Wednesday, March 17, 2010
သီတဂူစတား (sitagustar)
No comments
ဆရာတော်ကြီးအား လှူရန်စောင့်နေကြသော လူအုပ်
ကုန်းသာယာရွာ
မတ်လ(၇)ရက်နေ့ မနက်ဆွမ်းစားပြီးတာနဲ့ ပြင်ခရိုင်ကနေပြီး ဘုန်းတော်ပြည့်(ခေါ်) ကုန်းသာယာရွာသို့
ခရီးဆက်ခဲ့ပြန်လေတယ်၊ ထုံးစမ်းအတိုင်းပေါ့ ထော်လာဂျီ၊ ဆိုင်ကယ်တွေနဲ့ဘဲလေ၊ အဲဒီ့လမ်းက တော်တော်လေးကိုကြမ်းတာ (၃)နာရီကျော်ကျော်လောက် မောင်းရတယ်၊ လမ်းတွေကမညီမညာနဲ့ တပည့်တော်မတို့တော့ ထော်လာဂျီအမိုးနဲ့ ခေါင်းခဏခဏဆောင့်လို့ ခေါင်းတွေလဲ နာနေတာဘဲ။
လှူရန်များ
ယနေ့ခေတ်လေယာဉ်၊ ပါဂျဲရိုစတဲ့ယဉ်တွေစီးနေတဲ့ ဆရာတော်ကြီးက သူ့အသက်သူ့အရွယ်နဲ့ ဒီထော်လာဂျီကြီးက်ုစီးပြီး ပြည်သူတွေကို စိတ်ခွန်းအားတွေ ပေးနေတဲ့ဆရာတော်ကြီးကို ကြိုဆိုနေကြတဲ့မြင်ကွင်းတွေကို အရှင်ဘုရားတို့ကို မြင်စေချင်လိုက်တာလေ။ နာဂစ်တုန်းက ဘုန်းတော်ပြည့်ရွာကလေးက တရွာလုံးပျောက်သွားတဲ့ရွာကလေးပေါ့၊ ပင်လယ်ထဲအကုန်ပါသွားတယ်၊ ဘာဆိုဘာမှမရှိတော့ဘူးလေ၊ အသက်ရှင်သန်ရစ်တဲ့သူတွေအတွက် အခုအိမ်ယာတွေ ပြန်ဆောက်ပေးထားပြီးဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းမှာ ဓမ္မာရုံကို တက်လမ်းက ဆောက်လှူတယ်လေ၊
သီတဂူတက်လမ်းဓမ္မာရုံလို့ နာမည်ပေးပြီးဖွင့်လှစ် ရေစက်ချတဲ့ပွဲလုပ်ခဲ့တယ်။ ဆရာတော်ကတော့ မမောမပန်းနိုင်ဘဲ တရားတွေဟော ရေစက်ချပေးခဲ့တယ်လေ။ နေ့ဆွမ်းစားခဏနားပြီး။ ပြင်ခရိုင်ကိုပြန်လာခဲ့ကြတယ်လေ၊ ပြင်ခရိုင်ရောက်တော့ ဆရာတော်နဲ့အဖွဲ့ဝင်တွေကို အအေးတွေနဲ့ဧည့်ခံကြပြီး ခဏနားကာ ရွာကလူတွေက ချောင်းဝကမ်းနားသို့ နေပူပူထဲမှာ လိုက်ပါပို့ဆောင်ကြပါတယ်။ သူတို့မျက်နှာတွေမှာ ပင်ပန်းပေမဲ့ ပြုံးပျော်နေကြတာတွေကို မြင်ရတော့ တပည့်တော်မတို့လဲသူတို့နဲ့ ထပ်တူထပ်မျှ ပျော်ကြရတာပေါ့။
ဤကဲ့သို့ ရွာသူရွာသားများက ကြိုဆို
စံပြကျေးရွာ
ချောင်းဝကမ်းနားမှာရပ်ထားတဲ့ သင်္ဘောပေါ်ကိုပြန်တက်ပြီး၊ ခရီးထပ်ဆက်ကာ ဟိုင်းကြီးကျွန်းစံပြကျေးရွာကို ညနေစောင်း လောက်မှာ ရောက်ကြတယ်လေ အဲဒီ့ညမှာဆ၇ာတော်ကြီးက တရားရေအေးများ တိုက်ကျွေးခဲ့သေးတယ်။ ဒီတစ်ခါတော့ တပည့်တော်မတို့အားလုံး ရှေ့ဆုံးကနေပြီးတော့ တရားကို အားပါးတရ နာကြတယ်လေ၊ သာဓုခေါ်ကြဦးနော်၊ အဲဒီ့မှာညအိပ်ကြပါတယ်။
သီတဂူတက်လမ်းဓမ္မာရုံ
နောက်တနေ့မတ်လ(၈)ရက်နေ့
နောက်တနေ့ မတ်လ(၈)ရက်နေ့ မနက်စောစော ဆရာတော်နဲ့ သီတဂူသာသနာပြုအဖွဲ့ဝင်အားလုံး၊ မျက်စိကုပေးခဲ့ကြတဲ့ ဆရာဝန်တွေအားလုံး ဟိုင်းကြီးကျွန်းဆိပ်ကမ်းမှာ ကပ်ထားတဲ့သင်္ဘောကြီးပေါ် ပြန်တက်ကြကာ ခရီးဆက်ကြဖို့ ပြင်ဆင်နေကြတယ်လေ၊ ဆရာတော်ကြီးကြွလာမဲ့လမ်းကို အားလုံးမျှော်နေကြပြီး၊ ဒေသခံပြည်သူတွေက ဆရာတော်ကြီးကို လှူဒါန်းရန်ပစ္စည်းတွေနဲ့ ကမ်းနားမှာ စောင့်နေကြတယ်လေ၊ ဆရာတော်ကြီး ကြွလာတော့ လှူဒါန်းပစ္စည်းတွေကို အလှူခံခဲ့ပြီး ဆရာတော်သင်္ဘောပေါ်တက်ကာ၊ ဟိုင်းကြီးကျွန်းမှ ပြန်လာကြပြီး
ပုသိမ်ကို နေ့လည်(၂)နာရီမှာဆိုက်ကပ်ကာ၊ တပည့်တော်မတို့က ရန်ကုန်ကိုပြန်ခဲ့ကြပြီး ဆရာတော်ကြီးက တရားဟောရန်
ဟင်္သာတမြို့သို့ ခရီးဆက်သွားတယ်။ ဆရာတော်ကြီးက အဲဒီ့ည(၁)နာရီမှ
ရန်ကုန်ကျောင်းကို ပြန်ရောက်လာပြီး။ နောက်တနေ့ မနက်အာရုံဘုန်းပေးပြီးတာနဲ့
ပုဂံသို့ဆက်ကြွတယ်လေ၊ အဝေးမှာရောက်နေတဲ့ ဆရာတော်ရဲ့ သားတပည့်တွေနှင့် ဆရာတော်၏ သာသနာပြုရာဝယ် စိတ်အား လူအား ငွေအားဖြင့် ပါဝင်ကြသူ အားလုံးတို့ကို ဆရာတော်ကြီး ဘယ်လောက်ပင်ပင်ပန်းပန်း သာသနာပြုနေတယ်ဆိုတာ သိစေချင်လွန်းလို့ တပည့်တော်မ သိသလောက်မှတ်သလောက် ဝေမျှပေးလိုက်တယ်ဘုရား။
ဟိုင်းကြီးကျွန်းရဲ့ ရှုခင်းတနေရာ
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ၊
မမပန်းစပယ်(လှဆန်းယဉ်)
ကျောင်းအမရေ ဟိုင်းကြီးကျွန်းအကြောင်း ရပ်ကြစို့နော်၊ နောက်နေ့တော့ ဆားတောင် သီတဂူဆေးရုံအကြောင်း တင်ပြဘို့ရှိပါသေးသည်။
သီတဂူစတား
၁၇-၃-၂၀၁၀
Posted in: လူမှုရေး
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment