အိန္ဒိယဗုဒ္ဓဘာသာဝင်တို့၏ မင်္ဂလာ
၁၀ ရက် မတ်လ ၂၀၁၀။ ဗုဒ္ဓဟူးနေ့ ည ၇ နာရီအချိန်။ ပူးနေးမြို့ ပူးနေးတက္ကသိုလ် ပါဠိဌာနနှင့် ဆန်းစ်ကရစ်ဌာန သင်တန်းနည်းပြဆရာ ဆန်းဂျေးတန်ဘဂိတ်နှင့် ဆရာမ အာရှ်တို့၏ မင်္ဂလာ ဧည့်ခံပွဲကို ပူးနေးမြို့ ပူးနေးတက္ကသိုလ် ဗုဒ္ဓ၀ိဟာရ ဘုရားကျောင်းတွင် ကျင်းပခဲ့သည်။
မင်္ဂလာဧည့်ခံပွဲသို့ နှစ်ဘက်မိဘ ဆွေမျိးများ၊ ပါဠိဌာနနှင့် ဆန်းစစ်ကရစ်ဌာနမှ ဆရာ ဆရာ များ၊ ကျောင်းသား ကျောင်းသူများနှင့် အခြား ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။
ဆန်းစစ်ကရစ်ဌာနမှ ဌာနမှူးနှင့် ပါမောက္ခ
မင်္ဂလာဧည့်ခံပွဲသို့ တက်ရောက်ချီးမြှောက်ပေးပါရန် အထူးဖိတ်ကြားချက်အရ မြန်မာရဟန်း တော်အချို့လည်း တက်ရောက် အားပေးခဲ့ကြသည်။
မင်္ဂလာဧည့်ခံပွဲကို ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာနှင့်အညီ ရိုးစင်းစွာ ပြုလုပ်ခဲ့ကြသည်။
ညချမ်းကာလ ၇း၃၀ နာရီအချိန်တွင် အခမ်းအနားစတင်ရန်အတွက် အခမ်းအနား ကျင်းပမည့် ဘုရားကျောင်းဆောင် အတွင်းသို့ အသီးသီး နေရာယူကြသည်။ အခမ်းအနား အစီအစဉ်ကို ဗုဒ္ဓ၀ိဟာရကျောင်း ဆရာတော် ဘန္တေသုဒဿန က ပြုလုပ်ပေးသည်။
ရှေးဦးစွာ သတိုးသားနှင့် သတိုးသမီးနှစ်ဦးသားတို့ ဘုရားဆင်းတုတော်အား အတူတကွ ဦးသုံးကြိမ်ချ ကန်တော့ကြသည်။ ဖယောင်းမီး၊ ပန်းရေချမ်းဆက်ကပ်ကြသည်။ ထို့နောက် မြန်မာရဟန်းတော် အရှင်ကုသလအထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ရဟန်းတော်များထံမှ မင်္ဂလသုတ် တရားတော်ကို နာယူကြသည်။
ထိမ်းမြားလက်ထပ် ကတိသစ္စာစကားဆိုခြင်း၊ လက်ထပ်ရေသွန်းလောင်းခြင်း၊ အန္တရာယ်ကင်း ပရိတ်ကြိုး ချည်နှောင်ပေးခြင်း၊ မင်္ဂလာ ပန်းကုံးအတုံ့အလှည် စွပ်ခြင်း။ ရဟန်းတော်များ၏ ဆုတောင်းမေတ္တာပို့မှုကို ခံယူခြင်း၊ ပန်းများဖြင့် ပစ်ပေါက်ဂုဏ်ပြုခြင်းကို ခံယူခြင်းများကို အစီအစဉ်အတိုင်း ပြလုပ်ကြရသည်။
ထို့နောက် ရဟန်းတော်များအား ရိုသေလေးစားစွာ ရှိခိုးကန်တော့ခြင်း၊ နှစ်ဘက်မိဘများအား ကန်တော့ခြင်း၊ လက်ဆောင်ပစ္စည်းများကို လက်ခံခြင်းများကို ပြုလုပ်၍ မင်္ဂလာဆောင်ခြင်း ကိစ္စကို အဆုံးသတ်လိုက်သည်။
မှတ်ချက်။
ဆရာ ဆန်းဂျေးတန်ဘဂိတ်သည် မြန်မာပြည်သို့ သွားရောက်ကာ ဘုန်းကြီးဘ၀်ဖြင့် ပါဠိသဒ္ဒါကျမ်းများ၊ အဘိဓမ္မာကျမ်းစာများကို မြန်မာနည်းဖြင့် တတ်မြောက်အောင် သင်ချင်ပါ သည် ဟု မကြာခဏပြောလေ့ရှိသည်။ မြန်မာရဟန်းတော်များကို တွေ့က ငေးစိုက်ကြည့်နေ တတ်သည်။ ကိုရင်ကြီး သုံးလေးခါ ၀တ်ဘူးသည်။ သို့သော် ယခုအခါ ဆရာဆန်းဂျေး အိမ်ထောင်ပြုခြင်းနှင့်စပ်၍ ပါရာဇိကကျသွားပြီဖြစ်ကြောင်း ပါဠိဌာနတွင် ပြောစမှတ်ဖြစ် နေတော့သည်။
ကောင်းမွန် (ပူနေး) မှတ်တမ်းတင်သည်။
သီတဂူဆရာတော်ကြီး အိန္ဒိယကြွခြင်း ပို့စ် မကြာမီ တင်ဆက်ပါမည်။
သီတဂူစတား
၂၂-၃-၂၀၁၀
0 comments:
Post a Comment