သီတဂူစတား

သီတဂူစတား

03 August 2010

ရုရှား ပေးစာ (အပိုင်း-၁)

မိတ်ဆက်

ဒီစာလေးကတော့ ရုရှား ပြည်ထောင်စုက ရုရှားလူမျိုးတစ်ယောက်၏ သီတဂူစတားထံ ပေးစာတစ်စောင်ဖြစ်ပါတယ်။ သူက ရုရှားပညာတော်သင် မြန်မာကျောင်းသားတစ်ယောက်၏ သူငယ်ချင်းဖြစ်သည်။ ဘာသာရေးကို စိတ်ဝင်စားသဖြင့် သူ့ကို မြန်မာကျောင်းသားကပဲ သီတဂူစတားနှင့် မိတ်ဆက်ပေးခြင်းဖြစ်သည်။ ရုရှားနိုင်ငံသားတစ်ယောက်၏ ဗုဒ္ဓဘာသာအပေါ် သက်ဝင်ယုံကြည်နေပုံကို သိရတော့ အလွန်ဝမ်းသာ ပီတိ ဖြစ်မိပါသည်။ ရုရှားနိုင်ငံသည် ခရစ်ယာန်ဘာသာ ထွန်းကားရာနိုင်ငံဖြစ်သည်၊ ထိုထဲမှ ရှားရှားပါးပါး ဗုဒ္ဓဘာသာကို စိတ်ဝင်စားနေသည်ကို ကြားရတော့ ၀မ်းသာလွန်းလို့ သူ၏ သီတဂူစတားထံ ပေးစာ (English) မူကို မူရင်းအတိုင်း ဘာသာပြန်ဆိုပြီး ဖော်ပြလိုက်ပါသည်။

သူ၏မူရင်းစာ

မင်္ဂလာပါ ဘုန်းဘုန်း ဦးကောဝိဒ
ကျွန်တော်က ရုရှား လူမျိုး စိန့်ပီတာစပတ်(ပီကျဲဘုရ်)မှာ နေပါတယ်။ နာမည်က ရုရှားနာမည် Bulbulshoev ဖြစ်ပါတယ်ဘုရား။ ဗုဒ္ဓဘာသာနာမည်က Chatchai လို့ ခေါ်ပါတယ်ဘုရား၊ (ဘယ်လို မြန်မာလို စာလုံးပေါင်းမလဲ မသိပါဘူး)။ ကျွန်တော်ဟာ အသက် ၂၈ နှစ်ပြည့်ပါပြီ။ ကျွန်တော့ သူငယ်ချင်း မြန်မာနိုင်ငံသား မောင် ဆိုနီက ကျွန်တော့်ကို ဘုန်းဘုန်း သီတဂူစတားနှင့် တွေ့ဘို့ရန် အကြံပေးပါတယ်။ ကျွန်တော်ဟာ ၂၀၀၅ နှစ်ကထဲက ထေရ၀ါဒဗုဒ္ဓဘာသာဝင်ဖြစ်သွားခဲ့တာပါ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းမရှိပါဘူးဘုရား။ ဆိုလိုတာက ကျွန်တော်တို့ ရုရှားနိုင်ငံမှာ ဗုဒ္ဓရုပ်ပွားရှိပေမဲ့ ဗုဒ္ဓဘာသာမရှိသေးပါဘုရား။ ကျွန်တော်တို့ ခရိုင်အနီးအနားမှာတော့ ထိုင်းထေရ၀ါဒ ဗုဒ္ဓဘာသာ စင်တာ တစ်ခုတော့ ရှိပါတယ်ဘုရား။ ၂၀၀၉ ခုနှစ်က အဲဒီ စင်တာမှာ တစ်လလောက် တပည့်တော် ကိုရင် (သာမဏေ)၀တ်ခဲ့ပါတယ်ဘုရား။ ဒါပေမဲ့ အချို့ အခက်အခဲလေးတွေကြောင့် လူဝတ်ကြောင်ဘ၀သို့ တစ်ခါ ပြန်ရောက်သွားပါတယ်ဘုရား။ ကျွန်တော်မှာ ကျွန်တော့ စားဝတ်နေရေးနှင့် အခြားကိစ္စတွေ ပြီးတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာ စင်တာနှင့် ပတ်သက်ပြီး အခက်အခဲတွေအတွက် ဖြေရှင်းရဦးမယ်ဘုရား။
ကျွန်တော်ပြောချင်ပါတယ် ကျွန်တော်ဟာ မြန်မာကို သဘောကျပါတယ် ဘာလို့လဲဆိုတော့ ထေရ၀ါဒစာပေနှင့် ယဉ်ကျေးမှုများကို ယခုချိန်အထိ အရှိအတိုင်း ထိမ်းသိမ်းထားနိုင်တာ မြန်မာပါပဲဘုရား။ ကျွန်တော် ၂၀၁၁ ဇူလှိုင်လလောက်မှာ မြန်မာပြည်ကို သွားချင်ပါတယ်။ ပြီးတော့ အရှင်ဘုရားနှင့် အရှင်ဘုရားရဲ့ကျောင်းကို တွေ့ချင်ပါတယ်၊ ဒါ့ပြင် အရှင်ဘုရားတို့ ဘာသာစကားနှင့် အရှင်ဘုရားတို့လို ရဟန်းဘ၀ကိုလည်း လေ့လာချင်ပါသေးတယ်၊ အထူးအားဖြင့် မြတ်ဗုဒ္ဓရဲ့ ကမ္မဋ္ဌာန်းတရားတော်နှင့် ဗုဒ္ဓဘာသာတွေရဲ့ ပညာရေး (ပါဠိ) ဖြစ်ပါတယ်ဘုရား။
ကျွန်တော့်မှာ အိပ်မက်တစ်ခုရှိပါတယ်ဘုရား၊ အဲဒါကတော့ မြန်မာပြည်က ဗုဒ္ဓဘာသာကို ရုရှားကို ယူဆောင်သွားဖို့ပဲ ဖြစ်ပါတယ်။ အရှင်ဘုရား တွေ့နိုင်မည့် အချိန်ကို ပြောပြပါဘုရား။

ရိုသေစွာဖြင့်
Bulbulshoev

အတွေးတစ်ခု

ဤစာကို ဖတ်ပြီး အတွေးများစွာ ၀င်လာပါတယ်၊ လောကကြီးမှာ သတ္တ၀ါတွေဟာ အလိုမပြည့်ဖြစ်နေကြတယ်၊ အမြဲတမ်း ဆာလောင် ငတ်မွတ်နေကြတယ်၊ ဘယ်သောအခါမှ ပြည့်ဝသွားတယ်မရှိ၊ (ဥနော လောကော) သတ္တ၀ါတွေဟာ တစ်ဦးနှင့် တစ်ဦး စိတ်ဓာတ်ပိုင်းဆိုင်ရာအားဖြင့်လည်ကောင်း ကိုယ်အားဖြင့်လည်ကောင်း ထိုအလိုဆန္ဒအတွက် တိုက်ခိုက်နေကြတယ်၊ ထိုအတွက် အမြဲတမ်း ပူလောင်နေကြပါတယ်။ ထိုပူလောင် ဆာလောင်မှုကို ပြေငြိမ်းနိုင်သော ဗုဒ္ဓဘာသာကို သူတို့ ရှာဖွေနေကြပါပြီ။ ဗုဒ္ဓဘာသာသည် သူတို့၏ ပူလောင်မှု့ကို ဖြေရှင်းပေးနိုင်လိမ့်မည်ဟူ၍လည်း မျှော်လင့်ထားကြသည်။ သူတို့ ထင်ထားတာက စစ်မှန်တဲ့ ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံမှာသာ ရှိနေပါသည်။

ယခုအချိန်မှာ ရုရှားပြည်ထောင်စုက မြန်မာနိုင်ငံက ထေရ၀ါဒသာသနာကို အလိုရှိနေပါသည်၊ မြန်မာပြည်မှ ထောင်နှင့်ချီသော ရုရှားပညာတော်သင်များ၏ ကြိုးပမ်းမှု့လည်း ပါကောင်းပါပါလိမ့်မည်၊ သူတို့မှာ မြန်မာ့ယဉ်ကျေးမှု့ကို ကောင်းကောင်းပြနိုင်ဖို့ရန်လည်း အခွင့်ရေးရှိသည်။ ထိုအခွင့်အရေးကို ကောင်းကောင်း အသုံးချနိုင်ဖို့ လိုပါသည်။ ပြည်ပသာသနာပြုဆိုသည်မှာ ရဟန်းတော်များချည်း လုပ်ရမည် မဟုတ် လူဝတ်ကြောင်များကလဲ ရောက်တဲ့ နေရာတိုင်းမှာ ဗုဒ္ဓဘာသာများပီပီ ကိုယ့်ယဉ်ကျေးမှု့ကို ပြနိုင်ဖို့ဖြစ်ပါသည်။ ကိုယ်က ဗုဒ္ဓဘာသာ သားသမီးဖြစ်ပေမဲ့ အပြောအဆို၊ အနေ အထိုင်၊ အ၀တ်အစားက အစ ဘာသာခြားတို့၏ ဟော့ဟော့ရမ်းရမ်းတွေအောက် ရောက်သွားမည်ဆိုပါက ကိုယ်က ရှုံးသွားပြီဟူ၍မှတ်ပါ။

အချို့ကား ပြည်ပ (တိုင်းတပါး)တို့၏ လူနေမှုဘ၀ (life style) ကို အထင်ကြီးလွန်းသဖြင့် မြန်မာ့ယဉ်ကျေးမှု့ကို အထင်မြင်သေးလာသည်အထိ ဖြစ်လာသည်၊ မြန်မာပီပီ နေလျှင်ကိုပဲ လူရိုးဟု ထင်မည့်အစား လူအဟု ထင်မြင်လာတတ်သည်။ ၂-၈-၂၀၁၀ နေ့က သူငယ်ချင်းတစ်ယောက် ပြည်ပထွက်ရန် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ခဲ့သည်၊ ပြည်ပကိုထွက်မည့် များစွာသော လူတွေထဲတွင် မိန်းကလေးငယ်တွေကိုလည်း တွေ့ရသည်၊ ပြည်ပတောင် မရောက်သေး ပြည်တွင်းလေယာဉ်ကွင်းမှာပဲ ရှိသေးတယ် ၀တ်ထားလိုက်တဲ့ အ၀တ်ကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိသည်၊ အော်--သူလေးက ဗိုလ်ဆန်တာကို ကြိုက်နေပုံ ရသည်၊ မြင်ရတဲ့သူတွေက မြန်မာတွေဖြစ်ကြသည်၊ မြန်မာမျက်လုံးနှင့် ကြည့်နေကြသည်ကို သူလေး မသိလေရောလားဆိုပြီး တွေးပြီး သနားမိသည်။ ထိုအတွက် မိဘတွေမှာလည်း တာဝန်ရှိသည်။ မိဘတွေကိုယ်တိုင်က ဗိုလ်ကို (ဗိုလ်ဆန်) ကြိုက်နေရင်တော့ မပြောတတ်တော့ပေ။
ဘာသာခြားတွေကတောင် မြန်မာ့ယဉ်ကျေးမှု့ကို မြတ်နိုးလာချိန်မှာ မြန်မာလူမျိုးစစ်စစ်တွေက မြန်မာ့ယဉ်ကျေးမှု့နှင့် သွေဖယ်လာခြင်းသည် ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်ယဉ်ကျေးမှု့နှင့် ကိုယ့်ကိုယ်ကို အထင်သေး အမြင်သေးရာ ရောက်ပါသည်ဟု တွေးမိပါသည်။
ယခုအခါ ရုရှားလူမျိုးတစ်ယောက်သည် မြန်မာနှင့် မြန်မာ့ယဉ်ကျေးမှု့ကို သဘောကျလွန်း ကြိုက်လွန်းလို့ မြန်မာပြည်မှာ မြန်မာ့ဘ၀နှင့် စာပေများ သင်ယူလိုသည်။
နောက်အကြံတစ်ခုကား- ရုရှားနိုင်ငံမှာ မြန်မာတွေ များစွာရောက်နေပါပြီ၊ ထိုမြန်မာကျောင်းသားများကို အမှီပြုပြီး သို့မဟုတ် ထိုမြန်မာကျောင်းသားများကပဲ ထိုနိုင်ငံမှာ Theravada Buddhist Association ဗုဒ္ဓဘာသာ အဖွဲ့စည်းတစ်ခု ခိုင်ခိုင်မာမာ ရှိလျှင် ကောင်းမှာပဲဟုလည်း တွေးမိပါသည်။ စွမ်းနိုင်သူများနှင့် စိတ်ဝင်စားသူများ သို့မဟုတ် တာဝန်ရှိသူများက ဦးဆောင် လုပ်ပေးနိုင်လျှင် နောက်က လိုက်ပါကြမည့်သူများ အဆင်သင့် ရှိနေကြသည် ဖြစ်၍ အောင်မြင်ပါလိမ့်မည်၊
ရုရှား ပေးစာ (အပိုင်း-၂) ကို ဆက်လက် ဖော်ပြသွားပါမည်။

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၃-၈-၂၀၁၀


1 comments:

mgthitsar said...

ဆရာတော်ဘုရား.... ရုရှားဖက်ဒရေးရှင်းနိုင်ငံ သာသနာရေးအခြေအနေကို ဖတ်ရှုရသည့်အတွက် ၀မ်းသာပါသည်ဘုရား.. ကျေးဇူးလဲတင်ပါတယ်ဘုရား...ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရုရှားနိုင်ငံရောက် ဗုဒ္ဓဘာသာမြန်မာများနှင့် ရုရှားနိုင်ငံသို့ သာသနာပြုကြွလာသော.. ဆရာတော်အရှင်ဝေဠုရိယ တို့က သာသနာထွန်းကားပြန့်ပွားရေးအတွက် လက်တွေ့ ဆောင်ရွက်နေကြပါသည်ဘုရား...။ ရုရှားနိုင်ငံ၏.. သာသနာရေးအခြေအနေ အစစ်အမှန်ကို သိရှိလိုပါက.. www.buddhavihara.ru တွင်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းတင်ပြပေးစေလိုပါသည်ဘုရား...။ ဗုဒ္ဓ၀ိဟာရကျောင်းတွင် ထေရ၀ါဒနည်းစစ်စစ် ၀ိပဿနာတရားများကို အပတ်စဉ် စနေ၊တနင်္ဂနွေနေ့တိုင်းတွင်... ဟောပြောပြသနေကြောင်းနှင့် လာရောက်လေ့လာအားထုတ်နိုင်ပါကြောင်းနှင့် ထေရ၀ါဒဗုဒ္ဓသာသနာကို စိတ်ပါဝင်စား၍ လာရောက်လေ့လာအားထုတ်သူတိုင်းကိုလည်း ကြိုဆိုလျှက်ရှိကြောင်း.. ဖတ်ရှုနိုင်ရန်တင်ပြပေးစေလိုပါတယ်...။

ဓမ္မစေတီဆရာတော်ဘဒ္ဒန္တကောသလ္လလည်း ၁၇.၇.၂၀၁၀ မှ ၂၇.၇.၂၀၁၀ ထိ ရုရှားနိုင်ငံသို့သာသနာပြုခရီးကြွရောက်ပြီး.. စိန့်ပီတာစဘတ်ဗုဒ္ဓ၀ိဟာရကျောင်းတွင် ၁၉.၇.၂၀၁၀ ၌ တရားပွဲကျင်းပခဲ့ပါသည်...။ မြန်မာယောဂီများအပါအ၀င် တရားနာပရိတ်သတ် (၂၀၀) ခန့် လာရောက်ကြပါသည်...။

ဗုဒ္ဓ၀ိဟာရကျောင်းထိုင်ဆရာတော် ဒေါက်တာချာတရီ(ထိုင်း) ရဲ့ ကြိုးပမ်းမှု.. ဆရာတော်အရှင်ဝေဠုရိယ တို့၏ စွမ်းဆောင်မှု တို့ကြောင့် အနာဂတ်ရုရှားနိုင်ငံတွင် ထေရ၀ါဒဗုဒ္ဓဘာသာ ထွန်းတောက်ပြန့်ပွားလာတော့မည်ဖြစ်ကြောင်း... ဆရာတော်ဘုရားအား တပည့်တော် ရိုသေစွာလျှောက်ထားပါသည်..ဘုရား...။

ဒကာ-
Nu Maung (ခေတ္တ- စိန့်ပီတာစဘတ်ဗုဒ္ဓ၀ိဟာရ)

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes