Sunday, July 17, 2011
sitagustar
1 comment
ဆရာတော်ကြီးနှင့်အတူ တွေ့ရသည့် ဥက္ကဌ ဦးအောင်ရွှေ
၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်၊ နံနက် (၉း ၀၀) နာရီက သီတဂူ ကမ္ဘာ့ဗုဒ္ဒတက္ကသိုလ် (ရန်ကုန်) တွင် သီတဂူသာသနာပြုအဖွဲ့နှင့် သဲကုန်းအသင်း သူ/သား များ၏ ၀ါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အာရှတော်ဝင်မိသားစုက သီတဂူဗုဒ္ဒတက္ကသိုလ် ပြုပြင်ထိန်းသိမ်းရေးအတွက် အလှူငွေ (၂၅၆)သိန်း လှူဒါန်းခဲ့သည်။
သီတဂူဆရာတော်ကြီး ဒေါက်တာအရှင်ဉာဏိဿရက ၀ါဆိုလပြည့်နေ့ကို ဗုဒ္ဒသာသနာ၏ အထူးခြား ဆုံးသမိုင်းနေ့အဖြစ် နားလည်ခံယူရန်နှင့် ထိုနေ့ထိုရက်၏ ထူးခြားမှု ၀ိသေသဂုဏ်၊ ဗုဒ္ဒသာသနာ၏ အဓိကအနှစ်သာရများ (သီလ၊ သမာဓိ၊ ပညာ)၊ တက္ကသိုလ်များကို ထူထောင် လုပ်ဆောင်ရေးနှင့် မြန်မာပြည် တွင်ပြုပြင် ရမည်များကို အလှူရေစက်ချတရားအဖြစ် ဟောကြားချီးမြှင့်ပြီး ကြွရောက်လာသည့် သံဃာတော်များကို တပါးချင်းစီအလိုက် ၀ါဆိုသင်္ကန်းနှင့် န၀ကမ္မအလှူငွေ များ ကပ်လှူပူဇော်ကြသည်။
အဆိုပါ ၀ါဆိုသင်္ကန်ဆက်ကပ်လှူဒါန်းပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေ လာရောက်ပြီး ၀ါဆိုသင်္ကန်း ကပ်လှူခဲ့သည်။ ဆရာတော်က ဦးအောင်ရွှေကို “အသက်ဘယ်လောက်ရှိပြီလဲ”မေးရာ ဦးအောင်ရွှေက “ကိုးဆယ့်ငါးနှစ်” ဖြေပြီး “ ဒကာကြီး တစ်ရာပြည့် ကျင်းပမယ်” ဟု ဆရာတော်က အားပေး စကား ပြောကြားခဲ့သည်။
ကပ်လှူပူဇော်အပြီးတွင် အလှူရှင်ဒါယကာဒါယိကာများ၊ အသင်းအဖွဲ့များက ဆရာတော် အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြရာ သီတဂူဆရာတော်ကပင် ဦးအောင်ရွှေကို အမှတ်တရ ဓာတ်ပုံ တွဲရိုက်ရန် ဖိတ်ခေါ်ပြီး ရိုက်ကူးခဲ့သည်။ ကပ်လှူပွဲတင် သံဃာတော်များ၊ သီလရှင်များကို ဆွမ်းနှင့်အချိုပွဲများ ကပ်လှူ ခဲ့ပြီး ကြွရောက်လာသည့် လူပုဂ္ဂိုလ်များကို အုန်းထမင်းနှင့် ကြက်သား၊ ရွှေတောင်ထမင်းသုတ်၊ အချိုမုန့်ပွဲများ တည်ခင်း ကျွေးမွေးခဲ့သည်။
ဤနေရာမှ ကူးယူဖော်ပြသည်
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၇-၇-၂၀၁၁
Posted in: သတင်း
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဒီကနေ့ လာဘ်ရွှင် ------------ ဘုံဘေကနေ ရန်ကုန်ပြန်ရောက်ရောက်ခြင်းပဲ ကောင်းခြင်းများက ကြိုဆို။ ဆရာတော် ဦးကောဝိဒ (သီတဂူစတား) အတွက်ဆု...
-
သီတဂူမျက်စိအလှူတော်များ ---------------- ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ ၇ ရက် သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် ၄-၉-၂၀၁၅ နေ့ကစပြီး ကယားပြည်နယ်၊ ...
-
သီတဂူဆရာတော်ကြီး စင်္ကာပူကြွမည် --------- --------- သီတဂူဆရာတော်ကြီးသည် ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀ရက်၊ (စနေ၊ တနင်္ဂနေ့)များတွင...
-
ရခိုင်ရောက် သီတဂူဆရာတော် ၂၆-၈-၂၀၁၅ pm ---------------- ရခိုင်ပြည်နယ်ရောက် သီတဂူဆရာတော်ကြီးသည် ရေဘေးသင့်ဒေသများဖြစ်သော စစ်တွေ၊ မောင်ေ...
-
သီတဂူရေဘေးအလှူတော် ၂၁-၈-၂၀၁၅ am -------------------- “သီတဂူ ရေဘေးသင့်ပြည်သူများ ကူညီစောင့်ရှောက်ထောက်ပံ့ရေးအဖွဲ့” ၏ (၁၈)ရက်မြောက် အလှူ...
-
ဖူး၍မကုန်သော ဂုဏ်ရည် By ညခင်း (၂၀၀၃ခုနှစ်က ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် စာပေပါရဂူ (D.Litt) ဖြင့် ပူဇော်စဉ်) သဗ္ဗညုမြတ်စွာဘုရား...
-
သီတဂူရေဘေးကူညီရေး အလှူတော်သို့ ------------------------- မနေ့က (၃-၈-၂၀၁၄) ---------------- အလှူတော်ငွေ ကျပ်သိန်း (၁၁၅၀)၊ ဆန်အိတ...
-
ကဆုန်လပြည့် ဗုဒ္ဓနေ့ အခမ်းအနား ဖိတ်ကြား --------------------------------- ဗုဒ္ဓသာသနာနှစ် ၂၅၅၈-၂၅၅၉ မြန်မာနှစ် ၁၃၇၇ ကဆုန်လပြည့်နေ့ (၂-၅-၂...
-
စာနာစိတ်နဲ့ လက်ပံတန်းသို့ ------------------- မနေ့က (၉-၁၀-၂၀၁၅) က ဒေါက်တာ အရှင်ကောဝိဒသိရီ (သီတဂူစတား) ဦးဆောင်၍ သီတဂူရေးဘေးသင့်ပြည...
1 comments:
ဝါဆိုသင်္ကန်း ကပ်လှူတဲ့ ဓာတ်ပုံထဲမှာ ဆရာတော် နောက်ကနေ သင်္ကန်းအဝါနဲ့ ဦးဇင်းတပါးကို ဒီမေးလေးကို ဆက်သွယ်ဖို့ ကူညီပေးပါ
uthihabala@gmail.com
Post a Comment