သီတဂူဆရာတော်ကြီး ဦးဆောင်မှုဖြင့် သီတဂူသာသနာပြုအဖွဲ့ကြီးက ပညာရေး၊ ဘာသာရေး၊ လူမှုရေး လုပ်ငန်းများစွာထဲမှ သီတဂူအာယုဒါန၊ သီတဂူစက္ခုဒါန၊ သီတဂူအာရောဂျဒါန ဆေးရုံများစွာကို မြန်မာပြည်အနှံ့အပြား ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက် ဖွင့်လှစ်လျှက်ရှိရာ ၂၀၁၁ ခုနှစ် ဧပြီလ အထိ ဖွင့်လှစ်ပြီး ဆေးရုံများ ၁၂ ရုံအထိ ဖွင့်လှစ်ပြီး ဖြစ်သည်။ အဆက်မပြတ် နောက်ထပ်နောက်ထပ် ဆေးရုံးများကိုလည်း ဖွင့်လှစ်မည်ဖြစ်ရာ---
ဖွင့်လှစ်တော့မည်ဆေးရုံများ
၁။ အမှတ်စဉ် (၁၃) သီတဂူစက္ခုဒါနဆေးရုံ ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ယခုနှစ် ၂၀၁၁၊ နိုဝင်ဘာ (၃) ရက်နေ့တွင် ဖွင့်လှစ်မည် ဖြစ်ပါသည်။
၂။ အမှတ်စဉ် (၁၄) သီတဂူအာရောဂျဒါနဆေးရုံ ကို ကရင်ပြည်နယ်၊ မြိုင်ကြီးငူဒေသ DKBA ဌာနချုပ်တွင် ယခုနှစ် ၂၀၁၁၊ နိုဝင်ဘာ (၂၃) ရက်နေ့တွင် ဖွင့်လှစ်မည် ဖြစ်ပါသည်။
၃။ အမှတ်စဉ် (၁၅) သီတဂူစက္ခုဒါနဆေးရုံ ကို ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ယခုနှစ် ၂၀၁၁၊ ဒီဇင်ဘာ (၁၆) ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။
ဤကဲ့သို့ ဆေးရုံတော်များ ဆောက်လုပ်လှူဒါန်းသည့်အပြင် ပြည်တွင်းပြည်ပ မျက်စိအထူးကုဆရာဝန်ကြီးများနှင့် သီတဂူအာယုဒါနဆေးရုံမှ ဆရာဝန် သူနာပြု ၀န်ထမ်းများက ဆရာတော်ကြီး၏ ညွှန်ကြားချက်အတိုင်း ဝေးလံခေါင်သော နေရာဒေသများသို့ သွားရောက်ကာ မျက်စိအထူးကု အစီစဉ်များပြုလုပ်လှူဒါန်းကြသည်။
မျက်စိအထူးကု အစီအစဉ်
ယခုနှစ် ၂၀၁၁ ခု၊ နိုဝင်ဘာ (၆-၇)ရက်နေ့များတွင် ကချင်ပြည်နယ် ပူတာအိုမြို့မှာ သီတဂူမျက်စိအထူးအဖွဲ့က မျက်စိဝေဒနာရှင်များအား ခွဲစိတ်ခြင်း၊ စမ်းသပ်ပေးခြင်းများ အထူးကုသပေးမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါသည်။
ဖွင့်လှစ်ပြီးဆေးရုံးများ
၁။ သီတဂူအာယုဒါနဆေးရုံ
စစ်ကိုင်းတောင်။ စစ်ကိုင်းမြို့၊ စစ်ကိုင်းဒေသ
၁၉၈၉ ခုနှစ် ဖွင့်လှစ်သည်။
၂။ သီတဂူမြမေတ္တာစက္ခုဒါနဆေးရုံ
ပန်းတနော်၊ ဧရာဝတီတိုင်းဒေသ
၂၀၀၈ ခုနှစ်တွင် ဖွင့်လှစ်သည်။
၃။ သီတဂူစက္ခုဒါနဆေးရုံ
သီပေါမြို့၊ ရှမ်းပြည်နယ်
၂၀၀၈ နှစ်တွင် ဖွင့်လှစ်သည်။
၎။ သီတဂူစက္ခုဒါနဆေးရုံ
ကလေးမြို့။ စစ်ကိုင်းတိုင်း
၂၀၀၉ ခုနှစ်တွင် ဖွင့်လှစ်သည်။
၅။ သီတဂူအာရောဂျဒါနဆေးရုံ
စဥ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ၊ မန္တလေးတိုင်းဒေသ
၂၀၁၁ နှစ်တွင် ဖွင့်လှစ်သည်။
၆။ သီတဂူဒီပင်္ကရာစက္ခုဒါနဆေးရုံ
နတ်မောင်မြို့၊ မကွေးတိုင်းဒေသ
၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်သည်။
၇။ သီတဂူဗြဟ္မာယုပြည်သူ့ဆေးရုံ
ဆားတောင်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး
၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်သည်။
၈ ။ သီတဂူအာရောဂျဒါနဆေးရုံ
ရင်းငြိမ်၊ မွန်ပြည်နယ်။
၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်သည်။
၉။ သီတဂူတက်လမ်းစက္ခုဒါနဆေးရုံ
မင်းတပ်မြို့၊ ချင်းပြည်နယ်။
၂၇-၁၂-၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်သည်။
၁၀။ သီတဂူအာရောဂျဒါနဆေးရုံ
ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသ
၁၂-၂-၂၀၁၁ နေ့ ဖွင့်လှစ်သည်။
၁၁။ သီတဂူရွှေပြည်ဟိန်းစက္ခုဒါနဆေးရုံ
ရန်ကုန်။
ဧပြီလ (၂၇) ၂၀၁၁ ခုနှစ်တွင် ဖွင့်လှစ်သည်။
၁၂။ သီတဂူမေတ္တာဆေးရုံ
အင်းလေးဒေသ၊ ဟဲယားရွာမ၊ ရှမ်းပြည်နယ်။
ဒီနေ့ရရှိသောသတင်းများကို စုစည်းတင်ပြလိုက်ပါသည်။
ဤနေရာတွင် ဖွင့်လှစ်ပြီးဆေးရုံများ ဖွင့်လှစ်ပွဲ ဓာတ်ပုံများ ကြည့်နိုင်သည်။
ဆက်လက်ဖွင့်လှစ်ဦးမည့် ဆေးရုံတော်များလည်း ကျန်ရှိနေပါသေးသည်။
ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၂၇-၉-၂၀၁၁
`အနုမောဒနာ သြဝါဒ´ တရားတော်(၃)
4 years ago
3 comments:
ဆရာတော်ဘုရားကြီး ဦးဆောင်မှုနဲ့ သီတဂူသာသနာပြုအဖွဲ့ကြီးရဲ့ လုပ်ဆောင်ချက်များကို လေးစားကြည်ညိုဂုဏ်ယူမိပါတယ်ဘုရား။ ဖတ်ရင်းလည်းမုဒိတာပွားမိပါတယ်ဘုရား။
ပြန်လည်မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဘုရား။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေသား။
မေတ္တာဖြင့်
အန်တီတင့်
ဆရာတော်ဘုရားကြီးရဲအံ့မခန်းအလှူဒါနတွေကို
လာရောက်သာဓုခေါ်သွားပါတယ်ဘုရား..
ရွှေဝန်းရတနာ..
သာဓု...သာဓု..သာဓု
ဆရာတော်ဘုရားလည်း ကိုယ်ရော၊စိတ်ပါ
ကျန်းမာ၊လန်းဖြာပါစေ။
ဝေမျှပေးတဲ့ ဘလော့ပိုင်ရှင် ဘုန်းဘုန်းစတားလည်း
သင်ကြားနေတဲ့ပညာရေးမှာ စတား ရပါစေဘုန်းဘုန်း
ရိုသေလေးစားစွာဖြင့်
သမီးစံ
Post a Comment