
Wednesday, March 31, 2010

သီတဂူစတား (sitagustar)
2 comments

၂၀၀၉ မတ်လက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးတွင် ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ်များ ညီလာခံတွင် ကြွရောက် ချီးမြင့်ခဲ့စဉ်
ဆုံးရှုံးမှုကြီးတစ်ရပ်
မတ်လ ၂၉ ရက်နေ့က သာသနာနှင့် မြန်မာနိုင်ငံအတွက် ၀မ်းနဲစရာနှင့် ဆုံးရှုံးမှု သတင်းတစ်ရပ် ကြားသိရပါသည်၊ မကွေးမှ ညီမတစ်ယောက်က သတင်းပို့ပါသည်။
နိုင်ငံတော် သံဃာ့မဟာနာယက ဥက္ကဋ္ဌဖြစ်တော်မူသော မကွေးဆရာတော် ဘဒ္ဒန္တကုမာရ သည် မတ်လ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန် က လွန်တော်မူသွားပါကြောင်း။ ဆရာတော်ကြီးသည် လာဘ်လာဘ မငဲ၊့ ရာထူးဂုဏ်တွေကို အလေးမထား၊ သာသနာအတွက်သာ ငဲ့ကွက် နိုင်ငံတော်အတွက် အလေးထားတော်မူသောကြောင့် သံဃာထုနှင့် ပြည်သူလူထုရဲ့ အလေးထားခြင်း မေတ္တာထားခြင်းကို အပြည့်အ၀ ရရှိတော်မူသွားသည်။ ယခုအခါ သာသနာနှင့်ပြည်သူအတွက်...

Monday, March 29, 2010

သီတဂူစတား (sitagustar)
No comments

ဘဂ်လားဒေရှ်သံဃာ့ရာဇာအား ဂါရ၀ပြု
သီတဂူဆရာတော် အိန္ဒိယ ခရီးစဉ်
ဆရာတော်ကြီးသည် နှစ်စဉ် ဘာသာ စာပေ ယဉ်ကျေးမှုများ ထွန်းကားရာ အိန္ဒိယနိုင်ငံသို့ ကြွရောက်လေ့ရှိသည်။ ယခုတစ်ခေါက်တော့ ဘီအေပြီးကျောင်းသားရဟန်း ၆ ပါး၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) ၀န်ထမ်း ၂ယောက်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၀န်ထမ်း ၂ယောက်နှင့် မန္တလေး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းအမတို့ လိုက်ပါလာမည်ဖြစ်ပါသည်၊ ခရီးစဉ်သည် အိန္ဒိယတပြည်လုံး ဖြစ်သဖြင့် ရက်ပေါင်း ၄၀ ကျော်ကြာမြင့်မည်၊ ဧပြီလ တစ်ရက်နေ့ ဘုံဘေက စ၍ မေလ ၁၀ နီပေါနိုင်ငံ ခတ္တမန္ဒုခရီးဆုံးမည်ဖြစ်ပါသည်။ ဆရာတော်ကြီး၏ ခရီးစဉ် အပြည့်အစုံကို သာကီနွယ်စံအိမ် တွင် ကြည့်နိုင်ပါသည်။
အမျိုးသမီးတစ်ယောက် သီတဂူစတားရဲ့ ဘလော့ဂ်ကို မကြမကြာ လာလည်တတ်သည်၊...

Sunday, March 28, 2010

သီတဂူစတား (sitagustar)
No comments

ဒီတပတ်တော့ သီတဂူစတားထံ ပို့လာသော လူငယ် ကျောင်းအမ မပန်းစပယ်တို့ ရဲ့ ကုသိုလ်တွေကို သာဓုခေါ်နိုင်ရန်နှင့် အတုယူစရာလေးတွေကို ဝေငှလို၍ ဖော်ပြလိုက်ပါသည်။
သီတဂူစတားဘုန်းဘုန်းထံ
ဒီတစ်ခါတော့ သီတဂူအကြောင်းလေးတော့မဟုတ်ဘူးဘုရား၊ တပည့်တော်မတို့ လမ်းက ဆွမ်းလောင်းအသင်းအဖွဲ့လေး အကြောင်းလေး ပို့လိုက်ပါတယ်ဘုရား။ တပည်တော်တို့လမ်းက ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်က ဦးထွန်းလင်းခြံလမ်းလေးမှာ ဟိုးနှစ်ပေါင်းများစွာကထဲက အင်္ဂါနေ့မနက်တိုင်း သံဃာတော်တွေကို အာရုံဆွမ်းလောင်းလှူနေခဲ့တဲ့ ဓမ္မာရုံလေးဖြစ်ပါတယ်။
မျိုးဆက်သစ်လူငယ်တွေရဲ့ အားမာန်
အရင်ကတော့ လူကြီးကပဲ ဦးဆောင်လုပ်ခဲ့ပါတယ်ဘုရား၊ ယခုအခါ လူငယ်တွေ မျိုးဆက်သစ်တွေကို နေရာပေးလာပါတယ်ဘုရား။ လူငယ် လူလတ်တွေကို နေရာပေးလာတော့ လူငယ်လေးတွေ...

Friday, March 26, 2010

သီတဂူစတား (sitagustar)
1 comment

သင်္ဘောဦးဝယ် မုန်တိုင်းခံဒေသများဆီသို့ ကြွရောက်စဉ်
နောက်ပြန်တိုးကျေးရွာ
နောက်ပြန်တိုးကျေးရွာလေးကတော့ ဒေးဒရဲမြို့နယ်တွင် တည်ရှိပါသည်။ နာဂစ်ဒဏ်ကြောင့် စာသင်ကျောင်းပျောက်သွားခဲ့တယ်။ ယခုအခါ သီတဂူဆရာတော်ကြီးနှင့် တပည့်ဒကာဒကာမများက အုဌ်တိုက်စာသင်ကျောင်း သွပ်မိုးဖြင့် ခိုင်ခိုင်မာမာ တည်ဆောက်လှူဒါန်းခဲ့တယ်။ ယခုအခါ နောက်ပြန်တိုးကျေးရွာလေးသည် ပြန်လည်ရှည်သန်လာကာ ပုံမှန်လည်ပတ်နေပါပြီ။
ဆရာတော်ကြီးနှင့် အတူ ဆရာဆရာမများ၊ ရွာသူရွာသားများ တပျော်တပါး
သီတဂူဆရာတော်ကြီး လူခဲ့သော စာသင်ကျောင်းများသည် မိုးဒဏ် လေဒဏ်ခံနိုင်အောင် ခိုင်ခိုင်မာမာ တည်ဆောက်ထားသော အုဌ်တိုက်ကျောင်းများသာဖြစ်ပါသည်။ နာဂစ်မုန်တိုင်းကြောင့် စာသင်ကျောင်းများစွာ ပျက်စီးသွားခဲ့ရသဖြင့် ကျောင်းသား...

Wednesday, March 24, 2010

သီတဂူစတား (sitagustar)
No comments

စူစန်ဟတ် မရှိ၍ အဆိုတော် ရီရီသန့်ကို အစားထိုးထားပါတယ်။
သီတဂူဆရာတော်ကြီးနှင့် စူစန်ဟတ်
သီတဂူဆရာတော်ကြီး အမေရိကန်နိုင်ငံရှိ သီတဂူဓမ္မ၀ိဟာရ တွင် သီတင်းသုံး နေစဉ်ကဖြစ်သည်။ သီတဂူဆရာတော်ကြီးထံသို့ “ ဗုဒ္ဒဘာသာအကြောင်းများ သိလို သဖြင့် မေမြန်းလျှောက်ထားလိုပါသဖြင့် သူမ လာနိုင်ပါသလား” ဟု စူစန်ဟတ်အမည်ရှိ အမျိုးသမီးတစ်ဦးက ဖုန်းဖြင့် လျှောက်ထားခဲ့သည်။ ဆရာတော်ကြီးကလည်း ခွင့်ပြု လိုက်သဖြင့် နေ့လယ်(2)နာရီခန်တွင့် သူမဦးဆောင်၍ အမေရိကန် ၆ ဦးပါသော အဖွဲ့ သည် ဆရာတော်ကြီး ထံသို့ရောက်လာကြသည်။
ကျောင်းဆောင်တွင် သီတဂူဆရာတော်၊ ဦးမဟောသဓပဏ္ဍိတနှင့် ဦးသြသဓသာရ တို့ သုံးပါးက ကုလားထိုင်ပေါ်တွင် သီတင်းသုံးနေကြသည်။ စူစန်ဟတ်တို့က ကြမ်းပြင်ပေါ်မှာထိုင်ကြသည်။ ဆရာတော်က နှုတ်ဆက်စကားပြော၍...

Monday, March 22, 2010

သီတဂူစတား (sitagustar)
No comments

အိန္ဒိယဗုဒ္ဓဘာသာဝင်တို့၏ မင်္ဂလာ
၁၀ ရက် မတ်လ ၂၀၁၀။ ဗုဒ္ဓဟူးနေ့ ည ၇ နာရီအချိန်။ ပူးနေးမြို့ ပူးနေးတက္ကသိုလ် ပါဠိဌာနနှင့် ဆန်းစ်ကရစ်ဌာန သင်တန်းနည်းပြဆရာ ဆန်းဂျေးတန်ဘဂိတ်နှင့် ဆရာမ အာရှ်တို့၏ မင်္ဂလာ ဧည့်ခံပွဲကို ပူးနေးမြို့ ပူးနေးတက္ကသိုလ် ဗုဒ္ဓ၀ိဟာရ ဘုရားကျောင်းတွင် ကျင်းပခဲ့သည်။
မင်္ဂလာဧည့်ခံပွဲသို့ နှစ်ဘက်မိဘ ဆွေမျိးများ၊ ပါဠိဌာနနှင့် ဆန်းစစ်ကရစ်ဌာနမှ ဆရာ ဆရာ များ၊ ကျောင်းသား ကျောင်းသူများနှင့် အခြား ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။
ဆန်းစစ်ကရစ်ဌာနမှ ဌာနမှူးနှင့် ပါမောက္ခ
မင်္ဂလာဧည့်ခံပွဲသို့ တက်ရောက်ချီးမြှောက်ပေးပါရန် အထူးဖိတ်ကြားချက်အရ မြန်မာရဟန်း တော်အချို့လည်း တက်ရောက် အားပေးခဲ့ကြသည်။
မင်္ဂလာဧည့်ခံပွဲကို ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာနှင့်အညီ ရိုးစင်းစွာ...

Saturday, March 20, 2010

သီတဂူစတား (sitagustar)
1 comment

စိတ်ကူးပေါက် စိတ်ရူးပေါက်၍ ရေးချင်တာတွေ ရေးပြစ်လိုက်သည်။
ချဉ်ပေါင်ကြော်
ဒီနေ့ ကျောင်းက စောစောပြန်လာခဲ့တယ်၊ ဌာနမှာ Ph.D ကျောင်းသားတစ်ယောက်ရဲ့ Viva ရှိသဖြင့် အတန်းတွေ ရပ်ထားသည်။ ကျောင်းသားအားလုံး တက်ရလေ့ရှိသည်။ သီတဂူစတားတော့ ဌာနအပေါက်ဝရောက်တာနဲ့ ထိုင်းသူငယ်ချင်းနှင့်တွေ့တော့ ဒီနေ့ အတန်းတွေ မရှိလောက်ဘူးထင်တယ် ဘာလို့လဲဆိုတော့ viva ရှိနေလို့ပဲ လို့ပြောတော့ သူငယ်ချင်း ကျေးဇူးပဲလို့ နုတ်ဆက်ကာ ချက်ချင်းလှည့်ပြန်ထွက်လာခဲ့တယ်။ ဒီကနေ့ ကျောင်းသိပ်မသွားချင်ဖြစ်နေသည်၊ ချဉ်ပေါင်ကြော် attachment (ရသတဏှာ)ကြောင့်ပဲ ဖြစ်မည်။ တဏှာထဲမှာ ရသတဏှာ အဖြတ်ရ ခက်ခဲဆုံးတဲ့။ ဒီနေ့မနက် မောင်အောင်သန်း (လေယာဉ်မှူး) မြန်မာပြည်က ပါလာတဲ့ ချဉ်ပေါင်ကြော်၊ ငါးကြော်၊ ငါးပိကြော်၊ အုန်းထန်းလျက်နှင့်...

Thursday, March 18, 2010

သီတဂူစတား (sitagustar)
1 comment

သီတဂူကပ္ပိယအဖွဲ့ (အထက် အောက်မြန်မာပြည်)
ဆေးရုံတော်များ
သီတဂူအာယုဒါန ဆေးရုံကြီးကို ရှေးဦးစွာတည်ထောင်ကာ လူနာပေါင်း မြောက်မြားစွာရဲ့ အသက်ကိုကုသ ကယ်တင်ခဲ့သည်မှာ နှစ်ပေါင်း ၂၁ ပင်ရောက်ရှိလာပြီ။ ဆေးပစ္စည်းနှင့် ဆေးရုံသုံးပစ္စည်းများ လိုအပ်နေသော မြို့နယ်များစွာရှိ ဆေးရုံတို့တွင် ဖြည့်ဆည်း လှူဒါန်းခဲ့သည့် အပြင် မြို့နယ် ကျေးရွာတို့တွင်လည်း ဆေးရုံများတည်ဆောက်ကာ လှူဒါန်းခဲ့သည်။ ဥပမာ-ပန်းတနော်ဆေးရုံ၊ သိပေါဆေးရုံ၊ ကလေးမြို့ဆေးရုံ၊ နတ်မောက်ဆေးရုံ၊ ဆားတောင်ဆေးရုံ အစရှိသည်တို့ဖြစ်သည်။
ယခု တပေါင်းလပြည့် ဆရာတော်ကြီး၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ဆားတောင် သီတဂူ ဗြဟ္မာယု ပြည်သူ့ဆေးရုံတော် ကြီးကို ခမ်းနားစွာ ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုဆေးရုံအဆောက်ဦးကြီး၏ ကုန်ကျစရိတ်မှာ...

Wednesday, March 17, 2010

သီတဂူစတား (sitagustar)
No comments

ဆရာတော်ကြီးအား လှူရန်စောင့်နေကြသော လူအုပ်
ကုန်းသာယာရွာ
မတ်လ(၇)ရက်နေ့ မနက်ဆွမ်းစားပြီးတာနဲ့ ပြင်ခရိုင်ကနေပြီး ဘုန်းတော်ပြည့်(ခေါ်) ကုန်းသာယာရွာသို့
ခရီးဆက်ခဲ့ပြန်လေတယ်၊ ထုံးစမ်းအတိုင်းပေါ့ ထော်လာဂျီ၊ ဆိုင်ကယ်တွေနဲ့ဘဲလေ၊ အဲဒီ့လမ်းက တော်တော်လေးကိုကြမ်းတာ (၃)နာရီကျော်ကျော်လောက် မောင်းရတယ်၊ လမ်းတွေကမညီမညာနဲ့ တပည့်တော်မတို့တော့ ထော်လာဂျီအမိုးနဲ့ ခေါင်းခဏခဏဆောင့်လို့ ခေါင်းတွေလဲ နာနေတာဘဲ။
လှူရန်များ
ယနေ့ခေတ်လေယာဉ်၊ ပါဂျဲရိုစတဲ့ယဉ်တွေစီးနေတဲ့ ဆရာတော်ကြီးက သူ့အသက်သူ့အရွယ်နဲ့ ဒီထော်လာဂျီကြီးက်ုစီးပြီး ပြည်သူတွေကို စိတ်ခွန်းအားတွေ ပေးနေတဲ့ဆရာတော်ကြီးကို ကြိုဆိုနေကြတဲ့မြင်ကွင်းတွေကို အရှင်ဘုရားတို့ကို မြင်စေချင်လိုက်တာလေ။ နာဂစ်တုန်းက ဘုန်းတော်ပြည့်ရွာကလေးက...

Tuesday, March 16, 2010

သီတဂူစတား (sitagustar)
No comments

ဟိုင်းကြီးကျွန်း
သက်ကယ်သောင်ကျေးရွာ
ယနေ့ခေတ် ရန်ကုန် မန္တလေးစတဲ့ မြို့ကြီးများနှင့် ပြည်ပရှိပြည်သူများက လေယာဉ် ပါဂျရို စတဲ့ ယာဉ်တွေနှင့် ပင့်နေရတဲ့အချိန်မှာ ယခုအခါ လိုအပ်နေတဲ့ နေရာ၊ ဒုက္ခရောက်နေတဲ့ နေရာတွေမှာ ဆရာတော်သည် သက်တော် အရွယ်တော် ကြီးရင့်သော်လည်း ထော်လာဂျီစီးပြီး ပြည်သူတွေအား စိတ်ခွန်အားတွေ ကိုယ်အားတွေ ပေးနေတဲ့မြင်ကွင်းတစ်ခုဖြစ်ပါတယ်။ ဒေသအလိုက် ပြည်သူတွေရဲ့ ဆရာတော်ကို ကြိုဆိုနေကြတဲ့ မြင်ကွင်းဖြစ်ပါတယ်။
သက်ကယ်သောင်
မတ်လ(၅)ရက်နေ့ နေ့လည်(၂)နာရီခန့်တွင် ဆရာတော်နှင့် သီတဂူသာသနာပြုအဖွဲ့ဝင်များသည်၊
သင်္ဘောပေါ်သို့ပြန်တက်ကာ နောက်တနေရာသို့ ခရီးဆက်ကြပြန်လေတယ်၊ မြစ်ချောင်းအတိုင်းဝင်လာပြီး
တောင်လေးရွာသစ်သို့ သင်္ဘောဆိုက်ကပ်လာပြီး တောင်လေးရွာသစ် ကမ်းနားတွင်...
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဒီနေ့ သင်တန်းစတင်ပိတ် ********* ၂၀၁၆ B.A နောက်ဆုံးနှစ် ကျောင်းသားများနှင့် အမှတ်တရ။ (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်) မကြာမီ နေရာအသီး...
-
ဗိုလ်ချုပ်မှူးကြီး သီတဂူအဓိပတိအား လာရောက် ဖူး ********** သီတဂူ ၂၀၁၆ သြဂုတ် ၂၁ မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြ...
-
ဖွင့်ပွဲအခမ်းအနားသို့ကြွရောက်လာသော ဆရာတော်ကြီးများ အမှတ်တရ ပေးစဉ် သံဃာ့ရာဇာဆရာတော်ကြီးက ဖဲကြိုးဖြတ်ဖွင့်ပေးစဉ် လင်းဇာနည်းဇော်၊ အဆိုတော် စိမ်...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
“ကမ္ဘာ့ကိုးကွယ်ရာဘာသာကြီးများ၏ နိဒါန်း” စာအုပ် ထွက်ပြီ ************************ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ သီတဂူအဓိပတိဆရ...
-
အစ္စရေးနိုင်ငံ သမ္မတအိမ်တော်ရောက် သီတဂူအဓိပတိ *********** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၂ အစ္စရေးနိုင်ငံရောက် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရာြး...
-
မေတ္တာ၏အကျိုးကျေးဇူးများ စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်… (၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။ (၂) ကိုယ်မှာ ဖေ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
ဤပို့စ်လေးသည် ကိုဝိမုတ္တိသုခ၏ ဒီလိုလေးလုပ်ကြည့်ရင် ကောင်းမလား ဆိုတဲ့ ပို့စ်ကို အကြံပြုသည့် စာတမ်းဖြစ်ပါသည်။ ပူရင်းပို့စ်ကို ဤနေရာတွင် ကြည့်န...