Wednesday, March 24, 2010
သီတဂူစတား (sitagustar)
No comments
စူစန်ဟတ် မရှိ၍ အဆိုတော် ရီရီသန့်ကို အစားထိုးထားပါတယ်။
သီတဂူဆရာတော်ကြီးနှင့် စူစန်ဟတ်
သီတဂူဆရာတော်ကြီး အမေရိကန်နိုင်ငံရှိ သီတဂူဓမ္မ၀ိဟာရ တွင် သီတင်းသုံး နေစဉ်ကဖြစ်သည်။ သီတဂူဆရာတော်ကြီးထံသို့ “ ဗုဒ္ဒဘာသာအကြောင်းများ သိလို သဖြင့် မေမြန်းလျှောက်ထားလိုပါသဖြင့် သူမ လာနိုင်ပါသလား” ဟု စူစန်ဟတ်အမည်ရှိ အမျိုးသမီးတစ်ဦးက ဖုန်းဖြင့် လျှောက်ထားခဲ့သည်။ ဆရာတော်ကြီးကလည်း ခွင့်ပြု လိုက်သဖြင့် နေ့လယ်(2)နာရီခန်တွင့် သူမဦးဆောင်၍ အမေရိကန် ၆ ဦးပါသော အဖွဲ့ သည် ဆရာတော်ကြီး ထံသို့ရောက်လာကြသည်။
ကျောင်းဆောင်တွင် သီတဂူဆရာတော်၊ ဦးမဟောသဓပဏ္ဍိတနှင့် ဦးသြသဓသာရ တို့ သုံးပါးက ကုလားထိုင်ပေါ်တွင် သီတင်းသုံးနေကြသည်။ စူစန်ဟတ်တို့က ကြမ်းပြင်ပေါ်မှာထိုင်ကြသည်။ ဆရာတော်က နှုတ်ဆက်စကားပြော၍ “ဒီကျောင်းမှာ နေရာကျဉ်းတဲ့အတွက် ထိုင်ခုံများလည်း ချမထားနိုင်ပါဘူး။ ရဟန်းတော်များနဲ့ လူပုဂ္ဂိုလ်များ တန်းတူယှဉ်ပြီး ထိုင်လေ့မရှိပါဘူး။ ဒါကြောင့် ကြမ်းပြင်ပေါ်မှာ ပဲထိုင်ကြ ပါ” ဟု အမိန့်ရှိရာ အားလုံးက ကြေနပ်စွာ ကြမ်းပြင်ပေါ်မှာ ထိုင်ကြသည်။
“မေးချင်းတာမေးလို့က မေးနိုင်ပါပြီ” ဟု ဆရာတော်က အမိန့်ရှိလိုက်သောအခါ သူမတို့က စတင်မေးမြန်းပါတော့သည်။
ရှေးဦးစွာ သူမက ကျောင်းဆောင်ကြီးကို ညွှန်ပြ၍-
မေး။ ။ ဒီ (ကျောင်းဆောင်) ကို ဘာလို့ခေါ်သလည်း။ Church ခေါ်သလား။ Temple ခေါ်သလား။
ဖြေ။ ။ Church လည်းမခေါ်ပါဘူး။ Temple လည်းမခေါ်ပါဘူး။ ဗုဒ္ဓဘာသာနဲ့ အလှမ်းဝေးတဲ့ လူတွေကတော့ Buddhist Church လို့ ခေါ်ကြပါတယ်။ ဒါပေမဲ့  ဒို့ကတော့ ဒို့ကျောင်းကို Buddhist Church လို့မခေါ်ပါဘူး။ ခေါ်ရင်လည်း လက်မခံ ပါဘူး။ ဘာကြောင့်လည်းဆိုတော့ Church ဆိုတာ God ဆိုတဲ့ ဘုရားသခင်ကိုရှိခိုးဖို့၊ တောင်းပန်ဝန်ချဖို့၊ ဆုတောင်းဖို့၊ သတို့သား၊သတို့သမီးတွေ မင်္ဂလာဆောင် အခမ်း အနားကျင်းပဖို့၊ သေသူတွေအတွက် ဆုတောင်းဖို့နေရာဖြစ်တယ်။ Temple ဆိုတာ ကလည်း မုခ်တွေ လှိုင်တွေ God, Godness တွေနဲ့ ပူဇော်ဆုတောင်း ၀တ်ပြုရတဲ့ နေရာတွေပါ။ ဒို့နေရာကတော့ မြတ်စွာဘုရားရဲ့ တရားဒေသနာများကို ဟောကြား ပို့ချတဲ့နေရာ၊ သင်ကြားအားထုတ်တဲ့နေရာဖြစ်တယ်။ မင်္ဂလာဆောင်ခြင်း၊ အသုဘ ချခြင်း၊ ဆုတောင်ခြင်းတွေ ပြုတဲ့နေရာမဟုတ်ဘူး။ ဒါကြောင့်ဒီနေရာကို Monastery ဘုန်းကြီးကျောင်းလို့ခေါ်ပါတယ်။ သင်ကြားခြင်းနဲ့ လေ့ကျင့်ခြင်း ဒီနှစ်ခုပြုလုပ်တဲ့ အတွက်လည်း ဒို့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေကို Education Center သို့မ ဟုတ် Learning Center သို့မဟုတ် Training Center လို့ခေါ်နိုင်ပါတယ်။
မေး။ ။ ခုဒီမှာ ဘာတွေသင်ကြားနေပါသလည်း။
ဖြေ။ ။ ဒို့ကျောင်းမှာ စနေနေ့တိုင်း မြန်မာလူမျိုးတွေကို မြန်မာဘာသာနဲ့ တရား ဟောကြားပေးပြီး၊ တနင်္ဂနွေနေ့တိုင်း အမေရိကန်တွေကို အင်္ဂလိပ်ဘာသာနဲ့ ဗုဒ္ဓ္ဓဘာသာ အခြေခံသဘောတရားများ၊ သတိပဋ္ဌာန်တရား အားထုတ်နည်းများကို ဟောာကြားပိုချပေးပါတယ်။
ဆက်ရန် အပိုင်း (၂)
ရှာဖွေစုဆောင်းပြီး ပို့ပေးတဲ့ မောင်အောင်ထက်အား ကျေးဇူးတင်ပါသည်။
သီတဂူ စန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
သီတဂူစတား
၂၃-၃-၂၀၁၀
Posted in: အမေး+အဖြေ
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment