည် စသည်ဖြင့် မာန်မာနကို ဖြစ်စေ၊ လောဘ စသော အကုသိုလ်တို့ကို ဖြစ်စေသော စာသင်နည်းမျိုးဖြစ်သည်။ ဤသည်ကို မြွေဖမ်းမတတ်ခြင်းကြောင့် မြွေက မိမိကို ပြန်ပေါက်သတ်သလို မိမိ သင်ယူသော စာပေ၊ ပညာများက မိမိကို ပြန်နစ်နာစေသည်၊ ဆုံးရှုံးစေသည်။

ဆိုလိုသည်မှာ- ဘုရားတရား စကားတော်များကို ကြွားဝါလို၍ လာဘ်လာဘကို မျှော်ကိုး၍ သင်ယူခြင်း၊ သင်ယူထားသော စာပေဖြင့် သူတပါးကို ချိုးနှိမ်လို၍ စသော အတ္တုက္ကံသန- မိမိကိုယ်ကို ချီးမွမ်း (ကြွားဝါ)၊ ပရ၀မ္ဘန-သူတပါးကို ချိုးနှိမ်လို၍ သင်ယူခြင်းနှင့် တပါးသူ၏ ရန်ကို ကာကွယ်လိုခြင်းမျိုး စသည်တို့ကို စာပေက အလဂဒ္ဒူပမာ ပရိယတ္တိ-မြွေဖမ်းခြင်းနှင့် တူသော စာသင်နည်းဟု ဆိုသည်။ ဤစာသင်နည်းမျိုးကား အကျိုးလုံးဝမရှိ၊ အပါယ် ၄ပါး အစာသာ ဖြစ်သည်။ ဒုတိယ စာသင်နည်းက ဘဏ္ဍာဂါရိက ပရိယတ္တိ ဖြစ်သည်။

၂။ ဘဏ္ဍာဂါရိက ပရိယတ္တိ ဆိုသည်မှာ စကြာမင်း၏ ဘဏ္ဍာစိုးနှင့်တူသော ရဟန္တာပုဂ္ဂိုလ်များ၏ စာသင်နည်းမျိုးဖြစ်သည်။ ဘဏ္ဍာတိုက်စောင့် ဘဏ္ဍာစိုးပမာ စာပေပရိယတ္တိတွေကို မပျောက်ပျက်ရလေအောင် ထိန်းသိမ်းစောင့်ရှောက်သော စာသင်နည်းမျိုးဖြစ်သည်။ ကိုယ်ကျိုးမရှိ၊ မဂ် ဖိုလ် ကို တိုက်ရိုက် မရနိုင်သည့် နည်းဖြစ်သည်။ ဆိုလိုသည်ကား ကိုယ်ကျိုးကို စွန့်၍ သာသနာ အရှည် တည်တံ့ရေးကို ရည်ရွယ်၍ စာသင်နည်းမျိုးဖြစ်သည်၊ ယနေ့ မြန်မာနိုင်ငံရှိ စာသင်တိုက်ကြီးများ အချို့ကဲ့သို့ပင် ဖြစ်ပါသည်။ တတိယ စာသင်နည်းကတော့ နိဿရဏ ပရိယတ္တိ ဖြစ်သည်။

၃။ နိဿရဏ ပရိယတ္တိ ဆိုသည်မှာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်ရေးကို ရှေးရှု၍ သင်ကြားခြင်းမျိုးကိုဆိုလိုသည်၊ အကျိုးရှိသော စာသင်နည်းဖြစ်၍ မဂ် ဖိုလ် နိဗ္ဗာန်ကို ရနိုင်သော စာသင်နည်းဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံရှိ ပရိယတ္တိကို အခြေခံသော ၀ိပဿနာ ကမ္မဋ္ဌာန်းတိုက်များကဲ့ သို့ ဖြစ်ပါသည်။
နိဿရဏ ပရိယတ္တိ= နိဿရဏ- ၀ဋ်ဆင်းရဲမှ လွတ်မြောက်ခြင်းငှါ၊ ပရိယတ္တိ- သင်ယူခြင်း။ နိဿရဏ ပရိယတ္တိ ၀သေနာတိ အဒ္ဓါ ဣမံ ပရိယတ္တိံ နိဿာယ ၀ဋ္ဋဒုက္ခတော နိဿရိတုံ လဗ္ဘာတိ ဧ၀ံ နိဿရဏ ပရိယတ္တိဝသေန။ (သံ၊ဋီ၊၁၊၃၀၃)
‘‘ ငါသည် စာပေများကို တတ်မြောက်ပြီးပါက ထိုတရားတော်အတိုင်း သီလ သမာဓိ ၀ိပဿနာ ပညာများကို အစဉ်အတိုင်း ဖြည့်ကျင့်ကာ မဂ် ဖိုလ် နိဗ္ဗာန်ကို ရစေအံ့၊ မျက်မှောက် ပြုလတံ့’’ ဟု ရည်စူးကာ ပရိယတ္တိစာပေများကို သင်ယူခြင်းသည် အကျိုးရှိ၏ မဂ်ဖိုလ် နိဗ္ဗာန်ကို ရောက်စေနိုင်သော စာသင်နည်းဖြစ်၏။

ပေါဋ္ဌိလ မထေရ်ကြီးသည် စာပေကို ထုံလိုမွှေ ရေလိုနှောက်နိုင်သလို စာပေလောက၏ အထွဋ်အထိပ်သို့ရောက်အောင် တတ်မြောက်၏၊ သို့သော် မြတ်ဗုဒ္ဓက ထိုမထေရ်အား တုစ္ဆ တုစ္ဆ (အချီးနှည်း အချီးနှည်း) ဟူ၍သာ ရှုံ့ချသော လေသံဖြင့် ခေါ်၏။ (ဒေါသဖြင့် ခေါ်ဝေါ်ခြင်းမျိုးမဟုတ်၊ မဟာကရုဏာဖြင့် အကျိုးကို မျှော်ကိုး၍ ဤကဲ့သို့ခေါ်ခြင်းဖြစ်သည်)။ ထိုမထေရ်သည် ပရိယတ္တိ အထွဋ်အထိပ်သို့ ရောက်ပါသော်လည်း သူ သင်ကြား တတ်မြောက်ထားသည့်အတိုင်း မကျင့်ရသေး အားမထုတ်ရသေးသည့် အတွက် မြတ်ဗုဒ္ဓက ထိုကဲ့သို့ တုစ္ဆ တုစ္ဆ ဟုခေါ်သည်။ (တုစ္ဆ ဟူသည် empty ဘာမျှ မရှိဟုသော အဓိပ္ပါယ်ရှိ) ထို့ကြောင့် စာပေတတ်မြောက်ပြီး ရပ်မနေဘဲ နိဿရဏ ဖြစ်ဖို့ရန်အတွက် ဆက်လက် အားထုတ်ရပေတော့သတည်း။

စာပေသင်ကြားစဉ်

စာပေသင်ကြားစဉ်မှာလည်း ကိုယ့်သန္တာန်မှာ အလွန်မွန်မြတ်သော စိတ်ကို မွေးမြူးသင့်၏၊ ‘‘ ငါ စာပေ ပညာတွေ တတ်မြောက်ပြီးဖြစ်ပါက ငါတတ်သည့်ပညာဖြင့် အများအကျိုးအတွက် ဆောင်ရွက်မည်၊ အများသူငါ သတ္တ၀ါတွေ ကိုယ်စိတ် နှစ်ပါး ချမ်းသာအောင် ဆောင်ရွက်မည်။ ငါတတ်သော ပညာသည် ငါတစ်ယောက်စာအတွက် မဟုတ်ဘဲ အများအကျိုးအတွက် ဖြစ်စေရမည်ဟူသော ရည်ရွယ်ချက်များဖြင့် ပညာကို ဆည်းပူးသင့်၏။
ဤသို့အားဖြင့် စာပေ ပရိယတ္တိနှင့် အခြား စာပေ အတတ်ပညာများကို သင်ယူရာဝယ် ဘွဲ့ ဒီဂရီများ ရဘို့ သက်သက် မဟုတ်ဘဲ လွတ်မြောက်ရေးနှင့် အများအကျိုးအတွက်ကို ရှေးရှုသော စာပေသင်ကြားနည်းနှင့် ယောနိသော မနသိကာရ- ရည်ရွယ်ချက်ကောင်းဖြင့် ရအပ်သော ထို ဘွဲ့ ဒီဂရီများသည်လည်း အကျိုးရှိသဖြင့် (မဂ် ဖိုလ် နိဗ္ဗာန် ကို အကျိုးပြုသဖြင့်) ရသင့် ရထိုက်သော ဘွဲ့ ဒီဂရီများဟူ၍ ဆိုနိုင်ပါသည်။

ကျမ်းကိုးများ-
(က) ၀ိပဿနာ အခြေခံနှင့် အမေးအဖြေ (ဦးပဂျီငို)
(ခ) ပါဠိပဒ ပိဋက ကျမ်းညွှန်း
(ဂ) သရုပ်ပြ အဘိဓာန် (အရှင်သြဘာသာဘိသ၀ံသ)
(ဃ) မူလပဏ္ဏာသ အဋ္ဌကထာ
(င) ပါရာဇိကဏ် အဋ္ဌကထာ
(စ) ဓမ္မပဒအဋ္ဌကထာ

ရွှင်လန်းချမ်းမြေ့ပါစေ။

သီတဂူစတား
၂၆-၁၀-၂၀၁၀

23 October 2010

သီတဂူ မေတ္တာ ကရုဏာ အလှူတော်

သီတဂူဆရာတော်ကြီး ဦးဆောင်သော သီတဂူသာသနာပြု အဖွဲ့၏ ပဉ္စမအကြိမ်မြောက် သီတဂူ မေတ္တာ ကရုဏာ အလှူတော်ကို မန္တလေးဗဟို အကျဉ်းထောင်နှင့် ထုံးဘို ကျောက်ထုစခန်းတို့တွင် ၂၀၁၀ခုနှစ် အောက်တိုဘာလ(၁၆)ရက်နေ့ တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ထိုလှူဒါန်းပွဲတွင် မန္တလေးအကျဉ်းထောင်တွင် အကျဉ်းသူ/သား(၄၈၅၃)ဦးနှင့် ထုံးဘိုကျောက်ထု စခန်းတို့တွင် ၀န်ထမ်းနှင့် အကျဉ်းသူ/သား (၂၇၄၁)ဦးတို့ကို နေ့လည်စာ ကြက်သား ဒန်ပေါက်နှင့် ညနေစာ ကြက်သားကြော် ထမင်းတို့ကို ကျွေးမွေးလှူဒါန်း နိုင်ခဲ့သလို အကျဉ်းသူ/သားများ အတွက် အခြားလိုအပ်သော စားစရာများ နှင့်အသုံးအဆောင် အမျိုးပေါင်း (၂၁)မျိုး တို့ကို အလှူငွေ (၈၉၄)သိန်းခန့် လှူဒါန်းနိုင်ခဲ့ ပါသည်။

ဆရာတော်ကြီးသည် အကျဉ်းထောင်အတွင်း ၀င်ရောက်ကာ အကျဉ်းသူ/သားများအား ကိုယ်တိုင်ကိုယ်ကျ ဝေငှလှူဒါန်းကာ မေတ္တာပို့ ဆုတောင်းပေးခဲ့ပါသည်။ ထို့နောက် ဆရာတော်ကြီးသည် ထောင်အတွင်းရှိ ဆေးရုံ၊စာသင်ကျောင်း၊ တရားစခန်းနှင့် သေဒဏ်ကျခံနေကြရသော အကျဉ်းသားများအဆောင်နှင့် အကျဉ်းသူ/သားများ၏ အလုပ်ရုံ တို့ကို လှည့်လည် ကြည်ရှု့ ခဲ့ပါသည်။

ထောင်တွင်းတရား
အားလုံး ကျွေးမွေး လှူဒါန်းပြီး သီတဂူ ဆရာတော်ကြီးသည် နေ့လည်(၁)နာရီ ခန့်တွင် ထောင်အတွင်း အလုပ်ရုံခန်းမ၌ ထောင်ဝန်းထမ်းများ၊ အကျဉ်းသူ/သားများနှင့် လိုက်ပါလာသော အလှူရှင်များတို့ကို ချမ်းသာစွာ အိပ်စက်နိုင်ပါစေ တရာတော်းဖြင့် တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးခဲ့ကာ လှူဒါန်းမှု့ အခန်းအနားကို ညနေ(၃)နာရီခန့် တွင်အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ခဲ့လေသည်။
ထိုအလှူတော်ကို ကိုယ်တိုင်ကိုယ်ကျ လိုက်ပါခွင့်ရ၍ ပီတိဖြစ်ခံစား ရသကဲ့သို့ မလိုက်ပါနိုင်သော သူများလဲထပ်တူ ပီတိလေးတွေ ရရှိစေရန်အတွက် မျှဝေလိုက်ရပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။

အလှူတော်အတွက် သာဓုခေါ်ရင်း မျှဝေပေးသော မပန်းစပယ်အား အထူးကျေးဇူးတင်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၁၀-၂၀၁၀

19 October 2010

ဘုန်းဘုန်းထံ ပေးစာ (၇)



ဤ စာလေးက ၂၀၁၀ခုနှစ် အောက်တိုဘာလ(၁၁)ရက်နေ့က သီတဂူဆရာတော်ကြီး ဖွင့်လှစ်ပေးသော
ဖျာပုံ မြို့နယ် ထိတန်ကျေးရွာ စာသင်ကျောင်းဖွင့်ပွဲ အခန်းအနား အကြောင်းဖြစ်ပါသည်၊ ဤကျောင်းဆောင်၏ ကုသိုလ်ရှင်လည်းဖြစ်သည့် ကျောင်းအမ ပေးပို့သော စာဖြစ်ပါသည်၊ စာဖတ်ပရိသတ် ကုသိုလ်ပွားရအောင် မျှဝေလိုက်ပါသည်။

ဘုန်းဘုန်းဘုရား
နေကောင်းပါလားဘုရား အမြဲတမ်းမေတ္တာပို့ နေပါတယ်ဘုရား ဒီတစ်ခါတော့ စာသင်ကျောင်း ဖွင့်ပွဲလေးအကြောင်း တပည့်တော် ပို့ပေးလိုက်ပါတယ်ဘုရား။
၂၀၀၈ ခုနှစ် မေလလဆန်းကတိုက်ခတ် ခဲ့သော နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဧရာဝတီတိုင်း တစ်တိုင်းလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ကြရလေသည်။ ထိုပျက်စီးဆုံးရှုံးမှု့ များစွာကို သီတဂူဆရာတော်ကြီး ဦးဆောင်သော သီတဂူသာသနာပြု အဖွဲ့ဝင်များက ကျပ်သိန်း ဘီလျံပေါင်းများစွာ အကုန်အကျခံကာ ပြုပြင်လှုဒါန်း နိုင်ခဲ့ကြပါသည်၊ ယခုအချိန်အထိလည်း ဘုရား ပုထိုး၊ ကျောင်းနှင့် စာသင်ကျောင်းများကို ဆောက်လုပ်ဆဲ ဖြစ်ပါတယ်ဘုရား။ ထိုပြုပြင် တည်ဆောက်ပေးမှု့ များစွာထဲတွင် တစ်ခု အပါအ၀င်ဖြစ်သော ဧရာဝတီတိုင်း ဖျာပုံခရိုင် ထိတန်ကျေးရွာ တွင်ရှိသော စာသင်ကျောင်းဆောင်ကို ဆောက်လုပ် လှူဒါန်းပေးနိုင်ခဲ့ပါသည်။ ထိုဆောက်လုပ် လှူဒါန်းပြီးသော စာသင်ကျောင်းဆောင် အသစ်ကို ၂၀၁၀ခုနှစ် အောက်တိုဘာလ(၁၁)ရက်နေ့က သီတဂူဆရာတော်ကြီး ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့ပါသည်။ လမ်းခရီး ကြမ်းတမ်းလွန်းလှပေမဲ့ ဆရာတော်ကြီးသည်ကိုယ်တိုင် ကြွရောက်ကြည့်ရှု့ပြီး ဖွင့်လှစ်ပေးခဲ့ကာ ကျေးရွာပြည်သူများ ဆရာ ဆရာမများ ကျောင်းသူ ကျောင်းသားလေးများနှင့် ပျော်ပျော်ပါးပါး တွေဆုံကာ ဆုံးမ သြ၀ါဒ မိန့်ကြားခဲ့ပါသည်။

သီတဂူဆရာတော် သြ၀ါဒ
ဆရာတော်ကြီးရဲ့ ဆုံးမသြ၀ါဒတွေကတော့ ဟိုးရှေးယခင် ကိုလိုနီ လက်ထက်တွေကထဲက ဘုန်းကြီးကျောင်း ပညာသင်ကြားရေး ဆိုတာရှိခဲ့ကြောင်း၊ မင်းညီမင်းသား သူဌေးသူကြွယ်တွေက အစ ကုန်သည် ပွဲစားတွေပါမကျန် ပညာသင်ကြားခဲ့ရကြောင်း၊ ဒါပေမဲ့ ပညာတွေ ဘယ်လောက်ဘဲတတ်တတ် အကျင့်စာရိတ္တ မကောင်းလျှင် ခြေတောက်ကျိုးတာနဲ့တူကြောင်း၊ ပညာဆိုတာမျက်စိ ဖြစ်ကြောင်း၊ မျက်စိကောင်းနေပေမဲ့ ခြေတောက်ကျိုး နေလျှင် ဘာမှလူ့လောကကြီးတွင် ဘာမှအသုံးမ၀င်ကြောင်း၊ ပညာမျက်လုံး ဘယ်လောက် ကောင်းကောင်း အကျင့် စာရိတ္တ ဟူသော ခြေတောက်ပြတ်နေလျှင် ပျက် နေလျှင် ဘယ်လမ်းကြောင်း ဘယ်လောက် ကောင်းကောင်း အသုံးမချနိုင်ကြောင်း၊ ကိုယ်ကျင့်တ၇ားသည် ဘ၀ရဲ့အရင်းအနှီး ဖြစ်ကြောင်း၊ ကုဋေပေါင်းများစွာ ချမ်းသာပေမဲ့ ပညာမတတ်ရင် နောက်ဆုံးသူတောင်းစား ဖြစ်သွားတဲ့ သာဓကအကြောင်း၊ ဆင်းရဲသားတစ်ယောက် ကြွက်သေ တစ်ကောင်အရင်းပြု ပြီးသန်းကြွယ်သူဌေး ဖြစ်ဘူးကြောင်းနှင့် တောသူတောင်သားတွေ ငွေကြေးအရင်းအနှီး မရှိပေမဲ့လဲ ကိုယ်ကျင့်တရားကောင်းခြင်းဟာ အရင်းအနီး ဖြစ်ကြောင်းဆိုတဲ့ အခုပညာသင်ကြားနေတဲ့ ကလေးတွေဟာနောင် နှစ်ပေါင်း(၃၀) လောက်ဆိုရင် တိုင်းပြည်ကို အုပ်ချုပ်ကြမှာ ဖြစ်တဲ့ အတွက် ဆရာ/မ များက ကလေးတွေကိုပညာ သင်ပေးရုံမက ကိုယ်ကျင့်တရားကောင်းအောင် ပေါင်းသင်းဆက်ဆံရေး ကောင်းအောင်ပါ သင်ပေးကြရန် တိုက်တွန်း မိန့်ကြားပြီး သီတဂူအဓိဌာန်နဲ့ ကျောင်းဖွင့်ပွဲ အခန်းအနားလေးကို ရုပ်သိမ်းလိုက်ကြပါသည်ဘုရား။
ကျောင်းလွတ် ပူဇော်ပွဲ

ကျောင်းအလှူရှင်
ဒီကျောင်းလေးရဲ့ အဖြစ်အပျက်ကလေး ကိုလဲ ဘုန်းဘုန်းကို လျှောက်ထားချင်ပါတယ်ဘုရား ဖျာပုံခရိုင် ထိတန်ရွာကျောင်းလေးက ပင်လယ်ပိုင်းနဲ့ နီးပြီး လမ်းပန်း ဆက်သွယ်ရေး အရမ်း ခက်ခဲသောကြောင့် ပျက်စီးနေသော ကျောင်းလေးကို လှူမယ်ဆိုပြီး လာလာကြည့်ကြပေမဲ့ တကယ်တန်းလာရောက် လှူဒါန်းမှု့ မရှိသောကြောင့် ပြုပြင်သူမဲ့နေတဲ့ကျောင်းလေးမှာ စာသင်ကြားရသော ဆရာ/မများနဲ့ ကလေးတွေ ရဲ့အခက်အခဲကို တာဝန်ယူ ဖြေရှင်းပေးမဲ့သူကတော့ ကွယ်လွန်သူ (ဦးတင်ကြူ+ဒေါ်ကျင်န) ကောင်းမှု့ အလို့ငှာ မောင်ဖြစ်သူ သီတဂူ ဦးမြင့်စိန်+ဒေါ်လှအေး(လှဆန်းယဉ်မိသားစု) ဘုန်းဘုန်းတို့ ဒါယကာကြီးက သူတာဝန်ယူ ဆောက်လှူမယ်လို့ ကတိပေးခဲ့တယ်လေဘုရား ဒါပေမဲ့ ကျေးရွာပြည်သူတွေက အရင်လူတွေလိုဘဲ ပြန်မပေါ်လာမှာ ကိုတော်တော်လေး စိုးရိမ်နေကြကြောင်းကို အဲဒီ့ကျောင်းဖွင့်ပွဲ့နေ့က သူတို့ပြောပြလို့ သိခဲ့ရတယ်လေဘုရား၊ ဒကာကြီးက ကျောင်းဆောက်ရန် အတွက်လိုအပ်တဲ့ ငွေကို သူတို့ လက်ထဲထဲ့ပေးလိုက်တော့ မှသူတို့မှာ စိတ်အေးချမ်းသာစွာနဲ့ ပျော်ရွင်သွားကြရတယ်ဆိုတဲ့ ပီတိ စကားသံလေးတွေ ကြားရတော့ တပည့်တော်ပါ တော်တော်လေးပီတိ ဖြစ်ရယ်လေဘု၇ား။ အဲဒီ့ ပီတိလေးကို တပည့်တော်က ကိုယ်တိုင် ခံစားခဲ့ရလို့ မျှဝေ ပေးလိုက်တာပါဘုရား။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိပါစေဘုရား။
မပန်းစပယ် (လှဆန်းယဉ်)

ကျောင်းအမရေ- သတင်းကောင်းတွေ ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါသည်၊ ကုသိုလ်တွေအတွက်လည်း သာဓုခေါ်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၁၉-၁၀-၂၀၁၀

17 October 2010

ကာမေသုမိစ္ဆာစာရ ဟူသည်

အရှင်ဘုရား-
တပည့်တော်က ဟားခါးမြို့ကပါဘုရား။ အရှင်ဘုရားရဲ့ဆိုက်ကို(သီတဂူစတား) အရင်တလော ကမှစတွေ့မိပါတယ်ဘုရား။ သီတဂူစတား ဆိုက်က အမေးအဖြေကဏ္ဍ မဟုတ်ပေမယ့် တပည့်တော်မသိ (မရှင်းတာ)လေး မေးချင်လို့ပါဘုရား။

ငါးပါးသီလထဲက ကာမေသုမိစ္ဆာရကံနဲ့ပတ်သက်လို့ မေး မလို့ပါဘုရား။ အခု နိုင်ငံခြားမှာ အလုပ်သွားလုပ်နေတဲ့သူတွေ ဟိုမှာ အိမ်ထောင်ရှိသူရော၊ မရှိသေးသူရော (အခြေအနေအရ သော်လည်းကောင်း၊ အခြားအကြောင်းကြောင့် သော်လည်းကောင်း) အတူနေကြတာတွေ ကြားနေရပါတယ်ဘုရား။ မြန်မာပြည်မှာလည်း အချို့ ဒီလိုအခြေအနေတွေရှိနေပါတယ်ဘုရား။
အဲဒီလိုနေတာ ကာမေသု- ကံထိုက်မထိုက်သိချင်ပါတယ်ဘုရား။ ပြီးတော့ အထက်ပါနဲ့အလား တူတဲ့ အခြေအနေဖြစ်တဲ့ (သမီးရည်းစားတွေ လက်မထပ်သေးခင်မှာ အတူနေမိခြင်း (နှစ်ဦးသဘောတူ) စတာတွေ)ဟာလည်း ယင်းကံထိုက် မထိုက် သိလိုပါတယ်ဘုရား။ နောက်ထပ် ထိုကံထိုက်နိုင်မည့် အခြေအနေများကိုလည်း စေ့စုံအောင် သိချင်ပါသေးတယ်ဘုရား။ ဒါကြောင့် နားနဲ့မနာ ဖ၀ါးနဲ့နာပြီးဖြေပေးတော်မူပါ အရှင်ဘုရား။ ( ဒါမျိုးကိစ္စ ဆိုတာက အရှင်ဘုရားတို့လို သံဃာတော်တွေကို မေးမှပဲ မှန်ကန်တဲ့ အဖြေရနိုင်မှာမို့ပါဘုရား။ အဲဒီကိစ္စနဲ့ ပတ်သက်ရင် တပည့်တော်တို့ သူငယ်ချင်းတွေ အချင်းချင်း အမြင်မတူ ( ငြင်းပွား)ရဆဲ ပါ။ အရှင်ဘုရား ရှေလျှောက် ဒီထက်မက သာသနာအကျိုး သယ်ပိုးနိုင်ပါစေကြောင်း ဆုရည်လျှက်--
နောင်နောင် (ဟားခါး)

ဒကာလေးရေ-
ကာမေသု မိစ္ဆာစာရကံနှင့်ပတ်သက်ပြီး မေးခွန်းတွေ အဖြေတွေကို စာအုပ်များစွာတွင်ရော အင်တာနက်စာမျက်နှာအပေါ်မှာရော ရှာတွေ့နိုင်ပါသည်။ အဲဒီတော့ အင်တာနက်သုံးဆွဲနေသူတွေ အတွက်တော့ google search ကနေ ကာမေသု မိစ္ဆာစာရ မြန်မာလို စာလုံးရိုက်ပြီး ရှာလိုက်ရင် ထို ကာမေသု မိစ္ဆာစာရ ကံနှင့် ပတ်သက်ပြီး ရေးထားသော ဘလော့ဂ်များစွာနှင့် ၀က်ဘဆိုက်တို့ကို တွေ့ရပါလိမ့်မယ်။ ထို့ကြောင့် အကျယ်တ၀န့် မပြဆိုတော့ဘဲ အနဲအကျဉ်းမျှသာ ပြဆိုပေမည်။

ကာမေသု မိစ္ဆာစာရ
ကာမေသု- ကာမဂုဏ်တို့၌ မိစ္ဆာ-မှားယွင်းစွာ၊ ဖောက်ဖောက်ပြန်ပြန်၊ မလျော်မကန်၊ ပုံမှန်မဟုတ်သော နည်းဖြင့်။ စာရ- ပြုကျင့်ခြင်း၊ ကျူးလွန်ခြင်း။ ဆိုလိုသည်မှာ ကာမနှင့် ပတ်သက်၍ ကဲ့ရဲ့ ထိုက်စွာ မသင့် မတော်လွဲမှား ဖောက်ပြန် ယုတ်မာစွာ ကျင့်ခြင်းကိုဆိုလိုသည်။

ဋီကာကျော် (အဘိဓမ္မာ)တွင် မေထုန်ကို လွန်ကျူးခြင်းဟု ဆိုအပ်သော ကာမဂုဏ်တို့၌ မှားယွင်း၍ ကျင့်ခြင်းဟု ဆိုအပ်သော ယုတ်မာသောအကျင့်သည် ကာမေသုမိစ္ဆာစာရ မည်၏။ တနည်းကား- မေထုန်မှီဝဲသည်၏ အစွမ်းဖြင့် ကာယဒွါရ၌ ဖြစ်သော မသွားလာအပ်သော အရာကို ကျူးလွန်ကြောင်း ဖြစ်သော စေတနာသည် ကာမေသုမိစ္ဆာစာရကံ မည်၏ဟု ဆိုထား၏။
ဝိနည်းပိဋကတ်တော် ပါရာဇိကဏ် ပါဠိတော်လာ အမျိုးသားများအတွက် မသွားသင့်သော အမျိုသမီး၂၀ ရှိပါသည်၊ ထိုအမျိုးသမီးတို့မှာ အုပ်ထိမ်းသူများရှိကြသဖြင့် သွားလာမိပါက ကာမေသုမိစ္ဆာစာရ ကံထိုက်သည်ဟု ဆိုသည်။ အကျယ်ကို ထိုပါရာဇိကဏ် အဋ္ဌကထာ၊ ဋီကာတို့တွင်လည်း လေ့လာနိုင်ပါသည်။

ထို အမျိုးသမီး (၂၀)
၁။ မာတုရက္ခိတ= အမိအုပ်ထိန်းသော မိန်းမ။
၂ ။ ပိတုရက္ခိတ=အဘအုပ်ထိန်းသော မိန်းမ။
၃ ။ မာတာပိတု ရက္ခိတ= အမိအဘစုံ အုပ်ထိန်းသော မိန်းမ။
၎။ ဘာတု ရက္ခိတ= မောင်ကြီး မောင်ငယ် အုပ်ထိန်းသော မိန်းမ။
၅ ။ ဘဂိနိ ရက္ခိတ= အမကြီး အမငယ် အုပ်ထိန်းသော မိန်းမ။
၆။ ဥာတိ ရက္ခိတ= ဆွေမျိုးတို့ အုပ်ထိန်းသော မိန်းမ။
၇ ။ ဂေါတ္တ ရက္ခိတ= အမျိုးအနွယ်တို့ အုပ်ထိန်းသော မိန်းမ။
၈။ ဓမ္မ ရက္ခိတ= သီတင်းသုံးဖော်တို့ အုပ်ထိန်းသော မိန်းမ။

မှတ်ချက်။ ။ အထက် ဖေါ်ပြခဲ့သော မိန်းမ(၈)ဦးတို့ကို ကျူးလွန်လျှင် ယောက်ျားတွေမှာသာ ကံထိုက်၏ အမျိုးသမီးများကား ကံမထိုက်ဟု ဆို၏။ ထိုအမျိုးသမီးများမှာ မိမိတို့၏ ကာမဂုဏ်အတွေ့ကို ပိုင်ဆိုင်သူမရှိ၊ မိမိတို့ကပင် ပိုင်ဆိုင်သောကြောင့် ယောက်ျားနှင့် သွားလာ ဆက်ဆံသော်လည်း ကာမေသုမိစ္ဆာစာရကံ မထိုက်ဟု ဆို၏။

၉။ သာရက္ခာ= ထိန်းမြား (တစ်နည်း)လက်ထပ်ပြီးသူ၊ ထိမ်းမြားကြောင်းလမ်းပြီးသူ၊ လင် အုပ်ထိန်းသောမိန်းမ။ ၀မ်းတွင်းကပင် စောင့်ရှောက်ထားသော မိန်းမ၊ ဆိုလိုသည်မှာ- အမိဝမ်းတွင်းကပင် ဖွားမြင်လာလျှင် မယားအဖြစ် လက်ထပ်ယူရန် တောင်းရမ်းသက်မှတ်ထားသော မိန်းမ။
၁၀ ။ သပရိဒဏ္ဍာ= ဘုရင်ကောက်ယူရန် သတ်မှတ်ထားလျက် ဒဏ်ထားပြီးလျင် အုပ်ထိန်းသော မိန်းမ။ အာဏာပိုင်မင်းတို့က ကိုယ်တိုင် သိမ်းပိုက်ရန် ရည်ရွယ်ထားသဖြင့်‘‘ ဤ မိန်းမကို သွားလာ ကျူးလွန်လျှင် အပြစ်ဒဏ်သင့်စေ’’ဟု သက်မှတ်ထားသော မိန်းမ။
၁၁ ။ ဓနက္ကီတာ= ဥစ္စာဖြင့် ၀ယ်ယူထားလျက် မယားအဖြစ် အုပ်ထိန်းထားသော မိန်းမ။
၁၂ ။ ဆန္ဒ၀ါသိနီ= သဘောတူ အလိုတူ ညားနေသော ပေါင်းသင်းနေသော မိန်းမ၊ (နှစ်ဦးသဘောတူ)။ မိန်းကလေးနှင့် ယောက်ျားလေး နှစ်ဦးသဘောတူ ခိုးယူထွက်ပြေးရာ၌ မိန်းကလေးသည် ဆန္ဒ၀ါသိနီ မယားဖြစ်၏။
၁၃။ ဘောဂ၀ါသိနီ= စည်းစိမ်ကိုပေး၍ ပေါင်းသင်းနေသော မိန်းမ။ ယောက်ျားထံမှ ပစ္စည်းဥစ္စာများရ၍ မယားအဖြစ် သွားရောက်နေထိုင်သော မိန်းမ။
၁၄။ ပဋ၀ါသိနီ= ပုဆိုးပေး၍ (ပုဆိုးတန်းတင်) ပြု၍ ပေါင်းသင်းနေသော မိန်းမ။ ၀တ်ရုံလောက်ကာမျှသော အ၀တ်ထမီကို ရ၍ မယားအဖြစ် ခံယူသော မိန်းမ။
၁၅။ သြဒပတ္တကိနီ= ရေခွက်၌ လက်ဆုံချ၍ မိဘက ထိမ်းမြားပေးစားထားသော မိန်းမ။
၁၆ ။ သြဘဋ စုမ္ဗဋာ= ခေါင်းခုကို ချ၍ လင်မယားအဖြစ်နေသော မိန်းမ။ ထင်ခွေ ရေခပ်ခြင်းအမှုကို ပြုလုပ်နေသော မိန်းမကို မယားအဖြစ် သိမ်းပိုက်လို၍ ‘‘ သင် ဤနေ့မှစ၍ ထင်းခွေ ရေခပ်ခြင်းအမှုကို မပြုနဲ့တော့’’ဟု ပြောဆိုကာ သိမ်းပိုက်ထားသော မယား။
၁၇ ။ ဒါသီစ ဘရိယာ စ= ကျွန်လည်းဖြစ် မယားလည်း ဖြစ်သော မိန်းမ။
၁၈ ။ ကမ္မကာရီ စ ဘရိယာ စ= အမှုလုပ်ကို လုပ်စေ မယားအဖြစ်ကိုလည်း ပြုထားသော မိန်းမ။
၁၉ ။ ဓဇာ ဟဋာ= စစ်မြေပြင်မှ ဆောင်ယူခဲ့သော သုံးပန်းအဖြစ်ရခဲ့သော မိန်းမ။
၂၀ ။ မုဟုတ္တိကာ= ခေတ္တမျှပေါင်းရန် ငှားယူထားသော ခေတ္တမယားပြုထားသော မိန်းမ။ ပြည်တံဆာ ကဲ့သို့သော မယား။

မှတ်ချက်။ ။ အမှတ်(၉)မှ(၂၀)ထိသော မိန်းမ(၁၂)ယောက်အနက် တစ်ယောက်ယောက်ကို လွန်ကျူးလျှင် လင်ရှိ မယားများဖြစ်၍ သို့မဟုတ် ကာမပိုင် ရှိနေ၍ ယောက်ျားရော မိန်းမပါ ကာမေသု မိစ္ဆာစာရကံထိုက်၏။
စာက ဆိုပါသေးသည်၊ မိမိရဲ့ မယား မိမိ၏ကာမပိုင်ပင် ဖြစ်လင့်ကစား ပုံမှန် ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘဲ မလျော်မကန် ဖောက်ပြန်သော နည်းလမ်းများဖြင့် ပြုကျင့်ပါက ကာမေသု မိစ္ဆာစာရကံထိုက်ပါသေးသည်ဟူ၍လည်း ဆိုထား၏။

အုပ်ထိန်းရာသော မိန်းမ ၂၁

မနုကျယ် ဓမ္မသတ်ကျမ်း ဆဋ္ဌမတွဲ ပုဒ်မ ၂၈ တွင်၊ အထက်ဖေါ်ပြပါ ၁ မှ ၈ အထိ ကဲ့သို့သော အစောင့်ရှောက်ခံ မိန်းမ ၂၁ ယောက်အနက် တဦးတယောက်သော မိန်းမကပင် မိမိ၏ ကာမကို သဘောတူပေါင်းသင်းရန် ပေးသော်လည်း အုပ်ထိန်းသူတို့၏ ခွင့်ပြုချက်မရဘဲ ပေါင်းသင်း ဆက်ဆံကျူးလွန်သော ယောက်ျားအား ကြီးလေးသော အပြစ်ဒဏ်ကို ပေးရမည်ဟု ဆိုထား၏။
ထို ၂၁ ယောက်ထဲတွင် အသက်ကြီးသော မိန်းမ၊ ကိုယ်ဝန်ရှိသော မိန်းမ၊ အရွယ်မရောက်သေးသော မိန်းမ၊ ခရီးဝေးက လာသော မိန်းမ၊ ဘဒွေး၊ မိထွေး၊ အရီး၊ ဦးလေး၊ ဦးကြီး၊ အဖိုး၊ အဖွား စောင့်ရှောက်သော မိန်းမများ စသဖြင့် ပါဝင်သည်။

ကာမေသုမိစ္ဆာစာရကံ အထမြောက်ရန်မှာ-

၁။ အဂမနိယ ၀တ္ထု ၂၀ တွင် ပါဝင်ခြင်း၊ ဆိုလိုသည်မှာ အထက်ဖေါ်ပြခဲ့သော မသွားသင့်သော အမျိုးသမီး ၂၀ တွင် ပါဝင်ခြင်း။
၂။ကျင့်ပြု၊ မှီဝဲလိုစိတ် ရှိခြင်း။ (ဆိုလိုသည်မှာ စိတ်ဆန္ဒမပါဘဲ သူတပါးလုလ္လပယောဂ (အတင်း အဓမ္မပြုခိုင်းခြင်း) ကြောင့် ကံမမြောက်)။
၃။ နည်းအမျိုးမျိုးနှင့် မှီဝဲရန် လုလ္လပြုခြင်း၊ ပြုကျင့်ခြင်း။
၎။ ပြုကျင့်ခြင်းကို သာယာမိခြင်း။ (ဆိုလိုသည်မှာ- သူတပါးအတင်းအကျပ်ခိုင်းခြင်းကြောင့် အနာဂါမ် ရဟန္တာများ ကျူးလွန်မိခြင်းတို့သည် ကံမမြောက်။ အနာဂါမ် ရဟန္တာတို့သည် ကာမဂုဏ်တို့၌ သာယာသော စိတ်မရှိ၊ သာမန် ပုထုဇဉ်တွေသော်မှလည်း ထိုပြုကျင့်မှု၌ သာယာမှု မရှိပါက ကံမမြောက်)။

မှတ်ချက်။ ။ ထိုကာမေသုမိစ္ဆာစာရကံသည် သီလစသော ဂုဏ်မရှိသူကို ကျူးလွန်မိလျှင် အပြစ်နဲ၏၊ သီလစသော ဂုဏ်ကြီးမြတ်သူကို ကျူးလွန်မိလျှင် အပြစ်ကြီး။ အလှပိုင်ရှင် ဥပ္ပလ၀ဏ်ထေရီမကဲ့သို့ ရဟန္တာမကို ကျူးလွန်မိသော နန္ဒလုလင်သည် ထိုကျူးလွန်မိရာ နေရာမှာပင် မြေကြီးက မျိုချပြီး ငရဲဘုံမှာ ခံစားရပြီး၊ တိရိစ္ဆာန် ၃ ဘ၀ဖြစ်၍ သင်းကွပ်ခံရခြင်း၊ ထိုမှ လွတ်လျှင် ကျွန်မ၀မ်းဗိုက်၌ နပုံးပဏ္ဍုက်ဖြစ်ရခြင်းအပြင် နောက်ဆုံးကျွတ်တန်းဝင်မည့် ဘ၀မှာပင် မိန်းမဘ၀ဖြင့် ကျွတ်တမ်းဝင်ရရှာလေသည်။ (ထေရီ၊၄၂၅-၄၂၈၊ ထေရီ၊ဋ္ဌ။၂၆၇၊၂၇၇)

နိဂုံး

ဒကာလေးရေ--
ဒကာလေး သိချင်တဲ့ အကြောင်း၊ ဒကာလေးရဲ့ အမေး၊ ဒကာလေးတို့ အငြင်းအပွားတွေကို ဘုန်းဘုန်း ပြဆိုခဲ့သော အမျိုးသမီး ၂၀ တွင် ဘယ်အချက် ဘယ်နံပါတ်နဲ့ ငြိနေသလဲ ဆိုတာ တိုင်းတာကြည့်ပါ။ ထိုအချက် ၂၀ ကို ပေတံအဖြစ် အသုံးပြုကာ ကိုယ့်ရဲ့ ပြဿနာကို ဖြေကြည့်ပါ။ အများကြီးမရေးတော့ပါဘူး၊ ဤမျှလောက်ဖြင့် ကျေနပ်စေလိုပါသည်။ အကျယ်တ၀န်း သိချင်သေးတယ်ဆိုပါက စာအုပ်တွေမှာ ရှာဖတ်ပါလို့ပဲ တိုက်တွန်းပါတယ်။ ဒါမှ မဟုတ် အင်တာနက်စာမျက်နှာမှ ရှာဖတ်ပါ။ အဆင်ပြေပါလိမ့်မယ်။

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၁၆-၁၀-၂၀၁၀

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes